
17/04/2025
ရခိုင့်လက်နက်ကိုင် (AA) မှ ဖမ်းဆီးထားသော ရေလုပ်သားများအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သို့ လွှဲပြောင်းပေးအပ်
ဧပြီလ ၁၇ ရက် Arakan Tribune
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ရခိုင့်လက်နက်ကိုင် AA အပြည့်အဝ ထိန်းချုပ်ထားတဲ့ အာရာကာန်ပြည်နယ်မှာ အခြေစိုက်တဲ့ အဆိုပါ (AA) က နတ်မြစ်အတွင်း မှ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ၎င်းတို့အား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ထံ ဧပြီလ ၁၆ ရက် မွန်းလွဲပိုင်းက လွှဲပြောင်းပေးအပ်ခဲ့သည်။
ရခိုင့်လက်နက်ကိုင် (AA) မှ ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၅ ဦးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သို့ ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက လွှဲပြောင်းပေးခဲ့ကြောင်း The Daily Star က ဖော်ပြသည်။
အဆိုပါ လွှဲပြောင်းပေးအပ်မှုသည် Teknaf စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ချောင်ဒရီပါရာအနီး၊ တက္ကနတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတံတားမှတစ်ဆင့် လွှဲပြောင်းပွဲ တစ်ရပ်ပြုလုပ်ခြင်းဖြင့်လက်ခံခဲ့သည်။
Teknaf အခြေစိုက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ၏ ဒုတိယတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Md. Ashiqur Rahman က လွှဲပြောင်းပေးအပ်မှုကို အတည်ပြုခဲ့သည်။
ဘဂ်လားရေပိုင်နက်အတွင်း ငါးဖမ်းနေစဉ် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို ရခိုင့်လက်နက်ကိုင် (AA) မှ ဖမ်းဆီးထားကြောင်း၊ ဒီလိုလိုမျိုးမကြာခဏဖမ်းဆီးခြင်းသည် ပင်လယ်ဓားပြ လို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဒီလိုမျိူးဆက်မဖြစ်ဖွားအောင် အဆိုပါ AA လက်နက်ကိုင်အဖွဲ့ဖက်မှ နယ်ခြားမျဉ်း စည်းမျဉ်း စည်းကမ်း ပင်လယ်ရေပြင်ဥပဒေ ကို လိုက်နာသင့်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦး က Arakan Tribune သို့ရှင်းပြခဲ့ပါသည်။
© Arakan Tribune