29/08/2026
#ဝါးသီး or #ဒုက္ခသီး ရဲ့ဖြစ်ရပ်မှန်မှတ်တမ်းသမိုင်း
ဟိုးပြီးခဲ့တဲ့၁၅နှစ်၁၆နှစ်ဖြစ်တဲ့၂၀၀၅/၂၀၀၆တုန်းကစပြီးချင်းပြည်နယ်တောင်ပိုင်းဒိုရ်ဒေသမှစပြီးမြန်မာပြည်အနှံ့အပြားမှာသီးခဲ့တဲ့အလှည့်ကျနှစ်ရောက်မှသီးတတ်လျှက်ရှိတဲ့သဘာဝဝါးသီးကိုမိတ်ဆွေတို့မြင်ယောင်ကြအုံးမယ်လို့ထင်ပါတယ်။ဒီအသီးဟာဝါးသီးဆိုတာထက်ပိုပါတယ်ဒုတိယခေါင်းစဥ်ပေးထားတဲ့အတိုင်းပဲ ဝါးပေါက်ရောက်တဲ့ဒေသတွေမှာမနည်းလှတဲ့ဒုက္ခပေါင်းစုံကိုသယ်ဆောင်လာတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။အဲဒီဒုက္ခတွေအကြောင်းကိုမိတ်ဆွေများလည်းနောက်ထပ်သိရှိနားလည်နိုင်ဖို့တဖန်အတတ်နိုင်ဆုံးလိုရင်းတိုရှင်းကြိုးစားပြီးပြောပြချင်တာမို့အကြောင်းစုံသိရှိဖို့ကျေးဇူးပြုပြီးစာကိုဆက်ဖတ်ပေးပါ။
အောက်ပါမြင်ရတဲ့ဝါးအသီးမျိုးဟာနှစ်ပေါင်း၅၀ရှိမှတစ်ခါသီးပွင့်လျှက်ရှိတယ်လို့သက်ကြီးရွယ်အိုများပြောပြ ချက်အရသိရပါတယ်။ဒီလိုနှစ်၅၀မှာတစ်ခါဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းကိုအသေးစိပ်လေ့လာခဲ့မယ်ဆိုရင်ခိုင်းနှိုင်းစရာတွေ၊အဓိပ္ပါယ်အမျိုးမျိုးတွေတွေ့ရနိုင်ပါတယ်။ဥပမာ-ကျမ်းစာထဲမှာ #ယူပိလ ဆိုတဲ့ Jubilees တနည်းအားဖြင့် #ဣသရေလ လူမျိုးများကို #အဲဂုတ္တုပြည် ဆိုတဲ့ "အီဂျစ်" (Egypt)ကနေ ဂတိတော်နယ်မြေ #ခါနန်ပြည် ကိုပြန်လည်ပို့ဆောင်တဲ့အခါမှာ ကျွန်ခံရာ #အဲဂုတ္တုပြည် ကနေလွှတ်မြောက်ခြင်းအကြောင်းကိုသတိရအောက်မေ့ဖို့ရန် ၄၉နှစ်သွားလာလှုပ်ရှားအလုပ်လုပ်ပြီး နှစ်၅၀ပြည့်နှစ်ကို #ယူပိလJubilees အဖြစ်သတိမှတ်ပြီးလယ်မြေကျွဲနွားအစလူပါအထိအနားယူမယ့်နှစ်အဖြစ်သမိုင်းတင်ထားတာနှုတ်ကပတ်တော်ထဲမှာမြင်တွေ့နိုင်ပါတယ်။ဒါကြောင့်ယခုPostထဲက #ဝါးအသီး သီးခြင်းဟာဘာကြောင့်နှစ်၅၀မှာတစ်ခါသီးပြီးဘာကြောင့်ဒုက္ခမျိုးစုံနဲ့ပြည်နက်နေသလဲဆိုတာတွေကိုစဥ်းစားစရာဖြစ်လာစေပါတယ်။ဒါကြောင့်ကျမ်းစာထဲကအကြောင်းနဲ့ဒီဝါးသီးခြင်းဟာတိုက်ဆိုင်နေသလားဆိုတာကိုဆက်လေ့လာနိုင်ဖို့စာကိုဆက်ဖတ်ပါ။
အထက်ပါပြောထားတဲ့အတိုင်းပဲအမှန်ကန်ဝါးအသီးသီးတာကျတော့၂၀၀၇/၂၀၀၈ခုနှစ်မှာပါဒါပေမယ့် စပွင့်တာကတော့၂၀၀၅ခုနှစ်လောက်ကစပြီးပွင့်ခဲ့တာပါ။အဲလိုစပွင့်လာတဲ့အချိန်ကစပြီးဒုက္ခ ကစတော့တာပါပဲ။အဲဒီလိုဝါးအပွင့်တွေတဖြည်းဖြည်းချင်းနေရာအနှံ့အပြားမှာပွင့်လာကြတာမြင်နေရတယ်။အပွင့်ကနေဖြစ်ပေါ်လာတဲ့ #ယားယမ် စေနိုင်တဲ့ #အမှုန်အမှေး တွေရှိခဲ့တယ် ပွင့်နေတဲ့ ဝါးတောထဲ ဝင်တိုးလိုက်တာနဲ့တပြိုင်နက် လူက စပြီး #ယားယမ် လာတာပဲ။အဲဒီအပွင့်က #ရင့်မာ လာတော့အသက်ရှိတဲ့ #ပိုးကောင် 🐛🦗 လေးတွေအဖြစ်အတွင်ပြောင်းလဲလာတယ် အဲဒီ #ပိုးကောင်🐛🦗 လေးတွေကို စားမယ့်တောကြက်နှင့်ယှဥ်တူတဲ့ငှက်မျိုး ဒိုရ်ချင်းဒေသ စကားအခေါ်ဝေါ်ဖြင့် #ခါးဟယ်🐓🦜 လို့ခေါ်တဲ့ငှက်တွေက အဲဒီ #ပိုးကောင်🐛🦗လေးတွေကိုစားဖို့အတွက် အကောင်ရေထောင်ချီ သောင်းချီ ရုတ်တရက် ရောက်လာကြတယ်။သူတို့ကနေပြီးစောစောက ဝါးအပွင့်ကနေဆင့်ကဲပြောင်းလဲလာတဲ့ #ပိုးကောင်🐛🦗လေးတွေကိုစပြီးစားသောက်ကြပါတယ်။အပွင့်ပြီးလို့ဝါးပင်🎋🌴၃ပုံ ၁ပုံခန့်အရင်းဖက်မှာ #ဝါးအသီး🍈 ကစသီးလာပါပြီ အဲဒီအသီးကြီးလာတာနဲ့အမျှ ဝါးအသီးရဲ့အထဲမှာ အုန်းရည် လိုမျိုး #ဝါးသီးအစေ့အဆံဖြစ်လာမယ့်အရည်တွေစရှိလာတယ်။အဲဒါနဲ့ပဲ ဝါးသီးထဲကအရည်ရယ်အစေ့အဆံဖြစ်ပြီးလို့အဲဒီအစေ့အဆံစားကြဖို့ရယ်ဆိုပြီးပုံမှန် တော်ရုံမတွေ့ဖူးမမြင်ဖူးတဲ့ #ကြွတ်အမျိုးအစား🐁🐀တွေကရုတ်တရက်အကောင်ရေသောင်းချီ သိန်းချီရောက်လာကြပြန်တယ်။အဲဒီ #ကြွတ်အမျိုးအစား🐁🐀တွေကစပြီး ဝါးအသီးထဲကအရည်တွေကိုဖောက်ပြီးစသောက်ကြတယ်။ဝါးအသီးရင့်လာလို့အထဲကအစေ့အဆံတွေကိုဖောက်ပြီးစားကြပြန်တယ်။အဲဒီလိုနဲ့ဝါးအသီးရင့်မာလာတဲ့အချိန်က #စက်တင်ဘာလ #အောက်တိုဘာလ ဖြစ်ပါတယ်။အဲတော့စောစောကဖော်ပြတဲ့ #ကြွတ်တွေ🐁🐀ကနေပြီးဖူးသစ်စ ဒိုရ်နယ်ဒေသ အသီးသီးက #ပြောင်းဖူးတွေ🌽🌶 #ဖယုံသီးတွေ🍅🥒🍆 ကအစစိုက်ပျိုးသီးနှံ အစုံကိုစားသောက်ဖျက်ဆီးကြတယ်။ဒါတွေအားလုံးကို စားသောက်ဖျက်ဆီးအပြီးမှာ #စပါးပင်🌾🎋ကစပါးလုံး စပါးစေ့တွေကို မရေတွက်နိုင်သော #ကြွတ်🐀🐁အကောင်ရေများစွာတွေက ညတွင်းချင်း #စပါး🌾🎋တွေကို #ပိုးဆိုးပက်စက် စားကြပါတယ်။နေ့ခင်းပိုင်းရောက်လာတော့လည်း အထက်မှာဖော်ပြခဲ့တဲ့ တောကြက်လိုမျိုး ခါးဟယ် 🐓🐓🐓 ငှက်မျိုးတွေက အုပ်စုလိုက်ဆင်းလာပြီးညတုန်းက ကြွတ်🐀🐁တွေရဲ့စားကျွင်းစားကျန်တွေကိုသူတို့က ထပ်ပြီးစားသောက်ဖျက်ဆီးနေကြပြန်တယ်။ဒီလိုမျိုးနဲ့ ပြောင်း စပါး စိုက်ပျိုး သီးနှံ မထွက်ခင်ကတည်းက ဝါးအသီးတွေကို တောင်ယာခင်း အားလုံးမှာ မြေပြင်မှာကောမြေအောက်မှာပါ ပိုးဆိုးပက်စက် သီးတာကကမ်းကုန်ပါပဲဗျာ။ဒါတွေအားလုံးဟာ၂နှစ်တိတိကိုယ်တွေ့လက်တွေ့ ရုန်းကန်ကျော်ဖြတ်ခဲ့ရသူပါ။ဝါးအသီးတွေကြောင့်မြေစာတွေက ခါးပြီး စိုက်ပျိုးသီးနှံက ၁၀နှစ်ဝန်းကျင်အထိ အထွက်မကောင်းခဲ့ပါဘူး။ဒီလိုနဲ့လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးပညာရေးမထွန်းကားတဲ့ကျွန်တော်တို့ဒေသမှာ အစား ရေစာ ခေါင်းပါး ငတ်ပြတ်မှုတွေ ကျန်းမာရေး ခက်ခဲမှုတွေ ပညာရေးခက်ခဲမှုတွေ ကိုနှစ်ဆယ်စုနှစ်ချီ ဝါးသီးခြင်းအစကနေ ခါးစီးပြီး အသက်လုပြီး ရုန်းကန်လာခဲ့ကြတာ ကမ္ဘာကြီးက သိပုံ မပေါက်ဘူး။သဘာဝကပေးထားတဲ့ အသားငါး ကြံဖန်ရှာဖွယ်စားသောက်ကြတယ်။ လူမစိုက်ဘဲသဘာဝအတိုင်း အလှည့်ကျအသီးအပွင့် အဖူးအညွှတ် တွေကိုတောထဲတောင်ထဲမှာ နေပူမရှောင်မိုးရွာမရှောင် လိုက်ရှာခူးဆွတ် စားသောက်ကြရတယ်။ဟိုးးးရှေးရှေးတုန်းက ဆိုရင် ဆန်စပါး မလုံလောက်လို့ ဆန်၁ဗူး မျှစ်တစ်အိုး ရောနှောချက်ပြုတ်ပြီး များရင်အဝ နည်းရင်အမျှ ဝေငှစားသောက်ကြတယ်လို့အဖေတို့ အဘိုးတို့က ပြောပြလို့ကြားဖူးပါတယ်။ကျွန်တော်တို့ခေတ်တုန်းက အဲလောက်ကြီးမဆိုးပေမယ့် အရင်လူတွေလောက် မရိုးရှင်းတော့တဲ့ လူမှုပတ်ဝန်းကျင်မှာ ဝတ်စားဆင်ယင်ဖို့ အဝတ်အထည်တွေရဖို့ ပိုရုန်းကန်ခဲ့ကြရတယ် ဗဟုသုစုံလင်ဖို့ ပညာတွေပိုပြီးသင်ကြားခဲ့ကြရတယ်။အရင်ခေတ်နှင့်ယခုခေတ်ရဲ့အခက်ခဲချင်းတွေက တထပ်ထဲမကျပေမယ့် သူ့ဟာနဲ့သူ ဒုက္ခများစွာရုန်းကန် ရင်ဆိုင်ကြတာကတော့ မနည်းလှပါဘူး။၂၀၅၀နှစ်မတိုင်ခင်အထိတော့ ပြီးခဲ့တဲ့၂၀၀၇/၃၀၀၈ခုနှစ်တုန်းက #ဝါးသီးခြင်း အဖြစ်ပျက်တွေကို ပုံပြင်ဝထ္တုလိုပါပဲသမိုင်းမှာကျန်ခဲ့လိမ့်မယ်။စာရေးသူအနေနဲ့အသက်၇၅/၈၀ အသက်ရှင်ခဲ့ဒုတိယအကြိမ်ဝါးအသီးကြုံတွေ့နိုင်ပါသေးတယ်။စာဖတ်သူအနေနဲ့လည်းအထက်စာရေးသူဖော်ပြတဲ့အချက်အလက်အတွေ့အကြုံတွေကိုနှဖူးတွေ့ဒူးတွေ့ကြုံတဲ့သူတွေရှိနေနိုင်သလို၊စာရေးသူဖော်ပြတဲ့အရာတွေကဟုတ်ရောဟုတ်ပါ့မလားဆိုပြီးမယုံသင်္ကာခံစားတဲ့သူတွေလည်းရှိနေနိုင်ပါတယ်။ဘာဖြစ်ဖြစ်ကျွန်တော်တို့လူသားတွေဟာ သဘာဝဘေးအန္တာရာယ်တွေ၊နည်းပညာဘေးအန္တာရာယ်တွေ၊လောဘသားတွေရဲ့ဘေးအန္တာရာယ်တွေရဲ့လှိုင်းလုံးတွေကြားမှာရုန်းကန်နေရင်းအသက်ရှူကြပ်နေတဲ့သားကောင်လေးတွေအနေနဲ့ အသက်ရှင်နေအုံးမှာပေါ့။ဘာမဆို ဘာဖြစ်ဖြစ်ဖန်ဆင်းရှင်ထာဝရဘုရားအစီအစဥ်အတိုင်း ဖြစ်ပါစေလို့ဆုတောင်းရင်းဒီမှာပဲရပ်နားခွင့်ပြုပါ။အထက်ပါဖော်ပြချက်တွေထဲမှာ အပိုအလိုရှိခဲ့ရင် အားမနာတမ်း ကွန်မန့်မှာဖြစ်ဖြစ် မက်ဆေ့မှာဖြစ်ဖြစ်ဖြည့်စွပ်ပြုပြင်ဖို့အကြုံပြုလို့လည်းရပါတယ်။စာလုံးပေါင်းသပ်ပုံတွေ အသုံးအနှုန်းတွေအမှားအယွင်းရှိခဲ့ရင်လည်းပြုပြင်ဖြည့်စွပ်ဖို့ရယ် နားလည်ခွင့်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်။မှတ်ချက်-ဤPostထဲကစာများသည်ကူးယူမှုမရှိပဲကိုယ်တွေ့ခံစားချက်တွေကိုကိုယ်တိုင်ရေးသားဖော်ခြင်းဖြစ်ပြီး ဝါးအသီးပုံများသည်မီဒီယာထဲကပြန်လည်မျှဝေပေးခြင်းဖြစ်ကြောင်းသိစေလိုပါသည်။တစ်ဆင့်တည်းမှာဒီPostအားဖြင့်တစ်ခုခု ပညာဗဟုသုတရ ခဲ့လို့ပြန်လည်ကူးယူချင်ရင်ဖြစ်ဖြစ် မျှဝေချင်ရင်ဖြစ်ဖြစ် Shareသွားချင်ရင်ဖြစ်ဖြစ် စာရေးသူဆီမေးစရာမလိုပဲ အားမနာတမ်းလွတ်လပ်စွာ ကူးယူမျှဝေနိုင်ကြောင်းသိစေချင်ပါတယ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။
မူရင်းရေးသားဖော်ပြသူ-ဆလိုင်းချင်းဆုမောင်