PDF Channel 2023

  • Home
  • PDF Channel 2023

PDF Channel 2023 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PDF Channel 2023, TV Channel, .

07/11/2023

မြောက်စည်းရွာစခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် CNDF-VAKOK အဖွဲ့ဝင် အသက် ၁၉ နှစ်အရွယ် Salai Thawng Tha Cung ၏ ဈာပန (ရုပ်/သံ)

Video - CNDF-VAKOK

05/11/2023

မင်းရွာရဲစခန်းအား၊ Hyper UAV Force၊ တပ်ရင်း Droneအဖွဲ့များ နှင့်မြေပြင်ရဲဘော်များပူးပေါင်းတိုက်ခိုက်ခဲ့သည့်videoဖိုင်မှတ်တမ်းဖြစ်ပါသည်။

#ဂန့်ဂေါခရိုင်အမှတ်(၁)၊တပ်ရင်း
#အမှတ်(၁)၊စစ်ဒေသ

04/11/2023

| စကစရဲ့ လက်နက်စက်ရုံနယ်မြေကို ထိုးဖောက်ခြင်း |

◼️မကွေးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်စက်ရုံနယ်မြေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး PDF Insight က တင်ဆက်ထားတာဖြစ်ပါတယ်

03/11/2023

၁၀၂၇ စစ်ဆင်ရေးတွင် ကရင်နီတပ်ဖွဲ့ KNDF ပါဝင်တိုက်ခိုက်နေ

02/11/2023

တနင်္သာရီတိုင်း Kaw Thoo Lei ARMY

25/10/2023

ဗိုလ်အယ်စေးဝါးနဲ့ ရဲဘော်များ 💕💕

15/10/2023

ဗိုလ်အယ်စေးဝါးဉီးဆောင်တဲ့ Lion Battalion Comamndo-ဗျူဟာစစ်ကြောင်းက တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေကို ထုတ်ပြန်ပြသ(ရုပ်/သံ)
++++++++++++++++++++++
ဗိုလ်အယ်စေးဝါးဉီးဆောင်တဲ့ Lion Battalion Comamndo-ဗျူဟာစစ်ကြောင်းက တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေကို ထုတ်ပြန်ပြသခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၅၆ ဉီးနဲ့အထက် သေဆုံးခဲ့ပြီး ၈၀ ဉီး ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Lion Battalion စစ်ကြောင်းဟာ တော်လှန်ရေးပြီးဆုံးတဲ့အထိ အကြမ်းဖက်စစ်အာဏာရှင်ကို အမြတ်ချေမှုန်းသွားမည်ဟု ကတိသစ္စာပြုပါကြောင်း ထုတ်ပြန်ထားပါတယ်။

15/10/2023

#မော်လမြိုင်အကျဉ်းထောင်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊မော်လမြိုင်-ကျိုက်မရော
ကားလမ်းဘေးရှိ အသစ်ထပ်မံဆောက်လုပ်လျက်ရှ်ိသော
အကျဥ်းထောင်အား Lion Battalion Commando -ဗျူဟာစစ်ကြောင်း တပ်ခွဲ ၂ နှင့် ဂဠုန်စစ်ကြောင်းမှ
Drone တပ်ဖွဲ့တို့ပူးပေါင်း၍ ဒရုန်ဗုံးသီး ၃ လုံးကျဲချ၍တိုက်ခိုက်ခဲ့သည်။ဒရုန်းဗုံးသီးများမှာ အကျဥ်းထောင်ရှိ ဗဟိုကင်းအနောက်ဘက်နှင့် သုံးထပ်ဆောင်ဗဟိုကင်းအပေါ်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အမိုး၊မျက်နှာကျက်နှင့်မှန်များ ပျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်ကျဆုံးမှုကိုတော့မသိရသေးပါ။
အဆိုပါအကျဥ်းထောင်သည် ၂၀၂၂ ခုနှစ် မှစတင်ဆောက်လုပ်နေသောအကျဥ်းထောင်ဖြစ်ပြီးမော်လမြိုင်အကျဥ်းထောင်ကြီးမှာ အကျဥ်းသားဦးရေများလွန်း၍
ခွဲထားဖို့စီစဥ်လျက်ဆောက်လုပ်နေကြောင်းသိရသည်။
မော်လမြိုင်မြို့တွင်အကျဥ်းထောင်များတိုက်ခိုက်ခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လိုအပ်သလို Drone စစ်ဆင်ရေးများဆောင်ရွက်သွားမည်ဖြစ်သည်။


#ဗျူဟာစစ်ကြောင်း

ကနောင်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၂၀ ခန့်သေဆုံးပြီး မန္တလေး PDF ရဲဘော် ၃ ဦးကျဆုံးအောက်တိုဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ပြင်ဦးလ...
15/10/2023

ကနောင်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၂၀ ခန့်သေဆုံးပြီး မန္တလေး PDF ရဲဘော် ၃ ဦးကျဆုံး

အောက်တိုဘာ(၁၅)၊၂၀၂၃ ခုနှစ်။

ပြင်ဦးလွင် - မိုးကုတ် ကားလမ်းမပေါ်ရှိ ဒိုးပင်ကျေးရွာအနီး၌ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားပွားခဲ့သည့် ကနောင်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၂၀ ခန့် သေဆုံးပြီး မန္တလေး PDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

ကနောင်စစ်ဆင်ရေးသည် TNLA နှင့် မန္တလေး PDF တို့ပူးပေါင်းထားသည့် စစ်ဆင်ရေးဖြစ်ကြောင်း၊ ပထမတကြိမ် ထုတ်ပြန်သည့် ကနောင်စစ်ဆင်ရေးတွင်လည်း စစ်ကောင်စီတပ် အသေအဆုံးနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ရသည်။

11/10/2023

KAREN ARMY Brigade6

မုံရွာ-ဘုတလင်လမ်းပိုင်း ပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေး ဆောင်ရွက် အောက်တိုဘာ (၁၀)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာ -...
11/10/2023

မုံရွာ-ဘုတလင်လမ်းပိုင်း ပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေး ဆောင်ရွက်

အောက်တိုဘာ (၁၀)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ မုံရွာ - ဘုတလင် လမ်းမကြီးပေါ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်ခဲ့သည်ဟု Special Ranger Force က ယမန်နေ့က ပြည်သူများကို အသိပေးထားသည်။

KIA ကို ရန်ငြိုးထားတဲ့စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်  ဗုံးကြဲသတ်ဖြတ်"ဖျက်အားပြင်းဗုံးကြောင့်ကလေးငယ်တွေ အပါအဝင် လူဦး...
10/10/2023

KIA ကို ရန်ငြိုးထားတဲ့စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ် ဗုံးကြဲသတ်ဖြတ်

"ဖျက်အားပြင်းဗုံးကြောင့်ကလေးငယ်တွေ အပါအဝင် လူဦးရေ သုံးဆယ်နီးပါး သေဆုံးသွားခဲ့ပါတယ်။ အိပ်နေကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အမြောက်အများ သေတယ်။ မိသားစုလိုက်တွေ သေဆုံးကုန်တယ်"
*************************

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၁၅ ရက်နေ့မှာကျရောက်မယ့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCAရဲ့ ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို စစ်တပ်က ကျင်းပရန်ပြင်ဆင်နေပြီး၊ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေသာမက၊ လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA ကိုပါ တက်ရောက်ဖို့ စစ်တပ်က ဖိတ်ကြားထားပါတယ်။ ဒီဖိတ်ကြားမှု မတိုင်ခင် စစ်တပ်ရဲ့ လုပ်ရပ်အချို့နဲ့ NCA ဆိုတာကရော တိုင်းရင်းသားတွေအပေါ် တန်းတူအခွင့်အရေး ပေးနိုင်ပါ့မလားဆိုတာ သိရှိထားဖို့လိုအပ်ပါတယ်။

စစ်တပ်က ကျင်းပမယ့် NCA ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၈ နှစ်ပြည့်အခမ်းအနားမစခင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၉ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်တပ်ရဲ့ ဖျက်အားပြင်းဗုံးကြောင့်ကလေးငယ်တွေ အပါအဝင် လူဦးရေ သုံးဆယ်နီးပါး သေဆုံးသွားခဲ့ပါတယ်။ အိပ်နေကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အမြောက်အများ သေတယ်။ မိသားစုလိုက်တွေ သေဆုံးကုန်တယ်လို့ သိရတယ်။ ဒီတော့ စစ်တပ်က တကယ်ရော ငြိမ်းချမ်းရေးလိုချင်တာလားဆိုတာ မေးခွန်းထုတ်စရာတောင်မလိုတော့ပါဘူး။ သူဟာ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတယောက်လိုမျိုး ပြည်သူလူထုအပေါ် အစွမ်းကုန် ယုတ်မာပြလိုက်တာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတာ အားလုံးအသိဖြစ်ပါတယ်။ ကျေးရွာတွေကို မီးလောင်တိုက်သွင်း လေကြောင်းပစ်ခတ်မှုအပါအဝင် မျိုးစုံသော ယုတ်မာမှုတွေကို လုပ်ဆောင်နေတာ အားလုံးအသိဖြစ်ပါတယ်။ စစ်ကြောရေး ငရဲခန်းတွေမှာ အကျဉ်းထောင်တွေမှာ လမ်းမတွေပေါ်မှာ လက်နက်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်တပ်က ငြိမ်းချမ်းရေး တကယ်လိုချင်တာတဲ့လား ခင်ဗျားတို့ယုံကြလား။ စစ်တပ်ဟာ လက်နက်အာကိုးနဲ့ အာဏာသိမ်းလိုက်တယ် လက်နက်အားကိုးနဲ့ ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်နေတာ ဒီလိုလုပ်နေတဲ့ လူအပ်စုက ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာ ဘယ်လိုမှဖြစ်နိုင်ပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေ၊ ဖားကန့်မြို့နယ် ကံဆီးရွာနဲ့ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ အနန့်ပါ လေ့ကျင့်ရေးကွင်းမှာ KIO တည်ထောင်တဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည် တေးဂီတဖျော်ဖြေပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စင်းနဲ့ လာရောက်ဗုံးကြဲခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုအတွင်းအရပ်သား ပြည်သူများစွာ သေဆုံးခဲ့ရပါတယ်။ စစ်တပ်အနေနဲ့ KIA အပေါ် တဖက်မှာ အပေါ်ယံ ငြိမ်းချမ်းရေးအယောင်ပြနေပေမယ့်၊ အခြားတဖက်မှာ စစ်ရေးပစ်မှတ်အပြင် အရပ်သားပစ်မှတ်များစွာကို လေကြောင်းအပါအဝင် အမြောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့တာပါ။

NCA နဲ့ပတ်သတ်လို့ သမိုင်းကြောင်းကိုပြန်လှန်ကြည့်မယ်ဆိုရင် ၂၀၁၅ ခုနှစ် စစ်တပ်က ဦးဆောင်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်လက်မှတ်ရေးထိုးမှသာ KIA အနေနဲ့ လက်မှတ်ထိုးမယ်လို့ ဆိုထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲ့ဒီအချိန်က ရခိုင့်တပ်တော် AA၊ TNLAနဲ့ MNDAA တို့ကို စစ်တပ်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာကြောင့် ဖြစ်တယ်။ KIA အနေနဲ့လည်း တိုင်းရင်းသားတပ်ဖွဲ့တွေအားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသာ လိုလားပြီး၊ စစ်တပ်ရဲ့တဖက်သတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်မခံခဲ့ပါဘူး။

NCA စာချုပ်မှာ ဘာပါလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်ကို ဆက်သွားရေးပါပဲ။ အပိုဒ် ၂၀ ရဲ့ (စ) မှာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ယူရမည်ဆိုတာပါပါတယ်။ စစ်တပ်က ဦးဆောင်ပြီး ကြိုက်တဲ့နိုင်ငံရေးဆွေးနွေးပွဲလုပ်ပေမယ့် နောက်ဆုံး လွှတ်တော်ကိုသွားရပါမယ်။ အဲ့ဒီလွှတ်တော်ဆိုတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အညီ တည်ရှိနေတဲ့ လွှတ်တော်ပဲ ဖြစ်တယ်။ လွှတ်တော်ထဲပါဝင်နေတဲ့ လေးပုံတစ်ပုံကလည်း အားလုံးသိကြတဲ့ စစ်တပ် ကိုယ်စားလှယ်တွေပဲ ဖြစ်တယ်။ ဒါ့ကြောင့် NCA ဟာ အားလုံး မျှော်မှန်းထားတဲ့ နိုင်ငံရေးအဆင့်ကိုမရောက်သေးဘဲ လက်မှတ်ထိုးဖို့ ဖိအားပေးရုံသက်သက်ပါပဲ။

NCAနဲ့ ပတ်သတ်ပြီး စစ်တပ်ဘက်က ဘာပြောထားသလဲဆိုတော့ "၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ KIA ဌာနချုပ် လိုင်ဇာမှာ တိုင်းရင်းသားလူမျိုးများ ညီလာခံဆိုပြီးလုပ်တယ်။ အဲဒီညီလာခံကို EAOs အဖွဲ့တွေအားလုံးတက်ရောက်ခဲ့ပြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းဖို့အတွက် ဘုံသဘောတူညီချက်ချမှတ်ကာ NCCT ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီ NCCT အဖွဲ့မှာ လိုင်ဇာအစည်းအဝေးမှာ ပါဝင်လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့မှ တစ်ဖွဲ့လျှင် တစ်ဦးကျစီပါဝင်ပြီး ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်တယ်။ အဲဒီအဖွဲ့မှာ အဖွဲ့ခေါင်းဆောင်ကတော့ NMSP မှ နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင်က KNU မှ စောကွယ်ထူးဝင်း နဲ့ KIA အဖွဲ့မှ ဂွမ်မော်တို့ဖြစ်တယ်။ သူတို့ ၃ ဦးရဲ့ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေးအတွက် ၂ နှစ်နီးပါးဆွေးနွေးပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ သူတို့စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ NCA မူကြမ်းကို ရရှိခဲ့တယ်။ အဲဒီမူကြမ်းကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကိုယ်တိုင် အပ်နှံခဲ့တယ်" လို့ဆိုထားပါတယ်။

စစ်တပ်ကသာ တကယ်ငြိမ်းချမ်းရေးလိုချင်တယ်လို့ ဆိုထားပေမယ့် NCA လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့တွေကိုယ်တိုင်ကလည်း တကယ့်အခြေခံအချက်ဖြစ်တဲ့ တပ်နေရာချထားရေး၊ ပြည်နယ်ခွဲဝေရေး၊ တန်းတူအခွင့်အရေးရရှိရေး စတာတွေ တခုမှ ရရှိခြင်းမရှိဘဲ၊ ၂ ဖက်အပစ်အခတ်ရပ်စဲပါတယ်ဆိုတဲ့ NCA ခေါင်းစဥ်အောက်မှာ စစ်တပ်က ဦးဆောင်ပြီး၊ နိုင်ငံကို ကြိုက်သလိုစီမံသွားခဲ့တာ အားလုံးအသိပါ။ နောက်ဆုံး​မှာတော့ NCA လက်မှတ်ထိုးခဲ့တာတွေ အစပျိုးခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ အားလုံးပျောက်ကွယ်ခဲ့ကြရပြီး တနိုင်ငံလုံး စစ်မီး ဟုန်းဟုန်းတောက်ခဲ့ရတာပါပဲ။

NCA အကြောင်းပြ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေ အကြိမ်ကြိမ်လုပ်ခဲ့ကြပေမဲ့ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး သဘောတူညီမှုတခုမှ မရခဲ့ပါဘူး။ နိုင်ငံတခုမှာ စစ်တပ်တခုတည်းရှိရမယ်ဆိုတဲ့ မူကိုအခြေခံပြီး စစ်တပ်က အရာအားလုံးကို ထိန်းချုပ်ဖို့သာ ကြိုးစားပြီး တန်းတူညီမျှရေး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကိုတော့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းအဖြစ်သာ ထားရှိချင်တာပါ။ စစ်တပ်ဟာ တန်းတူရေးနဲ့ ဒီမိုကရေစီအရေးကိုတောင် အလေးအနက်မထားနိုင်လို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုတော့ ပို၍သာ မလိုချင်သည့်အတွက် အာဏာသိမ်းပြီး တိုင်းပြည်ကို ဖျက်ဆီးလိုက်ခြင်းပါတယ်။

ဒါ့ကြောင့် ဒီဖြစ်စဥ်တွေနဲ့ အထက်ကဆိုခဲ့သလို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုမှ အပ်စပ်မှု မရှိပါဘူး။ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး ဘယ်လောက်ပဲ သဘောထားပျော့ပျောင်းစွာ စကားခေါ်နေပါစေ၊ ဒါတွေဟာသူတို့အင်အားချိနဲ့နေတဲ့အချိန်မှာ ခေတ္တအနားယူချင်တဲ့ သဘောမျိုးလောက်သာဖြစ်ပြီး တဖက်မှာလည်း သူတို့ရဲ့ယုတ်မာမှု၊ ရက်စက်မှုတွေကို အနန့်ပါ၊ လက်ယက်ကုန်း၊ ပဇီကြီး၊ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းစတာတွေက ပြသနေခဲ့တာပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံအတွင်းတကယ့်ငြိမ်းချမ်းရေးအစစ်ရရှိဖို့ဆိုရင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့သာအဓိကဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။

Address


Website

Alerts

Be the first to know and let us send you an email when PDF Channel 2023 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share