LT City new

LT City new လူသူဗ်ပြည်သူ့နဲ့ တိုင်းရင်းသားအားလုံးကို အမှန်တရားနဲ့ အသိပညာတွေ မျှဝေပေးမယ် သတင်းဌနာ
အားလုံးထဲက တစ်ခု

လောက်သူမျိုးနွယ်သည် ချင်းလူမျိုးစုကြီး (၇)မျိုး၊ မျိုးနွယ်စုကွဲ (၅၄)ကျော်ထဲက တစ်မျိုးဖြစ်သော ထန်တလန်လူမျိုး၏ မျိုးနွယ်စုတစ်ခုဖြစ်သည်။
Lautu clan is one of (54) minor clans under (7) major tribes under Chin Ethnic in Thang Tlang township, Myanmar.
လောက်သူမျိုးနွယ်သည် လွန်ခဲ့သော နှစ်ပေါင်း (၄၀၀)ခန့်ကတည်းက နေထိုင်လာခဲ့ပြီး ကျေးရွာပေါင်း (၂၀)ရွာနှင့် လူဦးရေး (၄၀၀၀၀) ကျော် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေး

မှု (၁၅)မျိုးခန့် ရှိသောရိုးရာ လေ့များဖြင့် နေထိုင်သော လူမျိုးဖြစ်သည်။
It is believed that this tribe has been existing since 4 centuries ago and there are (20) villages and about (40,000) populations, being enriched with own dialect, literature and (14) different kinds of precious cultural dances as well.ယခုအခွေသည် ယဉ်ကျေးမှု (၁၅)မျိုးရှိသည့်အနက် ရိုက်ကူးထားသော ယဉ်ကျေးမှု (၈)မျိုးထဲတွင် (၂) မျိုးကိုသာ ထုတ်နုတ်တင်ဆက်ထားခြင်းဖြစ်ပါသည်။ This video tape is a selected (2) kinds of dances from (15) numbers of cultural dances that the people of Lautu tribe, are auspicious proud of in entertainment.
ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် စာပေထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့သည် စာပေ မြင့်မားရေးနှင့် ရိုးရာ ယဉ်ကျေးမှု မပပျောက်ရေးဟူသော ရည်မှန်းချက်ဖြင့် ၂၀၁၆ -၂၀၁၇ခုနှစ်တွင် ယဉ်ကျေးမှု (၁၅)မျိုးအနက် (၈)မျိုးကို လောက်သူစာသားထိုးဖြင့် ထုတ်ဝေကာ လူမျိုး၏ဂုဏ်ကို မြင့်မားအောင် ဖော်ဆောင်ပေးလျက်ရှိပါသည်။
“Lautu Agency for Lautu Cultural Heritage and Literature Preservation” has set up the goal of “promoting our literature and preserving our cultural dances in 2016-2017”. This video album is therefore, produced with the aim of promoting our Lautu identity, our integrity and our cultural dances throughout the world.
လောက်သူလူမျိုးတို့၏ ရိုးရာဓလေ့နှင့် မိခင်စာပေကိုလူတိုင်း တတ်မြောက်နိုင်ရေးနှင့် လူထုရဲ့ ခံစားချက်အမှန်ကို ရှပ်ရှင်ဖလင်ဖြင့် ပြိုင်ပွဲတွေကို ဖြတ်ကျော်ရင် ဇာတ်ကားတွေ များများကို အဓိကထား တင်ပြသည်။

29/10/2025
မိုးကုတ်က TNLA ဆုတ်ခွာပေးဖို့ စစ်ကောင်စီနဲ့ သဘောတူခဲ့ပေမယ့် မန္တ​​လေး PDFက ထိန်းချုပ်နယ်မြေတွေ အစွမ်းကုန်ကာကွယ်မယ်လို့ က...
29/10/2025

မိုးကုတ်က TNLA ဆုတ်ခွာပေးဖို့ စစ်ကောင်စီနဲ့ သဘောတူခဲ့ပေမယ့် မန္တ​​လေး PDFက ထိန်းချုပ်နယ်မြေတွေ အစွမ်းကုန်ကာကွယ်မယ်လို့ ကြေညာ

အောက်တိုဘာ ၂၉၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီနဲ့တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA) တို့ အပစ်
ရပ်စဲပြီး မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းမြောက် မိုးမိတ်မြို့​တွေက​နေ TNLA တပ်တွေ ဆုတ်ခွာဖို့ သဘောတူညီခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDFက ထိန်းချုပ်နယ်မြေတွေ ကာကွယ်ဖို့ မိတ်ဖက်​တော်လှန်​ရေးအင်အားစု​တွေနဲ့လက်တွဲပြီးအစွမ်းကုန် လုပ်ဆောင်မယ်လို့ ကြေညာပါတယ်။

တရုတ်ရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ ဆွေး
နွေး အပစ်ရပ်စဲခဲ့ရတဲ့ အခြေအနေကို TNLAက ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာ MDY PDFက အခုလို ကြေညာခဲ့တာပါ။

MDY PDF စတင်စုဖွဲ့စဉ်၂၀၂၁ ခုနှစ်ကစလို့ ဖက်
ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အ
မြစ်ပြတ်ချေမှုန်းနိုင်ရေးတို့အတွက် တစိုက်မတ်
မတ် တိုက်ပွဲဝင်လျှက်ရှိပြီး လက်ရှိကာလများတွင် တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှု ၊ မိတ်ဖက် နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းလက်တွဲမှု ၊ တပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့အတူ မန္တလေးဒေသအတွင်းရှိ နယ်မြေအချို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြကာ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ် ထိန်းသိမ်းနိုင်ရေးမိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲကာကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းမယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဘယ်လိုကြီးမားတဲ့ အခက်အခဲ ရှိနေစေကာမူ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်း
ရေးတိုက်ပွဲတွေကို ဆထက်ထမ်းပိုး ဦးလည်မ
သုန် ဆက်လက်ဖော်ဆောင်သွားမယ်လို့ ပြည်သူတွေကို MDY PDFက အသိပေး ခဲ့ပါတယ်။

စစ်ကောင်စီနဲ့ အပစ်ရပ်စဲတာဟာ ယာယီအပစ်ရပ်စဲတာ ဖြစ်သလို TNLA အနေနဲ့ မဟာမိတ်တွေကို တနည်းနည်းနဲ့ အကူအညီတွေ ပေးနိုင်တယ်လို့ တအာင်းသတင်းရင်းမြစ်အချို့ သုံးသပ်ပြောကြားပါတယ်။

TNLA ဘက် မလွှဲမရှောင်သာ စစ်ကောင်စီနဲ့ အပစ်ရပ်စဲခဲ့ရတာလို့ တအာင်းသတင်းရင်းမြစ်နဲ့ ရှမ်းမြောက် အရေးလေ့လာသူ အချို့က ပြောပါတယ်။
“ပထမအချက်ကတော့ တရုတ်အစိုးရရဲ့ ကြီးမားလာတဲ့ ဖိအားပေ့ါ။ ဒုတိယ အချက်က တော့ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်လာပြီး သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာ အလူးအလိမ့်ခံရတာပေါ့နော်။ တတိယ အချက်က TNLA ထိန်းချုပ်ဒေသမှာရှိတဲ့ အရပ်သား ပြည်သူလူထုတွေ ထိခိုက်သေဆုံးမှု နည်းအောင် ပြီးတော့ ဘေးကင်းမှု ရှိအောင်ဆိုပြီး ဒီသုံးချက်ကို TNLA ဘက်က လေးလေးနက်နက် စဉ်းစားပြီး မလွှဲမရှောင်သာ အပစ်အခတ်ရပ်စဲထားတယ်လို့ ရှုမြင်ပါတယ်” လို့ ရှမ်းမြောက်အရေးလေ့လာသူတဦးက ပြောပါတယ်။

မန္တ​လေး PDF ဟာ ၁၀၂၇ စစ်ဆင်​ရေး နဲ့ ရှမ်းမန်းစစ်ဆင်​ရေးမှာ မဟာမိတ်တပ်​တွေနဲ့ အတူ စဥ့်ကူးတမြို့နယ်လုံး ၊မတ္တရာမြို့နယ် အ​ရှေ့ခြမ်း ၊ ​နောင်ချိုမြို့ ၊မိုးကုတ်မြို့ ၊မိုးမိတ်မြို့၊ သပိတ်ကျင်းမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ် ။​နောင်ချိုနဲ့ သပိတ်ကျင်းမြို့​တွေကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့က​နေ TNLA တပ်​တွေ ဆုတ်ခွာတယ်လို့ ထုတ်ပြန်တဲ့​​နေ့မှာပဲ မန္တ​လေးPDF က ထိန်းချုပ်​ဒေသ​တွေကို ​တော်လှန်​ရေးမဟာမိတ်​တွေနဲ့အတူ အစွမ်းကုန် ခုခံကာကွယ်သွားမယ်လို့ ​ကြေညာတာဖြစ်ပါတယ်။

TNLA အနေနဲ့ အခုလို မြို့ရွာတွေကို ပြန်လည်လက်လွှတ်ပေးရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာတာဟာ မဟာမိတ်အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုတွေမလုပ်နိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

TNLA ဘက်က မိုးကုတ်၊ မိုးမိတ်ဘက်က ဆုတ်
ခွာသွားပါကဒေသတွင်းမှာကျန်နေတဲ့ PDF တပ်ဖွဲ့တွေ အနေနဲ့ စစ်ကောင်စီကို ခုခံကာကွယ်ဖို့ စခန်ခေါ်မှု ပိုမိုကြီးမားလာမယ်လို့ မြင်ကြောင်း လေ့
လာသူက ပြောပါတယ်။

“အာဏာရှင်စနစ်ကို လက်နက်ကိုင်ပြီး တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ EAO မဟာမိတ် တပ်ဖွဲ့တွေ ပြီးတော့ နိုင်ငံအင်အားစုတွေအားလုံး စစ်ရေး၊ နိုင်ငံရေးအမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်မယ့် ပလက်ဖောင်းတခုကို အမြန်ဆုံးဆောင်
ရွက်နိုင်ဖို့လိုပါတယ်”လို့ ရှမ်းမြောက်အရေးလေ့
လာသူက ရှေ့ဆက် တော်လှန်ရေးပိုမိုအားကောင်းလာဖို့ လုပ်ဆောင်သင့်တာကို အကြံပြုပါတယ်။

၂၀၂၁ ခု စစ်အာဏာသိမ်းပြီး (၅) နှစ်နီးပါးအ
တွင်း လက်ရှိ ရင်ဆိုင်ဖြတ်သန်းနေရတာဟာ တော်လှန်ရေးခရီးရဲ့ အခက်ခဲဆုံး ကာလ၊ အကြပ်တည်းဆုံးအခိုက်အတန့်ဖြစ်တယ်လို့စစ်အာ
ဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ဒီကနေ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“ဒီအချိန်ကာလကို ကျနော်တိုတွေ အတူတကွ အကောင်းဆုံး ရင်ဆိုင်ဖြတ်သန်းကြပါမယ်။ကျနော်တိုတွေ အရင်ထက်ပိုပြီး စည်းလုံးကြရပါမယ်၊ အရင်ထက်ပိုပြီး သန်မာကြရပါမယ်၊ အရင်ထက်ပိုပြီး အလုပ် လုပ်ကြရပါမယ်။ဒီခရီးက တာတိုခရီး မဟုတ်ပါဘူး။ ပြည်သူတဦးချင်းတယောက်ချင်းစီရဲ့ သက်လုံနဲ့ ခံနိုင်ရည်က တော်လှန်ရေးအတွက် အထူးအရေးကြီးလှပါတယ်” လို့သပိတ်​ခေါင်း​​ဆောင် ဒေါက်တာတေဇာဆန်းက ရေးသားထားပါတယ်။

28/10/2025

မြေပြင်ကရဲဘော်ရဲဘက်တွေကို ရန်သူ့ဒရုန်းရန်ကနေကာကွယ်ပေးဖို့အတွက် Federal Shield

အလွန်အမင်းအသုံးဝင်ကြောင်းကို FW ရဲ့ Jammer တွေကိုလက်တွေ့အသုံးပြုနေတဲ့ မြေပြင်တပ်ဖွဲ့တွေက သက်သေဖြစ်ပါလိမ့်မယ်။

မျက်မှောက်ခေတ်ရဲ့ Engineering ဆိုတာဟာ အသစ်တွေရှာဖွေတာတင်မဟုတ်ဘဲ ရှိပြီးသားနည်းပညာတွေကို လိုသလိုပေါင်းစပ်အသုံးချနိုင်မှုဟာ အဓိကပါ။ ဒါကိုမှ Research လား Reverse လားဆိုတာမျိုး စကားလုံးတွေကို ကပ်သပ်ပြောရုံသက်သက်နဲ့ဆိုရင်တော့ FW တွေ တော်လှန်ရေးမှာ ဒီအထိခရီးရောက်လာစရာအကြောင်းမရှိတော့ပါ။

ငွေကြေး၊ နည်းပညာ၊ နည်းပညာတတ်လူအင်အားကစလို့ နယ်မြေပိုင်စိုးမှု၊ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေအထိ ကျယ်ပြန့်တဲ့တော်လှန်ရေးကိစ္စတွေထဲမှာ ကျွန်တော်တို့ FW က ရုန်းကန်နိုင်ခဲ့တဲ့ပမာဏဟာ မိုင်အကုန်ဖြစ်ပါတယ်။

စစ်ရေးနဲ့ Social ကြားက ချင့်ချိန်နေရတဲ့အကန့်အသတ်တွေကြားထဲ ကျွန်တော်တို့ချပြနိုင်သလောက်ကိုသာချပြပြီး လူထု engagement ယူနေရတဲ့ Facebook Post တွေမှာ တော်လှန်ရေးဖက်တော်သား နည်းပညာရှင်များအနေနဲ့ အဝေးကြီးရောက်အောင်မတွေးလိုက်ကြဖို့ကိုလည်း မေတ္တာရပ်ခံလိုပါတယ်။



ကလေးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားပြီး  CNA ရဲဘော် ဆလိုင်း ဗန်ဇမှုန်း ကျဆုံး------...
28/10/2025

ကလေးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားပြီး CNA ရဲဘော် ဆလိုင်း ဗန်ဇမှုန်း ကျဆုံး
--------------------------------------------------------------------------
အောက်တို ၂၈
စကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော် ဆလိုင်း ဗန်ဇမှုန်း မြင့်မြတ်စွာ ကျဆုံးခဲ့ ကြောင်း မိသားစုထံမှ သိရသည်။ ဆလိုင်း ဗန်ဇမှုန်း ရဲဘော်သည် ကလေးမြို့နယ်တစ်နေရာတွင် ကျဆုံးခဲ့ပြီး အဆိုပါ ရဲဘော်သေဆုံးကြောင်းကို စစ်ကောင်စီဆပိတွေက ဓာတ်ပုံနှင့်တကွ မိသားစု ထံ ဒီမနက်မှ သေဆုံးသူ၏ ဖုန်းဖြင့် သတင်းပေးပို့လာခဲ့တာဖြစ်သည်ဟု မိသားစုက ဆိုသည်။ အဆိုပါ ရဲဘော်သေဆုံးသည့် နေရာကို မိသားစုတွေ စစ်ကောင်စီ စခထံ မေးမြန်းခဲ့သော်လည်း မဖြေကြားကြောင်း ဆိုပါသည်။ အဆိုပါ ရဲဘော်သည် မည်သည့်အချိန်တွင် သေဆုံးခဲ့ကြောင်း အတိအကျ မသိရသေးပါ။ ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီတွေ မြေမြှုပ်သဂြိုလ်ပေးခဲ့ ကြောင်း သိရသည်။ အဆိုပါ ရဲဘော်သည် CNA တပ်မဟာ (၅) က ဒုတပ်ကြပ်အဖြစ် တာဝန်ထမ်းဆောင်နေခဲ့ပြီး သေဆုံးခြင်းနှင့်ပတ်သက်ပြီး CNA တာဝန်ရှိသူများထံမှ ဘာသတင်းမှ မကြားရသေးကြောင်း မိသားစုက ဆိုပါသည်။ ဆလိုင်း ဗန်ဇမှုန်း ရဲဘော်သည် ချင်းပြည်နယ်၊ လောက်တူနယ်ဒေသ၊ သီဆဲင်း(ခ)ကျေးရွာမှ ဦး ထလာနော်လ်၏ သားဖြစ်ပြီး စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကို လက်မခံနိုင်သဖြင့် ချင်းအမျိုးသားတပ်မတော်ထံ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

အထူးတိုင်းစစ်ဌာန ဆိုတာ_______ကျနော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဟာ နိုင်ငံတဝှမ်းလုံးတွင် တိုင်းစစ်ဌာန (၁၀)ခုကို ဖွဲ...
22/10/2025

အထူးတိုင်းစစ်ဌာန ဆိုတာ
_______

ကျနော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်
ဟာ နိုင်ငံတဝှမ်းလုံးတွင် တိုင်းစစ်ဌာန (၁၀)ခုကို ဖွဲ့စည်းဆောင်ရွက်လျက် တပ်ရင်း၊ တပ်ဖွဲ့များကို ကွပ်ကဲကြပ်မတ်၍ တိုက်ပွဲဝင်နေသည်...။

ထိုတိုင်းစစ်ဌာန ( ၁၀) ခုမှာ

(၁) စစ်ကိုင်းတိုင်းစစ်ဌာန
(၂) မန္တလေးတိုင်းစစ်ဌာန
(၃) မကွေးတိုင်းစစ်ဌာန
(၄) ရှမ်းတောင်-ကယား(ကရင်နီ) တိုင်းစစ်ဌာန
(၅) နေပြည်တော်တိုင်းစစ်ဌာန
(၆) ပဲခူးတိုင်းစစ်ဌာန
(၇) ရန်ကုန်တိုင်းစစ်ဌာန
(၈) ဧရာဝတီတိုင်းစစ်ဌာန
(၉) တနင်္သာရီတိုင်းစစ်ဌာန
(၁၀) အထူးတိုင်းစစ်ဌာန တို့ ဖြစ်သည်...။

အထက်ပါတိုင်းစစ်ဌာန (၁၀) ခုထဲတွင် အထူး
တိုင်းစစ်ဌာနမှာ ၂၀၂၅ခုနှစ် ဇန်နဝါရီလတွင်မှ
စတင်၍ ဖွဲ့စည်းခဲ့သော တိုင်းစစ်ဌာနဖြစ်သည် ။

အထူးတိုင်းစစ်ဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှု
အောက်တွင်ရှိ၍ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ
၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင်ရှိသည်..။

အထူးတိုင်းစစ်ဌာန၏ ဖွဲ့စည်းပုံမှာ အမှတ် (၁)
စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းများ၊ ဗျူဟာများကို စနစ်တကျစုဖွဲ့မှု ပြုလုပ်၍ တည်ဆောက်ထား
ခြင်းဖြစ်သည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အခြေ
ပြု ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်
မတော် - PDF နည်းဗျူဟာများ ၊ တပ်ရင်း/တပ်
ဖွဲ့များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များနှင့် ပြည်သူ့ကာ
ကွယ်ရေးအဖွဲ့ (ပကဖ) များပါဝင်သည်...။

(၂၇၊ ၃၂၊ ၃၃၊ ၃၆၊ ၃၇) အစရှိသည့် နည်းဗျူ
ဟာ (၅) ခုဖြင့် စုဖွဲ့ထားပြီး တိုင်းစစ်ဌာနကွပ်ကဲမှုအောက်တွင် တပ်ရင်း (၁၁) ရင်းရှိ၏...။

အဆိုပါတပ်ရင်းများမှာ ....

(၁ ) အမှတ် ၇၈၀၁ တပ်ရင်း
(၂ ) အမှတ် ၇၈၀၂ တပ်ရင်း
(၃) အမှတ် ၇၈၀၄ တပ်ရင်း
(၄) အမှတ် ၇၈၀၅ တပ်ရင်း
(၅) ကော်ဘရာတပ်ရင်း(စစ်ကြောင်း ၁/၂)
(၆)ကျားသစ်နက်တပ်ရင်း
(၇) ဒေါနတပ်ရင်း (စစ်ကြောင်း ၁/၂/၃)
(၈) တောင်ညိုတပ်ရင်း
(၉) Southern Eagle တပ်ရင်း
(၁၀)နဂါးဖြူတပ်ရင်း
(၁၁) SOG တပ်ရင်း တို့ဖြစ်သည်..။

တိုင်းစစ်ဌာန၏ စစ်ဆင်ရေး ကွပ်ကဲမှုအောက်
တွင် ဒရုန်းလက်ရုံးအထူးတပ်ဖွဲ့ (၄) ဖွဲ့ ရှိသည်။
1801 ဒရုန်းတပ်ရင်း၊ SDDF ဒရုန်းအထူးတပ်ဖွဲ့၊
ရောင်နီ ဒရုန်းအထူးတပ်ဖွဲ့ နှင့် Cloud Wings
ဒရုန်းအထူးတပ်ဖွဲ့ တို့ဖြစ်သည်။

KNU/KNLA တပ်များနှင့်အတူ ကရင်ပြည်နယ်၊
မွန်ပြည်နယ် နှင့် ရေး - ထားဝယ်ဒေသများအပြင်
ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနများနှင့် ပါ ပူးပေါင်း၍ ပဲခူးတိုင်းအတွင်းရှိ နယ်မြေတချို့တွင်
စစ်ရေးဖော်ဆောင်ကာ နယ်မြေစိုးမိုးရေးလုပ်ငန်း
များကို အထူးတိုင်းစစ်ဌာနအနေဖြင့် ဆောင်ရွက်
လျက်ရှိသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်းအတည်ပြုကုတ် မကျသေးပဲ (စိစစ်ဆဲ) PDF တပ်ရင်းများ နှဒရုန်းတပ်ဖွဲ့များအပြင် မွန်ပြည်နယ်၊ ရန်ကုန်တိုင်းပဲခူးခရိုင်ပကဖများနှင့်ပါ ပူးပေါင်းဆောင်ရွက်၍
ပြည်သူ့ ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော SPECIAL OPERA
TIONS FORCES - SOF သည်လည်း ကရင်ပြည်
နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်း တပ်များဖြန့်ကျက်အထိုင်ချကာ အထူးတိုင်းစစ်ဌာနနှင့်အ
တူ စစ်ဆင်ရေးများ ပူးပေါင်းဆောင်ရွက်လျက်ရှိ
သည်။

အထူးတိုင်းစစ်ဌာနစတင်သည့် အချိန်မှယနေ့
အချိန်အထိကာလတိုအတွင်း ရရှိခဲ့သည့်အောင်
မြင်မှုများမှာ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်
နေ့တွင် မဲပလီဗျူဟာစခန်းကုန်းအား တိုက်ခိုက်
သိမ်းပိုက်နိုင်ခဲ့ခြင်း၊ လှဂွန်းပျိုစခန်းမှ တပ်ရင်း
မှူးအပါအဝင် အခြားအဆင့် တပ်သား (၁၆) ဦး
လက်နက်များနှင့် အလင်းဝင်ရောက်နိုင်အောင်
စည်းရုံးနိုင်ခြင်း၊ ပဲခူးတိုင်းရွှေကျင်မြို့နယ်ရှိ ခမ
ရ (၅၉၈) တပ်ရင်းဌာနချုပ်အား တိုက်ခိုက်သိမ်း
ပိုက်နိုင်ခဲ့ခြင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း
နှင့် ထိစပ်နေသော ထိုင်းမြန်မာနယ်စပ်ရှိ ရန်သူ့အထိုင်စခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
ခြင်းတို့ ဖြစ်သည်။

အထူးတိုင်းစစ်ဌာန၏ရည်ရွယ်ချက်မှာ မိမိတို့
၏ စစ်ရေးလှုပ်ရှားမှု နယ်မြေများအတွင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မ
ရနိုင်စေရေး ရွေးကောက်ပွဲကိုအကြောင်းပြု၍
နယ်မြေချဲ့ထွင်သည့် ထိုးစစ်များကြောင့် နယ်
မြေလုံးဝ (လုံးဝ) မဆုံးရှုံးစေရေး၊ ပြည်သူလူ
ထုလုံခြုံရေးနှင့် အကာအကွယ်ပေးရေး တို့ကို
ဦးစားပေးဆောင်ရွက်ရန်ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF စစ်ရုံးချုပ်၏ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်များ၊ EROs များ၏ စစ်ရေးရည်မှန်းချက်များအား အတူတကွ လက်တွဲဖော်ဆောင်သွားပြီး စစ်တောင်းမြစ်ဝှမ်းကို အခြေပြု၍ ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးများကိုလည်း နီးစပ်ရာတိုင်းစစ်ဌာ
နများနှင့်အတူ လက်တွဲချိတ်ဆက် ဖော်ဆောင်
သွားမည်ဖြစ်သည်။

ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် ထိ
ခိုက်နစ်နာနိုင်သည့်ကိစ္စရပ်များအား အထူးသတိ
ပြုရှောင်ရှားလျက် ပြည်သူလူထုသဘောဆန္ဒနှင့်
အညီ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်
သည်အထိ ခိုင်မာသောသန္ဓိဌာန်ဖြင့် ဆက်လက်တိုက်ပွဲဝင်ရန်သည် အထူးတိုင်းစစ်ဌာနမှ မိဘ
ပြည်သူများအတွက် ပေးအပ်သော သစ္စာကတိ
ဖြစ်သည်...။




#ဒေါနတပ်ရင်း
#နွေဦးစုဗူး

ယူကရိန်းသို့ တပ်ဖွဲ့တွေ စေလွှတ်နိုင်ရေး ပေါင် သန်း ၁၀၀ ကျော် သုံးစွဲဖို့ အဆင်သင့်ရှိဟု ဗြိတိန် ပြောဧရာဝတီတိုင်းမ်အောက်တိ...
22/10/2025

ယူကရိန်းသို့ တပ်ဖွဲ့တွေ စေလွှတ်နိုင်ရေး ပေါင် သန်း ၁၀၀ ကျော် သုံးစွဲဖို့ အဆင်သင့်ရှိဟု ဗြိတိန် ပြော

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၂ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပါက ယူက ရိန်းသို့ ဗြိတိန်တပ်ဖွဲ့ဝင်တွေ စေလွှတ်နိုင်ရေး ပေါင်စတာလင် သန်း ၁၀၀ သုံးစွဲဖို့ အဆင်သင့်ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက ပြောပါတယ်။

ဗြိတိန်ရဲ့ ယူကရိန်းကို ပံ့ပိုးကူညီမှုကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗြိတိန်ကို နံပါတ်တစ် ရန်သူအဖြစ် ရှုမြင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒေါ်နယ်ထရမ့်က ရုရှားနဲ့ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး အကျိုးဆောင်ပေးပါက ယူက ရိန်းနယ်စပ်တွေ လုံခြုံရေးအတွက် စေလွှတ်မယ့် နိုင်ငံစုံတပ်ဖွဲ့မှာ ဗြိတိန်တပ်ဖွဲ့တွေ ပူးပေါင်းဖို့ ကြိုတင် ပြင်ဆင်မယ်လို့ သူက ဆိုပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်ရရခြင်း ဗြိတိန်တပ်ဖွဲ့တွေ စေလွှတ်ဖို့ အဆင်သင့်ရှိနိုင်ကြောင်း၊ စေလွှတ်မယ့်တပ်ဖွဲ့ဝင်တွေထဲမှာ မြေပြင်တပ်ဖွဲ့ဝင်တွေ ပါဝင်နိုင်ကြောင်း သူက ဆက်ပြောပါတယ်။

ခေတ်သစ်ခြိမ်းခြောက်မှုတစ်ခု ရှိလာနိုင်တယ်လို့ ဂျွန်ဟီလေက သတိပေးခဲ့ပြီး ဥရောပတိုက်မှာ ပဋိပက္ခကျယ်ပြန့်လာနိုင်တဲ့ အန္တရာယ်ဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးနောက်ပိုင်း အကြီးမားဆုံးမဟုတ်ဘူး လို့ ဆိုပါတယ်။

ဗြိတိန်နဲ့ပြင်သစ်ဉီးဆောင်တဲ့ ယူကရိန်းသို့ နိုင်ငံ ၃၀ ကျော်မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ နိုင်ငံစုံတပ်ဖွဲ့ ဖွဲ့စည်းရေး ဆွေးနွေးမှုကို လန်ဒန်မြို့တော်မှာကျင်းပစဉ် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။

ရုရှားက ကျူးကျော်စစ် ရပ်တန့်ဖို့ သဘောတူပါက နိုင်ငံစုံတပ်ဖွဲ့ဟာ ယူကရိန်းလေပိုင်နက်နဲ့ ရေ ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ကာ ယူကရိန်းတပ်ဖွဲ့တွေကို လေ့ကျင့်ပေးမှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံဟာ ယခုနှစ်အတွင်း ယူကရိန်းသို့ စတာလင်ပေါင် ၄ ဒသမ ၅ ဘီလီယံ ထောက်ပံ့ခဲ့ပြီး ယူကရိန်းသို့ လက်နက်နဲ့ငွေကြေး ပေးပို့တဲ့ နိုင်ငံစုံအဖွဲ့ကို အမေရိကန်နဲ့အတူ ဉီးဆောင်ပါတယ်။

“ဒါ့ကြောင့် ယူကရိန်းသမ္မတ ဇီလန်စကီးက ဗြိတိန်ကို သူ့ရဲ့ အနီးကပ်ဆုံးမဟာမိတ်လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်” လို့ ဂျွန်ဟီလေက ပြောပါတယ်။

ကိုးကား - Sky News
Ref; UK 'ready to spend well over £100m' on possible deployment of British troops to Ukraine

14/10/2025

မတူပီမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံးအနီး လေကြောင်းတိုက်ခိုက်ခံရ

၁၄ အောက်တိုဘာလ ၂၀၂၅

ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်ကော်မရှင်တပ်က ယနေ့ မနက်ပိုင်းတွင် ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ် သွားကြောင်း ဒေသခံတချို့ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီသည် မတူပီမြို့ပေါ်ကို ဂျက်ဖိုက်တာ တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ မတူပီပြည်သူ့ဆေးရုံးအနီးကို ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ဗုံး ၂ နှစ်လုံးဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မတူပီပြည်သူ့ဆေးရုံး ထိခိုက်ပျက်စီးမှုတချို့ ရှိပြီး ပြည်သူများ ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မတူပီမြို့နယ်ရှိ ချင်းတော်လှန်ရေးအင်အားစုများထံ အသေးစိတ်သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

အောက်တိုဘာလ ၁၀ ရက်ကလည်း စစ်ကော်မရှင်သည် မတူပီမြို့ပေါ်ရှိ မီးသတ်ရုံးအနီးဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်မှာလည်း ဟားခါးမြို့၊ Vanha ကျေးရွာ မူလတန်းကျောင်းကို ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ရာ ကျောင်းသန့်ရှင်းရေး လုပ်နေသော ကလေးငယ်များ ဗုံးထိမှန်ခဲ့ပြီး ကလေးငယ် ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများ အများအပြား ရှိခဲ့သည်။

အောက်တိုဘာလ ၈ ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာက စာသင်ကျောင်းနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဟားခါးနှင့် မင်းတပ်မြို့နယ်တို့တွင် ကျောင်းများကို ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။

13/10/2025

ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူများ ထိခိုက်သေဆုံးမှုရှိ ၊ နမ့်ဆန်မြို့နယ်ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်

၂၀၂၅၊ အောက်တိုဘာ ၁၃

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသားများ ထိခိုက်သေဆုံးမှုရှိကြောင်း Chinland Defense Force-Hakha မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဗန်ဟာရွာ စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျောင်းသူ၊ ကျောင်းသားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ကျောင်းသား ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ် မီဒီယာအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အလားတူ ယနေ့ နံနက် ၁၀ နာရီအချိန် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ့်ဆန်မြိုနယ် ကယားကြီးကျေးရွာကိုလည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်သွားပြီး နောက်ဆက်တွဲ အခြေအနေများ ဆက်လက် ထုတ်ပြန်မည်ဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

12/10/2025

ဘယ်သူမဆို လူထုကို ဂရုမစိုက်ရင် ဒါတွေတကယ်လက်တွေ့ရှိတဲ့ဆိုတာ သိကြပါ
Ball မခဲ့တဲ့အတွက်ကြောင့် ဇာတ်ကားခေါ်ရိုက်မည့်သူလည်းမရှိသလို ပွဲငှားမည့်သူလည်းမရှိကြောင်း ဝမ်းနည်းစွာနဲ့ရင်ဖွင့်လာခဲ့တဲ့ လူရွှင်တော်ဒိန်းဒေါင်
မကြာခင် ထမင်းငတ်တော့မှာပါတဲ့

Photo New
01/10/2025

Photo New

Address


Alerts

Be the first to know and let us send you an email when LT City new posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share