ဆရာဦးမျိုးထိုက်တန်သိန်း - Sayar U Myo Htike Tan Thein

  • Home
  • ဆရာဦးမျိုးထိုက်တန်သိန်း - Sayar U Myo Htike Tan Thein

ဆရာဦးမျိုးထိုက်တန်သိန်း - Sayar U Myo Htike Tan Thein Myo Htike Tan Thein has a B.Sc. (IC) from Burma and M.Sc. (Development Studies) of Great Britain.
(1)

Everyone has the right to freedom of opinion and expression in accordance with the rights set forth in the Article (19) of the Universal Declaration of Human Rights. "မျိုးထိုက်တန်သိန်း" ၏ page အသစ်

ကျတော်ရဲ့ အရင် Page ကို စခ/ရခ တွေ Report ဝိုင်းထုလို့ Facebook က ကျတော့အရင် Page ကို Unpublished ပိတ်သိမ်းလိုက်လို့ ကျတော် Live လွှင့်နေကျ အရင် ကျတော်ရဲ့ Page ကိုအနားပေးလိုက်ပါပြီ။

အခု က

ျတော် Page အသစ် https://www.facebook.com/UMyoHtikeTanThein/?ref=page_internal ကိုပြောင်းသုံးမှာမို့ Like, Follow and Share လုပ်ပေးကြပါခင်ဗျာ။

ကျတော်ဒီ page ကနေ နှင့် ကျတော့ Myo Htike Tan Thein Youtube Channel https://www.youtube.com/channel/UCnvdZ9bSIQq81dzfWyWezBg တို့ကနေပုံမှန် Live လွှင့်သွားမှာ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။

ဒါကြောင့်ဒီ Page အသစ်မှာလည်း Review and Recommendation လေးဝိုင်းလုပ်ပေးကြပါဦးခင်ဗျာ။

ချစ်ခင်လေးစားစွာဖြင့်

#မျိုးထိုက်တန်သိန်း
08.10.2021

https://www.facebook.com/UMyoHtikeTanThein/?ref=page_internal

Myo Htike Tan Thein is an analyst; a campaigner; and an educator in Democracy, Human Rights and Rule of Law who has focused on Burma for over 20 years. Myo Htike Tan Thein is a visionary leader of extremely effective policy, advocacy, research, and training programmes who is always striving for more as well as a dedicated coach who is passionate about aiding people in defining, achieving, and exceeding personal and professional goals. Myo Htike Tan Thein wrote the research paper “Democratization of Burma: From Dictatorship to Democracy and Development” (2014) that focuses on how and why development policies and strategies are very important to enforce democracy, human rights and the rule of law in Burma (Myanmar). He also has a Certificate in Management of International Organizations from the University of Geneva and International Humanitarian Law in Theory and Practice from the University of Leiden. Myo Htike Tan Thein is the roster of UNDP national experts on Burma and other United Nations agencies for peacebuilding and disaster risk reduction (2018-21). The election manifesto of the ruling NLD party attaches great importance to the role of the judiciary, its independence and transparency, including in the establishment of a judicial system that is fair and unbiased and underpinned by rule of law. Myo Htike Tan Thein was also Senior Advisor (2018-19) at the Geneva-based International Commission of Jurists (ICJ) where he led training courses on ICCPR, ICESCR and CEDAW for senior government officers, military officers, police officers, prosecutors, judges and CSOs leaders of Burma under Daw Aung San Suu Kyi led government. Myo Htike Tan Thein had led conducted workshops for selected senior members of the judiciary to give them the opportunity to draw on international experience. Myo Htike Tan Thein had led supported the Union Attorney General`s Office (UAGO) with the overall aim of contributing to the development of a national legal framework in compliance with international human rights standards. Myo Htike Tan Thein was Programme Director (2015) at the Bayda Institute, founded under the leadership of Daw Aung San Suu Kyi, to conduct research and strategic studies on socio-economic issues, policy analysis and advice to aid supporting the pro-democracy movement and to engage in public education. Under the leadership of Daw Aung San Suu Kyi, after the parliamentary winning elections in 2015, training courses were held for the more than 800 newly elected members of the National League for Democracy (NLD) in Naypyitaw, Pyi and Yangon in December 2015 and January 2016, in which Myo Htike Tan Thein as one of the trainers delivered the “Development Strategy for Burma”. Myo Htike Tan Thein was Campaign Director for the London-based Burma Democratic Concern (BDC) (2007-15) embarking on public campaigns and lobbying international governments to bring about democratic change in Burma while working in tandem with people inside Burma opposing the military dictatorship.



ဆရာဦးမျိုးထိုက်တန်သိန်း ဟာ မြန်မာပြည်မှာစစ်မှန်သော "ဖက်ဒရာယ်စနစ်ပေါ်ထွန်းရေး၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး" အတွက် နှစ်ပေါင်း ၂၀ - ကျော်တိုင် တစိုက်မတ်မတ် လုပ်ဆောင်နေသူပါ။

ဆရာဦးမျိုးထိုက်တန်သိန်း ဟာ မြန်မာပြည်တွင် စစ်မှန်သော "ဖက်ဒရာယ်စနစ်ပေါ်ထွန်းရေး၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး" အတွက် "ပြည်တွင်း-ပြည်ပ" ပြည်သူများ နှင့် နိုင်ငံတကာအစိုးရများမှ "အလွန်သင့်တော်ကောင်းမွန်သောမူဝါဒချမှတ်လာနိုင်ရေး နှင့် လက်တွေ့ ထောက်ခံအားပေးမှုအရှိန်မြင့်လာရေး" အတွက်လိုအပ် "သောသုတေသနပြုခြင်းများ နှင့် မျိုးဆက်သစ်များအား လေ့ကျင့်သင် ကြားပေးခြင်း" များအပါအဝင် မြန်မာ့အရေးကိုအမြဲ "ရှင်သန်နေအောင်၊ ထောက်ခံနေအောင် နှင့် တက်ကြွနေအောင်" အစဉ်အမြဲ "လှုံ့ဆော်သူ၊ စည်းရုံးသူ နှင့် ခွန်အားပေးနေသောသူ" ဖြစ်ပါသည်။

ဆရာဦးမျိုးထိုက်တန်သိန်း ဟာ မြန်မာ့အရေး နှင့် ကမ္ဘာအရေးကို (၂၅) နှစ်ကျော် "ဝေဖန်၊ ထောက်ပြ၊ ဆွေးနွေး၊ အကြံပြု" နေသော နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်ပါသည်။

ဆရာဦးမျိုးထိုက်တန်သိန်း ဟာ "မြန်မာပြည်တွင်ဒီမိုကရေစီဖော်ဆောင်ခြင်း - အာဏာရှင်စနစ် မှ ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးတိုးတက်ရေးသို့" (၂၀၁၂) ခေါင်းစဉ်ဖြင့်စာတမ်းရေးသားခဲ့သူလည်းဖြစ်ပါသည်။

အရေးတော်ပုံမုချအောင်ရမည်!

ချစ်ခင်လေးစားစွာဖြင့်

#မျိုးထိုက်တန်သိန်း

17/11/2025
14/11/2025

PNOခေါင်းဆောင် ခရိုနီ နေဝင်းထွန်း ကိုယ်တိုင် စံကားဒေသ ဆင်းပြီး ရှေ့တန်းထွက်ရန် တပ်သားခေါ်နေ

နန်းခမ်းကူ၊၂၀၂၅ နိုဝင်ဘာလ ၁၄ရက်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို ရှေ့တန်းတွင် စစ်တိုက်ထွက်ရန် အတင်းဖိအားပေးခေါ်ယူ နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစပြီး PNOခေါင်းဆောင် ခရိုနီနေဝင်းထွန်းကိုယ်တိုင် စံကားဒေသ ထီရီးကျေးရွာ၊ နမ့်ဗွန်ကျေးရွာ၊ ရေပူကျေးရွာ နှင့် ညောင်လေးပင်း ကျေးရွာသို့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံချိန်တွင် ဒေသခံများကို ပင်လောင်း-ဖယ်ခုံနယ်စပ်တွင် တိုက်ပွဲဝင်ရန် တစ်ရွာလျှင် အရပ်သားနှစ်ဆယ် ဦးအထိ မဖြစ်မနေ သွားရမည်ဖြစ်ပြီး၊ မသွားသည့်သူများကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း အသက် ၂၅နှစ်အရွယ်ရှိ စံကားဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအချိန်တွင် စံကားဒေသအတွင်း စစ်ရေးငြိမ်သက်နေပြီး၊ စစ်ရေးပြင်းထန်နေသည့် ပင်လောင်း-ဖယ်ခုံဘက်သို့ သွားရောက်အင်အားဖြည့်ရန် PNO ခေါင်းဆောင် ခရိုနီ နေဝင်းထွန်းကိုယ်တိုင် လာရောက်စည်းရုံး ဖိအားပေးနေခြင်းဖြစ်သည်။

“ အခု စံကားဒေသက စစ်သင်တန်း ၅ရက် တက်ဖူးတဲ့သူတွေ တိုက်ပွဲအတွေ့အကြုံရှိသူတွေကို ဦးစားပေးခေါ်ယူတာ။ ဘယ်သူမှလည်း မငြင်းရဲဘူးလေ။ နောက်ပြီး မသွားရင်ဖမ်းဆီးမယ်ဆိုတော့ သွားပေးရတာပါပဲ” ဟု ၎င်းလူငယ်က ဆိုသည်။





#သျှမ်းသံတော်ဆင့်



#စံကားဒေသ

14/11/2025

အာရက္ခတပ်တော် (AA) ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့က စစ်ကောင်စီ ဝင်ရောက်တပ်စွဲထားသည့.....

14/11/2025

#နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု

14/11/2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်က မူဆလင်ဒုက္ခသည်စခန်းတစ်ခုတွင် ARSA နှင့် RSO တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

AK - နိုဝင်ဘာ ၁၀ /၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ တက္ကနာဖ်မြို့နယ်ဟိ Nayapara ဒုက္ခသည်စခန်းနှင့် Salbon area တို့တွင် နိုင်ဝင်ဘာလ(၉)ရက်နေ့က ARSA နှင့် RSO တို့ အပြန်အလန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၉)ရက်နေ့ ည(၁၀:၃၀)အချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သံများကို အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြစ်နားရွာအထိကြားရကြောင်း ဒေသခံများမှ ONN သို့ပြောသည်။

၎င်းပစ်ခတ်မှုသည် ARSA နန့် RSO တပ်ဖွဲ့ဝင်များ၏ မူးယစ်ဆေးဝါးနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဘင်္ဂလားအစိုးရမီဒီယာ Defence Research Forum DRF မှဆိုသည်။

အကြီးအကျယ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာရရှိမှုကို မသိရှိရသေးကြောင်း သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရသိရသည်။

အဆိုပါ ကော့ဘဇားဒုက္ခသည်စခန်းများတွင် ယခင်ရက်ပိုင်းကလည်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများအကြားလုပ်ကြံသတ်ဖြတ်မှုများ၊ ချောင်းမြောင်းပစ်ခတ်မှုများအစရှိသည့် အကြမ်းဖက်မှုဖြစ်စဉ်များ ဆက်တိုက်ဆိုသလိုဖြစ်ပွါးနေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်လည်း ထိုအခြေအနေများကို သေချာစွာ ထိန်းကွပ်နိုင်ခြားမရှိဘဲ အကြမ်းဖက်မှုဖြစ်ခဲ့သော သတင်းအချက်အလက်များကို ထိန်ချန်ဖုံးကွယ်ရန် လုပ််ဆောင်နေကြောင်းသိရသည်။

ဓာတ်ပုံ- အာဆာအကြမ်းဖက်လက်နက်ကိုင်အဖွဲ့

14/11/2025

၂၀၁၉ ခုနှစ် နိုဝင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ အမျိုးသားနေ့ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

ဆောင်းပါး အပြည့်အစုံကို ကွန်မန့်ရှိ လင့်မှတဆင့် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။


---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

14/11/2025

ဘင်္ဂလားဒေ့ချ်၊ ရွာတော်ခရိုင်၌ ဒိုင်းနက်အမျိုး သမီးတယောက်အား အစ္စလာမ်မစ် အစွန်းရောက်စစ်သွီးကြွ RSOအကြမ်းဖက်အဖွဲ့ဝင် ၁၅ယောက် အုပ်စုလိုက် မုဒိမ်းကျင့်ရန် ကြိုးစား

APM၊ နိုဗမ်ဘာ ၁၃ / ၂၀၂၅

ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ရွာတော်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ ဟာတီမာရာပါရာ ရွာမှ အိမ်ထောင် သည် ဒိုင်းနက်အမျိုး သမီးတယောက်အား အစ္စလာမ်မစ်စစ်သွီးကြွ RSO အကြမ်းဖက်အဖွဲ့ဝင် ၁၅ ယောက်ခန့်က အုပ်စုလိုက် မုဒိမ်းကျင့်ရန် ကြိုးစားခကတ်ကြောင်း စစ်တကောင်းအခြီစိုက် Hill Voice သတင်းဌာနက ဖော်ပြသည်။

နိုဗမ်ဘာ ၁၂ ရက်နိ၊ ညဇာ ၅ နာရီခန့်၌ စစ်သွီးကြွRSO အကြမ်းဖက်အဖွဲ့ဝင် ၁၅ ယောက်ခန့်သည် ဟာတီမာရာပါရာကျေးရွာမှ ကွယ် လွန်သူ လုံဘူအောင်တန်ချာယာ (Longbu Aung Tanchangya) ၏ ဇနီးဖြစ်သူအား မုဒိမ်းကျင့်ရန် ကြိုးစားခခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ပြောကြားချက်အရ အဆိုပါ ဒိုင်းနက်အမျိုးသမီးသည် ၎င်း၏သမီး သမက်တက်ပွဲ(မင်္ဂလာဆောင်ပွဲ) အတွက် စျီးမှ ခန်းဝင်ပစ္စည်းများ ဝယ်ယူ၍ ဂျာမီတာလီတူးမြောင်းအတိုင်း ပြန်လာစဥ် RSO အဖွဲ့ဝင် ၁၅ ယောက်ခန့်ပါသော အုပ်စုတစုက တား ဆီးပြီး အုပ်စုလိုက် မုဒိမ်းကျင့်ရန် ကြိုးစားခကြောင်း ဆိုသည်။

ယင်းသို့မုဒိမ်းကျင့်ရန်ကြိုးပမ်းနီချိန်တွင် သမက် တက်ပွဲသို့လာသည့် ဒေသခံမျိုးနွယ်စုလူငယ် ၁၀ ခန့်မှ ဖြစ်စဥ်ကို တွိခပြီး အဆိုပါ ဒိုင်းနက်အမျိုး သမီးအား ကယ်တင်နိုင်ခသည်။

ဒေသခံ မျိုးနွယ်စု လူငယ်များက မုဒိမ်းကျင့်ရန်အားထုတ်နီကတ်သော စစ်သွီးကြွ RSO အကြမ်း ဖက်အဖွဲ့ဝင်များကို စစ်ဆီးမိန်းမြန်းခရာ ၎င်းရို့သည် ယင်းနားတဝိုက်၌ စခန်းချနီထိုင်သည့် RSO အဖွဲ့ဝင်များဖြစ်ပြီး ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် BGB တပ်ရင်း (၃၄) တပ်ရင်းမှူး၏ အမိန့်အရ စခန်းချ၍ လှုပ်ယှားနီခြင်းဖြစ်ကြောင်း ပြောကြားခသည်ဟု ဆိုသည်။

ယင်းနောက် ဒေသခံလူငယ်များမှ အဆိုပါဒိုင်းနက်အမျိုး သမီးအား ပြန်လည်ခေါ်ယူလာပြီး ဆင်းဘာအန်းယူနီယံရဲတပ်ဖွဲ့ထံ သတင်း ပို့တိုင်ကြားခကြောင်း သိရသည်။

သို့ရာတွင် အဆိုပါရဲစခန်း၏ စခန်းမှူး Rupan Barua က မုဒိမ်းကျင့်ရန်အားထုတ်မှုဖြစ်စဥ်ကို နှုတ်ပိတ်ထားရန် ဖိအားပီးကာ၊ RSO အဖွဲ့ဝင်များမှ အုပ်စုလိုက် မုဒိမ်းမှုကျူးလွန်ရန်ကြိုးစားကြောင်း မပြောဘဲ တိန်းနီကတ်ရန် တိုက်တွန်းခသည်။

ဒေသခံများ၏ အဆိုအရ ရဲစခန်းမှူး Rupan Barua သည် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် (BGB)၊ အစ္စလာမ်မစ်အစွန်းရောက် စစ်သွီးကြွ RSO အကြမ်းဖက်အဖွဲ့ရို့နန့် ဆက် စပ်မှုဟိသူဖြစ်ပြီး ၎င်းသည် မူးယစ်ဆီးဝါးရောင်းဝယ်၍ တာကာငွေ သန်းနန့်ချီ ချမ်းသာနီသူဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ၎င်းသည် ယင်းနယ်တဝိုက်၌ မူးယစ်ဆီးဝါးအဓိကရောင်းဝယ်ဖောက်ကားနီသူဖြစ်ပြီး မြန်မာပြည်မှ အဓိကမူးယစ်ဆီးဝါးတင်သွင်းနီလူအဖြစ် သိထားကတ်ပြီး သူ့အိမ်မာလည်း စစ်သွီးကြွ RSO အကြမ်းဖက်အဖွဲ့ဝင် ၃ ယောက်၊ ၄ ယောက် အမြဲတမ်းတည်းခိုနီတတ်ကြောင်းလည်း ဒေသခံများက အခိုင်အမာ ပြောဆိုသည်။

ကုန်ခသော အောက်တိုဘာ ၈ ရက်နိကလည်း နတ်ကျောက်ဆရီမြို့နယ်၊ ဂေါ်ဂျန်ဘိုနီယားရွာက ဒိုင်းနက်လူမျိုး ဆူမန်ကို အစ္စလာမ်အစွန်းရောက် စစ်သွီးကြွအကြမ်းဖက်အဖွဲ့များဖြစ်သည့် ARSA နန့် RSO ရို့က ပြန်ပီးဆွဲဖမ်းဆီးလားခသိမ့်သည်။

အလားတူ စပ်တမ်ဘာ ၂၃ ရက်နိကလည်း နတ်ကျောက်ဆရီမြို့နယ်၊ ဂွန်ဒွန်းကျေးရွာ အုပ်စု၊ ဘူးလူကီးယာရွာမှ နွားကျောင်းနီသူ ဒိုင်းနက်လူမျိုး ဝင်းမောင်ကို RSO အဖွဲ့က ဖမ်းဆီးလားခပြီး လက်ဟိအချိန်ထိ ရှာမတွိဘဲ ပျောက်ဆုံးနီကြောင်း သိဟိရသည်။

Source - Tanchangya woman victim of attempted r**e by Rohingya militants in Naikyangchhari / Hill Voice

Photo - Hill Voice

14/11/2025
14/11/2025

ရှမ်းပြည်က လက်နက်ကိုင် အချင်းချင်း အပစ်ရပ်ရန်လို

CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃

ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် မြန်မာ့တပ်မတော်နှင့် စစ်ရေးအရ အပစ်အခတ်ရပ်စဲထားကြသကဲ့သို့ အချင်းချင်းကြားထဲ၌လည်း အပစ်ရပ်ကြရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရှမ်းပြည်မှာလေ စစ်ကောင်စီ တစ်ခုတည်းနဲ့ အပစ်ရပ်လို့ မရဘူး။ ကျနော်တို့လည်း လက်တွေ့မြင်လာခဲ့ ရတယ်။ ဥပမာ ရှမ်းအကျိုးစီးပွားအတွက် လုပ်နေပါတယ်ဆိုတဲ့ RCSS နဲ့ SSPP တောင်မှ အချင်းချင်း ပစ်ခတ်မှု တွေ ဖြစ်ခဲ့တယ်၊ ထိတွေ့မှုတွေ ဖြစ်ခဲ့တယ်။ ဆိုတော့ တခြား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း အဲဒီလိုမျိုး မဖြစ် လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အဓိက,ကတော့ စစ်ကောင်စီနဲ့ အပစ်ရပ်နိုင်သလို ကိုယ့်ဒေသမှာရှိနေတဲ့ တစ်မြေ တည်းနေ တစ်ရေတည်း အတူတူရှိနေတဲ့ လူတွေအားလုံး အပစ်ရပ်နိုင်မှသာလျှင် တကယ့်ကို ငြိမ်းချမ်းမှာပေါ့ နော်။ အခုက အဲဒီလိုမျိုး မဟုတ်ဘူး။ စစ်ကောင်စီနဲ့တော့ ရပ်တယ်။ အချင်းချင်းကြတော့ ခြေချင်းထိုးနေတယ်။ ဒီဟာက ပြဿနာကတော့ အလားအလာ မကောင်းဘူးပေါ့နော်” ဟု ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် အစိုးရနှင့် ပြည်နယ် အဆင့်- ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

ထို့ပြင် SSPP သည် “ဝ”လက်နက်ကိုင်အဖွဲ့ UWSA က ဦးဆောင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)တွင် အဖွဲ့ဝင် မဟာမိတ်လက်နက်ကိုင်အဖြစ် ပါဝင်ထားသည်။

ရှမ်းလက်နက်ကိုင်များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း၌ မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ တိုက်ပွဲဝင်နေခြင်း မရှိသကဲ့သို့ တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ လည်း မြန်မာ့တပ်မတော်ကို တော်လှန်နေခြင်းမျိုး မရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။

ထို့ပြင် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ကြသည့် ရှမ်းပြည် မြောက်ပိုင်းရှိ ကိုးကန့်တပ် (MNDAA) နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA) တို့သည်လည်း မြန်မာ့ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားကြသည်။

ထို့ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အားလုံးနီးပါးသည် မြန်မာ့တပ်မတော်နှင့် အပစ်ရပ်ထားသည့်သဘော သက်ရောက်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။

ရှမ်းပြည်နယ်တွင် RCSS နှင့် SSPP ကြားလည်းကောင်း၊ TNLA နှင့် SSPP ကြားလည်းကောင်း၊ KIA နှင့် TNLA ကြားလည်းကောင်း စစ်ရေးအရ ပွတ်တိုက်မှုများ ဖြစ်ပေါ်နေသည်။

ရှမ်းပြည်နယ်ရှိ မတူကွဲပြားမှုများကို စုစည်းနိုင်မှသာ ပြည်ထောင်စုကို ဦးတည်မည့် စုစည်းမှုမျိုးကို တည်ဆောက် နိုင်မှာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုကလည်း သူတို့က ထိတွေ့မှုက ကိုယ့်စီမှာ ရှိနေပေမယ့် ဆိုရှယ်မီဒီယာမှာ အချင်းချင်း ပြောဆိုနေ တဲ့ဟာတွေက မနက်ဖြန် ဒါမှမဟုတ် နောက်လ ဒါမှမဟုတ် နောက်နှစ် ထိတွေ့မှုက ဦးတည်နေတာပဲ။ ဒီလူမှု ကွန်ရက်မှာ အချင်းချင်း ပြဿနာရှာနေတဲ့ ကိစ္စတွေပေါ့နော်။ အဲဒါတွေ တော်တော်လေး အရေးကြီးပါတယ်။ စစ်ကောင်စီနဲ့ အပစ်ရပ်သလို သူတို့အချင်းချင်းလည်း အပစ်ရပ်သင့်တယ်။ ဒါမှသာလျှင် စစ်မှန်တဲ့ ပြည်ထောင်စု ကြီးကို ဦးတည်နိုင်မှာပေါ့။ ရှမ်းပြည်ရဲ့ မတူကွဲပြားမှုကို စုစည်းနိုင်မှသာလျှင် ပြည်ထောင်စုကို ဦးတည်မယ့် စုစည်းမှုကို တည်ဆောက်နိုင်မှာပေါ့။ သို့မဟုတ် ဆိုရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ လက်တွေ့ အားဖြင့် ဆိုရင်လည်း စုစည်းမှု ပြည်ထောင်စုဆိုတဲ့ဟာကလည်း နာမည်ပဲ ဖြစ်မှာပေါ့နော်။ တိုက်ပွဲက ပြန်ဖြစ်မှာ ပဲ၊ သွေးခွဲမှုက ပြန်ရှိနေမှာပဲ” ဟု ပြောသည်။

ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုးစုံ နေထိုင်ကြသည့်အပြင် လက်နက်ကိုင် အဖွဲ့များမှာလည်း အသီးသီး ရှိကြသဖြင့် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့် ပြင်းထန်လာခြင်းနှင့်အတူ ရှမ်းပြည်၏ နိုင်ငံရေး အခြေအနေ ဘယ်လိုရှိလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား စောင့်ကြည့်လေ့လာနေကြသည်။

#သတင်းအပြည့်အစုံကို Comment Link တွင် ဖတ်ရန်

ပုံ - လက်နက်ကိုင်အဖွဲ့များကိုတွေ့ရစဉ်

14/11/2025

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၃၉ ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ဗိုလ် ၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၃၉ ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ဗိုလ် ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း PDF - Tatkon Battalion 803 မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၃၉ ရှိ အကြမ်းဖက် စစ်တပ်၏ လေးက တံတားဂိတ်စခန်းကို နေပြည်တော်တပ်ကုန်း PDF တပ်ရင်း အမှတ် ၈၀၃ မှ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ဗိုလ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေး အင်အားက ၁၅ယောက် လောက်ရှိမယ်။ ဂိတ်စခန်း အသေးပါ။ စစ်ခွေးသေစာရင်း ထပ်တိုး သေဆုံးတာမျိုး မကြားမိဘူး။ ကျနော်တို့ကတော့ နေပြည်တော် တိုင်းစစ်ဌာန တပ်တွေဖြစ်လို့ နေပြည်တော် အဝန်းအဝိုင်းကို ပြောက်ကျားတိုက်ခိုက်ဖို့ အမြဲ ကြိုးစားနေမှာပါ" ဟု PDF - Tatkon "Battalion 803" မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ပြောဆိုသည်။

ထို တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမြန်လမ်း အနောက်ဘက်ခြမ်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးနေ၍ ကျေးရွာနေပြည်သူများ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် တပ်ရင်းမှူး ရဲဘော်ရာမွန်က ဆက်လက် ပြောဆိုသည်။

14/11/2025

Address


Alerts

Be the first to know and let us send you an email when ဆရာဦးမျိုးထိုက်တန်သိန်း - Sayar U Myo Htike Tan Thein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share