General Zaw Min Tun - Spokesman

  • Home
  • General Zaw Min Tun - Spokesman

General Zaw Min Tun - Spokesman I am a senior spokesman for the Myanmar Army.

ဘိုးတော်ပါကြီးလို့ ခေါ်တယ် ကျွန်တော်တို့တပ်တွင်းထဲမှာတော့
18/10/2025

ဘိုးတော်ပါကြီးလို့ ခေါ်တယ် ကျွန်တော်တို့တပ်တွင်းထဲမှာတော့

This video is for entertainment purposes only and is intended as a work of comedy and satire. Any resemblance to actual persons or events is purely coinciden...

11/10/2025

နတ်ရေကန် ရှိ အဘတို့ရိုးသားကြိုးစား တပ်မတော်သားများ
အောင်မြင်စွာ ဗျူဟာကျကျဆုတ်ခွါထွက်ပြေး

09/10/2025

ဟို ဟိုတယ်မှာ လူကို
စိန်ပြေနပြေ `သော်ကတ်´ တဲ့
Psychopath ကောင်ကို လူတွေ
ရွံရှာမုန်းတီးကြတယ်။

လူပေါင်းများစွာကို ဝေဟင်ကနေ
နေ့ရက်ပေါင်းများစွာ စိန်ပြေနပြေ ​
အကြ_မ်းဖm် သော်ကတ် နေတဲ့
မALow 6လ6ခွးတွေနဲ့

သူတို့u6ထွး မအလ ဆိုရင်
ဘယ်လောက်တောင် ပိုဆိုးလိုက်တဲ့
Psychopath ကြီးတွေလဲ?

ဟို ဂိမ်းရူးကောင်ကမှ အန္တရာယ်ပေးနိုင်လှ
တယောက် နှစ်ယောက်ပေါ့။

အစိမ်းပုတ်ရောင်၀တ် Psychopaths တွေကတော့
လူသားမျိုးနွယ်လိုက်ကို
သော်ကတ်နိုင်တာ။

အဲ့ဒီ Psychopaths ကြီးတွေကို
အရင်ရှ_င်းကြစို့။

06/10/2025
06/10/2025

ပေါင်းမလား သေမလား ဘာရွေးမလဲ
ကိုသိမ်းမြတ်
Think Media
၅ အောက်တိုဘာ ၂၀၂၅

(ဗီဒီယိုတင်ပြီးသားပါ။ စာနဲ့ဖတ်ချင်သူတွေအတွက်ထပ်တင်ပေးတာပါ။)

မြန်မာ့နိုင်ငံရေးသုံးသပ်ချက်တွေကို ကျနော်မတင်ပြနိုင်တာ ၂ လကြာသွားပါပြီ။ အဲဒီပျက်ကွက်မှုအတွက် ပရိသတ်များအားလုံး မြန်မာပြည်သူပြည်သားအားလုံးကို တောင်းပန်ပါတယ်။ ဒီလိုအချိန်ဒီလိုကာလဒီလိုနိုင်ငံရေးခေတ်ဆိုးကြီးထဲမှာ ကျနော်ဟာ ဒီလိုလူ တယောက်အဖြစ်ရှိနေတာကိုက ကျနော်ဟာ ဒီအလုပ်လုပ်ကိုလုပ်ရမဲ့သူပါ။ အဲဒါဟာ ကျနော့်ကံကြမ္မာပါ။ ကျနော့်အပေါ်အခြေအနေ အရပ်ရပ်က ပေးအပ်လိုက်တဲ့တာဝန်တခုပါ။ အဲဒါကြောင့်လည်း ကျန်းမာရေးအပါအဝင်အခက်အခဲအမျိုးမျိုးတွေရှိနေတဲ့ကြားက ကျနော်ရောက်အောင်ပြန်လာတာဖြစ်ပါတယ်။ ပျက်ကွက်ခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ်။ နောင်မှာမှန်မှန်တင်ပြပေးပါမယ်လို့ ကတိအကုန်မပေးနိုင်ပေမဲ့ တတ်နိုင်သလောက်အကောင်းဆုံးဖြစ်အောင် ကြိုးစားအလုပ်လုပ်ပါမယ်။

အခုလက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်တဲ့သုံးသပ်ချက်တခုကိုစတင်ရအောင်ပါ။

သမိုင်းဖြစ်စဉ်တွေမှာ ဧကန်သဘောနဲ့ အနေကန်သဘောဆိုတာရှိပါတယ်။ ဆိုလိုတာက ကျွန်ပိုင်ရှင်တွေကို ကျွန်တွေကတိုက်ခိုက်အောင်နိုင်တာဟာ ဧကန်သဘောမုချသဘောပါပဲ။ ရှောင်လွှဲလို့မရပါဘူး။ ဒါပေမဲ့ ကျေးကျွန်တွေက ငုတ်တုတ်ထိုင်လက်ပိုက်ကြည့်နေပြီး အောင်နိုင်ကြတာမဟုတ်ပါဘူး။ အသက်သွေးချွေးအများအပြားပေးဆပ်တော်လှန်ပြီးမှ ခက်ခက်ခဲခဲအောင်နိုင်ကြရတာပါ။

ကျနော်တို့မျက်မှောက်ခေတ် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ တော်လှန်ရေးဖြစ်စဉ်မှာလည်း တခြားသမိုင်းဖြစ်စဉ်တွေလိုပဲ ဧကန်သဘောနဲ့ အနေကန်သဘောဆိုတာရှိပါတယ်။ တော်လှန်ရေးမုချအောင်ရမယ်လို့ ပြောတာဟာ ဧကန်သဘောကိုကျနော်တို့ပြောနေတာပါ။ မတရားအုပ်ချုပ်မင်းမူနေတဲ့ စစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံပြည်သူတွေကတော်လှန်တဲ့ တော်လှန်ရေးဟာ တနေ့မှာ မုချအောင်ကိုအောင်မြင်ရမှာပါ။ ပြည်သူတွေကခေါင်းငုံ့လက်ပိုက်ပြီး ငြိမ်ခံနေကြမှာ မဟုတ်တဲ့အတွက် အောင်ကိုအောင်ရမှာပါ။ ဒီနေ့အချိန်မှာ လူငယ်တွေပြောနေကြတဲ့ “နိုင်မှာလား၊ မနိုင်ဘူးလားမမေးနဲ့ မနိုင်မချင်းတိုက်မှာ” ဆိုတဲ့ စိတ်ဓာတ်ဟာ အဲဒီသဘောတရားကို သူတို့နည်းသူတို့ဟန်နဲ့ဖော်ပြနေတာပါ။ ဒါပေမဲ့ တော်လှန်ရေးမုချအောင်မြင်မယ်ဆိုတာဟာ ဘာမှမလုပ်ဘဲ ခေါင်းငုံ့ခံ လက်ပိုက်ကြည့်နေရင်လည်း အလိုလို အောင်မြင်သွားလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ တိုက်ယူမှအောင်နိုင်မှာပါ။ ဒီတကြိမ်မှာခေါင်းငုံ့လက်ပိုက်ကြည့်နေရင် ဒီတကြိမ်မှာ အလျှော့ပေး အညံ့ခံလိုက်ရင် ဒီတကြိမ်ရှုံးသွားတယ်ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုက တသက်လုံးငုံ့ခံနေမှာ မဟုတ်ပါဘူး။ ဘယ်ပြည်သူမှ ငုံ့ခံပြီး သားစဉ်မြေးဆက်လူညွန့်အတုံးမခံပါဘူး။ အဲဒါကြောင့် တော်လှန်ရေးဟာ တနေ့နေ့မှာ မုချအောင်ကိုအောင်မြင်ရမယ်လို့ပြောနေတာပါ။

မုချအောင်မြင်ရမယ်ဆိုပေမဲ့ ဒီခေတ်ဒီသမိုင်းကိုရေးနေတဲ့ လူငယ်တွေရဲ့ဇွဲသတ္တိ၊ လူငယ်တွေရဲ့နိုင်ငံရေးအမြင် ၊ နိုင်ငံရေးစိတ်ဓာတ်အပေါ်မူတည်ပြီး အချိန်အနှေးအမြန်ကွာခြားနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအခြေအနေ၊ ခေါင်းဆောင်တဲ့လူတွေရဲ့ နိုင်ငံရေးအမြင်ကျယ်မှုနဲ့ နိုင်ငံရေးသတ္တိအပေါ်မှာလည်း မူတည်ပါသေးတယ်။ နိုင်ငံတကာအခြေအနေတွေနဲ့ အဲဒီအခြေအနေတွေကို နိုင်ငံရေးခေါင်းဆောင်တွေက မှန်မှန်ကန်ကန် သုံးသပ်ကိုင်တွယ်နိုင်စွမ်းရှိမရှိဆိုတာတွေအပေါ်မှာလည်း မူတည်ပါသေးတယ်။ ဒါကအနေကန်သဘောပါ။ အနေကန်ဆိုတာ ဧကန်ရဲ့ဆန့်ကျင့်ဘက် နဧကံ၊ အနေကန်လို့ပြောတာပါ။ အလကားနေရင်းမုချသူ့အလိုလိုဖြစ်နေမှာမဟုတ်ဘူးလို့ပြောတာပါ။

အဲသလိုမဟုတ်ဘဲ လုပ်လုပ်မလုပ်လုပ် တော်လှန်ရေးမုချအောင်မြင်ရမယ်ဆိုရင် ကျနော်တို့က ဘာလို့ အပင်ပန်းခံနေကြဖို့လိုမှာလဲ။ ကော်ဖီလေး တစိမ့်စိမ့်သောက်ပြီး ထိုင်ကြည့်နေရုံပဲပေါ့။ “ဒီစစ်အာဏာရှင်တွေ ဘယ်လောက်မိုက်လုံးကြီးနိုင်ဦးမလဲ။ မိုက်ကြစမ်းကွာ။ တနေ့မင်းတို့အလိုလိုပျက်စီးမှာပဲ” ဆိုပြီး ကျနော်တို့က လက်ပိုက်ကြည့်နေမှာပေါ့။ အဲသလိုလက်ပိုက်ကြည့်နေလို့မရပါဘူး။ ကိုယ်တိုင်လုပ်ကြမှအောင်မြင်မှာပါ။

အဲဒါကြောင့် “တော်လှန်ရေးမုချအောင်မြင်ရမယ်။ ဒါပေမဲ့ အောင်မြင်အောင်လုပ်ကြမှ အောင်မြင်မယ်” လို့ဆိုရပါလိမ့်မယ်။ အောင်မြင်အောင် မလုပ်နိုင်ရင် ၁၀ နှစ်လည်း ကြာသွားနိုင်ပါတယ်။ နှစ် ၅၀ လည်း ကြာသွားနိုင်ပါသေးတယ်။ မုချအောင်မြင်မှာ ဖြစ်ပေမဲ့ အချိန်တွေအများကြီးကြာသွားနိုင်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလမှာ တော်လှန်ရေးအင်အားစုတွေဘက်က ပြောင်မြောက်တဲ့လုပ်ဆောင်ချက်တွေကိုပြသနိုင်ခဲ့တယ်။ စစ်အုပ်စုဟာ မျက်ပြူးဆန်ပြာဖြစ်သွားရလောက်အောင် ကသောင်းကနင်းဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဟာ သူတို့ရဲ့ စစ်ရေးအားနည်းချက်ကို ဖာထေးပြုပြင်နိုင်ခဲ့တယ်။ ပထမအချက်က စစ်မှုထမ်းဥပဒေကိုအသုံးပြုပြီး စစ်သားအများအပြားကို အဓမ္မစုဆောင်းနိုင်လိုက်တယ်။ စစ်မှုထမ်းဥပဒေကို သူတို့အကောင်အထည်ဖော်နေတာမြင်နေပါလျက်နဲ့ တော်လှန်ရေးဘက်က ရအောင်မတားလိုက်နိုင်တာဟာ တော်လှန်ရေးအတွက် သိပ်နစ်နာသွားပါတယ်။ ဒုတိယတချက်ကတော့ စစ်အုပ်စုဟာ ဒရုန်းနဲ့နည်းပညာကို တဆင့်မြှင့်တင်လိုက်နိုင်ပါတယ်။ အဲဒါဟာ ၁၀၂၇ မှာ သူတို့ခံစားခဲ့ရတဲ့ အားနည်းချက်ကြီးကို ပြင်ဆင်လိုက်တာပါ။ အဲဒီနှစ်ချက်ဟာ ဘုန်းဘုန်း လဲပြိုကာနီးဖြစ်နေတဲ့ စစ်အုပ်စုကို နာလန်ထစေတဲ့အချက်ဖြစ်ပါတယ်။ တရုတ်ကို နိုင်ငံရေးအရချဉ်းကပ်လိုက်နိုင်တာ၊ တရုတ်ရဲ့နည်းပညာအထောက်အပံ့တချို့ကို ရလိုက်တာကလည်း စစ်အုပ်စုအတွက် အသက်ရှူပေါက်ချောင်သွားစေတဲ့ အချက်ပါ။ ဒါပေမဲ့ဒါက တကယ်ပဲ အဓိကအားသာချက်ကြီးဟုတ်မဟုတ်ဆိုတာ စဉ်းစားချင့်ချိန်စရာအချက်တွေအများကြီးရှိပါသေးတယ်။ တရုတ်ဟာ စစ်အုပ်စုဘက်ခြေစုံပစ်ရပ်လိုက်ပြီလို့ အခုထိပြောလို့မရသေးပါဘူး။

တော်လှန်ရေးအောင်မြင်ချင်ရင် သူများကို အပြစ်တင်နေမဲ့အစားကိုယ်လုပ်စရာရှိတာတွေကို လုပ်ကြရမှာပါ။

စစ်အုပ်စုဘက်က ပြန်ဖိလာတာ ပြန်တိုက်လာတာကိုကြည့်ပြီး စိတ်ဓာတ်ကျသူတွေ အများအပြားရှိကြပါတယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ တန်ပြန်ထိုးစစ်တွေထဲကနေ တော်လှန်ရေးအတွက် သင်ခန်းယူစရာအချက်ကိုမြင်ရပါတယ်။ တော်လှန်ရေးအတွက် အဖိုးတန်တဲ့ အချက်ပေးခေါင်းလောင်းသံကိုလည်း ကြားလိုက်ရပါတယ်။ အဲဒါကတော့ တော်လှန်ရေးကို တယောက်တပေါက်လုပ်နေလို့ကတော့ အောင်ပွဲရဖို့လွယ်မှာမဟုတ်ဘူးဆိုတဲ့ အချက်ပေးခေါင်းလောင်းသံပါပဲ။ ညီညွတ်ကြဖို့ တပ်ပေါင်းစုဖွဲ့ဖို့ မဖြစ်မနေလိုအပ်လာပြီဆိုတဲ့ သတိပေးခေါင်းလောင်းသံပါပဲ။

အရင်ကဆိုရင် တော်လှန်ရေးက မကြာခင်အောင်တော့မှာပဲဆိုပြီး စိတ်ကြီးဝင်ခဲ့သူဘဝင်မြင့်ခဲ့သူတချို့ရှိခဲ့ပါတယ်။ တချို့ကဆိုရင် ကေအိုင်အေနဲ့ NUG ပေါင်းတိုက်ရုံနဲ့ တော်လှန်ရေးအောင်မြင်တော့မယ်လို့ထင်ကြတာတောင်ရှိပါတယ်။ ဒါမျိုးတွေက အောက်ခြေမှာရှိကြသလို အထက်ပိုင်းမှာလည်း ထင်သူတွေက ထင်ကြပါတယ်။ အဲသလိုထင်နေကြတော့ ဘယ်သူနဲ့မှတပ်ပေါင်းစုဖွဲ့နေစရာမလိုဘူး။ ငါတို့ဘာသာတိုက်မယ်လို့တွေးကြပါတယ်။ ငါတို့တိုက်လို့နိုင်ရင် ငါတို့က ဝေစုများများရလိမ့်မယ်လို့တွေးကြပါတယ်။ ငါတို့တိုက်လို့ငါတို့နိုင်ရင် မတိုက်တဲ့သူတွေက ငါတို့စီမံရာနာခံကြရမယ်လို့ တွေးကြပါတယ်။ အဲဒီအတွေးအဲဒီအမြင်ဟာ တပ်ပေါင်းစုဖွဲ့ရေးကို အကြီးအကျယ်အဟန့်အတားဖြစ်စေခဲ့ပါတယ်။

စစ်အာဏာရှင်ကို အဖွဲ့တိုင်းကဖြုတ်ချချင်ကြပါတယ်။ အနိုင်တိုက်ချင်ကြပါတယ်။ ဒါပေမဲ့ ငါတို့အဖွဲ့ကခေါင်းဆောင်ပြီး နိုင်လိုက်တယ်ဆိုတာမျိုးကိုပဲ ဖြစ်ချင်နေကြပါတယ်။ တော်လှန်ရေးအောင်မြင်ရင် ငါတို့ကခေါင်းဆောင်ဆိုတာမျိုးဖြစ်ချင်နေကြပါတယ်။ ရှေ့ရေးကိုအများကြီးကြိုတွေးပြီး နေရာကြိုမှန်းနေကြပါတယ်။ ကြိုပြီးဗိုလ်လုနေကြပါတယ်။ အဲဒီတော့အားကောင်းတဲ့လူနည်းနည်းလောက်နဲ့ပဲပေါင်းပြီး အားသိပ်မကြီးသေးတဲ့အသေးတွေက တပ်ပေါင်းစုစကားလာပြောရင်ခါချသူက ခါချခဲ့ကြပါတယ်။ တပ်ပေါင်းစုစကားလာပြောရင်ကိုပဲ သူတို့ဆီကဝေစုလာတောင်းသလိုလို သံသယမျက်လုံးနဲ့ကြည့်ခဲ့ကြပါတယ်။ ဟိုကောင်တွေက အဖွဲ့သေးတယ် အရေးမလုပ်နဲ့ သူတို့မပါလည်းဖြစ်တယ်လို့ သဘောထားသူတချို့ရှိသလို ဟိုကောင်တွေက ငါတို့စကားနားမထောင်ဘူး၊ နောင်မှာပြဿနာရှိနိုင်တယ်၊ ကြီးထွားခွင့်မပေးနဲ့ အခုကတည်းက နှိမ်ထားဆိုတဲ့ သဘောထားမျိုးတွေကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။ ဟိုကောင်တွေကတော့ ငါတို့နဲ့ အယူဝါဒမတူဘူး၊ သူတို့ကို ကြီးထွားခွင့်မပေးနဲ့ ဆိုတဲ့ သဘောထားမျိုးကိုလည်း မြင်ခဲ့ကြားခဲ့ရပါတယ်။ ဒါတွေဟာ တော်လှန်ရေးသူတလူငါတမင်းအတွေးအခေါ်တွေပါ။

အခုတော့ အဲသလိုဘဝင်မြင့်လို့မရတော့ပါဘူး။ ဂျီးများ (ကြေးများ)နေလို့လည်း မရတော့ပါဘူး။ ပေါင်းမလား၊ သေမလား တခုခုကိုရွေးရမဲ့အချိန်ရောက်လာပါပြီ။ ပေါင်းချင်ရင်တပ်ပေါင်းစုဖွဲ့ကြရပါမယ်။ တပ်ပေါင်းစုဖွဲ့ဖို့လုပ်ငန်းစဉ်ကို စကြရပါမယ်။ ဒါမှမဟုတ် မပေါင်းချင်ဘူး၊ ကိုယ့်အဖွဲ့နဲ့ကိုယ် ၊ ကိုယ့်မာနနဲ့ကိုယ် ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်ရပ်ကြမယ်ဆိုရင်လည်း ရပါတယ်။ အဲဒါဆိုရင်တော့ တဖွဲ့စီကိုယ့်အဖွဲ့နဲ့ကိုယ်နေပြီး တဖွဲ့ပြီး တဖွဲ့အသေခံကြရုံပဲရှိပါတယ်။

တပ်ပေါင်းစုဖွဲ့ပါ၊ ဖွဲ့ပါလို့မင်းတို့ကပြောတာကလွယ်တယ်။ တကယ်တန်းလုပ်ရတာကခက်တယ်လို့ တချို့ကပြောကြပါတယ်။ မှန်ပါတယ်။ တပ်ပေါင်းစုဖွဲ့ရတာမလွယ်ပါဘူး။ အခက်အခဲအများကြီးရှိပါတယ်။ တဖွဲ့နဲ့ တဖွဲ့အကျိုးစီးပွားမတူကြဘူး။ ရပ်တည်ချက်မတူကြဘူး။ လက်ဝဲလက်ယာနိုင်ငံရေးအမြင်မတူကြဘူး။ အဲဒါကြောင့် ပေါင်းရေးဟာ ခက်ပါတယ်။ ခက်တယ်ဆိုပေမဲ့ လုပ်လို့မရနိုင်တဲ့အရာမဟုတ်ပါဘူး။ လုပ်ကိုလုပ်ရမဲ့အရာပါ။ မလုပ်ချင်ဘူးလား။ ဖြစ်ပါတယ်။ မလုပ်ချင်ရင် တဖွဲ့ချင်းစီအသေခံကြရပါမယ်။ တဖွဲ့ချင်းစီကို စစ်အုပ်စုကကောက်စားပါလိမ့်မယ်။ တဖွဲ့ပြီး တဖွဲ့ကောက်စားပါလိမ့်မယ်။ အဲသလို တဖွဲ့ပြီး တဖွဲ့ကောက်စားမဲ့ ဘေးအန္တရာယ်ကို ဘယ်အဖွဲ့မှ တဖွဲ့ကောင်းရုန်းထွက်လို့မရနိုင်ပါဘူး။ စစ်အုပ်စု အားပြန်ကြီးလာရင် အကုန်အစားခံရမှာပါ။ ဘယ်အဖွဲ့ကိုမှချမ်းသာမပေးပါဘူး။ ကုန်ကုန်ပြောရရင် စစ်အုပ်စုခေါင်းပြန်ထူနိုင်လာရင် စစ်နိုင်နေပါတယ်ဆိုတဲ့ အေအေလည်း တဖွဲ့တည်းတောင့်မခံနိုင်ပါဘူး။ အဲဒီထက်ပိုပြီး ထိထိရောက်ရောက်ပြောရရင် UWSA လည်း တောင့်ခံပြီး ကျန်မနေနိုင်ပါဘူး။ ကျန်တဲ့သူတွေကိုရှင်းပြီးရင် ဝကိုလည်းရှင်းမှာပါ။ စစ်မတိုက်ဘဲထိုင်ကြည့်နေတာပါကြားနေတွေပါဆိုတဲ့ ရှမ်းတောင်ရှမ်းမြောက်ကိုလည်း ချမ်းသာပေးမှာမဟုတ်ပါဘူး။ စစ်အုပ်စုရဲ့ပြည်တွင်းစစ်ရပ်စဲရေးဆိုတာ အဲဒါပါ။ အရင်တုန်းကလို ငြိမ်းချမ်းရေးယူ၊ အပစ်ရပ်ရင် စီးပွားရေးလုပ်ခွင့်လေးပေးလိမ့်မယ်၊ ငါတို့ကတော့ အေးအေးဆေးဆေး ချမ်းချမ်းသာသာနေခွင့်ရလိမ့်ဦးမယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်တွေဟာ ဒီနေ့ခေတ်မှာ အလုပ်ဖြစ်ဖို့သိပ်မရှိတော့ပါဘူး။ အချောင်သမားဝါဒအတွက် စစ်အုပ်စုက အရင်လို တံခါးဖွင့်ပေးမှာမဟုတ်တော့ပါဘူး။ စစ်အုပ်စုက သူတို့ကိုယ်တိုင်ရေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေအောက်က စစ်တပိုင်းအရပ်သား တပိုင်းအစိုးရကိုတောင်ဖျက်ပြီး အာဏာသိမ်းလိုက်ကတည်းက လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီတကြိမ်မှာ အပြတ်ချေမှုန်းဖို့ ရည်မှန်းချက်ရှိပြီးသားပါ။

ကျနော်တို့တိုင်းပြည်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အများကြီးရှိပါတယ်။ အဲဒီအဖွဲ့တွေအားလုံးတညီတညွတ်တည်းဝိုင်းတိုက်ရင် စစ်အာဏာရှင်စနစ်ကိုဖြိုချနိုင်မဲ့ အခွင့်ကောင်းအခြေအနေကောင်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒီနေ့အချိန်မှာလည်းရှိနေပါသေးတယ်။ ဒါပေမဲ့ အကုန်လုံးပေါင်းမှဖြစ်နိုင်ပါလိမ့်မယ်။ ငယ်တဲ့လူကြီးတဲ့လူ ခွဲခြားနေရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ အမေရိကန်လူနဲ့ တရုတ်လူမပေါင်းဘူးလုပ်နေရင် အောင်မြင်မှာ မဟုတ်ပါဘူး။ လက်ဝဲသမားနဲ့ လက်ယာသမားခွဲခြားနေရင်ရှေ့ဆက်တိုးနိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့အချိန်ဟာ ဂျီးများ (ကြေးများ) နေရမဲ့ အချိန်မဟုတ်ပါဘူး။ စစ်အာဏာရှင်ကို ဆန့်ကျင်သူမှန်သမျှ ပေါင်းစည်းညီညွတ်ကြရမဲ့အချိန်ပါ။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာကိုပဲ တချို့လူတွေမှာ ရန်ငြိုးရန်စတွေရှိကြပါတယ်။ တချို့လူတွေမှာ မတူညီတဲ့အကျိုးစီးပွားတွေရှိကြပါတယ်။ တချို့လူတွေမှာ နယ်မြေ အငြင်းပွားမှုတွေရှိကြပါတယ်။ တချို့လူတွေမှာ သယံဇာတပဋိပက္ခတွေရှိကြပါတယ်။ အဲဒါတွေအားလုံးကို ယာယီဘေးချထားပြီး မပေါင်းမဖြစ်ပေါင်းကြရမှာပါ။ ပြည်သူလူထုရဲ့မျက်နှာကိုထောက်ထားပြီး ကိုယ့်အချင်းချင်းကြားက မတူကွဲပြားမှုတွေ ပဋိပက္ခတွေကို မေ့ထားကြရမှာပါ။ ကိုယ့်မာနတွေလျှော့ချပြီး လူမျိုးပေါင်းစုံပြည်သူလူထုကြီးရဲ့မျက်နှာကို ကြည့်ကြရမဲ့အချိန်ပါ။ ရှေ့တန်းမှာ အသက်ပေးတိုက်နေကြတဲ့ လူငယ်တော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီး မရရတဲ့နည်းနဲ့ပေါင်းကြရမှာပါ။ ကျဆုံးသွားတဲ့လူငယ်တော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီး ခေါင်းဆောင်ကြီးများက ကိုယ်ကျိုးစွန့်အနစ်နာခံပူးပေါင်းကြရမှာပါ။

ပေါင်းဖို့ကို ဘာလို့အတင်းအဓမ္မနှိုးဆော်တိုက်တွန်းနေရသလဲဆိုတော့ ရှင်းရှင်းလေးပါ။ မပေါင်းရင် အားလုံးသေကြတော့မှာမို့ပါ။

ရွေးစရာလမ်းက ၂ လမ်းပဲရှိပါတယ်။ ပေါင်းကြမလား၊ အသေခံကြမလား။ ဒါပါပဲ။

Credit TM Media

(Video link ကိုမန့်မှာပေးထားပါတယ်။)

25/09/2025

မမစပကို လေးကေ့ကော်ပါသွားပြီ ဆိုတဲ့ သတင်း ဘယ် မအိုင်ဘိုင်းကဖြန့်တာလဲ

ဘဘကြီးခေတ် တိုးတတ်လာတာ ဒီဟာတွေလည်း ပါတယ်
25/09/2025

ဘဘကြီးခေတ် တိုးတတ်လာတာ ဒီဟာတွေလည်း ပါတယ်

• "📢 ဒီ Video Clip တွေထဲက အကြောင်းတစ်ခုခုကြောင့် ပြန်လည်ဖြုတ်ချချင်တယ်ဆိုရင် [email protected] သို့မဟုတ် comment box မှဆက်သွယ်ပ...

25/09/2025

စစ်မှုထမ်းခိုင်းလိုက်ကွာ

25/09/2025

ကရင်အချင်းချင်း မပစ်ရ
ဖွင်ပဲချခွင့်ရှိသည်

ဥပတိရုပ်တပေါက် သျှမ်းသျှမ်းတောက်ပဲ
25/09/2025

ဥပတိရုပ်တပေါက် သျှမ်းသျှမ်းတောက်ပဲ

Address


Website

Alerts

Be the first to know and let us send you an email when General Zaw Min Tun - Spokesman posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share