Prirodno i Zdravo

  • Home
  • Prirodno i Zdravo

Prirodno i Zdravo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Prirodno i Zdravo, .

25/09/2023

Follow for more amazing videos

22/09/2023

07/12/2022
အယ်လိဇဘတ်ဘုရင်မကြီးနှင့် တွေ့ဆုံခဲ့သော မြန်မာခေါင်းဆောင်များ အင်္ဂလိပ်ထီးနန်းတွင် အရှည်ကြာဆုံး စိုးစံသူဖြစ်သည့် ဒုတိယမြေ...
09/09/2022

အယ်လိဇဘတ်ဘုရင်မကြီးနှင့် တွေ့ဆုံခဲ့သော မြန်မာခေါင်းဆောင်များ

အင်္ဂလိပ်ထီးနန်းတွင် အရှည်ကြာဆုံး စိုးစံသူဖြစ်သည့် ဒုတိယမြောက်အယ်လိဇဘတ်ဘုရင်မကြီး ယမန်နေ့က ကွယ်လွန်သွားပြီဖြစ်သည်။ ၁၉၂၆ ခုနှစ်တွင် မွေးဖွားခဲ့သူ အယ်လိဇဘတ်မင်းသမီးသည် အသက် ၂၅ နှစ်အရွယ် ၁၉၅၃ ခုနှစ်တွင် ဗြိတိန်ထီးနန်းကို ဆက်ခံခဲ့သူဖြစ်သည်။ ကွယ် လွန်ချိန်တွင် အသက် ၉၆ ကွယ် လွန်ချိန်တွင် အသက် ၉၆ နှစ်ရှိပြီဖြစ်သည်။​

အယ်လိဇဘတ်ဘုရင်မကြီးသည် နှစ်ပေါင်း ၇၀ ကျော် ထီးနန်းစိုးစံစဉ် ထင်ရှားကျော်သူကြားများ အပါအဝင် ကမ္ဘာ့တဝန်းမှ နိုင်ငံ့ခေါင်းဆောင်အသီးသီးကို လက်ခံတွေ့ဆုံဖူးသည်။

ဗြိတိသျှကိုလိုနီလက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ဖူးသည့် မြန်မာနိုင်ငံအနေဖြင့် နေမဝင်အင်ပါယာခေတ်ကို ထူထောင်နိုင်ခဲ့သော ဗြိတိသျှထီးနန်းနှင့် ပတ်သက်ဆက်နွှယ်မှုများစွာ ရှိခဲ့ဖူးသည်။ သို့သော် ဆယ်စုနှစ် ၇ ခုကြာ ထီးနန်းစံခဲ့သော ဒုတိယမြောက်အယ်လိဇဘတ်နှင့် တွေ့ဆုံဖူးသည့် မြန်မာခေါင်းဆောင်များအနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ် ရေးရပြီးချိန်မှ ယနေ့အချိန်ထိ လေးဦးသာရှိသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၅ ခုနှစ်တွင် ဝန်ကြီးချုပ်ဦးနုသည် အင်္ဂလန်နိုင်ငံ ခရီးစဉ်အတွင်း အယ်လိဇဘတ်ဘုရင်မနှင့် တွေ့ဆုံခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ထိုစဉ်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးချုပ်ဖြစ်သူ မြန်မာနိုင်ငံသား ဦးသန့်တို့သည်လည်း ၁၉၆၂ ခုနှစ်တွင် ဗြိတိန်ဘုရင်မနှင့် တွေ့ဆုံဖူးသည်။

ဒုတိယမြောက်အယ်လိဇဘတ် ဘုရင်မကြီးကို တွေ့ဆုံခွင့်ရသည့် နောက်ဆုံးမြန်မာခေါင်းဆောင် တစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်း ဆောင်အနေဖြင့် ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရအဖွဲ့ကို ဦးဆောင်နေစဉ် ၂၀၁၇ ခုနှစ်က လန်ဒန် ခရီးစဉ်အတွင်း ဘက်ကင်ဟန်နန်းတော်တွင် ဗြိတိန်ဘုရင်မကြီးနှင့် နေ့လယ်စာအတူစားရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားခံရသည်။

ဓာတ်ပုံ - GettyImage

ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်ဗြိတိန်နိုင်ငံက အဲလိဇဘက်သ် ဘုရင်မကြီး ကွယ်လွန်သွားပြီလို့ ဘက်ကင်ဟမ် နန်းတော်က အတည်...
09/09/2022

ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်

ဗြိတိန်နိုင်ငံက အဲလိဇဘက်သ် ဘုရင်မကြီး ကွယ်လွန်သွားပြီလို့ ဘက်ကင်ဟမ် နန်းတော်က အတည်ပြု ကြေညာသွားပါတယ်။

စက်တင်ဘာ ၈ ရက် မနက်ပိုင်း ကတည်းက ဘုရင်မကြီးရဲ့ ကျန်းမာရေး အခြေအနေ ဆုတ်ယုတ်လာလို့ အထူးကြပ်မတ် စောင့်ကြည့်မှုတွေ ခံယူနေရကြောင်း နန်းတော်က ထုတ်ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ဘုရင်မကြီး ရှိနေရာ စကော့တလန်က နွေရာသီ စံနန်းတော်ကို တော်ဝင် မိသားစုဝင်တွေ ကတိုက်ကရိုက် သွားရောက်ခဲ့ကြတဲ့နောက် ဘုရင်မကြီးရဲ့ အခြေအနေ မကောင်းတော့ဘူးဆိုတဲ့ ခန့်မှန်းချက်တွေ ပျံ့နှံ့လာပါတယ်။

ဘက်ကင်ဟမ် နန်းတော်ရှေ့မှာ ဘုရင်မကြီးကို ချစ်ခင်လေးစားသူတွေ လာရောက် စုဝေးခဲ့ပြီး နောက်ဆက်တွဲ သတင်းတွေ စောင့်ဆိုင်းနေချိန်မှာ နန်းတော်က သတင်းဆိုးကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဘုရင်မကြီး ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ် ရှိနေပါပြီ။ သူဟာ ဗြိတိန် ထီးနန်းကို နှစ်ပေါင်း ၇၀ လောက် စိုးစံခဲ့ပြီး နိုင်ငံရဲ့ သမိုင်းတလျှောက် သက်တမ်း အကြာဆုံး အုပ်ချုပ်တဲ့ ထီးဆောင်းမင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဗြိတိန်မှာ ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပြီး နိုင်ငံရေးအရ စိန်ခေါ်မှုတွေ ပြင်းထန်နေချိန်မှာ ဘုရင်မကြီး ကွယ်လွန်သွားခဲ့တာပါ။ ဘုရင်မကြီးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကျန်းမာရေး ဆုတ်ယုတ်လာတာကြောင့် အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ တခြား တော်ဝင်မိသားစုဝင်တွေက ဘုရင်မကြီးရဲ့ တာဝန်တွေကို လက်လွှဲယူတာမျိုး ရှိနေခဲ့ပါတယ်။

ဘုရင်မကြီး ကွယ်လွန်သွားတဲ့နောက် နာရေး အစီအစဉ်တွေနဲ့ ထီးမွေခံ အရေးကိစ္စတွေကိုတော့ လတ်တလောမှာ နန်းတော်က မကြေညာသေးပါဘူး။ ဘုရင်မကြီး မကွယ်လွန်ခင် သားသမီး ၄ ယောက်စလုံးနဲ့ မြေးတော် မင်းသား ဝီလျံတို့ဟာ ဘုရင်မကြီးရဲ့ဘေးမှာ စုံစုံလင်လင် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ/ Times

လူမှုကွန်ရက်တွင် အကူအညီ​တောင်းခံခဲ့သည့် ဒူဘိုင်း​​ရောက် အမျိုးသမီး ရှစ်ဦး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်​ရေး စီစ...
29/08/2022

လူမှုကွန်ရက်တွင် အကူအညီ​တောင်းခံခဲ့သည့် ဒူဘိုင်း​​ရောက် အမျိုးသမီး ရှစ်ဦး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်​ရေး စီစဉ်​ဆောင်ရွက်လျက်ရှိ​​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာန ထုတ်ပြန်

Facebook လူမှုကွန်ရက်တွင် Khaing Lay အကောင့်အမည်ဖြင့် ဒူဘိုင်းတွင် မြန်မာအမျိုးသမီး ရှစ်ဦး ဒုက္ခရောက်နေ၍ ကူညီပေးရန် တောင်းဆိုသည့် ဗွီဒီယိုဖိုင်တစ်ခုကို သြဂုတ် ၂၅ ရက်က ထုတ်လွှင့်ခဲ့သည်ကို တွေ့ရှိရပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရီရတ်ဒ်မြို့ မြန်မာသံရုံး အနေဖြင့် ကာယကံရှင် အမျိုးသမီး ရှစ်ဦးရှိရာ ဒူဘိုင်းမြို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းကာ ၎င်းတို့အား ခေါ်ဆောင်လာခဲ့သော ပွဲစားဆိုသူနှင့် ကာယကံရှင်များအကြား ညှိနှိုင်းဆောင်ရွက်မှုများကို သြဂုတ် ၂၆ ရက်တွင် ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာသံရုံးအနေဖြင့် ယူအေအီးနိုင်ငံမှ တာဝန်ရှိသူများနှင့် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အမျိုးသမီး ရှစ်ဦးမြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိနိုင်ရေးအတွက်လည်း ဒူဘိုင်းမြို့ရှိ မြန်မာ့လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

27/08/2022

ကြားနေရတာတွေ တစ်ခုမှမကောင်း...

- ပန်းဘဲတန်းမှာ ငွေကျပ် ၅ သိန်းရလိုမှုနဲ့ ပြန်ပေးဆွဲတဲ့ဖြစ်ရပ်
- ၁၀၈ တောင် ဘုရားနားမှာ ခါးပိုက်နှိုက် ၃ ယောက်က ကောင်မလေး ၂ ယောက်ကို ပါးရိုက်နားရိုက်ပြီး ပစ္စည်းလုသွားတဲ့ဖြစ်ရပ်
- ယုဇနပလာဇာမှာ နေ့ခင်းကြောင်တောင် ဆွဲကြိုးဖြတ်လုတဲ့ဖြစ်ရပ်
- အခု Video က Case ကလည်း ကားထဲ အဝင်မြန်လို့သာ... နို့မို့ဆို မလွယ်...(ပန်းဘဲတန်းမှာဖြစ်တဲ့ဖြစ်ရပ်ပါပဲ)

လူတွေ ဒီလောက် များနေတဲ့ နေရာတွေမှာတောင် ဒုစရိုက်သမားတွေ လက်ရဲဇက်ရဲ လုပ်နေကြပြီဆိုတော့

ဟိရိသြတ္တပ တရားတွေ လူတွေကြားထဲမှာ ကင်းမဲ့ကုန်ပါပြီဗျာ.....(မတရားခံရသူကိုတောင် မကူညီရဲကြတော့ဘူး)

မလေးရှားက မြန်မာလုပ်သားသစ်ခေါ်ယူခွင့်လျှောက်ထားခြင်း ပြန်လည် ခွင့်ပြုဖွယ်ရှိရန်ကုန်၊သြဂုတ် ၂၇မလေးရှားအစိုးရအနေဖြင့် အလုပ...
27/08/2022

မလေးရှားက မြန်မာလုပ်သားသစ်ခေါ်ယူခွင့်လျှောက်ထားခြင်း ပြန်လည် ခွင့်ပြုဖွယ်ရှိ

ရန်ကုန်၊သြဂုတ် ၂၇

မလေးရှားအစိုးရအနေဖြင့် အလုပ်ရှင်များ လျှောက်ထားသည့် မြန်မာလုပ်သားခေါ်ယူခွင့်ကို စက်တင် ဘာလအတွင်း ပြန်လည် ခွင့်ပြုဖွယ်ရှိနေကြောင်း ယင်းနိူင်ငံသို့ အလုပ်သမား စေလွှတ်နေသည့် အေဂျင် စီများထံမှ သိရသည်။

လက်ရှိတွင် မလေးရှားသို့ အလုပ်သမား ပြန်လည်စေလွှတ်နေသော်လည်း ယခုစေလွှတ်မှုမှာ ၂၀၂၀ ခုနှစ် ကိုဗစ် ကပ်ရောဂါမတိုင်ခင်က ခေါ်ယူခွင့်ကျထားသူများအား ပို့ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

"အရင်ကျပြီးသား တွေက လက်ကျန်အရေအတွက်နည်းနေပြီ။ ခေါါစာအသစ်တွေ ချပေးဖို့ စောင့်နေကြတာ။ ၉ လပိုင်းထဲမှာ အသစ်ပြန်ချပေးမယ်လို့ ကြားတယ်"ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မလေးရှားအစိုးရသည် စက်တင်ဘာလအတွင်း နိူင်ငံခြားသား အလုပ်သမားဥပဒေအသစ်ကို စတင် ကျင့်သုံးရန်ရှိပြီး ကြိုတင်ပြင်ဆင်မှု အနေဖြင့် မြန်မာအပါအဝင် နိူင်ငံခြားသားလုပ်သား ခေါ်ယူရန် လျှောက်ထားမှုများကို သြဂုတ်လကုန်အထိ ရပ်ဆိုင်းထားသည်။

ယင်းဥပဒေ အသက်ဝင်ပါက ယခင် ခေါ်စာကျပြီးသားသူများအပြင် အလုပ်ခေါ်စာအသစ်များကိုပါ ပြန်လည်ခွင့်ပြုရန် မလေးရှားလုပ်ငန်းရှင်များကလည်း ၎င်းတို့အစိုးရအား တောင်းဆိုထားကြောင်း သိရသည်။

"ခေါ်စာအသစ်တွေ ကျရင်တော့ စောင့်နေတဲ့သူတွေ မျှော်လင့်ချက်ပိုရှိတာပေါ့။ အခုက အရင်ခေါ်စာအဟောင်း ထဲကနေ ချိန်ဆပို့နေရတာ"ဟု ယင်းနိူင်ငံသို့ အလုပ်သမားစေလွှတ်နေသည့် အေဂျင်စီ လုပ်ငန်းရှင်ကဆိုသည်။

လက်ရှိတွင် မလေးရှားနိူင်ငံသို့ လူအကန့်အသတ်ဖြင့်သာ ပို့နေရပြီး သွားရောက်လိုသူဦးရေမှာ အဆမတန်များ နေသည်ဟု ၎င်းတို့ကဆိုသည်။

ထို့ကြောင့် မစောင့်နိူင်သည့် လုပ်သားများမှာ ပွဲစားနှင့်ချိတ်ဆက်ပြီး တရားမဝင် လမ်းကြောင်းမှ သွားရောက်၍ မကြာခဏ ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။

မလေးရှားနိူင်ငံမှာ မြန်မာလုပ်သားများ ဒုတိယအများဆုံး သွားရောက်လုပ်ကိုင်သည့် နိူင်ငံဖြစ်ပြီး လက်ရှိတွင် တရားဝင် လုပ်ကိုင်နေသည့် မြန်မာနိူင်ငံသား ၂ သိန်းကျော်ရှိကြောင်း အလုပ်သမားရေးရာမှတ်တမ်းများအရ သိရသည်။

27/07/2022

ကျဆုံးတော်လှန်ရေးရဲဘော် ၄ ဦးအတွက် သွေးကြွေးဆပ်သည့်အနေဖြင့် ရေးမြို့နယ် စစ်ဆေးရေးဂိတ်ကို ဝင်ပစ်၊ စစ်သား ၁ ဦးသေဆုံး(ရုပ်/သံ)

ရန်ကုန်၊ ဇူလိုင် ၂၇

မွန်ပြည်နယ်ရေးမြို့နယ် တံတားကြီးထိပ်ရှိ စစ်ဆေးရေးကင်းဂိတ်ကို စစ်တပ်က သတ်ဖြတ်လိုက်သော တော်လှန်ရေးရဲဘော် ၄ ဦး၏ သွေးကြွေးကို ဆပ်သည့်အနေဖြင့် စစ်ဆင်ရေး အမှတ်စဉ် (၁) အဖြစ် ယနေ့ နံနက်ပိုင်း ဝင် ရောက် ပစ်ခတ်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း MSRO က သတင်း ထုတ် ပြန်သည်။

ထို စစ်ဆင်ရေးသည် ကိုဂျင်မီ၊ ကိုဇေယျာသော်နှင့်တကွ ကျဆုံးခဲ့ရသည့် တော်လှန် ရေးရဲဘော်များအတွက် ရည်ရွယ်ကြောင်း၊ ယနေ့ နံနက် နံနက် ၇ နာရီအချိန် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး လုံခြုံရေးဂိတ်မှ စစ်သား ၁ ဦးသေဆုံးကာ ထိခိုက်မှုများပြားကြောင်း သိရှိရသည်။

27/07/2022

(unicode)
ကိုဖြိုးဇေယျာသော် သတ်လို့ သေတဲ့သူတွေ အများကြီးလို့ ပြောဆိုပြီး လူတစ်စုက ကိုဖြိုးဇေယျာသော်၏ ဖခင် နေအိမ်ကို ဂဲဖြင့်ထု
……………………………………………
ရန်ကုန်၊ ဇူလိုင် ၂၇
ယနေ့ မွန်းလွဲ ၁၂:၂၀ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ သေဒဏ်ပေးခံရ၍ သေဆုံးသွားသော ဖြိုးဇေယျာသော်၏ ဖခင် နေထိုင်ရာ နေအိမ်ကို လူတစ်စုက ဂဲဖြင့် ဝိုင်း ဝန်းပစ်ခတ်ခဲ့သည်။
ဂဲဖြင့် ပစ်ခတ်သူများက ခင်ဗျားသား သတ်လို့ သေတဲ့သူတွေ အများကြီးလို့ ပြောဆိုပြီး ဂဲဖြင့် ပစ်ပေါက်ခဲ့ ကြခြင်းဖြစ်သည်။
အဆိုပါ ဂဲဖြင့် ပစ်ပေါက်သည့် ရုပ်သံဖိုင်သည် ယနေ့ မွန်းလွဲပိုင်းက လူမှုကွန်ရက်စာမျက်နှာ၌ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ရုပ်သံ - Credit

Address


Website

Alerts

Be the first to know and let us send you an email when Prirodno i Zdravo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share