General Knowledge

  • Home
  • General Knowledge

General Knowledge Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from General Knowledge, Media, .

19/04/2025

ကျွန်တော်တို့ MEAG- Mandalay Earthquake Assessment Group အနေဖြင့် 7.7m ငလျင်ကြီးဖြစ်ပြီး စစ်ကိုင်း၊မန္တလေး၊နေပြည်တော်မြို့နှင့်အခြားမြို့နယ်များမှာအသက်အိုးအိမ်မှာဆုံးရှုံးခံရသူ၊နေထိုင်ရာအိုးအိမ်ဆုံးရှုံးခံရသူ၊ အင်အားပြင်းစွာသောငလျင်ကြီးကိုကြုံတွေ့ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုံးခဲ့သော ပြည်သူအများတို့ရဲ့ သောကဗျာပါဒအပူမီးကို ကိုယ်တတ်စွမ်းသမျှသော အင်ဂျင်နီယာအတတ်ပညာဖြင့် တဖက် တစ်လမ်းက ဘေးမကူညီရန်ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

28.3.2025 ငလျင်ကြီးဖြစ်ပြီး 31.3.2025 မှ 1.4.2025ထိ နေပြည်တော်မှ အဆောက်အဦးအပျက်အစီး များကို စစ်ဆေးပေးပြီး 2.4.2025 ရက်နေ့တွင် Mandalay သို့ ဆရာဦးမျိုးထက်ကျော်ရောက်လာကာ များပြားသော အပျက်ဆီးများကြောင့် တစ်ဦးတစ်ယောက်စွမ်းအားဖြင့်လိုက်လံစစ်ဆေးခြင်းငှာ အချိန်ကာလများစွာကြာမြင့်နိုင်ပြီး အကူအညီများ ရောက်ရှိမှုကြာမြင့်နိုင်ကြောင်တွေးကာ အိမ်ရှင်တို့၏အပူမီးကိုလျင်မြန်ထိရောက်စွာကူညီနိုင်ရန် အင်ဂျင်နီယာ volunteers အဖွဲ့များဖြင့်လိုက်လံစစ်ဆေးပေးရန် အတည်ပြုပေးပြီး 3.4.2025ရက်တွင် Volunteer Engineer များလိုအပ်ကြောင်း Social media တွင် အသိပေးကာ၊ စာရင်းပေးသွင်းလာသော အင်ဂျင်နီယာများ သွားရေးလာရေး၊ နေရေးထိုင်ရေး အဆင်ပြေအောင်လည်း စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ မိမိတို့ဆောင်ရွက်ပေးသောအရာများသည် အလုံးစုံသော free of charge (FOC) အခမဲ့ သာဖြစ်ပါသည်။

ထို့နောက် 7.4.2025မှ စတင်ကာ စာရင်းပေးထားခဲ့တော့အိမ်ရှင်များ၏ နေအိမ်များကို စီနီယာ အင်ဂျင်နီယာများဦးဆောင်သော အဖွဲ့ငယ်များဖြင့် လိုက်လံစစ်ဆေးကာ နေထိုင်ရန် လုံခြုံစိတ်ချရသော အိမ်များကို ဦးစားပေးရှာဖွေ ဆောင်ရွက်ရင်း၊ အဆောက်အဦးများကိုလည်း အဆင့်များခွဲကာ သတ်မှတ်ဆောင်ရွက်ပေးခဲ့ပါသည်။ Retrofit and Strengthening လုပ်ရန်လိုအပ်လာသော အိမ်များ မိဘပြည်သူများအတွက်လည်း Retrofit and Strengthening Design များဆောင်ရွက်ပေးနိုင်ရန် အဖွဲ့များဖွဲ့ကာ စီစဉ်ဆောင်ရွက်လျက်ရှိသလို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများဖြစ်သော MCDCနှင့် MES-MDYတို့နှင့်လည်းတွေ့ဆုံဆွေးနွေးခြင်းဖြင့် Local Authorities များအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရန်လိုအပ်သော ကိစ္စများအတွက် ရှေ့ပြေးဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ပါသည်။

ယခုအခါ မိမိတို့ MEAG အဖွဲ့ကို ယုံကြည်အားကိုးလာကြသော အိမ်ရှင်မိဘများ၏ စာရင်းပေးသော အရေအတွက်မှာလည်း တစ်နေ့ထက်တစ်နေ့တိုးမြင့်လာသည်မှာ ယခုဆိုလျှင် စာရင်းပေးထားသော အရေ အတွက်မှာ အလုံး 1700 ကျော်သို့ ပင်ရောက်ရှိလာပြီဖြစ်သည်။ မိမိတို့၏ စေတနာအရ ရောက်လာသမျှသော အိမ်ရှင်တို့၏သောကအပူမီးကိုငြိမ်း‌အေးစေချင်ပါသည်။ သို့သော်လည်း မိမိတို့၏ Assessment စစ်ဆေးပေးသော အိမ်တစ်အိမ်ချင်းစီ၏ အရည်အသွေးအလိုက် ကောင်းမွန်သော အကြံဉာဏ်နှင့်ထိရောက်သော လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလိုပါသောကြောင့် မိမိတို့ရဲ့ Volunteers အင်အားနှင့် Volunteers တို့၏ သက်ဆိုင်ရာလုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ရတော့မည့် အချိန်ကို တွက်ဆကာ Service Quality မကျအောင် ယခုပေးထားသော အိမ်စာရင်းအထိသာ Assessment and Design လုပ်ဆောင်ပေးပါတော့မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ခဗျာ။

အခြား အကူအညီလိုအပ်သော အိမ်ရှင်များအနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ အစည်းအဝေး ဆုံးဖြတ်ချက်များ အတိုင်း Mandalay MES (Myanmar Engineer Society (Mandalay) ဖုန်းနံပါတ် (09773689052 )သို့ Form တင်စာရင်းသွင်းကာ မိမိတို့ရဲ့ နေအိမ်ကို စစ်ဆေးလို့ရပါကြောင်း လည်း အသိပေးပါတယ် ခင်ဗျ။

ယခုထိကောက်ခံထား‌သော Assessmentများကိုလည်းသက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် Local authorities များထံသို့ စနစ်တကျ အပ်နှံပေးမည်ဖြစ်ပါသည်။ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်သက်ဆိုင်ရာ local authorities များနှင့် ဆွေးနွေးထားချက်များကအတိုင်းလည်း သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက မိမိတို့ရဲ့ Assessment form စာရင်းများကို လက်ဆင့်ကမ်းကာ လိုအပ်သော ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင် မည်ဖြစ်ပါသည်ခင်ဗျာ။ MCDCအနေဖြင့်လည်း သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များဖြင့် လူနာများကို စစ်ဆေးပေးသကဲ့သို့၊ အဆောက်အဦးများ၏ ကြံ့ခိုင်ကျန်းမာရေးအတွက် စစ်ဆေးပေးရန် Earthquake Clinic ကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးခဲ့ပါသည်ခင်ဗျာ။

နိဂုံးချုပ်အနေဖြင့် မိမိတို့ MEAGအဖွဲ့အနေဖြင့်ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြစ်သော အင်အားပြင်း ငလျင်ဘေးကြီးတွင် မိမိတို့တတ်စွမ်းသောအင်ဂျင်နီယာအတတ်ပညာဖြင့် ပြည်သူများရဲ့သောကအပူမီးကို တတ်စွမ်းသမျှ ငြိမ်းအေးအောင်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသော volunteer engineer များကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါသည်။ မိမိတို့အနေဖြင့်လည်းယခုလိုနိုင်ရာ တာဝန်ကိုထမ်းခွင့်ရတဲ့ အတွက်လည်း အားရကျေနပ်မိပါကြောင်း၊ နောင်တွင်လည်းမိမိတို့တတ်စွမ်းသလောက် ပြည်သူတို့၏အမှုကို မိမိတို့၏အင်ဂျင်နီယာပညာရပ်ဖြင့်ထမ်းဆောင် မည်ဖြစ်ပါကြောင်း ပြောကြားရင်နိဂုံးချုပ်လိုက်ရပါသည်ခင်ဗျ။

စာရင်းပေးသွင်းရန် ဖုံးနံပါတ်
Ph - 09773689052 ( MES - Mandalay)
*****သက်ြန်ကာလအတွင်းလည်း ရုံးမပိတ်ဘဲ Form တင်လို့ရပါတယ်။

17/04/2025

#ငလျင်ပြင်းအားအတွက်_ဗဟုသုတ

ငလျင်ပြင်းအားနှင့် သက်ရောက်မှုရှိနိုင်ခြေ အကျိုးသက်ရောက်မှုများ

Crd
#ဟိုတစ်စဒီတစ်စ

10/04/2025
16/03/2025

ကမ္ဘာ့အကြီးဆုံး ဘူမိအပူစွမ်းအင်ထွက်ရှိတဲ့ မြေအောက်ရေကန်ကြီး တွေ့ရှိ

အယ်လ်ဘေးနီးယားနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ဘူမိအပူစွမ်းအင် ထွက်ရှိတဲ့ မြေအောက်ရေကန်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ချက်နိုင်ငံမှ သိပ္ပံပညာရှင်တွေက ဒီရေကန်ကြီးကို တွေ့ရှိခဲ့တာဖြစ်ပေမဲ့ အယ်လ်ဘေးနီးယား-ဂရိ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဒီရေကန်ကြီးကို စစ်ဆေးမှုမလုပ်ရသေးခင်မှာပဲ သိပ္ပံပညာရှင်တွေဟာ အယ်လ်ဘေးနီးယားကနေ စွန့်ခွာသွားခဲ့ရတာပါ။

သူတို့ဟာ လက်စ်ကိုဗစ်မြို့နားမှာ တောင်ခြေကနေ ထွက်ပေါ်နေတဲ့ ရေနွေးငွေ့တွေကို မြင်ရလို့ သွားကြည့်တော့ မြေအောက်အနက် ပေ ၃၃၀ အထိ နိမ့်ဆင်းသွားတဲ့ လျှိုကြီးတစ်ခုကို တွေ့ခဲ့ရပြီး ဆင်းကြည့်ချိန်မှာ ဘူမိအပူစွမ်းအင်ထွက်ရှိတဲ့ မြေအောက်ရေကန်ကြီးကို တွေ့ရှိခဲ့တာပါ။

၂၀၂၄ ခုနှစ်မှာတော့ ချက်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ နျူရွန်ဖောင်ဒေးရှင်းရဲ့ သုတေသနရန်ပုံငွေ မတည်ပေးမှုနဲ့အတူ အယ်လ်ဘေးနီးယားနိုင်ငံကို ပြန်လာခဲ့ပြီး လေ့လာမှုတွေ လုပ်ခဲ့ကြပါတယ်။ မြေအောက်တည်နေရာတွေကို ဖော်ထုတ်မှတ်သားနိုင်တဲ့ LiDAR scanner အပါအဝင် နောက်ဆုံးပေါ် နည်းပညာတွေအသုံးပြုပြီး တိုင်းတာမှုတွေ လုပ်ခဲ့ရာမှာ အလျား ၄၅၄ ပေ၊ အနက် ၁၃၈ ပေရှိပြီး ရေထုထည် ၈၀၀၀ ကုဗမီတာအထိ ရှိတဲ့ ရေကန်ကြီး ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအရွယ်အစားအရ ဟန်ဂေရီနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ဘူမိအပူစွမ်းအင် ထွက်ရှိရာ မြေအောက်ရေကန်ကြီးထက် ပိုကြီးကြောင်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘူမိအပူစွမ်းအင် ထွက်ရှိရာ ရေကန်တွေဟာ ရေအလွှာတိုင်းမှာ မတူညီတဲ့ အပူချိန်ရှိပြီး အပူချိန် မတူညီမှုကြောင့် ရေလွှာတစ်ခုချင်းစီရဲ့ သိပ်သည်းဆလည်း မတူညီကြပါဘူး။ ချက်သိပ္ပံပညာရှင်တွေဟာ သူတို့ကို ရန်ပုံငွေမတည်ပေးထားတဲ့ နျူရွန်ဖောင်ဒေးရှင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီရေကန်ကြီးကို နျူရွန်ရေကန်လို့ အမည်ပေးခဲ့ကြပါတယ်။

Ref: World’s Biggest Underground Thermal Lake Discovered in Albania

Team ( ရိုးရာလေး)

11/03/2025

ကုန်းဘောင်မင်းဆက်(၁၁)ဆက်
လောင်း၊ နောင်၊ ဆင်၊ စဉ့်၊
မောင်၊ ဘိုး၊ ဘ၊
သာ၊ ပု၊ မင်း၊ သီ။

Crd

23/02/2025
05/09/2023
04/09/2023

Address


Website

Alerts

Be the first to know and let us send you an email when General Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share