KoZaw Tachileik

  • Home
  • KoZaw Tachileik

KoZaw Tachileik pageအသစ်မို့ Like & Share Follow လုပ်ထားပေးကြပါဦး

18/02/2025
18/02/2025

ငါတို့ကတော့Extrovertလည်းမဟုတ်ဘူး
Introvertလည်းမဟုတ်ဘူး
ကြုံရာvert
စောက်စကားမပြောချင်ရင်introvertတယ်
စိတ်ပါလို့ပြောချင်ရင်လည်းextrovertထဲတောင်
အယွဆုံးvertပဲ

18/02/2025

ပါလျံမီးပြန်လာပြီ
19:30
18.2.25

စိတ်ထားဖြူစင်ပြီး ကူညီရိုင်းပင်းတတ်တဲ့ ရခိုင်မင်းသားချောလေး နေတိုးရဲ့ မွေးဖွားခဲ့ရာအိမ်လေး " ⛺️🏡 #အနုပညာရှင်သတင်းထူး    ...
18/02/2025

စိတ်ထားဖြူစင်ပြီး ကူညီရိုင်းပင်းတတ်တဲ့ ရခိုင်မင်းသားချောလေး နေတိုးရဲ့ မွေးဖွားခဲ့ရာအိမ်လေး " ⛺️🏡

#အနုပညာရှင်သတင်းထူး

#နေတိုး

18/02/2025
18/02/2025
ရုရှားနှင့် တရုတ်တို့၏ ဆင်ဆာဖြတ်တောက်ရန် တောင်းဆိုချက်များကို Google က လက်ခံ လုပ်ဆောင်ပေးကြောင်း ဖော်ထုတ်တွေ့ရှိThe Guar...
18/02/2025

ရုရှားနှင့် တရုတ်တို့၏ ဆင်ဆာဖြတ်တောက်ရန် တောင်းဆိုချက်များကို Google က လက်ခံ လုပ်ဆောင်ပေးကြောင်း ဖော်ထုတ်တွေ့ရှိ

The Guardian

ရုရှား နှင့် တရုတ်ကွန်မြူနစ်ပါတီ အပါအဝင် ကမ္ဘာတဝန်းရှိ အာဏာရှင် အစိုးရများ ၏ ဆင်ဆာဖြတ်တောက်ရန် တောင်းဆိုမှုများကို Google က အဆင်ပြေစေရန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း စောင့်ကြည့်လေ့လာသူတဦး က ထုတ်ဖော်ပြောကြားသည်။

နည်းပညာကုမ္ပဏီသည် ၎င်းတို့၏ အများပြည်သူပိုင်ကွန်ရက်များမှ သတင်းအချက်အလက်များကို ဆင်ဆာဖြတ်တောက်ခြင်းအား ၂၀၁၁ ခုနှစ်မှ စတင်၍ နိုင်ငံပေါင်း ၁၅၀ ခန့် ၏ အုပ်ချုပ်ရေးအဖွဲ့များ နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။

ဒီမိုကရက်တစ် အစိုးရများအပြင် တာလီဘန်ထိန်းချုပ်ထားသော အာဖဂန်နစ္စတန်ရှိ ရဲများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် စွပ်စွဲခံထားရသော အာဏာရှင်များ၊ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိသည်။

ရုရှားနှင့် တရုတ်အစိုးရများထံမှ တောင်းဆိုမှုများကြောင့် ပြည်နယ်ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ YouTube ဗီဒီယိုများနှင့် နိုင်ငံရေးသမားများ၏ အကျင့်ပျက်ခြစားမှုကို ပြစ်တင်စွပ်စွဲသည့် အကြောင်းအရာများကို Google က ဆင်ဆာဖြတ်တောက် ဖယ်ရှားခဲ့သည်။

တကမ္ဘာလုံးမှ အစိုးရများ ၏ ဆင်‌ဆာဖြတ်ရန် တောင်းဆိုမှု " အကြောင်းအရာ ၅ ဒဿမ ၆ သန်း" ရှိကြောင်း Google ၏ ကိုယ်ပိုင်အချက်အလက်များက ဖော်ပြသည်။ အကြောင်းအရာများကို ဖယ်ရှားရန် ကမ္ဘာတဝန်းမှ Google ထံ တောင်းဆိုမှုများသည် ၂၀၂၀ ခုနှစ်မှစပြီး နှစ်ဆကျော် တိုးလာခဲ့ကြောင်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Surfshark က ဆိုသည်။

လူသန်းပေါင်းများစွာက Search၊ YouTube၊ Drive နှင့် Chrome ကဲ့သို့သော Google ထုတ်ကုန်များကို နေ့စဉ်အသုံးပြုလျက်ရှိပြီး ၎င်းသည် ကမ္ဘာ့အင်အားအကြီးဆုံး အချက်အလက် ကွန်ရက် တခုဖြစ်သည်။

ကုမ္ပဏီသည် တကမ္ဘာလုံးရှိ နိုင်ငံများ၊ ဒေသန္တရအစိုးရများအပြင် တရားစီရင်ရေးမဏ္ဍိုင်၊ ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ သတင်းအချက်အလတ်များကို ဆင်ဆာဖြတ်ရန် တောင်းဆိုမှုများအား ပုံမှန်လက်ခံရရှိနေသည်။

#ရုရှား
#တရုတ်
#ဆင်ဆာဖြတ်တောက်ရန်
#တောင်းဆိုချက်များ

#လုပ်ဆောင်ပေးကြောင်း

18/02/2025
18/02/2025

ငါ့friတွေအကုန် “လိပ်ပြာ”
ဖစ်ကုန်ပီ..
လူဆိုလို့ ငါပဲကျန်တော့တယ်

18/02/2025

ပိုက်ဆံမရှိတဲ့ ဘဝနဲ့
ခဏနေကြည့်
လူတွေအကြောင်း
အများကြီး သိလာလိမ့်မယ်

ချာလီသည် သူ့အကြိုက်ဆုံး စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။ နှစ်ပေါင်းများစွာကတည်းက စားနေကျအတိုင်း ဟင်းချိုပူပူတစ်ခွက်ကို မှာယ...
18/02/2025

ချာလီသည် သူ့အကြိုက်ဆုံး စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။ နှစ်ပေါင်းများစွာကတည်းက စားနေကျအတိုင်း ဟင်းချိုပူပူတစ်ခွက်ကို မှာယူသည်။

ထို့နောက် သူသည် ရပ်လိုက်ပြီး နဖူးတွန့်ကာ စားပွဲထိုးကို လမ်းခေါ်သည်။

စားပွဲထိုးက ချဉ်းကပ်လာပြီး ...
"ချာလီ၊ ဘာအလိုရှိလို့လဲ ?" ဟု မေးသည်။

ချာလီက ပန်းကန်ကို ညွှန်ပြပြီး ...
"ဟင်းချိုကို မြည်းကြည့်ပါ" ဟု ပြောသည်။

စားပွဲထိုးက မျက်နှာညှိုးပြီး "ဘာဖြစ်လို့လဲ? ဒီဟင်းချိုမှာ ဘာပြဿနာရှိလို့လဲ?" ဟု မေးသည်။

ချာလီက မတွန့်မဆုတ်ဘဲ.....
"ဟင်းချိုကို မြည်းကြည့်ပါ" ဟု ပြောသည်။

စားပွဲထိုးက သက်ပြင်းချပြီး ...
"ချာလီ၊ ခင်ဗျား ဒီမှာ စားနေတာ နှစ်ပေါင်း သုံးဆယ်လောက် ရှိပြီ။ အမြဲတမ်းလည်း ဟင်းချိုကိုပဲ မှာတယ်။ တစ်ခါမှ မကျေမနပ်ပြောဖူးတာ မဟုတ်ဘူး" ဟု ပြောသည်။

ချာလီက မတွန့်မဆုတ်ဘဲ ..
"ဟင်းချိုကို မြည်းကြည့်ပါ" ဟု ပြောသည်။

စားပွဲထိုးက "ကောင်းပြီ! ခင်ဗျား ဒီဟင်းချိုကို မလိုချင်ဘူးဆိုရင်၊ ဟင်းသီးဟင်းရွက်၊ ဒါမှမဟုတ် တစ်ခြားလိုချင်တဲ့ ဟင်းချိုထဲက ဘာပြောင်းမှာမလဲ " ဟု ပြောသည်။

ချာလီက စကားကို ဖြတ်ပြီး...
"ဟင်းချိုကို မြည်းကြည့်ပါ" ဟု ပဲထပ်ပြောသည်။

စားပွဲထိုးက ချာလီကို အရှုံးပေးလိုက်ပြီး ဇွန်းကို ယူဖို့ လက်ပြင်သောအခါ ရပ်သွားသည်။

" နေပါဦး... ဇွန်းရော ချာလီ..?''

ချာလီက ... " အေး...ငါလည်း အဲ့ဒါပဲ သိချင်နေတာ..'' ဟု အော်လိုက်လေသည်။

Saya U Khin Zaw ( ဘာသာပြန် )

ကေကမိုက်နေရော
18/02/2025

ကေကမိုက်နေရော

18/02/2025

နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများကို တင်ဒါခေါ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) စနစ်ဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန် ဖိတ်ခေါ်ထားသည်။

ယင်းအဆိုပြုလွှာကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပုဂ္ဂလိက ဆေးရုံများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော်ရေး ကော်မတီက ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

ဖိတ်ခေါ်ချက်တွင် ယင်းနိုင်ငံတော်ပိုင်မြေ၌ မျက်စိရောဂါကုသမှု၊ ကင်ဆာရောဂါကုသမှု၊ ဆီးနှင့်ကျောက်ကပ်ရောဂါကုသမှုနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု၊ အထွေထွေရောဂါ အထူးကုသမှုစသည်တို့ကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကျန်းမာရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူလူထုအတွက် လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများ အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်ချက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။

စိတ်ဝင်စားသော နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာအား ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနသို့ (Hard copy/Soft copy/Word Files) များဖြင့် ဧပြီလ (၂၃) ရက် ညနေ (၄)နာရီ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်သည်ဟု ဆိုသည်။

လျှောက်လွှာရယူလိုသူများသည် ပုဂ္ဂလိက ကျန်းမာရေးဌာနခွဲ၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၄) နေပြည်တော်တွင် လာရောက် ထုတ်ယူရမည်ဖြစ်ကြောင်းလည်း သိရသည်။

18/02/2025

🚘 75B တည်းနဲ့ရေဆေးရမဲ့အပြင်

✅ အင်ဂျင်ဝိုင်စစ်ဆေးပေးခြင်း
✅ အော်တိုဆီစစ်ဆေးခြင်း
✅ ရေပါဝါတိုင်းစက်ဖြင့် ရေပါဝါစစ်ပေးခြင်း
✅ Wiper blades များစစ်ဆေးပေးခြင်း

စသည်တို့ကိုပါ Free စစ်ဆေးပေးသွားမှာဆိုတော့ ဘာလိုသေးလဲဗျာ … 🤗🤗

SR6 Auto Service Centre

အမှတ်(၁/၅၄၁)၊ ဟောင်လိတ်အထက်တန်းကျောင်းရှေ့၊ ပါဆပ်ရပ်ကွက်၊ တာချီလိတ်မြို့။

📲 09986666093, 09892222058

18/02/2025

လျှပ်စစ်ဓာတ်အားအလှည့်ကျပို့လွှတ်ခြင်း။

18.2.2025.......ဆိုင်ကယ်စီးလျှင်ယာဉ်မောင်းလိုင်စင်ပါရမည်/ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ / ဆိုင်ကယ်စီးလျှင်သုံးယောက်မစီ...
18/02/2025

18.2.2025.......ဆိုင်ကယ်စီးလျှင်ယာဉ်မောင်းလိုင်စင်ပါရမည်/ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ / ဆိုင်ကယ်စီးလျှင်သုံးယောက်မစီးရ / အသက်မပြည့်သောသူများမည်သိယာည်မျှမမောင်းရပါ /ယာဉ်စည်ကမ်း လမ်းစည်ကမ်းများလိုက်နာကြပါရန် မလိုက်နာပါက လမ်းစည်းကမ်း ယာဉ်စည်းကမ်းထိမ်းသိမ်းရေးအဖွဲများမှအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းအသိအပေးအပ်ပါသည်။
Photo Credit

ဂေါဝိန်နှင့် ခိုတောင်မုန့်တီဆူးငှက်            ၃၅လမ်းရဲ့ အဆုံးသတ်ရာ မြစ်ကမ်းရိုးပေါ်က အနောက်ဘက်ဆီ မျှော်ကြည့် လိုက်တော့ ...
18/02/2025

ဂေါဝိန်နှင့် ခိုတောင်မုန့်တီ

ဆူးငှက်

၃၅လမ်းရဲ့ အဆုံးသတ်ရာ မြစ်ကမ်းရိုးပေါ်က အနောက်ဘက်ဆီ မျှော်ကြည့် လိုက်တော့ မင်းဝံတောင်ရိုးက တိမ်စိုင် တိမ်လိပ်ကြီးတွေကို စုတ်ချက်ထူထူနဲ့ ကလနားသပ် ပြေးနေတယ်။။ လှိုင်းအနည်းငယ် ရှိတဲ့ ဧရာဝတီမြစ်ပြင်မှာ'ခိုတောင်' ရွာဆီ ဦးတည်တဲ့ လှေကလေးက စုန်မှာလေလား၊ ဆန်မှာလေလား ခွဲခြား သိဖို့ ခက်ခဲလှဘိ။ တာရိုးအောက်ခြေ တည့်တည့်မှာ ကျောက်ချထားတဲ့ ပင်လုံ နှစ်ထပ်သင်္ဘောကြီးက ဣန္ဒြေရရ ငိုက်မျဉ်းနေလို့။ သူ့ပေါ်ကနေ ဒိုင်ဗင်ထိုးကာ ရေကူးနေသူတွေ။ နှီးပုံးလေးနှင့် အခေါက်ခေါက် အခါအခါ ရေခပ်နေသူတွေ။ သူ့ဝမ်းဗိုက်ဘေးမှာ တဗုံးဗုံး ထုနှက် အဝတ်လျှော်နေသူတွေကို ဂရုမစိုက်အားသေး ...။

ဟို ... တောင်ဘက် ချော်ဆိပ်ဘက်ဆီမှာ သဲမှုန်တွေ လေအဝှေ့ အုံကြွ ထလို့်။ သဲကားတစ်စီး ကမ်းပေါ် တအိအိတက်လာတယ်။ သဲလှေများက လှိုင်းနှင့်အတူ ခေါင်းညိတ်နေကြသည်။ သကာရည်ပိုင်းတွေ တင်လာတဲ့ ထော်လာဂျီ တစ်စင်းက အင်ဂျင်ကို လီဘာတင်ပြီး အိတ်ဇောသံ တထုန်းထုန်းနှင့် ရုန်းနေတယ်။

အခုတော့ သဲကားတွေ၊ ကုန်တင် လော်ရီကားကြီးတွေ၊ အဝေးပြေးကားတွေ၊ အင်ဂျင်သံ တဒုန်းဒုန်းနှင့် ထော်လာဂျီတွေ ဖြတ်သွားလေတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားတဲ့ ဖုံလုံးတွေကြောင့် မြစ်ကမ်းလေပွေမှာ မြင်ကွင်းတွေဟာ ဝေဝါးမှုန်ရီ...။

ဂေါဝိန်ဆိပ်ကမ်းဆိုတာ မြို့ပတ်ခြောက်လမ်းသွားရဲ့ အစိတ်အပိုင်းတစ်ခပါပဲ။ အရင်က အဆန်သင်္ဘောကြီး တွေကို ငေးမောရတဲ့ အပင်ခြေ အုတ်ခုံတန်းလေးများ နှင့် ဂေါဝိန်လည်း မဟုတ်တော့၊ ဒီလိုပါပဲ။ ဆိပ်ကမ်း အလုပ်သမားကြီးတွေ ချက်အရက် သောက်တဲ့ ဂေါဝိန်လည်း မဟုတ်တော့။ ကမ်းနားဈေးရုံထဲက ဈေးခွေးလေး တစ်ကောင်နှစ်ကောင် ထိုးဟောင်သည့် ဂေါဝိန်လည်း မဟုတ်တော့။

ဒီလိုပါပဲ မြစ်အနောက်ဘက် ခိုတောင်ရွာက မုန့်တီသည်လေးတွေ သမ္ဗာန်စက်လှေတွေနဲ့ ကူးလာပြီး မန္တလေးမြို့ထဲ လေးပြင်လေးရပ် လှည့်လည်ရောင်းချဖို့ စုဝေးနေကြတဲ့ ဂေါဝိန်မဟုတ်တော့။ တကယ်တော့ ဟိုယခင် ဘိုးဘွားအစဉ်အဆက် ဂေါဝိန်နှင့် ခိုတောင်မုန့်တီက မခွဲမခွာ တွဲဖက် မြင်နေကျလေ။

××××× ×××××
ခိုတောင်မုန့်တီတဲ့။
ယနေ့ထက်တိုင် စွဲမက် တွင်ကျယ်နေဆဲ မြန်မာ့ရိုးရာ အစားအသောက်လေးတစ်ခုရှိတယ်။ ထူးဆန်းတာက ဒီအစား အသောက်လေးက မန္တလေးမှာပဲရရှိနိုင်တာပါ။ အရင်ကတော့ နေ့လယ်နေ့ခင်း အဆာပြေအစားအသောက်ပေါ့။ အလျူမီနီယမ် မှန်တံခါးတွေ အဲယားကွန်းခန်းမတွေနဲ့ ဈေးရောင်းစင်တာကြီးတွေ ရှေ့က ခဲတံခွာမြင့်ဖိနပ်စီး စကပ်တိုနှင့် ေýကရုပ်လေးလို အရောင်းဝန်ထမ်းလေးတွေအစ ဆေးလိပ်ခုံ၊ ဆီးပေါင်းထုပ် အလုပ်ရုံနဲ့ ရပ်ကွက်ထဲက ကလေးအမေတွေအဆုံး တရှိုက် မက်မက် ကြိုက်နှစ်သက်ကြဆဲ အစားအသောက်လေးပါ။ သိပ်ပြီး မြန်မာဆန်လွန်းတဲ့ အစားအသောက်လို့လည်း ပြောလို့ရ လေရဲ့။ အရင်ကတော့ နေ့လယ်နေ့ခင်းတွေ အရပ်ထဲမှာ လာရောင်းမှ စားရတဲ့အစားအသောက်က အခုတော့ နေရာ အတော်များများမှာ မနက်လင်းကတည်းက ခိုင်မာစွာ ဆိုင် တည်ခင်း ရောင်းနေကြပြီလေ...။

အဲဒါ... ခိုတောင်မုန့်တီပါပဲ။ ခိုတောင်ဆိုတာ မန္တလေး မြို့တဖက်ကမ်း ဧရာဝတီမြစ်အနောက်ကမ်းမှာရှိပြီး စစ်ကိုင်းနဲ့ မင်းကွန်းကားလမ်းမပေါ် မေးတင်နေတဲ့ ရွာကြီးတစ်ရွာပါ။ ခိုတောင်ရွာကနေ ရှေးရှေးကတည်းက ရွာမှာတင် ဆန်ကို အပုပ်စိမ်၊ မုန့်ညှစ်ပြီး သန့်ရှင်းစွာပြုလုပ်တဲ့ မုန့်တီဖတ်တွေ အိမ်တိုင်းစေ့နီးပါး လုပ်ကိုင်ကြတယ်။ ဒီမုန့်တီဖတ်နဲ့ ဂျင်း၊ ကြက်သွန်ဖြူ ကြက်သွန်နီကို နနွင်းစစ်စစ်နဲ့ ဆီသပ်ထားတဲ့ ပဲဆီ စစ်စစ် ဆီကျက်ဝါရယ်၊ ကုလားပဲမှုန့်စစ်စစ်ရယ်၊ အောက်ပြည် အောက်ရွာကလာတဲ့ ငံပြာရည်စစ်စစ်ရယ်၊ ကူမဲ ငရုတ်သီးကြော် မှုန့် မွှေးမွေးရယ်၊ ကိုင်းထဲကထွက်တဲ့ ပဲသီးတောင့် လတ်လတ်ကို အနေတော်လှီးထားတာရယ်၊ ဟင်းချိုရည်ကတော့ ပုစွန်ခြောက် ကောင်းကောင်းလတ်လတ်နဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းထားတဲ့အနှစ်နဲ့ ပြုလုပ်ထားပြီး အမြဲတမ်းပူနွေးနေအောင် မြေအိုးထဲထည့်ကာ အပြင်က အဝတ်အထပ်ထပ်ပတ်ထားတယ်။

ဒီပစ္စည်းတွေအားလုံးက ဝါးနဲ့ရက်ထားတဲ့ ပက်လက်တောင်းထဲမှာ အဝတ်ပတ်ဟင်းချိုရည်အိုး၊ မုန်တီဖတ်ထည့်ဝါးခြင်း၊ ဆီချက်၊ ပဲမှုန့်၊ အရောင်တင်ဆီ၊ ငရုတ်သီးမှုန့်ထည့်တဲ့ စဉ့်အိုး၊ ပဲသီး၊ ကြက်သွန်၊ နံနံပင်ထည့်တဲ့ ဝါးဆန်ခါခုံး စတာတွေကို နေရာကျ အစီအရီထည့်၊ ဟင်းချိုခပ်တဲ့ ထန်းသီးမှုတ်အရိုးတပ် ယောက် ချိုလေးကိုလည်း ဟင်းချိုရည်အိုးဘေးစိုက်လို့...။ ဟင်းချိုရည် အိုးပေါ်မှာလည်း အဝတ်အထပ်ထပ်အုပ်ထားတဲ့ မြေစလောင်း ဖုံးလေးဖုံးထား...။ အဲဒီ ပက်လက်ဝါးတောင်းကို ခိုတောင် သူလေးတွေကရွက်ပြီး မနက်လင်းတာနဲ့ ရွာကလှေတွေနဲ့ ဧရာဝတီကိုဖြတ်ကာ မန္တလေး လေးပြင်လေးရပ် မုန့်တီတောင်း ခေါင်းရွက်ပြီး ကိုယ့်ဖောက်သည် အသီးသီးဆီ နေ့ခင်းစာအမီ သွားရောက်ရောင်းချကြတာပါပဲ။ အဲဒါ ခိုတောင်မုန့်တီပါ။ ဒါကြောင့်လည်း မန္တလေးသား စာရေးဆရာတွေက ဂေါဝိန်ဆိပ် ကမ်းနဲ့ ခိုတောင်မုန့်တီသည် လှေကလေးတွေကို စာဖွဲ့လိုမဆုံး ရှိခဲ့ကြတာပေါ့။

အသားမပါ။ ဟင်းချိုထဲက ပုစွန်ခြောက်အချိုအရသာနဲ့ မြန်မာပါးစပ်မှာ မြန်မာပြည်တွင်းဖြစ် ဆန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဧရာဝတီမြစ်ရေနဲ့ ချက်ထားတဲ့ဟင်းရည်နဲ့ လျှာလည် မက်မော အကြိုက်တွေ့စေတဲ့ ခိုတောင်မုန့်တီဟာ ဒီကနေ့အထိ တွင်ကျယ်နေဆဲပါပဲ။ ဒါပေမယ့် အခုတော့ မန္တလေးမြို့တွင်းမှာပဲ အပြီးအစီး ပြုလုပ်လိုက်တဲ့ ခိုတောင်တံဆိပ်ကပ် မုန့်တီတွေကတော့ ခိုတောင်ရွာသူလေးတွေရဲ့ မုန်တီဗန်းကို တွန်းဖယ်ပစ် လိုက်တာပေါ့။ ခိုတောင်မုန့်တီက မြို့ကြီးပျော်ဖြစ်သွားတော့ ဂေါဝိန်ကိုလည်း မေ့သွားပြီလေ။

ဒါပေမယ့် မင်းကွန်းကိုကားနဲ့သွားကြသူတိုင်း ခိုတောင် ရွာလေးရောက်ရင် ကားရပ်ပြီး ခိုတောင်မုန့်တီစစ်ကို မက်မက် မောမော စားသောက်ကြဆဲပါ။

ဆူးငှက်

#ခိုတောင်မု့န်တီ #ဆူးငှက်

Address


Alerts

Be the first to know and let us send you an email when KoZaw Tachileik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share