Alex's Thai နိုင်ငံ Blog

  • Home
  • Alex's Thai နိုင်ငံ Blog

Alex's Thai နိုင်ငံ Blog Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Alex's Thai နိုင်ငံ Blog, Social Media Agency, .

How to Extend Your Motorcycle License Tax in Thailand So recently, I went to renew my bike’s license tax. I don’t speak ...
14/08/2024

How to Extend Your Motorcycle License Tax in Thailand

So recently, I went to renew my bike’s license tax. I don’t speak Thai, so I just went in and said, “I want to extend tax,” with my pink tax receipt. Worked like a charm! Here’s what you need:

Required Documents:

• Green Book
• Owner’s Passport or Thai ID
• (If the owner is Thai, you’ll need a signed copy of the Thai ID)
• Pink Tax Receipt
• (If you don’t have the pink slip from the last payment, that’s okay)

Tax Process:

First, find an insurance company that can handle the tax for you. If you can’t locate one by searching in English, try searching for สถานตรวจสภาพรถ on Google Maps and head to the nearest one. These places usually look like small red buildings with yellow and blue signs.

Start with a basic vehicle inspection:

• Front and rear lights
• Indicator lights
• Speedometer
• Front and rear tires
• Exhaust
• Handlebars

They charge about 60 baht for this inspection.

Costs:

• Insurance & service fee: 600 baht
• Tax fee: 100 baht
• Inspection fee: 60 baht

Total: 760 baht

If you go today, you’ll get the renewed pink tax slip by tomorrow. Once that’s attached to your bike, you’re free to ride worry-free! No need to worry about getting stopped since you’ll have all the valid documents on you.

Note: As long as the pink tax slip is valid, there’s no need to record it in the green book. But if you want an official record, you’ll need to visit the office in person. For short trips, just having the pink slip is enough.

Stay safe and happy travels, everyone!



ဆိုင်ကယ် လိုင်စင် အခွန်သက်တမ်း ကိုယ်တိုင် ဘယ်လိုတိုးမလဲ ?

ကျွန်တော် အခု ရက်ပိုင်းမှာ သက်တမ်းသွားတိုးတဲ့ အတွေ့အကြုံလေးကို မျှဝေပေးချင်ပါတယ် ၊ ကျွန်တော် ထိုင်းလို မပြောတတ်တော့ ဒီအတိုင်း ဝင်သွားပြီး English လိုပဲ ပြောတာပါ ၊ I want to extend tax လို့ပြောပြီး ပန်းရောင်စာရွက်လေး ပြလိုက်ရင် သူတို့ သိပါပြီ။

လိုအပ်သော စာရွက်စာတမ်းများ

* Green book *

* owner passport or Thai national ID *
( ပိုင်ရှင်က ထိုင်းနိုင်ငံသားဆိုရင် Thai national ID ကို လက်မှတ်ထိုးထားသော မိတ္တူ) ပိုင်ရှင်ကိုယ်တိုင် လာဖို့ မလိုအပ်ပါ

* (နောက်ဆုံးအကြိမ် အခွန်ဆောင်ထားသော ပန်းရောင်စာရွက်) - လက်ထဲမရှိလဲ ရပါတယ်

-----------------------------------------------------------

Tax Process

အရင်ဆုံး အခွန်ဆောင်လို့ ရသော Insurance company မျိုးကို ရှာပါ။

English လို ရှာရင် မတွေ့လို့ပါ

สถานตรวจสภาพรถ (Thai version) ကို Google Map မှာ ကိုယ်တိုင်ရှာပြီးတော့ အနီးအနားမှာရှိရင် သွားလို့ ရပါတယ် ၊ သူတို့က အဝါနဲ့ အပြာ တံဆိပ်လေးပါတဲ့ အနီရောင်တိုက်လေးပါ။

အရင်ဆုံး Vehicle Maintenance လုပ်ပါတယ် ၊

* ရှေ့မီး / နောက်မီး *
* အချက်ပြမီး *
* speedometer ဒိုင်ခွက် *
* ရှေ့ဘီး / နောက်ဘီး *
* ဆိုင်ကယ် exhaust *
* ဆိုင်ကယ် လက်ကိုင် *

သူတို့ စစ်ဆေးခကို 60 baht ဝန်းကျင်တောင်းပါတယ် ပြီးရင်တော့

Insurance နဲ့ ဝန်ဆောင်ခ 600 baht
အခွန်ဆောင်ခ 100 baht
စစ်ဆေးခ 60 baht

Total - 760 baht ကျပါတယ်

ဒီနေ့ သွားရင် မနက်ဖြန်ကို သက်တမ်းတိုးပြီးသား ပန်းရောင်စာရွက်လေး ရပါပြီ။

ဆိုင်ကယ်မှာ ပန်းရောင်စာရွက်လေး ကပ်ထားပြီးတော့ ကိုယ်သွားချင်တာ သွားလို့ ရပါပြီ။ လမ်းမှာ စစ်ဆေးခံရမှာ စိတ်ပူဖို့ မလိုတော့ပါဘူး။

(ပန်းရောင် စာရွက်မှာ သက်တမ်းရှိနေသေးရင် အဆင်ပြေပါပြီ ၊ Green book ထဲမှာ Record ကို မှတ်တမ်းတင်ဖို့ မလိုတော့ပါဘူး ၊ မှတ်တမ်းလိုချင်ရင်တော့ ရုံးကို ကိုယ်တိုင်သွားရတာမျိုး လိုပါတယ် ၊ ကိုယ်က အနီးအနားပဲ မောင်းမယ်ဆိုရင်တော့ ပန်းရောင်စာရွက်ရှိတာနဲ့တင် အဆင်ပြေပါပြီ)

Stay safe and safe travel, everyone.

#ဆိုင်ကယ်အခွန်သက်တန်းတိုး #ထိုင်းဆိုင်ကယ် #ဆိုင်ကယ်သက်တမ်း #ထိုင်းဆိုင်ကယ်ခွန်

ထိုင်းယာဉ်မောင်းလိုင်စင် ကိုယ်တိုင် ဘယ်လိုသွားလျှောက်ကြမလဲခ လိုင်စင် မှ ထိုင်း ဆိုင်ကယ် / ကား လိုင်စင် ပြောင်းနည်းကျွန်တ...
11/12/2023

ထိုင်းယာဉ်မောင်းလိုင်စင် ကိုယ်တိုင် ဘယ်လိုသွားလျှောက်ကြမလဲ

ခ လိုင်စင် မှ ထိုင်း ဆိုင်ကယ် / ကား လိုင်စင် ပြောင်းနည်း

ကျွန်တော် December 4 ရက်နေ့တုန်းက သွားလျှောက်ခဲ့တဲ့ အတွေ့အကြုံကို မျှဝေချင်ပါတယ်။ အကုန်အကျသက်သာပြီး တစ်နေ့သာ အချိန်ပေးရလို့ လုပ်ဆောင်ရမဲ့ အရာတွေကို ပြောပြပေးပါမယ်။

ကျွန်တော်က ရန်ကုန်မှာ ကားလိုင်စင်ရှိပြီးသားဖြစ်လို့ တစ်ရက်နဲ့ သွားလဲလို့ ရတာပါ။

ခ လိုင်စင်ဆိုရင် ထိုင်းလိုင်စင်ကို လဲလို့ရပါတယ်
(3 တန် ကားမောင်းခွင့်ရ)

လိုအပ်သော Document များ -

* Passport မူရင်း / မိတ္တူ
* Myanmar Driving License မူရင်း / မိတ္တူ
* သံရုံးထောက်ခံစာ တစ်ရွက် (500 ဘတ်ကျပါတယ်)
(Driving License One Stop Service နဲ့ အပ်လိုက်ပါတယ်)
* Medical certificate မူရင်း / မိတ္တူ 150 ဘတ်

Thai Car License လုပ်ချင်ပါက 205 ဘတ်
Thai Motorcycle License လုပ်ချင်ပါက 105 ဘတ် ဖြစ်ပါတယ်

ကားနဲ့ ဆိုင်ကယ် နှစ်ခုလုံးကို တစ်ခါထဲ လုပ်လို့ ရပါတယ်။ အဲ့တာဆို စုစုပေါင်း 310 ဘတ်ပါ။

How to go there?

အရင်ဆုံး ကျွန်တော်က Siam Paragon ကနေ ရထားစီးဖို့လုပ်ပါတယ်။ ပြီးတော့ Mo chit အထိကို ရထားစီးလိုက်ပါတယ်။ Mo chit ရောက်ပြီဆိုရင် Department of Land Transport Building 4 ကို လမ်းလျှောက်သွားလိုက်ပါတယ်။ ဂိတ်ပေါက်ဝကို ရောက်ပြီဆိုရင် ရုံးကိုကျော်ပြီး ဆက်လျှောက်သွားလိုက်ပါ။ အဲ့မှာ Medical certificate ထုတ်ပေးတဲ့ ဆေးခန်းသေးသေးလေး ရှိပါတယ်။ Medical certificate က 100 ဘတ်ကျပါတယ်။

https://maps.app.goo.gl/645i5LwfhKPGMRJU6?g_st=com.google.maps.preview.copy

(Google Map မှာ Department of Land Transport Building 4 ထောက်ကြည့်လို့ ရပါတယ်) အနားက ဆေးခန်းကလဲ အဲ့လမ်းထိပ်မှာပါ

ပြီးရင်တော့ ရုံးကို ပြန်လမ်းလျှောက်ပါ။ Building 4 အထဲကို ရောက်ပြီဆိုရင် One stop service ကောင်တာမှာ Foreigner support ရှိပါတယ်။ အဲ့မှာ ကား / ဆိုင်ကယ် လုပ်ချင်ပါတယ်လို့ ပြောလိုက်ရင် သူက လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ပေးပါတယ်။

(ရုံးကို 9 နာရီ 10 နာရီလောက် ရောက်အောင် သွားနိုင်ရင် ကောင်းမယ်။ နောက်ကျသွားရင် ဒီနေ့အတွက် လူပြည့်သွားလို့ မရလိုက်ရင် နောက်နေ့ ရက်ပြန်ချိန်းရပါတယ်)

(သူတို့မှာ 9 နာရီ အသုတ်နဲ့ 1 နာရီ အသုတ် နှစ်ခုရှိပါတယ်)

10 နာရီလောက်မှ ရောက်တယ်ဆိုရင် 1 နာရီအသုတ်နဲ့ ရလောက်ပါတယ်

အဲ့တာပြီးရင် အပေါ်ထပ် ၂ လွှာကို တက်သွားပြီး Driving Test စစ်ဖို့လုပ်ပါတယ် သူတို့ ညွှန်ပြတဲ့အတိုင်းသာ သွားလိုက်ပါ။

Driving Test မှာ ဘာတွေ စစ်လဲဆိုရင် -

* Color Test (အနီ အစိမ်း အဝါ အရောင်ကို သိလား စစ်ပါတယ်)
* Distance Test ( တိုင်နှစ်ခုကို အကွာအဝေးညီအောင် ညှိခိုင်းပါတယ် )
* Break Test (ဘရိတ်ကို အချိန်မှီ နင်းနိုင်လား စစ်ပါတယ်)
* Peripheral vision Test (မျက်လုံးရဲ့ ဘယ် / ညာ အဆုံးနားမှာ အရောင်ကို ခွဲခြားမြင်နိုင်လား စစ်ပါတယ်)

အဲ့တာပြီးရင်တော့ ကားမောင်းရင် သိသင့်တဲ့ အရာတွေကို အပေါ်ထပ်မှာ Video ကြည့်ခိုင်းပါတယ် 45 minutes လောက်ပါပဲ။ Video ပြီးသွားရင် တန်းထွက်ပြီး 2 လွှာမှာ ဓာတ်ပုံရိုက်ပြီး လိုင်စင်ကို တန်းထုတ်ပေးပါတယ်။ ဓာတ်ပုံရိုက်ခါနီးမှာ ပိုက်ဆံပေးရတာပါ။

(အက်ျီအဆင်ပြေတာ ဝတ်ပါ)

အကုန်လုံးပြီးသွားရင် လိုင်စင်ရပါပြီ နာမည်နဲ့ passport နံပါတ်ကို သေချာစစ်ပါ။

ကား / ဆိုင်ကယ်လိုင်စင် သွားလုပ်တဲ့အခါ အဆင်မပြေတာမျိုး မဖြစ်ရအောင် ကျွန်တော့် အတွေ့အကြုံကို မျှဝေပေးတာပါ။ အဆင်ပြေပြေနဲ့ ရပါစေ။ : )

#ထိုင်းယာဉ်မောင်းလိုင်စင် #ယာဉ်မောင်းလိုင်စင် #ထိုင်းမြန်မာ

#ထိုင်းကားလိုင်စင် #ထိုင်းဆိုင်ကယ်လိုင်စင် #ထိုင်းကားလိုင်စင်ကိုယ်တိုင်လုပ်

Address


Website

Alerts

Be the first to know and let us send you an email when Alex's Thai နိုင်ငံ Blog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share