BawBoih24

BawBoih24 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BawBoih24, Media, .

07/08/2023
06/08/2023
06/08/2023

" ကျောက်ကပ် ရေအိတ်တည်ခြင်း(Kidney Cysts) "
=================================

- ကျောက်ကပ် ရေအိတ်တည်ခြင်း ဆိုသည်မှာ

- ကျောက်ကပ်ထဲတွင် အရည်ပါပြီး လုံးဝန်းသော အိတ်များ ဖြစ်နေခြင်းကို ဆိုလိုသည်။


ဖြစ်ပွားရသောအကြောင်းရင်းများ။
------------------------------

- ကျောက်ကပ်၏ မျက်နှာပြင်လွှာ လျော့ရဲကာ

- အိတ်ဖြစ်လာပြီး အရည်တွေနှင့် ပြည့်လာကာ နောက်ဆုံးတွင်

- ကျောက်ကပ်ရေအိတ် ဖြစ်လာခြင်းဖြစ်သည်ဟု ယူဆကြသည်။


ဖြစ်နိုင်ချေ များသူများ။
--------------------

- ကျောက်ကပ် ရအိတ်တည်ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း

- အသက်ကြီးသူများနှင့် အမျိုးသားများတွင် ပိုဖြစ်နိုင်သည်ကိုတွေ့ရှိရသည်။


လက္ခဏာများ။
-------------

- ပုံမှန်အားဖြင့် ကျောက်ကပ် ရေအိတ်တည်လျှင် လက္ခဏာ မပြတတ်သော်လည်း အရမ်းကြီးလာလျှင်မူ

- ခါး/ကျောနာခြင်း။

- အဖျားတက်ခြင်းနှင့်

- ဗိုက်အပေါ်ပိုင်း နာခြင်းတို့ ဖြစ်တတ်သည်။


ဆရာဝန်နှင့် သွားရောက် ပြသသင့်သော အချက်များ။
----------------------------------------------

- ကျောက်ကပ် ရေအိတ်တည်ခြင်းသည် မကုသပဲ ထားပါက ဆိုးရွားလာနိုင်သည့် အတွက်

- စောစီးစွာကုသမှု ခံယူနိုင်ရန် ရောဂါလက္ခဏာများ စတင် ခံစားရသည်နှင့် ဆရာဝန်ထံ သွားရောက် ပြသသင့်ပါသည်။

စစ်ဆေးမှုများ။
--------------

- ရောဂါ ရှာဖွေ သိရှိနိုင်ရန် ရောဂါ ခံစားနေရပုံ အကြောင်း မေးမြန်းခြင်း၊

- စမ်းသပ်ခြင်းများ အပြင်

- အာထရာဆောင်း ရိုက်ခြင်း၊

- ကျောက်ကပ်ကို CT scan၊ MRI scan ရိုက်ခြင်း၊

- သွေးစစ်ခြင်းများဖြင့် စစ်ဆေးနိုင်ပါသည်။


ကုသခြင်း။
----------

- ကျောက်ကပ် ရေအိတ် တည်ခြင်းသည်

- ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် မဖြစ်ပါက ကုသမှု ခံယူရန် မလိုပေ။

- သို့့သော် ဓာတ်မှန်ရိုက်ချက်များအရ ပိုကြီးလာပါက

- ရေအိတ်ကို ဖောက်ကာ၊ အရည်များကို ဖောက်ထုတ်ပစ်ခြင်း၊

- ရေအိတ်ကို ခွဲစိပ်ကာ ဖယ်ထုတ်ပစ်ခြင်း နည်းများဖြင့် ကုသနိုင်သည်။


နောက်ဆက်တွဲပြဿနာများ။
--------------------------

- ကျောက်ကပ် ရေအိတ်တည်ခြင်းမှ တစ်ဆင့်

- ရေအိတ်ပိုးဝင်ကာ ဖျားခြင်းနှင့် နာကျင်မှုများ ခံစားရခြင်း။

- ရေအိတ် ပေါက်ထွက်ကာ နောက်ကျောနှင့် ခါးဘေးနာကျင်ခြင်း။

- ကျောက်ကပ် ရေအိတ်ကြောင့် ပုံမှန် ဆီးသွားမှုကို နှောင့်နှေးစေကာ

- ကျောက်ကပ် ဖောင်းလာခြင်း အစရှိသော ပြဿနာများ ဖြစ်စေနိုင်သည်။




ွန်း_ဆေးမျိုးစုံရောင်းဝယ်ရေး။


်သွယ်ရန်

ဖုန်း- ၀၉ ၄၄၃၀၄၃၄၁၄၊ ၀၉ ၉၅၃၀၄၃၄၁၄၊ ၀၉ ရ၃၀၄၃၄၁၄၊ ၀၉ ၅၁၈၉၂၁၄၊

Viber: ၀၉၇၃၀၄၃၄၁၄

၀၁-၂၀၆၂၀၆(လိုင်ခွဲ-၂၁၉၈၊ ၂၁၉၉၊ ၂၂၀၀၊ ၂၂၀၁)

ိပ်စာ

- ဆိုင်အမှတ် (B-198,199,200,201)၊ ဒုတိယထပ်၊ ရွှေပြည့်စုံစျေး၊ မင်္ဂလာစျေးဝင်းအတွင်း။


Ref: Mayo Clini


" ကျောက်ကပ် ရေအိတ်တည်ခြင်း(Kidney Cysts) "
=================================

- ကျောက်ကပ် ရေအိတ်တည်ခြင်း ဆိုသည်မှာ

- ကျောက်ကပ်ထဲတွင် အရည်ပါပြီး လုံးဝန်းသော အိတ်များ ဖြစ်နေခြင်းကို ဆိုလိုသည်။


ဖြစ်ပွားရသောအကြောင်းရင်းများ။
------------------------------

- ကျောက်ကပ်၏ မျက်နှာပြင်လွှာ လျော့ရဲကာ

- အိတ်ဖြစ်လာပြီး အရည်တွေနှင့် ပြည့်လာကာ နောက်ဆုံးတွင်

- ကျောက်ကပ်ရေအိတ် ဖြစ်လာခြင်းဖြစ်သည်ဟု ယူဆကြသည်။


ဖြစ်နိုင်ချေ များသူများ။
--------------------

- ကျောက်ကပ် ရအိတ်တည်ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း

- အသက်ကြီးသူများနှင့် အမျိုးသားများတွင် ပိုဖြစ်နိုင်သည်ကိုတွေ့ရှိရသည်။


လက္ခဏာများ။
-------------

- ပုံမှန်အားဖြင့် ကျောက်ကပ် ရေအိတ်တည်လျှင် လက္ခဏာ မပြတတ်သော်လည်း အရမ်းကြီးလာလျှင်မူ

- ခါး/ကျောနာခြင်း။

- အဖျားတက်ခြင်းနှင့်

- ဗိုက်အပေါ်ပိုင်း နာခြင်းတို့ ဖြစ်တတ်သည်။


ဆရာဝန်နှင့် သွားရောက် ပြသသင့်သော အချက်များ။
----------------------------------------------

- ကျောက်ကပ် ရေအိတ်တည်ခြင်းသည် မကုသပဲ ထားပါက ဆိုးရွားလာနိုင်သည့် အတွက်

- စောစီးစွာကုသမှု ခံယူနိုင်ရန် ရောဂါလက္ခဏာများ စတင် ခံစားရသည်နှင့် ဆရာဝန်ထံ သွားရောက် ပြသသင့်ပါသည်။

စစ်ဆေးမှုများ။
--------------

- ရောဂါ ရှာဖွေ သိရှိနိုင်ရန် ရောဂါ ခံစားနေရပုံ အကြောင်း မေးမြန်းခြင်း၊

- စမ်းသပ်ခြင်းများ အပြင်

- အာထရာဆောင်း ရိုက်ခြင်း၊

- ကျောက်ကပ်ကို CT scan၊ MRI scan ရိုက်ခြင်း၊

- သွေးစစ်ခြင်းများဖြင့် စစ်ဆေးနိုင်ပါသည်။


ကုသခြင်း။
----------

- ကျောက်ကပ် ရေအိတ် တည်ခြင်းသည်

- ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် မဖြစ်ပါက ကုသမှု ခံယူရန် မလိုပေ။

- သို့့သော် ဓာတ်မှန်ရိုက်ချက်များအရ ပိုကြီးလာပါက

- ရေအိတ်ကို ဖောက်ကာ၊ အရည်များကို ဖောက်ထုတ်ပစ်ခြင်း၊

- ရေအိတ်ကို ခွဲစိပ်ကာ ဖယ်ထုတ်ပစ်ခြင်း နည်းများဖြင့် ကုသနိုင်သည်။


နောက်ဆက်တွဲပြဿနာများ။
--------------------------

- ကျောက်ကပ် ရေအိတ်တည်ခြင်းမှ တစ်ဆင့်

- ရေအိတ်ပိုးဝင်ကာ ဖျားခြင်းနှင့် နာကျင်မှုများ ခံစားရခြင်း။

- ရေအိတ် ပေါက်ထွက်ကာ နောက်ကျောနှင့် ခါးဘေးနာကျင်ခြင်း။

- ကျောက်ကပ် ရေအိတ်ကြောင့် ပုံမှန် ဆီးသွားမှုကို နှောင့်နှေးစေကာ

- ကျောက်ကပ် ဖောင်းလာခြင်း အစရှိသော ပြဿနာများ ဖြစ်စေနိုင်သည်။

Ref: Mayo Clini

06/08/2023

▫️▫️သတိထားသင့်သော နာတာရှည်ကျောက်ကပ်ရောဂါ ▫️▫️

နာတာရှည်ကျောက်ကပ်ရောဂါ (CKD) သည် ကျောက်ကပ်၏ လုပ်ဆောင်နိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာသည့် နာတာရှည် အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ CKD သည် အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်၏ လုပ်ဆောင်မှု တဖြည်းဖြည်း ကျဆင်းသွားသည့်ရောဂါ ဖြစ်ပါတယ်။

ကျောက်ကပ်၏ လုပ်ဆောင်နိုင်စွမ်းများမှာ သွေးထဲမှ အညစ်အကြေးများနှင့် ပိုလျှံနေသော အရည်များကို စစ်ထုတ်ခြင်း၊ ဆီးထုတ်ခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဆားဓာတ်နှင့် အခြားသောဓာတ်ပစ္စည်းများကို ဟန်ချက်ညီညီ ထိန်းသိမ်းထားရန်ဖြစ်ပါတယ်။

▫️နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေသည့်အကြောင်းရင်းများမှာ -

▪️ဆီးချိုရောဂါ

ထိန်းသိမ်းမှုမကောင်းသောဆီးချိုရောဂါသည် CKD ၏အဓိကအကြောင်းရင်းများထဲမှတစ်ခုဖြစ်ပါတယ်။

▪️သွေးတိုးခြင်း

သွေးတိုးခြင်းသည် ကျောက်ကပ်ရှိ သွေးကြောများကို ပျက်စီးစေပြီး CKDကို ဖြစ်စေပါတယ်။

▪️Glomerulonephritis

glomeruli ဟုခေါ်သော ကျောက်ကပ်၏ စစ်ထုတ်ယူနစ်များ ရောင်ရမ်းခြင်းသည် ကျောက်ကပ်၏ လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။

▪️Polycystic ကျောက်ကပ်ရောဂါ

မျိုးရိုးလိုက်သည့် ရောဂါဖြစ်ပြီး ကျောက်ကပ်အတွင်း အရေအိတ်များ ဖြစ်ပေါ်လာခြင်းကြောင့် ကျောက်ကပ်၏လုပ်ငန်းဆောင်တာများကို တဖြည်းဖြည်း ချို့ယွင်းသွားစေသည့်အခြေအနေဖြစ်ပါတယ်။

▪️အခြားသောအကြောင်းရင်းများ

အချို့သောဆေးဝါးများ၊ ကျောက်ကပ်ပိုးဝင်ခြင်း၊ autoimmune ရောဂါများ၊ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း နှင့် ကြာရှည်ဆီးလမ်းကြောင်းပိုးဝင်ခြင်းများသည် CKD ကိုဖြစ်စေနိုင်ပါတယ်။

▫️CKD အဆင့်များ

CKD အဆင့်များကို ကျောက်ကပ်သည် သွေးထဲမှ အညစ်အကြေးများ မည်မျှထိရောက်စွာ စစ်ထုတ်သည်ကို တိုင်းတာသည့် glomerular filtration rate (GFR) ကို အခြေခံ၍ အဆင့်ငါးဆင့် ခွဲခြားထားပါတယ်။

အဆင့် (၁) | Stage 1 (GFR > 90 mL/min)

ကျောက်ကပ်၏စွမ်းဆောင်ရည် ၉၀ အထက်ရှိနေသေးလျှင် အဆင့်(၁) သို့မဟုတ် ပုံမှန်ဟု သတ်မှတ်နိုင်ပါတယ်။ခန့်မှန်းခြေ ကျောက်ကပ်၏၉၀ ရာခိုင်နှုန်းခန့် အလုပ်လုပ်နိုင်ပါတယ်။ဤအဆင့်တွင်ကျောက်ကပ်ဆေးဖို့မလိုအပ်သေးပါ။

အဆင့်(၂) | Stage2 Mild CKD (GFR = 60-89 mL/min

ကျောက်ကပ်၏စွမ်းဆောင်ရည် သည် တစ်မိနစ်လျှင် ၆၀-၈၉ စီစီ ခန့်စွန့်ထုတ်နိုင်သေးလျှင် အဆင့်(၂) ဟု သတ်မှတ်နိုင်ပါတယ်။ခန့်မှန်းခြေ ကျောက်ကပ်၏ ၆၀-၈၉ % လောက်အလုပ်လုပ်နိုင်ပါတယ်။

လူနာ၏ ကျောက်ကပ်ရောဂါအခြေအနေသည် အဆင့် (၁) နှင့် အဆင့် (၂) တွင်ရှိနေပါက နောက်ထပ် ဆိုးရွားမသွားအောင် ထိန်းချုပ်နိုင်ပါတယ်။ ကျောက်ကပ်အထူးကုဆရာ၀န် (သို့မဟုတ်) အထွေထွေရောဂါကုဆရာ၀န်နှင့် သေချာဆွေးနွေးတိုင်ပင်ပြီး လူနာတွင် သွေးချို ဆီးချို၊သွေးတိုးရောဂါရှိနေပါက ထိုနာတာရှည်ရောဂါများကို စနစ်တကျကုသမှုခံယူသင့်ပါတယ်။

အဆင့်(၃အေ) | Stage 3A Moderate CKD (GFR = 45-59 mL/min)

အဆင့်(၃ဘီ) | Stage 3B Moderate CKD (GFR = 30-44 mL/min)

အဆင့်(၁)(၂)(၃)တွင် ထူးထူးခြားခြား လက္ခဏာ၊ ခံစားနေရသည့်ဝေဒနာများ မရှိတတ်သော်လည်း ကျောက်ကပ်၏လုပ်ဆောင်ချက်များ တစ်ဖြည်းဖြည်း ကျဆင်းလာသောအချိန် ဖြစ်ပါတယ်။

ကျောက်ကပ်ရောဂါအဆင့် (၃ဘီ)တွင် ရှိနေပါက အချို့သောလူနာတွေမှာ ကျောက်ကပ်ရောဂါ၏ နောက်ဆက်တွဲရောဂါတစ်ခုဖြစ်သော သွေးအားနည်းရောဂါ ပါရှိနေတတ်ပါတယ်။

အဆင့်(၄) | Stage 4 Severe CKD (GFR = 15-29 mL/min)

ကျောက်ကပ်၏စွမ်းဆောင်ရည် ၁၅-၂၉% ခန့်သာရှိတော့သော အချိန်ဖြစ်ပါတယ်။ကျောက်ကပ်လုပ်ငန်းများ အချိန်နဲ့အမျှ ကျဆင်းလာလို့ ၃၀ အောက်ရောက်လာချိန်၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းအဆင့် ၄ ရောက်လာပြီဆိုရင် ပြန်ကောင်းဖို့ အခွင့်အလမ်းအလွန်နည်းသွားပြီး နောက်ဆုံးအဆင့် (၅) သို့ဆက်လက်ကူးပြောင်းမည့် အနေအထားဖြစ်သည်။

GFR ၂၀ အောက်စရောက်ချိန်မှာ ပထမဆုံးလက္ခဏာတွေ စတင်ပေါ်ပေါက်လာတတ်ပါတယ်။(ဥပမာ -ခန္ဓာကိုယ် တွင် မစွန့်ထုတ်နိုင်တော့ ဓာတ်ဆားဓာတ်တွေများလာခြင်း)

အဆင့်(၅) | Stage 5 End Stage CKD (GFR

06/08/2023

ဖြစ်ပြစ်တွေများလိုက်တာ😥

Address


Website

Alerts

Be the first to know and let us send you an email when BawBoih24 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share