14/07/2024
19 ရက်နေ့ထွက်ရှိလာမယ့် Meet the Dunhuang Skin Series
=========================================
Meet the Dunhuang Skin Series ဟာ Dunhuang Academy နဲ့ Collaboration လုပ်ထားတာဖြစ်ပြီး Dunhuang Academy မှ သမိုင်းသုတေသီများရဲ့ ရှာဖွေတွေ့ရှိမှုတွေကနေ ရရှိတဲ့ သမိုင်းအမွေအနှစ်များအတိုင်း အတိအကျ ဒီဇိုင်းဆွဲဖန်တီးထားကြတာဖြစ်ပါတယ်။
Dunhuang Academy ဆိုတာ တရုတ်နိုင်ငံ၊ Gansu ပြည်နယ်၊ Dunhuang ဒေသအနီးတစ်ဝိုက်မှာရှိတဲ့ ကမ္ဘာ့ UNESCO စာရင်းဝင် မိုးကောင်း (Mogao) လှိုဏ်ဂူတွေကိုအဓိက ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖွဲ့စည်းထားတဲ့ သုတေသီ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပိုးလမ်းမတစ်ကြော မှာရှိတဲ့ အလားတူ သမိုင်းအမွေအနှစ်များကိုလည်း တာဝန်ယူထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။ အဆိုပါ သမိုင်းအမွေအနှစ်တွေထဲမှာ နံရံဆေးရေးပန်းချီ၊ လူမှုအသုံးအဆောင်၊ သမိုင်းမှတ်တမ်း အစရှိသဖြင့် အဖိုးမဖြတ်နိုင်တဲ့ သမိုင်းအမွေအနှစ်များစွာပါဝင်ပြီး ခေတ်အဆက်ဆက် တရုတ်နိုင်ငံနဲ့ ကူးလူးဆက်ဆံခဲ့တဲ့ ကုန်သည်တွေ၊ သံတမန်နိုင်ငံတွေ၊ ပြည်တွင်းပြည်ပ လူမှုနေထိုင်မှုပုံစံတွေ စတဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အကြောင်းအရာများစွာကို မှတ်တမ်းမှတ်ရာ များစွာဖြင့်သိမ်းဆည်းထားပါတယ်။
- Lubu Divine Drum ဟာ တရုတ်ပြည်ရဲ့ နေရာအနှံ့မှာ ကျင်းပလေ့ခဲ့ရှိတဲ့ ဘာသာရေးနဲ့ဆက်နွှယ်နေတဲ့ ဗုံရိုးရာကို အခြေခံထားပါတယ်။
- Diao Chan Hu Xuan Dancer ဟာ အရှေ့အလယ်ပိုင်းဒေသကနေ တရုတ်ပြည်ကို လာရောက်ဖျော်ဖြေခဲ့ဖူးတဲ့ ကချေသည် တွေကို အခြေခံဖန်တီးထားပါတယ်။ အဆိုပါကချေသည်တွေရဲ့ Signature ဖြစ်တဲ့ကကွက်တွေကို Hu Xuan အကလို့ခေါ်သည့်အတွက် ဒီ Skin ကိုလည်း Hu Xuan Dancer လို့အမည်ပေးထားခြင်းဖြစ်ပါတယ်။
- Yaria Divine Deer ဟာ မဟာယာန ကျမ်းဂန်တွေထဲက သစ်တောတွေကို စောင့်ရှောက်တဲ့ နတ်သမင် ကို အခြေခံဖန်တီးထားတာဖြစ်ပါတယ်။
- Yuhuan Flying Asparas ဟာလည်းပဲ မဟာယာနကျမ်းဂန်တွေထဲမှာပါတဲ့ နတ်တေးသဘင်သည်တွေကို Dunhuang ဒေသရဲ့ နံရံဆေးရေးပန်းချီတွေအတိုင်း အခြေပြုဖန်တီးထားတာဖြစ်ပါတယ်။ ထေရဝါဒမှာဆို ဂန္ဓဗ္ဗ တွေနဲ့အလားတူပါပဲ။
Skin Quality တွေအနေနဲ့ Lu Bu, Diao Chan ကို Limited Legendary အနေနဲ့ ထုတ်ထားတာဖြစ်ပြီး Yaria ကိုတော့ 5v5 Epic, Yuhuan ကိုတော့ 2nd Anniversary Epic (Free) အနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်။
Global Version မှာတော့ Diao Chan နဲ့ပတ်သတ်ပြီး သတင်း မကြားရသေးပေမယ့် 19 ရက်နေ့မှာ Lu Bu နဲ့ Yaria ကို 20% နဲ့ Limited Sale စရောင်းပေးမှာ ဖြစ်ပြီး Yuhuan ကိုတော့ CN Server မှာအတိုင်း Free ပေးသွားမှာဖြစ်ပါတယ်။