မြန်မာနိုင်ငံမှာဆိုရင်တော့ Facebook ပလက်ဖောင်းကို အဓိကထားပြီး အသုံးပြုနေကြပေမဲ့ ထိုင်းနိုင်ငံမှာဆိုရင်တော့ LINE app ကို Facebook ပလက်ဖောင်းနဲ့ အပြိုင် သုံးစွဲနေကြပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှ digital marketer တော်တော်များက ထိုင်းကို ရောက်ရှိလာချိန်မှာ LINE app ကို အသုံးပြုနိုင်ဖို့အတွက် တနည်းအားဖြင့် adaptation ဖြစ်အောင် ကြိုးစားရပါတယ်။ မြန်မာမှာတော့ LINE app ကို messaging ပလက်ဖောင်းတစ်ခုအနေနဲ့ သိထားကြတာ ဆယ်ခုနှစ် နှစ်ခုလောက်ရှိနေပါပြီ။ တချို့သော marketer တွေကတော့ သိရှိထားပြီးသားဆိုပေမဲ့ တချို့တွေက LINE app ပေါ်မှာ ဘယ်လိုမျိုး branding တည်ဆောက်ရမလဲဆိုတာကို လုံးဝမသိကြသေးပါဘူး။
LINE app ကလည်း Facebook ပလက်ဖောင်းလိုမျိုး business page တွေကိုတည်ဆောက်ခြင်း၊ chat automation တည်ဆောက်ခြင်း၊ Ads တွေများစွာဖန်တီးခြင်း အစရှိတာတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါတွေလုပ်ဆောင်ဖို့ဆိုရင်တော့ Line Official Account ကနေတစ်ဆင့် ဝင်ရောက်ဖို့လိုပါတယ်။
LINE Official Account ဆိုတာက LINE app ပေါ်မှာ စီးပွားရေး page တစ်ခုအဖြစ်တည်ဆောက်အသုံးပြုနိုင်အောင် လုပ်ထားတဲ့ account တစ်မျိုးပါပဲ။ LINE official account ကို အမျိုးအစား အနေနဲ့ (၃)မျိုးခွဲခြားထားပါတယ်။ စစချင်း account ဖွင့်အသုံးပြုသူတွေအတွက်ကတော့ unverified account၊ မိမိရဲ့ business page ကို LINE ဘက်ကနေအတည်ပြုပြီးသားဆိုရင်တော့ verified account နှင့် ပိုမိုကြီးမားတဲ့ လုပ်ငန်းစုတွေဆိုရင်တော့ premium account ဆိုပြီး အသုံးပြုနေကြပါတယ်။ အများစုကတော့ verified account ကိုသာ အသုံးများကြပါတယ်။
LINE app မှာ အခြားသော ပလက်ဖောင်းတွေနဲ့ မတူစေတဲ့အချက်က rich media ကို သုံးလို့ရနေတာပါ။ ဒါကြောင့်မို့ message အစောင်အရေအတွက် များများအသုံးပြုချင်တဲ့ သူတွေအတွက်ကတော့ pro account ဝန်ဆောင်မှုကို အသုံးပြုကြပါတယ်။
ကျွန်တော်တို့ The PRISM ကနေလည်း အခု စာဖတ်သူလူကြီးမင်းတို့အတွက် LINE official account က ဘယ်လိုမျိုး လုပ်ငန်းအမျိုးအစားတွေက အသုံးပြုရင် အဆင်ပြေနိုင်လဲဆိုတာကို ဒီစာကို မရေးခင် အနည်းအကျဉ်း လေ့လာထားပါတယ်။ ပထမဆုံးကတော့ စားသောက်ဆိုင် နှင့် ကော်ဖီဆိုင်ဖြစ်ပါတယ်။ Digital Menu ကို အလွယ်တကူဖန်တီးနိုင်ပြီး စားသုံးသူတွေဘက်ကလည်း အလွယ်တကူပဲ digital menu ကို ကြည့်ရှုပြီး အော်ဒါတင်နိုင်တာကြောင့် စားသောက်ဆိုင် နှင့် ကော်ဖီဆိုင် လုပ်ငန်းအမျိုးအစားဟာ ထိပ်ဆုံးစာရင်းဝင်နေတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေပါ။ တတိယအနေနဲ့ကတော့ ခရီးသွားလာရေး ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်း နှင့် အိမ်ခြံမြေ အကျိုးတော်ဆောင် လုပ်ငန်းတွေဖြစ်ပါတယ်။ နောက်ဆုံးကတော့ ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် အချို့သောကျောင်းတွေကို လူကိုယ်တိုင် အပ်စရာမလိုပဲ LINE app ကို အသုံးပြုပြီး အပ်လို့ရအောင် လုပ်ထားကြပါတယ်။ ဒီအချက်ကတော့ တော်တော်လေးအဆင်ပြေပါတယ်။
The PRISM ရဲ့ LINE official account မှာ အသုံးပြုနိင်တဲ့ features တွေကို ပြောပါဆိုရင်တော့ ပုံမှာဖော်ပြထားသလိုပဲ digital menu ကိုဖန်တီးပြီးတော့ မိမိရဲ့ ဝန်ဆောင်မှု နဲ့ ကုန်ပစ္စည်းအကြောင်းတွေကို instant ပြနိုင်ခြင်း၊ PCS လို့ခေါ်တဲ့ point collecting systems ကို အသုံးပြပြီးတော့ reward card တွေကို ဖန်တီးပြီး မိမိရဲ့ ဖောက်သည်တွေကို retain လုပ်နိုင်ခြင်း၊ digital discount coupon ဖန်တီးပြီးတော့ မိမိရဲ့ loyalty customer တွေကို giveaway ပေးတာမျိုးတွေလုပ်နိုင်ခြင်း၊ နောက်ဆုံးသဘောကျမိတဲ့အချက်ကတော့ auto reply တွေကို chatbot တစ်ခုလိုမျိုးတည်ဆောက်ပြီးတော့ အချိန်နဲ့တပြေးညီ ဆက်သွယ်နိုင်ခြင်းတွေဖြစ်ပါတယ်။ နောက်ထပ် features တွေရှိပေမဲ့ အခုရှင်းပြသွားတဲ့ features တွေကတော့ The PRISM ရဲ့ အကြိုက်ဆုံးသော features တွေဖြစ်ပါတယ်။
အနှစ်ချုပ်မရေးခင် အရမ်းကို အသုံးတည့်တဲ့ features တစ်ခုကတော့ LINE LIFF လို့ခေါ်တဲ့ feature တစ်ခုပါ။ အဲတာက LINE official account ရဲ့ chat မှာ မိမိရဲ့ website ကို embed လုပ်ထားရင် သုံးစွဲသူတွေက ထို chat ကနေတစ်ဆင့် website ကိုလည်း ကြည့်ရှုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် Paragon Cineplex ဆိုရင် LINE LIFF ကိုအသုံးပြုပြီးတော့ ရုပ်ရှင်လက်မှတ်ဝယ်တာမျိုးတွေပါ လုပ်ထားပါတယ်။
အကျဉ်းချုပ်အနေနဲ့ပြောရရင်တော့ မြန်မာကနေ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ digital marketer တွေနဲ့ social media marketing ကို သဘောကျ၊ စိတ်ဝင်စားတဲ့သူတွေဆိုရင် LINE app ကိုတင်မကပဲ LINE official account ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ဖို့လိုပါတယ်။ နောက်ပိုင်းတွေမှာလည်း The PRISM ကနေကြိုးစားပြီးတော့ LINE official account နဲ့ ပတ်သက်ပြီး သင်တန်းတွေဖွင့်ဖို့ စီစဉ်ထားပါတယ်။ထို့အပြင် စာဖတ်သူလူကြီးမင်းတို့ထဲမှာလည်း LINE official account ကိုအသုံးပြုပြီးတော့ LINE app မှာ မိမိရဲ့ စီးပွားရေးနှင့် ဝန်ဆောင်မှုတွေကို ချဲ့တွင်ချင်တယ်ဆိုရင်တော့ The PRISM ကိုသာ ဆက်သွယ်လိုက်ပါ….🤝
Be the first to know and let us send you an email when The PRISM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.