HEC Book Club

HEC Book Club HEC Book Club (Est. 2025)
March, June, September, December
Mandalay Archdiocesan Higher Education College

12/03/2025

ကျယ်ကျယ်ပြန့်ပြန့် စာဖတ်ခြင်း (Extensive Reading)
Essayist - Paul Nhkum Myu San

စာဖတ်ခြင်းသည် ကျွန်ုပ်တို့ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သော အရေးကြီးသော ကျွမ်းကျင်မှုဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့်စာဖတ်ခြင်း (extensive reading)သည် အသိပညာကို တိုးပွားတိုးပွားစေရုံသာမက ဘာသာစကားကျွမ်းကျင်မှုကိုလည်း တိုးတက်စေသည်။ ထို့အပြင် စာဖတ်ခြင်းဖြင့် စိတ်ကူးစိတ်သန်းကောင်းစေပြီး အသိပညာဗဟုသုတ တိုးလာစေသည်။ မြန်မာစကားပုံအတိုင်း "ပြေးကြည့်စရာမလို၊ တွေးကြည့်ရုံနဲ့သိ"ဆိုသော ဉာဏ်ရည်ရှိသူများသည် မွေးကတည်းက ပါရမီအရ တတ်သိနေကြသည်မဟုတ်ဘဲ စာကို ကျယ်ကျယ်ပြန့်ပြန့်ဖတ်ခြင်းကြောင့်သာဖြစ်သည်။ ဤတွင် ဝမ်းနည်းစရာကောင်းသည်မှာ ကျွန်တော်အပါအဝင် ‌ယနေ့ခေတ် လူငယ်အများစုက စာဖတ်ခြင်းကို အလေးမထားကြပေ။ ဖတ်နည်းကို မသိသောကြောင့် ဖြစ်မည်ထင်ပါသည်။ ထို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့်စာဖတ်ခြင်းကို လုပ်ဆောင်ရန် နည်းလမ်းများ သိရှိရန်လိုအပ်သည်။

ယနေ့ခေတ် လူငယ်အများစုက စာဖတ်ခြင်းကို ပျင်းစရာကောင်းသောအရာဟု တွေးမြင်ကြသည်။ ထိုသို့ဖြစ်ခြင်းကို ဖြေရှင်းရန် မိမိ၏စိတ်ကို စာဖတ်ခြင်းသည် ပျော်စရာကောင်းသော၊ စိတ်ဝင်စားစရာကောင်းသောအရာအဖြစ် ရှုမြင်တတ်ရန် လိုအပ်သည်။ စာဖတ်ရာတွင်လည်း မိမိစိတ်ဝင်စားသော စာအုပ် သို့မဟုတ် ပုံများ၍ ပါးလွှာသော မဂ္ဂဇင်းများကို ရွေးချယ်ဖတ်ရှုခြင်းဖြင့် စာဖတ်ခြင်းကို ပိုမိုစိတ်ဝင်စားကာ စာဖတ်ရသည်ကို ပျော်လာနိုင်သည်။

နေ့စဉ် စာဖတ်ချိန်သတ်မှတ်ပေးခြင်းဖြင့် စာဖတ်ခြင်းအလေ့အထကို မွေးမြူနိုင်သည်။ အလေ့အထတစ်ခုကို ရက်(၃၀) အတွင်း ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်သည်။ စာဖတ်ချိန်တွင် စာဖတ်ခြင်းက ကျွန်ုပ်တို့အား ဝန်ထုပ်တစ်ခုလို မဖြစ်စေဘဲ အမြဲလိုလို စာဖတ်ချင်စိတ်ကို အချိန်မှန်မှန်နှိုးဆော်ပါလိမ့်မည်။ အစတွင် တစ်ရက်ကို မိနစ် (၂၀) ခန့်မှ စ၍ တဖြည်းဖြည်း အချိန်ကိုတိုးခြင်းဖြင့် စာဖတ်ခြင်းအလေ့အထရရှိမည် ဖြစ်သည်။

စာဖတ်ရန် သင့်လျော်သော နေရာတစ်ခုကို ဖန်တီးပေးခြင်းသည် စာဖတ်ခြင်းကို အားပေးရာရောက်သည်။ စာဖတ်ချိန်၌ စိတ်ကူးစိတ်သန်းကောင်းရန် လိုအပ်ပြီး ဆူညံသံများရှိနေပါက အနှောက်အ‌ယှက်ဖြစ်စေမည်ဖြစ်သည်။ နောက်တစ်ချက်မှာမူ အလင်းရောင်ကောင်းစွာရရှိရန် လိုအပ်သည်။ အလင်းရောင်ကောင်းစွာမရလျှင် မျက်လုံးအတွက် ဆိုးကျိုးရှိစေပြီး အာရုံစူးစိုက်မှုအတွက် မကောင်းပေ။ ထို့ကြောင့် အလင်းရောင်လုံလောက်သော ဆူညံသံမရှိသောနေရာကို စာဖတ်ရန်အတွက်လိုအပ်သည်။

လူတိုင်းအကြိုက်ချင်း မတူညီခြင်းကြောင့် စာဖတ်ခြင်းကို လျစ်လျူရှုစရာ မလိုပေ။ ယနေ့လို နည်းပညာတိုးတက်နေသောခေတ်တွင် ebook reader, online library အစရှိသော app များတွင်လည်းကောင်း၊ social media ပေါ်တွင်လည်းကောင်း၊ စာအုပ်များဖြင့်လည်းကောင်း ပုံစံမျိုးစုံဖြင့် ဖတ်နိုင်သည်။ အချိန်မရွေး၊ နေရာမရွေး စာဖတ်နိုင်ပြီး မိမိကြိုက်နှစ်သက်ရာစာအုပ်ကို အလွယ်တကူ ရယူနိုင်ခြင်းကလည်း နည်းပညာ၏တိုးတက်မှု ဖြစ်သည်။ နည်းပညာကို အကျိုးရှိစွာ အသုံးချရန် လိုအပ်သည်။

တချို့သောလူများသည် စာဖတ်ခြင်းကို ဝါသနာပါကြသော်လည်း လက်တွေ့ဘဝနှင့် ဆက်စပ်မှုမရှိ ဖြစ်နေတတ်သည်။ ထိုသို့ဖြစ်လျှင် စာဖတ်ခြင်းသည် "ရေတွင်းနား ရေငတ်"ဆိုသလို အချည်းနှီးဖြစ်မည်ပင်ဖြစ်သည်။ ဤကဲ့သို့ မဖြစ်ရလေအောင် မိမိဖတ်သော စာအုပ်များကို ဘဝနှင့်၊ အတွေ့အကြုံများနှင့် ဆက်စပ်ရန်ကြိုးစားရမည်။ စာအုပ်ရွေးချယ်မှုနှင့်လည်း ဆိုင်မည်ထင်ပါသည်။ အပြင်လောကတွင် တကယ်မရှိသော ဖွဲ့နွဲ့သော ဝတ္ထုဇာတ်လမ်းများဖတ်သောအချိန်၌ပင် စာရေးဆရာ၏အရေးအသားကိုလေ့လာပြီး မိမိဘာသာပြန်ရေးခြင်း၊ အတုယူခြင်းများ လုပ်ဆောင်နိုင်သည်။ စာဖတ်ခြင်းကို ဖတ်ခြင်းဖြင့်သာ မပြီးသွားဘဲ လက်တွေ့လုပ်ဆောင်မှုများ လိုအပ်သည်ဟု ထင်ပါသည်။

နိဂုံးချုပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်စာဖတ်ခြင်းကို အားပေးမြှင့်တင်ရန် ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ အထက်ဖော်ပြပါ အချက်များကို လိုက်နာပြီး စာဖတ်ခြင်းကို စနစ်တကျလုပ်ဆောင်သင့်သည်။ စာဖတ်ခြင်းသည် အလွန်အရေးကြီးသောအရာ ဖြစ်သည်နှင့်အညီ စာဖတ်ခြင်းကိုမြတ်နိုးသော လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရန်လိုအပ်သည်။ ထိုမှသာ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံကို ကျွန်တော်တို့၏ ကျယ်ပြန့်သောစာဖတ်ခြင်းမှရရှိသော ဗဟုသုတများနှင့် တည်ဆောက်နိုင်မည် ဖြစ်ပေတော့သည်။

Paul Nhkum Myu San
Third Year Group B (2025)
HEC- Higher Education College

HEC Book Club Meeting - 1Date: March 22, 2025 (Saturday)Time: 10 AMVenue: HECBook title: Silent Spring Author: Rachel Ca...
12/02/2025

HEC Book Club Meeting - 1
Date: March 22, 2025 (Saturday)
Time: 10 AM
Venue: HEC
Book title: Silent Spring
Author: Rachel Carson
Genre: Nonfiction
Scope: Environmental science
Eligible members: All HEC teachers, students, alumni

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when HEC Book Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share