HZ YOUTH

HZ YOUTH Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HZ YOUTH, Media/News Company, .

HPYA 1999 -2008
Hnaring Parish Youth Association
HKPYA 2008-2010
Hnaring Khanrang Parish Youth Association -HKLPYA 2010-2011
Hnaring Khanrang Leikang Parish Youth Association IPCYA 2011-2023
Inter Parish Catholic Youth Association HZCYA 2023
Hnaring Zone

30/08/2025
ရဟန်းမင်းကြီးလေအို (၁၄) မှခရစ်ယာန်နိုင်ငံရေးသမားများသို့ပန်ကြား (Pope to Christian politicians: ‘Values’ without Christ ...
29/08/2025

ရဟန်းမင်းကြီးလေအို (၁၄) မှခရစ်ယာန်နိုင်ငံရေးသမားများသို့ပန်ကြား (Pope to Christian politicians: ‘Values’ without Christ cannot change the world/Vatican news)
ယေဇူးသခင်၏သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ရယူ‌ပေးခဲ့သောကယ်တင်ခြင်း ကျေးဇူးသည် လူသားတို့၏ယဉ်ကျေးမှု၊ စီးပွားရေး၊ အလုပ်အကိုင်၊ မိသားစုအရေး၊ အိမ်ထောင်ရေး၊ လူ့အသက်၊ လူ့ဂုဏ်သိက္ခာ၊ ကျန်းမာရေးမှသည်ပေါင်းသင်းဆက်ဆံရေး၊ ပညာရေး၊ နိုင်ငံရေးစသည်တို့ကို ဘက်စုံလွှမ်းခြုံထားကြောင်းရဟန်းမင်းကြီးကပြင်သစ်နိုင်ငံ၏ရွေးကောက်ခံအစိုးရဌာနမှအာဏာပိုင်များနှင့်တွေ့ဆုံစဉ်မိန့်ကြားခဲ့သည်။
၄င်းတို့သည်ဂျူဗလီပွဲကိုကျင်းပရန်ရောမမြို့သို့ရောက်ရှိနေခြင်းဖြစ်သည်။ ယုံကြည်ခြင်းခရီး နှင့်စပ်လျင်း၍ယခုဘုရားဖူးခရီးပြီးဆုံးပြီး မိမိတို့၏နေ့စဉ်တာ၀န်များကိုပြန်လည်ထမ်းဆောင်ရာ၌ မျှော်လင့် ချက်ဖြင့်ခွန်အားများရယူဆက်ကပ်လုပ်ဆောင်ကြရန်၊ တရားမျှသော၊ လူသားဆန်စိတ်အပြည့်ရှိသော၊ ညီ အစ်ကိုရင်းချာစိတ်ဖြင့်ပြည့်သောကမ္ဘာကြီးကိုတည်ဆောက်ကြရန်၊ ဤသို့လုပ်ဆောင်ခြင်းသည် ဧ၀ံဂေလိ တရားနှင့်ယှက်နွယ်နေခြင်းဖြစ်သည်ဟုမိန့်ကြားခဲ့သည်။

ယေဇူးသခင်ထံသို့လှည့်၍သူ၏အကူအညီကိုတောင်းခံပါ။
‘အလွန်အကျွံ’ လုပ်ဆောင်တတ်သည့်ယဉ်ကျေးမှုအားကောင်းလွန်းသည့် အနောက်တိုင်းလူ့ အဖွဲ့အစည်းနှင့်စပ်လျင်း၍ရဟန်းမင်းကြီးက ခရစ်ယာန်များအနေဖြင့်ခရစ္စတူးမပါလျှင်ဘာမျှမစွမ်းနိုင်။ ထို့ ကြောင့်ခရစ္စတူးသခင်ထံသို့လှည့်၍သူ၏အကူအညီကိုတောင်းခံလျှက် နေ့စဉ်တာ၀န်၀တ္တရားများကိုအ ကောင်းဆုံးထမ်းဆောင်ကြရန်၊ ခရစ္စတူးသခင်ကိုပွေ့ပိုက်ထားခြင်းအားဖြင့် လူမှုရေးလုပ်ငန်းများကိုထမ်း ဆောင်ရသော်လည်းတစ်ကိုယ်ရည်အောင်မြင်မှု၊ ကြွယ်၀မှုအတွက်ကိုသာရှာဖွေမည်မဟုတ်ဘဲ မိမိတို့အ လုပ်အကျွေးပြုရသောသူတို့၏အကျိုးကိုလည်းပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးလာနိုင်မည်။
ဆေးကြောခြင်းမဂ်လာခံယူစဉ်ကတစ်ပါတည်းထည့်သွင်းပေးခဲ့သောချစ်ခြင်းမေတ္တာပါရမီကြောင့် လူမှုရေးနှင့်နိုင်ငံရေး၌လည်းချစ်ခြင်းမေတ္တာပါရှိရမည်။ ခရစ်ယာန်နိုင်ငံရေးသမားများအနေဖြင့် မိမိတို့၏ယုံ ကြည်ခြင်းကိုကျင့်ကြံရှင်သန်၍သက်သေပြသကဲ့သို့ ကမ္ဘာကြီးလက်ရှိ၌တွေ့ကြုံနေရသောစိန်ခေါ်ချက်များ ကိုရင်ဆိုင်ဖြေရှင်းရန်အသင့်ပြင်ဆင်ထားရမည်။ ဧ၀ံဂေလိတရားတော်ကိုလုပ်ဆောင်သည်ဆိုသော်လည်း ခရစ္စတူးမပါရှိလျှင် ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲနိုင်သည်စွမ်းအားမဲ့နေမည်။ ထို့ကြောင်ဧ၀ံဂေလိတရား တော်၏တန်ဖိုးကိုတိုးမြှင့်လုပ်ဆောင်ရန်သတိပေးထားသည်။

ယုံကြည်ခြင်း၌အားမွေးမြူပါ။
ရွေးချယ်ခံအစိုးရအနေဖြင့် ၄င်းတို့သက်၀င်ယုံကြည်သောဘာသာတရား၏သွန်သင်ချက်နှင့် အညီတထပ်တည်းကျအောင်လုပ်ဆောင်ရန်မှာမလွယ်ကူလှ။ အထူးသဖြင့် အနောက်တိုင်းလူမှုအသိုင်းအ ၀ိုင်း၌လုံး၀မလွယ်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ္စတူးသခင်နှင့်သူ၏သာသနာကိုဘေးဖယ်ကျင်ကြ၊ လစ်လျှူရူကြ၊ အခါအားလျှော်စွာလှောင်ပြောင်လည်းခံရသည်။
သို့သော် ခရစ္စတူးသခင်နှင့်ပေါင်းစည်းနိုင်သမျှပေါင်းစည်းကြရန်၊ ခရစ္စတူးသခင်နှင့်အတူရှင် သန်ရန်၊ ခရစ္စတူးသခင်ကိုသက်သေခံရန်၊ ခရစ်ယာန်နိုင်ငံရေးသများအဖို့ ခရစ်ယာန်တစ်ဦး၏အကျင့်အကြံ နှင့်ပြည်သူ့၀န်ထမ်းခြင်းသည်ခွဲခြား၍မရသောအသက်တာဖြစ်ကြောင်း၊ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်း၌ ခွန်အားယူရန်၊ သာသနာ၏သွန်သင်ချက်များကိုလေးနက်စွာဆင်ခြင်၍သဘောပေါက်လိုက်နာကြရန်၊ အထူး သဖြင့်လူမှုရေးသွန်သင်ချက်များကိုလေ့လာသိရှိထားရန်၊ ယေဇူးသခင်သည် ကမ္ဘာကြီးအားအဘယ်သို့သွန် သင်ထားကြောင်းသိရှိပြီး နိုင်ငံ့တာ၀န်များထမ်းဆောင်ရာ၌လည်းကောင်း၊ ဥပဒေများရေးဆွဲပြဌာန်းရာ၌ လည်း လက်တွေ့ကျင့်ကြံကြရန်၊ သွန်သင်ချက်များအားလုံးသည် လူ့သဘာ၀နှင့်သဘာ၀တရားများအပေါ် အခြေခံထားသည်ကိုသိရှိရန်၊ ခံယူချက်မှန်ကန်စွာဖြင့်တင်ပြတောင်းဆိုရန်၊ ကာကွယ်ရပ်တည်ရန်လည်းမ ကြောက်မရွံ့ရန်၊ ကယ်တင်ခြင်းတရား၏သွန်သင်ချက်သည် လူသားတိုင်း၏ကောင်းကျိုးအတွက်၊ ငြိမ်းချမ်း သော၊ သဟဇာတဖြစ်သော၊ စည်ပင်၀ပြောသော၊ ရင်ကြားစေ့ရေးကိုဦးတည်သောအဖွဲ့လူမှုအဖွဲ့အစည်းများ ကိုတည်ဆောက်ကြရန်အားပေးတိုက်တွန်းမြွတ်ကြားခဲ့သည်။



HPYA ရွှေရတု ဂျူဘီလီပွဲတော်အတွက် ရံပုံငွေ ကော်မတီ ပထမအကြိမ်စည်းဝေး
29/08/2025

HPYA ရွှေရတု ဂျူဘီလီပွဲတော်အတွက် ရံပုံငွေ ကော်မတီ ပထမအကြိမ်စည်းဝေး



ဗာတီကန်စီးတီးနိုင်ငံ ဘယ်လိုပေါ်ပေါက်ခဲ့တာလဲကမ္ဘာပေါ်မှာ တရားဝင်သတ်မှတ်ထားတဲ့ ဧရိယာအငယ်ဆုံးနိုင်ငံလို့ ဆိုလိုက်တာနဲ့ ဗာတီ...
29/08/2025

ဗာတီကန်စီးတီးနိုင်ငံ ဘယ်လိုပေါ်ပေါက်ခဲ့တာလဲ

ကမ္ဘာပေါ်မှာ တရားဝင်သတ်မှတ်ထားတဲ့ ဧရိယာအငယ်ဆုံးနိုင်ငံလို့ ဆိုလိုက်တာနဲ့ ဗာတီကန်စီးတီး ဆိုတာကို အများစု သိထားကြပြီးဖြစ်ပါလိမ့်မယ်။

ဒီနိုင်ငံငယ်လေးဟာ ဧရိယာအနေနဲ့ ဝ.၂ စတုရန်းမိုင်ခန့်သာ ကျယ်ဝန်းပြီး လူဦးရေကလည်း ၈၀၀ ကျော်သာ နေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။

ဒီလို နေရာ ကျဉ်းကျဉ်းလေး နဲ့ လူဦးရေ ရာဂဏန်းသာရှိပေမယ့် အချုပ်အခြာအာဏာပိုင် နိုင်ငံတခု ဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲ။

အစပိုင်းမှာ ဗာတီကန်စီးတီး (Vatican City) ဟာ ပုပ်ရဟန်းမင်းနယ် (Papal States) လို့ခေါ်တဲ့ ရိုမန်ကက်သလစ်အသင်းတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရောမမြို့ အပါအဝင် အီတလီရဲ့ နယ်မြေအများအပြားကို ထိန်းချုပ်ထားခဲ့ပါတယ်။

ဒါပေမယ့် ၁၉ ရာစုမှာ အီတလီဟာ Risorgimento လို့ခေါ်တဲ့ နိုင်ငံစုစည်းရေးလှုပ်ရှားမှုကို စတင်ခဲ့ပြီး ၁၈၇၀ ခုနှစ်မှာ ရောမကို သိမ်းပိုက်လိုက်ကာ အီတလီဘုရင့်နိုင်ငံ ရဲ့ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီအချိန်မှာ ပုပ်ရဟန်းမင်းကြီး Pius IX က ဒီလိုအာဏာဆုံးရှုံးမှုကို လက်မခံခဲ့ဘဲ သူ့ကိုယ်သူ ဗာတီကန်အကျဉ်းသား (Prisoner in the Vatican) လို့ ကြေညာခဲ့ပါတယ်။

သူဟာ ဗာတီကန်နန်းတော် ထဲမှာပဲ ပိတ်လှောင်နေထိုင်ခဲ့ပြီး အီတလီနိုင်ငံ နဲ့ ဆက်ဆံမှုကို တရားဝင် ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒီလိုပဋိပက္ခ အခြေအနေဟာ နှစ်ပေါင်း ၆၀နီးပါး ကြာမြင့်ခဲ့ပါတယ်။

ဒါပေမယ့် ၁၉၂၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှာတော့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ လက်တရန်သဘောတူညီချက် (Lateran Treaty) စာချုပ်ပဲ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို ပုပ်ရဟန်းမင်းကြီး Pius XI ကိုယ်စား Holy See ရဲ့ နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် Pietro Gasparri နဲ့ အီတလီနိုင်ငံရဲ့ ဝန်ကြီးချုပ် Benito Mussolini တို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီသဘောတူညီချက်က ဗာတီကန်စီးတီး ကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုပေးခဲ့သလို ရိုမန်ကက်သလစ်အသင်းတော် ကို အီတလီနိုင်ငံအတွင်း ဘာသာရေးလွတ်လပ်ခွင့်အတွက် အာမခံပေးခဲ့ပါတယ်။

ဒီလိုနဲ့ ဗာတီကန်စီးတီး ဟာ ရိုမန်ကက်သလစ်အသင်းတော် ရဲ့ အုပ်ချုပ်ရေး ဗဟိုချက်အဖြစ် ရပ်တည်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီသဘောတူညီချက်အရ မူလ ပုပ်ရဟန်းမင်းနယ် (Papal States) ဆုံးရှုံးမှုအတွက် အီတလီနိုင်ငံ က ဘဏ္ဍာရေးလျော်ကြေးငွေတွေ ပေးအပ်ခဲ့တာကြောင့် နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို တခန်းရပ်စေခဲ့ပါတယ်။

ဗာတီကန်စီးတီး ဟာ နိုင်ငံအဖြစ် ပေါ်ပေါက်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။




အမေရိကန်ရှိ ကက်သလစ်ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်−−−−−−−−−−−−−−−−−−−−−−−−−အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မင်နီအပလစ်မြိ...
28/08/2025

အမေရိကန်ရှိ ကက်သလစ်ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်
−−−−−−−−−−−−−−−−−−−−−−−−−
အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မင်နီအပလစ်မြို့တွင် ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက ဝတ်ပြုဆုတောင်းနေစဉ် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင်ကလေး ၂ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကာ သေနတ်သမားသည် နောက်ဆုံးတွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

ကလေးများ သေဆုံးခဲ့ကြောင်း မြို့တော်ဝန်က အတည်ပြုခဲ့သလို ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် သေနတ်သမားအပါအဝင် ၃ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

မင်နီအပလစ်ရဲချုပ် ဘရိုင်ယန်အိုဟာရာက အသက် ၂၀ ဝန်းကျင်ခန့်ရှိသည့် သေနတ်သမားသည် မြို့တောင်ဘက် တွဲဖက်ကျောင်းဝင်းအတွင်းရှိ ဘုရားကျောင်းတွင် ကျောင်းသား ဒါဇင်ပေါင်းများစွာ ဝတ်ပြုဆုတောင်းနေချိန်တွင် Annunciation Church ထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မီဒီယာများကို ပြောကြားသည်။

“အသက် ၈ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးဟာ သူတို့ ဝတ်ပြုနေတဲ့ နေရာမှာပဲသေဆုံးခဲ့တယ်” ဟု အိုဟာရာ ပြောသည်။ ကလေး ၁၄ ဦးအပါအဝင် ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများ အသက်ရှင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ၎င်းကဆိုသည်။

ရိုင်ဖယ်၊ သေနတ်နှင့် ပစ္စတိုများ ကိုင်ဆောင်ထားသည့် သေနတ်သမားသည် ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ်၃၀ ခန့်က ထိုင်ခုံများတွင် ဝတ်ပြုဆုတောင်းနေသည့် ကလေးများကို ပြတင်းပေါက်မှ ကျည်ဆန်ဒါဇင်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး မိမိကိုယ်ကို သတ်သေသွားကြောင်း ရဲချုပ်အိုဟာရာက ပြောသည်။

အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ကက်ရှ်ပက်တယ်က ၎င်းတို့ဌာနအနေဖြင့် ယခုပစ်ခတ်မှုကို “ပြည်တွင်းအကြမ်းဖက်မှုနှင့် ကက်သလစ် ဘာသာဝင်များအပေါ် မုန်းတီးမှုဖြင့် ပစ်မှတ်ထားသော တိုက်ခိုက်မှု” အဖြစ် စုံစမ်းစစ်ဆေးနေသည်ဟု ပြောသည်။

မင်နီဆိုတာပြည်နယ် အုပ်ချုပ်ရေးမှူး တင်ဝေါ့ဇ်က “ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုကြောင့် ကျောင်းစတက်တဲ့ ပထမဆုံးရက်သတ္တပတ်မှာ ဆုံးပါးသွားတဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေနဲ့ ဆရာဆရာမတွေအတွက် ဆုတောင်းပေးနေပါတယ်” ဟု ပြောသည်။

သမ္မတ ဒေါ်နယ်ထရမ့်က ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ “အက်ဖ်ဘီအိုင်က အလျင်အမြန် တုံ့ပြန်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေပါပြီ၊ အိမ်ဖြူတော်က ဒီဆိုးရွားတဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်သွားပါမယ်” ဟု လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ညနေပိုင်းတွင် ထရမ့်က “အဓိပ္ပါယ်မဲ့ အကြမ်းဖက်မှုကြောင့် သားကောင်ဖြစ်ခဲ့သူများကို ဂါရဝပြုသည့်အနေဖြင့်” အလံများကို အလံတိုင်တစ်ဝက်တွင် လွှင့်ထူရန် အမိန့်ပေးခဲ့သည်။

X တွင် တင်ထားသော ပို့စ်တစ်ခုတွင် အိမ်ဖြူတော်က ထရမ့်သည် ဩဂုတ် ၃၁ ရက် နေဝင်ချိန်အထိ အစိုးရအဆောက်အအုံအားလုံးရှိ အလံများကို တိုင်ဝက်သာလွှင့်ထူရန် အမိန့်ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြထားသည်။

ကက်သလစ်ဘုရားကျောင်း၏ ပထမဆုံးသော အမေရိကန် ခေါင်းဆောင်ဖြစ်သည့် ပုပ်ရဟန်းမင်းကြီး လီယို-၁၄ က အဆိုပါပစ်ခတ်မှုကြောင့် "အလွန်ဝမ်းနည်းမိသည်" ဟု ဩဂုတ် ၂၇ ရက်တွင် ပြောသည်။

မင်နီဆိုတာပြည်နယ်၏ အကြီးဆုံးမြို့တော် မင်နီအပလစ်မြို့အရှေ့တောင်ပိုင်းမှ လူနေရပ်ကွက်တစ်ခုရှိ ကက်သလစ်ဘုရားကျောင်းနှင့် ချိတ်ဆက်ထားသည့် အဆိုပါ Annunciation Catholic School ဟုခေါ်သည့် ပုဂ္ဂလိကမူလတန်းကျောင်းတွင် ကျောင်းသား ၃၉၅ ဦးခန့်ရှိပြီး ကျောင်းစဖွင့်ပြီး ၂ရက်အကြာတွင် ယခုပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပုံစာ − ပစ်ခတ်မှုဖြစ်အပြီး သေဆုံးသွားသည့် ကလေးငယ်များ၏ မိသားစုဝင်များနှင့် သူငယ်ချင်းများကိုတွေ့ရပုံ။ (ဓာတ်ပုံ − EPA)

28/08/2025
HZCYA Star Season 2 ပြိုင်ပွဲဝင်လိုသူများ မကြာခင် စာရင်းပေးသွင်းဖို့ အသင့်ဖြစ်ကြပြိလား
20/08/2025

HZCYA Star Season 2 ပြိုင်ပွဲဝင်လိုသူများ မကြာခင် စာရင်းပေးသွင်းဖို့ အသင့်ဖြစ်ကြပြိလား

19.8.2025Congratulations Dear Sr.M.Maria DrosteSr.M.ValentinaSr.M.Marcinda Sr.M.KevinSr.M.Christine for your 25 years of...
19/08/2025

19.8.2025
Congratulations Dear
Sr.M.Maria Droste
Sr.M.Valentina
Sr.M.Marcinda
Sr.M.Kevin
Sr.M.Christine
for your 25 years of Consecrated life.
🌹🌹🌹
ယနေ့၌ ရန်ကုန်မြို့ရှိ ကောင်းသောသိုးထိန်း သီလရှင်ကျောင်း၌ သီလရှင်(၅)ပါး၏ငွေစင်ဂျူဘီလီပွဲကို မစ္ဆားတရား တော်မြတ်တင်ပူဇော်လျက် ဘုရားရှင်အားကျေးဇူးတင်ချီးမွမ်းခဲ့ကြပါသည်။။
(၂၅)နှစ် ငွေစင်ဂျူဘီလီတိုင်အောင် ကောင်းသောသိုးထိန်းစိတ်ဓါတ်ဖြင့် ဆက်ကပ်အစေခံနိုင်သည့်အတွက် ဘုရားရှင်အားကျေးဇူးတင်အပ်ပါသည်။ ဂျူဘီလီကျေးဇူးတင်မစ္ဆားတရားတော်မြတ်အား ရန်ကုန်ဂိုဏ်းချုပ်ကက်သလစ်သာသနာ အဖဆရာတော်ကာဒီနယ် ချားလ်မောင်ဘိုမှဦးဆောင်၍ မောင်လမြိုင် ဂိုဏ်းအုပ်ကက်သလစ်သာသနာ ဆရာတော် မောရစ် ညွန့်ဝေ နှင့် ရဟန်းတော် (၁၆)ပါးတို့မှ တင်ပူဇော်ပေးခဲ့ကြပါသည်။
မစ္ဆားပူဇော်ပေးပါသော အဖဆရာတော်များနှင် ဘုန်းတော်ကြီးများ၊ ထို့ပြင် ဂျူဘီလီကျေးဇူးတင်မစ္ဆားတရားတော်မြတ်၌ပါဝင်ပေးကြသော သူတော်စင်သီလရှင်များ၊ ကျေးဇူးရှင်မိဘ၊ မောင်နှစ်မ၊ဆွေမျိုးများ၊မိတ်ဆွေကျေးဇူးရှင်များအားလုံး အားလည်း ကောင်းသောသိုးထိန်းသီလရှင်များမှကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။
ဂျူဘီလီ၏ကျေးဇူးတော်၊ ကောင်းချီးတော်များ အစဥ်ခံစားရှိပါစေ။
အာမင်။
ကောင်းသောသိုးထိန်းမိသားစု RGS


19/08/2025

Address


Website

Alerts

Be the first to know and let us send you an email when HZ YOUTH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share