MM DDay News

MM DDay News We will give you the latest knowledge.

ကောင်လေးက ဧရာဝတီသား တောထဲမှာရှိချိန်ကောင်မလေးက ကချင်ပြည်နယ်ကတိုင်းရင်းသူလိုင်းပေါ်က‌နေ စကားပြောရင်း ချစ်သူဖြစ်ကြတာချစ်သူ...
02/04/2023

ကောင်လေးက ဧရာဝတီသား တောထဲမှာရှိချိန်
ကောင်မလေးက ကချင်ပြည်နယ်ကတိုင်းရင်းသူ
လိုင်းပေါ်က‌နေ စကားပြောရင်း ချစ်သူဖြစ်ကြတာ

ချစ်သူဖြစ်ပြီး ၂လပဲကြာတယ် ကချင်ပြည်ကနေ
ကောင်လေးရှိတဲ့ဒေါနတောထဲကို တစ်ယောက်တည်း
လိုက်ချလာတဲ့ ကချင်တိုင်းရင်းသူလေးပေါ့
ကျွန်တော်တို့တပ်ခွဲမှာလဲ သူတို့စုံတွဲလေးက
ပထမဆုံးဇနီးမောင်နှံအဖြစ် စခန်းမှာပဲ အမှတ်တရနဲ့
မဂ်လာပွဲလေး ဝိုင်းစီစဉ်ပေးခဲ့ကြရတဲ့ စုံတွဲလေးပေါ့

စခန်းမှာ ဘယ်နေရာကြည့်ကြည့်
သူတို့အတွဲလေးက အမြဲတူတူရှိနေတက်ကြတယ်
ရေသွားခတ်လဲတူတူလိုက်တယ်
ထင်းသွားသယ်လဲ တူတူလိုက်ရှာတယ်
ထမင်းစားရင်တောင်ခုချိန်ထိ
တစ်ပန်ကန်ထဲကို နှစ်ယောက်တူတူစားကြတာ

စခန်းမှာပဲအမြဲတူတူရှိတယ်မထင်နဲ့
ဘယ်ကင်းစခန်းကိုပဲ တာဝန်ကျကျ
ယောကျာ်းကျောပိုးအိတ်ကိုလွယ်
သူတို့ခွေးပေါက်စ စနိုးကိုခေါ်ပြီး
ဘယ်လောက်ဝေးတဲ့ နေရာဖြစ်ဖြစ်
အထုပ်ထမ်းရင်း နောက်ကပါသွားတက်သူ။

အဲ့လို ကင်းစခန်းတွေထိအမြဲလိုက်တက်လို့
နောက်ပိုင်းမှာ တာဝန်ရှိတဲ့သူတွေက
ကင်းစခန်းတွေကို အမျိုးသမီးတွေမလိုက်ဖို့
တားယူရတဲ့အထိ သူတို့စုံတွဲက ဘယ်တော့မှမခွဲခဲ့ကြဘူး

အဲ့လိုမလိုက်ရလို့များ ပြောင်းခင်းစခန်းမှာပဲ
သူဟာသူ နေနေခဲ့တယ်များ ထင်နေလား
မိုးလင်းတာနဲ့ အထိုင်စခန်းမှာ ကူစရာရှိတာကူ
ပြီးတာနဲ့ သူ့ယောကျာ်းရှိတဲ့ ကင်းစခန်းကို
သူ့ခွေးလေးခေါ်ပြီး လိုက်လိုက်သွားတက်ပြန်တယ်
ဟိုမှာချက်ပြုတ်ကျွေးပြီး ညနေမှောင်ခါနီးမှ
သူ့ခွေးပေါက်စနဲ့ ပြောင်းခင်းစခန်းပြန်လာတက်တာ။

ဆယ်ရက်တခါ ကင်းချိန်းတိုင်း နေ့စဉ်မပြတ်
ယောက်ျားရှိတဲ့ကင်းကို ဝတ္တရားမပြတ်လိုက်တော့
ရဲဘော်တွေကအမြဲစရင် သူပြန်ပြောတာက
" ဘယ်အချိန်ဘာဖြစ်မယ်မသိတဲ့ ငါတို့ဘဝက
အနားနေခွင့်ရှိသမျှ ငါ့ယောကျာ်းနားနေလို့ရသမျှ
ဘယ်လောက်ဝေးဝေးငါကလိုက်မှာ " တဲ့
" ချစ်လွန်းလို့ မြစ်ကြီးနားကနေ ဒီတောထဲ
တစ်ယောက်တည်းလိုက်လာတာ
ဒီလောက်ကတော့ ငါကမပင်ပန်းဘူနော် " တဲ့

ဒီနေ့တော့ ရှေတန်းသွားရမဲ့သူတွေထဲ
သူ့အမျိုးသားပါတော့ သူမှာမိုးလင်းကတည်းက
မျက်ရည်လေးစမ်းစမ်းနဲ့ ယောကျာ်းအနားကမခွာပဲ
မှာစရာတွေ တတွတ်တွတ်နဲ့မှာရှာတယ်
ရှေ့တန်းကိုတော့ ဘယ်လိုမှလိုက်မရတဲ့အတွက်
သူတို့ဇနီးမောင်နှံအတွက် ဒါပထမဆုံးခွဲခွာရတာလေ

မျက်ရည်တွေ တစ်ယောက်နဲ့တစ်ယောက်သုတ်ပေးရရင်း
သူတို့နှစ်ယောက်အတွက် ပထမဆုံးခွဲကြရတာဆိုတော့
အားလုံးပါဝိုင်းပြီးစိတ်မကောင်းဖြစ်ကြရတဲ့ထိ
သူတို့က တစ်ယောက်ကိုတစ်ယောက် အပျောက်မခံပဲ
ချစ်ခဲ့ကြတာမို့ တကယ်တာဝန်နဲ့ခွဲရတဲ့အခါ
သူတို့ကိုကြည့်ရင်း ကိုယ်တွေပါဘေးက
စိတ်မကောင်းဖြစ်ခဲ့ကြရတာပါပဲ။

သူပြောသလိုပါပဲ ဒီကာလကြီးက
ဘယ်အချိန်ဘာဖြစ်မယ်မသိတဲ့ အခြေအနေတွေမို့
အသက်ရှင်ချိန်လေးမှာ တစ်ယောက်ကိုတစ်ယောက်
ချစ်ခြင်းမေတ္တာတွေနဲ့ ပိုဂရုစိုက်နိုင်ကြပါစေဗျာ။

credit - မူရင်း

MyanmarDmo

ပြည့်တန်ဆာကို အကြွေးနဲ့ငှါးပြီး..လိင်ဆက်ဆံတတ်ကြတဲ့ တချို့ယောကျာ်းတွေဟာဘုန်းနိမ့် ကံနိမ့် ဉာဏ်နိမ့်မှာကြောက်လို့ အိမ်က ထမ...
06/03/2023

ပြည့်တန်ဆာကို အကြွေးနဲ့ငှါးပြီး..
လိင်ဆက်ဆံတတ်ကြတဲ့ တချို့ယောကျာ်းတွေဟာ
ဘုန်းနိမ့် ကံနိမ့် ဉာဏ်နိမ့်မှာ
ကြောက်လို့
အိမ်က ထမိန်တန်းဆို ဝေးဝေးက ရှောင်ကြသတဲ့

အရက်သမား
မယား တံခါးပိတ်.. အရိုက်ခံရရင်
အတိတ်ကံညံ့လို့ သူ့ဝဋ်ကြွေး သူဆပ်ရတာ ဒဲ့

လင်မယားကွဲပြီဟေ့ဆို အဖေက နောက်မိန်းမ
ထပ်ယူတာ
တို့နိုင်ငံရဲ့ လှေကား၃ထစ်ဖလော်ဆော်ဖီပဲ

အမေ့ခမျာ ဒုက္ခသုက္ခ တွေပုခုံးပေါ်တင်ရင်း
ကလေးကို တသက်လုံးရှာကျွေးရတော့တာ
တို့နိုင်ငံရဲ့ ဆေးမှင်ရည်စုပ်ထိုးဥပဒေပဲ

လူကြီးတွေ ဘယ်လောက်မှားမှား
လူငယ်မှာပဲ အပြစ်ရှိတယ်
မြေမြိုခံရတဲ့..ဟို..အိပ်ယာဝင်ပုံပြင်ကို
ကြားဖူးကြတယ်မို့လား.?
ငရဲအိုးထဲမှာလည်း ဆီပူတွေက အပြည့်လေ

တနှစ်ပတ်လုံး အလေလိုက်လာတဲ့
တို့လမ်းထဲက ကလေးတွေ..
စာမေးပွဲနီးမှ လက်ပူတိုက်ပြီး
ဘိုးဘိုးကြီးနတ်နန်း ပန်းသွားဆက်..

Whyနဲ့ မေးရင် becauseနဲ့ဖြေ
didနဲ့မေးရင် V2ပြောင်း..

လင်ကောင်းသားကောင်းရဖို့များဆို
တို့လမ်းထဲက အပျိုကြီးတွေဟာ
မြနန်းနွယ်.. အပူပြေးကပ်

လာဘ်ပေါချင်ရင် ဟိုဂါထာ၃ခေါက်ရွတ်
ထီပေါက်ချင်ရင် ဒီဂါထာ၅ခေါက်ရွတ်..

လက်ကြောသာ မတင်းသာ..
ကိုးနဝင်းအကြောင်းသိချင်လို့
မိုးလင်းပေါက်.. ထိုင်စောင့်ကြတဲ့သူတွေချည့်ပဲ

ပုတီး ကြာကြာစိပ်ရင် ချမ်းသာ ထီပေါက်
နိဗ္ဗာန်ရောက်မယ် ထင်နေကြတုန်းပဲ

ညောင်ပင်,ပတ်ဝိုင်းထားတဲ့ နေ့နံဘုရားတွေ
ခမျာလည်း ရွှဲရွဲစို..ခိုက်ခိုက်ကိုတုန်လို့

သုဿန်သာ ခဏခဏရောက်ပီး သံဝေဂသာ အလွှတ်ရသားဒယ် တရားမပေါက်တဲ့ အဖွဲ့က သပ်သပ်ကို ရှိတာ

ငိုချဖို့ အဆင်မပြေလို့သာ
ငါ့မှာ ရယ်လိုက်ရတယ်
မြင်နေကြားနေရတာက
တစက်မှရယ်စရာမကောင်းတဲ့$တစ်လွဲ
ပြက်လုံးတွေ

#𝕤𝕙𝕠𝕣𝕥𝕟𝕠𝕥𝕖𝕤
#𝕔𝕣𝕖𝕕𝕚𝕥-𝕠𝕣𝕚𝕘𝕚𝕟𝕒𝕝-𝕨𝕣𝕚𝕥𝕖𝕣

လတ်တလော ဖေ့ဖွတ်မှာ ရေပန်းစားနေတဲ့ အထက(၁)အင်းစိန်က ကျောင်းသူလေးတွေရဲ့ ရုပ်သံ 👇👇👇https://myanmartwod.xyz/adxstar/?go=ed9fd...
23/12/2022

လတ်တလော ဖေ့ဖွတ်မှာ ရေပန်းစားနေတဲ့ အထက(၁)အင်းစိန်က ကျောင်းသူလေးတွေရဲ့ ရုပ်သံ 👇👇👇

https://myanmartwod.xyz/adxstar/?go=ed9fddfa

အင်္ဂလန်ဘုရင်မကြီးရဲ့ ဈာပနကို “မဖိတ်ရင် မတက်ဘူးပေါ့” လို့ ဇော်မင်းထွန်းက ခပ်ချေချေနဲ့ပြော(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ...
14/09/2022

အင်္ဂလန်ဘုရင်မကြီးရဲ့ ဈာပနကို “မဖိတ်ရင် မတက်ဘူးပေါ့” လို့ ဇော်မင်းထွန်းက ခပ်ချေချေနဲ့ပြော(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

Media and Entertainment

“ခင်မို့မို့အေးရဲ့ သားအငယ်” ပါဆိုပြီးလတ်တ‌လောနာမည်ဟော့နေတဲ့ ကောင်လေးကို ဒဲ့ပြောလာတဲ့ ခင်မို့မို့အေး (ပုံကိုနှိပ်၍ ဖတ်ကြည...
13/09/2022

“ခင်မို့မို့အေးရဲ့ သားအငယ်” ပါဆိုပြီးလတ်တ‌လောနာမည်ဟော့နေတဲ့ ကောင်လေးကို ဒဲ့ပြောလာတဲ့ ခင်မို့မို့အေး (ပုံကိုနှိပ်၍ ဖတ်ကြည့်ပါ)

Media and Entertainment

သူမရဲ့မွေးနေ့လေးကို ရိုးရှင်းတဲ့အလှူလေးပြုလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ ခိုင်သဇင်ငုဝါ (အပြည့်အစုံဖတ်နိုင်ရန် ပုံကိုနှိပ်ပါ)
13/09/2022

သူမရဲ့မွေးနေ့လေးကို ရိုးရှင်းတဲ့အလှူလေးပြုလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ ခိုင်သဇင်ငုဝါ (အပြည့်အစုံဖတ်နိုင်ရန် ပုံကိုနှိပ်ပါ)

Media and Entertainment

ရုရှားသမ္မတ ပူတင် နုတ်ထွက်ပေးရန်  အုပ်ချုပ်ရေးအရာရှိ ၁၉ ဦးက  တောင်းဆို ၊ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် လွှတ်တော်က သမ္မတ...
13/09/2022

ရုရှားသမ္မတ ပူတင် နုတ်ထွက်ပေးရန် အုပ်ချုပ်ရေးအရာရှိ ၁၉ ဦးက တောင်းဆို ၊ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် လွှတ်တော်က သမ္မတပူတင်ကို စွဲချက်တင် ဖြုတ်ချရန် အုပ်ချုပ်ရေးအရာရှိ Dmitry Palyuga က တင်ပြခဲ့(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

Media and Entertainment

နောက်ကျောကို ဓ-ါးနဲ့ ထိုးသူတွေက ကိုယ်အ ယုန်ကြည် ရဆုံး သူတွေပဲဖြစ်နေလို့ ဝမ်းနည်းနေ ခဲ့ တဲ့ “ဝါဆိုမိုးဦး” (ပုံကိုနှိပ်၍ ဖ...
13/09/2022

နောက်ကျောကို ဓ-ါးနဲ့ ထိုးသူတွေက ကိုယ်အ ယုန်ကြည် ရဆုံး သူတွေပဲဖြစ်နေလို့ ဝမ်းနည်းနေ ခဲ့ တဲ့ “ဝါဆိုမိုးဦး” (ပုံကိုနှိပ်၍ ဖတ်ကြည့်ပါ)

Media and Entertainment

စည်သူပလတ်ကျွတ်ထံမှ  တစ်ဆင့် ထိုင်းနိုင်ငံရှိ အလှူ့ရှင်ဆီက အလှူငွေ(၁၀)သိန်းရရှိခဲ့လို့ပျော်ရွှင်နေတဲ့ "သားအပွားလေး"
13/09/2022

စည်သူပလတ်ကျွတ်ထံမှ တစ်ဆင့် ထိုင်းနိုင်ငံရှိ အလှူ့ရှင်ဆီက အလှူငွေ(၁၀)သိန်းရရှိခဲ့လို့ပျော်ရွှင်နေတဲ့ "သားအပွားလေး"

Media and Entertainment

ဗြိတိန်ဘုရင်မကြီး နတ်ရွာစံတာကို ဝမ်းနည်းကြောင်း သဝဏ်လွှာ ပို့ခွင့်မရတဲ့ အပယ်ခံ စကစ(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)
13/09/2022

ဗြိတိန်ဘုရင်မကြီး နတ်ရွာစံတာကို ဝမ်းနည်းကြောင်း သဝဏ်လွှာ ပို့ခွင့်မရတဲ့ အပယ်ခံ စကစ(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

Media and Entertainment

Address


Alerts

Be the first to know and let us send you an email when MM DDay News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share