17/10/2025
မမှီသည့်ပန်းကို တုံးခု၍လှမ်းသည်ဟု ဆိုရိုးရှိသည်
အမှန်မှာ မမဝေသည်
ကျွန်တော့အတွက် မမှီသည့်ပန်း မကပါ ။
မမှီသည့်ပန်းကို တုံးခု၍ လှမ်းလျှင်
မှီကောင်း မှီနိုင်မည်ဟု မျှော်လင့်နိုင်သေးသည်
မမဝေက ကျွန်တော့်အတွက်
သာမာန်မမှီသည့် ပန်း မဟုတ်
မြို့ဝန်မင်းထံ ခွင့်မပန်လျှင်
ရာဇဝတ်တော်ခံရမည်ဆိုသည့် ပန်းမျိုးပါ
ဩော် … ခွင့်ပန်တော့လည်း မတန်မရာပေမို့💛
-ပိတောက်ပွင့်ဆဲ လသာဆဲဝယ် (တက္ကသိုလ်ဘုန်းနိုင်)
#ဆက်လျှောက်ကြမယ် #ပန်းချစ်သူ