04/04/2025
🍀ဖတ်ရဖူးတဲ့ဇာတ်လမ်းလေးတပုဒ်ပြောပြမယ်….
လွန်ခဲ့တဲ့ ၁၃ နှစ် ၂၀၁၁ လောက်က ဂျပန်နိုင်ငံမှာ ဆူနာမီငလျင်ဖြစ်ခဲ့တယ်။ အားလုံးလည်းသိကြမှာပါ အဲအချိန်လူတွေရဲ့အသက်အိုးအိမ်စည်းစိမ် မိသားစုဘဝတွေအများကြီးဆုံးရှုံးကြရတယ်။
အဲ့အချိန်မှာ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှုကိုရယူရင်း ရှင်သန်ဖို့ကြိုးစားခဲ့ကြရတယ်။
🍀ငလျင်ဘေးဒဏ်ကြောင့် စားစရာငတ်ပြတ်ပြီး ခွဲတမ်းနဲ့ရချိန်မှာ ဂျပန်အမျိုးသမီးကြီးတစ်ဦးက သူအတွက် စားစရာတန်းစီပြီးဝယ်တယ်။ သူအလှည့်ရောက်ချိန် သူ့အိတ်ဖွင့်တဲ့အခါ အိတ်ထဲမှာငွေတွေအများကြီးတဲ့။ လူဆိုတာ သေရေးရှင်ရေးပြေးတော့ ကိုယ်စုဆောင်းထားတာလေးတွေရအောင်ယူကြတာပဲလေ။ သူ့အိတ်ထဲငွေတွေဘယ်လောက်များများ သူတန်းစီတဲ့အလှည့်ရောက်ချိန် သူ့အတွက်သူစားဖို့ပဲဝယ်တယ်တဲ့။ နောက်မှာတန်းစီနေတဲ့သူတွေမစားရမှာစိုးလို့ သူ့အတွက်ပဲဝယ်တယ်တဲ့။
🍀နောက်ကလေးငယ်တစ်ဦးက ကျောင်းမှာ သူ့ကိုလာကြိုမယ့်မိဘကိုစောင့်နေစဉ် သူ့အဖေလာကြိုတဲ့ကားလာလို့ပျော်နေချိန်ရေလုံးကြီးက သူ့အဖေကားကို ဆွဲချယူသွားတော့ သူ့အဖေလည်း သူ့ဆီမရောက်နိုင်ခဲ့ဘူး။ သူ့အမေနဲ့ သူ့ညီမလေးကလည်း တနေရာမှာ ပျောက်ဆုံးနေတယ်လို့ စာရေးသူကရေးပြထားတယ်။
🍀ကျန်ခဲ့တဲ့ကလေးငယ်လေးက သူစားဖို့အတွက် သူများတွေနည်းတူ အစားအစာကို တန်းစီယူရတဲ့ဆီမှာ တန်းစီယူနေတယ်အခါ ဒုက္ခသည်တွေကိုလာကယ်ဆယ် ကူညီပေးတဲ့ တခြားနိုင်ငံက စစ်သားတစ်ယောက်က ချမ်းနေရင်း တန်းစီနေတဲ့ကလေးကိုမြင်တဲ့အခါ သူရဲ့ အနွေးထည်ကိုချွတ်ပေးရင်ဝတ်ပေးတယ်။ ထို့အတူ စစ်သားက သူ့အတွက်ရထားတဲ့စားစရာဝေစုကို ကလေးလေးကို ကျွေးရင်း” ဒါလေးအရင်စားထားပေါ့ တန်းစီရမှာအရှည်ကြီး ၊ မင်းမခံနိုင်လောက်ဘူး” လို့ပြောရင်းပေးလိုက်တယ်။
ဒီအခါမှာ ကလေးငယ်လေးက ဘာလုပ်တယ်ထင်လဲ?
စစ်သားဆီက သူရတဲ့စားစရာလေးကို ဟိုးရှေ့မှာသူတို့လူမျိုးတွေအတွက်ဝေပေးနေတဲ့ စားစရာတွေထဲသွားထည့်ပြီး သူ့အလည့်ကိုတန်းစီတယ်တဲ့။
🌟တမျိုးသားလုံးဒုက္ခရောက်ချိန်မှာ သူတယောက်တည်းပိုရတဲ့အခွင့်အရေးကို သူမလိုချင်ဘူးတဲ့။
ခုကြုံနေရတဲ့ မန္တလေးငလျင်ဘေးမှာ လှူသူတွေကလည်း ခက်ခဲကျပ်တည်းနေတဲ့စီးပွါးရေးမှာ ကိုယ်ချင်းစာတရားနဲ့မျှဝေချိန်မှာ အလှူလက်ခံသူတွေကလည်း စာနာစိတ်ဖြင့် လိုအပ်မှာယူပေးဖို့လိုပါတယ်။
မနေ့ကမြင်လိုက်တဲ့ မြင်ကွင်းတခုမှာ ကျုံးဘေးမှာ လာာဝေတဲ့ထမင်းဗူးတွေကို မကုန်နိုင်ဘဲအများကြီး ယူပြီးလွှင့်ပစ်ထားကြတာ သိမ်းဆည်းမယ့်သူမရှိတော့ ပုတ်ဆော်တွေနံနေပါတယ်တဲ့။
တကယ်ဒုက္ခရောက်နေသူတွေက ကိုယ့်အပူနဲ့မစားနိုင်ပေမယ့် ကြားကနေ အမြတ်ထုတ်တွေကြောင့် ဒုက္ခနဲ့ကြုံသူတွေနစ်နာပါတယ်။
ကျွန်မတို့က ခုချိန်မှာ မိဘမဲ့နေကြတာလေ ၊ အပေါ်ကပြောခဲ့တဲ့ဂျပန်ကလေးငယ်လေးတစ်ယောက်လို မကျင့်သုံးနိုင်ကြဘူးလား။
“ကိုယ်ချင်းစာတရားက နှလုံးသားရှိမှ ခံစားလို့ရတာ
ဆင်ခြင်တုံတရားက ဦးနှောက်ကို ဗဟိုရ်ပြုတာ”
နှလုံးသားနှင့် ဦးနှောက်ကို မျှတစွာဆင်ခြင်အသုံးပြုနိုင်ကြပါစေ။