Su LTY Travel and Lifestyle Vlog 🗻🏝️🏞️

မိုးတွေရွာတဲ့နေ့တစ်ခါတလေ... မြို့တစ်မြို့ရဲ့ အလှကို နေ့တိုင်းမြင်နေရလို့ သတိမထားမိဘူး။ဒါပေမယ့် မိုးရာသီရောက်လာတဲ့အခါ ချင...
12/08/2026

မိုးတွေရွာတဲ့နေ့

တစ်ခါတလေ... မြို့တစ်မြို့ရဲ့ အလှကို နေ့တိုင်းမြင်နေရလို့ သတိမထားမိဘူး။

ဒါပေမယ့် မိုးရာသီရောက်လာတဲ့အခါ ချင်းမိုင်ကတော့ မတူတော့ဘူး။

မြူခိုးတွေက မြို့လမ်းတွေပေါ် တိတ်တဆိတ် လွင့်မျောလာတယ်။ လမ်းမီးရောင်တွေက အဲဒီမြူခိုးတွေပေါ် ကျရောက်သွားတဲ့အခါ ရောင်စုံအလင်းတန်းတွေဟာ အိပ်မက်ထဲက မြို့တစ်မြို့လို မြင်ကွင်းကို ဖန်တီးပေးနေတယ်။

တချို့မြင်ကွင်းတွေက “ဒါက ချင်းမိုင်ရောတကယ်ဟုတ်ရဲ့လား” လို့တောင် မေးချင်စရာကောင်းလောက်အောင် လှပနေတယ်။

နေ့စဉ် ဖြတ်သန်းနေကျ လမ်းမတွေ၊ ရင်းနှီးပြီးသား မြို့မြင်ကွင်းတွေဟာ မြူခိုးနဲ့ အလင်းရောင်တို့ရဲ့ အနုပညာအောက်မှာ ရိုမန်တစ်ဆန်တဲ့၊ လျှို့ဝှက်ဆန်းကြယ်တဲ့၊ မှော်ဆန်တဲ့ ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။

ဒီအခိုက်အတန့်တွေကို သူ့ရဲ့ ကင်မရာမှန်ဘီလူးကတစ်ဆင့် ဖမ်းယူမှတ်တမ်းတင်ထားခဲ့ပြီး ချင်းမိုင်ရဲ့ နောက်ထပ်လှပတဲ့မျက်နှာတစ်ဖက်ကို ကျမြင်ခွင့်ရခဲ့ပါတယ်။

ဒီပုံတွေကို ကြည့်ပြီးမှ နားလည်လာတယ်...

"ချင်းမိုင်ဟာ ရာသီတိုင်းလှတယ်။ ဒါပေမယ့် မိုးရာသီရောက်တဲ့အခါတော့ မျှော်လင့်ထားတာထက် ပိုလှတယ်။"

💬 ဒီပုံတွေထဲက ဘယ်ပုံက သင့်ကို အများဆုံး ရပ်ပြီး ငေးကြည့်စေခဲ့လဲ ?

📸 Photo: Professor Dr. Wira Thongswan



#ချင်းမိုင်
#ထိုင်း

ချင်းမိုင်မှာ ညသန်းခေါင်ဆွမ်းလောင်းပွဲ ကျင်းပမယ် - Su LTYဒီကနေ့ည ချင်းမိုင်မြို့မှာ "ပိန်းပုဒ် ဆွမ်းလောင်းပွဲ" ကို ဇူလို...
28/07/2026

ချင်းမိုင်မှာ ညသန်းခေါင်ဆွမ်းလောင်းပွဲ ကျင်းပမယ်

- Su LTY

ဒီကနေ့ည ချင်းမိုင်မြို့မှာ "ပိန်းပုဒ် ဆွမ်းလောင်းပွဲ" ကို ဇူလိုင် ၂၈ ရက် (အင်္ဂါနေ့ည)မှ ၂၉ ရက် (ဗုဒ္ဓဟူးနေ့)သို့ ကူးပြောင်းချိန်မှာ ကျင်းပဖို့ရှိပါတယ်။

"ပိန်းပုဒ် ဆွမ်းလောင်းပွဲနဲ့ မထေရ်မြတ်အား ပူဇော်ပွဲ" ဟာ လန်းနားလူမျိုးတွေရဲ့ ရှေးဟောင်းအစဉ်အလာမပျက် ဆက်ခံလာခဲ့တဲ့ ရိုးရာဓလေ့တစ်ခု ဖြစ်ပါတယ်။

ဆွမ်းလောင်းလှူရတဲ့ အကျိုးကျေးဇူးကြောင့် ဘဝအတွက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေပြီး အမြင့်မားဆုံးသော ကံကောင်းခြင်းတွေကို ရရှိစေပါတယ်။

ဒီနေ့ညသန်းခေါင် ဆွမ်းလောင်းပွဲကိုတော့ ချင်းမိုင်မြို့ရှိ Wat Upakhut ကျောင်းတိုက်မှာ သံဃာတော်တွေကို ဆန်၊ အစားအစာ ၊ ဆေးဝါး နဲ့လှူဒါန်းဖွယ် ဝတ္ထုပစ္စည်းတွေကိ ဆွမ်းလောင်းလှူကြမှာဖြစ်ပါတယ်။

အစီအစဉ်

ဇူလိုင်လ ၂၈ ရက် (အင်္ဂါနေ့)ည ၁၀:၀၀ နာရီ - သံဃာတော်များနှင့် သာမဏေများ ပရိတ်တရားတော်များ ရွတ်ပွားသရစ္ဈာယ်ခြင်း။

ည ၁၁:၃၀ နာရီ - ကပ္ပိယ/ဂေါပကမှ သံဃာတော်များနှင့် သာမဏေများအား ဆွမ်းကပ်ရန် လှူဒါန်းကြောင်း ရေစက်သွန်းချအမျှဝေခြင်း။

ည ၁၂:၀၀ နာရီ (သန်းခေါင်ယံ) - သံဃာတော်များ ဆွမ်းခံကြွရောက်ခြင်းတို့ဖြစ်ပါတယ်။

Map Link https://maps.app.goo.gl/WGkC89pAxkwwsUaJ9

#ချင်းမိုင်
#เชียงใหม่นิวส์

ပဏ္ဍိတာရာမသာသနာ့ရိပ်သာ (ချင်းမိုင်)၏နှစ်စဥ်ကျင်းပပြုလုပ်သောစုပေါင်းဝါဆိုသက်န်းကပ်လှူပွဲကို(26.07.2026)ရက်တနဂ်နွေနေ့တွင်က...
09/07/2026

ပဏ္ဍိတာရာမသာသနာ့ရိပ်သာ (ချင်းမိုင်)၏နှစ်စဥ်ကျင်းပပြုလုပ်သောစုပေါင်းဝါဆိုသက်န်းကပ်လှူပွဲကို(26.07.2026)ရက်တနဂ်နွေနေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့်
ရပ်ဝေးရပ်နီးဓမ္မမိတ်ဆွေအပေါင်းတို့အားကုသိုလ်
ပြုနိုင်ကြပါရန်နိဗ္ဗာန်အကျိုးမျှော်၍နိုးဆော်ဖိတ်
ကြားအပ်ပါသည်။


#ချင်းမိုင်

#ပဏ္ဍိတာရာမသာသနာ့ရိပ်သာ

07/07/2026

ချင်းမိုင်မှာ ဘတ် ၂၀ နဲ့ ထိုင်းသုပ် အစုံစားမယ်

မိုးရာသီမှာ ချိုချိုချဉ်ချဉ်ရူးရှဲစားချင်သူတွေအတွက် ချင်းမိုင်မြို့မှာ တစ်ပွဲ ဘတ်၂၀ ကနေ ဘတ် ၄၀ ဝန်းကျင်နဲ့ ထိုင်းစတိုင်အသုပ်၊အထောင်း၊ချဉ်စပ်ဟင်းရည်အပါအဝင် Menu ပေါင်း ၅၀ကျော်ကို တနေရာထဲမှာ စုံစုံလင်လင် စားလို့ရမယ့်ဆိုင်လေးအကြောင်း တင်ဆက်ပေးထားပါတယ်။

🔗ဒီဆိုင်လေးမှာစားဖူးတဲ့အတွေ့ကြုံတွေရှိရင်လည်း Comment မှာမျှဝေနိုင်ပါတယ်။

📍📍📍Location ကိုလည်း Comment မှကြည့်နိုင်ပါတယ်



#ထိုင်းအစားစာ
#ချင်းမိုင်
#ထိုင်း


04/07/2026

🌄ချင်းမိုင်က လူသိနည်းသေးတဲ့ အလှဆုံးတောင် - Doi Nan Mo

- Su LTY

ချင်းမိုင်မှာရှိတဲ့ နာမည်ကြီး တောင်တွေကို ရောက်ဖူးပြီးသားဆိုရင်... နောက်ထပ် သဘာဝအလှတရားတွေ အပြည့်ရှိနေသေးတဲ့ Doi Nan Mo ကို လမ်းညွှန်ပေးချင်ပါတယ်။

လေကောင်းလေသန့်ဝဝရှူပြီး Mind Refresh လုပ်ဖို့ အကောင်းဆုံးနေရာပါ။

ဒွိုင်နန်မိုဟာ ချင်းမိုင်မြို့ အရှေ့ဘက် ကီလိုမီတာ ၃၀ ခန့်(၁၈ မိုင်ခန့်)အကွာ မယ်အွန် (Mae On) ခရိုင်မှာ ရှိပြီး မီးတောင်ဟောင်းတစ်ခုပေါ်မှာတည်ရှိနေတာပါ။

တောတွင်းတောင်တက်ခရီးစဉ်တစ်ခုဖြစ်ပြီး ထိပ်ဆုံးရောက်ရင် ပတ်ဝန်းကျင်ရှုခင်းတွေကို ၃၆၀ ဒီဂရီ အလှပဆုံး မြင်တွေ့ရပါမယ်။

🦯တောင်တက်အတွေ့အကြုံရှိသူတွေနဲ့သွားရင် ပိုသင့်တော်ပြီး မတ်စောက်တဲ့ တောလမ်းတွေရှိပါတယ်။

ချင်းမိုင်မြို့ထဲကနေ သွားရတာ သိပ်မဝေးသလို၊ လမ်းခရီးကလည်း စိမ်းစိုနေတဲ့ သဘာဝရှုခင်းတွေကြောင့် လမ်းခရီးတစ်လျှောက်လုံး ပျင်းဖို့မကောင်းပါဘူး။
ဆိုင်ကယ်နဲ့ Road Trip ထွက်ရတာ ဝါသနာပါသူတွေအတွက် သင့်တော်ပါတယ်။

📸တိတ်ဆိတ်အေးချမ်းမှုကို ကြိုက်နှစ်သက်သူများ ၊ Camping/Hiking ဝါသနာပါသူများ ၊ Camera တစ်လုံးနဲ့ သဘာဝ Landscape ရိုက်ရတာ သဘောကျတဲ့ Photographer များအတွက်သင့်တော်ပါတယ်။

👟တောတောင်နဲ့ သဘာဝတရားတွေကို ချစ်မြတ်နိုးတဲ့သူတွေအတွက် Doi Nan Mo က ပေးရတဲ့အချိန်နဲ့ ထိုက်တန်တဲ့အလှတရားကို ပြန်ပေးပါလိမ့်မယ်။

🛵သွားချင်တဲ့သူတွေကို Mention ခေါ်ပြီး ဒီ Post လေးကို Share ထားလိုက်ဦးနော်။ ကော့မန့်မှာလင့်ရှိပါတယ် ။

#ချင်းမိုင် #ထိုင်း #ခရီးသွား

ချင်းမိုင်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ "သက်တံ့ဂူ" (Rainbow Cave)- Su LTYချင်းမိုင်က ထူးခြားဆန်းပြားတဲ့ သဘာဝအမွေအနှစ် နေရာသစ...
02/07/2026

ချင်းမိုင်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ "သက်တံ့ဂူ" (Rainbow Cave)

- Su LTY

ချင်းမိုင်က ထူးခြားဆန်းပြားတဲ့ သဘာဝအမွေအနှစ် နေရာသစ်တစ်ခုဖြစ်တဲ့ "သက်တံ့ဂူ" (Rainbow Cave) နဲ့ မိတ်ဆက်ပေးပါရစေ။

စမောင်း (Samoeng) မြို့နယ်၊ ခွန်ခန် (Khun Khan) အမျိုးသားဥယျာဉ်အတွင်းရှိ ထမ့်လွန်မဲဆပ် (Tham Luang Mae Sab) ဂူအတွင်း တည်ရှိပါတယ်။

"သက်တံ့ဂူ"ဟာ ၁၆၅ မီတာခန့် ရှည်လျားပြီး ဝေလငါးခန်းမ၊ ကြံ့ဂျိုခန်းမနဲ့ ဆင်ပေါက်လေးခန်းမ အစရှိတဲ့ ထူးခြားဘူမိဗေဒဆိုင်ရာ ကျောက်ဆောင်ကျောက်ခဲတွေနဲ့ ဖွဲ့စည်းထားပါတယ်။

ထူးခြားချက်ကတော့ ကျောက်နံရံများပေါ်မှာ မီးခိုးရောင်၊ အဖြူရောင်နဲ့ အဝါရောင် သတ္တုဓာတ် အလွှာတွေ သဘာဝအတိုင်း လှပစွာ ဖြစ်ပေါ်နေတာပါ။

ရှေးဟောင်းရေတိုက်စားမှု အမှတ်အသားတွေအရ ဂူဟာ တစ်ချိန်က မြေအောက်မှာ လုံးဝနစ်မြုပ်နေခဲ့ပါတယ်။

လက်ရှိမှာ ဒေသခံ လင်းနို့အုပ်စုတွေ မှီတင်းနေထိုင်ရာ အရေးပါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

လူသူအရောက်အပေါက်နည်းပြီး ဆိတ်ငြိမ်မှုကို ရှာဖွေနေကြတဲ့ သဘာဝချစ်မြတ်နိုးသူတွေနဲ့ စွန့်စားရတာ ကြိုက်သူတွေအတွက် အထူးပင် သင့်လျော်လှပါတယ်။

ကိုးကား၊ဓာတ်ပုံ - The Nation Thailand

#ချင်းမိုင် #ထိုင်း #ခရီးသွား #သက်တံ့ဂူ

21/06/2026

🙏ချင်းမိုင်မှာ မြန်မာ့ရှေးလက်ရာ ဆင်းတုတော် ၂ ဆူကိုဖူးကြမယ်


#ချင်းမိုင်
#ထိုင်း
https://www.facebook.com/reel/1169013165032548

21/06/2026

🚗မယ့်ကမ်ပေါင် မွန်းဂျန် ဒွိုင်အင်ထနွန် ရေပူစမ်းတွေကို လိုင်းကားနဲ့သွားကြမယ်


https://www.facebook.com/reel/1410100884237000

ที่อยู่

Chang Khlan
Chiang Mai
50100

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Su LTY โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Su LTY:

ทางลัด

แชร์