Dailyaln News

  • Home
  • Dailyaln News

Dailyaln News နေ့စဥ်သတင်းများကိုမှနိကန်မြန်ဆန်ပ?

31/01/2021

အောင်လံမြို့ဆုတောင်းပြည့်ရွှေပြောင်ပြောင်ဘုရားကြီးကိုပြည်သူများဖူးမျှော်နိင်ရန်ကျန်းမာရေးနှင့်အညီစီစဥ်ပေးထား

သတင်း ညီမှူးအိမ်(အောင်လံ)

မကွေးတိုင်းဒေသကြီးအောင်လံမြို့တရော်ကုန်းရပ်ကွက်မှာတည်ရှိတဲ့ဆုတောင်းပြည့်ရွှေပြောင်ပြောင်ဘုရားကြီးကိုပြည်သူများဖူးမျှော်ကြည်ညိုနိင်ရန်အတွက်ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီစီစဥ်ပေးထားတယ်လို့ဘုရားကြီးဂေါပကအဖွဲ့ထံကနေသိရပါတယ်။

ဆုတောင်းပြည့်ရွှေပြောင်ပြောင်ဘုရားကြီးဂေါပကအဖွဲ့ဒုဥက္ကဌဦးသန့်ဇင်ထွေးကအခုလိုပြောပါတယ်။

ဆုတောင်းပြည့်ရွှေပြောင်ပြောင်ဘုရားကြီးဟာအောင်လံမြို့အလယ်တရော်ကုန်းရပ်ကွက်လမ်းမတော်လမ်းမှာတည်ရှိကာCovid-19ကပ်ရောဂါကြောင့်ပြည်သူတွေကိုဘုရားဖူးခွင့်ယာယီပိတ်ထားခဲ့တာ၈လကြာပြီဖြစ်ကာအခုဇန်နဝါရီလ၂၉ရက်နေ့ကစတင်ကာပြည်သူတွေဘုရားဖူးခွင့်ကိုကကျန်းမာရေးစည်းကမ်းတွေနဲ့အညီစီစဥ်ပေးထားတာဖြစ်ပါတယ်။

အောင်လံမြို့ ဆုတောင်းပြည့်ရွှေပြောင်ပြောင်ဘုရားကြီးရဲ့ဗုဒ္ဓပူဇနိယပွဲတော်နဲ့သက်ကြီးပူဇော်ပွဲကိုနှစ်စဥ်သီတင်းကျွတ်လပြည့်နေ့မှာကျင်းပခဲ့ပြီးဘုရားကြီးရဲ့လစဥ်ကုန်ကျမှုကကျပ်၈သိန်းကျော်ရှိတယ်လို့ဘုရားကြီးဂေါပကအဖွဲ့ထံကနေသိရပါတယ်။

ညီမှူးအိမ်(အောင်လံ)

ကြေးနီချောင်းဘေးကရောင်စုံဘဝများ**********************************ညီမှူးအိမ်(အောင်လံ)Daily Democracytoday29/12/2017(Fri)8...
30/01/2021

ကြေးနီချောင်းဘေးကရောင်စုံဘဝများ
**********************************

ညီမှူးအိမ်(အောင်လံ)

Daily Democracytoday
29/12/2017(Fri)8
Feature

ဆောင်းရာသီအအေးဓာတ်ကသိသာစွာပိုလာခဲ့ပြီဖြစ်သည်။ချောင်းထဲကရေများလည်းတစစကြည်လင်အေးမြလာကာရေစီးရေလာလျော့နည်းလာပြီဖြစ်သည်။ချောင်းရေအကျသဲနှုံးသောင်ခုံများကတပြန့်တပြောကျယ်ဝန်စွာတည်ရှိနေပြီဖြစ်သည်။

ချောင်း၏အမည်ကိုဒေသခံတွေကကြေးနီချောင်းဟုခေါ်ကြသည်။တချို့ကလည်းမိုးကောင်းချောင်းဟုပြောဆိုကြပါသည်။

အရှေ့ရိုးမအခြေကနေရာသီမပြတ်ချောင်းရေများစီးဆင်းနေသောချောင်းမကြီးဖြစ်ကာဧရာဝတီမြစ်ကြီးထဲသို့ရေများစီးဝင်နေသောလက်တက်တစ်ခုဖြစ်ပါသည်။
ထိုမိုးကောင်း(ကြေးနီ)ချောင်းမှာမကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင်လံမြို့မြောက်ဘက်တွင်တည်ရှိကာချောင်းအားဖြတ်သန်းရန်ကွန်ကရစ်တံတားနှစ်ခုရှိရာတစ်ခုမှာရထားလမ်းတံတားနှင့်တစ်ခုမှာယာဉ်များလူများဖြတ်သန်းနိင်သောတံတားဖြစ်ပါသည်။

ကြေးနီချောင်းတောင်ဘက်တွင်ရွှေညောင်ပင်ကျေးရွာနှင့်မြောက်ဘက်တွင်မိုးကောင်းကျေးရွာတည်ရှိကာရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးဘေးတွင်ဆက်သွယ်ရေးအချက်အချာကျသောကျေးရွာများဖြစ်သည်။
၄င်းကျေးရွာနှစ်ရွာလုံးရှိတောင်သူအများစုကကြေးနီချောင်းကိုအမှီပြုကာမိသားစုဘဝများကိုရပ်တည်နေကြခြင်းဖြစ်ပါသည်။

ကြေးနီချောင်းကနှစ်ရွာလုံး၏စားဝတ်နေရေးကိုရှာဖွေပေးနေသောကျေးဇူးရှင်အစစ်ပင်ဖြစ်ပါသည်။
"ဒီကြေးနီချောင်းကအဘတို့ဘိုးဘွားလက်ထက်ကတည်းကကိုင်းစိုက်ပျိုးသီးနှံတွေအတွက်အားထားစရာအသက်သွေးကြောမကြီးဖြစ်ပါတယ်။ယာသီးနှံတွေရာသီမပြတ်စိုက်ပျိုးနိင်အောင်စိုက်ပျိုးရေတွေအစဉ်မပြတ်ပေးဝေနေတဲ့ချောင်းမကြီးဖြစ်ပါတယ်။"ဟုမိုးကောင်းကျေးရွာမှတောင်သူကြီးအဘဦးသောင်းတင်ကကြေးနီချောင်းမကြီးကိုရွှန်းဝေသောမျက်လုံးများဖြင့်ကြည့်ကာအားရဝမ်းသာပြောပြပါသည်။

ကြေးနီချောင်းမကြီး၏ဘေးအနီးယာခင်းများတွင်ဆောင်းကြက်သွန်နီစိုက်ခင်းများပန်းဂေါ်ဖီစိုက်ခင်းများဂေါ်ဖီထုပ်စိုက်ခင်းများခရမ်းချဉ်စိုက်ခင်းများပန်းစိုက်ခင်းများနံနံပင်စိုက်ခင်းများမုန်လာဥစိုက်ခင်းများဖြင့်ရောင်စုံပန်းချီကားချပ်တစ်ခုဖြန်ခင်းထားသကဲ့သို့ဘဘာဝအလှရှုမျှော်ခင်းတစ်ခုကိုမြင်တွေ့ခံစားရပါသည်။
ယခုနှစ်ကြက်သွန်နီဈေးကစံချိန်တင်စွာမြင့်တက်ခဲ့သဖြင့်ကြေးနီချောင်းသဲနှုံးသောင်ခုံများပေါ်တွင်ကြက်သွန်နီစိုက်ပျိုးရန်တောင်သူများပြင်ဆင်နေကြသည်ကိုလည်းတွေ့ရှိရသလိုအချို့စိုက်ထားပြီးကြက်သွန်နီခင်းများကိုလည်းတွေ့ရှိရသည်။

"ကြက်သွန်နီဈေးကအခုနှစ်မှာဈေးအရမ်းကောင်းတော့တောင်သူတွေကကုန်းကြက်သွန်ရော(ချောင်းထဲစိုက်)ရေကြက်သွန်ရောစိုက်ကြတယ်။ကြက်သွန်နီမျိုးကလည်းဈေးအရမ်းကြီးပါတယ်။ရေစကြိုဘက်ကကြက်သွန်နီမျိုးတွေကိုဝယ်ပြီးစိုက်ကြပါတယ်။ဒီကြားထဲကြက်သွန်နီစိုက်ပြီးနေတဲ့တောင်သူတွေရဲ့ကြက်သွန်အခင်းတွေမှာရောဂါပိုးတွေကျလို့တချို့လဲတစ်ခင်းလုံးဖျက်လိုက်ရတာတွေရှိပါတယ်။စိုက်ပျိုးစရိတ်တွေအကုန်ရံှုးတာပေါ့။တောင်သူတွေဘဝကမျှော်လင့်ထားသလောက်မဖြစ်တာများပါတယ်။ရာသီဥတုအခြေအနေအားလုံးသင့်တင့်မှအဆင်ပြေကြတာပါ"ဟုရွှေညောင်ပင်ကျေးရွာမှတောင်သူတစ်ဦးကလက်ရှိစိုက်ပျိုးရသောအခြေအနေများကိုပြောပြပါသည်။

အောင်လံမြို့နယ်တွင်ဧရာဝတီမြစ်ကြီးအတွင်းသို့ရာသီမပြတ်အဓိကချောင်းရေများစီးဝင်နေသောမြစ်လက်တက်ချောင်းမကြီးနှစ်ခုရှိပါသည်။

အဆိုပါချောင်းလက်တက်ကြီးများမှာမြို့၏တောင်ဘက်တွင်ဘွက်ကြီးချောင်းမကြီးနှင့်မြို့၏မြောက်ဘက်တွင်ကြေးနီ(မိုးကောင်း)ချောင်းမကြီးတို့ဖြစ်ပါသည်။ယင်းချောင်းမကြီးနှစ်ခုစလုံးမှာအရှေ့ရိုးမအခြေမှရေအရင်းအမြစ်များစတင်စီးဆင်းလာခြင်း့ဖြစ်ကာချောင်းမကြီးများအနီးတွင်ကျေးရွာအများစုရှိကာချောင်းရေဖြင့်ရာသီမပြတ်သီးနှံမျိုးစုံအားစိုက်ပျိုးလုပ်ကိုင်နေကြပြီးမိသားစုဘဝများကိုရပ်တည်နေကြခြင်းဖြစ်ပါသည်။
"ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးနေကြတာပါ။အခုလိုဆောင်းသီးနှံစိုက်ပျိုးတဲ့အချိန်မှာဒေသထွက်ခရမ်းချဉ်သီးဈေးကောင်းတော့တောင်သူတွေအဆင်ပြေတာပေါ့။ဒါပေမဲ့တောင်သူတွေခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်တဲ့အခါဈေးကကျတာပါပဲ။မနှစ်ကဆိုခရမ်းချဉ်သီးတစ်ပိသာကျပ်၅၀တောင်ဝယ်သူမရှိလို့အရံှုးပေါ်တာပါပဲ။"ဟုမိုးကောင်းကျေးရွာမှခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦးကပြောပြပါသည်။

မြောက်ပြန်လေအေးစက်စက်မှာဒေသအခေါ်တောခရမ်းချဉ်သီးကိုတံစို့ထိုးမီးအုံးကာပီနံသီးဖြင့်ထောင်းထားသောဟင်းတစ်ခွက်နှင့်ဒန့်သလွန်ရွက်ဟင်းချိုပူပူဖြင့်အညာဒေသအစားအစာကတောသူတောင်သားတိုင်း၏ရိုးရာဟင်းတစ်ခွက်ဖြစ်ပါသည်။၄င်းအညာဒေသဟင်းလျာတစ်ခုအဖြစ်အိမ်တိုင်းအတွက်မရှိမဖြစ်ဝယ်ယူရသောသီးနှံမှာခရမ်းချဉ်သီးဖြစ်ပါသည်။ခရမ်းချဉ်သီးမပါပါကဟင်းတစ်ခွက်မပြည့်စုံဟုဆိုကြသည်။ခရမ်းချဉ်သီးအစိမ်းကိုသုပ်၍စားကြပြီးအမှည့်ကိုချက်စားကြကာအခြားအသားငါးနှင့်ဟင်းသီးဟင်းရွက်များတွင်ရောနှောကာစားသုံးကြခြင်းဖြစ်သည်။

"အခုနှစ်ခရမ်းချဉ်မျိုးစေ့တွေကဈေးကြီးပါတယ်။မျိုးစေ့တစ်ထုပ်ကို၉၅၀၀ကျပ်ရှိပါတယ်။ထိုင်ဝမ်မျိုးစေ့တစ်ထုပ်ကို၁၂၅၀၀ကျပ်ရှိပါတယ်။တစ်ဧကကိုမျိုးထုပ်၂၀လောက်စိုက်ရတာပါ။ထွန်ယက်ခမျိုးစေ့နဲ့အပင်အားဆေးတွေလုပ်အားခတွေအပါအဝင်တစ်ဧကငါးသိန်းလောက်ကုန်ပါတယ်။အခုခရမ်းချဉ်သီးတစ်ပိသာ၁၀၀၀လောက်ရှိပါတယ်။ရှမ်းပြည်လာတဲ့ခရမ်းချဉ်သီးအနီ(ရှမ်းသီး)ကတော့တစ်ပိသာ၈၀၀လောက်ပဲရှိပါတယ်။ဒီနှစ်အသီးအထွက်နှုန်းကောင်းပါတယ်။အခုဈေးနဲ့ဆိုအဆင်ပြေတာပေါ့။ခရမ်းချဉ်သီးဒိုင်တွေကိုတစ်ပိသာ၇၀၀နဲ့ပေးသွင်းရပါတယ်။အရင်နှစ်ကလိုခရမ်းချဉ်တစ်ပိသာ၅၀ကျပ်ဖြစ်မှာကိုတောင်သူတွေစိုးရိမ်နေကြပါတယ်"ဟုမိုးကောင်းကျေးရွာမှခရမ်းချဉ်သီးစိုက်ခင်းပိုင်ရှင်မသင်းအေးကပြောပြပါသည်။

အဆိုပါခရမ်းချဉ်သီးများတွင်ကျခွာမျိုးနှင့်ထိုင်ဝမ်မဂူပီမျိုးဟုရှိရာခရမ်းချဉ်သီးဒိုင်များသို့ကျခွာခရမ်းချဉ်သီးတစ်ပိသာကျပ်၇၀၀နှင့်မဂူပီခရမ်းချဉ်သီးတစ်ပိသာ၄၅၀ကျပ်ဈေးဖြင့်ခရမ်းချဉ်စိုက်တောင်သူများမှပေးသွင်းရောင်းချရကာဆောင်းခရမ်းချဉ်သီးများကိုသုံးရက်တစ်ကြိမ်ပိသာ၂၀၀ခန့်ခူးဆွတ်ရောင်းချနေရကြောင်းဒေသခံတောင်သူများကပြောပြသည်။

"ဒီကြေးနီချောင်းမကြီးဘေးမှာကသီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပါတယ်။မိုးအခါကလည်းဖူူးစားပြောင်းတွေစိုက်ခဲ့ကြပါတယ်။အရင်နှစ်တွေကပြောင်းစိုက်တဲ့တောင်သူတိုင်းပြောင်းအရည်အသွေးကောင်းတော့ရန်ကုန်ဈေးကွက်မှာဈေးရပါတယ်။အခုနှစ်ကရာသီဥတုကအခြေအနေမသင့်တာရယ်ပြောင်းမျိုးစေ့အရည်အသွေးမမှီတော့အဖူးမအောင်တာနဲ့အရောင်မမှန်တာနဲ့အဖူးအတက်ထွက်တာတွေဖြစ်ပြီးဈေးအနှိမ်ခံရတော့ပြောင်းစိုက်တောင်သူတွေအခက်အခဲဖြစ်တာပေါ့"ဟုရွှေညောင်ပင်ကျေးရွာသားတစ်ဦးကပြောင်းစိုက်တောင်သူများ၏ဘဝကိုပြောပြသည်။

တရုတ်နီအင်ဂျင်စက်သံတဂျုန်းဂျုန်းကကြေးနီချောင်းမကြီးဘေးမှာပဲ့တင်ထပ်နေသည်။ဆောင်းမနက်ခင်းနေရောင်ခြည်နွေးနွေးအောက်တွင်ပန်းဂေါ်ဖီနှင့်ဂေါ်ဖီထုပ်စိုက်ခင်းကြီးကအစိမ်းရောင်ကတ္တှီဘာခင်းထားသကဲ့သို့မြင်ရသူတိုင်းမျက်စိပသာဒအေးမြလှသည်။ထို့အတူစိုက်ပျိုးခင်းများကိုခေတ်မီရေပန်းစနစ်ဖြင့်ပက်ဖြန်းနေပုံကနေရောင်အောက်တွင်သက်တံရောင်စုံများဖြာကျနေသကဲ့သို့ရှုမြင်နေရပါသည်။

"အရင်တုန်းကတော့စိုက်ပျိုးခင်းတွေကိုရေထမ်းသမားတွေနဲ့ချောင်းထဲကရေကိုခပ်ပြီးဖြန်းခဲ့ရတာ။အခုတော့ခေတ်မီရေဖြန်းစနစ်နဲ့တောင်သူတွေလုပ်ကြတော့လုပ်သားအခက်အခဲနဲ့ကုန်ကျစရိတ်သက်သာလာပါတယ်။ရေဖြန်းကိရိယာတွေကိုကုမ္ပဏီကစိုက်ခင်းနေရာအလိုက်လာပြီးတပ်ဆင်ပေးတာပါ။အားလုံးအပြီးအစီးငွေလေးသိန်းခွဲလောက်ကုန်ပါတယ်။သစ်ပင်တွေရေဖြန်းမဲ့အချိန်အင်ဂျင်နှိုးရုံပါပဲ"ဟုမိုးကောင်းကျေးရွာတောင်သူတစ်ဦးကပြောပြသည်။

ဆောင်းနံနက်ခင်းနေရောင်အောက်တွင်ကြေးနီချောင်းမကြီးရေများကကြည်လင်စွာတသွင်သွင်စီးနေပါသည်။ချောင်းထဲတွင်ရေအနက်မှာအများဆုံးနေရာတွင်လူခြေသလုံးခန့်သာရှိသည်။အချို့နေရာများတွင်ခြေမျက်စိမြုပ်ရုံသာရှိသဖြင့်ချောင်းအတွင်းအလွယ်တကူဖြတ်သန်းသွားလာလို့ရနေပါသည်။

ကြေးနီချောင်းမကြီးအရှေ့ဘက်ယာခင်းအတွင်းရေသွင်းစနစ်ဖြင့်ဂေါ်ဖီထုပ်များစနစ်တကျစိုက်ပျိုးလုပ်ကိုင်နေသူမိုးကောင်းရွာမှတောင်သူဦးသောင်းတင်က"ဂေါ်ဖီမျိုးစေ့ကတစ်ဗူး၂၅၀၀၀ကျပ်ဈေးပေးဝယ်ရပါတယ်။အပင်အားလုံးကပေါက်ပါတယ်။အခုအထုပ်တွေရနေပါပြီး။ဂေါ်ဖီထုပ်ပေါ်စကတစ်ထုပ်ငါးရာရှိတယ်။အခုတစ်ထုပ်၂၀၀နဲ့ဒိုင်သွင်းရတာပါ။ဒီအခင်းထဲကနေဒိုင်အရောက်လှည်းခထော်လာဂျီခပွဲစားခကတစ်ထုပ်၂၀ကျပ်ပေးရတာနဲ့တစ်ထုပ်၁၇၀ကျပ်လောက်ပဲကျန်ပါတယ်။နှစ်စဉ်နှစ်တိုင်းအကျိုးအမြတ်ကပွတ်ကာသီကာစားနေရတာပါ။"ဟုလုပ်ငန်းအခြေအနေကိုပြောပြပါသည်။

ထို့အတူပန်းဂေါ်ဖီစိုက်ပျိုးခင်းအနီးဒေသအခေါ်မေမြို့ပန်းစိုက်ခင်းပိုင်ရှင်တစ်ဦးကလည်း"ဒီမေမြို့ပန်းမျိုးကတစ်ပုလင်းကျပ်သုံးသောင်းပေးရတယ်။ပန်းကအရောင်မျိုးစုံပွင့်ပါတယ်။ပန်းပွင့်ချိန်ရောက်ဖို့သုံးလကြာပါတယ်။အပွင်ငါးပွင့်ပါတစ်ပင်ကိုအခုကျပ်၈၀လောက်ရတော့ပန်းဈေးသင့်တဲ့အတွက်အဆင်ပြေပါတယ်"ဟုမေမြို့ပန်းခင်းထဲမှပန်းပွင့်မည့်အပင်များကိုပြသရင်းပြောပြပါသည်။

ကြေးနီ(မိုးကောင်း)ချောင်းမကြီးကဆောင်းနေရောင်အေးမြမြအောက်တွင်ရွာများကိုရစ်ခွေကာစီးဆင်းနေပါသည်။
သဘာဝတရားကဖန်တီးပေးထားသောအရာများကိုလူသားများကဘဝမျိုးစုံအတွက်ကြိုးစားဖြတ်သန်းကာရယူနေကြရခြင်းဖြစ်သည်။
ကြေးနီ(မိုးကောင်း)ချောင်းမကြီးကကမ်ဘာမြေကြီးစတည်ခဲ့စဉ်ကတည်းကရှိခဲ့ခြင်းဖြစ်သည်။လောကဓံအဆက်ဆက်အနီးပတ်ဝန်းကျင်ရှိကျေးရွာလူသားများစွာ၏အကျိုးကိုဖြည့်ဆည်းပေးနေဆဲဖြစ်သည်။နှစ်စဉ်နှစ်တိုင်းချောင်းရေဖြင့်ပို့ချပေးနေသောသဘာဝမြေဆီလွှာသဲနှုံးမြေများစွာကိုရင်ဘတ်ထဲတွင်ခင်းကျင်းပေးထားခြင်းဖြစ်သည်။

ထို့အတူသဘာဝအလှပုံရိပ်များနှင့်စိုက်ပျိုးရေးလုပ်ကိုင်ကြသောတောင်သူမိသားစုများ၏ဘဝမျိုးစုံကိုလည်းလှပစွာဖန်တီးပေးနေဆဲဖြစ်ပါသည်။

ညီမှူးအိမ်(အောင်လံ)

2017 December 29 နေ့ထုတ်ဒီမိုကရေစီတူဒေးသတင်းစာပါဆောင်းပါးကိုပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

29/01/2021
29/01/2021

အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ၂၀၁၆မှ၂၀၂၀အထိ၅နှစ်တာကာလအတွင်းကျပ်သန်းပေါင်း၄၆ဝဝကျော်ဖြင့်မြို့ပြဖွံဖြိုးတိုးတက်ရေးကို၇၀ ရာခိုင်နွုန်း လုပ်ဆောင်ပေးခဲ့

သတင်း ညီမှူးအိမ်(အောင်လံ)

မကွေးတိုင်းဒေသကြီးအောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ၂၀၁၆မှ၂၀၂၀အထိ၅နှစ်တာကာလအတွင်းကျပ်သန်းပေါင်း၄၆ဝဝကျော်ဖြင့်မြို့ပြဖွံဖြိုးတိုးတက်ရေးကို၇၀ ရာခိုင်နွုန်း လုပ်ဆောင်ပေးခဲ့တယ်လို့မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှသိရပါတယ်။

အောင်လံမြို့ နယ်စည်ပင်သာယာရေးအဖွဲ့အင်ဂျင်နီယာမှူးဦးထွန်းသူအောင်ကအခုလိုပြောပါတယ်။

အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့နဲ့တိုင်းဒေသကြီးအစိုးရ၅နှစ်တာကာလအတွင်းလမ်း၂၂၂ခုတံတား၁၂၇စင်းရေမြောင်း၂၇၂၁၉ပေနဲ့အခြားလုပ်ငန်း၅၈ခုမြို့ရေပေးရေး၃၂ခုယာဥ်စက်၉ခု ဝယ်ယူကာကျပ်သန်း၄၆၉၂ဒသမ၁၅၀ဖြင့်မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို၇၀ ရာခိုင်နွုန်း တိုးတက်အောင်လုပ်ဆောင်နိင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာလည်းလုပ်ငန်း၁၂၄ခုအတွက်စုစုပေါင်းကျပ်သန်း၁၃၇၆နဲ့မြို့ပြဖွံဖြိုးရေးလုပ်ငန်းတွေကိုလုပ်ဆောင်မယ်လို့မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံကနေသိရပါတယ်။

ညီမှူးအိမ်(အောင်လံ)

27/01/2021

Covid -19ကာကွယ်ဆေး မကြာမီ ပြည်သူတွေ ကိုထိုးနှံပေးမယ့်အခြေအနေကိုမြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးလွင်ကအခုလိုပြောပါတယ်။

သတင်းအင်တာဗျူး-ညီမှူးအိမိ(အောင်လံ)

27/01/2021

Covid-19ကာကွယ် ဆေးအောင်လံမြို့ကျန်းမာရေးဝန်းထမ်းများကိုစတင်ထိုးပေး

သတင်း ညီမှူးအိမ်(အောင်လံ)

Covid-19ကာကွယ် ဆေးကိုမကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင်လံမြို့ရှိကျန်းမာရေးဝန်ထမ်းတွေကိုဇန်နဝါရီ၂၇ရက်နေ့လယ်၁၂နာရီ ခွဲအချိန်ကတစ်ဦးချင်းစတင်ထိုးပေးတယ်လို့မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေသိရပါတယ်။

ကိုဗစ်၁၉ကာကွယ်ဆေးစတင်ထိုးပေးတါကိုမြို့နယ်ကျန်းမာရေးဦးစီးမှူးမြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးလွင်ကအခုလိုပြောပါတယ်။

အောင်လံမြို့ ကျန်းမာရေးဝန်းထမ်း(၂၉၆)ဦး တိုင်းရင်းဆေးဌာနမှဝန်ထမ်း၂ဦးနဲ့မြို့နယ်အားကာဌာနမှဝန်ထမ်း၃ဦး စုစုပေါင်း ၃၀၁ဦးကိုဇန်နဝါရီ၂၇ရက်နေ့နဲ့ ၂၈ရက်နေ့အထိမြို့နယ်ပြည်သူ့ဆေးရုံကြီးအဆောင်သစ်မှာတစ်ဦးချင်းစနစ်တကျစစ်ဆေးကာဆေးထိုးပေးမှာဖြစ်ပါတယ်။

အောင်လံမြို့နယ်ကအသက်၁၈နှစ်အထက်ရပ်ကွက်ကျေးရွာပြည်သူတွေရဲ့စာရင်းတွေကိုလည်းမြို့နယ်အုပ်ချုပ်ရေးဌာနမှကောက်ယူနေလျက်ရှိပြီးဖေဖော်ဝါရီလ
၅ရက်နေ့မှ စတင်ကာအသုတ်လိုက်Covid -19ကာကွယ်ဆေးများထိုးပေးနိင်မယ်လို့မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေသိရပါတယ်။

ညီမှူးအိမ်(အောင်လံ)

Covid-19ကာကွယ် ဆေးအောင်လံမြို့ကျန်းမာရေးဝန်းထမ်းများကိုစတင်ထိုးပေးသတင်း-ညီမှူးအိမ်Covid-19ကာကွယ် ဆေးကိုမကွေးတိုင်းဒေသကြီ...
27/01/2021

Covid-19ကာကွယ် ဆေးအောင်လံမြို့ကျန်းမာရေးဝန်းထမ်းများကိုစတင်ထိုးပေး

သတင်း-ညီမှူးအိမ်

Covid-19ကာကွယ် ဆေးကိုမကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင်လံမြို့ရှိကျန်းမာရေးဝန်ထမ်းတွေကိုဇန်နဝါရီ၂၇ရက်နေ့၁၂နာရီ ခွဲအချိန်ကတစ်ဦးချင်းစတင်ထိုးပေးတယ်လို့မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေသိရပါတယ်။

ကိုဗစ်၁၉ကာကွယ်ဆေးစတင်ထိုးပေးတါကိုမြို့နယ်ကျန်းမာရေးဦးစီးမှူးမြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးလွင်ကအခုလိုပြောပါတယ်။

အောင်လံမြို့ ကျန်းမာရေးဝန်းထမ်း(၂၉၆)ဦး တိုင်းရင်းဆေးဌာနမှဝန်ထမ်း၂ဦးနဲ့မြို့နယ်အားကာဌာနမှဝန်ထမ်း၃ဦး စုစုပေါင်း ၃၀၁ဦးကိုဇန်နဝါရီ၂၇ရက်နေ့နဲ့ ၂၈ရက်နေ့အထိမြို့နယ်ပြည်သူ့ဆေးရုံကြီးအဆောင်သစ်မှာတစ်ဦးချင်းစနစ်တကျစစ်ဆေးကာဆေးထိုးပေးမှာဖြစ်ပါတယ်။

အောင်လံမြို့နယ်ကအသက်၁၈နှစ်အထက်ရပ်ကွက်ကျေးရွာပြည်သူတွေရဲ့စာရင်းတွေကိုလည်းမြို့နယ်အုပ်ချုပ်ရေးဌာနမှကောက်ယူနေလျက်ရှိပြီးဖေဖော်ဝါရီလ
၅ရက်နေ့မှ စတင်ကာအသုတ်လိုက်Covid -19ကာကွယ်ဆေးများထိုးပေးနိင်မယ်လို့မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေသိရပါတယ်။

ညီမှူးအိမ်(အောင်လံ)

27/01/2021

အောင်လံမြို့ နယ်စည်ပင်သာယာရေးအဖွဲ့၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်ကျပ်၁၀သန်းအထက်တည်ဆောက်ရေးလုပ်ငန်းများကိုရပ်ကွက်ကော်မတီများနှင့်ပွင့်လင်းမြင်သာစွာတွေ့ဆုံရှင်းလင်း

သတင်း-ညီမှူးအိမ်(အောင်လံ)

မကွေးတိုင်း ဒေသကြီး အောင်လံမြို့ နယ်စည်ပင်သာယာရေးအဖွဲ့၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်ကျပ်၁၀သန်းအထက်တည်ဆောက်ရေးလုပ်ငန်းများကိုရပ်ကွက်ကော်မတီများနှင့်ပွင့်လင်းမြင်သာစွာတွေ့ဆုံရှင်းလင်းပွဲကိုဇန်နဝါရီ၂၆ရက်နံနက်၁၀နါရီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမမှာပြုလုပ်ပါတယ်။

အဲဒီတွေ့ဆုံရှင်းလင်းပွဲမှာအောင်လံမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအေးကျော်မြို့နယ်စည်ပင်ကော်မတီဥက္ကဌဦးအောင်သန်းမြင့်နဲ့စည်ပင်အမှုဆောင်အရာရှိဦးမြလင်းတို့ကရှင်းလင်းပြောကြားပြီးမြို့နယ်စည်ပင်အင်ဂျင်နီယာမှူးဦးထွန်းသူအောင်ကမြို့ပေါ်၉ရပ်ကွက် တွင်ပြုလုပ်မယ့်လမ်းနဲ့ရေမြောင်းလုပ်ငန်းအခြေအနေတွေကိုရှင်းလင်းပြောကြားပါတယ်။

အဲဒီ နောက်ရပ်ကွက်ကော်မတီတွေကလုပ်ငန်းအခြေအနေများအခက်အခဲများကိုပြန်လည်မေးမြန်းရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအေးကျော်နဲ့စည်ပင်အမှုဆောင်အရာရှိဦးမြလင်းတို့ကရှင်းလင်းပြောကြားပါတယ်။

ကျပ်၁၀သန်းအထက်လုပ်ငန်းတွေဖြစ်တဲ့ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွေကိုရွာထောင်ရပ်ကွက်စက်ရုံရပ်ကွက်စမ်းချောင်းရပ်ကွက်နဲ့တရော်ကုန်းရပ်ကွက်ကန်ကြီးရပ်ကွက်သရက်တောရပ်ကွက်တွေအတွင်း၁၁ခုနဲ့ရေမြောင်းလုပ်ငန်းတွေကိုရွာထောင်ရပ်ကွက်စမ်းချောင်းရပ်ကွက်ဇေယျဝတီရပ်ကွက်တရော်ကုန်းရပ်ကွက်ကန်ကြီးရပ်ကွက်နဲ့မန်ကျည်းကုန်းရပ်ကွက်တွေအတွင်း၁၂ခုစုစု ပေါင်းကျပ်သိန်း၂၉၂၈၆၆၀၀၀နဲ့အကုန်အကျခံ
လုပ်ဆောင်မယ်လို့မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံကနေသိရပါတယ်။

ညီမှူးအိမ်(အောင်လံ)

26/01/2021

အောင်လံမြို့ မြို့ မစျေးကြီးအနီးဆင်ပေါင်ဝဲမော်တော်ဆိပ်ကမ်းနားလမ်းသွားလာလွယ်ကူ​ရန်​မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှစစ်ဆေးအသိပေး

သတင်း-ညီမှူးအိမ်(အောင်လံ)

မကွေးတိုင်း ဒေသကြီး အောင်လံမြို့ မြို့ မစျေးကြီးအနီးဆင်ပေါင်ဝဲမော်တော်ဆိပ်ကမ်းနားလမ်းကိုသွားလာ​လွယ်ကူရန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဇန်နဝါရီ၂၅ရက်နံနက်၁၁နာရီ ကကွင်းဆင်းစစ်ဆေးကာလမ်းမပိတ်ရေးဖယ်ရှား​ရန်အသိပေးတယ်လို့မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံကနေသိရပါတယ်။

မြို့နယ် စည်ပင် သာယာ ရေးအဖွဲ့အမှုဆောင်အရာရှိဦးမြလင်းကအခုလိုပြောပါတယ်။

24/01/2021
19/01/2021

၂၀၂၁ ဇန်နဝါရီ လအတွက်အောင်လံမြို့ မြန်မာ စီးပွားရေး ဘဏ် ပင်စင်လစာထုတ်ယူမည့်သူများအတွက်အချိန်နေ့ရက်များကိုကြေငြာပေးထါးကြောင်းသိရပါတယ်။

13/01/2021

အောင်လံမြို့ တွင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၁၀၆နှစ်မြောက်အထိမ်းအမှတ် အဖြစ်အောင်ဆန်းစိတ်ဓာတ်ရှင်သန်ရေးအတွက်လူငယ်မျိုးဆက်သစ်များကိုကဗျာများဖိတ်ခေါ်

ရိုက်ကူးတင်ဆက်-ညီမှူးအိမ်(အောင်လံ)

မကွေးတိုင်းဒေသကြီး
အောင်လံမြို့ မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ်အောင်ဆန်းစိတ်ဓာတ်ရှင်သန်ရေးအတွက်လူငယ်မျိုးဆက်သစ်များကိုကဗျာများဖိတ်ခေါ်ထားတယ်လို့အောင်ဆန်းစိတ်ဓာတ်ရှင်သန်ရေးအဖွဲ့ထံမှသိရပါတယ်။

အောင်လံမြို့ ရှိဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ရှင်သန်ရေးအဖွဲ့မှဆရာဦးသန်းဌေးကလူငယ်မျိုးဆက်သစ်တွေကိုကဗျာတွေဖိတ်ခေါ်ထားတာကိုအခုလိုပြောပါတယ်။

အခုနှစ်ဖေဖော်ဝါရီ၁၃ရက်နေ့မှာ ကျရောက်မယ့် ဗိုလ် ချုပ် အောင်ဆန်း ရဲ့၁၀၆နှစ်မြောက်မွေးနေ့မှာလူငယ်မျိုးဆက်သစ်တွေရဲ့ရင်ထဲမှာဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်လိုရှင်သန်စေဖို့အခုလိုပြုလုပ်ပေးတါလို့ဆိုပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း ရဲ့စိတ်ဓာတ်နဲ့နိင်ငံအပေါ်ထားရှိတဲ့စွန့်လွှတ်စွန့်စားစိတ်ဓာတ်တွေကိုဖော်ညွှန်းရေးသားထားတဲ့ကဗျာတွေကိုဖေဖော်ဝါရီ၅ရက်နေ့နောက်ဆုံးထားပြီးအောင်လံမြို့အောင်ဆန်းစိတ်ဓာတ်ရှင်သန်းရေး Face book massagerကနေပေးပို့ရမှာဖြစ်ပါတယ်။

ပေးပို့လာတဲ့ကဗျာတွေနဲ့ကဗျာရေးသူတွေကိုစနစ်တကျမှတ်တမ်းပြုစုကာဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာအမှတ်တရဂုဏ်ပြုပေးမယ်လို့သိရပါတယ်။

ညီမှူးအိမ်(အောင်လံ)

Address


Website

Alerts

Be the first to know and let us send you an email when Dailyaln News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share