20/08/2024
ကျွန်တော်သာ ဒီကာလမှာ ကွန်ပျူတာတက္ကသိုလ်
တစ်ပိုင်းတစ်စနဲ့ ကျောင်းမပြီးခဲဘူးဆိုရင်
အလုပ်တစ်ခုလုပ်ဖြစ်မယ်
ကိုယ့်တာဝန်ကိုယ်ယူဖြစ်မယ်
အဲ့အလုပ်က ပေါ့ပေါ့ပါးပါးဖြစ်တာမျိုး
ညဘက်ထိပါမလာတဲ့အလုပ်မျိုး
လစာအသင့်အတင့်နဲ့ ကိုယ်စရိတ်ကိုယ်ရနိုင်တဲ့အလုပ်မျိုး
ရွေးပြီးလုပ်ဖြစ်မယ် သေချာလဲရှာဖြစ်မယ်
ညဘက်တွေမှာ Professional skills တစ်ခုခုအတွက်
သင်တန်းတက်ဖြစ်မယ် စာသေချာလုပ်ဖြစ်လိမ့်မယ်
CU တစ်ပိုင်းတစ်စဆိုတော့
Web ဒါမှမဟုတ် Mobile Development အတန်းတစ်ခုခု
ဖြစ်လိမ့်မယ် သေချာတာတော့ ပြည်တွင်းမှာ
အလုပ် အခေါ်များတာမျိုး ကိုပိုရွေးဖြစ်မယ်
အဲ့အတန်းပြီးတာနဲ့ Project တွေလုပ်ဖြစ်လိမ့်မယ်
အခမဲ့ Project တွေရေးပေးတာမျိုးလုပ်ပြီး အတွေ့ ကြုံယူဖြစ်လိမ့်မယ်
နေ့ခင်း အလုပ်ကဝင်ငွေတစ်ခုရှိနေတာကြောင့်
Project တွေ အခမဲရေးပေးပြီး အတွေ့ကြုံရှာလို့
အကောင်းဆုံးအချိန်လို့ ထင်မိတယ်
တစ်ဖက်ကလဲ Developer အလုပ်လျှောက်နေမယ်
အဲ့အတွက်အချိန်ဟာ အနည်းဆုံး ၆ လကနေ
၁ နှစ်ခွဲကြားဖြစ်နိုင်တယ်
အလုပ်ရပြီဆိုရင် အလုပ်အတွေ့အကြုံလဲရမှာဖြစ်သလို
တစ်ဖက်လဲ Freelance တွေလုပ်ဖြစ်မယ်
နိုင်ငံခြားထွက်ဖို့စိတ်ကူးရှိခဲ့ရင် ဂျပန်ကိုရွေးဖြစ်လိမ့်မယ်
ဂျပန်ထွက်ဖိုစိတ်ကူးရင် ပြည်တွင်းအလုပ်ရွေးတဲ့အခါလဲ
Japan base company တွေပိုရွေးဖြစ်လိမ့်မယ်
အဲ့ကနေအတွေ့ကြုံယူမယ်
Exam fee ကစ Support ရနိုင်တယ်
ITPEC FE အောင်အောင်ကြိုးစားဖြစ်လိမ့်မယ်
ဂျပန်စာ N3 လောက်ထိအောင်အောင်လုပ်မယ်
FE ရော N3 ရောအောင်ဖို့ဆို ၂ နှစ်နဲ့အထက်အချိန်ပေးရလိမ့်မယ်
ဘာလို့ ဂျပန်လဲဆိုတော့ ဘွဲ့မရတဲ့သူတစ်ယောက်အနေနဲ့
တခြားနိုင်ငံတွေထက် လွယ်နိုင်လို့ပါ
IT Diploma တစ်ခုခုနဲ့ FE နဲ့ဆိုပိုလွယ်နိုင်တယ်
နောက်တစ်ခုက
စိတ်ရှည်မှုနဲ့ တစိုက်စိုက်မတ်မတ် လုပ်ဖို့
သင်ယူရမယ် အခတ်ခဲတွေကြုံလာတဲ့အခါ
တစ်ယောက်ထဲရင်ဆိုင်နိုင်ဖို့
ဒူပေတာပေ ခံနိုင်တဲ့စိတ်ရှိဖို့ သင်ယူရမယ်
ကိုယ့်မိသားစုအခြေနေဟာ
ငွေလမ်းမခင်းပေးနိုင်တဲ့ အခြေနေကို
ကိုယ်ကိုယ်တိုင် သိနေတာကြောင့်
အချိန်သည်သာ ကိုယ်ရဲ့အရင်းနှီးဖြစ်တယ်ဆိုတာကို
လက်ခံပြီး စိတ်ရှည်ရှည်နဲ့ ကိုယ်လိုချင်တာကိုရအောင်လုပ်မယ်
အချိန်တွေ အကျိုးရှိရှိအသုံးချဖြစ်လိမ့်မယ်
စာအုပ်ဖတ်တာမျိုး အသစ်အသစ် တွေကို
လေ့လာတာမျိုးလုပ်ဖြစ်လိမ့်မယ်
ဆရာကောင်းနဲ့ မိတ်ကောင်းဆွေကောင်းတွေရအောင်
အားထုတ်ဖြစ်လိမ့်မယ်
ဆရာကောင်းဟာ လမ်းမှန်ကို ပြပေးနိုင်ပြီး
မိတ်ဆွေကောင်း ကကိုယ်ခတ်ခဲနေချိန်ကူညီပေးလိမ့်မယ်
ကိုယ်ကိုယ်တိုင်လဲ အဲ့လိုကျင့်သုံးဖြစ်လိမ့်မယ်
အခတ်ခဲတွေ ပိုများတဲ့ကာလမို့
ရင်ဆိုင်ကျော်လွှားနိုင်ဖို့
စိတ်ကိုအများကြီးပြင်ဆင်ဖြစ်လိမ့်မယ််