Weekly Metro - Myanmar

  • Home
  • Weekly Metro - Myanmar

Weekly Metro - Myanmar Myanmar Weekly Journal that publish local & global news, entertainment and sport sectors

(1) အိမ်တွင်းသေနတ်ပစ်ခတ်မှုကြောင့် အဘိုး၊ သမီး၊ မြေး သုံးဦးလုံးသေဆုံး---------------------------------------------------...
28/10/2014

(1) အိမ်တွင်းသေနတ်ပစ်ခတ်မှုကြောင့် အဘိုး၊ သမီး၊ မြေး သုံးဦးလုံးသေဆုံး
-----------------------------------------------------------------------------
သက်ကြီးပိုင်းအမေရိကန်အမျိုးသားတစ်ဦးသည် ၄င်း၏သမီးနှင့် မြေးတော်စပ်သူတို့အား ဆီယက်တဲလ်မြို့နေအိမ်၌ သေနတ်ဖြင့်အသေပစ်သတ်ကာ မိမိကိုယ်ကိုယ်လည်း ပြန်လည်ပစ်ခတ်ရဲ့အဆုံးစီရင်သွားခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားသည်။

အင်္ဂါနေ့နံနက် အစောပိုင်းချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်အိမ်အတွင်းရှိ အသက်၁၀နှစ်အရွယ်ကောင်လေးတစ်ဦးမှ ရဲစခန်းအားဖုန်းဖြင့်ဆက်သွယ်ကာ မိမိ၏အဘိုးဖြစ်သူသည် အမေဖြစ်သူနှင့် ညီမဖြစ်သူတို့အားသေနတ်ဖြင့်ခြိမ်းခြောက်လျှက်ရှိကြောင်းသတင်းပေးခဲ့ပြီးနောက်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားကာ လူသတ်မှုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆီယက်တဲလ်မြို့ရဲတပ်ဖွဲ့မှသတင်းထုတ်ပြခဲ့သည်။

အသက်၆၀အရွယ်ရှိပြီဟုယူဆရသောအဆိုပါအမျိုးသားကြီးသည် သေနတ်ကိုင်ရမ်းကားကာ မိမိကိုယ်ကိုယ်အဆုံးစီရင်ပြီးချိန်တွင် အဆိုပါကောင်လေးသည်အိမ်ထဲမှ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။ သေဆုံးသူသုံးဦးလုံးနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ရဲတပ်ဖွဲ့မှ အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။

ဆီယက်တဲလ်တိုင်းမ် သတင်းစာကမူ ပစ်သတ်ခံခဲ့ရသည့်မြေးတော်စပ်သူမှာ ဆယ်ကျောင်သက်အရွယ်ရှိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရှိသဖြင့် မကြာခဏဆိုသလို ပစ်ခတ်မှုများဖြစ်ပွားလျှက်ရှိပြီး သမ္မတအိုဘားမား၏ လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာမူကြမ်းမှာလည်း ပြည်သူ့ထောက်ခံမှုမရရှိသေးသဖြင့် ကွန်ဂရက်မှအတည်မပြုနိုင်သေးကြာင်းသိရသည်။

ပြီးခဲ့သည့်သောကြာနေ့ကလည်း ၀ါရှင်တန်ရှိ အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားတစ်ဦးမှပစ်ခတ်ခဲ့ခြင်းကြောင့် သေနတ်သမားအပါအ၀င် လူနှစ်ဦးပွဲချင်းပြီးသေဆုံးကာ အနည်းဆုံး လူငါးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သေးသည်။
Ref: Reuters
မင်းနိုင်မျိုး

သူခိုးအားအ၀တ်အစားဆွဲ ချွတ်ကာလမ်းမပေါ်သို့တွန်းချခဲ့သည့် တရုတ်ဆိုင်ရှင် --------------------------------------------------...
28/10/2014

သူခိုးအားအ၀တ်အစားဆွဲ ချွတ်ကာလမ်းမပေါ်သို့တွန်းချခဲ့သည့် တရုတ်ဆိုင်ရှင်
-------------------------------------------------------------------------------------
တရုတ်လူမျိုးဆိုင်ရှင်တစ်ဦးသည် မိမိဆိုင်အတွင်းမှအ၀တ်အစားများခိုးယူခဲ့သည့် သူခိုးအမျိုးသမီးအား အပေါ်ပိုင်းအ၀တ်အစားများဆွဲချွတ်ကာ ဗလာကျင်းလျှက် လမ်းမပေါ်သို့နှင်ချခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအဖြစ်အပျက်သည် တရုတ်နိုင်ငံအရှေ့ပိုင်း ၀န်ဇူးမြို့ ဇီကျင်းပြည်နယ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခိုးယူသည့်အမျိုးသမီးမှာ အသက်၂၈နှစ်အရွယ် ယူချွန်း ဖြစ်သည်။ ဒေါသထွက်နေသည့် အသက်၃၉နှစ်အရွယ်ဆိုင်ရှင် မိုင်ဆွေ့က သူမအနေဖြင့် ရိုးရိုးသာမန်ပြစ်ဒဏ်တစ်ခုသာခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သူခိုးထွက်မပြေးစေရန်အတွက် အပေါ်ယံအင်္ကျီကိုဆွဲချွတ်လိုက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

“သူခိုးက ကျွန်မဆိုင်ကအ၀တ်အထည်တွေခိုးဖို့ကြိုးစားတဲ့အတွက် ကျွန်မကလည်းသူ့ဆီကအ၀တ်အစားတစ်ချို့ကိုပြန်ယူလိုက်တာပါ။ နောက်တစ်ခါခိုးတော့မယ်ဆိုရင် ပြန်စဉ်းစားမိနေအောင်ပေါ့။ ဒီလိုလုပ်ရပ်က သူခိုးအားလုံးကိုသတိပေးပြီးသားဖြစ်သွားပါလိမ့်မယ်။ နောက်ပြီးတော့ ဆိုင်ရှင်တွေအားလုံးက ခိုးသမျှခံရလောက်အောင် သဘောလည်းမကောင်းဘူး၊ အ’လည်းမအ’ ဘူးဆိုတာသိသွားပါလိမ့်မယ်”ဟု ဆိုင်ရှင် မိုင်ကပြောကြားသည်။

ဆိုင်ရှင်သည် ခိုးယူသူအမျိုးသမီး၏ အပေါ်ဝတ်အင်္ကျီအား အရင်ဆုံးဆွဲချွတ်လိုက်ပြီးနောက် အောက်ခံဘရာစီယာအား ဆက်လက်ဆွဲချွတ်လိုက်ကာ လမ်းပေါ်သို့ နှင်ချခဲ့ခြင်းဖြစ်သည်။ သူခိုးသည်လမ်းပေါ်သို့ ကိုးယိုးကားယားပြုတ်ကျသွားပြီးနောက် ၀ိုင်းကြည့်နေသည့်လူအုပ်စုရှိနေသည့်အတွက် အရှက်သိက္ခာအတွက် ဆိုင်ရှင်၏ခြေထောက်အားဖက်တွယ်ကာ မိမိ၏အတွင်းခံပြန်ပေးရန် တောင်းပန်တိုလျှိုးခဲ့ကြောင်းသိရသည်။ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ချိုင်တောင်က “ယူချွန်းကိုတော့ ခိုးယူမှုနဲ့ အမှုဖွင့်ထားပါတယ်၊ ဆိုင်ရင်ကိုတော့ ဘာမှမလုပ်ပါဘူး” ဟုပြောကြားခဲ့သည်။
Ref: Mirror
မင်းနိုင်မျိုး

ဆော်ဒီကောလိပ်ကျောင်းသားကိုသတ်ခဲ့သည့်အမေရိကန်နိုင်ငံသားအားဖမ်းဆီး--------------------------------------------------------...
27/10/2014

ဆော်ဒီကောလိပ်ကျောင်းသားကိုသတ်ခဲ့သည့်အမေရိကန်နိုင်ငံသားအားဖမ်းဆီး
-------------------------------------------------------------------------------------
ဆော်ဒီအာရေးဗျနိုင်ငံသားကောလိပ်ကျောင်းသားတစ်ဦးစီးသည့်ကားအားခိုးယူရန်ကြိုးစားစဉ် ဓားဖြင့်ထိုးသတ်ခဲ့သည့် အမေ၇ိကန်နိုင်ငံသားတစ်ဦးအားရဲတပ်ဖွဲ့မှဖမ်းဆီးလိုက်ကြောင်း
သတင်းရရှိရသည်။

ဖမ်းခံရသူမှာကယ်လီဖိုးနီးယားတွင် အသက်၂၈နှစ်အရွယ် သြဂတ်စတင် ရိုဆန်ဒိုဖာနန်ဒက်ဆိုသူဖြစ်ပြီးဖမ်းခံရသည့် ကြာသာပတေးနေ့က ၄င်းလက်ထဲတွင် အော်ဒီအမှတ်တံဆိပ်ကားတစ်စီးရှိနေသည်။
သတ်ခံရသည့်ဆော်ဒီကော်လိပ်ကျောင်းသားအမည်မှာဆော်ဒီနိုင်ငံခိုဘာမြို့
တွင်နေထိုင်သူ လျှပ်စစ်အင်ဂျင်နီယာကျောင်းသားအလ်ကာဒီဖြစ်ပြီး စက်တင်ဘာ ၁၇ရက်နေ့က ကယ်လီဖိုးနီယားတက္ကသိုလ်အနီးရှိ ၄င်း၏နေအိမ်မှာပျောက်ကွယ်သွားခြင်းဖြစ်သည်။ ထို့နောက်တွင် ၄င်း၏ရုပ်အလောင်းကို သဲကန္တာရအားဖြတ်သန်းဖောက်လုပ်ထားသော အဝေးပြေးကားလမ်းဘေးတွင်တွေ့ရှိခဲ့ရသည်။ အလောင်းတွေ့သည့်နေရာနှင့် အလ်ကာဒီ၏နေအိမ်မှာမိုင်ပေါင်း ၁၅၀ဝေးကွာသည်။ ဖာနန်ဒက်သည် ကြာသာပတေးနေ့ကဖောက်ထွင်းမှု၊ ကားခိုးမှု၊ ဓားထိုးမှု၊ လူသတ်မှုတို့ဖြင့်စွဲချက်တင်ခံရကာ အထူးရာဇ၀တ်ကောင်အဖြစ် ဖမ်းဆီးခံခဲ့ရသည်။ လက်ရှိတွင်မူအာမခံမပေးပဲဖမ်းချုပ်ထားသည့် ၄င်းအားတရားရုံးမှ သေဒဏ်ပေးမည်လောသို့မဟုတ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်မည်လောဆိုသည်ကိုမူမဆုံးဖြတ်ရသေးပေ။ အလ်ကာဒီသည်၎င်း၏ကားအား ပြန်လည်ရောင်းချရန် စက်တင်ဘာလအလယ်လောက်က Craigslist ကားဝယ်ရောင်းကုမ္ပဏီတွင်စာရင်းပေးခဲ့ကြောင်း၊ ဖာနန်ဒက်က ထိုကားအားဝယ်ယူရန်အတွက် စုံစမ်းမြေးမြန်းသည့်သဘောအဖြစ် ရက်ပေါင်းများစွာတွေ့ဆုံခဲ့ကြောင်းနှင့် အလ်ကာဒီ၏အိမ်တွင်နှစ်ကြိမ်တွေ့ဆုံခဲ့ကြောင်းရဲတပ်ဖွဲ့အရာရှိတစ်ဦးဖြစ်သူချာလီဘခ်ကပြောကြားသည်။ ဖာနန်ဒက်သည် လောဘတက်လာကာအော်ဒီကားကိုတစ်ပြားတစ်ချပ်မှမကုန်ပဲ လက်ဝယ်ပိုင်ဆိုင်ခွင့်ရလိုခဲ့ကြောင်းဘခ်ကပြောကြားသည်။ အဆိုပါလူသတ်မှုနှင့်ပတ်သတ်၍ ကနဦးကလူနှစ်ဦးကိုဖမ်းဆီးခဲ့သော်လည်းတရားခံအဖြစ် ဖာနက်ဒက်တစ်ဦးသာစွဲချက်တင်ခံခဲ့ရပြီးနောက် စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များကိုဆက်လက်လုပ်ဆောင်နေပြီဖြစ်သည်။ အွန်လိုင်းဝယ်ရောင်းလုပ်ငန်းများတွင် စာရင်းပေးသွင်းရာမှတစ်ဆင့်ဖြစ်ပွားသည့်လူသတ်မှုများမှာမကြာခဏဆိုသလိုကြုံရကြောင်းဘခ်ကပြောကြားသည်။
သတ်ခံရသည့်ဆော်ဒီနိုင်ငံသားအလ်ကာဒီသည် ညီကိုမောင်နှမခုနှစ်ယောက်ရှိသူဖြစ်သည်။ အမေရိကန်သို့ ၂၀၁၀ခုနှစ်ကတည်းက ၄င်း၏အကိုတော်စပ်သူအသက် ၃၂နှစ်အရွယ် အာမတ် အလ်ကာဒီနှင့်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ “သူ့ဆီမှာတောက်ပတဲ့အနာဂတ်တွေပိုင်ဆိုင်ပိုင်ပါတယ်။ သူနဲ့ထိုက်တန်တဲ့အကောင်းဆုံးပညာရေးကိုရရှိဖို့အတွက် ဒီကိုလာခဲ့တာပါ။ သူကအမြဲလိုလိုသူ့မိသားစု၊ သူ့မိဘတွေနဲ့ သူကိုယ်တိုင်အတွက် ဂုဏ်ယူစရာဖြစ်အောင် ကြိုးစားနေသူတစ်ယောက်ပါ”ဟုရင်ဖွင့်ရှာသည်။ အကိုဖြစ်သူအာမတ်အလ်ကာဒီကညီငယ်အလ်ကာဒီ၏အလောင်းကို မြုပ်နှံရန်အတွက်အမိမြေဆော်ဒီသို့ပြန်လည်သယ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: AP
မင်းနိုင်မျိုး

၂၀၁၄ခုနှစ်အတွင်းအမေရိကန်ပြည်ထောင်စုတွင်ဖြစ်ပွားခဲ့သည့် အကြိမ်၅၀မြောက် ကျောင်းတွင်းပစ်ခတ်အကြမ်းဖက်မှု--------------------ြ...
27/10/2014

၂၀၁၄ခုနှစ်အတွင်းအမေရိကန်ပြည်ထောင်စုတွင်ဖြစ်ပွားခဲ့သည့် အကြိမ်၅၀မြောက် ကျောင်းတွင်းပစ်ခတ်အကြမ်းဖက်မှု

--------------------ငြိမ်းချမ်းကိုကို------------------

ပြီးခဲ့သည့်သောကြာနေ့တွင်အမေရိကန်၌ ကျောင်းတွင်းသေနတ်ပစ်ခတ်မှုတစ်ခုထပ်ဖြစ်လေပြီ။ ယခုပစ်ခတ်မှုမှာဝါရှင်တန်ပြည်နယ်ရှိ Marysville-Pilchuckအထက်တန်းကျောင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ခုနှစ် ဒီဇင်ဘာလတွင် Connecticut ပြည်နယ် Newton မြို့ရှိ Sandy Hook မူလတန်းကျောင်းတွင် ကျောင်းသားငယ် အယောက်၂၀နှင့် ဆရာ ၅ဦးသေဆုံးခဲ့ရသည့် အကြမ်းဖက်ပစ်ခတ်မှုအပြီး ယခုပစ်ခတ်မှုအပါအ၀င် နှစ်နှစ်တာကာလအတွင်း ၈၇ကြိမ်မြောက် ကျောင်းတွင်းပစ်ခတ်မှုဖြစ်သည်။ထို့အပြင် ၂၀၁၄ခုနှစ်အတွင်းအကြိမ် ၅၀မြောက် ကျောင်းတွင်းပစ်ခတ်မှုဖြစ်သည်။
သောကြာနေ့ကျောင်းတွင်းပစ်ခတ်မှု
**************************
Jordan Lutonသည်ပစ်ခတ်မှုဖြစ်ပွားခဲ့သောသောကြာနေ့နေ့ခင်းပိုင်းအချိန်တွင် ၄င်းတက်ရောက်နေသော Marysville-Pilchukအထက်တန်းကျောင်းရှိစားသောက်ဆိုင်ကန်တင်းတွင်နေ့လည်စာစားလျှက်ရှိနေခဲ့သည်။ရှေးဦးစွာသေနတ်သံတစ်ချက်စကြားသည်။ ထိုနောက်တွင် တစ်ချက်ပြီးတစ်ချက် တဒိုင်းဒိုင်းဆက်ကြားခဲ့သည်။ Luton မြင်ရသည့်မြင်ကွင်းမှာသိပ်တော့မကောင်းလှပေ။ ကျောင်းသားအသစ်ဖြစ်သူJaylenFrybergသည် အခြားကျောင်းသားများနှင့်အတူထမင်းစားစားပွဲပေါ်သို့တက်နေသည်ကိုမြင်ရသည်။ သို့ရာတွင် Frybergသည်ကျောင်းသားများ၏ အနောက်ဘက်မှစားပွဲပေါ်သို့တက်ခဲ့ပြီးကျည်ဆံခြောက်တောင့်ကိုနောက်ကျောဘက်မှပစ်သွင်းခဲ့သည်။ “သူပစ်လိုက်တဲ့လူတွေအားလုံးကသူ့သူငယ်ချင်းတွေချည်းပဲ။ ဒါကြောင့် ကြုံသလိုပစ်တာမဖြစ်နိုင်ဘူး။ သေချာချိန်ပစ်ခဲ့တာ” ဟုLuton က CNN သတင်းဌာနသို့ ပြန်ပြောင်းပြောပြခဲ့သည်။Luton နှင့် အခြားကျောင်းသားများကိုယ်လွတ်ရုန်းပြေခဲ့ကြရာအချို့ကပြုတ်ကျကျန်ရစ်ခဲ့ကြပြီးအချို့က စားပွဲများအောက်တွင် ၀င်ပုန်းခဲ့ကြသည်။ ပစ်ခတ်မှုပြီးဆုံးသွားချိန်တွင်တော့ သေနတ်သမားနှင့် ကျောင်းသူတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြပြီးအခြားကျောင်းသားလေးဦးမှာဒဏ်ရာများအသီးသီးရခဲ့ကြကြောင်း တာဝန်ရှိသူများ၏ပြောကြားချက်အရသိရသည်။ ဒဏ်ရာရခဲ့သူအားလုံးမှာအသက် ၁၈အောက်များသာဖြစ်ကြပြီးသေနတ်ပစ်ခတ်သည့် အကြမ်းဖက်ကျောင်းသားမှာမိမိကိုယ်ကိုယ်ပြန်ပစ်သည့်ဒဏ်ရာကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Marysville ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Robb Lamoureux က သတင်းထောင်များအားပြောကြားသည်။
ဒဏ်ရာရသူလေးဦးအနက် ကျောင်းသူနှစ်ဦးမှာEverettမြို့ဆေးရုံရှိအထူးကြပ်မတ်ကုသဆောင်သို့ရောက်နေပြီးကျောင်းသားနှစ်ဦးမှာ Seattle မြို့ရှိ Harborview ဆေးရုံအထူးကြပ်မတ်ကုသဆောင်သို့ရောက်ရှိကာဆေးကုသမှု ခံယူနေကြရသည်။ “ဒဏ်ရာလေးယောက်ရတဲ့ထဲက နှစ်ယောက်ကတော့ အခြေအနေတော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေပါတယ်။ တစ်ယောက်ကတော့သိပ်မလွယ်တော့ပါဘူး။ အသက်၁၄နှစ်အရွယ်ကောင်လေးတစ်ယောက်ကတော့ မေးရိုးမှာဒဏ်ရာရတယ်၊ အသက်၁၅နှစ်အရွယ်ကောင်မလေးကတော့ ခေါင်းမှာပြင်းထန်တဲ့ဒဏ်ရာရထားပါတယ်” ဟု Seattle မြို့ဆေးရုံမှပြောရေးဆိုခွင့်ရှိသူ Erin Al-Wazanကပြောကြားသည်။
ပစ်ခတ်ရသည့်အကြောင်းအရင်းအားစုံစမ်းဆဲ
********************************
ပစ်ခတ်မှုတွင်အသုံးပြုခဲ့သည့်သေနတ်မှာFryberg ၏ဖခင်ထံမှဖြစ်သည်ဟုစုံစမ်းသိရှိရသည်။ သေနတ်မှာပေါက်ကွဲအား ပြင်းထန်သောသေနတ်ဖြစ်ပြီးကျည်ကတ်အပိုတော့မပါပေ။ ထို့ကြောင့် ထောက်လှမ်းရေးများသည် ယခုအခါ Fryberg ၏အိမ်ကိုစစ်ဆေးနေကြပြီဖြစ်ကြောင်းသိရသည်။ ပစ်ခတ်မှုတွင်အသုံးပြုခဲ့သည့်နေသတ်မှာ Beretta .40 ပြောင်းအကျယ်ရှိသေနတ်တစ်ခုဖြစ်သည်ဟုယုံကြည်ရကြောင်းအမည်မဖော်လိုသူဖက်ဒရယ်ရဲအရာရှိတစ်ဦးမှ CNN သို့အသိပေးပြောကြားခဲ့သည်။ Frybergတစ်ယောက်မိမိ၏အတန်းဖော်အချင်းချင်းအဘယ်ကြောင့် ပစ်ခတ်ခဲ့ရသနည်းဆိုသည့်မေးခွန်းအတွက်မူအဖြေရရှိရန် ကြိုးစားနေကြရဆဲဖြစ်သည်။ သောကြာနေ့ညနေပိုင်းတွင်တော့ ထောက်လှမ်းရေးများသည် ကျောင်းသို့သွားရောက်ကာသက်သေခံပစ္စည်းများရှာဖွေခဲ့သည့်အပြင် မျက်မြင်သက်သေကျောင်းသားများအားလည်းမေးခွန်းများမေးမြန်းခဲ့သေးသည်။ နေ့ညအပြင်းအထန်စုံစမ်းလျှက်ရှိပြီးအဆိုပါအထက်တန်းကျောင်းကိုလည်းသီတင်းတစ်ပတ်ပိတ်ထားဦးမည်ဖြစ်သည်။
တာဝန်ရှိသူများက ပစ်ခတ်သူနှင့် ဖြစ်စဉ်ကိုအသေးစိတ်မထုတ်ပြန်ခဲ့ကြသော်လည်းကျောင်းသားများကမည်မျှကြောက်မက်ဖွယ်ရာအဖြစ်အပျက်ဖြစ်ခဲ့ကြောင်းကိုရင်ဖွင့်ခဲ့ကြသည်။ နေ့လည်စာစားချိန်ကျောင်းပတ်ဝန်းကျင်၌ ကျောင်းသား ၂၅၀၀ခန့်ရှိနေသည့်အချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေနတ်ကိုင်အကြမ်းဖက်သမားသည် မူလအမေရိကန်တိုင်းရင်းသားဖြစ်
***************************************************
ကျောင်းသားတစ်ဦးဖြစ်သူLutonသည် ပစ်ခတ်မှုစတင်သည့်နေရာနှင့် စားပွဲခုံနှစ်လုံးအကွာအဝေးတွင် ထိုင်လျှက်ရှိနေခဲ့သည်။ Frybergသည် ကျောင်းသား ၁၀ဦးခန့်ထိုင်နေသည့်စားပွဲတစ်လုံးကိုပစ်မှတ်ထားကာပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “သူလူရွေးပြီးဖြစ်ခဲ့တာပါ။ သူပစ်ခဲ့တာကလည်းသူနဲ့အခင်မင်ဆုံးသူငယ်ချင်းတွေချည်းပါ။ အနောက်ဘက်ကနေပစ်ခဲ့တယ်။ ပစ်လို့ပြီးတာနဲ့ ကျွန်တော်နဲ့ကျွန်တော့်ချစ်သူထိုင်နေတဲ့ဘက်ကိုလှည့်ကြည့်ပြီးကျေကျေနပ်နပ်ကြီးပြုံးပြတယ်” ဟုLutonကပြောသည်။ကန်တင်းမှထွက်ခွာစဉ် သေနတ်ကိုဆက်လက်ပစ်ဖောက် သွားခဲ့သေးသည်။ “မနေ့ကဘောလုံးလေ့ကျင့်ခန်းလုပ်တဲ့အချိန် သူကလုံးဝပုံမှန်ပါပဲ။ အဆင်ပြေကြောင်းလည်းပြောခဲ့သေးတယ်။ ဒီနေ့ကျတော့ တော်တော်တုန်လှုပ်စရာကောင်းပါတယ်။ ဒီလိုအကြမ်းဖက်တဲ့လုပ်ရပ်မျိုးလုပ်ဖို့အတွက် သူ့ခေါင်းထဲကိုဘာအတွေးဝင်သွားလဲမသိတော့ပါဘူး”ဟု Lutonကဆက်လက်ပြောကြားသည်။
ကျောင်းသားသစ် Frybergသည် ကျောင်းသားများကြားတွင်လူသိများသူလည်းဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်ကပင် မောင်မယ်သစ်လွင်ပွဲ၌ “Prince” ဆုကိုရခဲ့သေးကြောင်းသိရှိရသည်။Frybergတွင် လူမှုကွန်ယက် အကောင့်များလည်းရှိပြီးထိုအကောင့်များတွင် ၄င်းအမဲလိုက်နေသည့်ပုံနှင့် ရိုင်ဖယ်သေနတ်များကိုင်ဆောင်ထားသည့် ပုံများတင်ထားတတ်သည်။ ထို့အပြင် ၄င်းသည် ဟိုးယခင်ကတည်းကရှိခဲ့သည့် မူလအမေရိကန်တိုင်းရင်းသားတစ်ယောက်ဖြစ်ကြောင်းနှင့် ၄င်း၏မျိုးနွယ်စုမှာ Tulalip ဖြစ်ကြောင်းဖော်ပြခဲ့သည်။
သူငယ်ချင်းဖြစ်သူLuton ၏ပြောကြားချက်အရFrybergသည်အနိုင်ကျင့်ခံရသည့်အနေအထားမျိုးတွင်လည်းမရှိခဲ့ဟုသိရသည်။ သို့ရာတွင် လွန်ခဲ့သည့်နှစ်ပတ်ခန့်က Frybergအားလူမျိုးရေးနှိမ့်ချစော်ကားသည့် စကားကိုတစ်စုံတစ်ယောက်မှ ပြောခဲ့သည့်အတွက် ရန်ဖြစ်ခဲ့သေးကြောင်းLuton ၏ပြန်ပြောင်းပြောပြချက်အရသိရသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေ့လည်ကFrybergထိုင်နေသောစားပွဲနှင့် ပေ၆၀အကွာတွင် ကျောင်းသူသစ် Rachel Heichelလည်းထိုင်နေခဲ့သည်။ သေနတ်သံကြားကြားချင်းသူမလှည့်ကြည့်စဉ် သေနတ်ကိုင်ထားသည့် Frybergကိုမတ်တပ်ရပ်လျှက်တွေ့မြင်ခဲ့သည်။ “ဒါမျိုးသူလုပ်လိမ့်မယ်လို့ဘယ်တုန်းကမှမတွေးမိခဲ့ဘူး။ သူလက်ထဲမှာသေနတ်ကိုင်ပြီးပစ်ခတ်နေတာကိုတွေ့ရတော့ ကျွန်မအနေနဲ့ ရင်ကွဲမတတ်ခံစားခဲ့ရပါတယ်။ ဒီလိုအကြောင်းမျိုးနဲ့ပတ်သတ်ပြီးသူ့ပါးစပ်ကထွက်တာမျိုးတစ်ခါမှမကြာဘူးပါဘူး။ သတိဝင်လာတဲ့အချိန် ကြားလိုက်တာကတော့ လူတွေအော်ဟစ်ပြီးပြေးကြ၊ ပြေးကြလို့ အော်နေတဲ့အသံပါပဲ” ဟုHeichel က ကိုယ်တွေ့ဖြစ်ရပ်ကိုရင်ဖွင့်သည်။
အပြောနဲ့အလုပ်မညီသေးသည့် သမ္မတ
*****************************
၂၀၁၂ခုနှစ် Sandy Hook ပစ်ခတ်မှုအပြီးမှာတော့ အမေရိကန်သမ္မတအိုဘားမားက “ဒီလိုကံဆိုးမိုးမှောင်ကျခြင်းတွေ အဆုံးသတ်ကိုသတ်ရပါမယ်။ ဒါတွေအဆုံးသတ်ဖို့အတွက် ကျွန်တော်တို့ ပြုပြင်ပြောင်းလဲကြရမယ်။ ပစ်ခတ်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းရင်းမြစ်တွေကရှုပ်ထွေးတာကတော့အမှန်ပါပဲ။ ဒါကြောင့် ဥပဒေတစ်ခုထဲလောက်နဲ့ မကောင်းဆိုးဝါးကို ကမ္ဘာပေါ်ကနှင်ထုတ်လို့မရသေးပါဘူး။ ဥပဒေလေးလက်တစ်ဆုပ်စာလောက်နဲ့ ဆူပူအကြမ်းဖက်မှုတွေကို ကျွန်တော်တို့လူ့အသိုင်းအ၀ိုင်းထဲက ဖယ်ထုတ်လို့မရသေးပါဘူး” ဟုပြောကြားခဲ့သေးသည်။ သို့ရာတွင် နှစ်နှစ်ခန့်အကြာတွင်တော့ ကျောင်းတွင်းအစုလိုက်အပြုံလိုက်ပစ်ခတ်မှုများသည် လျှော့နည်းသွားခြင်းမရှိသည့်အပြင် များလာခဲ့သည်။
သမ္မတအိုဘားမားပြောကြားခဲ့သည့် ပြုပြင်ပြောင်းလဲရေးမှာအကောင်အထည်ပေါ်လာဖို့အလားအလာမရှိသေးပေ။ ၂၀၁၄ခုနှစ်အတွင်းကျောင်းတွင်းပစ်ခတ်မှု အကြိမ်၅၀ဖြစ်ပွားခဲ့ပြီးဖြစ်သော်လည်းကွန်ဂရက်မှ အရေးတယူကိုင်တွယ်ဆောင်ရွက်ရန်ပျက်ကွယ်နေခဲ့သည်။ အီဘိုလာပိုးပြန့်နှံ့မှုကိုထိန်းချုပ်ရန်ပြဌားန်ချက်အမျိုးမျိုး ပြုလုပ်နေသော်လည်းကျောင်းတွင်းပစ်ခတ်မှုများအားလစ်လျူရှု့ထားသည်မှာလွန်စွာအမြင်ကျဉ်းမြောင်းခြင်း ဖြစ်သည်ဟုပြည်သူတချို့က သုံးသပ်ကြသည်။
သေနတ်ကြိုက်သည့် ပြည်သူများ
************************
အစုလိုက်အပြုံလိုက်ပစ်ခတ်မှုများသည် အမေရိကန်တွင် တိုးပွားလာလျှက်ရှိသည်။ လွန်ခဲ့သောစက်တင်ဘာလတွင်ထုတ်ပြန်ခဲ့သည့် FBI ၏အစီရင်ခံစာတွင် ၂၀၀၀ခုနှစ်မှ ၂၀၁၃ခုနှစ်အတွင်းကျောင်းတွင်းပစ်ခတ်သူလက်နက်ကိုင်အမေရိကန်အကြမ်းဖက်သမား ၁၆၀ဦးရှိသည်ဟုဖော်ပြခဲ့သည်။ ထို့အပြင် လက်နက်ကိုင်အကြမ်းဖက်ခြင်းသည် အမေရိကန်တွင် အကြိမ်အရေအတွက်ပိုတိုး၍ဖြစ်ပေါ်လျှက်ရှိကြောင်းလည်းဖော်ပြခဲ့သည်။ ကျောင်းတွင်လက်နက်ကိုင်အကြမ်းဖက်မှုသည် သူငယ်တန်းမှ ခုနှစ်တန်းအတွင်းတစ်နှစ်လျှင် ပျဉ်းမျှ ၆.၄ရာခိုင်နှုန်းတိုးပွားနေပြီးခုနှစ်တန်းနှင့်အထက်တွင် ၁၆.၄ရာခိုင်နှုန်းတိုးပွားနေကြောင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။
အမေရိကန်အစိုးရအဖွဲ့သည်လည်းပစ်ခတ်မှုများလျှော့ကျအောင် မည်သည့်ထိရောက်သည့်လုပ်ဆောင်မှုမျိုးကိုမှ အကောင်အထည်မဖော်နိုင်သေးပေ။ လွန်ခဲ့သောနှစ်တွင်အဆိုတင်သွင်းခဲ့သည့်လက်နက်ရောင်းချမှု အကန့်အသတ်များထားရှိရေး Bipartisan ဥပဒေမှာလည်းထောက်ခံမှုလုံလုံလောက်လောက်မရပဲရှုံးနိမ့်သွားခဲ့သည့်အတွက် Sandy Hook အဖြစ်အပျက်နောက်ပိုင်းသေနတ်ထိန်းချုပ်မှုကိုလည်းမပြုလုပ်နိုင်ခဲ့ပေ။ ထို့အပြင် အိုဘားမားက သေနတ်ဝယ်ယူမှုများအား စုံစမ်းစစ်ဆေးကာမှတ်တမ်းထားရှိရန် FBI ကိုညွှန်ကြားခဲ့သော်လည်းထိုလုပ်ဆောင်ချက်မှာလက်နက်ဆိုင်ရာဥပဒေများကိုပြောင်းလဲနိုင်ရန်မဖြစ်နိုင်ကြောင်း ၄င်းကိုယ်တိုင် ပြန်ဝန်ခံခဲ့သည်။ “လက်နက်ကိုင်ဆောင်ခြင်းဆိုင်ရာဥပဒေကိုပြောင်းလဲဖို့အတွက် ပြည်သူလူထုရဲ့ပါဝင်မှုကအရေးကြီးပါတယ်။ ပြည်သူလူထုကိုယ်တိုင်ကကွန်ဂရက်ကပြောင်းလဲစေဖို့မလိုလားဘူးဆိုရင် ဘာမှလုပ်လို့မရပါဘူး” ဟုလွန်ခဲ့သောဇွန်လကအော်ရီဂွန်ပြည်နယ် ကျောင်းတွင်းပစ်ခတ်မှုအပြီးအိုဘားမားကပြောကြားခဲ့သည်။ ယခုအချိန်ထိလည်း ပြည်သူလူထု၏ သဘောထားမှာပြောင်းလဲလာခြင်းမရှိသေးပေ။
AP သတင်းဌာနမှပြုလုပ်သောသဘောထားခံယူချက် ကောက်ယူမှုတွင် အမေရိကန်ပြည်သူတစ်ဝက်ခန့်သည် လက်ရှိဥပဒေကိုတင်းကြပ်ရန်လိုကောင်းလိုလိမ့်မည်ဟုသာသုံးသပ်ကြပြီး ၁၅ရာခိုင်နှုန်းကမူယခုထက်ပို၍ လျှော့ပေါ့ပေးသင့်သည်ဟုသုံးသပ်ကြသည်။ အံ့သြဖွယ်ရာပင်။ “အမေရိကန်ပြည်သူလူထုအနေနဲ့ မိမိကိုယ်မိမိ ပြန်သုံးသပ်ကြည့်ဖို့လိုအပ်နေပါပြီ။ လက်နက်ကိုင်ဆောင်မှုဥပဒေကိုတင်းကြပ်ဖို့အတွက် အရေးကြီးပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကျွန်တော်ရင်ဖွင့်ရမယ်ဆိုရင် ဒီအဖြစ်အပျက်တွေက ကျွန်တော့်ကိုတုန်လှုပ်စေပါတယ်” ဟုအိုဘားမားကပြောသည်။ သို့ရာတွင် အမေရိကန်ပြည်သူလူထုအတွက် မိမိကိုယ်ကိုယ်သုံးသပ်ခြင်းဆိုသည်မှာ အလှမ်းကွာဝေးလွန်းသောကိစ္စရပ်တစ်ခုဖြစ်သည့်အလျောက် မည်သည့်အချိန်တွင်မှဖြစ်လာလိမ့်မည်မဟုတ်ဟုယူဆရသည်။
လွန်ခဲ့သောသောကြာနေ့တွင် တစ်စုံတစ်ယောက်၏ကလေးအကြမ်းဖက်ပစ်ခတ်ခံရ၍သေဆုံးခဲ့သည်။ အဘယ်ကြောင့်အသတ်ခံရသည်ဆိုသောထိုကလေးသည် ကျောင်းသွားတက်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်အနေဖြင့် တစ်စုံတစ်ရာကိုစဉ်းစားဖို့သင့်နေလေပြီ။ ထိုတစ်စုံတစ်ယောက်သည် အသင်ဖြစ်ရန်လိုအပ်သည်ဟု CNN သတင်းဌာနကတိုက်တွန်းထားသည်။
လက်နက်ကိုင်ဆောင်ခြင်းဆိုင်ရာဥပဒေကိုတင်းကြပ်စေလိုသည့် ပြည်သူများကလည်းပါကစ္စတန် ဆွတ်တောင်ကြားဒေသတွင် ကျောင်းတက်ခြင်းကြောင့် တာလီဘန်များကပစ်ခတ်ခဲ့သည့် မာလာလာအားကယ်တင်ရှင်လုပ်ခဲ့သည့်အမေရိကန်သည် မိမိနိုင်ငံအတွင်းကျောင်းတွင်းပစ်ခတ်မှုများကိုတော့ မထိန်းချုပ်နိုင်သေးကြောင်း ဝေဖန်ထောက်ပြခဲ့ကြသေးသည်။ ဥပဒေတင်းကြပ်ခြင်းမပြုလုပ်ပဲယခုအတိုင်းသာရှေ့ဆက်သွားမည်ပါကမလွဲဧကန် ထပ်မံ၍ ကျောင်းတွင်းအကြမ်းဖက်ပစ်ခတ်မှုများ ဖြစ်နေဦးမည်ဟုသာသုံးသပ်လိုက်ရပါသည်။
ကိုးကား - CNN,
mic.com ,
everytown.org
ငြိမ်းချမ်းကိုကို

စစ်တပ်အသိုင်းအ၀ိုင်းပြင်ပမှ အင်ဒိုသမ္မအဖြစ်ဂျိုကိုဝီဒိုဒို ပထမဆုံးအကြိမ်ရွေးချယ်တင်မြှောက်ခံရ----------------------------...
27/10/2014

စစ်တပ်အသိုင်းအ၀ိုင်းပြင်ပမှ အင်ဒိုသမ္မအဖြစ်ဂျိုကိုဝီဒိုဒို ပထမဆုံးအကြိမ်ရွေးချယ်တင်မြှောက်ခံရ
-------------------------------------------------------------------------------------------------------
လွန်ခဲ့သောတနင်္လာနေ့တွင်သောင်းနှင့်ချီသောလူအုပ်ကြီးသည် လမ်းမများအထက်စုရုံးကာခုနှစ်ယောက်မြောက် ရွေးချယ်တင်မြှောက်ခံရသည့် အင်ဒိုနီးရှားသမ္မတသစ် ဂျိုကို ၀ီဒိုဒိုအားထောက်ခံခဲ့ကြသည်။ ဂျိုကိုဝီဒိုဒိုသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဖြစ်လဲနိုင်ငံရေးသမားတစ်ဦးဖြစ်သည်။
အသက်၅၃နှစ်အရွယ်ရှိပြီး “ဂျိုကိုဝီ”ဟုသာ နာမည်အတိုကောက်ဖြင့်ထင်ရှားသော ဂျိုကိုဝီဒိုဒိုသည် အင်ဒိုနီးရှားသမိုင်းတစ်လျှောက်တွင် စစ်တပ်အသိုင်းအ၀ိုင်းပြင်ပမှပထမဆုံးသမ္မတဖြစ်လာသည့် နိုင်ငံရေးသမားဖြစ်သည့်အပြင် ၁၉၉၈ခုနှစ်စစ်အာဏာချုပ်ငြိမ်းအပြီးငါးယောက်မြောက်သမ္မတဖြစ်လာသူလည်းဖြစ်သည်။ ထို့အပြင်အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်ဦးရေအများဆုံးရှိသည့်နိုင်ငံတစ်ခုဖြစ်ပြီးကမ္ဘာပေါ်တွင် အကြီးဆုံးစီးပွားရေးကိုပိုင်ဆိုင်ထားသည့် ၁၀နိုင်ငံမြောက်စာရင်းဝင်နိုင်ငံလည်းဖြစ်သည်။ သမ္မအဖြစ်ကျမ်းသစ္စာကျိန်ဆိုပွဲကိုအင်ဒိုလွှတ်တော်အဆောက်အအုံတွင် ကျင်းပပြုလုပ်ခဲ့ပြီးထိုပွဲသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်အတူ သြစတေးလျ၊ မလေးရှားနှင့် စင်ကပူတို့မှခေါင်းဆောင်များလည်းတက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ထုံးစံအတိုင်းဆူပူအုံကြွမှုများဖြစ်ခဲ့သောရွေးကောက်ပွဲအပြီး၌ ဂျိုကိုဝီက “အတူတကွရွှေ့လျားကြစို့။ အတူတကွပူးပေါင်းလုပ်ဆောင်ကြစို့”ဟူ၍ သန်းပေါင်း ၂၅၀ရှိသော ၄င်း၏ပြည်သူကိုတိုက်တွန်းခဲ့သည်။ လွန်ခဲ့သော ၁၀နှစ်တစ်ခုက ၀ီဒိုဒိုသည် ၄င်း၏ဇာတိမြို့ဖြစ်ပြီးလူဦးရေအထူထပ်ဆုံးမြို့ဖြစ်သောဂျာဗားကျွန်းရှိဆိုလိုမြို့တွင် ပရိဘောဂပစ္စည်းများရောင်းချလျက်သာရှိသေးသည်။ ထိုမှတဆင့် ဆိုလိုမြို့တော်ဝန်၊ ဂျကာတာမြို့တော်ဝန်အဖြစ်အမှုထမ်းဆောင်ခဲ့ပြီးနောက်တွင်တော့ လွန်ခဲ့သောဇူလိုင်တွင်ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှတစ်ဆင့် ဗိုလ်မှုးချုပ်ဟောင်း ပရာဘိုဝို ဆူဗြန်တိုကိုမဲအရေးအတွက် ၆ရာခိုင်နှုန်းအသာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဝီဒိုဒိုသမ္မတဖြစ်ရေးအတွက် ကမ်ပိန်းများဖြင့် ဗော်လန်တီယာပြုလုပ်ပေးခဲ့သူထောင်ပေါင်းများစွာရှိခဲ့ပြီး စစ်တပ်အသိုင်းအ၀ိုင်းပြင်ပမှ သမ္မတဖြစ်လိုသူကို စိတ်ဝင်စားမှုအများအပြားရှိခဲ့ကြသည်။ “ဂျိုကိုဝီက အင်ဒိုနီးရှားအတွက် မတူကွဲပြားပြီးသစ်လွင်တဲ့ဒီမိုကရေစီကိုယူဆောင်လာပေးဖို့ကြိုးစားနေတာပါ။ ရှိရင်းစွဲစနစ်တွေလည်ပတ်မှုကိုလည်း ပြုပြင်ပြောင်းလဲလိုစိတ်ရှိနေပါတယ်” ဟု ၀ီဒိုဒိုအားထောက်ခံသည့်အမှတ်အသားများကိုင်ဆောင်ဝတ်ဆင်ထားသော ဗော်လန်တီယာတစ်ဦးဖြစ်သူရိဇ်ကာကပြောကြားခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ကမ္ဘာဘဏ်မှထုတ်ပြန်ခဲ့သောအစီရင်ခံစာအရအင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ၁၀နိုင်ငံ၏လူဦးရေထက်ဝက်ခန့်ကိုပိုင်ဆိုင်ထားကြောင်းသိရှိရသည်။ အင်ဒိုသည် ရာဘာ၊ ဆီအုန်း၊ သတ္ထုနှင့် ကျောက်မီးသွေးကြွယ်ဝသည့်နိုင်ငံလည်းဖြစ်သည့်အပြင် နှစ်စဉ်နှစ်တိုင်း နိုင်ငံစီးပွားရေး ၅ရာခိုင်နှုန်းတိုးတက်လျက်ရှိသည်ဟုကျွမ်းကျင်သူများကတွက်ချက်ထားသည်။
Ref: LATimes
မင်းနိုင်မျိုး

04/10/2014

အစ္စရေးဝန်ကြီးချုပ်မိန့်ခွန်း ပါလက်စတိုင်းမှ ပြတ်သားစွာဝေဖန်
ရာမာလာ/ဂါဇာ
နယူးယောက်မြို့တွင်ကျင်းပပြု လုပ်သော ကုလသမဂ်္ဂ အထွေထွေ အစည်းအဝေးပွဲတွင် အစ်္စရေးဝန်ကြီး ချုပ် ဘန်ဂျမင်နေတန်ညာဟု၏ မိန့် ခွန်းသည် ပါလက်စတိုင်းပြည်သူ များအား ဆွပေးသကဲ့သို့ဖြစ်နေ ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူ များက ပြောကြားလိုက်သည်။
ဂါဇာဒေသကိုအုပ်ချုပ်နေသော ပြည်သူကိုယ်စားပြုဟားမတ်စ်အဖွဲ့ ၏ လှုပ်ရှားမှုနှင့် အီရတ်၊ ဆီးရီးယား တွင်ရှိသှေျာုောငခှအအေန အဖွဲ့၏ လှုပ်ရှားမှုများသည် အဆိပ်ပင်၏ အကိုင်း အလက်များကဲ့သို့ဖြစ်သော ကြောင့် အစ်္စရေးပြည်သူများ၏ အနာဂတ်အတွက် အရေးပါသည့် သမိုင်းဝင်အဖြေတစ်ခုကိုရှာဖွေ ရန် လိုအပ်နေပြီဖြစ်ကြောင်း နေတန်ညာ ဟုက ပြောခဲ့သည်။ ပါလက်စတိုင်း ဆိုင်ရာငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းသှူနေဘ နမနုအေ ကမူ နေတန်ညာဟု ၏မိန့်ခွန်းသည် ကမ်္ဘာကြီးကို လှည့် စားခြင်းသာဖြစ်ပြီး အောင်မြင်ဖြစ် မြောက်အောင် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နှောင့်ယှက်ဖျက်ဆီးခြင်းသာဖြစ် သည်ဟု ဝေဖန်ပြောကြားခဲ့သည်။ သူက “ျှုောငခှအအေန (အစ်္စလမ်္မစ် နိုင်ငံတော်)ရဲ့ အန်္တရာယ်ကိုပြော တယ်၊ ပြီးတော့ တခြားကိစ်္စတွေနဲ့ ရောထွေးပြီးပြောနေတယ်။ သူကိုယ် တိုင်ကဲနတငျှ့အအေန(ဂျူးနိုင်ငံ တော်)ထူထောင်ပြီး တူညီတဲ့အကြမ်း ဖက်မှုတွေလုပ် ဆောင်နေတယ် ဆိုတာကို မေ့နေပုံပါပဲ။ သူက အီရန် နဲ့မွတ်ဆလင် ကမ်္ဘာကို အပြစ်ပြော ချင်နေတယ်။ ဟားမတ်စ်အဖွဲ့က အကြမ်းဖက်သမားတွေဖြစ်ကြောင်း ကို ပေါ်လွင်စေချင်နေတယ်။ သူ ကိုယ်တိုင်လုံးဝမေ့နေတာက ဂျူး နိုင်ငံတော်အတွက်ဘယ်လို အစွန်း ရောက်တဲ့ပါဝါတွေကို ထုတ်သုံးနေ လဲဆိုတာပါပဲ”ဟု နမနုအေ က တုံ့ပြန် ပြောကြားခဲ့သည်။ ပါလက်စတိုင်း သမ်္မတပြောရေးဆိုခွင့်ရှိသူ ဘြေငူ ဗဘကျွိငညန့ ကမူ အရှေ့အလယ်ပိုင်း၏ သမိုင်းဝင်သည့် မည်သည့်အဖြေပင် မဆို နိုင်ငံတကာပူးပေါင်းဆောင်ရွက် ခြင်းနှင့် အာရပ်ဆိုင်ရာငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေအပေါ်တွင်သာ အခြေခံ၍လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြောကြားသည်။ “အဖြေတစ်ခုထွက် ဖို့ဆိုရင် လွတ်လပ်တဲ့ပါလက်စတိုင်း နိုင်ငံတော်ထူထောင်ခွင့်ပေးပြီး အရှေ့ဂျေရုဆလင်ကို မြို့တော် အဖြစ် သတ်မှတ်တာကိုသဘောတူ ပေးရပါမယ်။ လုံးဝပီပြင်တဲ့ ငြိမ်း ချမ်းရေးအဖြေတစ်ခုထွက်ဖို့ဆိုရင် အစ်္စရေးကျူးကျော်အိမ်ရာတွေ ဆောက်တာကိုအဆုံးသတ်ရမှာဖြစ် ပြီး ဂါဇာကမ်းမြှောင်ဒေသကို ပိတ်ဆို့ ထားတာတွေ ပြန်ဖွင့်ပေးဖို့လိုပါလိမ့် မယ”ဟု ပြတ်ပြတ်သားသား ပြော ကြားခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြှောင် ဒေသအား ရက် ၅၀ ကြာ ထိုးစစ် ဆင်မှုအတွင်း ဟားမတ်စ်တပ်ဖွဲ့ သည် ပါလက်စတိုင်း အရပ်သားများ အား လူသားတံတိုင်းအဖြစ် အသုံးချ ကြောင်းကို နေတန်ညာဟုက ထောက်ပြခဲ့သော်လည်း ဟားမတ်စ် အဖွဲ့ကမူ နေတန်ယာဟုသည် ဂါဇာ လူသားမျိုးနွယ်အပေါ် ကျူးလွန် သောရာဇ၀တ်မှုများကို ဖုံးကွယ်ရန် ထိုသို့ ပြောကြားခြင်းသာဖြစ်ကြောင်း နှင့် ၎င်းင်း၏စွပ်စွဲချက်များမှာ မုသား များသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုစွပ်စွဲချက်များကို ပြတ်ပြတ်သား သားငြင်းဆိုကြောင်း တုံ့ပြန်ခဲ့လေ သည်။ “နေတန်ညာဟုက သူ တစ်ပါးရဲ့မြေအပေါ်မှာ အချိန်အကြာ ဆုံး ကျူးကျော်ဝင်ရောက်နေထိုင်တဲ့ နိုင်ငံတစ်ခုကို ကိုယ်စားပြုနေပါ တယ်။ အဲဒီနိုင်ငံက အမျိုးသမီးတွေ၊ ကလေးတွေကိုသတ်တယ်။ ပါလက် စတိုင်းတွေကို အဖက်ဖက်က ဖိနှိပ် ချုပ်ချယ်ပြီး အခြေခံလူ့အခွင့်အရေး တွေကို မတော်မတရားပြုကျင့်နေ ပါတယ်”ဟု ဟားမတ်စ်ထိပ်တန်း ခေါင်းဆောင်တစ်ဦးက ဆက်လက် ပြောကြားခဲ့သည်။
ဇူလိုင် ၈ ရက်နေ့တွင် စတင် ခဲ့ကာ ရက် ၅၀ ကြာမြင့်ခဲ့သော အစ်္စရေး၏ ဂါဇာကမ်းမြှောင်ဒေသ အပေါ် ကျူးလွန်သည့်စစ်ပွဲအတွင်း ပါလက်စတိုင်း ၂၁၀၀ ကျော်သေဆုံး ခဲ့ကာ အစ္စရေးစစ်သား ၆၆ ဦးနှင့် အရပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း ကုလသမဂ်္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

မင်းနိုင်မျိုး

26/08/2014

Myanmar Weekly Journal that publish local & global news, entertainment and sport sectors

22/08/2014

Welcome to Weekly Metro - Myanmar

Address


Website

Alerts

Be the first to know and let us send you an email when Weekly Metro - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share