18/08/2026
နောက် ၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးကြီးမည့်ဒေသများ
အခုပိုစ့်တင်ချိန်မှ နောက်၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသတွေကိုပဲ ဒီပိုစ့်ထဲမှာ ရွေးချယ်တင်ပြထားပါတယ်။ ရာနှုန်းပြည့်မိုးကြီးမယ်ဆိုတာ သေချာပေါက် မိုးကြီးမယ်လို့ ပြောတာပါ။ ဒါပေမယ့် မိုးရွာမယ့်ဒေသနဲ့ မိုးကြီးမယ့်ဒေသကို ခွဲခြားရလွယ်အောင် နောက်၂၄နာရီအတွင်း ရာနှုန်းပြည့် မိုးရွာမယ့်ဒေသတွေကိုလဲ သီးသန့်ပိုစ့်တစ်ခုဖြင့် ကျနော့်အကောင့်ထဲမှာ ပြီးခဲ့တဲ့ နာရီပိုင်းလောက်က ခွဲတင်ပေးထားပြီးပါပြီ။ ဝင်ဖတ်လို့ရပါပြီဗျ။
ကချင်ပြည်နယ်
ပန်နန်းဒင်၊ နောင်မွန်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး၊ ကန်ပိုက်တီ၊ တာလောကြီး၊ လိုင်ဇာ၊ လဂျားယန်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဗန်းမော်။
ကယားပြည်နယ်
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။
ကရင်ပြည်နယ်
ကတိုင်တိ၊ မြိုင်ကြီးငူ၊ ကမမောင်း၊ ရင်းဘိုင်း၊ ရွှေဂွန်း၊ လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ မင်းဇီ၊ နောင်ကမြိုင်၊ တောင်ဝိုင်း၊ ဘားအံ၊ ဇွဲကပင်တောင်၊ နောင်လုံ၊ အိန္ဒု၊ ဝင်းစိန်၊ သဲပုံ၊ ကျုံဒိုး၊ ကော့ကရိတ်၊ ဇာသပြင်၊ ကော့ဘိန်း၊ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီး၊ မြို့ဟောင်းရွာ၊ တံခွန်တိုင်၊ ကမ်းနီ။
ချင်းပြည်နယ်
မတူပီ၊ ဆမီး၊ ပလက်ဝ။
မွန်ပြည်နယ်
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးကြီးမည်။
ရခိုင်ပြည်နယ်
ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးကြီးမည်။
ရှမ်းပြည်နယ်မြောက်ပိုင်း
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။
ရှမ်းပြည်နယ်အရှေ့ပိုင်း
ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယု၊ ကျိုင်းလတ်၊ တာလေ၊ တာချီလိတ်၊ မယ်ဆိုင်၊ မိုင်းဖြတ်၊ မိုင်းခုတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင်၊ မိုင်းယွန်း။
ရှမ်းပြည်နယ်တောင်ပိုင်း
ကျိုင်းတောင်း၊ ကာလိ၊ ကွန်ဟိန်း၊ ခိုလမ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။
စစ်ကိုင်းတိုင်းအောက်ပိုင်း
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။
မန္တလေးတိုင်း
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။
မကွေးတိုင်း
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။
နေပြည်တော်
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။
ပဲခူးတိုင်းအရှေ့ပိုင်း
ကျောက်ကြီး၊ ပိန်းဇလုတ်၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ဒိုက်ဉီး၊ မဒေါက်၊ ရွှေကျင်၊ ဝေါ၊ ညောင်ခါးရှည်၊ ပဲခူး၊ သနပ်ပင်၊ ကဝ၊ သက္ကလ၊ ရွှေပေါက်ကံ။
ပဲခူးတိုင်းအနောက်ပိုင်း
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။
ရန်ကုန်တိုင်း
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။
ဧရာဝတီတိုင်း
ရာနှုန်းပြည့် မိုးကြီးမည့်ဒေသ မရှိပါ။
တနင်္သာရီတိုင်း
ကလိန်အောင်၊ ရေဖြူ၊ မေတ္တာ၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ ပလောက်။
ရာနှုန်းပြည့် မိုးရွာမယ့်ဒေသများနဲ့ ရာနှုန်းပြည့် မိုးကြီးမယ့်ဒေသများဆိုပြီး ပိုစ့်နှစ်ခုခွဲကာ တစ်ရက်လျှင်နှစ်ကြိမ် အပ်ဒိတ်တင်ပေးနေတာ ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ မိုးတိမ်တောင်တွေ အမြန်ဖြတ်သွားလို့ ယာယီမိုးကြီးတာမျိုး၊ ယာယီမိုးသည်းထန်တာမျိုး၊ နေရာကွက် မိုးကြီးတာမျိုး၊ နေရာကွက် မိုးသည်းထန်တာမျိုးတွေ မပါဝင်ဘဲ သေချာပေါက် မိုးကြီးမယ့်ဒေသတွေကိုသာ ရွေးချယ်တင်ပြပေးထားတာ ဖြစ်ပါတယ်ဗျ။ တစ်နာရီဝန်းကျင်လောက် ရေအိုးသွန်ချသလိုရွာပြီး မိုးကြီးတာနဲ့ တစ်နေကုန် မိုးစွေရွာပြီး မိုးရေချိန်ပမာဏများသွားလို့ မိုးကြီးတာဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီစာရင်းထဲမှာ အဲ့နှစ်မျိုးစလုံး ပါဝင်ပါတယ်ဗျ။ ဒီထဲက အချို့ဒေသတွေကို ရက်ကြိုခန့်မှန်းပေးခဲ့ပြီး ဖြစ်ပါတယ်ဗျ။
Issued Time: 18-08-2026/9:35AM
Derived from: Multi-Model Consensus (ECMWF, GFS, ICON, UKMO, GEM, JMA, WRF, PPD, ACCESS, GSM, CMA, NCUM, NCMRWF)
ဒေါက်တာ စိုင်းခွန်အာကာ