07/01/2025
“သံသရာတစ်ခုကိုရပ်တန့်လိုက်ခြင်း”
လူပျိုကြီး အပျိုကြီးများသည် အလွန်ပင်မွန်မြတ်သူများဖြစ်ကြသည် အဘယ့်ကြောင့်ဆိုသော် သူတို့တွင်သားသမီးမရှိခြင်းဖြင့် မျိုးဆက်ပြန့်ပွါးမှုသံသရာကို လျှော့ချပေးနေခြင်းကြောင့်ဖြစ်သည်။
ကျနော့်ကို ကျနော်၏အဖေ နှင့်အမေ မှ ပြုစုပျိုးထောင်ပေးခဲ့သည်။ ကျနော့်မိဘ၏ကျေးဇူးများ ကို နို့ရည် တစ်စက်ဖိုးမျှပင် မဆပ်နိုင်သေးပေ။ ကျတော်၏မိဘများကို အဖိုးနှင့်အဖွား ၄ဦးမှ ကျွေးမွေးပြုစုခဲ့သည်။ ကျနော်၏အဖိုးနှင့်အဖွားများသည်ပင်လျှင် သူ၏မိဘ များဖြစ်ကြသည့် ဖိုးဖိုးကြီး ဖွားဖွားကြီး ၈ဦးအား ကျေးဇူးမဆပ်နိူင်ခဲ့ပေ။ ဖိုးဖိုးကြီးဖွားဖွားကြီးများ၏ မိဘ များ ၁၆ဦးသည်လည်းပဲ မိဘကျေးဇူး ဆပ်နိုင်ခဲ့မည်မထင်။ ထို့ကြောင့် ကျေးဇူးမဆပ်နိုင်သော သံသရာတစ်ခုကို လူပျိုကြီး အပျိုကြီးများသာလျှင်ရပ်တန့်နိုင်ခဲ့သည်။