𝑯𝑾 𝑪𝒐𝒍𝒐𝒓𝒇𝒖𝒍 𝑳𝒊𝒇𝒆

  • Home
  • 𝑯𝑾 𝑪𝒐𝒍𝒐𝒓𝒇𝒖𝒍 𝑳𝒊𝒇𝒆

𝑯𝑾 𝑪𝒐𝒍𝒐𝒓𝒇𝒖𝒍 𝑳𝒊𝒇𝒆 Digital Income & News Sharing

27/06/2024

ထိုင်းမှာ အင်တာနက်သုံးရတာ တစ်ချို့က စျေးတွေကြီးလို့ စိတ်ညစ်နေကြပါတယ် ....

အင်တာနက် unlimited ကို တစ်နှစ်စာ အဝသုံး ဝယ်ထားရင် Speed ကလဲ မြန်သလို တစ်လတစ်လ ပေးရတဲ့ စျေးနှုန်းကလဲ ‌‌ဒီတိုင်း Package ဝယ်တာထက်စာရင် သက်သာပါတယ် ...

AIS, Dtac, True တို့ ရှိတာထဲက စျေးအတန်ဆုံးနဲ့ တစ်လစာကို အဝသုံး ၉၉ ဘတ်နဲ့ အင်တာနက် သုံးနေပါတယ် ....

တစ်နှစ်စာဝယ်ထားရင်တော့ ပိုတန်ပါတယ် ...

အင်တာနက် အသုံးပြုပုံနဲ့ ပတ်သက်လို့ ဗီဒီယိုလေး လုပ်ပေးမှာမို့ စောင့်‌မျှော် ကြည့်ရှုပေးကြပါဦးနော် ....

Sharing by HW Colorful Life

Send a message to learn more

19/06/2024

Online money ရှာဖို့ Side Hustle အနေနဲ့တော်တော်များများက content creator အနေနဲ့ လုပ်ဖို့ စိတ်ဝင်တစားရှိလာကြပါတယ် …

Digital Income ရဖို့ ဘာတွေ အရင်စလုပ်ရမလဲ?
ဘယ်လို Platform တွေက ပိုက်ဆံဝင်နိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ဒီပို့စ်မှာ ရှင်းပြပေးပါမယ် …

ဒီနေ့ Topic မှာ လူတွေ အသိအများဆုံး YouTube က ပိုက်ဆံရနည်းက စရအောင် …

YouTube မှာ ပိုက်ဆံရဖို့ဆိုရင် Subscriber 1000 နဲ့ Watch hour 4000 ပြည့်မှ monetisation လုပ်လို့ရမှာပါ …
အဲ့တာကလဲ တစ်နှစ်အတွင်း ရရှိရမယ့်နှုန်းပါ…

ဒါမဲ့လဲ Youtube က creator တွေကိုလျှော့ပေါ့ပေးတဲ့အနေနဲ့ ပိုက်ဆံစရဖို့ဆိုရင် Subscriber 500 watch hour 3000 သို့မဟုတ် Shorts video view က 3လ အတွင်း 3 million ရမှ ပိုက်ဆံစရမှာဖြစ်ပါတယ် …

အားလုံး ကိုယ်စိတ်ဝင်စားတဲ့ အပိုင်းလေးကို သေချာလေး focus လုပ်ပြီး တင်ကြည့်ရင်း ပိုက်ဆံဝင်နိုင်ကြပါစေ …

17/06/2024

ထိုင်းမှာ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်မယ်ဆိုရင် ဒါတွေသိထားသင့်ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ၊ တူရကီ ၊ အီရတ် နိုင်ငံသားများ Restaurant ပိုင်ရှင်လုပ်ခွင့်မရှိပါဘူး ။

ပိုင်ရှင်လုပ်မယ်ဆိုရင်တော့ စတင် ရုန်းကန် ရပါလိမ့်မယ်။ Tourist Visa ,Retirement Visa ,Non LA Visa , စသဖြင့် နေထိုင်ခွင့်များနှင့်လည်းစျေးရောင်းလို့မရနိုင်ပါဘူး ။

( ၁ ) ကုမ္ပဏီထောင်ဖို့လိုအပ်ပါတယ်

ထိုင်း ၅၁ % နှုန်း မိမိပိုင်ဆိုင်မူ့ ၄၉ % ဖြင့် ကုမ္ပဏီတည်ထောင်လို့ရပါတယ်။ ကုမ္ပဏီတည်ထောင်ခက မိမိဘာသာ Register လုပ်ရင် ဘတ် 6,000 ထက်မပိုပါဘူး။

( ၂ ) Lincence

လိုင်စင်လျှောက်ထားဖို့အတွက် ပိုင်ရှင်၏ ဆေးစစ်ချက်များလိုအပ်ပြီး ဆေးစစ်ချက်အောင်မြင်မှသာ လိုင်စင်ကိုချပေးပါသည်။

( ၃ ) POS တပ်ဆင်ခြင်း

POS များကို Android အတွက်ဆို Wong Nai နှင့် IOS အတွက် Food Stories Software များကိုအသုံးပြုကြတာများပါတယ်။ QR ဖြင့် မီနူးထားရှိခြင်း စသည့်အခန်းကဏ္ဍများကိုပါ လုပ်ဆောင်နိုင်ပြီး Wrong Nai Software Quotation ကတော့

🏷️ Price - 29,660 ဘတ်ကျသင့်မှာဖြစ်ပါတယ်။

( 1 )PTHPFS008-2308] FoodStory Hardware Small Value Set (LAN) (สวนลด 2,000)
1.00
18,000.00

🔶Apple iPad 9 (2021) Wi-Fi 64GB 10.2 inch - Silver x 1
Thermal printer C300H LAN x 1
iPad Stand 001-2 White x 1
Drawer MAKEN ลิ้นชักเก็บเงิน MK-420 x 1
နှင့်
( 2 ) Software တစ်နှစ်စာအသုံးပြုခ 10,000 ဘတ်ဖြစ်ပါတယ်။

( ၄ ) Online Delivery App များ

ထိုင်းနိုင်ငံရဲ့ Grab App မှာ မြန်မာ နှင့် တရုတ် နိုင်ငံသား Restaurant Owner များကို ၄င်းတို့ရဲ့ App မှာ Register လုပ်ခွင့်မပေးပါဘူး ။ ကုမ္ပဏီအနေဖြင့်သာမှတ်ပုံတင်ရမှာဖြစ်ပါတယ်။
အမြတ်အနေဖြင့် Line Man 30% , YO'O 30%,
foodpanda 32%, Robinhood 32 % နှင့် Grab 35 % ဖြစ်ပါတယ်။

( ၅ ) ငွေလက်ခံခြင်း

စားသောက်ဆိုင်တစ်ဆိုင်မှာ Cashier ကိုမြန်မာဝန်ထမ်းများထားခွင့်မရှိပါဘူး။ ထိုင်းလူမျိုးတစ်ယောက်အားခန့်အပ်ခြင်းသို့မဟုတ် Company Account ထဲ့သို့တိုက်ရိုက်ငွေလွဲခြင်း ၊ Mobile Banking မှ QR များထုတ်နူတ်ထားခြင်း သို့ EDC Merchant Account များဖြင့် ငွေလက်ခံလို့ရပါတယ်။
EDC Merchant Account က SCB Bank မှာလုပ်မယ် ဆိုရင် Machine insurance 3000/machine
Monthly 428 baht/monthကျသင့်မှာဖြစ်ပါတယ်။

( ၆ ) ထိုင်းနိုင်ငံရဲ့ Tax အမြတ်အခွန်

ထိုင်းနိုင်ငံမှာ ကုမ္ပဏီထောင်ပြီး ကတည်းက Tax အခွန်အခ ပေးဆောင်ခြင်းများအား လစဉ် နှင့် နှစ်စဉ်အခွန်ရှင်းလင်း ရမည်ဖြစ်ပါသည်။

💢လစဉ် အခွန်

ဥပမာ - မုန့်ဟင်းခါးဆိုင် ဆိုကြပါစို့

မုန့်ဟင်းခါး ရောင်းစျေး 70 x ရောင်းရသည့်အရေအတွက်ပွဲ 1,000 လစဉ် = 70,000 ฿ ၄င်း 70,000 ฿ ထဲမှ 7 % အစိုးရ Tax = 4,900 မှာ လစဉ် အခွန်ဖြစ်ပါသည်။

💢နှစ်စဉ်အမြတ်ခွန်

လစဉ်ရောင်းအား 70,000 x 12 လ = 840,000 ฿ တစ်နှစ်စာ ဝင်ငွေ ၄င်းထဲကမှ အောက်ပါအတိုင်းအခွန်ပေးဆောင်ရပါသည်။

- Note
တစ်နှစ်စာအမြတ်ခွန်အတွက် ဘတ် 5, သန်းထက်မပိုသော SME လုပ်ငန်းများသည်။

🔶အမြတ်ငွေ 300,000 အောက်အားအခွန်ဆောင်ရန်မလိုအပ်ပါ။

🔶အမြတ်ငွေ 300,000 မှ 3,000,000 အထိ အမြတ်ခွန် 15 % အခွန်ပေးဆောင်ရပါသည်။

🔶အမြတ်ငွေ 3,000,000 အထက် အမြတ်ခွန် 20 %

🔶 5,000,000 အထက်ရင်းနှီးမြုပ်နှံထားသောကုမ္ပဏီ များသည် 20 % မလွဲမသွေ အခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။

နှစ်စဉ်အခွန်ဆောင်ရာတွင်လျော့ပေါ့စေရန်

ဥပမာ- F & B လုပ်ငန်းများအတွက်

( 1 ) စျေးဝယ် Bill များ ၊ အသုံးစရိတ်များ ၊ အလုပ်သမားငှါးရမ်းခ ၊ ဆိုင်ငှါးရမ်းခ စသည်များ ထဲမှ နူတ်ပြီး ဖော်ပြပါအတိုင်း အခွန်ဆောင် ရမည်ဖြစ်ပါသည်။

( ၇ ) ဝန်ထမ်းများ

မိမိလုပ်ငန်းအောက်မှာ မြန်မာဝန်ထမ်းများကိုခန့်အပ်ပါက ကုမ္ပဏီအောက်သို့ ၄င်းတို့၏ Work Permit များကိုပြောင်းရွှေ့ထားရန်လိုအပ်ပါသည်။စစ်ဆေးတွေ့ရှိခဲ့သော်အလုပ်ရှင်အားဘတ် ၂ သိန်းထက်မပိုသော ငွေဒဏ်ရိုက်နိုင်ပါသည်။

ပတူနန်းလိုနေရာမျိုးမှာ ဆိုင်ဖွင့်မယ်ဆိုရင် အဖွဲ့ပေါင်း ၆ ဖွဲ့လောက်ကို လစဉ် ပေးကမ်း ဖို့လည်း မမေ့ဖို့လိုအပ်ပါတယ်။

ကျနော့သမီးငယ်လေး သဲတုန် ၇ နှစ်ပြည့်မွေးနေ့အမှတ်တရ😍

crd

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

Send a message to learn more

တချို့ VPN တွေ မရတော့ဘူးဆိုလို့ လိုင်းဆွဲအားကောင်းပြီး သုံးရတာအဆင်ပြေတယ် ပြောတဲ့ VPN တွေကို အစဉ်လိုက် စီပေးထားပါတယ် သွား...
30/05/2024

တချို့ VPN တွေ မရတော့ဘူးဆိုလို့ လိုင်းဆွဲအားကောင်းပြီး သုံးရတာအဆင်ပြေတယ် ပြောတဲ့ VPN တွေကို အစဉ်လိုက် စီပေးထားပါတယ် သွားဒေါင်းလိုက်ကြပါရှင့်

အားလုံးအဆင်ပြေကြပါစေ ☺️

မြန်မာဘာသာစကားကို အသုံးပြုပြီး Prompt ရေးနိုင်တဲ့ AI ထဲမှာ Chat GPT အပြင် Bing AI လဲပါပါတယ်။ Bing AI က မြန်မာဘာသာစကားနဲ့...
16/05/2024

မြန်မာဘာသာစကားကို အသုံးပြုပြီး Prompt ရေးနိုင်တဲ့ AI ထဲမှာ Chat GPT အပြင် Bing AI လဲပါပါတယ်။

Bing AI က မြန်မာဘာသာစကားနဲ့ ကြိုက်နှစ်သက်တဲ့ မေးခွန်းကို မေးမြန်းနိုင်တဲ့အပြင် ပုံပါ generate လုပ်နိုင်ပါတယ်။

ပုံထုတ်တာအပြင် Meal Plan ရေးဆွဲပေးတာ Cooking Assistant နဲ့ Vacation Planner feature တွေပါ ပါလို့ သုံးရတာ တော်တော် အဆင်ပြေပါတယ် …

ဒါပေမဲ့ response ကတော့ Free မို့ တခြား AI တွေထက် နည်းနည်းကြာပါတယ် Coin လေးတွေ သုံးပြီးတော့ မြန်အောင်လုပ်နိုင်ပါတယ် …

Overall အနေနဲ့ မြန်မာစာနဲ့ စာတွေ ပုံတွေ generate လုပ်တဲ့အခါ Chat GPT ထက်ပိုပြီး မှန်တဲ့ result နဲ့ စားလုံးပေါင်းထွက်ပေးတယ် ထင်ပါတယ် …

အားလုံးလဲ Bing AI ကို try ချင်ရင် ပေးထားတဲ့ link မှာ စမ်းပြီး သုံးကြည့်လို့ရပါတယ်
https://www.bing.com/search?scdexwlispw=1&fromncp=1&q=Bing+AI&form=CONVRD

Mobile version အတွက်ကတော့ Android နဲ့ IOS အတွက် App Store မှာ သွားပြီး Download လုပ်နိုင်ပါတယ်

GPT-4o ကို Open AI က Free သုံးခွင့်ပေးလိုက်ပါတယ် Chat GPT 3.5 ထက် သုံးရတာမြန်ပြီး result တွေ ထွက်တဲ့အခါ ပိုပြီး အဆင်ပြေလ...
15/05/2024

GPT-4o ကို Open AI က Free သုံးခွင့်ပေးလိုက်ပါတယ်

Chat GPT 3.5 ထက် သုံးရတာမြန်ပြီး result တွေ ထွက်တဲ့အခါ ပိုပြီး အဆင်ပြေလာပြီး GPT-4o က ဝယ်သုံးနေရတဲ့ GPT-4 Turbo နဲ့ စွမ်းဆောင်ရည်တူတယ် ပြောပါတယ်။

အဓိကအချက်ကတော့ မြန်မာစကားကို ပိုပြီးနားလည်လာတာပါပဲ … မြန်မာလို စာရိုက်ထည့်ရင် chat GPT ရဲ့ တုံပြန်ချက်က အရမ်းကြီး တိကျတာ မရသေးပေမဲ့ တော်တော်သုံးလို့ကောင်းတဲ့ထိ အဆင်ပြေလာတာပါ။

Chat GPT plus ကို ပိုက်ဆံနဲ့ ဝယ်ပြီး မသုံးချင်တဲ့ user တွေအတွက် အခု Chat GPT-4o ကို စမ်းသုံးကြည့်ပါလို့ အကြံပေးချင်ပါတယ်။

အောက်က linkမှာ သွားပြီး စမ်းသုံးနိုင်ပါတယ် …
https://openai.com/index/hello-gpt-4o/

မြန်မာဘာသာနဲ့ စမ်းထားတာလေး ကြည့်လို့ရအောင် မျှ‌ဝေပေးလိုက်ပါတယ်

12/05/2024

Payoneer Account ဖွင့်ပြီး နိုင်ငံခြားငွေ လက်ခံနည်း နဲ့ ငွေထုတ်ရန် ဘဏ်ချိတ်နည်း 🤩🤩

Mahachulalongkornrajavidyalaya Universityမဟာချူလာလောင်ကွန်းထိုင်းဘုရင့်တက္ကသိုလ်တက်ရောက်နိုင်တဲ့ ဌာန (၅) ခု_____________...
07/04/2024

Mahachulalongkornrajavidyalaya University
မဟာချူလာလောင်ကွန်းထိုင်းဘုရင့်တက္ကသိုလ်

တက်ရောက်နိုင်တဲ့ ဌာန (၅) ခု
_____________________________
1.Faculty of Buddhism
2.Faculty of Humanities
3.Faculty of Education
4.Faculty of Social science
5.International Buddhist Studies College (IBSC)
_____________________________
✳️ 1.Faculty of Buddhism(BA)
▪Major ▪
1.Buddhist Studies
2.Philosophy & Religion
Link🔍Website- https://fb.mcu.ac.th/
_____________________________
✳️ 2. Faculty of Humanities(BA)
▪️Major▪️ 1. English
Link🔍Website- https://human2.mcu.ac.th/
_____________________________
✳️ 3.Faculty of Education(BA)
▪️Major ▪️
1.Teaching English Program
Link🔍Website- https://edu.mcu.ac.th/
_____________________________
✳️ 4. Faculty of Social science
_____________________________
✳️5.International Buddhist Studies College(IBSC)
▪Major▪ 1.Buddhist Studies
Link🔍Website- https://www.ibsc.mcu.ac.th/
_____________________________
BA အားလုံးရဲ့ ကျောင်းကြေးကုန်ကျငွေက
သိပ်မကွာပါဘူး။ ၁သောင်းဝန်းကျင်ပဲလည်နေတာပါ။ လူတွေအတွက်က ဘာသာရပ်လျော့လို့ရတာမို့
ကျောင်းကြေးက ပိုနည်းသွားနိုင်သေးပါတယ်။ လူကျောင်းသားတွေအတွက် Recommend ပေးချင်တာကတော့ Faculty of Humanities နဲ့
Faculty of Education ဌာန နှစ်ခုပါ။
ED Visa နဲ့ နေရတာမျိုး အားငယ်စရာမရှိပါဘူး။
ဘယ်နိုင်ငံမဆို အလည်ထွက်လို့ရပါတယ်။
_____________________________
(MA အတွက်ရောရေးလိုက်ရင် ရှုပ်သွားမှာမို့ BA(သီးသန့်)ပဲ ရေးလိုက်ပါတယ်။
MA မှာဆိုရင် ကျောင်းကြေးပထမအဖြတ် (2,6000)ဘတ် အပြင် ထပ်ပြီး-
MCU GET fee, Proposal Exam fee, Article Fee,
Thesis Defense Exam fee,Visa Fee,
Student dormitory fee ဆိုပြီး အပိုကုန်ကျစရာတွေ ရှိပါသေးတယ်။)
_____________________________
Faculty of Social science နဲ့ပတ်သက်ရင်တော့
သိပ်မသိရပါဘူး။ ထိုင်းဘာသာနဲ့ သင်တာဖြစ်မယ်။
တက္ကသိုလ်မှာက International program နဲ့ Thai program ဆိုပြီးကွဲသေးတယ် (ဌာနတိုင်းမှာ အင်္ဂလိပ်လိုသင်တာနဲ့ ထိုင်းလိုသင်တာ နှစ်လိုင်းခွဲထားပါသေးတယ်)၊ မြန်မာအများစုက International program မှာပဲ အတက်အများကြတယ်။...
Crd.........................................................
🇹🇭အကြံပြုချက်🇹🇭
အခု Ayutthaya MCU ဗုဒ္ဓတက္ကသိုလ်မှာ
Humanity ဋ္ဌာနက လုပ်ပေးထာတဲ
'' Certificate of Thai Language for Foreigner ''
ဆိုတဲ့ 1 year short program ရှိပါတယ်။
(Visa Program)လို့တောင်ခေါ်ပါတယ်၊
တပတ်မှ ၂ရက်ပဲတက်ရတာပါ။

တခြားဋ္ဌာနတွေဖြစ်တဲ့...
✳️International Buddhist Studies College(IBSC) မှာ
Mindfulness (1 year program)
✳️ Faculty of Education(BA)
မှာ...Inter Education (1 year) ရှိနေပါသေးတယ်။
အချက်အလက်ကိုယ်တိုင်စုဆောင်းပြီး
ကိုယ်တိုင်လျောက်စေချင်ပါတယ်။........................................................
ဗုဒ္ဓတက္ကသိုလ်အမျိုးအစားဖြစ်တာမို့
မိန်းက​​လေးတွေအတွက် နေရာအလုံအလောက် မပေးပါဘူး။(အပြင်မှာ အဆောင်ရှာတက်ရနိုင်ပါတယ်) (ယောကျားလေးတွေအတွက် သက်သာတဲ့ နှုန်းထားနဲ့ အဆောင်ရနိုင်ပါတယ်။)..........................................................
ကျောင်းလုံးဝအပ်မပေးပါ၊
လုံးဝမခက်ခဲတာမို့
ကိုယ့်ဖာသာစုံစမ်းပြီး အပ်စေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

တက္ကသိုလ်တည်နေရာ
https://maps.app.goo.gl/KBEqrdw7p4JGN21T8

Visa သက်တမ်းသွားတိုးတဲ့အခါမှာ အဓိကပြသနာကတော့ Fromမဖြည့်တတ်တာပါ။ဘယ်နားဘာဖြည့်ရမှန်းမသိတဲ့သူတွေရှိသလို တချို့ကလည်းစာမဖတ်တတ...
07/04/2024

Visa သက်တမ်းသွားတိုးတဲ့အခါမှာ အဓိကပြသနာကတော့ Fromမဖြည့်တတ်တာပါ။

ဘယ်နားဘာဖြည့်ရမှန်းမသိတဲ့သူတွေရှိသလို တချို့ကလည်းစာမဖတ်တတ်ကြတာပါ။

စာမဖတတ်လိို့ နားမလည်လို့ ကိုယ့်ဖာသာ အပြစ်တင်စရာလည်းမလိုပါဘူး။

ဒါတွေက Eng လိုရေးတတ်ဖတ်တတ်တဲ့ foreigner တွေတောင်မှ အကျွမ်းတဝင်မရှိရင် နမူနာကြည့်ပြီးဖြည့်ရတာတွေရှိတတ်ပါတယ်။

ဒါကြောင့် From ဘယ်လိုဖြည့်ရမလဲဆိုတာကို တစ်ပုံချင်းစီမှာသေချာရေးပြထားမှာမို့ ထောက်ပြီးတော့ကြည့်ပေးသွားပါနော်။

Immigration မှာ ဒီ form သုံးစောင်လုံးကို freeပေးထားမှာပါ။

✅Form 1: Application For Extension Of Temporary Stay In The Kingdom

ဒီFromကိုတော့ TM.7 form လို့ခေါ်ပါတယ်။

Google ကနေ TM.7 form လို့ရိုက်ရှာလိုက်ပြီး Thai Immigration website မှာကြိုတင်ပြီးတော့ Download လုပ်ပြီး Print ထုတ်သွားလို့လည်းရပါတယ်။

✅Form 2: ဒီ Form ကိုတော့ STM.2 Form လို့ခေါ်ပါတယ်။
Google ကနေ STM.7 form လို့ရိုက်ရှာလိုက်ပြီး Thai Immigration website မှာကြိုတင်ပြီးတော့ Download လုပ်ပြီး Print ထုတ်သွားလို့လည်းရပါတယ်။

✅Form 3: The Acknowledgment of Penalties for a Visa Overstay

Over Stay နဲ့ပက်သက်တဲ့ ပြစ်ဒါဏ်တွေကိုနားလည်သိရှိပါကြောင်း ဖြည့်ရတဲ့ဟာပါ။

တချို့က Overstay သမားတွေမှဖြည့်ရဆိုပြီးထင်တတ်ပြီး မဖြည့်ဘဲထားတတ်ကြပါတယ်။

သုံးစောင်လုံးကိုသေချာဖြည့်ရမှာပါ။

✅ Visa Extensionသွားလုပ်တဲ့အခါ အဖြူရောင် Background နဲ့ဓာတ်ပုံတစ်ပုံလိုပါတယ်။ ဓာတ်ပုံရိုက်တဲအခါမျက်မှန်မပါရပါ။
✅Passport Bio Page , Visa Page, လေဆိပ်မှာ ထုပေးလိုက်တဲ့ Page တွေကိုမိတ္တူဆွဲလာရပါတယ်။
✅ 14 ရက်နဲ့လာရင် TM 30လိုပါတယ်။ သံရုံးထောက်ခံစာလိုပါတယ်။

✅ Tourist Visa နဲ့လာတဲ့သူတွေကတော့ မလိုပါဘူး။

TM 30 မှာအနည်းဆုံးသက်တမ်းငါးရက်ရှိရပါမယ်။ သက်တမ်းစတိုးတဲ့နေ့ကနေစပြီး ငါးရက်ရှိနေရမှာမို့ အနည်းဆုံးဆယ်ရက်လောက်လုပ်ထားပါ။

TM 30 ကိုအိမ်ရှင်ကပေးတဲ့အခါ Checkin Date , Check Out Dateပါလားသေချာစစ်ပါ။

Check Out Date တွေက Visa သက်တမ်းတိုးတဲ့နေ့မှာ Expire ဖြစ်နေပြီလားသေချာစစ်ပါ။

Address တွေပါမလာတာမျိုးတွေ တစ်ပိုင်းတစ်စပဲပါတောမျိုးတွေဖြစ်နေလားသေချာစစ်ပါ။

လေးယောက်စာလောက်တောင်းမယ်ဆို တစ်ယောက်ချင်းစီအတွက်ပဲထုတ်ခိုင်းပါ။

⚠️⚠️⚠️ Adressဖြည့်တဲ့အခါမှာ TM 30ထဲက Adressကိုဖြည့်ပါ။

TM 30ကိုသူများဆီကဝယ်ထားပြီး ကိုယ်နေနဲ့ Adressကြီးဖြည့်လိုက်ရင် ပြသနာအကြီးကြီးတက်ပြီး မလိုလားအပ်တာတွေထိုင်ဖြေရှင်းတော့မှာပါ။

သူများဆီကနေဝယ်မယ်ဆို Bangkok Area ထဲကလားသေချာစစ်ပါ။

နောက်တစ်ခုက သူများဆီကနေဝယ်တဲ့အခါ TM 30 ထဲက Addressမှာ Building Noတွေပါလားသေချာမေးပါ။ Address Noတွေ ကိုသေချာမှတ်ထားပါ။

တခါတလေ Officerတွေက Address Noတွေမေးတတ်ပါတယ်။ Building Noရှိလားမေးမှ မဖြေတတ်ရင် အမေးအမြန်းတွေရှည်တတ်ပါတယ်။ ဒါကြောင့် TM 30ထဲက လိပ်စာကိုမှတ်ထားပါ။
ဖုန်းနဲ့အရင်ဓာတ်ပုံရိုက်ထားပြီး မေးလာခဲ့လို့ မေ့သွားခဲ့ရင် မေ့သွားတယ်လို့မပြောပါနဲ့။

ထိုင်းအသံထွက်တွေဆိုတော့ သေချာမထွက်တတ်လို့ ဖုန်းထဲမှာမှတ်ထားတာလေးခဏလောက်ကြည့်ပါရစေဆိုပြီးပဲပြောလိုက်ပါ။

ပုံမှန်ဘာမှမမေးတတ်ပေမယ့် တစ်ရာမှာတစ်ယောက်လောက်ကိုမေးတတ်ပါတယ်။

အဲ့တစ်ယောက်ကကိုယ်ဖြစ်ချင်လည်းဖြစ်နိုင်တာမို့ လိုအပ်မယ့် ဖြစ်လာနိုင်မယ့်ဟာတွေကိုကြိုတင်သတိထားတာပိုအဆင်ပြေပါတယ်။

ကဲနားလည်သွားပြီဆိုတော့ တစ်ခုချင်းစီမှာသေချာကြည့်လိုက်ရအောင်နော်

ပုံလေးတွေတစ်ပုံချင်းစီကိုသေချာထောက်ကြည့်သွားပါနော်။👇👇👇👇

အခက်အခဲတွေအားလုံးကျော်ဖြတ်နိုင်ကြပါစေ အဆင်ပြေကြပါစေလို့။ သေသေချာချာလေးအချိန်ပေးပြီးရေးပေးလိုက်ပါတယ်။

to original uploader

နိုင်ငံခြားမှာ နေထိုင်ပြီး ကိုယ်ပိုင်ဝင်ငွေ ရှာဖွေချင်တဲ့သူတွေအတွက် ဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေ အလုပ်အကိုင် အခွင့်အလမ်းတ...
03/04/2024

နိုင်ငံခြားမှာ နေထိုင်ပြီး ကိုယ်ပိုင်ဝင်ငွေ ရှာဖွေချင်တဲ့သူတွေအတွက် ဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ Tutorial video တွေကို You Tube Channel မှာ အားရင် အားသလို ဆက်တိုက်တင်ပေးဖြစ်ပါတယ်.... တကယ်လို့ လိုအပ်ခဲ့တယ်ဆိုရင် ပေးထားတဲ့ Link လေးကို သွားရောက်ပြီး Follow လုပ်ထားနိုင်ပါတယ်ရှင့် ... ❤️❤️

https://www.youtube.com/.colorfullife

Facebook မှာတော့ အလုပ်ခေါ်စာတွေနဲ့ တခြားသိသင့်တာတွေကို မျှဝေပြီး တင်ပေးသွားပါ့မယ်ရှင်

အားလုံးလဲ ခက်ခဲတဲ့ ကာလကြီးမှာ အလုပ်အကိုင်တွေ မြန်မြန် အဆင်ပြေကြပါစေရှင် 🙏🙏🙏

ᵂᵉˡᶜᵒᵐᵉ ᵗᵒ ᴴᵂ'ˢ ᴰᵃᶦˡʸ ᴬᵈᵛᵉⁿᵗᵘʳᵉˢ

31/03/2024

အသုံးဝင်မယ်ထင်တာလေးတွေစုပေးထားပါမယ်။

**ဘာနဲ့လာလာ Tourist Visa နဲ့လာပါ။*

**ဆိုင်ကယ်လိုင်စင် ကားလိုင်စင်လုပ်လာပါ**
(B လိုင်စင်)

**ကားမောင်းတတ်အောင်သင်လာပါ**

Stay....

****ကလေး ရှိမရှိ

ရှိလျှင်

မိသားစုမှာ အသက်နှစ်နှစ် ကလေးရှိရင်ကလေးကျောင်းထား Visa ရမယ်။ မှီခို Visa (Guardian Visa) မိဘတစ်ယောက်ရမယ်(ဘတ်၁၀၀၀၀၀ ဝန်းကျင်)

နောက်တစ်ယောက်က Language school လိုမျိုးတက်လို့ရတယ်။(ဘတ်50000ဝန်းကျင်)

မတက်ခင် အလုပ်ရှာ အလုပ်ရှာလို့ရရင်အကောင်းဆုံး

Stay အတွက် အသေးစိတ်ကို comt မှာ link ပေးထားမယ်။

ကလေးမရှိရင်

အလုပ်ရှာ သို့မဟုတ် ကျောင်းတက်

****လူကြီးပါတယ်။

လူကြီးက အသက် ၅၀ ကျော်မကျော်

ကျော်လျှင်
Retirement Visa လျှောက် (ဘတ်၄၀၀၀၀) ဝန်းကျင်

မကျော်လျှင် LS ပြန်လျှောက်

နေစားရိတ်.....

အိမ်ခန်း ၃၀ ပတ်လည် ရေချိုးခန်း အိမ်သာပါ AC ပါ Studio
အနည်းဆုံး ဘတ်၃၀၀၀ ဝန်းကျင်အထိ တွေ့ဘူးတယ်။

နေလို့ကောင်းတယ်ဆိုရင် ဘတ်၄၅၀၀ လောက်ကစရှာလို့ရတယ်။

Apartment ဒါပေမယ့် ဓာတ်လှေကားနဲ့
Security နဲ့

Condo
အနည်းဆုံးဘတ် ၆၅၀၀ လောက်အထိ တွေ့ဘူးတယ်။
Facilities တော့ကွာမယ်။

Apartment နဲ့ Condo ဘာကွာလဲဆိုရင်

ရန်ကုန်ဆိုရင် မုဒိတာသည် ဘန်ကောက်က Apartment နဲ့တန်းတူတယ်။
မြင်အောင်ပြောရရင်

Facilities ပါတာမပါတာ ကွာတယ်။

****မီတာခ

လက်ရှိသုံးနေတဲ့ ယူနစ်ကို ၆ နဲ့ မြှောက် ရတဲ့အဖြေကို ၁၀၀ နဲ့မြှောက် မီတာခထွက်မယ်

Apartment မှာနေမယ်ဆိုရင် ၆ နေရာမှာ ၈ နဲ့မြှောက်

ရေမီတာ

ဘယ်နေနေ တစ်ယူနစ်ကို ၂၀ နဲ့မြှောက်

WiFi ဖိုး က We link နဲ့တူတူ။
လစဉ်ကြေးပေးရုံပါ

သွားလာစားရိတ်

Public transportation က
ရိုးရိုးကားဆို ၈ ကျပ်
AC က ၁၂-၁၅
လှေက ၂၀
သွားမယ်ါနေရာအလိုက်လက်မှတ်ဝယ်

အကယ်၍ အဲ့တာတွေဈေးကြီးတယ်ထင်ရင်
ဆိုင်ကယ်ဝယ်

ဘတ်၂၀၀၀၀ လောက်ဆို စီးလို့ရတာထွက်ပြီ

ဆီက
တစ်လီတာ ၃၅ ဘတ်

ကားက သိန်းတစ်ရာ ဘတ်တစ်သိန်းဆိုစီးလို့ရတာထွက်ပြီ

စားစားရိတ်
ဘတ်
တစ်သောင်းဆို တစ်လ မိသားတစ်စုချွေချွေတာတာစားလို့ရနိုင်ပါတယ်။

အလုပ်အကိုင်

မိမိကျွမ်းကျင်ရာနယ်ပယ်အလိုက်ကွာခြားကြမှာမို့
အသေးစိတ်ပြောဖို့ခက်ပါတယ်။

ရောက်ခါစ ဘာမှ မရှိတဲ့အချိန်
ကျနော်လုပ်ခဲ့တာတွေက

ခွေးစာကြောင်စာတွေ ဒီဘက်က ဝယ်တယ်
ဟိုဘက်ကို တင်တယ်။
(သေချာမလုပ်လိုက်ရ သူငယ်ချင်းဘက်က မကိုက်လို့)

ဆေးရုံ စကားပြန်သွားလုပ်တယ်။ ဆေးရုံ
ညကူစောင့်ပေးတယ်။

စာသင်တယ်။

Battery marketing လုပ်တယ်
(ထိုင်းကိုဘက်ထရီသွင်းဖို့ လိုက်ချိတ်ရတယ်)

Engine Oil Distribution လုပ်ဖို့လိုက်ချိတ်ပေးတယ်

ကားမောင်းတယ်

EV
ကားဝပ်လျော့ မှာ ပညာသင်ဝင်လုပ်တယ်

ကျောင်းတက်တယ်

ဆိုင်ကယ်လိုက်ဝယ်ပေးတာ
ကားလိုက်ဝယ်ပေးတာလုပ်တယ်

ဆိုင်ကယ်လိုင်စင်
ကားလိုင်စင်လုပ်ပေးတာလုပ်တယ်

အစုံသုပ်
လုပ်နေရင်းနဲ့ တဖြည်းဖြည်း နဲ့မိသားစု
အခြေကျသွားတဲ့အချိန်မှာ

နဂိုကတည်းက ကျောင်းဆရာမို့
ကိုယ်လုပ်ချင်တဲ့ ပညာရေးလုပ်ငန်းကိုစောက်ချပြန်လုပ်တယ်။

ကျောင်းဆရာအလုပ်လျှောက်တယ်။

သားအတွက် ကျောင်းရှာပေးရင်းနဲ့
Thailand Edu Tips ဖြစ်လာတယ်။

အလုပ်လျှောက်တဲ့အချိန်မှာ
Career သုံးခု လက်မှတ်ကိုင်ပြီး
Career သုံးခုလုံးအတွက် လျှောက်ပါတယ်။

သုံးခုလုံးမှာ interview ဝင်ရပေမယ့်
ကျန်နှစ်ခု အငြင်းခံရပြီး သုံးခုထဲက
Profile အတောင့်ဆုံးဖြစ်တဲ့ ကျောင်းဆရာအလုပ်ရပါတယ်။

(မိမိ Profile အတောင့်ဆုံးလို့ထင်ရတာကိုရွေးလျှောက်တာပိုမြန်ပါတယ်။ကျနော်က စိတ်ပူလို့ ကျနော့် Career သုံးခုလုံးကို လျှောက်တာပါ။ထိုင်းမှာအလုပ်မရှိရင်စိတ်ပူရပါတယ်)

လက်ရှိ ကိုယ့် Profession နဲ့ ရပ်တည်အလုပ်လုပ်လို့ရပါတယ်။

အဲ့မတိုင်ခင်ကတော့ အပေါ်ကအလုပ်တွေလုပ်ပါတယ်။

ချက်ခြင်းကြီး WC အလုပ်မရတဲ့အတွက်ပါ။

အချိန်တစ်ခုပေးခဲ့ရပါတယ်။

ဒီမလာခင်စဉ်းစားဖို့ပါ။

အကယ်၍ ငွေထုပ်ကြီးကြီးမားမား မပါလာဘူးဆိုရင်
ကျနော်တို့အားလုံး အများကြီးမကွာလှပါဘူး

ရှိတာလေး မကုန်သွားခင်မှာ အလုပ်ကလေးနဲ့ဆက်ပြီး
ထိန်းလို့ရဖို့ပဲလိုတာပါ။

White Collar Jobs တွေအတွက် Jobsdb
Linkedln သုံးကြပါတယ်။

Blue Collar Job တွေအတွက် ကျနော်သိပ်မသိပါခမျာ။

အဓိက အရေးကြီးတာ Stay ပါ။

အဲ့အတွက် အသေးစိတ်ရေးပေးထားပါတယ်ခမျာ။
Comt မှာပါ။

ဒီစာဟာ ငွေသိပ်မသုံးနိုင်တဲ့ လူလတ်တန်းစားမိသားစုတွေအတွက်ပါ။

ခေါင်းခြောက်နေရတဲ့ အိမ်ထောင်ဦးစီးတွေအတွက်
အထောက်အပံ ့ ဖြစ်လိုဖြစ်ငြားပါ။

အားလုံးအမြန်ဆုံးအခြေကျပြီး
အဆင်ပြေကြပါစေခမျာ

ကျတော့်တုန်းက ကံကောင်းပြီး ကူညီပေးမယ့်သူတွေရခဲ့ပါတယ်။

သူတို့ကိုလည်းအခုထိ ကြုံတိုင်းကျေးဇူးအများကြီးတင်တဲ့အကြောင်းပြောဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေခမျာ

Ko Htet
Crd

28/03/2024

အရှုပ်ဆုံးသော အရာများ

၁) ဘတ်/pink card/ဆီချွန်ဖူ/ပန်းရောင်ကတ်
အကြောင်း ပြန်ပြောမယ်

General worker အတွက် ထိုင်းမှာ တရားဝင်နေဖို့ အလုပ်လုပ် ဖို့ ဆိုရင် မဖြစ်မနေ ဘတ်ကို လုပ် ကို လုပ်ရပါမယ် (အောက်လမ်းကလာတဲ့သူ မှန်သမျှ Passport မရှိသောသူ မှန်သမျှ)

အဲ့တော့ ဘတ်ကို ပထမဆုံး အနေ နဲ့လုပ်ရမှာ ဖြစ်ပါတယ် တဆင့်ပီးတဆင့် workpermit / CI/ Passport နောက်ပိုင်းအဲ့တာတွေ ရပါမယ် အဲ့ခါ ကျရင် တရားဝင်အလုပ် လုပ်လို့ရပီး ထိုင်းနဲ့ မြန်မာသွားလိုက်လာလိုက် လုပ်လို့ရပါမယ်
(Passport မရသေးလဲ Wpနဲ့CI ဘဲအရင်ရလဲ ထို့နည်းတူပါဘဲ တရားဝင် လုပ်/သွားလိုက်လာလိုက် လုပ်လို့ရ)

ဘတ်ရိုက်ပီ ဆိုတာနဲ့ workpermit တွေ ပါ နောက်ဆက်တွဲတခါထဲပါမှာ ပါနော် အဲ့တာတွေအကုန်လုံးကို တွဲ ကိုင်ရမှာပါ ဘတ်သက်တမ်းတနှစ်
နှစ်ပြည့်ရင် သက်တမ်းတိုးရုံပါဘဲ

#ဘတ်လုပ်ချင်တိုင်းလုပ်လို့မရ

ဘတ်က အစိုးရဖွင့်ပေးတဲ့အချိန်မှသာလျှင် လုပ်လို့ရတာမို့ ဘယ်တော့ရလဲ ဘလိုလုပ်ရလဲ သက်ဆိုင်ရာ agent ကိုမေးပါ(လူလိမ်သတိထားပါ)

ပြီးပါပြီ ဘတ်အကြောင်း

2) အောက်လမ်းကလာပြီး Passport ယူလာတဲ့သူတွေ

အဲတာလဲ ထို့နည်းတူဘဲ လုပ်ရမဲ့ အဆင့်က နည်းပြီး Passport ကိုင်ဆောင်တာချင်းဘဲကွာ

အဲ့လူတွေ ဘာလုပ်မလဲက ဘတ်ရိုက်မယ် ပြီးရင် ဘတ်က သက်တမ်းတနှစ်ရတာမလား အဲ့တာကို passport ထဲ့ ပြောင်းထည့်မယ် (visa ချိန်းထည့်မယ် passport ထဲ)
နောက်ပိုင်း Workpermit ရမယ်
ဘတ်ကနေ passport ထဲ visa change ထည့်တာကို
Non LA visa လို့ခေါ်ပါတယ်
( အောက်မှာပေါင်းရေးထားမယ် အဲ့visa အကြောင်းကို)

3) PV နဲ့ လေကြောင်းလမ်းကနေ လာမဲ့သူတွေ အတွက်

PV type Tourist visa နဲ့ 14 days visa ဘာကွာလဲက

For Tourist visa သူက သံရုံးမှာ visa အရင် သွားလျှောက်ရမှာပါ (ဘာတွေလိုအပ်လဲက လာမ မေးပါနဲ့ စုံစမ်းပါရှင့် agent တွေနဲ့လုပ်ပါ )
2 လ visa ရပါမယ် ထိုင်းမှာ တရားဝင် နေ ဖို့
အဲ့တာကို Tr visa လို့ခေါ်

For 14 days visa သူက ဘာvisa မှလျှောက်စရာမလိုပါဘူး အထုပ်ဆွဲ လေယာဥ်ပေါ် တန်းတက်😅( လိုအပ်တာတွေ ကိုယ့်ဟာကိုယ် လုပ်ရမှာပေါ့လို.)
သူက ထိုင်းimmigration ရောက်ရင် တုံးထုပေးလိမ့် မယ် 14days စာဘဲ အဲ့14days ထက် ကျော်ပြီးနေရင် over stayed ဘဲ 14 ရက်ဘဲပေးလို့ 14 days visa လို့ခေါ်

အဲ့တော့Tourist visa /14 days visa ရပီထင်တယ်နော်

အဲ့လို့ tr visa/ 14 days visa နဲ့ ဝင်လာတဲ့သူတွေ သူတို့ visa ကုန်သွားလို့ ပြည့်သွားရင် extension ထပ်တိုးပြီး နေ လို့ ရပါ တယ်နော် ဘန်ကောက်မှာဖြစ် ဖြစ် ကိုယ်နေတဲ့ နယ် မြို့မှာဖြစ် ဖြစ် extension ကို သူတို့သတ်မှတ်ပေးထားတဲ့ အကြိမ်အရေအတွက် ထိ ကို တိုးလို့ရပါ တယ် တလ ပီးတလ တလပီးတလ အဲ့လို တိုးပြီးနေလို့မှ ထပ်ပီးဘန်ကောက်မှာ ထပ်နေဖို့ လိုသေးတယ် visa က လဲ တိုးတာ သတ်မှတ်ထားတဲ့ အရေတွက်လဲပြည့်ပီ ဂိတ်ဆုံးပြီဆိုရင် ပြည်ပထိကို အထွက်ပြ ပီး visa သွားတိုးရပါမယ်နော် Myanmar/Laos/Cambodia ကြိုက်တဲ့နိုင်ငံသွားတိုးလို့ရပါမယ် (Laos မှာ visa run တဲ့process ကို တင်ပြီးသားပါ ဖတ်ကြည့်ပါလိုအပ်ရင်)
Visa တိုးတိုးပီးနေရတာ ရှင်းတယ်ဟုအဲ့ဒါက
(BkkမှာVisa extension တိုးရင် ဘာလိုလဲက စုံစမ်းကြည့်ပါနော် post တွေ လိုက်ဖတ်ပါနော် )

အဲ့visa တွေ နဲ့ လာပြီး ထိုင်းမှာ အလုပ်လာလုပ်ချင်တဲ့သူတွေ ရေပန်းစားတယ် ဒီတလော သူတို့မသိတာက visa /wp ကိတ်စ တအားရှုပ်နေတာ

Passport ရှိရင် workpermit ရပီးအလုပ်လုပ် လို့ရမယ် ထင်ကြတာ မဟုရပါဘူးနော်

ခုပြောမယ် pv နဲ့လာပြီး အလုပ်ရှာမယ်ဆို white color လား blue color လား
White color က visa /wp provide ပေးတဲ့အလုပ်ပါ
Blue color က general worker သဘောပါ no visa /wp

Blue color လုပ်မယ်ဆို နောက်ဆုံး သူတို့လဲ ဘတ်ရိုက်ရမှာဘဲ ဘာလို့ဆိုတော့ တရားဝင်နေအလုပ်လုပ် မှာမလား (အဲ့passport ကလဲ သူတို့visa သက်တမ်းမတိုးရင် ကုန်မှာလေ visa က overstayed ဖြစ်သွားတာမို့ အသုံးမဝင်တော့ပါ ဒါပေ မဲ့သိမ်းထားပါ)
အဲ့တော့ ပထမဆုံး ဘတ်ရိုက်ပါ ပီးရင် ဟိုးးးးးးးးအပေါ်က ပြောသလိုဘဲ visa change ထည့်မယ် passport ထဲကို နောက်ပိုင်း workpermit ရလာမယ်
အဲ့တာကို Non LA visa လို့ခေါ်တယ်

အဲ့တော့ Non LA visa ဆိုတာက အပေါ်လမ်းကနေဘဲလာလာ အောက်လမ်းကနေလာပြီး Passport ဘဲ ယူလာလာ
ဘတ်ရိုက်ပီး passport ထဲ visa ချိန်းတဲ့ process ကို Non LA visa လို့ခေါ်တယ်

ှိတဲ့သူတွေ
ဘတ်ရိုက်+visa ချိန်းpassportထဲ+wp =NonLA visa

ှိသူတွေက
ဘတ်ရိုက် +CI+ Passport +wp = general worker

အဲ့တာတွေ ရှိပြည့်စုံရင် တရားဝက်အလုပ်လုပ်လို့ရသွားပါပြီနော်

ကျန်တဲ့Visa အကြောင်းမပြောတော့ဘူးနော် Ed visa တို့ Nan O visa တို့ မုံလေးလည်း အဲ့ဘက်ကိုတော့ မtry ဖူးတော့ သိသင့်သလောက်ဘဲ သိတာမို့ပါ

Nan LA visa အကြောင်းလဲ post တင်ပြီးသားပါ ဖတ်ကြည့်ပါ အကုန်လုံးကို စေတနာထက်သန်စွာဖြင့် share ခြင်းပါ ကိုယ့်ဘက် ကျတော့ သိနားအောင်ဖတ်ဖို့ အားစိုက်ထုတ်ကြပါနော် gp တွေမှာလဲ တော်တော်များတင်ထားကြပါတယ် ရှာဖတ်ပါနော်

အားလုံးအဆင်ပြေ ကြပါစေ

Crd

Address


Website

Alerts

Be the first to know and let us send you an email when 𝑯𝑾 𝑪𝒐𝒍𝒐𝒓𝒇𝒖𝒍 𝑳𝒊𝒇𝒆 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share