Youth and the poem -လူငယ်&ကဗျာ

Youth and the poem -လူငယ်&ကဗျာ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Youth and the poem -လူငယ်&ကဗျာ, Bangkok.

အညာလွမ်း  #တင်မိုးမလာလျှင်လွမ်း၊ လာလျှင်လွမ်းအညာခွင်က တမာပင်တန်းပန်းတွေ ပွင့်ကြပေရော့မယ်။လှည်းသံကအီ၊ ဘုတ်ကမြည်လေနီကကြမ်း...
03/07/2024

အညာလွမ်း
#တင်မိုး

မလာလျှင်လွမ်း၊ လာလျှင်လွမ်း
အညာခွင်က တမာပင်တန်း
ပန်းတွေ ပွင့်ကြပေရော့မယ်။

လှည်းသံကအီ၊ ဘုတ်ကမြည်
လေနီကကြမ်း၊ လမ်းက ကြမ်း
ထန်းသီးဒုန်းဒုန်း ကြွေရော့မယ်။

တလင်းက ခြောက်၊ နှင်းကပျောက်
မြေပဲခင်းမှာ၊ ကောက်သင်းကောက်
တောင်းမောက်ရပါမလားကွယ်။

မိုးဦးစိုစို၊ ကျီးညိုညို
ချုံကြို ချုံကြား၊ မှိုရှာသွား
မြွေပါး ကင်းပါး တွေ့တတ်တယ်။

အညာဓလေ့၊ ရွာဓလေ့
တောကပန်းနှင့်၊ တောလမ်းကွေ့
အောက်မေ့သေးတယ်၊ လွမ်းသေးတယ်။ ။

#တင်မိုး
#ကဗျာ
#လူငယ်

ထိကရုန်းပင်လေးက အလေ့ကျပေါက်နေတာကိုယ်က တကူးတကသွားထိတွေ့ခဲ့တာ---"သူက ညှိုးငယ်သွားတယ် ပြန်ရှင်သန်လာတယ်ကိုယ်က အတွေးပေါင်းစုံ...
22/06/2024

ထိကရုန်းပင်လေးက အလေ့ကျပေါက်နေတာ
ကိုယ်က တကူးတကသွားထိတွေ့ခဲ့တာ---"

သူက ညှိုးငယ်သွားတယ် ပြန်ရှင်သန်လာတယ်
ကိုယ်က အတွေးပေါင်းစုံနဲ့ ကျန်ရစ်ခဲ့တယ်
ဒါပါပဲ။

#ဘယ်လာခင်
#လူငယ်
#ကဗျာ

20/06/2024

မပြီးပြတ်နိုင်သေးတဲ့အလုပ်တွေရယ်

ဘာမှန်းမသိတဲ့အနာဂတ်ရယ်

မပျော်ပေမယ့်ပျော်ချင်ယောင်ဆောင်ရတဲ့နေ့ရက်တွေကြားထဲမှာ

ဒီတစ်ခေါက်အိမ်ပြန်ချိန်ခရီးဟာ

အတော်ကြာအုံးမယ်ထင်တယ်

#လူငယ်
#ကဗျာ

မင်းဘာမင်း ဘာကောင်ဖြစ်ဖြစ်မလိုတဲ့သူအတွက်တော့ အမှိုက်ပဲ..၊ထင်သလောက် ဘောင်မဝင်တဲ့အခါကွင်းပြင်ကို ရဲရဲကြီးထွက်ပေးရဲရမယ်..၊"...
20/06/2024

မင်းဘာမင်း ဘာကောင်ဖြစ်ဖြစ်
မလိုတဲ့သူအတွက်တော့ အမှိုက်ပဲ..၊

ထင်သလောက် ဘောင်မဝင်တဲ့အခါ
ကွင်းပြင်ကို ရဲရဲကြီးထွက်ပေးရဲရမယ်..၊

"လူငယ်ပဲ
မာနလေးတော့ထား"။

#လူငယ်
#ကဗျာ

မင်းကိုတင်စားချင်လို့ကဗျာဆရာတွေ အကိုမှီခိုခဲ့တယ်ဒီကောင်တွေ ညံ့တယ်။ကိုယ့်အတွက်တော့ မင်းဟာကဗျာတွေ ရှုံးခဲ့ပါတယ်..ဒီဝဋ့်ဆင်...
20/06/2024

မင်းကိုတင်စားချင်လို့
ကဗျာဆရာတွေ အကိုမှီခိုခဲ့တယ်

ဒီကောင်တွေ ညံ့တယ်။

ကိုယ့်အတွက်တော့ မင်းဟာ
ကဗျာတွေ ရှုံးခဲ့ပါတယ်..

ဒီဝဋ့်ဆင်းရဲမှ ဒီလူသား မလွတ်ကင်းနိုင်တာ
မဆန်းပါဘူး လမင်းငယ်၊

ဘုရားပေးတဲ့ကံ မညံ့ခဲ့ရင်
မင်းနဲ့ပဲ အိုမင်းသွားသည်အထိ ဆေးပေးမီးယူရင်း
ရှင်သန်သွားချင်တယ်။

#လူငယ်
#ကဗျာ

တစ်ခါလွမ်းလို့တစ်ပွင့်ပွင့်မယ် ဆိုရင်တစ်လောကလုံးပန်းတွေနဲ့ ဖုံးသွားလိမ့်မယ် ။ငါလွမ်းတာလောကကြီးလောက် ။ငါချစ်တာကမ္ဘာကြီးလေ...
20/06/2024

တစ်ခါလွမ်းလို့
တစ်ပွင့်ပွင့်မယ် ဆိုရင်
တစ်လောကလုံး
ပန်းတွေနဲ့ ဖုံးသွားလိမ့်မယ် ။

ငါလွမ်းတာ
လောကကြီးလောက် ။

ငါချစ်တာ
ကမ္ဘာကြီးလောက် ။

ငါမြတ်နိုးတာ
စင်္ကြာဝဠာကြီးလောက် ။

ဘာကြောင့် ...
လွမ်းတာလဲ ။

ဘာကြောင့် ...
ချစ်တာလဲ ။

ဘာကြောင့် ...
မြတ်နိုးတာလဲ ။

လာကြ ...
ငါပြောပြချင်တယ် ။

သမီးတစ်ယောက် အနေနဲ့
အဖေကိုလည်း
ပေးဆပ်ပြီးပြီ တဲ့ ။

ဇနီးတစ်ယောက် အနေနဲ့
ခင်ပွန်းကိုလည်း
စွန့်လွှတ်ပြီးပြီ တဲ့ ...။

အမေတစ်ယောက် အနေနဲ့
သားနှစ်ယောက်ကိုလည်း
ခွဲခွါပြီးပြီတဲ့ ...။

မိန်မသားတစ်ယောက် အနေနဲ့
လွတ်လပ်မှုတွေကိုလည်း
စွန့်လွှတ်ပြီးပြီတဲ့ ...။

ကိုင်း ...
နောက်ထပ်ဘာတွေများ
ပေးဆပ်
စွန့်လွှတ်
ခွဲခွါနေရဦးမှာလဲ ။

ထို့ကြောင့် ...
အမေဟုခေါ်သည် ။

အမေ..

အမေတစ်ယောက်လိုလည်း
ချစ်တယ် ။

ခေါင်းဆောင်ကောင်းတစ်ယောက်လိုလည်း
တန်ဖိုးထားတယ် ။

သခင်တစ်ယောက်လိုလည်း
မြတ်နိုးတယ် ။

ဒါကြောင့် ...
လွမ်းတယ်
ချစ်တယ်
မြတ်နိုးတယ်
တန်ဖိုးထားတယ် ။

မေမေ
နေကောင်းနေရဲ့လား မေမေ

#မောင်စိန်ဝင်း ( ပုတီးကုန်း )
#လူငယ်
#ကဗျာ

စိတ်ထဲမှာ ခံစားရသလောက် သာ လေလွင့်ပစ်လိုက်ရမယ်ဆိုရင် ကျွန်တော်ဟာ လူတစ်ပိုင်း မီးခိုးတစ်ပိုင်း ဖြစ်သွားတော့မယ်…။ #တာရာမင်း...
17/06/2024

စိတ်ထဲမှာ ခံစားရသလောက် သာ
လေလွင့်ပစ်လိုက်ရမယ်ဆိုရင်
ကျွန်တော်ဟာ လူတစ်ပိုင်း မီးခိုး
တစ်ပိုင်း ဖြစ်သွားတော့မယ်…။

#တာရာမင်းဝေ
#လူငယ်
#ကဗျာ

နောက်ဆုံးဝောာ့လည်းကိုယ့်မေတ္တာကိုယ်သိမ်းပြီးလာရာလမ်းအတိုင်လှည့်ပြန်ရတာပဲအချစ်ဆိုတာတစ်ကယ်မှမရှိတာ။ #လူငယ် #ကဗျာ
16/06/2024

နောက်ဆုံးဝောာ့လည်း
ကိုယ့်မေတ္တာကိုယ်သိမ်းပြီး

လာရာလမ်းအတိုင်လှည့်ပြန်ရတာပဲ
အချစ်ဆိုတာ
တစ်ကယ်မှမရှိတာ။

#လူငယ်
#ကဗျာ

ဘာအိပ်မက်မှမရှိတော့ပါ။ချစ်တဲ့သူတွေ ကျန်းမာ ပျော်ရွှင် ဖို့ပဲ ဆုတောင်းပါတယ်။ #လူငယ် #ကဗျာ
16/06/2024

ဘာအိပ်မက်မှမရှိတော့ပါ။
ချစ်တဲ့သူတွေ ကျန်းမာ ပျော်ရွှင် ဖို့ပဲ ဆုတောင်းပါတယ်။

#လူငယ်
#ကဗျာ

16/06/2024

ဘဝမှာ
ဘယ်တော့မှ ပြန်မတွေ့ချင်တဲ့ လူတစ်ချို့နဲ့

ဘယ်ဆေးလိမ်းလိမ်း
မပျောက်တော့မယ့် ဒဏ်ရာတွေရှိတယ်

သတိရရင် တိမ်တွေကိုကြည့်ပါ
နာကြည်းတဲ့အခါ မြေပြင်ကိုကြည့်ပေါ့

စိတ်ရှိလက်ရှိ ငေးခွင့်ရှိသလို
စိတ်ပျက်လက်ပျက် နင်းခွင့်လည်းရှိတယ် ။

#လူငယ်
#ကဗျာ

ပြန်မလာတဲ့လူကိုစောင့်နေတာက သဘာဝ ကျသေးတယ်ကိုလှဖေရပြန်လာလည်း လက်မခံဘူးဆိုတဲ့ကျွန်တော်ကမှ သဘာဝလွန်နေတာ ။ဘာကို စောင့်နေမှန်း...
16/06/2024

ပြန်မလာတဲ့လူကို
စောင့်နေတာက သဘာဝ ကျသေးတယ်
ကိုလှဖေရ

ပြန်လာလည်း လက်မခံဘူးဆိုတဲ့
ကျွန်တော်ကမှ သဘာဝလွန်နေတာ ။

ဘာကို စောင့်နေမှန်း မသိပေမဲ့
တစ်ခုခုကို လွမ်းနေတာတော့ ရာနှုန်းပြည့်ပဲ ။

#ဒဿ
#လူငယ်
#ကဗျာ

မောင့်သမိုင်းစာမျက်နှာမှာ“မမ”ဟာ နေမဝင်အင်ပါယာ။ခမ်းနားထည်ဝါစွာနဲ့“မမ”ဧကရာဇ် လက်အောက်မှာ။မောင်ဟာ အကြိမ်ကြိမ်ကျရှုံးခဲ့တဲ့ ...
15/06/2024

မောင့်သမိုင်းစာမျက်နှာမှာ
“မမ”ဟာ နေမဝင်အင်ပါယာ။

ခမ်းနားထည်ဝါစွာနဲ့
“မမ”ဧကရာဇ် လက်အောက်မှာ။

မောင်ဟာ အကြိမ်ကြိမ်ကျရှုံးခဲ့တဲ့ အချစ်သုံ့ပန့်။

#လူငယ်
#ကဗျာ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Youth and the poem -လူငယ်&ကဗျာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์