Myanmar Celebrity

  • Home
  • Myanmar Celebrity

Myanmar Celebrity Myanmar Celebrity is one of the best Digital Media Platforms in Myanmar.
ဆက်သွယ်ရန်: +959 770335599 ဆက်သွယ်ရန် ..

Advertisement & Business Contact
Mobile: +959 770 335599, +959 780 335599

18/07/2025

သရုပ်ဆောင် ရဝေအောင် ၏ ဖခင် ဦးအောင်သန်းထွန်း၊ အသက် (၇၉) နှစ် ရဲ့ နောက်ဆုံးခရီး /ဈာပနကို ဇူလိုင်လ (၁၈) ရက်နေ့က ရန်ကုန်၊ ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့ပါတယ်။ ကျန်ရစ်သူ မိသားစုနှင့် အတူ ဆွေမျိုး မိတ်ဆွေများ၊ အနုပညာရှင်များ လိုက်လံ ပို့ဆောင်ခဲ့ပါတယ်။

ရဝေအောင် ဟာ အသည်းကင်ဆာ ဝေဒနာသည် ဖခင်ကို (၁၃) နှစ်ကျော် ပြုစုစောင့်ရှောက်ပေးခဲ့သည်။

#ရဝေအောင် #ဦးအောင်သန်းထွန်း #သရုပ်ဆောင်

18/07/2025

‘အင်္ဂလိပ်စာ သိပ်မရပါဘူး… ကိုယ်ပြောချင်သလို လျှောက်ပြောလိုက်တာပါ။ ဆရာဝန် လည်း ဖြစ်ချင်တယ်။ မမ သဲစုညိမ်း လို အလှမယ်လည်း ဖြစ်ချင်တယ်’ လို့ ပြောလာတဲ့ TikTok Cele ပန်းအိသူ နှင့် ခဏတာ။

#ပန်းအိသူ #ဆယ်လီ

18/07/2025

‘အောက်လမ်းနည်း နဲ့ တိုက်ခိုက် ခံခဲ့ရလို့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အားလုံး စုတ်ပျက်သက်ပြီး ဘ၀တစ်ခုလုံးပါ ပြိုလဲခဲ့ရတယ်။ မိသားစုကအစ ကိုယ်မှားတယ်ပဲ ထင်နေခဲ့ကြတယ်’ လို့ ပြောလာတဲ့ ဇေယျာအောင် / King နှင့် ခဏတာ။

#ဇေယျာအောင် #ဇာတ်ပို့ဇာတ်ရံ #သရုပ်ဆောင်

18/07/2025

Carabao Futsal Champion Cup 2025 ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၁၀) ရက်နေ့က ရန်ကုန်မြို့၊ MFF Futsal Stadium တွင် ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်၊ သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်၊ ကော်မတီ ဒုဥက္ကဋ္ဌများ ဖြစ်တဲ့ ဦးနိုင်သောင်းထိုက် နှင့် ဦးဖြိုးမောင်မောင်၊ ဖူဆယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ သရုပ်ဆောင် မာန်ဟိန်း၊ အောင်ရဲထိုက် နှင့် အဓိက စပွန်ဆာ အဖြစ် ပါဝင်ကူညီခဲ့တဲ့ Carabao (Century Beverage) မှ တာဝန်ရှိသူများက တက်ရောက် အားပေးခဲ့ကြပါတယ်။

Carabao Futsal Champion Cup 2025 ပြိုင်ပွဲကို ဇူလိုင်လ (၁၀) ရက်နေ့မှ စတင်ကာ ဇူလိုင်လ (၂၆) ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပြီး၊ အဖွင့်ပွဲစဥ် အနေနှင့် VUC FC အသင်း နှင့် Pyae Gyi FC အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး၊ ၄-၄ ဂိုးဖြင့် သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

#မာန်ဟိန်း #အောင်ရဲထိုက် #ဖူဆယ်အားကစား #ဖူဆယ်အသင်း

18/07/2025

‘သမီးက ဓမ္မစကူး ရက်မှန်ထူးချွန်ဆု အပြင်၊ ယဉ်ကျေးမှုမှာလည်း ဂုဏ်ထူးနဲ့အောင်ခဲ့တယ်။ ပညာရေးမှာ ရော၊ သူ ဝါသနာပါတဲ့ ပန်းချီပညာကိုပါ ပံ့ပိုးပေးဖို့ ကြိုးစားနေပါတယ်’ လို့ ပြောလာတဲ့ ဝိုင်းချစ်၊ မသက်သက်ဇော် တို့မိသားစုနှင့် ခဏတာ။

#ဝိုင်းချစ် #လူရွှင်တော် #ဟာသသရုပ်ဆောင် #ဓမ္မစကူး

18/07/2025

‘ဘောလုံးအကြောင်း လုံးဝ နားမလည်ဘဲ ဂေါင်းကြီးတို့ ရွာသာရွာ ကို ရိုက်ခဲ့တာပါ။ ကိုကြံ့ ဆီက လီဗာပူး ဂျာစီကို လက်နှီးစုတ် လုပ်ဖို့ တောင်းတဲ့အခန်းကို ပရိသတ်က သဘောကျကြတယ်’ လို့ ပြောလာတဲ့ ဂွမ်းပုံကြီး နှင့် ခဏတာ။

#ဂွမ်းပုံကြီး #တီဂွမ်း #ဇာတ်ပို့သရုပ်ဆောင် #ဇာတ်ပို့ဇာတ်ရံ #ဂေါင်းကြီးတို့ရွာသာရွာ #လီဗာပူး

18/07/2025

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများ၏ သား/ သမီးများအတွက် (၂၀၂၅ -၂၀၂၆) ခုနှစ် ပညာသင်စရိတ် နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၁၇) ရက်နေ့က ရန်ကုန်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #ရုပ်ရှင်အစည်းအရုံး #ရန်အောင် #မေသန်းနု #လှမျိုးသဉ္ဇာနွယ် #မမဆောင်း #ဆရာလေးကေသာရီ #ဘိုမ

18/07/2025

‘ငြိုး’ မှာ မိန်းမက စိတ်ဆိုးမှာ၊ စိတ်မကောက်မှာ ပြဿနာ ဖြစ်မှာစိုးလို့ ဘာပဲ ဖြစ်ဖြစ် လိုက်လျောပေးတဲ့ ဇာတ်ရုပ်မျိုးပါ။ အလုပ်ထဲမှာပဲ အာရုံစိုက်နေလို့ အချစ်ရေးကတော့ ကိုယ်နဲ့ မဆိုင်သလို ဖြစ်နေပြီ’ လို့ ပြောလာတဲ့ အေးချမ်းမောင် နှင့် ခဏတာ။

#အေးချမ်း​မောင် #မောင် #ငြိုး #ငြိုးဇာတ်လမ်းတွဲ #မော်ကွန်းသစ်

18/07/2025

‘သားသား ဘန်ကောက်မှာ မြန်မာကိုယ်စားပြု အနေနဲ့ တိုက်ကွမ်ဒို ပြိုင်ဖို့ သွားမှာပါ။ သားသား နိုင်မယ် လို့ ယုံကြည်တယ်။ သားအတွက် ဂုဏ်ယူပါတယ်’ လို့ ပြောလာတဲ့ ဆုပန်ထွာ၊ ဥက္ကာကျော်၊ Roar Roar တို့နှင့် ခဏတာ။

#ဥက္ကာကျော် #ဆုပန်ထွာ #မပန်

18/07/2025

‘မေမေ ရဲ့ ကျန်းမာရေးကြောင့် အနုပညာ အလုပ်တွေ နားခဲ့တာပါ။ မေမေ က ခန့် ဘဝရဲ့ အရေးကြီးဆုံး အရာမို့ ကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေကို ငြင်းပြီး မေမေ့ ကိုပဲ အချိန်ပေးခဲ့တယ်’ လို့ ပြောလာတဲ့ ခန့်သီရိဇော်/ ခန့် နှင့် ခဏတာ။

#ခန့်သီရိဇော် #ခန့်

17/07/2025

‘ကျနော် က (၅) တန်းထိပဲ ကျောင်းတက်ခဲ့တယ်။ ဘုန်းကြီး လူထွက်ပါ။ အရင်တုန်းက အင်္ဂလိပ်ကားတွေ အများကြီး ကြည့်ခဲ့တယ်။ အင်္ဂလိပ်စာအုပ်တွေ ဝယ်ဖတ်ခဲ့တယ်။ ဘာသာစကားတွေ လေ့လာရတာကို ဝါသနာပါတယ်’ လို့ ပြောလာတဲ့ ဆိုက်ကားဆရာ ကိုမောင်မောင် ၏ ဘ၀အမော..

#ကိုမောင်မောင် #ဆိုက်ကားဆရာ #ဆိုက်ကားသမား

17/07/2025

‘ကိုရန်ကျော် ကို ပထမဆုံး မွေးနေ့ Surprise လုပ်လိုက်တာပါ။ ဘဘကျော် ဒီနေ့၊ ဒီရက်၊ ဒီအချိန်ကစပြီး မိသားစုနဲ့ အတူ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ သာသနာပြုနိုင်တဲ့ ဖခင်ကောင်း၊ ခင်ပွန်းကောင်းဖြစ်ပါစေ’ လို့ ပြောလာတဲ့ ချစ်ငယ်/ မေခလာ၊ ရန်ကျော် တို့နှင့် ခဏတာ။

#ရန်ကျော် #မေခလာ #ချစ်ငယ် #ထူးအောင် #ချစ်ငယ်

Address


Alerts

Be the first to know and let us send you an email when Myanmar Celebrity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Celebrity:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share