Win Win's Diary

  • Home
  • Win Win's Diary
📍ခရီးသည် လိုက်ပို့ရင်း ရောက်ဖြစ်ခဲ့တဲ့ Art In Paradise Pattaya📍👍🏼 Pattaya သွားရင် entrance fees သိပ်မကုန်ဘဲ ဝင်ရောက်လည်ပ...
12/07/2025

📍ခရီးသည် လိုက်ပို့ရင်း ရောက်ဖြစ်ခဲ့တဲ့ Art In Paradise Pattaya📍

👍🏼 Pattaya သွားရင် entrance fees သိပ်မကုန်ဘဲ ဝင်ရောက်လည်ပတ်လို့ရတဲ့ နေရာဖြစ်ပါတယ်။
3D Art Museum ဖြစ်ပြီး ပုံရိုက်ဖို့ရာအတွက် ဖုန်းထဲမှာ application download လုပ်ပြီး Illustration Video Clip တွေ ရိုက်လို့ရမှာ ဖြစ်ပါတယ်။

underwater worlds, wildlife, classic art, and fantasy scenes ဆိုပြီး ခွဲခြားထားပါတယ်။
ကလေးတွေကြိုက်နှစ်သက်တဲ့ နေရာလေးဖြစ်တာကြောင့် သားသားမီးမီးတွေ ပါတဲ့အခါ တစ်ခေါက်တစ်ခါ အရောက်အလည်သွားဖို့ အကြံပေးလိုက်ရပါတယ်ရှင်။

Google Mapping 📍 https://maps.app.goo.gl/d9YHN2qQtRNz3RQz9?g_st=ic

Coming soon !
08/07/2025

Coming soon !

🛶 Happy Moment 🛶
05/07/2025

🛶 Happy Moment 🛶

💚 With Beautiful Nature 💚
05/07/2025

💚 With Beautiful Nature 💚

📍Khao Sok National Park အံ့မခန်းအောင်လှတဲ့ သဘာဝတရားနှင့်အတူ
05/07/2025

📍Khao Sok National Park

အံ့မခန်းအောင်လှတဲ့ သဘာဝတရားနှင့်အတူ

📍Khao Sok National Park 📍Khao Sok ဆိုတာကတော့ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူလတ်ဌါနီမှာ တည်ရှိတဲ့ သဘာဝနေရာတစ်ခု ဖြစ်ပါတယ်။ ဥ...
05/07/2025

📍Khao Sok National Park 📍

Khao Sok ဆိုတာကတော့ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူလတ်ဌါနီမှာ တည်ရှိတဲ့ သဘာဝနေရာတစ်ခု ဖြစ်ပါတယ်။ ဥယျာဉ်က ထူထပ်ပြီး မိုးသစ်တောများ၊ ရေတံခွန်များ၊ ကြီးကျယ်ခမ်းနားတဲ့ ထုံးကျောက်ချောက်ကမ်းပါးများနှင့် ကျွန်းပင်ရေကန်တို့ ပါဝင်ပါတယ်။

ရေခဲခေတ်ဒဏ်မခံရသောကြောင့် ကမ္ဘာပေါ်မှာ ရှေးအကျဆုံးမိုးသစ်တောများထဲမှ တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်များဟာ Amasonas ပြီးနောက် ဒုတိယအချမ်းသာဆုံးဖြစ်ပါတယ်။ မိုးသစ်တောဖြစ်တာကြောင့် Khao Sok အမျိုးသားဥယျာဉ်ဟာ ဆင်၊ မြွေ၊ ကျား၊ ဝက်ဝံနှင့် ငှက်မျိုးစိတ်ပေါင်း ၁၈၀ ကျော်တို့ နေထိုင်ရာ နေရာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ တစ်ခုတည်းသော နေထိုင်ရာဖြစ်တဲ့ Khao Sok National Park မှာ ကျားအကောင်ရေ ၂၀၀ မှ ၂၅၀ ခန့် တောရိုင်းထဲမှာ ကျန်ရှိနေဆဲဖြစ်ပါတယ်။

Khao Sok အမျိုးသားဥယျာဉ်ဟာ ထိုင်းနိုင်ငံရှိ အခြားအမျိုးသားဥယျာဉ်များထက် သွားရလာရ အနည်းငယ် ခက်ခဲပေမယ့်လဲ၊ သွားလည်ဖို့ရာ အကောင်းဆုံးနေရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ Khao Sok ဟာ Phuket၊ Krabi၊ Koh Lak သို့မဟုတ် Surat Thani မှသွားလာနိုင်ပါတယ်။

Khao အမျိုးသားဥယျာဉ်ကို တီထွင်ဖန်တီးမှုမှာ နှစ်ထောင်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး မြူခိုးတွေဖုံးနေတဲ့ Khao Sok တောထဲမှာ ရှားပါးပြီး လှပတဲ့ အပင်တွေနဲ့ တိရစ္ဆာန်တွေ ပါဝင်ပါတယ်။ နို့တိုက်သတ္တဝါ အမျိုးပေါင်း 50 ကျော်၊ ငှက်မျိုးစိတ် 300 ကျော်နှင့် မျိုးပွားသစ်ခွများနှင့် ထန်းပင်တို့ ပေါများပေါက်ရောက်နေထိုင်ရာ နေရာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် ဆင်ကောင်ရေ ၆၀၀၀ ခန့်ရှိမည်လို့ ယူဆရပြီး အကောင်ရေ ၅၀ ရာခိုင်နှုန်းမှာ တောရိုင်းဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းမှာ သားမွေးကြပါတယ်။ Khao Sok National Park ဟာ မိုးသစ်တောများတွင် လွတ်လွတ်လပ်လပ် ကျင်လည်ကျက်စားတဲ့ တောဆင်ရိုင်းအကောင် ၂၀၀ ခန့်ရှိတဲ့ နေရာဖြစ်ပါတယ်။

Khao Sok မှာ ရေကူးလို့ရပြီး Cheow Larn Lake နဲ့ Khao Sok Riverside Cottages မှာရှိတဲ့ ဒေသခံမြစ်နှစ်ခုလုံးဟာ ဘေးကင်းပြီး ပျော်
ရွှင်စရာကောင်းပါတယ်။ တစ်ခေါက်တစ်ခါ အရောက်သွားဖို့ သင့်တင့်တဲ့နေရာလေး ဖြစ်တဲ့အကြောင်း ဝေမျှပေးလိုက်ပါတယ်ရှင်။
သွားလည်တုန်းက အမှတ်တရ ပုံလေးတွေလဲ တင်ပေးထားတာမို့ ကြည့်ရှုပေးပါဦးရှင့်။

Google Mapping 📍 https://maps.app.goo.gl/fW98uoPJP9YDDWtC6?g_st=ic

04/07/2025

ထိုင်းမှာ အိမ်ငှါးမယ်ဆို ဒီတစ်ချက်တော့ သိဖို့လို

Eco Print ကိုတဲ့ ခွက်ကလေးတွေမှာလဲ လုပ်ပြပါဆိုလို့ 🥰 လုပ်ပြီး လက်ဆောင်လေးတွေ ပေးရင် ယူချင်ပါ့မလားလို့
04/07/2025

Eco Print ကိုတဲ့ ခွက်ကလေးတွေမှာလဲ လုပ်ပြပါဆိုလို့ 🥰 လုပ်ပြီး လက်ဆောင်လေးတွေ ပေးရင် ယူချင်ပါ့မလားလို့

04/07/2025

📍Phitsanulok travel memory

🛕 Wat Chan Tawan Tok 🛕Phitsanulok မြို့မှာတည်ရှိပြီး နန်းမြစ်ကမ်းစပ်တစ်လျှောက် အေးချမ်းသာယာတဲ့ Wat Chantawan Tok ဘုရားကျ...
02/07/2025

🛕 Wat Chan Tawan Tok 🛕

Phitsanulok မြို့မှာတည်ရှိပြီး နန်းမြစ်ကမ်းစပ်တစ်လျှောက် အေးချမ်းသာယာတဲ့ Wat Chantawan Tok ဘုရားကျောင်းဟာ ရင်သပ်ရှုမောဖွယ်ရာ ဗိသုကာပညာနှင့် ကြွယ်ဝတဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ပြသပြီး ဆွဲဆောင်မှုရှိတဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့ အပြင်ပိုင်းဟာ ရွှေရောင်အဆင်းသဏ္ဍာန်ရှိပြီး အနုစိတ်သောအသေးစိတ်လက်ရာများဖြင့် အနီးအဝေးမှ ခရီးသွားများကို ဆွဲဆောင်နိုင်တံ့ ဗိသုကာလက်ရာတစ်ခုဖြစ်ပါတယ်။ နန်းမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ တံတားရဲ့ တစ်ဖက်အစွန်း ထိပ်တည့်တည့်မှာ တည်ဆောက်ထားပြီး ရင်သပ်ရှု့မောဖွယ်ကောင်းလောက်အောင် လှပပါတယ်။ ၂၄ နာရီ ပိတ်ချိန်မရှိ ဖွင့်လှစ်ထားပါတယ်။ ဝင်းဝင်းကတော့ အချိန်မရလို့ အထဲ မရောက်ဖြစ်ခဲ့လိုက်ပါဘူး။ ရောက်ဖူးတဲ့သူရှိရင် ဝေမျှပေးပါဦးရှင်။

Google mapping 📍 https://maps.app.goo.gl/Mgyjc9U9LYsVfa3M6?g_st=ic

🌵🌵စိတ်ရင်းအမှန်ဆို အဲ့အနောက်ကအုံလိုက်ကြီးကို ကိုယ်နေတဲ့ အိမ်ရှေ့ ရွှေ့လာချင်တာ 🌵🌵
30/06/2025

🌵🌵စိတ်ရင်းအမှန်ဆို အဲ့အနောက်ကအုံလိုက်ကြီးကို ကိုယ်နေတဲ့ အိမ်ရှေ့ ရွှေ့လာချင်တာ 🌵🌵

🥰ချစ်ရသူတို့မင်္ဂလာရှင် 🥰 🍂🍂Eco Printing ပြုလုပ်ဖို့ရာအတွက် လိုအပ်တဲ့ ပစ္စည်းစုဆောင်းမှုက စလို့ လုပ်ပုံလုပ်နည်း အဆင့်ဆင့...
29/06/2025

🥰ချစ်ရသူတို့မင်္ဂလာရှင် 🥰

🍂🍂Eco Printing ပြုလုပ်ဖို့ရာအတွက် လိုအပ်တဲ့ ပစ္စည်းစုဆောင်းမှုက စလို့ လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို အခုအောက်မှာပြထားတဲ့ link လေးတွေကတစ်ဆင့်လေ့လာရအောင် လွယ်ကူအောင် တစ်စုတစ်စည်းထဲ စုစည်းပေးထားပါတယ်ရှင်။🍂🍂

🍂Eco Printing အကြောင်း သိကောင်းစရာ🍂

https://www.facebook.com/winiwnhlaing/videos/740904558285988

🍂ပြုလုပ်ပုံအသေးစိတ်🍂

https://www.facebook.com/share/p/1CKQmeNPJo/

🍂လိုအပ်သော ပစ္စည်းများ🍂

https://www.facebook.com/share/p/1EnK9wqYZT/?mibextid=wwXIfr

🍂ချုပ်ဆေးရွယ်မှုပေါ်အရွက်များရဲ့ အရောင်နှင့် ရလဒ်များ🍂

https://www.facebook.com/winiwnhlaing/videos/696985426576569

https://www.facebook.com/share/p/1Z49D9XAFh/

https://www.facebook.com/share/p/1At6QHr6us/

🍂အရွက်ခင်းဖို့ ပြင်ဆင်ခြင်း🍂

https://www.facebook.com/winiwnhlaing/videos/3996827647234317

🍂ပေါင်းခံ အထုတ်ဖြေ လှန်းခြင်း🍂

https://www.facebook.com/winiwnhlaing/videos/4042464635966532

🍂Final အဆင့် ချုပ်ဆေး အသုံးပြုပုံ🍂

https://www.youtube.com/watch?v=Nbs8UxKogdY

🍂knowledge Sharing🍂

https://www.facebook.com/share/p/14JYww8MPft/

https://www.facebook.com/share/p/1AXxfQnWzG/

အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်ရှင်။

Address


Alerts

Be the first to know and let us send you an email when Win Win's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Win's Diary:

  • Want your business to be the top-listed Media Company?

Share