မြင့်မြတ်အမျိူးသမီးစာစောင် - Myint Myat Women Magzine

  • Home
  • မြင့်မြတ်အမျိူးသမီးစာစောင် - Myint Myat Women Magzine

မြင့်မြတ်အမျိူးသမီးစာစောင် - Myint Myat Women Magzine အမျိူးသမီးများအတွက် သမ္မာကျမ်းစာ အကြောင်း ဝေမျှ သက်သေခံခြင်းများ ဖော်ပြသော စာစောင်ဖြစ်ပါသည်

ဒီတပတ်မှာတော့ မေတ္တာသည်သာ အမြတ်ဆုံးပါလို့ ပြောတဲ့ ဒေါ်တင်သန်း ရဲ့ သက်သေခံချက်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ချစ်သော ...
07/07/2025

ဒီတပတ်မှာတော့ မေတ္တာသည်သာ အမြတ်ဆုံးပါလို့ ပြောတဲ့ ဒေါ်တင်သန်း ရဲ့ သက်သေခံချက်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ချစ်သော မြင့်မြတ်အမျိူးသမီးများလည်း အာလုံးအပေါ် မေတ္တာ ထားနိုင်ကြပါစေလို့........

အမြတ်ဆုံးသော ချစ်ခြင်းမေတ္တာ
ကျွန်မသည် ခွဲစိတ်ကုသမှူ့ခံယူထားသော မိတ်ဆွေတစ်ဦးအား ဆေးရုံတွင် သွားကြည့်ခဲ့သည်။ လိုအပ်မည်ထင်သော အစားအသောက် အသုံးအဆောင်ပစ္စည်းများနှင့် ငွေကြေး(တတ်နိုင်သမျှ) ယူသွားပြီးကူညီပေးခဲ့ပါသည်။ ထိုမိတ်ဆွေ၏ အသက်တာကို လေ့လာတဲ့အခါမှာ သူဘယ်သူ့အတွက်မှ အကျိူးမပြုခဲ့ပါ။ သာရေး၊နာရေး ဘာသာတရားအရေးတွေမှာလည်း ရှေ့တန်းက မပါဝင်ခဲ့ပါ။ အသက်တာကို ပေါ့ပါးစွာ မိမိအတွက်ပဲ ရပ်တည်ခဲ့သူတစ်ဦးသာဖြစ်တယ်။ အလှူဒါနလည်း သိပ်မရက်ရောခဲ့။ သူဆေးရုံတက်ရတယ် သတင်းကြားတော့ မသိသလိုဘဲ နေခဲ့တယ်။ သူလဲဘယ်သူ့အကျိူးမှ မပြုလုပ်ခဲ့ဘူးလေ။ ငါတို့လဲ သူ့အတွက်ဘာလုပ်ပေးဖို့လိုသလဲ။ အခြားသူများက ဆေးရုံသွားရန် ခေါ်သော်လည်း ကျမ မလိုက်ဖြစ်ခဲ့ပါ။
အသင်းတော်ဆုတောင်း အစည်းအဝေးတွင် ဆုတောင်းရာတွင် သူ့အတွက်လည်း ဆုတောင်းပေးကြသည်။ ဒီလိုဖြင့် သွားမကြည့်လို့တော့ မဖြစ်။ လူမှူ့ရေးတော့ပျက်ကွက်နေတယ်ဟု ဆိုကာ သွားကြည့်ခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ ကျွန်မသေသေချာချာစဥ်းစားလိုက်တော့ ကျွန်မရဲ့ သွားကြည့်ခြင်း၊ပေးလှူခြင်းတွေ အချည်းနှီးဖြစ်သွားခဲ့တယ်။ လူမှူ့ရေးအရ သူများသွားတွေ့ပြီး ကိုယ်သွားမကြည့်လို့ မကောင်းတတ်လို့၊ တာဝန်အရ သွားတွေ့ခဲ့ပေမဲ့ စေတနာစိတ်က မပါခဲ့ဘူး။ ဒါဆိုရင် ကျွန်မရဲ့ လှူဒါန်းခြင်း၊ပေးကမ်းခြင်း၊သွားရောက် ကြည့်ရှူ့ခဲ့ခြင်းဟာ ဘာမှ အကျိူးမရှိခဲ့ဘူးပေါ့။
၁ကော ၁၃း၃ တွင် “ သူတပါးကို ကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက ကိုယ်ခန္ဓာကို မီးရှိူ့စေခြင်းငှါ အပ်သော်လည်း မေတ္တာမရှိလျှင် ငါ၌အကျိူးမရှိ” ဟုဖော်ပြထားသလို ကျမပေးကမ်းလှူဒါန်းခဲ့တာတွေ သွားကြည့်ခဲ့တာတွေဟာ စေတနာစိတ်၊မေတ္တာမပါတဲ့အတွက် ကျွန်မအတွက်ဘာမှ အကျိူးမရှိခဲ့ပါ။ လူတစ်ယောက်ဟာ သူ့ဘဝအသက်တာမှာ ဘယ်လိုပင် အသက်ရှင်နေထိုင်ခဲ့ပါစေ ကျွန်မတို့က မေတ္တာရှိဖို့သာလိုပါတယ်။ မေတ္တာမရှိဘဲ မည်သည့်လုပ်ဆောင်မှူ့မျိုူးကို မဆို လုပ်ဆောင်ပါက အကျိူးသက်ရောက်မှူ့ မရှိပါ။ ဒါကြောင့် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ ချစ်ခြင်းမေတ္တာဖြင့် လုပ်ဆောင်ဖို့ တမန်တော်ကြီး ရှင်ပေါလုက ဖော်ပြထားခဲ့ပါတယ်။ ယခုတွင် ယုံကြည်ခြင်း၊မျှော်လင့်ခြင်း၊ချစ်ခြင်း ဤသုံးပါးတည်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သည်။

ဒေါ်တင်သန်း
ပဲခူးမြို့မ

ဒီအပတ်  ပြန်လည်ဖော်ပြလိုတာကတော့ မေဥဿာရဲ့ " သစ်ပင်ပမာ လူ့အသက်တာ" ဘဲဖြစ်ပါတယ်။ ဒီဆောင်းပါးလေးထဲကလိုဘဲ ချစ်သော မြင့်မြတ်အမျ...
30/06/2025

ဒီအပတ် ပြန်လည်ဖော်ပြလိုတာကတော့ မေဥဿာရဲ့ " သစ်ပင်ပမာ လူ့အသက်တာ" ဘဲဖြစ်ပါတယ်။ ဒီဆောင်းပါးလေးထဲကလိုဘဲ ချစ်သော မြင့်မြတ်အမျိူးသမီး များအားလုံးလဲ ဝိဥာဥ်အသီးကိ့ သီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သစ်ပင်ပမာ လူ့အသက်တာ
ဘုရားသခင်သည် ဖန်ဆင်းခြင်းလုပ်ငန်းတော်ကြီး၌ လူသားကိုဖန်ဆင်းခြင်းမပြုမှီကပင် ဖန်ဆင်းခဲ့သည့်အရာများတွင် သစ်ပင်များလည်းပါဝင်ပါသည်။
တဖန်ဘုရားသခင်က မြေသည် မြက်ပင်ကိုလည်းကောင်း စပါးမျိူးသီးကိုဖြစ်စေသော စပါးပင်ကိုလည်းကောင်း မိမိ၌မျိူးစေ့ပါလျက် သစ်သီးမျိူးကိုဖြစ်စေသောသစ်ပင်ကိုလည်းကောင်း ပေါက်စေ၏ ဟုမိန့်တော်မူ၏။သစ်ပင်မျိူးများစွာ ဖြစ်စေခဲ့ပါသည်။ (ကမ္ဘာ ၁း၁၁)
သစ်ပင်များကို လှပရုံသာ ဖန်ဆင်းခဲ့ခြင်းမဟုတ်ပါ။ သစ်ပင်များသည် ကမ္ဘာကြီးနှင့် လူသားအားလုံးအတွက် အထောက်အပံ့ အကူအညီပေးနိုင်သည့် အကျိူးတရားကိုပါ ထည့်သွင်းပေးခဲ့ပါသည်။
သစ်ပင်ကြီးငယ်များရှိနေခြင်းကြောင့် ကမ္ဘာလောကကြီးနှင့် ကျမတို့ ပတ်ဝန်းကျင်ကို သာယာလှ၌အေးမြစေပါသည်။ ရာသီဥတုကို ကောင်းမွန်စေသည်။ ရာသီဥတုကောင်းမွန်ပါက လူတို့၏ ရိက္ခာအတွက် စိုက်ပျိူးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေသည်။
လူသားများ အသက်ရှင်ရေးအတွက် လိုအပ်သော အောက်ဆီဂျင်ဓါတ်ကို သစ်ပင်များက ထုတ်ပေးကာ မလိုအပ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို စုတ်ယူထားပေးသည်။ ကျန်းမာရေးအတွက် သန်းစင်သောလေကို သစ်ပင်များအားဖြင့် ရရှိသည်။ လူတို့၏ စီးပွားရေးအတွက်လည်း ထင်း၊မီးသွေး၊အဆောက်အဉီဆောက်သည့်သစ်၊ဝါးများ ကိုလည်း သစ်၌င်များက ရရှိသည်။ မြေအောက်ရေသိုလှောင်မှု့များကိုလည်း သစ်ပင်များက ထိန်းညှိပေးသည့်အတွက် သောက်သုံးရေကို လူသားတို့အတွက် ရရှိစေပါသည်။ (အခြားအသုံးဝင်၍ အကျိူးပြုနိုင်သည့် အရာများလည်း များစွာရှိပါသည်)
ကျမတို့ မြန်မာနိုင်ငံ၌ သစ်တောဌာန၏ ဆောင်ပုဒ်တတစ်ခုမှာ “သစ်တောနှင့်သစ်ပင် ချစ်ခင်သည့်လူမျိူး သစ်ပင်နှစ်စဉ်စိုက်ငွေတိုက်ကိုစိုး” ဟူ၍ဖြစ်ပါသည်။ သစ်ပင်များ ပန်းပင်များကို ချစ်ခင်မြတ်နိုးကြသည့် ကျမတို့ မြန်မာနိုင်ငံသူ/သာ/များသည် သစ်ပင်၏ တန်ဘိုးကို သိနားလည်ကြကာ ထိန်းသိမ်းရန်လည်း ဘုရားသခင်က တာဝန်ပေးခဲ့သည်ကို (ကမ္ဘာ ၁း၂၉)၌ ဖော်ပြထားပါသည်။
နွယ်၊မြက်၊သစ်ပင် ဆေးဘက်ဝင်ဟူသော စကားလည်းရှိပါသည်။ မိုးထီမြင့်မားကြံ့ခိုင်သော အပင်ကြီးများမှစ၍ နွယ်ပင်၊မြက်ပင်၊ဆူးပင်၊ခြုံပင် ကစ၍ ကျန်းမာရေးအတွက် ဆေးဘက်ဝင်သော အရည်အသွေးရှိကြောင်း ထိုစကားလေးက သက်သေခံနေပါသည်။
သမ္မာကျမ်းစာ၌ ဘုရားသခင်ထံမှ ဥာဏ်ပညာကိုတောင်းခံ၍ ဘုရားကိုယ်တိုင်ဥာဏ်ပညာကို ပေးထားသည့် ရှောလမုန်မင်းသည် သုတ္တံစကားသုံးထောင်နှင့် သီချင်းပေါင်းတစ်ထောင်းငါးခုကို ရေးသားဖွဲ့နွဲ့စပ်ဆိုခဲ့ရာ၌ သူ့စာပေများတွင် သစ်ပင်ကြီးငယ်အားလုံး၏ တန်ဘိုးကို ထည့်သွင်းရေးဖွဲ့စပ်ဆိုသည်။ တောင်ပေါ်၌ပေါက်သော လေဗနုန်အာရဇ်ပင်ကြီးများမှစ၍ မြို့ရိုး၊အုတ်တံတိုင်း၊ခြံစည်းရိုး စသည်တို့၌ ပေါက်လေ့ရှိသော အပင်ငယ်များဖြစ်သည့် ဟုဿုပ်ပင်ငယ်လေးများမှအစ ထည့်သွင်းရေးသားစပ်ဆိုတတ်သည်ဟု (၃ရာ ၄း၃၂-၃၃) ၌ ဖော်ပြထားသည်ကို ထောက်ရှု့ပါက သေးငယ်သောအပင်များပင်လျှင် သူ့အရည်အသွေးနှင့် သူရှိနေကြောင်းသိရှိရပါသည်။ သူ၏စာ၌ပါသော ဟုဿုပ်ပင်ဟုဆိုရာ၌လည်း ထိုအပင်သည် သေးငယ်၍ မထင်ရှားသောနေရာ၌ ပေါက်ရောက်သော်လည်း ထိုအပင်အညွှန့်များကို စုစည်း၍ ဂျူးတို့၏ ဘာသာရေးဆိုင်ရာ အခန်းအနားများတွင် အ‌သွေးစွတ်ဖျန်းခြင်းတို့၌ အသုံးပြုသည်။(ထွက် ၁၂း၂၂) နူနာစွဲသူများကို သန့်ရှင်းစေခြင်းနှင့် စပ်ဆိုင်သော ထုံးနည်းတို့၌လည်း ဟုဿုပ်ပင်ကို သုံးသည်။(ဝတ် ၁၄း၄-၇)(ထွက် ၁၉း၆)
ထို့အတူ မြန်မာပြည်၌လည်း သစ်ပင်ကြီးမှစ၍ ခြုံနွယ်,ဆူးပင်များတိုင်အောင် လူသားတို့အကျိူးကို ပေးနိုင်စွမ်းကြပါသည်။
ဥပမာအားဖြင့် မြေ၌ကပ်ပေါက်နေသည့် ထီကရုံးဆူးပင်သည် ဆီးရောဂါအတွက် ပြုတ်သောက်လျှင်ပျောက်၏။ လူတု့ရှောင်၇ှားလေ့ရှိသည့် ခွေးလှေးယားသီးအနက်ပင်နွယ်သည် ထ်လျှင်ယားတတ်သော်လည်း သူ၏အစေ့မှာ ဆေးဘက်ဝင်လှ၏။ ဈေးကွက်ဝင်အစေ့ဖြစ်လာသည်။
ချွင်းချက်အနေဖြင့် လူကိုသေစေနိုင်သောအပင် အဆိပ်ရှိသောအပင်များ မှိူပွင့်များ၊ နွယ်ရှင်များလည်း ရှိနေသော်လည်း လူသားများသည် မြွေကဲ့သို့သော အဆိပ်ကိုထုတ်ယူကာ မြွေဆိပ်ဖြေဆေးကို ထုတ်လုပ်လျှက် လူသားအကျိူးကို ပြုနိုင်သော အရည်အသွေးကို ဘုရားက ပေးထားပြီးဖြစ်ရာ အဆိပ်ရှိသော၊ အပွင့်အပင်များမှပင် လူသားတို့အတွက် အသုံးဝင်သော ဆေးနှင့် ပစ္စည်းများကို ထုတ်လုပ်နိုင်လာကြသည်လည်းရှိပါသည်။
၄ရာ ၄း၃၈-၄၁ တွင် တောဘူးသီးကို ချက်ရာ၌ အဆိပ်(သေဘေး)ဖြစ်သွားရာ
စားမရအောင်ရှိနေခဲ့သည်ကို ပ‌ရောဖက်ဧလိရှဲက မုန့်ညက်ကို ဟင်းအိုးထဲသို့ ထည့်စေရာ အဆိပ်ပျယ်၍ အားလုံးစားသုံးနိုင်သော ဟင်းလျာဖြစ်ခဲ့ကြောင်းတွေ့ရပါသည်။
သစ်ပင်များအားလုံးသည် တိုက်ရိုက်ဖြစ်စေ ပြုပြင်စီမံဖော်စပ်၍ဖြစ်စေ လူသားများနှင့် ကမ္ဘာကြီးကို တနည်းနည်းအားဖြင့် အကျိုးးကျေးဇူးပေးစွမ်းကြသည်။သို့သော် သစ်ပင်များဖြစ်ပါလျက်နှင့် မိမိတာဝန်ကျု မကျေသော သစ်ပင်တစ်ပင်ကို ခရစ်တော်က ကျိန်ဆိုခဲ့သည်ကို (မာ ၁၁း၁၂) ၌ဖော်ပြထားပါသည်။
သခင်ယေရှုကြွလာရာ လမ်းတလျှောက်တွင် သ‌‌‌‌ေဘႅာသဖန်းပင်တပင်မှ အရွက်များ ဝေဆာနေသည်ကို သခင်ယေရှုခပ်လှမ်းလှမ်းကပင် မြင်တွေ့ခဲ့သည်။ သခင်သည် ဆာလောင်နေသဖြင့် ထိုအပင်ကိုတွေ့သည့်အခါ သ‌‌‌‌ေဘႅာသဖန်းသီး ဆွတ်ခူးရာ အချိန်မဟုတ်သေးသောကြောင့် အပင်၌ အသီးကို တွေ့ရမည်ဟု မျှော်လင့်လျှက် အပင်ခြေရင်းသို့ ရောက်လာသောအခါ အသီးလုံးဝမရှိသည်ကိုတွေ့ရလေသည်။
သ‌‌‌‌ေဘႅာသဖန်းပင်သည် သံလွင်သီးနှင့် စပျစ်သီးများကဲ့သို့ ဣသရေလပြည်နှင့် အိမ်နီးချင်းနိုင်ငံများတွင် ပေါများကြသည်။သဖန်းသီးများကို အစိမ်းဖြစ်စေ၊ အခြောက်လှန်းပြီးဖြစ်စေ၊ မုန့်လုပ်၍ဖြစ်စေ စားသုံးကြသည်။ သန်စွမ်းသော သ‌‌‌‌ေဘႅာသဖန်းပင်သည် တနှစ်တာအတွင်း (၁၀)လခန့် အသီးသီးသော အပင်ဖြစ်သည်။ အသီးသည် ဆေးဘက်ဝင်သည်။ (ဟေဇကိမင်းကြီး၏ အနာကို ထိုအသီးနှင့် အုံပေးခဲ့သည်)ထိုသို့ အဖိုးတန်အကျိုးပြုသော သ‌‌‌‌ေဘႅာသဖန်းပင်များအနက်မှ ယေရှုမျှော်လင့်ခဲ့သော သဖန်းပင်သည် အကျိုးမပြုသောအပင် အသုံးမဝင်သောအပင်အဖြစ်တွေ့ခဲ့ရ၍ ယေရှုသည် စိတ်ပျက်ခဲ့ရသည်။ ထိုအပင်အား ဣသရေလပြည်နှင့် ပုံဆောင်ကာ ဘုရားသခင်အတွက် အသုံးမဝင်သော နိုင်ငံဟု မြင်မိသည်။ ဝိဥာဥ်ရေးရာ အသီးမသီးသော အပင်အဖြစ် ကျိန်ခြင်းခံရမည်ဖြစ်ကြောင်း ထိုဖြစ်စဉ်အားဖြင့် ယေရှုသခင်က ကျမတို့ကို သွန်သင်နေသည်။ ထိုသဖန်းပင်သည် အများနည်းတူ မြေဆီမြေနှစ်ရှိသော မြေ၌ရှင်သန်နေပါလျက် အသီးကို မပေးနိုင်ခြင်းသည် ကျမတို့ ယုံကြည်သူများ၏ အသက်တာကို ဆင်ခြင်နိုင်ရန် မီးမောင်းထိုးပြနေ၏။ ခရစ်တော်ကို ယုံကြည်သူများ ဖြစ်သော်လည်း ခရစ်တော်အလိုရှိသော အချိန်၌ မည်သည့်အရာကိုမျှ မဆက်ကပ်နိုင် မပေးနိုင်သော အသက်တာမျိုးဖြစ်လျှင် ကျိန်ခြင်းခံရပါလိမ့်မည်။
ထိုသို့ဆိုလျှင် သခင်အလိုရှိသောအချိန်၌ အသီးကိုပေးနိုင်သော အပင်လူသားများအတွက် ဘုရားသခင်ဖြစ်စေလိုသည့် အကျိူးပြုအပင်အဖြစ် ရှင်သန်ကြီးထွားကြရန် မည်သို့အသက်ရှင်ကြရပါမည်နည်း။
ဆာလံ(၁း၃)၌ ဖော်ပြထားသော သစ်ပင်ကဲ့သို့ ဖြစ်ရပါမည်။ မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းသော အပင်ကဲ့သို့ ဖြစ်ရန်လိုအပ်သည်။ ထိုအပင်ကဲ့သို့သော အသက်တာရရှိရန် လုပ်ဆောင်ရမည်မှာ (ဆာလံ ၁း၂) ၌ လမ်းညွှန်ထားပါသည်။ “ထာဝရဘုရား၏ တရားတော်၌ မွေ့လျှော်ရန် တရားတော်ကို နေ့ညမပြတ် ဆင်ခြင်နှလုံးသွင်း လိုက်လျှောက်ဖြစ်ပါသည်။”
ယေရမိအနာဂတ္တိကျမ်း ၁ရး၇-၈ ၌လည်း ရေရှိသော အရပ်၌စိုက်လျက် မြစ်နားမှာ အမြစ်ဖြာသဖြင့် ပူလောင်သော အချိန်ရောက်ကြောင်းကိုမသိ အရွက်မညှိုးနွမ်း မိုးခေါင်သောကာလ၌ပင် စိုးရိမ်စရာမရှိပဲ အစဉ်အမြဲ အသီးကို သီးတတ်သော အပင်ကဲ့သို့သော အသက်တာမျိုး၌ ရှင်သန်ကြစေရန်အတွက် လိုအပ်သော လိုက်လျှောက်ရမည့် အချက်ကို ဖော်ပြထားပါသည်။ ထာဝရဘုရားကို ကိုးစားသူ ထာဝရဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသောသူသည် ထိုအပင်ကဲ့သို့သော ကောင်းချီးမင်္ဂလာကို ခံအပ်သောသူ ဖြစ်ပါသည်။
သို့ပါ၍ ကျမတို့၏ ရှင်သန်ရာ အသက်တာများ၌ ကမ္ဘာကြီးနှင့် လူသားများကို အကျိုးပြု အထောက်အကူဖြစ်စေသာ ဖန်ဆင်းခံသစ်ပင်များကဲ့သို့ ရှင်သန်ကြီးပွား အကျိုးပြုနိုင်ရန် နှုတ်ကပတ်တော်၌ ဖော်ပြထားသော တရားတော်များကို ဂရုပြုလိုက်လျောက်နိုင်ကြပါစေ။
ကျိန်ခြင်းခံရသော သစ်ပင်ကဲ့သို့ ဝိဥာဥ်ဆုကျေးဇူးများ သင်ဆုံးရှုံးနေသော ဝိဥာဥ်အသီးများ မသီးနိုင်သော အပင်မျိုးမဖြစ်စေရန် အစဥ်ဂရုပြုရှင်သန် နိုင်ကြပါစေသတည်း။

မေဥဿာ
ပဲခူးမြို့မ

ဒီအပတ် ချစ်သော အမျိူးသမီးများအတွက် ဆောင်းပါရေးသူ ခင်မျိူးနွယ်ရဲ့ " မဂ်လာရှိသော အိမ်ထောင်" လေးကို ပြန်ဖော်ပြလိုက်ပါတယ်။ ခ...
23/06/2025

ဒီအပတ် ချစ်သော အမျိူးသမီးများအတွက် ဆောင်းပါရေးသူ ခင်မျိူးနွယ်ရဲ့ " မဂ်လာရှိသော အိမ်ထောင်" လေးကို ပြန်ဖော်ပြလိုက်ပါတယ်။ ချစ်သော အမျိူးသမီးများရဲ့ အိမ်ထောင်မိသားစုတိုင်းကိုလဲ ဘုရားရှင်သာ၍ ကောင်းချီးပေးပါစေ။

မင်္ဂလာရှိသောအိမ်ထောင်
အခြေပြုကျမ်းချက်။ ။ ဆာလံကျမ်း ၁၂၈း၁
“ထာဝရဘုရားကို ကြောက်ရွံ့၍ လမ်းခရီးတော်သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။”
အိမ်ထောင်လို့ဆိုလိုက်တာနှင့် မိသားစုနှင့် ဖွဲ့စည်းထားတာရှိသလို ဝိဥာဥ်ထဲမှာ တည်ဆောက်ထားတဲ့ အိမ်ထောင်လည်းရှိပါတယ်။ ဒါဆိုနည်းနည်းများ ရှုပ်သွားသလားဘဲနော်။ ကျွန်တော်/ကျွန်မ ယုံကြည်သူ အသီးသီးတို့ဟာ သခင်ယေရှုခရစ်တော်၏ အသွေးတော်အားဖြင့် တစ်သွေးတစ်သားထဲရှိကြတဲ့ ဘုရားသခင်ရဲ့ သား/သမီး မိသားစုဝင်တွေဖြစ်လို့ပါပဲ။
ဂိုဏ်းဂဏ အသီးသီးရဲ့ အသင်းတော်အသီးသီးမှာ ဝတ်ပြုကိုးကွယ်နေကြတဲ့ သူတိုင်းဟာလည်း ဝိဥာဥ်မိဘ၊ဝိဥာဥ်သား/သမီး၊ ဝိဥာဥ်မောင်နှမတွေချည်း ဖြစ်ပါတယ်။
သို့ပေမဲ့ ဇာတိပကတိကလည်း ရှေးမဆွကတည်းက ရှိထားတော့ သမ္မာကျမ်းစာမှာ ပါရှိတဲ့ အိမ်ထောင်မိသားစုအကြောင်းလေးများကို လေ့လာရင်း ကျွန်တော်/ကျွန်မတို့ရဲ့ အိမ်ထောင်မိသားစုတွေ ဘယ်ကဲ့သို့ မိမိ အိမ်ထောင်ကို တည်ဆောက်ကြသည်လဲဆိုတာကို တွေးကြည့်ကြရအောင်နော်။
ဓမ္မဟောင်းကျမ်းအရ ကမ္ဘာဦးကာလ ပထမဦးဆုံးသော အိမ်ထောင်ဖြစ်တဲ့ အာဒံနှင့် ဧဝတို့ဟာ ဘုရားသခင်စုံဖက်ပေးထားတဲ့သူတွေဖြစ်ပြီး အရာရာပြည့်စုံတဲ့ ဧဒင်ဥယျာဥ်ကြီးထဲမှာ နေရာချထားပေးပါတယ်။ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ဦးကာလဟာ အလွန်ပျော်ရွှင်ဝမ်းမြောက်စရာ ကောင်းခဲ့ပေမဲ့လည်း သိပ်မကြာလိုက်ခင်မှာပဲ ဖန်ဆင်းရှင်ဘုရားသခင်ရဲ့ စကားကို မနာခံခဲ့တာကြောင့် ဧဒင်အရှေ့အရပ်ကို ထွက်ခွါခဲ့ရပါတယ်။နဖူးမှချွေး ‌ခြေမပေါ် ကျတဲ့အထိ ရုန်းကန်ခဲ့ကြပေမဲ့လည်း သူတို့နှစ်ဦးဟာ ချစ်ခြင်းမေတ္တာခိုင်မြဲလျက် လက်တွဲကြည်သာညီညာခဲ့ကြပါတယ်။ မိမိတို့ အိမ်ထောင်မှ ထွန်းကားတဲ့ သားဦး ကာဣနဟာ သူ့ညီအာဗေလကို မလိုမုန်းတီး သတ်မိတဲ့အတွက် အိမ်ထောင်မှာ ဝမ်းနည်းပူဆွေးခဲ့ကြရပါတယ်။
ကမ္ဘာပေါ်မှာ ပထမဦးဆုံး လူသတ်သမားဖြစ်ခဲ့ရတဲ့ သားကြီးကာဣနဟာ ဧဒင်ပြည် အ‌ရှေ့နောဒိပြည်သို့ ထွက်ခွါသွားလိုက်ရတဲ့အတွက် အာဒံနှင့်ဧဝတို့မှာ ဝမ်းနည်းရပြန်တယ်။ အဲ့ဒီ့နောက်မှာ သားရှေသကို ထပ်မံမွေးဖွားခဲ့တယ်။
ကမ္ဘာဦးအိမ်ထောင်မှလည်း အခက်အခဲအကြပ်အတည်းတွေ့ ရှိခဲ့ကြပါတယ်။ အခက်အခဲဆိုတာကတော့ အိမ်ထောင်တိုင်းမှာရှိကြပါတယ်။အဲ့လို အခက်အခဲတွေကြားမှာ ဇနီးမောင်နှံနှစ်ဦးဟာ တစ်ဦးအတွက်တစ်ဦးကရှိနေပေးခဲ့ပါတယ်။
ဝိဥာဥ်ရေးရာမှာလည်း ဆင်ခြင်စရာ နှူတ်ကပတ်တော်ရှိပါတယ်။ သခင်ယေရှုမိန့်တော်မူတဲ့ အတိုင်း ကတိတော်ပေးခဲ့တာကတော့ “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဥ်မပြတ်ရှိသည်” (မဿဲ ၂၈း၁၀) ဟူ၍ဖြစ်ပါတယ်။ ဘုရားသခင်စုံဖက်ပေးတဲ့ အိမ်ထောင်တိုင်းမှာ ဘုရားသခင်အတူရှိမယ်ဆိုတာကို ယုံကြည်လက်ခံထားသင့်ပါတယ်။
“သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်၊ သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ၊ မစိုးရိမ်နှင့် စိတ်မပျက်နှင့်” ဆိုပြီးတော့လည်း (တရား ၃၁း၈)မှာ ကတိပေးထားပါသေးတယ်။
ကမ္ဘာပေါ်မှာ ပထမဦးဆုံး သားဦးလည်းဖြစ် လူသတ်သမားလည်းဖြစ်ခဲ့ရတဲ့ ကာဣနဟာ ဧဒင်ပြည်ကနေ ထွက်သွားပြီး နောဒပြည်မှာ အခြေချနေထိုင်ခဲ့တဲ့အခါမှာ ကာဣနဟာ အိမ်ထောင်ပြုပြီး ဧနောက်ဆိုတဲ့ ထွန်းကားခဲ့ပါတယ်။ အချိန်အခါတွေများစွာ ကျော်လွန်သွားပြီး မျိူးဆက်(ရ)ဆက်မြောက်သို့ ရောက်လာတော့ လာမက်ဆိုတဲ့သူကို မွေးဖွားလာပါတယ်။ လာမက်ကတော့ လူသားတို့ရဲ့ အိမ်ထောင်ရေးသမိုင်းကို စတင်ပြောင်းလဲမှူ့တစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဘိုးဘေးတို့နှင့် မတူပဲ မယားနှစ်ယောက်ယူလိုက်တယ်။ တစ်ယောက်က “အာဒ”၊ နောက်တစ်ယောက်က “ဇိလ”လို့ ခေါ်တယ်။ လာမက်ဟာ ဇနီးသည် အာဒနှင့်သား ယာဗလနှင့် ယုဗလကို မွေးဖွားခဲ့ပြီး ယာဗလကို မွေးဖွားခဲ့ပြီး ယာဗလက မွေးမြူရေးသမား၊ ယုဗလက ဂီတသမားစတင် ဖြစ်လာခဲ့ကြတယ်။
နောက်ဇနီးတစ်ယောက်ဖြစ်တဲ့ ဇိလနှင့်ကျတော့ သား”တုဗလကာဣန”ကို မွေးဖွားခဲ့ပြီး ထိုသားက ပန်းပဲဆရာဖြစ်လာခဲ့ပါတယ်။
ကာဣနရဲ့သား လာမက်ရဲ့ အိမ်‌‌ထောင်ဟာ မယားနှစ်ယောက်နဲ့ဆိုတော့ အတော်လေး စည်စည်ကားကားဖြစ်နိုင်ပါတယ်။ အလုပ်တွေလည်းရှုပ်ပြီး အမှားအယွင်းများလည်းရှိနိုင်မှာပါ။ ထိုမယားနှစ်ယောက်ကြားဗျာများနေရတဲ့ လာမက်ဟာလည်း ပင်ပမ်းကောင်းပင်ပမ်းခဲ့မှာပါ။
စီးပွားရေး၊ကြီးပွာရေးအတွက်သာ အားထုပ်ပြီး နေ့စဥ်ရှုပ်ယှက်ခတ်နေတဲ့ လာမက်ရဲ့ အိမ်ထောင်မှာလိုအပ်တာက ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းပဲဖြစ်ပါတယ်။အလိုတော်အတိုင်း သမ္မာတရားနှင့် အညီနေထိုင်ဘို့ လာမက် အားနည်းခဲ့တယ်။ ယနေ့ကာလ ကျွန်တော်/ကျွန်မ တို့ယုံကြည်သူတို့ရဲ့ အိမ်ထောင်တွေမှာလည်း ဘုရားသခင်ရဲ့လမ်းပြမှူ့လိုအပ်နေကြောင်း သေချာနှလုံးသွင်းထားရန် လိုအပ်ပါတယ်။ ဘုရားသခင်နှင့် အမြဲမိတ်သဟာယရှိနေတဲ့ အိမ်ထောင်တွေ ဖြစ်သင့်ပါတယ်။
နောက်ထပ် အိမ်ထောင်တစ်ခုကတော့ ရာခပ်နှင့်တလမုန်တို့ရဲ့ အိမ်ထောင်ပါပဲဖြစ်ပါတယ်။ ယေရိခေါမြို့ရဲ့ အကျယ်အဝန်းဟာ (၈)ဧကခန့်ရှိပါတယ်။ မြို့ထဲမှာ နေထိုင်သူတွေသာမက အနီးအပါးမှာ နေထိုင်ကြတဲ့ သူတွေကိုပါ အကာအကွယ်ပေးနိုင်တဲ့ ခိုင်ခန့်တဲ့ ခံတပ်မြို့ဖြစ်ပါတယ်။
မြို့ရိုးအမြင့်က ပေ(၄၀)ရှိပြီး မြို့ရိုးအထူက ပေ(၂၀)ရှိပါတယ်။ ခါနန်ပြည်ကို ဝင်ရောက်သိမ်းပိုက်ရမဲ့ ယောရှုရဲ့ဣသရေလ လူမျိူးအတွက် အဟန့်အတားဖြစ်စေတယ်။ အဲ့ဒီ့မြို့ကို မထွက်ခင် စုံစမ်းထောက်လှမ်းဘို့ သူလျိူနှစ်ယောက်ကို စေလွှတ်ခဲ့တယ်။ ယေရိခေါမြို့ သူ ရာခပ်ရဲ့အိမ်(တည်းခိုခန်း) သည် တည်းခိုခန်းဖြစ်တယ်။ လူစိမ်းဧည့်သည်တွေအတွက် အလွယ်တကူ ဝင်ထွက်ပြီး သတင်းများကို စုံစမ်းနိုင်တဲ့နေရာလည်းဖြစ်တယ်။ ဣသရေလသူလျိူ စာလမုန်နှင့် ယေရိခေါမြို့သူ ရာခပ်တို့ရဲ့ အချစ်ဇာတ်လမ်းဟာ မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ အချိန်အခါမှာ ထူးခြားစွာဖြစ်လာခဲ့ပါတယ်။
တကယ်တော့ သူတို့နှစ်ယောက်စလုံးဟာ လူငယ်တွေဖြစ်ကြပေမဲ့လည်း မတူတဲ့ ကိုးကွယ်မှူ့ရှိခဲ့ပါတယ်။ သစ္စာခံသော ရှင်ဘုရင်လည်းမတူပါ။ ဒါပေမဲ့ ရာခပ်ဟာ ပါးနပ်စွာ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ရာခပ်ဟာ ရုပ်တု ကိုးကွယ်ခဲ့တဲ့ မိန်းကလေးဖြစ်ပေမဲ့လည်း၊ ဣသရေလလူတို့ရဲ့ ဘုရားသခင်ဟာ အထက်ကောင်းကင်ဘုံနှင့် အောက်အရပ်မြေကြီးကို အစိုးရသော စစ်မှန်တဲ့ ဘုရားဖြစ်တယ် ဆိုတာကို အစိုးရသော စစ်မှန်တဲ့ ဘုရားဖြစ်တယ်ဆိုတာကို သိရှိလက်ခံလာခဲ့ပါတယ်။ ရုပ်တုဘုရားတွေကို စွန့်ပစ်ပြီး ဣသရေလလူမျိူးတို့ရဲ့ အသက်ရှင်သော ဘုရားကို ယုံကြည်ပြီး ဣသရေလစစ်သည်များကို ပူးပေါင်းကူညီခဲ့ပါတယ်။ စာလမုန်နှင့် ရာခပ်တို့ဟာ ထာဝရဘုရားကိုသာ လုံးလုံးကိုးကွယ်တဲ့ အတွက်ကြောင့် ဘုရားသခင်ရှေ့မှာ မျက်နှာရခဲ့ကြပါတယ်။ (မဿဲ ၁း၅) မှာ စာလမုန်ဟာ မိမိဇနီး ရာခပ်တွင် ရတဲ့သား ဗောဇနှင့် ရုသမှ မွေးဖွားသော ဩဗက်၊ ဩဗက်ရဲ့သား ယေရှဲ၊ ယေရှဲရဲ့သား ဒါဝိတ်မင်းကြီးဆိုပြီး သခင်ယေရှုဟာ ဒါဝိတ်မင်းကြီးမှ ဆင်းသက်မွေးဖွားခဲ့တာကို စာလမုန်နှင့်ရာခပ်တို့ဟာ မင်္ဂလာရှိတဲ့ ဘိုးဘေးစာရင်းဝင်တွေ ဖြစ်လာကြပါတယ်။ ဘုရားသခင်ဟာ ရုပ်တုကိုးကွယ်ခဲ့တဲ့ ရာခပ်ကို မစီရင်ရုံမက ချီးမြှောက်တော်မူခဲ့ပါတယ်။
ယခင်ကမှားယွင်းခဲ့တဲ့အမှူ့များ ကျွန်တော်/ကျွန်မတို့ အိမ်ထောင်များမှာလည်းရှိခဲ့ကြမှာပါ။ ဘုရားသခင်ကို ယုံကြည်ကိုးစားကြောက်ရွံ့တတ်သော အိမ်ထောင်များမှာ အဲ့ဒီ့အပြစ်တွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ကြရတော့ပါဘူး။ ဒီနေ့ပဲ ဘုရားသခင်ဘက်ကိုလှည့်ပြီး စာလမုန်နှင့် ရာခပ်တို့ အိမ်ထောင်လို တည်ဆောက်ကြမယ်ဆိုရင် မင်္ဂလာရှိတဲ့ အိမ်ထောင်တွေ ဖြစ်လာကြမှဦ မလွဲပါပေ။
ဒါကြောင့် ကျမ်းပိုဒ်လေးတစ်ပိုဒ်ကို လက်ဆောင်ပေးချင်ပါတယ်။ “ လူအမျိူးမျိူးတွင်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါမြင်၏” (တမန်တော်ဝတ္တူ ၁၀◌း၃၅)
နောက်ဆုံးဓမ္မသစ်ကာလ အိမ်ထောင်ရှင်များဖြစ်ကြတဲ့ အာကုလနှင့်ပြစ်ကိလတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ကတော့ အလွန်အားကျစရာကောင်းလှပါတယ်။ ချမ်းသာကြွယ်ဝတဲ့သူတွေ မဟုတ်ကြပေမဲ့ တဲရှင်ချူပ်တဲ့ လက်မှူ့ပညာရှင်တွေဖြစ်ပါတယ်။ တမန်တော်ကြီးရှင်ပေါလုလည်း တဲရှင်ချူပ်ရင်း သာသနာပြုနေတဲ့သူမို့ အလုပ်တူကြတဲ့အတွက် ရင်းနှီးကြတယ်။(တမန်တော်ဝတ္တူ ၁၈)ကို လေ့လာဖတ်ရှူ့ကြမယ်ဆိုရင် ကျမ်းစာထဲမှာ ဒီဇနီးမောင်နှံကို အမြဲအတူတကွ‌‌‌ေတွ့ရပါတယ်။ အာကုလသက်သက် ပြစ်ကိလသက်သက် မဟုတ်ဘဲ ကျမ်းစာထဲမှာဖော်ပြပါရှိသမျှ အစဥ်အမြဲယှဥ်တွဲပြီး ခေါ်ဆိုခြင်းခံရပါတယ်။ဒါဟာ သူတို့ဇနီးမောင်နှံရဲ့ ထူးခြားချက်ပါပဲ။
ပထမဆုံးမှာ ရှင်ပေါလုကို တံခါးဖွင့်ကြိုဆိုကြပြီး ကူညီကြဇနီးမောင်နှံဖြစ်ပါတယ်။ အဲ့ဒီ့နောက် ဧဖက်မြို့ကို ရှင်ပေါလုနှင့်အတူ ခရီးထွက်ပြီး ရှင်ပေါလုရဲ့ အမှူ့တော်ဆောင် ဟောပြောခြင်းတို့မှာ ကူညီကြပါတယ်။ ဧဖက်မြို့တွင် သူတို့ဇနီးမောင်နှံနေရစ်ခဲ့ကြပြီး ဒေသနာဆရာ အာပေါလုထံမှ သင်ယူခြင်း၊သင်ပေးခြင်းအားဖြင့် အာပေါလုကို ကူညီကြတယ်။ နောက်ပြီးကင်းခြေမြို့မှာ Home Church(အိမ်အသင်းတော်) တည်ထောင်ပြီး ဝတ်ပြုကိုးကွယ်ကြတယ်။
ဒီအိမ်ထောင်ဟာ တဲရှင်ချူပ်စားရတဲ့ သာမာန်အသင်းဝင်သူတွေသာ ဖြစ်ကြပေမဲ့ အသင်းတော်ကိုချစ်ပြီး ဧဝံဂေလိလုပ်ခြင်းကို အားပေးတဲ့ အိမ်ထောင်ဖြစ်ပါတယ်။ တမာန်တော်တွေ ဆရာသမားများတွေကို မခွဲခြားဘဲ သင်ယူနာခံမစတယ်။ ဘုရားသခင်သူတို့ကို ချစ်လို့မျက်နှာသာ ပေးခြင်းခံရတဲ့အတွက်ကြောင့် ကျမ်းစာထဲမှာ သူတို့ဇနီးမောင်နှံအမည်ဟာ (၆)ကြိမ်တောင်ဖော်ပြခြင်း ခံရတယ်။ ဖော်ပြခြင်းခံရတိုင်းမှာလည်း သီးခြားမဟုတ်ဘဲ အတွဲလိုက်ဖြစ်တယ်။ ကျွန်တော်/ကျွန်မတို့ ဘယ်လောက်များ အားကျစရာကောင်းလိုက်သလဲ။
ဒါကြောင့် ဘုရားသခင်ရဲ့ အသက်စာစောင်မှာ ကျွန်တော်/ကျွန်မတို့ အိမ်ထောင်များဟာလည်း အတွဲလိုက်အမည်စာရင်းဝင်ဖို့ နည်းယူဆည်းပူးကြရအောင်။ အာကုလတွေ ပြစ်ကိလတွေ ဖြစ်ကြရအောင် မိသားစုအိမ်သူအိမ်သားများဟာလည်း ညီညွတ်ပြီး ကောင်းကင်စာရင်းမှာ တစ်ယောက်တလေမျှမကျန်ခဲ့ပဲ အားလုံးစာရင်းဝင်နိုင်ဘို့ အသင်းတော်နှင့်ဧဝံဂေလိဝေမျှခြင်းအမှူ့ကို မြတ်နိုးပြီး ဓမ္မဆရာများနှင့် တမာန်တော်များကို ပြုစုစောင့်ရှောက်ကြရအောင်….
“ငါနှင့် အတူ ယေရှုခရစ်၏အမှူ့တော်ကို ဆောင်ရွက်သောသူ ပြစ်ကိလနှင့် အာကုလကို နှူတ်ဆက်ကြလော့။ ထိုသူတို့သည် ငါ့အသက်အဘို့ မိမိတို့လည်ပင်းကိုချထားသောသူဖြစ်ကြ၏” (ရောမ ၁၆း၃-၄)
အထက်ပါ ရေးသားဝေမျှခဲ့တဲ့ အိမ်ထောင်တွေကို ကျမ်းစာဖတ်ရင် ဆင်ခြင်ကြပြီး ဘုရားသခင်၌ မင်္ဂလာရှိသော အိမ်ထောင်များဖြစ်ကြစို့လို့ ခွန်အားပေးဝေမျှလိက်ပါတယ်။ အိမ်ထောင်တိုင်းအပေါ်တွင် ဘုရားသခင်ကောင်းချီးမိုးရွာသွန်းဖြိုးပါစေလို့ ဆုတောင်းပဌာနာပြုပါတယ်။


ခင်မျိူးနွယ်
(Grace Church)

ဒီအပတ်မှာ ချစ်သော မြင့်မြတ် အမျိူးသမီးတွေအတွက် ဒုတိယ Like အများဆုံးဆောင်းပါးလေးဖြစ်တဲ့ Jasper(ဧလိမ်)ရဲ့  " အသစ်သောအသက်တာ...
16/06/2025

ဒီအပတ်မှာ ချစ်သော မြင့်မြတ် အမျိူးသမီးတွေအတွက် ဒုတိယ Like အများဆုံးဆောင်းပါးလေးဖြစ်တဲ့ Jasper(ဧလိမ်)ရဲ့ " အသစ်သောအသက်တာ" ကိုဖော်ပြပေးလိုက်ပါတယ်။

“အသစ်သောအသက်တာ”

အခြေပြုကျမ်း။ ။ဆာလံကျမ်း- ၆၅း၁၁။၂ကော ၅း၁၇

လူတိုင်းဟာ “အသစ်”သော အရာမှန်သမျှကို ကြိုက်နှစ်သက်ကြသူများဆိုတာ လက်ခံနိုင်ကြပါတယ်နော်။ အဝတ်အစားအသစ်၊အသုံးအဆောင်အသစ်၊ အိမ်အသစ်၊ ကားအသစ်၊ ဖုန်းအသစ်၊ စီးတဲ့ဖိနပ်အသစ် အစရှိတဲ့ လောကရဲ့ အသစ်သော အရာတွေကို ခုံမင်နှစ်သက်ကြလေ့ရှိပါတယ်။
ဟောင်းသွားတဲ့ပစ္စည်းပစ္စယတွေဆို ဘယ်သူမှ မသုံးချင်ကြတော့ပါ။ အသစ်လေးတွေရချင်တယ်။ လိုချင်ကြတယ်။ ကျွန်မတို့ ခန္တာကိုယ်တခုလုံးနှင့်အတူ အသုံးအဆောင်အားလုံးကို အသစ်ဖြစ်ချင်ကြတာ သဘာဝကျပါတယ်။
ဒါပေမဲ့ ယုံကြည်သူဆိုတဲ့ ကျွန်မတို့ ဘုရားသား/သမီးတွေရဲ့ နှလုံးသားကို အမြဲဂရုတစိုက်ကြည့်နေတဲ့ ဘုရားသခင်အတွက် ကျွန်တော်/ကျွန်မတို့ နှလုံးသားတွေ အသစ်ဖြစ်ကြပြီလားဆိုတာ ပြန်ပြီး ကိုယ်တိုင်ဆန်းစစ်ကြည့်ကြရအောင်နော်။
ကမ္ဘာဦး မိခင်/ဖခင်တွေ ဖြစ်တဲ့ ဦးအာဒံနဲ့ ဒေါ်ဧဝတို့ရဲ့ ဘုရားသခင်မလုပ်ဖို့တားမြစ်ထားတဲ့အရာ တစ်ခုကို လုပ်ဖြစ်အောင် လုပ်လိုက်ကြပြီး ဘုရားသခင်စကားကို မနာခံပဲ၊ ဘုရားသခင်ကို ဆန့်ကျင်လိုက်တဲ့အတွက်ကြောင့် သူတို့နှစ်ဦးဟာ ကျိန်ခြင်းအမင်္ဂလာနှင့် အသက်ရှင်ခဲ့ကြရတယ်။ အလွန်မှ သာယာလှပအေးချမ်းပြီးနေချင်စဖွယ် ကောင်းလှတဲ့ဧဒင်ဥယျာဥ်ထဲကနေ နှင်ထုတ်ခြင်းခံခဲ့ရပြီးတော့ စားဝတ်နေရေးကို ပင်ပမ်းစွာ နှစ်ယောက်လုံး ရုန်းကန်ရှာဖွေ စားသောက်နေထိုင်ခဲ့ကြရတယ်။ သူတို့ဝိဥာဥ်တွေ အသေလိုဖြစ်ခဲ့ရတယ်။ အဲ့ဒီတော့ သူတို့နှင့် ဘုရားသခင်ရန်ဘက်လိုဖြစ်သွားခဲ့ကြရတယ်။
ဒါကြောင့် (၂ကော ၅း၁၈)ကို ဆက်ပြီး ဖတ်ကြည့်မယ်ဆိုရင် မိမိနှလုံးသားကို အသစ်တဖန် ပြန်လည်ပြုပြင်ခြင်းဆိုတာ “ရန်ငြိမ်းခြင်း” ဖြစ်ကြောင်းကို ရေးသားဖော်ပြထားပါတယ်။ ရန်ငြိမ်းခြင်းဟာ အချင်းများနေတဲ့ အဖွဲ့များကြား ရန်လိုနေခြင်းကို အဆုံးသတ်ပေးခြင်းနှင့် ငြိမ်းချမ်းမှူ့ကို တည်ဆောက်ပေးတာဖြစ်ပါတယ်။ အပြစ်ရဲ့ ရလဒ်ဟာ ကျိန်ခြင်းဖြစ်တဲ့ အချိန်ကစပြီး ဘုရားသခင်တစ်ပါးတည်းသာလျှင် သူနှင့် အရာအားလုံး၏ သင့်မြတ်ခြင်းကို အစပြုပေးနိုင်သူဖြစ်ပါတယ်။ဒီနေ့ ကျွန်တော်/ကျွန်မ တို့ဟာ အပြစ်ပြုကြခြင်းအားဖြင့် ကြီးမြတ်မူတဲ့ ဘုရားသခင်ရဲ့ ရန်သာများဖြစ်သွားကြရတယ်။ ဘုရားသခင်နှင့် ကျွန်တော်/ကျွန်မတို့ကြားမှာ ယေရှုခရစ်တော်နှင့် လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ငြိမ်းခြင်း၊ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခြင်းကို ရရှိခဲ့ပါတယ်။
ရန်ငြိမ်းခြင်းတရားဆိုတာ အသက်တာပြောင်းလဲစေတဲ့ သတင်းစကားကို ကျွန်တော်/ကျွန်မ တို့ရောက်ရှိတဲ့နေရာ နေရာတိုင်းမှာ ဝေမျှသက်သေခံကြဘို့ဘုရားသခင်အလိုရှိကြောင်းကို သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ ဘုရားသခင်ဟာ ကျွန်တော်/ကျွန်မတို့နှင့် သာမကပဲ တစ်လောကလုံးနှင့် ရန်ငြိမ်းခြင်းအမှူ့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်တဲ့ အတွက် ကိုယ်တော်ရဲ့ဦးဆောင်မှူ့နောက်သို့ လိုက်လျှောက်ကြရမှာဖြစ်လို့ အသင်းတော်များမှာ ရှိတတ်တဲ့ အာဃာတတရားနှင့် ရန်လိုခြင်းများ၊ မုန်းတီးခြင်းများကို ဖယ်ရှားဘို့နှင့် ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးနယ်ပယ်မှာရှိတဲ့ ဆန့်ကျင်မှူ့များကို အဆုံးသတ်ဖို့ ယေရှုခရစ်တော်ဘုရား ညွှန်ကြားထားတော်မူပါတယ်။
သို့မို့ကြောင့် ကျွန်ုပ်တို့အားလုံးဟာ ခရစ်တော်၌ရှိရင် တကယ်ကို အသစ်ပြုပြင်ထားကြတဲ့ သတ္တဝါတွေ(လူတွေ)ဖြစ်ဘို့ လိုအပ်ပါတယ်။ “နှလုံးသားပြုပြင်ပေးပါ အိုအဖ အသစ်သောစိတ်ဝိဥာဥ်ကို ပေးမူပါ” ဆိုတဲ့ ချီးမွမ်းခြင်းလေးကို အားလုံးသိကြပါတယ်နော်… ဒါကြောင့် ကျွန်ုပ်တို့ နှလုံးသားများကို အသစ်စက်စက် နှလုံးသားများဖြစ်သွားကြလို့ ဘုရားသခင်နှင့်အတူ အစဥ်အမြဲ မိဿဟာယဖွဲ့ပြီး အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြရအောင် မျက်မှောက်တော်နှင့် နီးကြရအောင်နော်….
(၂ရာ အခန်းကြီး ၁၁ ) ဓမ္မဟောင်းကာလမှာတုန်းက ဒါဝိတ်မင်းကြီးဟာ ကြီးမားတဲ့အပြစ် ကျူးလွန်ခဲ့ပြီး ပရောဖက်နာသန်ရဲ့ ဥပမာ/ဥပမေယျ တွေနဲ့ သတိပေးမှူ့ကြောင့် သူအလွန်မှားသွားပြီဆိုတာ သိလိုက်တော့ အကြီးအကျယ်နောင်တရပြီး ဘုရားသခင်ထံ ငိုကြွေးဝန်ချတောင်းပန်လျက် နှလုံးသားကို ပြုပြင်ပြီး အသစ်ပြုပြင်ထားတဲ့ နှလုံးသားနှင့် အသက်တာသစ်ဖြင့် အသက်ရှင်နေထိုင်သွားတော့ ဘုရားသခင်ချီးမြှောက်ခြင်းကို ခံရတယ်။ကျေးဇူးတော် ချီးမွမ်းခြင်းရဲ့ အဓိကအကြောင်းအရာဖြစ်တဲ့ ဆာလံသီချင်းတွေကို သီကုံးရေးသားခဲ့ပြီး ကျွန်တော်/ကျွန်မတို့တတွေကို ယနေ့တိုင်ဝိဥာဥ်ခွန်အားပေးနေတဲ့ “လူသစ်” တစ်ယောက်ဖြစ်လာခဲ့တယ်။
ဓမ္မသစ်ကာလမှာတော့ ပျောက်သောသားရဲ့ နောင်တပဲဖြစ်ပါတယ်။(ရှင်လုကာ ၁၅)မှာ ဖခင်ကြီးမကွယ်လွန်သေးပဲ အမွေဥစ္စာတွေ အတင်းတောင်းပြီးအိမ်မှ ထွက်သွားတဲ့ သားငယ်တစ်ယောက်ဟာ ရထားတဲ့အမွေတွေနဲ့ မကောင်းတဲ့အပေါင်းအသင်းတွေနှင့်ပေါင်းပြီး မကောင်းမှူ့ဒုစရိုက်တွေလုပ်၊ မိန်းမတွေနဲ့ပျော်ပါး၊သောက်စားခြင်းတွေနဲ့ ဖြုန်းတီးနေခဲ့တာ နောက်ဆုံးဘာမှမကျန်တော့မှ နောင်တရပြီး အဖေ့ကိုတမ်းတတယ်။ ရရာအလုပ်ကို ရှာလုပ်တဲ့အခါမှာ ဝက်ကျောင်းတဲ့အလုပ်ကို ဝင်လုပ်တော့ ပင်ပမ်းနွမ်းနယ်မှူ့တွေနဲ့ ဝက်တွေစားတဲ့ အစာကိုတောင်ဆာငတ်ပြီး စားချင်မိခဲ့တော့မှ နောင်တနဲ့အဖေ့ဆီပြန်လာတဲ့ တစ်ခါက မိုက်ခဲ့တဲ့သားသည်လည်း နှလုံးသားကိုပြုပြင်ခဲ့တဲ့ သားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။
အဲ့ဒီ့သာဓကတွေ အပေါ် ဆင်ခြင်ခွန်အားယူရင်း ဘုရားသားသမီးဖြစ်ကြတဲ့ ကျွန်တော်/ကျွန်မ အယောက်စီတိုင်းတို့ဟာလည်း…. ဘုရားသခင်သည်(၂၀၂၄)ခုနှစ် တစ်ခုတည်းမှာမှ မဟုတ်ပဲ နှစ်တိုင်း၊လတိုင်း၊ရက်တိုင်း၊နာရီစက္ကန့်တိုင်းမှာ ကျွန်တော်/ကျွန်မတို့အတွက် ပြုတော်မူသော ကျွေးဇူးတော်တွေကို ထောက်ရှူ့ပြီး ”အသက်တာသစ်” တွေနဲ့နှလုံးသားများကို ပြုပြင်ပြီး ခပ်သိမ်းသောအရာတို့မှာ အသစ်ဖြစ်ကြပါစို့လို့ ခွန်အားပေးဝေမျှလိုက်ပါတယ်။ ဖတ်ရှု့သူတစ်ယောက်စီတိုင်း အပေါ်မှာ ဘုရားသခင်ထံမှ ကြွယ်ဝသော ကောင်းချီးသက်ရောက်ပါစေ။ အာမင်။


Jasper(ဧလိမ်)

ဒီအပတ် မှာတော့ ဆောင်းပါးကဏ္ဍာမှာ Like အများဆုံးနဲ့ အားလုံးမှာလဲ Like အများဆုံးရရှိတဲ့ သန်းသန်းဝင်းရဲ့ "သူလိုလူ" ကို ပြန်...
03/06/2025

ဒီအပတ် မှာတော့ ဆောင်းပါးကဏ္ဍာမှာ Like အများဆုံးနဲ့ အားလုံးမှာလဲ Like အများဆုံးရရှိတဲ့ သန်းသန်းဝင်းရဲ့ "သူလိုလူ" ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ချစ်သော မြင့်မြတ် အမျိူးသမီးများအားလုံး ကျန်းမာရေး ဂရုစိုက်ကြပါနော်။ ဘုရားရှင်ထံမှ ငြိမ်သက်ခြင်း။ ကျန်းမာခြင်း ခွန်အားများ ရရျိကြပါစေ......

“သူလိုလူ”
သူ့အမည်မှာ ကိုမျိူးအောင်ဖြစ်သည်။ပဲခူးမြို့ လမ်း(၃၀) ခရစ်တော်မက်ဒစ်အသင်းတော်၏ အသင်းသားတစ်ဦးဖြစ်သည်။ အိမ်အမှတ်(--) စေျးပိုင်း(၁၈)လမ်း၊ ပဲခူးမြို့နေ ဦးဝမ်လျှံ-ဒေါ်ကျင်ဦးတို့၏ မွေးချင်းငါးဦးအနက် အငယ်ဆုံးသားဖြစ်သည်။ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စိတ်ရှည်သီးခံသော သူတပါးကို ကူညီလိုသော မိသားစုမှ မွေးဖွားလာသူ ဖြစ်သည်။ သမီးအကြီးဆုံးမှာ Rev Grace Tan ဖြစ်သည်။ ဘုရားသခင်ထံအဦးသီးအဖြစ် ဆက်ကပ်ခဲ့သည်။ ထိုသမီးသည်လည်း သာဓုသစ္စာရှိသောငယ်သားကောင်း ပီသစွာ ဘုရားဝတ်၌မွေ့လျော်ပြီး အဆုံးတိုင်ဘုရား အမှူ့တော်ထမ်းရွက်ခဲ့သူဖြစ်သည်။ အမျိူးသမီး Bishop အဖြစ်ချီးမြှင့်ခြင်းခံရသူလည်းဖြစ်သည်။ ကိုမျိူးအောင်မှာ ဘူမိဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသော်လည်း ထိုဘွဲ့ဖြင့်စီးပွားမရှာပါ။ သူသည် ဘာသာရေးတွင် စိတ်ပါဝင်စားသကဲ့သို့ ဘုရားအတွက် ကိုယ်ကျိူးစွန့် ဆက်ကပ်ခဲ့သူဖြစ်သည်။ ခရစ်တော်၏ ဧဝံဂေလိသတင်းကောင်းဝေဌခြင်း ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လူထုအကျိူးပြုလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်တောရွာမကျန် လုပ်ဆောင်ခဲ့သည်။
သူသည် ပဲခူးမြို့တွင် (----)ခုနှစ်တွင် “ကရုဏာ” သွေးလှူဝိုင်းကို ဦးစီးဖွဲ့စည်း(ပဲခူးပြည့်သူ့ဆေးရုံကြီး နှင့် ဆင်သွယ်) ဖွဲ့စည်းရခြင်း၏ ရည်၇ွယ်ချက်မှာ သွေးလှူလိုသောသူများ အဖွဲ့ဝင်အဖြစ် စုပေါင်းပါဝင်ထားပြီး ငွေကြေးမတတ်နိုင်သူများ၊ အရေးပေါ်သွေးလိုအပ်နေသူများကို အခမဲ့အချိန်မရွေး သွေးလှူဒါန်း‌ပေးနိုင်ရန် ရည်ရွယ်ပါသည်။ လူတန်းစားမခွဲခြားဘဲ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ စေတနာစိတ်ဖြင့်သွေးလှူဒါန်းပေးကြသော အဖွဲ့ဝင်များကို လိုအပ်သော ဆေးဝါးနှင့်အစားအစာများကို မိမိငွေကြေးဖြင့် ပေးလှူခဲ့သည်။ သွေးအမျိူးအစားအလိုက် “ကရုဏာ”တွင် အဖွဲ့ဝင်အဖြစ်များစွာ ပါဝင်ပြီး သူ၏စေတနာ့ဝန်ထမ်းအလုပ်တွင် ပံ့ပိုးခဲ့ကြသည်။
“ကိုယ်အမှူ့အရာကိုသာ မရှူမှတ်ဘဲ၊ သူ့အမှူ့အရာကို အချင်းချင်းရှူ့မှတ်ကြလော့” (ဖိလိပ္ပိ ၂း၄)
သူသည် စာပေကို ချစ်မြတ်နိုးပြီး စာရေးသားခြင်းကိုလည်း ဝါသနာထုံသူဖြစ်သည်။ ကိုယ်တိုင်ရေးသားဖြန့်ဝေ ခွန်အားပေးတတ်သူဖြစ်သည်။ လူငယ်ထုအတွက် လမ်းညွှန်ချက်များကို စိတ်ဝင်စားဖွယ်ဟောကြားတတ်သူဖြစ်ပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းပါသည်။ မြန်မာတစ်နိုင်ငံလုံး စာမတတ်သူပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ်အတွင်း မိမိဆောင်ရွက်နိုင်သမျှပ်ဝင်ခဲ့သည်။ အခြေခံစာ ရေးတတ်၊ဖတ်တတ်ရန် စာရေးသားနည်းများကို အဖွဲ့ငယ်များဖွဲ့ပြီး တနိုင်တပိုင် သင်ကြားပေးခဲ့သည်။ အသင်းတော်အတွင်း အဂႅလိပ်စကားပြောကောင်းမွန် ကျွမ်းကျင်စေရန် ဆရာမ အိုင်ရစ်မှ သင်ကြား‌ပေးရာတွင် ပြင်ပမှ လူငယ်လူရွယ်ကျောင်းသူကျောင်းသားများ အာူးတက်သရော သင်ယူကြပါသည်။ထို့ပြင်မက “ပိုးနှင်းဇာ” စာဖတ်ဝိုင်းနှင့် စာကြည့်တိုက်ဝိုင်းကိုလည်းကောင်း၊ စာကြည့်တိုက်များကိုလည်းကောင်း စေတနာစိတ်ဖြင့် ဖွင့်လှစ်ပေးခဲ့ပါသည်။
“ထာဝရဘုရားသည် သနားတတ်သောသဘော ကျေးဇူးပြုတတ်သောသဘော စိတ်ရှည်၍ ကျေဇူးပြုတတ်သောသဘော ရှိတော်မူ၏”(ဆာလံကျမ်း ၃း၈) ဟူသည့်အတိုင်း ဘုရားသခင်၏ မေတ္တာကရုဏာကို လူသားတိုင်းခံစားစေနိုင်ရန် ငါးမွေးမြူရေးကန်များကို တူးပေးပြီး အလုပ်လိုအပ်သောသူများကို လုပ်ကိုင်စေသည်။ နောင်ဘိုကျေးရွာတွင် စားသုံးသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရန်နှင့် အလုပ်လိုအပ်သူများ အလုပ်ရစေရန် သက်သာချောင်ချိရေး ကုန်စုံဆိုင်ကို မတည်အရင်းပြုပေးခဲ့သည်။
တေးသီချင်းကို ဝါသနာပါသူဖြစ်သောကြောင့် ဂီတအားဖြင့် ဧဝံဂေလိလုပ်ငန်း လုပ်ဆောင်နိုင်ရန် “ယုဗလ” ခရစ်ယာန်ဓမ္မတေးသီချင်းဝိုင်းကို ဖွဲ့စည်းခဲ့သည်။ ဝါသနာရှင်များ အားလုံးပါဝင်လျက် အစီအစဥ်များ၊ ဖျော်ဖြေပွဲများ အသင်းတော်တွင်း Sing Song Service အစီအစဥ်များ ပြုလုပ်ပြီး ဧဝံဂေလိသတင်းကောင်းကို ဖြန့်ဝေနိုင်ခဲ့သည်။ တေးသီချင်းများတချိူ့ကို ကိုယ်တိုင်ရေးစပ်ပြီး ကိုဇော်ဝင်းဆွေ (ပြည်ပ)နှင့် အခြားဓမ္မမိတ်ဆွေမျာကိုလည်း ဝိုင်းဝန်းကူညီရေးပေးပါသည်။ တေးသံရှင်(ပင်တိုင်)များမှာ ခရစ်တော်မက်သဒစ်အသင်းတော်မှ ကိုသောမတ်၊ ကိုတင်သိန်း၊ကိုစိန်တိတ်၊ မခင်စိန်နှင့် အခြား အသင်းတော်အသီးသီးနှင့် ပြင်ပမှ ဝါသနာရှင်များနှင့် မိဿဟာယအဖွဲ့ များမှ ကူညီသီဆိုကြပါသည်။ ထိုအချိန်က ခေါတ်စားခဲ့သော တေးသီချင်း “ ဆုတောင်းပေးနေရုံနှင့် မလုံလောက်တော့ပါ” ဟူသော သာယာငြိမ့်ညောင်းသည့် ဓမ္မတေးသံကို ပြန်လည်ကြားယောင်မိပါသည်။
နိုင်ငံကျော် အဆိုရှင်များ ဒေါ်ကေဂျာနူး၊ဒေါ်နွဲ့ယဥ်ဝင်း တို့လည်း အားဖြည့်သီဆိုပေးခဲ့ပါသည်။ “ကြိုတင်မသိနိုင်ပါသော မနက်ဖြန်” “I don’t know about tomorrow” ဓမ္မသီချင်းသည် လူသားတိုင်းအတွက် ဆင်ခြင်ရန် အလွန်ကောင်းသော ဓမ္မတေးတပုဒ် ဖြစ်ခဲ့ပါသည်။ ခရစ်စမတ်အချိန်အခါတွင် ဓမ္မတေးသီဆိုခြင်း၊မြင်သာထင်သာရှိသောနေရာတွင် စင်တင်ဓမ္မပြဇာတ်များ ဧဝံဂေလိဟောပြောခြင်းများဖြင့်လည်း စည်းကားသိုက်မြိုက်စွာဆောင်ရွက်ခဲ့သည်။ ညနေပိုင်းတွင် အခြားသော ဘာသာဝင်များဖြစ်သော ဆိုက်ကားဆရာ၊ ကုန်ထမ်းဝန်ထမ်း၊ ခေါင်းရွက်‌‌ေဈးသည်များ၊ အရောင်းဝန်ထမ်းများကို ခေါ်ဖိတ်ပြီး လ္ဘက်ရည်နှင့်ဧည့်ခံပြီး ကယ်တင်ခြင်းတရားကို ဝေငှ သက်သေခံခဲ့သည်။ ထို့ပြင် “ဒေါ်ကာ” အဝတ်လှူဝိုင်းကို ဖွဲ့စည်းပြီး နွမ်းပါးသူများကို အဝတ်အထည်ချူပ်ပေးခြင်း၊ အဝတ်အထည်လှူဒန်းသူများ၏ အဝတ်အထည်မျာပေးလှူခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ဘုရားသခင်၏ ဘသိတ်ကျေးဇူးခံရသူ၏ ပုံသက်သေအားဖြင့် မော့က်များစွားသော သူများ၌ ဝိဥာဥ်အသီးများသီးစေခဲ့သည်။ ဘုရား၏ အံ့ဩဖွယ်အမှူ့ပင်ဖြစ်သည်။ သူ၏ သူငယ်ချင်း ကိုသန်းထွန်းမှာ သူ၏အဦးသီးသော အသီးဖြစ်သည်။ သခင်ယေရှု၏ နောက်လိုက်အစေခံကောင်း ဖြစ်သကဲ့သို့ သူငယ်ချင်းကောင်းလည်း ဖြစ်ခဲ့သည်။ ကိုသန်းထွန်း၏ အမျိူးသမီးမှာလည်း စာပေရေးသားဟောပြောခြင်း၊ ဓမ္မပညာသင်ကြားခြင်းဖြင့် အစေခံလျက်ရှိပါသည်။ သူတို့၏ တဦတည်းသောသမီးလေးသည်လည်း ပညာအရာထူးချိန်ထက်မြက်ပြီး လူမှူ့ဝန်ထမ်းစိတ် အပြည့်ရှိကာ မိဘဝတ္တရား ကျေပြွန်သော သမီးတစ်ဦးဖြစ်သည်။ ယခုအခါ ကိုသန်းထွန်းမှာ အဖအိမ်တော်ပြန်သွားပြီ ဖြစ်သည်။ ဘုရားကျေးဇူးခံစားရသော မိသားစုအိမ်ထောင်ဖြစ်သည်။
“နောက်ကျသောသူတို့သည် အရင်ကျလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျလိမ့်မည်” (မဿဲ ၂၀း၁၆) နှူတ်ကပတ်တော်ကို ဆင်ခြင်မိပါသည်။
“ယေရှုခရစ်၌ရှိသော ထိုစိတ်သဘော သင်တို့၌လည်း ရှိစေကြလော့” (ဖိလိပ္ပိ ၂း၅) ဆိုသည့်အတိုင်း ကိုမျိူးအောင်သည် သခင်ယေရှု၏ စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း တွေ့ရသည်။ သူသည် လောကမြေအိမ်ကို စွန့်ခွာခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီ။
“အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောနေသေး၏။(‌ဟေဗြဲ ၁၁း၄)ဟူ၍ ဖော်ပြထား သကဲ့သို့ သူသည် ယနေ့တိုင်တရားဟောလျက်ရှိသည်။ သူကြဲဖြန့်ခဲ့သော မျိူးစေ့များက နေရာအနှံ့အပြား၌ အပင်ပေါက်ရှင်သန်ကြီးထွားလျက်ရှိသည်။ သီးပွင့်ဝေဆာလျက်ရှိသည်။ ဆက်လက်ပြီးပေါင်းသင် ရေလောင်းလျက်ရှိသည်။
အကြွေစော၍ နှမျောတသလွမ်းဆွတ်မိပါသည်။ “သူလိုလူ” အား ခရစ်တော်၌ ညီအစ်ကိုမောင်နှမများက သတိတရ အောက်မေ့ခြင်းများစွာဖြင့် စာကြည့်တိုက်တစ်ခုကို တည်ထောင်ပေးခဲ့ပါသည်။ ၂၀၂၂ခု ဩဂုတ် ၁၆-၁၇ ရက်တွင် ကွင်းဘော၊ဇရပ်ဆိပ်ကျေးရွာ၊ ကျူံပျော်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင်ဖြစ်သည်။ ကိုမျိူးအောင်(ပဲခူး) စာကြည့်တိုက်ဖွင့်ပွဲကို မှတ်တမ်းတင် ဂုဏ်ပြုလျက် ဤစာမူကို ရေးသားလိုက်ပါသည်။

သန်းသန်းဝင်း
(ပဲခူးခရစ်တော်)

ဒီသက်သေခံချက်လေးကတော့  Like အများဆုံးရရှိထားတာမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ချစ်သော မြင့်မြတ် အမျိူးသမီးများတို့ရေ...
26/05/2025

ဒီသက်သေခံချက်လေးကတော့ Like အများဆုံးရရှိထားတာမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ချစ်သော မြင့်မြတ် အမျိူးသမီးများတို့ရေ...

ဒိုင်ယာရီ
တနဂႅနွေတနေ့မှာ ကျွန်မ၏ မိခင်အသင်းတော်(ပဲခူးခရစ်တော်မက်သဒစ်အသင်းတော်)တွင် ဝတ်ပြုကိုးကွယ်ခဲ့ပါသည်။ သမ္မာကျမ်းစာတွင် ယောဘ ၂၁း၁၅-၁၈ ကို အခြေခံပြီး ဟောကြားခဲ့တဲ့ ဒေသနာကို ကြားနားခဲ့ရတယ်။ သခင်ယေရှုက ပေတရုကို သုံးကြိမ်တိုင် ”ငါ့ကို ချစ်သလား”ဟု မေးခဲ့ပါတယ်။ ပေတရုကလည်း “ချစ်ပါတယ်”လို့ ပြန်ဖြေခဲ့တယ်။ “ငါ့ကိုချစ်ရင် ငါ့သိုးတွေကို ကျွေးမွေးလော့” “ငါ့သိုးတွေကိုထိန်းလော့” ဟုမိန့်ကြားခဲ့တဲ့ အကြောင်းလေးဖြစ်ပါတယ်။ ကျွန်မသည် ဒေသနာကို နားထောင်ရင်း ပေတရုကြီးနဲ့ထပ်တူ မေးခွန်းတွေကို ပြန်ဖြေနေမိပါတယ်။ “ကိုယ်တော်ရဲ့ သိုးတွေကို ဘယ်လိုထိန်းပြီး ဘယ်လိုကျွေးမွေးရမှာလဲ” တွေးရင်းအဖြေတစ်ခုရလာပါတယ်။ ကျွန်မဘဝရဲ့ သက်သေတွေကို ရိုးရိုးလေးပြန်လည်ရေးသားမယ်လို့ စဥ်းစားပြီး ဆုတောင်းအပ်နှံခဲ့ပါတယ်။
“အဖဘုရားသမီးက စာပေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူမဟုတ်သော်လည်း အဖဘုရားရဲ့ ကောင်းမြတ်ခြင်းအကြောင်းတွေကို ရေးသားသက်သေခံသူတစ်ယောက်ဖြစ်ချင်ပါတယ်။ သမီးရဲ့ဘဝသက်သေတွေနဲ့ သူတပါးကိုခွန်အားပေးချင်ပါတယ်။ စာပေကိုကောင်းမွန်စွာရေးသားနိုင်သူ တစ်ယောက်ဖြစ်လာဖို့ ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံပါတယ်။ အဲ့ဒီလိုဆုတောင်းအပ်နှံနေတဲ့ အချိန်မှာဘဲ ကျွန်မရဲ့မိခင်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက်အိမ်ကိုရောက်လာခဲ့ပါတယ်။ ကျွန်မ အလွန်အံ့သြဝမ်းသာမိပါတယ်။ကျွန်မအမေ့ကို ပြောပြပါတယ်။ “ဒီတပတ်လုံး စာပေရေးသားပြီးဘုရားအမှူ့တော်ဆောင်ဖို့ ဆက်ကပ်အပ်နှံနေတာ အမေရောက်လာတာ အချိန်ကိုက်ပဲ။ ဘုရားသခင်ပို့လိုက်တာပဲ။ အမေကျွန်မကို ဆုတောင်းကောင်းချီးပေးပါ” လို့ပြောလိုက်တော့ အမေလည်းဝမ်းသာပြီး ဆုတောင်းပေးပါတယ်။ အဲ့ဒီနေ့က စနေ့နေ့ဖြစ်ပါသည်။
နောက်တနေ့ မနက်စောစောမှာ နေ့စဥ်ခွန်အားဖတ်တော့ ဖခင်များနေ့ဖြစ်တာကြောင့် ဖခင်တယောက်က သားထံရေးတဲ့စာကို ဖတ်ရတယ်။ စာထဲမှာ “မင်းအတွက် မင်းရဲ့အောင်မြင်မှူ့အတွက် ဆုတောင်းပေးဖို့ ဘယ်တော့မှ မမေ့ခဲ့ဘူး။ မင်းကိုနားလည်ပြီး မင်းရဲ့ အခြေအနေကိုလည်း အဖေသဘောပေါက်တယ်။ မင်းရဲ့ ရည်မှန်းချက် မင်းဘယ်လိုစာမျိူးရေးချင်လည်း၊ ဘယ်လိုတရာ‌ဟောချက်မျိူးဟောချင်လည်းဆိုတာကို အဖေနားလည်တယ်၊ ရှိတဲ့နေရာမှာရပ်ပြီး ထိရောက်အောင်မြင်အောင်လုပ်ပါ။ ဘုရားသခင်ကောင်းချီးပေးပါစေ။မင်းရဲ့အ‌ဖေဖြစ်ရတဲ့အတွက် အလွန်ဂုဏ်ယူပြီး ဘုရားကို ကျေးဇူးတင်တယ်” လို့ရေးထားတယ်။ ကျွန်မအလွန်အံ့သြပြီး မျက်ရည်ကျမိပါတယ်။ မနေ့က အမေရောက်လာပြီးကျမကိုဆုတောင်းကောင်းချီးပေးတယ်။ ဒီနေ့ တနဂႅနွေနေ့မှာ အဖေကောင်းချီးပေးတဲ့စာကို ဖတ်ရတယ်။ ဘာကြောင့်ဒီလောက်တောင်တိုက်ဆိုင်ရသလဲလို့ ဘုရားကိုမေးရင်း ဘုရားကျောင်းဝတ်ပြုကိုးကွယ်တဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ဆက်ကပ်အပ်နှံခဲ့တယ်။ ဒီအကြောင်းအရာတွေက လွန်ခဲ့သော ၁၆နှစ်ကျော်ကာလများမှာ ဖြစ်ခဲ့တာပါ။
ထိုကဲ့သို့ ဆက်ကပ်အပ်နှံပြီး တစ်နှစ်ကျော်ကြာတဲ့အခါမှာ စာရေးသားခြင်းနှင့် ပတ်သက်ပြီး တစ်ဦးတယောက်ရဲ့ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ဝမ်းနည်းကျေကွဲရပါတယ်။ ဘာမှ ရေးချင်စိတ်မရှိတော့ပဲ ၂၀၀၄ခုလောက်မှ စပြီးနှစ်စဥ်နှစ်တိုင်း ဒိုင်ယာယီရေးတဲ့ အကျင့်လည်းပျက်ခဲ့ရတယ်။ ဒိုင်ယာယီစာအုပ်မှာ ဘုရားထံတိုင်တည်ပြီး ရင်ဖွင့်လေ့ရှိတယ်။ပြန်ရလာတဲ့ နှူတ်ကပတ်တော်၊ကတိတော် အဖြေတွေလည်း မှတ်သားလေ့ရှိတဲ့ အမှူ့ကိုတောင် ပစ်ပယ်ခဲ့တယ်။ အဲ့ဒီလိုနေရင်း ကျမရဲ့ရွှေရတုမွေးနေ့မှာ ဆာလံ ၁၄၃း၁၀-၁၂ အားဖြင့်ဆုတောင်းမိပါတယ်။ မပျော်ရွှင်မှူ့တွေကို ဘုရားထံအပ်နှံပြီး အလိုတော်ကို ဝန်ခံနိုင်ဖို့ဖြစ်တယ်။သန့်ရှင်းသော ဝိဥာဥ်တော်က ဖြောင့်မတ်မှန်ကန်တဲ့လမ်းထဲသို့ ပို့ဆောင်ပေးဖို့ဆုတောင်းတဲ့ အခါမှာ ဘုရားသခင်နားညောင်းပြီး အကောင်းဆုံးအဖြေပေးခဲ့ပါတယ်။
ထိုနှစ်ဒီဇင်ဘာ ၁၅ရက်မှာ နှစ်ပေါင်း၂၀ကျော် အဆက်အသွယ်ပြတ်နေခဲ့တဲ့ မိတ်ဆွေတစ်ယောက်နဲ့ ပြန်လည်တွေ့ဆုံခွင့်ရခဲ့တယ်။ ကျမကို ၂၀၁၃ခုနှစ် ဒိုင်ယာရီစာအုပ်တစ်အုပ် လက်ဆောင်ပေးတယ်။ စာမျက်နှာတိုင်းမှာ နေ့စဥ်ခွန်အားယူစရာ ကျမ်းချက်များပါတယ်။ ကျမတစ်ခုခု ထူးဆန်းနေသလို ခံစားရတယ်။ အဲ့ဒီ့စာအုပ် လက်ခံရရှိပြီးချိန်မှာ ကျမရဲ့ရင်ထဲကနေ “ အဖဘုရာ သမီး ဝိဥာဥ်ရေးရာ ဒိုင်ယာရီ မရေးတော့တာ နှစ်များကြာခဲ့ပါပြီ။ ကိုယ်တော်နဲ့ ရေးသားဆက်သွယ်မှူ့ မှန်မှန်မလုပ်ခဲ့တဲ့ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ တကယ်တော့ သမီးကို စာပြန်လည်ရေးသားစေချင်လို့ ဒီစာအုပ်လေးပေးလိုက်တာဖြစ်တယ်ဆိုတာကို ကျမသိနားလည်ပါပြီ။ ဒါကြောင့် ကျမ စာပြန်ရေးပါတော့မယ်လို့ ဘုရားသခင်ထံကတိပြုပြီး ကျေးဇူးတော်ချီးမွမ်းနေမိပါတော့တယ်။ နှစ်သစ်၏ ပထမဆုံးအာရုဏ်ဦးအချိန်မှာ ကျမစာပြန်လည်ရေးသားနိုင်ဖို့ ခင်ပွန်းသည်မှ ဆုတောင်းကောင်းချီးပေးပါတယ်။ အံ့သြစရာကောင်းလောက်အောင် စာတွေပြန်လည်ရေးသားနိုင်ခဲ့ပါတယ်။ ၂၀၁၃ခုနှစ်ဇန်န္နဝါရီမှာ မက်သဒစ်ပေါင်းစည်းရေး ကဗျာတွေစာတွေ ဆက်တိုက်ရေးပြီး နိုးဆော်ခြင်းတွေပြုခဲ့ပါတယ်။ လုံးဝမျှော်လင့်မထားဘဲ မြင့်မြတ်အမျိူးသမီးစာစောင် တာဝန်ခံစာတည်းအဖြစ် ခြောက်နှစ် အစေခံခွင့်ကို ဘုရားသခင်ပြင်ဆင်ပေးပြန်တယ်။ အရာအားလုံးဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်သက်သက်ပဲဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး။ ဒီအကြောင်းအရာတွေကို ပြန်လည်ဖော်ပြရတဲ့ ရည်ရွယ်ချက်က ဘုရားသခင်ဟာ အချိန်တိုင်းမှာ အကောင်းမြတ်ဆုံးဖြစ်တယ် ဆိုတာကို သက်သေပြုချင်လို့ပါ။ ကျမကို အကောင်းဆုံးအတွေ့အကြုံနဲ့ သင်ခန်းစာပေးပြီး သွန်သင်လမ်းပြခဲ့ချင်းဖြစ်ပါတယ်။
ကျမဟာ ဘာမှမဟုတ်တဲ့ စကားလေးတစ်ခွန်းကြောင့် နက်နဲစွာတွေးတောခံစားပြီး စာတန်ရဲ့လှည့်စားမှူ့အောက်မှာ ကျဆုံးခဲ့ရတယ်။ ဘုရားသခင်က ကျမရဲ့ဘဝမှာ ကြီးသောအမှူ့ကို ပြုခဲ့အကြံအစည်ရှိတာကို မေ့လျော့ခဲ့တယ်။ ကိုယ့်ခံစားချက်ထဲမှာ ‌မျောပါပြီး လဲကျခဲ့တယ်။
“ထာဝရဘုရားသည် လဲသောသူရှိသမျှကို ထောက်မတော်မူ၏။” ဆာလံ ၁၄၅း၁၃(ခ) ကတိတော်အတိုင်း ကျမကိုပြန်လည် ထူမပေးခဲ့တယ်။ “သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး၍ မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း” (ယေရမိ ၁၂း၁၅(က)) နှူတ်ကပတ်တော်အားဖြင့်လည်း စကားပြောခဲ့ပါတယ်။ နောင်ပိုကြမ်းတဲ့ဝေဖန်ကဲ့ရဲ့မှူ့တွေကြုံလာပါက ဘယ်လိုရင်ဆိုင်မလဲလို့ မေးနေသလိုပါဘဲ။ သူတပါးရဲ့ စကားသံထဲမှာ မပြိုလဲပဲ ဘုရားအကောင်းဆုံးပြင်ဆင်ထားပြီး စိတ်ရှည်သည်းခံခြင်းနှင့် အရောက်သွားနိုင်ဖို့ သင်ခန်းစာရရှိပါတယ်။ “ငါတို့သည် အမျိူးမျိူးသော နှောင့်ယှက်ခြင်းကို ခံရသော်လည်း အကျိူးနဲခြင်းသို့မရောက်၊ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်၊ ညှင်းဆဲခြင်းကိုခံရသော်လည်း ရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းခံရသော်လည်း ဆုံးရာသို့မရောက်” (၂ကော ၄း၈-၉)။ဒီနှူတ်ကပတ်တော်ဟာ ကျမအခက်အခဲနှင့် ကြုံနေရချိန်မှာ ဘုရားထံမှလာတဲ့ စကားသံဖြစ်ပါတယ်. ယခုအခါ ဘုရားသခင် ကျမကို ပြန်လည်တည့်မတ်ပေးခဲ့တာ ဆယ်စုနှစ်တစ်စု ကျော်သွားခဲ့ပါပြီ။ ဘုရားရှင်ကို ကျေးဇူးတင်ပါတယ်။
ဘဝမှာ ဖြစ်ပျက်ခဲ့သမျှ အကောင်းအဆိုး အရာရာတိုင်းအတွက် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ ရေတွက်ချီးမွမ်းရင်း ၂၀၁၃ခု ဇန္နဝါရီ ၁၉ရက်နေ့မှာ ရေးသားခဲ့တဲ့ “ဒိုင်ယာရီ” ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။
“ဒိုင်ယာရီ”
 ပျောက်သွားခဲ့တဲ့ ဒိူင်ယာရီ
ပြန်ရှာတွေ့ခဲ့ပြီ
ဒိုင်ယာရီက ကျွန်မအသက်
မှတ်သားအချက်အလက်
 ဘဝမှတ်တမ်းအဖုံဖုံ
ကတိတော်က အမျိူးစုံ
ပျော်ရရွှင်ရ ကျွန်မဘဝ
ဒိုင်ယာရီမှာ မှတ်ခဲ့သမျှ
 သူပျောက်သွားတဲ့ အချိန်မှာ
စိတ်ပျက်ရတာ အမှန်ပါ
ပြန်လည်ကာတွေ့ပြန်တော့
ဝမ်းမြောက်ရွှင်လန်းရပြီပေါ့
 ပေးသနားတဲ့ သခင်ရယ်
ကျေးဇူးအထူးတင်တယ်
ပို့ဆောင်သူ စေတမာန်လေး
ဘုရားသခင်စေလွှတ်ပေး။ ။
ဖတ်ရှု့သူတိုင်းအပေါ် ဘုရားသခင်၏ ကောင်းချီးမဂႅလာများစွာ သက်ရောက်ပါစေ။
နာမတော်မြတ်၌
ဒေါက်တာ မြမြဝင်း

Address


Website

Alerts

Be the first to know and let us send you an email when မြင့်မြတ်အမျိူးသမီးစာစောင် - Myint Myat Women Magzine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share