Yaung Ni Nway Oo

  • Home
  • Yaung Ni Nway Oo

Yaung Ni Nway Oo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yaung Ni Nway Oo, Digital creator, .

11/06/2024

"မြန်မာပြည်...သယံဇာတပေါကြွယ်ဝသည်" ဆိုတာ တကယ်လား?
▪️အာဏာရှင်နေဝင်းခေတ်၊ သန်းရွှေခေတ် တောက်လျောက်တွင်တွင်ကြားခဲ့ရတဲ့စကား...ကိုယ်တွေလည်းအရင်က ဘုမသိဘမသိ အဟုတ်ထင် မာန်တွေတက်ခဲ့ဖူးတယ်...
မျက်နှာဖြူကောင်တွေနဲ့စကားပြောရင်တောင် "ငါတို့နိုင်ငံက သဘာဝသယံဇာတအရမ်းပေါကြွယ်ဝတာ"လို့ ..ဂုဏ်ယူစွာပြောခဲ့ဖူးတယ် ....
တကယ်တော့ မြန်မာပြည်ရဲ့ သဘာဝသယံဇာတဟာ( သစ်တောတွေမပါ) ဆင်းရဲတဲ့အထဲတော့မပါပါဘူး..သို့သော် အရမ်းကြီးကြွယ်ဝနေတဲ့အထဲလည်းမပါပါဘူး.. Moderate အဆင့်ပဲရှိပါတယ်..
ကမ္ဘာမှာ သယံဇာတအပေါကြွယ်ဝဆုံးနိုင်ငံတွေက..
1. ရုရှား
2. USA
3. ဆော်ဒီအာရေးဗျ
4.ကနေဒါ
5.အီရန်
6.တရုတ်
7.ဘရာဇီး
8.ဩစတေးသျှ
9.အီရတ်
10.ဗင်နီဇွဲလား... တို့ပဲဖြစ်ပါတယ်...
ချမ်းသာခြင်း၊ဆင်းရဲခြင်း ဆိုတာ နိုင်းယှဉ်မှုနဲ့ပဲဆိုင်ပါတယ်...ထိုင်း၊ စက်ာပူ ၊လာအို ၊ဘဂ်လားဒေ့ရှ် တို့လိုနိုင်ငံတွေနဲ့ယှဉ်ရင်တော့ မြန်မာပြည်ဟာ သဘာဝသယံဇာတ အတော်လေးကြွယ်ဝပေမယ့် ..USA လိုနိုင်ငံနဲ့ယှဉ်ရင်တော့ ရယ်စရာဖြစ်နေလိမ့်မယ်..
ကျနော့်ရဲ့ personally အမြင်ကတော့... မြေအောက်သဘာဝသယံဇာတဆိုတာ တစ်ခါထုတ်ယူပြီးရင် အသစ်ပြန်ဖြစ်ဖို့ နှစ်သန်းပေါင်းများစွာအချိန်ယူရတာမို့....သဘာဝသယံဇာတ ပေါကြွယ်ဝတယ် ဆိုတာကို ဂုဏ်ယူပေမယ့်..." Renewable energy "တွေကို ရှာဖွေဆန်းသစ်ဖော်ထုတ်နိုင်မယ့် လူသားအရင်းအမြစ်တွေကိုပဲ မွေးထုတ်ပေးနိုင်စေချင်မိတယ်....
မြန်မာပြည်မှာ ဓါတ်ဗူးလောက်ပတ္တမြားခဲကြီး တွေ့တယ်ဆိုတာထက်...
မြန်မာပညာရှင်တစ်ယောက်ဟာ "Gravity Battery "နည်းပညာ အောင်မြင်စွာစမ်းသပ်နိုင်ပြီ ဆိုတာမျိုး...
မြန်မာဟာ USA ကိုကျော်လွန်ပြီး လျှပ်စစ်ကားတွေ အောင်မြင်တွင်ကျယ်စွာအသုံးပြုနိုင်ပြီ..ဆိုတာမျိုး..
ဆိုလာစွမ်းအင်၊ လေစွမ်းအင်၊ပင်လယ်လှိုင်းမှစွမ်းအင်ထုတ်လုပ်မှု သတာတွေထက်သာလွန်ကောင်းမွန်တဲ့ စွမ်းအင်ထုတ်လုပ်မှုတစ်မျိုးမျိုးကို မြန်မာပညာရှင်တွေ ဖော်ထုတ်နိုင်ပြီ..ဆိုတာမျိုး.
အဲ့လို...အဲ့လို..ပညာရှင်တွေမွေးထုတ်နိုင်တာကို ပိုပြီးဂုဏ်ယူတယ်...
မြန်မာပြည်ဟာ သဘာဝသယံဇာတကြွယ်ဝတယ် ဆိုတာထက် ..မြန်မာနိုင်ငံသားတွေက မညံ့ဘူး ၊ Bright ဖြစ်တယ်.. ဆိုတာကိုပဲပိုကြားချင်တယ်..
တကယ်လည်းမြန်မာလူမျိုးတွေက မညံ့ပါဘူး..လိုအပ်နေတာ ပညာရေးစနစ်ကောင်းတစ်ခု...


#ရောင်နီနွေဦး(SUM)

10/06/2024

(ယခု video ကို များများ Share ပေးပါ )
ရခိုင်မှာ စစ်ခွေးတွေ စက်လှေမှောက်ရေနစ်တဲ့ Video အပြည့်အစုံရပါပြီ...

▪️ဖြစ်စဉ်ကတော့ ခွေးအကောင်ကြီးတွေက သဘ်ောပေါ်ရောက်တော့ အောက်ခြေအရိုးကိုက်ခွေးတွေရဲ့ စက်လှေကိုမကယ်ဘဲ သေနတ်နဲ့ပစ်လွတ်တာ..
"အချင်းချင်း ငါးစာကျွေးတဲ့ကိစ္စ"မှာ စစ်ခွေးမိသားစုတွေ ခလေးငယ်လေးတွေပါအပါအဝင် ရေနစ်ပြီး သေဆုံးကြတာပါပဲ..
▪️(ခလေးငယ်လေးတွေကတော့အပြစ်မရှိပါဘူး တကယ်စိတ်မကောင်းဖြစ်မိပါတယ်)
▪️ဒီလို လူစိတ်မရှိတဲ့ အာဏာရူး အကြမ်းဖက် စကစအတွက် အမှု့ထမ်းနေရတာတန်ရဲ့လား ..ပြည်သူ့အစိုးရ NUG ထံ အမြန်အလင်းဝင်ကြပါ...


#ရောင်နီနွေဦး (SUM)

10/06/2024

▪️သေနတ်ဖောက်မှ စစ်တိုက်တာမဟုတ်ဘူး..ရဲဘော်တွေရဲ့စိတ်ဓါတ်မြှင့်တင်ရေးဟာ ရေရှည်တိုက်ပွဲအတွက်အမတန်အရေးပါတယ်...

▪️ဒီလိုပဲ ရန်သူစစ်တပ်ရဲ့ စိတ်ဓါတ် ပျက်ပြားသွားစေဖို့ Psyware ဟာလည်းအရေးပါတယ်..ဒါကတော့ ပြည်သူ့မီဒီယာတွေနဲ့ Keyboard fighter တွေကိုယ့်ဘက်က အားသာပြီးသား...

▪️ စစ်ပွဲတစ်ပွဲရဲ့ အသက်ဟာ "ထောက်ပို့ "ဆိုတာကို ပထမကမ္ဘာစစ် ၊ ဒုတိယကမ္ဘာစစ်၊ India-China စစ်ပွဲ မှာသမိုင်းသင်ခန်းစာတွေရှိခဲ့သလို..

▪️ယခုလက်ရှိမှာလည်း ..KIA,AA,KNU တို့ရဲ့ဗျူဟာကစားပုံဟာ စကစတပ်ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ဦးစားပေးဖြတ်တောက် ကစားနေတာကို လက်တွေ့မြင်နေရတယ်..

▪️မြေပြင်ကရဲဘော်တွေပြောပြပုံအရ ကိုယ့်ဘက်က လက်နက်ခဲယမ်းအလုံအလောက်နဲ့၊ ကျဉ်ကာအပြည့်နဲ့ဆို "ရဲရဲတက်ပြီး ရဲရဲတိုက်" ရဲကြတယ်..တဲ့ ။

▪️မြေပြင်ထိုးစစ်အောင်မြင်ခြင်း၊ကျရှုံးခြင်းဟာ ပြည်သူ့ထောက်ပို့အင်အားနဲ့တိုက်ရိုက် အချိုးကျနေပါတယ်...

▪️‌Click2Donate မှာပါဝင်ပြီးနိုင်ငံခြားဝင်ငွေရှာလျှက် ထောက်ပို့နိုင်ပါပြီ...
ပြည်တွင်းငွေဈေးကျနေချိန်မှာ .. Click web တွေကတဆင့် လှူတာဟာ ခုချိန် အကောင်းဆုံးနည်းလမ်း‌တွေထဲက တစ်ခုပါ...

#ရောင်နီနွေဦး

ကိုယ်တွေ့တစ်ခုပြောပြမယ်...ကျနော့်သူငယ်ချင်းတစ်ယောက် ၂၀၂၃တုန်းက...ရန်ကုန်မှာ‌ကားမောင်းလာရင်း..‌ယာဉ်ထိမ်းရဲကတားပြီးစစ်တယ်....
09/06/2024

ကိုယ်တွေ့တစ်ခုပြောပြမယ်...
ကျနော့်သူငယ်ချင်းတစ်ယောက် ၂၀၂၃တုန်းက...ရန်ကုန်မှာ‌ကားမောင်းလာရင်း..‌ယာဉ်ထိမ်းရဲကတားပြီးစစ်တယ်..ဘေးနားကစစ်ခွေးကပါဝင်ပြီးဖုန်းတောင်းတယ်..ဖုန်းထဲဖွင့်ကြည့်ပြီး..
"မင်းမှာ Facebook တွေ့တယ်၊ VPN လည်းတွေ့တယ်..မင်းပြသနာတက်သွားချင်လား..မင်းဖုန်းကိုငါယူတယ် ကျေနပ်လား" ဒဲ့မေးတာနော်..ဖုန်းတစ်လုံးပေးလိုက်ရတယ်..
ဧရာဝတီတိုင်းက မြို့တစ်မြို့မှာလည်း..အလှူကပြန်တဲ့သူတစ်ဦးက ပဲဟင်းထုတ်လေးကိုင်လာတာကို..
"မင်းဟင်းထုပ် ပေးစမ်းကွာ "ဆိုပြီး အတင်းယူသွားတာ..ဘာမှပြန်လုပ်လို့မရဘူး...
အဲ့တော့ ..ခုစကစက VPN ဖုန်းထဲတွေ့ရင် ဒဏ်ကြေးသိန်း-၅၀လို့ ဉပဒေပြဌာန်းတာတွေ့ရတယ်...
တချို့တွေက မဖြစ်နိုင်ပါဘူး ..သူတို့ဖုန်းထဲမှာလည်း VPN ရှိနေတာဘာညာ ..ဟာသလုပ်နေကြတယ်...
ရှင်းရှင်းပြောမယ်...မြန်မာပြည်ရဲ့တကယ့်ဉပဒေက.စစ်သားတစ်ယောက်က "ဟော့ကောင်လာစမ်း..ဖောင်းဖောင်း...ကြည့်မရလို့ ပါးရိုက်တယ်ကွာ..ကျေနပ်လား" ဆိုလည်း အရင်ဆုံးခံလာရမှာ...ချက်ချင်းဘာမှပြန်လုပ်လို့မရဘူး...
(နောက်မှ UG တွေနဲ့ ချိတ်ဆက်ပြီး သွားပစ်တာကတစ်ပိုင်း၊ ဒါပေမဲ့လက်တွေ့မှာ အဲ့လောက်လွယ်မနေပြန်ဘူး အချိန်ယူရမယ်)
ဆိုတော့ ဉာဏ်လေးနဲ့သုံးကြပေါ့ဗျာ...

#ရောင်နီနွေဦး(SUM)

09/06/2024

ငွေကြေးရဲ့အခြေခံသဘောတရားကိုတောင်မသိဘဲ တိုင်းပြည်တက်အုပ်ချုပ်နေတဲ့ ‌စွရူးတွေကိုအံ့ဩတယ်..
#ရောင်နီနွေဦ(SUM)

စကစဘယ်လောက်အင်အားကြီးကြီး နည်းဗျူဟာသာတဲ့ EROsတွေကို ဘယ်လိုမှနိုင်မှာမဟုတ်ဘူး..စကစဘက်မှာလည်း နည်းဗျူဟာပိုင်းကျွမ်းကျင်တဲ့...
08/06/2024

စကစဘယ်လောက်အင်အားကြီးကြီး နည်းဗျူဟာသာတဲ့ EROsတွေကို ဘယ်လိုမှနိုင်မှာမဟုတ်ဘူး..
စကစဘက်မှာလည်း နည်းဗျူဟာပိုင်းကျွမ်းကျင်တဲ့ ခွေးအကြီးစားကြီးတွေရှိတယ်...သူတို့ရဲ့ဗျူဟာကျမ်းကျင်မှုကလည်း EROsတွေထက်မသာရင်တောင် မနိမ့်ဘူး...
စစ်ရေးဖြစ်ဖြစ်၊ စီးပွားရေးဖြစ်ဖြစ် မဟာဗျူဟာရေးဆွဲကြတဲ့နေရာမှာ "Data Collecting "လို့ခေါ်တဲ့ အချက်အလက်စုဆောင်းမှုကအရမ်းအရေးကြီးတယ်...
စကစဗျူဟာနဲ့ EROs‌တွေရဲ့ဗျူဟာ ဘာကွာလဲ?
"ရေးဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်" ဆိုတဲ့ စွတလွဲအယူအဆကိုခုထိလက်ခံနေတဲ့စကစအဖို့ အထက်ကအမိန့်ပေးတာကတစ်မျိုး၊ မြေပြင်မှာဖြစ်နေတာကတစ်မျိုး..နောက်ဆုံးတော့ ထိုးကျွေးခံရတာပဲ...
သူတို့ဆီက "ဗိုလ်"ဆိုတဲ့ရာထူးရသွားရင် အောက်ခြေက တပ်သားလောက်ကို အိမ်မွေးခွေးလောက်တောင်တန်ဖိုးမထားဘူး..ထမင်းစားတာကအစ အတူမစားဘူး..ဗျူဟာမှုးလောက်ဆ်ု ပိုဆိုးပေါ့ဗျာ..တကယ်နင်လားငါလားချရင် အကောင်ကြီးတွေက ဟိုးနောက်ဖက် လုံခြုံတဲ့နေရာမှာ ပုန်းနေကြတာ...
စကစဗျူဟာမှုးနဲ့ တပ်သားအဆင့် ဆက်ဆံရေးက ရဲဘော်ရဲဖက် ဆက်ဆံရေးလုံးဝမရှိဘူး...
"ဒါကြောင့် စစ်တိုက်တဲ့နေရာမှာလည်း .‌ေအာက်ခြေတပ်သားတွေက .အခွင့်သာရင်ပစ်မယ်၊ အခွင့်မသာရင် လနချမယ် "ဒါပဲ....
အထက်ကို သတင်းပို့တော့လည်း အဆဲခံ၊ပါးရိုက်ခံရမှာဆိုးတော့ ဖုံးဖုံးဖိဖိနဲ့ တလွဲတွေပို့...သူတို့ပို့တဲ့ တလွဲသတင်းတွေပေါ်အခြေခံပြီး ဗျူဟာတွေဆွဲကြ...နောက်ဆုံး...အောက်ခြေစစ်ခွေးတွေပဲ အသေခံကြရမှာ....
PDF,EROs တွေကတော့ ဘယ်အချိန်မှာ ဘယ်လိုဗျူဟာနဲ့စစ်ပြင်ရမယ်ဆိုတာ နောကြေနေပြီ....
ဗျူဟာမှုးကအစမြေပြင်မှာ ရဲဘော်တွေနဲ့တစ်သားတည်း.."ဒါကြောင့် မြေပြင်ကစစ်ရေးအခြေအနေကို လက်တွေ့ကျကျ သိနိုင်တယ်..
PDF တပ်သားအဆင့်နဲ့ ခေါင်းဆောင်အဆင့်ကြားမှာ ညီကိုရင်းချာလို ဆက်ဆံရေး၊ ရဲဘော်ရဲဘက်စိတ်ဓါတ်အပြည့်အဝရှိတယ် ဒါကြောင့် ..စစ်တိုက်တဲ့နေရာမှာလည်း တကယ်ရွံရွံချွန်ချွန်ပဲ...
ရဲဘော်တွေရဲ့စိတ်ဓါတ်..လိုအပ်ချက်..အခက်အခဲ..အားနည်းချက်၊အားသာချက်..ဒါတွေကို ကောင်းကောင်းသိတဲ့ PDF,EROs ဗျူဟာမှုးတွေဟာ ဗျူဟာရေးဆွဲရာမှာလည်း လက်တွေကျတဲ့ဗျူဟာတွေရေးဆွဲနိုင်ကြတယ်...
စစ်ပန်းနေပြီဖြစ်တဲ့စကစဟာ ...မိုးတွင်းကာလမှာ လေကြောင်းပစ်ကူတွေခက်ခဲနိုင်ပြီး..တခြား အခက်အခဲပေါင်းများစွာနဲ့ သေပွဲဝင်ရအုံးမှာဖြစ်သလို...
PDF,EROs တွေဟာလည်း...အားသာချက်များစွာနဲ့ အောင်ပွဲတွေရယူနိုင်အုံးမှာဖြစ်တယ်...

#ရောင်နီနွေဦး(SUM)

▪️တော်လှန်ရေးကြီးက အရှိန်မြင့်လာပါပြီ..▪️လက်နက်ခဲယမ်း၊ရိက္ခာ၊ဆေးဝါး လိုအပ်ချက်ကများသည်ထက်များလာပါပြီ...▪️စစ်ပွဲတစ်ပွဲမှာ...
07/06/2024

▪️တော်လှန်ရေးကြီးက အရှိန်မြင့်လာပါပြီ..
▪️လက်နက်ခဲယမ်း၊ရိက္ခာ၊ဆေးဝါး လိုအပ်ချက်ကများသည်ထက်များလာပါပြီ...
▪️စစ်ပွဲတစ်ပွဲမှာ ထောက်ပို့အင်အားဟာ အသက်ပါ..အရမ်း(အရမ်း)အရေးကြီးပါတယ်..
▪️မြန်မာငွေကြေးတန်ဖိုးကျလာတာကြောင့် အရင်က တစ်သိန်းကျပ်ကို AKကျည်-10တောင့်ရခဲ့ရင်..ယခုအချိန် 5တောင့်ပဲရပါတော့မယ်...
▪️ စခတွေဆီက အတိုအရှည် သေနတ်တွေအမြောက်အများသိမ်းဆီးရရှိထားတာမှန်ပေမယ့် ကျည်ဆန်မရှိရင် သေနတ်ဟာ ဝါးရင်းတုတ်လောက်တောင်အသုံးမဝင်ပါဘူး..
▪️PDFတွေအတွက် ပြည်တွင်းကထောက်ပံ့မှု၊ စိုးမိုးနယ်မြေတွေက အကောက်ခွန်တွေဟာ မြောက်များစွာရရှိနေပေမယ့် ငွေကြေးဖောင်းပွမှုကြောင့် အရင်နှစ်တွေကလောက် ... လက်နက်ခဲယမ်းတွေပေါပေါများများဝယ်ဖို့မလွယ်တော့ပါဘူး...
▪️လိုင်းပေါ်မှာ "နိုင်နေပြီ" ‌အော်နေရုံနဲ့တော့ မြေပြင်မှာ တကယ် ပွဲမပြတ်ပါဘူး..အဲ့တော့..
▪️NUG,PDF တွေအတွက် ပြည်ပဝင်ငွေကိုအဓိကအားကိုးရပါမယ်..

(၁) ပြည်ပမှ အလှူရှင်များပေးပို့လှူဒါန်းမှု..
(၂) Click Website ၊ YouTube channel ၊ Games များ မှတဆင့်ထောက်ပံ့မှု..

▪️အင်တာနက်လိုင်းရနေသောဒေသမှ ပြည်သူများ တော်လှန်ရေးကြီးအတွက် တနေ့ကို -၅မိနစ်လောက်ဖြစ်ဖြစ် နေ့စဉ်ပါဝင်ပေးကြပါ..လို့ အနူးအညွတ် မေတ္တာရပ်ခံပါရစေ..

❤️Website မှ ကလစ်ရန်..
ဒီ စာတန်းလေးတွေကို တစ်ခုစီ copy ယူပြီး google search မှာ သွားရှာပြီး တစ်ခုကို ၂မိနစ်လောက် စာဝင်ဖတ်ပေးကြပါနော်..

https://yebawdoh.com

https://c2dlearn.xyz

https://todayfinanceguide.com

https://newdays4mm.com

❤️YouTube channel မှကလစ်ရန်..
"Raung Ni "လို့ YouTube မှာရိုက်ရှာပြီး သုတ၊ရသ များစွာခံစားနိုင်မယ့် Video လေးတွေလည်းကြည့်ပေးကြပါ။

❤️Game ကတော့ War Of Hero ကို အကြံပြုပါတယ်..နေ့စဉ်ပုံမှန်ကစားပေးရင် Certificate လေးပါရမှာနော်..
https://play.google.com/store/apps/details?id=com.gzentertainment.warofheroes

#ရောင်နီနွေဦး(SUM)

အခမဲ့လှူနည်း....WI Fi ရတဲ့သူတွေ အပမ်းမကြီးဘူးဆို ပါဝင်ပေးကြပါ...YouTube က ."Raung Ni "ဆိုတဲ့ (Channel)မှာ ...▪️ဆရာ "မြသန...
06/06/2024

အခမဲ့လှူနည်း....
WI Fi ရတဲ့သူတွေ အပမ်းမကြီးဘူးဆို ပါဝင်ပေးကြပါ...
YouTube က ."Raung Ni "ဆိုတဲ့ (Channel)မှာ ...

▪️ဆရာ "မြသန်းတင့်", "အကြည်တော်" စတဲ့ နာမ်မည်ကြီးစာရေးဆရာကြီးတွေရဲ့ ဝထ္ထုအသံဇတ်လမ်း( Audio Books) တွေ...
▪️ အခြေခံ English သင်ရိုးတွေ
▪️ဟင်းချက်နည်း Video တွေ
▪️ သမိုင်းနောက်ခံ ဗဟုသုတ Videoတွေ ..
▪️ သုတ၊ရသ Video တွေ
မျိုးစုံတင်ထားပေးတာမို့...အပျင်းလည်းပြေ၊ ဗဟုသုတလည်းရ တော်လှန်ရေးအတွက်လည်း ပံ့ပိုးမှုတစ်ခုဖြစ်ပါတယ်...
"တစ်နေ့ ဆယ်မိနစ်လောက် ပုံမှန်အချိန်ပေးနိုင်ရင် ပိုကောင်းပါတယ်"

မြန်မာနိုင်ငံသားလူဦးရေ ၅၆သန်းခန့်ရှိတယ်...၁၀သန်းပဲ တစ်နေ့ ၁၀မိနစ် ကလစ်ပေး..ခုပွဲ ဒီလောက်ကိုမကြာဘူး...

#ရောင်နီနွေဦး(SUM)

ကိုယ့်နိုင်ငံကိုလည်း ဒီလိုဖြစ်စေချင်မိ....🙂အနည်းဆုံး နှစ်-50လောက်ကို ပြန်လည်တည်ဆောက်ယူရလိမ့်မယ်...🙂✅ ပြည်တွင်းငြိမ်းချမ်...
04/06/2024

ကိုယ့်နိုင်ငံကိုလည်း ဒီလိုဖြစ်စေချင်မိ....🙂
အနည်းဆုံး နှစ်-50လောက်ကို ပြန်လည်တည်ဆောက်ယူရလိမ့်မယ်...🙂

✅ ပြည်တွင်းငြိမ်းချမ်းရေးရအောင် စစ်မှန်တဲ့ Federal Democracy တည်ဆောက်ရမယ်...
✅ လျှပ်စစ်မီး၊ လမ်းတံတားဆက်သွယ်ရေးတွေ အားဂျင်းကြိုးပမ်းတည်‌ေဆာက်ရမယ်..
✅ Infrastructure (အခြေခံအဆောက်အအုံတွေ) ခိုင်မာအောင်ပြုပြင်တည်ဆောက်ရမယ်..
✅ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို အထူးတလည်ဖိတ်ခေါ်ပြီး နည်းပညာ ..,ကုန်ထုတ်လုပ်မှု၊ ခရီးသွားဝန်ဆောင်မှုတွေ တိုးတက်စေပြီး..ရောပြွန်-ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ရမယ်...
✅ တခြားသော Section တွေကိုလည်း ကျွဲကူးရေပါ မျှတအောင်တည်ဆောက်ရလိမ့်မယ်

သူများနိုင်ငံရဲ့တိုးတက်မှုတွေကိုအားကျငေးမောရင်း..
မြန်မာပြည်ကြီးအာဏာရှင်လက်မှရုန်စထွက်နိုင်ပြီး အနာဂါတ်ကာလတွေအတွက်...
ကိုယ်ဉာဏ်မှီသလောက်တွေးကြည့်တာပါ...

#ရောင်နီနွေဦး (SUM)

▪️နွေဦးတော်လှန်ရေးဟာ ကျဉ်းမြောင်းတဲ့အစွန်း‌ေရာက်အမျိုးသားရေးဝါဒအခြေခံတဲ့ လက်နက်ကိုင်ပုန်ကန်မှုမဟုတ်။▪️ပုဂ္ဂိုလ်ရေးအမုန်း...
03/06/2024

▪️နွေဦးတော်လှန်ရေးဟာ ကျဉ်းမြောင်းတဲ့အစွန်း‌ေရာက်အမျိုးသားရေးဝါဒအခြေခံတဲ့ လက်နက်ကိုင်ပုန်ကန်မှုမဟုတ်။
▪️ပုဂ္ဂိုလ်ရေးအမုန်းတရားအညိုးအတေးတွေအတွက် လက်နက်ကိုင်တိုက်ခိုက်မှုမဟုတ်။.
▪️ဘာသာရေးအစွန်းရောက်မှု ၊ လူမျိုးရေးအစွန်းရောက်မှုတွေကြောင့် လက်နက်ကိုင်အကြမ်းဖက်နေခြင်းမဟုတ်..

✅နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ်ကို ဖြိုချဖျက်စီးနေခြင်းဖြစ်တယ်..
✅ပျောက်ဆုံးနေတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လိုအပ်ချက်အရလက်နက်ကိုင်ပြီးတိုက်ပွဲဝင်နေခြင်းဖြစ်တယ်..
✅တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့ ပင်လုံဂတိကဝတ်တွေကိုအာမခံချက်ပေးနိုင်သော စစ်မှန်တဲ့ ဖက်ဒရာယ်တည်ဆောက်နိုင်ရေးတိုက်ပွဲဝင်နေခြင်းဖြစ်တယ်...

နိုင်ငံတကာက အဲ့လိုမြင်ဖို့လိုတယ်...
နိုင်ငံတကာက လက်ရှိအချိန်မှာ ဝင်ရောက် ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ..ကမ္ဘာမှာ သမိုင်းဝင်မယ့်တော်လှန်ရေးအဖြစ် မော်ကွန်းထိုးမှာဖြစ်တဲ့အတွက်...သိက္ခာရှိတဲ့၊ စံပြုထိုက်တဲ့ တော်လှန်ရေးဖြစ်ဖို့လိုတယ်...

နွေဦးတော်လှန်ရေးရဲ့ စံတန်ဖိုးတွေကို ဆက်လက်ထိမ်းသိမ်းကြပါစို့..

#ရောင်နီနွေဦး(SUM)

နိုင်ငံရေးသိပ္ပံပညာဆိုတာ ကျောင်းသားဘဝတည်းက လေ့လာချင်စိတ်ပြင်းပြခဲ့ပေမဲ့ အာဏာရှင်ပညာရေးစနစ်အောက်မှာ ထိတွေ့ခွင့်မရခဲ့လေတော...
02/06/2024

နိုင်ငံရေးသိပ္ပံပညာဆိုတာ ကျောင်းသားဘဝတည်းက လေ့လာချင်စိတ်ပြင်းပြခဲ့ပေမဲ့ အာဏာရှင်ပညာရေးစနစ်အောက်မှာ ထိတွေ့ခွင့်မရခဲ့လေတော့....

"နွေဦးတော်လှန်ရေးကာလမှာ ကျွန်ုပ်အတွက် နိုင်ငံရေးသိပ္ပံဆိုတာကို ထိတွေ့ခွင့် ရလာခဲ့တယ် "

"နောက်လာမယ့်မျိုးဆက်တွေကိုလည်း Political science ဆိုတာကို ကျောင်းတွေမှာ လွတ်လပ်စွာသင်ကြား‌ေလ့လာခွင့်ရနေတာကို မြင်ချင်မိ"

#ရောင်နီနွေဦး (SUM)

02/06/2024

❤️❤️❤️

"စစ်မှန်တဲ့အမျိုးသားရေးဆိုတာ ကိုယ့်လူမျိုးကိုချစ်လို့ရတယ်...ဒါပေမဲ့...တခြားလူမျိူကိုတော့ မမုန်းရဘူး"လို့ *စောဗိုလ်မြ* ကပြောခဲ့တယ်..

#ရောင်နီနွေဦး(SUM)

Address


Website

Alerts

Be the first to know and let us send you an email when Yaung Ni Nway Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share