KZ Jade

KZ Jade creator. /Literature/Music.

 #အောက်ကျုံးတွေအိတ်လိုက်ဝယ်ဖြတ်နေတာလား.....?ဘာရုပ်မှ မပေါက်တဲ့ကျောက်ကိုဖြတ်လို့ ဘာပညာမှ မရသလို ဘာမှတွေ့ရမှာမဟုတ်ပါဘူး၊နှ...
26/07/2025

#အောက်ကျုံးတွေအိတ်လိုက်ဝယ်ဖြတ်နေတာလား.....?
ဘာရုပ်မှ မပေါက်တဲ့ကျောက်ကိုဖြတ်လို့ ဘာပညာမှ မရသလို ဘာမှတွေ့ရမှာမဟုတ်ပါဘူး၊နှစ်ခြမ်းဖြစ်သွားရုံပဲနေမှာပါ။

အဲဒီကျောက်တွေမှာက ကျောက်တစ်လုံးမှာပါရမဲ့ ချော်၊ယမ်း၊အထိုင်၊ဝိတ်၊ခွံရောင်ညီခြင်း၊အခွံစိုခြင်း၊ကျောက်ကြောတင်းခြင်း၊ယမ်းခိုင်ခြင်းနဲ့ မီးပေါက်ချက်၊မန်း၊တီ၊ကြိုး စတဲ့ လက္ခ်ဏာတွေ အစုံမပါဘူးလေ။

ပြချက် အတော်အသင့်ပါတဲ့ကျောက်ကလည်း တန်ရာတန်ကြေးသော်လည်းကောင်း ပိုပေးမှသော်လည်းကောင်းရနိုင်မှာပါ။ပိသာချိန်နဲ့မရောင်းသလို၊လော့လိုက်လဲမရောင်းပါဘူး။

ကျောက်ပညာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျောက်ဖြတ်ခြင်းဟာ ကျောက်သမားတစ်ယောက် အတွက် စွန့်စားခန်းပါ။
ဆေးအောင်၊ကွမ်အောင်လေးတွေကိုလည်း သတိပြုစေချင်ပါတယ်။

ကျောက်တစ်လုံးကို ဘာမှမလုပ်ပဲ ပြန်ရောင်းရင်တောင် ရှုံးခဲ့ရင် အနည်းအပါးပဲဗျ။အရင်းပြုတ်အောင် မရှုံးဘူး။
အာရုံတက်ပြီး၊ဆုံးဖြတ်ချက်မှားတာကြောင့် အထိနာရတာက ပိုများပါတယ်။
ဆုံးဖြတ်ချက်မြန်ဖို့မလိုဘူး မှန်ဖို့လို့တယ်။

အောင်ကျောက်များနဲ့ ထိပ်တိုက်တိုးကြပါစေ။

📌ကျောက်စိမ်းအကြောင်း၊
📺video 📌စာ🌇ဓါတ်ပုံ၊🎆Reels
👇ဆက်လက်လေ့လာရန်👇
👉 Page>>🔗 fb.me/KZJade

#အရည်ကျောက်@

" #ချွမ်ဆိုတာ" မြန်မာလို ချွတ်သည်၊ဖယ်ထုတ်သည်လို့ အဓိပ္ပါယ်ရပါတယ်။ကျောက်စိမ်းတုံးတိုင်းလိုလိုမှာ ချွမ်က အော်တိုပါနေတာဖြစ်...
25/07/2025

" #ချွမ်ဆိုတာ" မြန်မာလို ချွတ်သည်၊ဖယ်ထုတ်သည်လို့ အဓိပ္ပါယ်ရပါတယ်။ကျောက်စိမ်းတုံးတိုင်းလိုလိုမှာ ချွမ်က အော်တိုပါနေတာဖြစ်ပါတယ်။အရောင်အဆင်းအနေနဲ့ မပြနိုင်တာရှိပေမဲ့ ဓာတ်သဘောအရ ပါဝင်နေပါတယ်။

ချွမ်က စိမ်းရည်ကို အဓိကဖယ်ရှားပါတယ်။အရည်အသားကို မနိုင်တဲ့အခါ ချွမ်ဖောက်တယ်လို့ ဆိုကြပါတယ်။ချွမ်က အဖျက်သမားလို ဖြစ်နေတတ်ပါတယ်။ချွမ်ကနိုင်သွားပြီး ဆိုရင်တော့ ချွမ်ပေါက်ရင့်မယ်၊ချရည်ကောင်းမယ်၊အသားခံပေါ်မူတည်ပြီး ကာလာ အမျိုးမျိုးဖြင့် လှသော ချွမ်ဘဝကို ရောက်ရှိလာကြတာဖြစ်ပါတယ်။

ဒါကြောင့်မို့ လုံးစွတ်မှာ အရည်ပြချက်နဲ့ ချွမ်ရောနှောနေတဲအခါ ခေါင်းကြေးကို အတော်လေးသတိထားဖို့ လိုပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ အချိန်အခါမရွှေး ကျောက်သက်နုသည်ဖြစ်စေရင့်သည်ဖြစ်စေ ချွမ်ဖေါက်နိင်လို့ပဲဖြစ်ပါတယ်။

📌ကျောက်စိမ်းအကြောင်း၊
📺video 📌စာ🌇ဓါတ်ပုံ၊🎆Reels
👇ဆက်လက်လေ့လာရန်👇
👉 Page>>🔗 fb.me/KZJade

#ချွမ်ကာလာဆန်း@

25/07/2025

" #(ခွင်လိုင်း)ခွင်ကျောက်" ယမ်း၊မန်း၊ခွံရောင်၊မီးပေါက်ချက် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အားနည်းချက် ပါရှိနေတဲ့ ကျောက်ကို ဆိုလိုပါတယ်။မီးပေါက်တယ်၊ကြဲမယ်၊လျော့မယ်၊မှုန်မယ်။(ခွင်လိုင်း)ခွင်ကျောက်မှန်ရင် မီးပေါက်ရမယ်။
တစ်နည်းးးးးး
ဖြတ်လို့အဆင်မပြေ(ဖြတ်ကျောက်မဟုတ်)
လုံးစွတ်အလိုက် အရောင်းအဝယ် သွက်သောကျောက်ကို (ခွင်လိုင်း)ခွင်ကျောက်လို့ ခေါ်ပါတယ်။
တာကောကြီးတို့ အားကြီးကြိုက်ပါတယ်😀"

📌ကျောက်စိမ်းအကြောင်း၊
📺video 📌စာ🌇ဓါတ်ပုံ၊🎆Reels
👇ဆက်လက်လေ့လာရန်👇
👉 Page>>🔗 fb.me/KZJade

#ခွင်လိုင်းခွင်ကျောက်

 #ကျောက်လောကထဲ ဝင်ခဲ့ပြီ။ဖြတ်ချင်တောက်ချင် စမ်း​ကြည့်ချင်လာပြီဆိုရင် ပထမဆုံး ရင်ဆိုင်ရမှာက...ယမ်းမနိုင်ခြင်းနဲ့စျေးကွက်န...
24/07/2025

#ကျောက်လောကထဲ ဝင်ခဲ့ပြီ။ဖြတ်ချင်တောက်ချင် စမ်း​ကြည့်ချင်လာပြီဆိုရင်
ပထမဆုံး ရင်ဆိုင်ရမှာက...
ယမ်းမနိုင်ခြင်းနဲ့စျေးကွက်နားမလည်ခြင်းပဲ။
ယမ်းမနိုင်တော့ အပျက်ကြမ်းမယ်။
စျေးကွက်မသိတော့ အဝယ်မှားမယ်...အရောင်းမှားမယ်။
ကျောက်သမားတိုင်း ဒီအဆင့်ကို ​ ကျော်ဖြတ်ရပါတယ်။

📌ကျောက်စိမ်းအကြောင်း၊
📺video 📌စာ🌇ဓါတ်ပုံ၊🎆Reels
👇ဆက်လက်လေ့လာရန်👇
👉 Page>>🔗 fb.me/KZJade

#အကြွပ်@

" #အခွံကြမ်းလို့ ကျောက်သားမကြမ်းပါဘူး၊ယမ်းကြမ်းမှ ကျောက်သားကြမ်းတာပါ။ယမ်းညက်ယမ်းခိုင်အထိုင်ရရင် ကျောက်သားရနိုုင်ပါတယ်။ချ...
24/07/2025

" #အခွံကြမ်းလို့ ကျောက်သားမကြမ်းပါဘူး၊
ယမ်းကြမ်းမှ ကျောက်သားကြမ်းတာပါ။
ယမ်းညက်ယမ်းခိုင်အထိုင်ရရင် ကျောက်သားရနိုုင်ပါတယ်။
ချော်စီး၊မောက်ထူ၊မာယားယမ်း၊ခွေးရိုး၊စိုက်ရှင်းနဲ့မှည့်ခြောက် စတာတွေများနေရင်
အသားပျက်မယ်။

ခွံတင်း၊ခွံကြပ်ရင်လည်း ကျောက်သား ပျက်နိုင်ပါတယ်။
မီးပေါက်တယ် မှုန်တယ်ဆိုရင် ကျောက်သားနုမယ်၊ချွဲမယ်။
မီးပေါက်ကြည်တယ် ကွက်တယ်
မီးဖျားမညီဘူးဆိုရင် ကျောက်သားကျဲမယ် လျော့မယ်။
မီးပေါက်ကြည်တယ် ညီတယ်
ပြန့်အားကောင်းတယ်ဆိုရင် ကျောက်သား ရနိုင်ပါတယ်။
တစ်တုံးလုံးအသားမရပေမဲ့ အရည်ရောက်တဲ့နေရာလေးက အသားနပ်လေ့ရှိတယ်။

မန်းမှာ အဖုအထစ်များရင် .....အရည်က အထဲထိဝင်ခဲပါတယ်။မန်းက သစ်ရွက်ခြောက်လို ပြားကပ်နေလျှင်များသေားအာဖြင် အထဲထိအရည်ဝင်တတ်ပါတယ်။
မန်းတွေ အထိုင်တွေ ဘယ်လိုပင်လှပါစေ
ယမ်းဖျက်ရင်.....
အရည်အသားနှစ်မျိုးလုံး ပျက်ပါတယ်။
အတိအကျမဟုတ်သော်လည်း တစ်ကယ်လုပ်ကြည့်တဲ့အခါ တစ်ကယ်တွေ့ရမှာပါ။"

📌ကျောက်စိမ်းအကြောင်း၊
📺video 📌စာ🌇ဓါတ်ပုံ၊🎆Reels
👇ဆက်လက်လေ့လာရန်👇
👉 Page>>🔗 fb.me/KZJade

#အတိအကျမဟုတ်ပေမဲ့ #အနီးစပ်ဆုံးမှတ်သားနိုင်ပါတယ်@

" #ကျောက်လုပ်ငန်းလုပ်တဲ့အခါ တစ်ရက်ကို၊တစ်ပတ်ကို၊တစ်လကို ဘယ်လောက်တော့အရောင်းဝယ်ဖြစ်ရမယ်၊ ကြိုးစားရမယ်လို့ သတ်မှတ်ပြီးမလုပ...
23/07/2025

" #ကျောက်လုပ်ငန်းလုပ်တဲ့အခါ တစ်ရက်ကို၊တစ်ပတ်ကို၊တစ်လကို ဘယ်လောက်တော့
အရောင်းဝယ်ဖြစ်ရမယ်၊ ကြိုးစားရမယ်လို့ သတ်မှတ်ပြီးမလုပ်ပါနဲ့။
ပုံမှန်လုပ်တိုင်း ငွေရတဲ့အလုပ် မဟုတ်ပါဘူး။

စျေးကွက်ကလည်း ကောင်း..
လမ်းကြောင်းကလည်း ပွှင့်နေရင်တော့..
အာရုံရတဲ့ ဘယ်အချိန်မျိုး မဆို အရောင်းအဝယ် ထ လုပ်ပါ။
အလုပ်ဖြစ်တဲ့အချိန်မှာ အလုပ်လုပ်ပါ။

အလုပ်ဖြစ်တယ်ဆိုတာက သာမန်ထက် ကိုးဆ ဆယ်ဆ ငွေရတာကို ဆိုလိုတာပါ။
အလုပ်က မသေမခြင်းလုပ်ရမှာဖြစ်ပေမဲ့
လုပ်နေတိုင်းလည်း.....
အလုပ်ဖြစ်တာ မဟုတ်ဘူးဗျ။...သိဖို့..။"

#မိုးရွာတုန်းရေခံ

🔗 fb.me/KZJade@KZJade

Tiger Bite Mark" on Jade Boulder – What Does It Mean?These green and white patches on raw jade stones are called “Man”.T...
22/07/2025

Tiger Bite Mark" on Jade Boulder – What Does It Mean?
These green and white patches on raw jade stones are called “Man”.
This one is known as the Tiger Bite Man, because it looks like a tiger took a bite out of the jade.
Such signs can indicate that high-quality jade may exist inside the stone.
🟩 But remember – looks can deceive.
👉 Follow us to learn how to read jade like a pro before you invest!

" #ဖြတ်ကြည့်လို့ ပိန်းဥသား၊အသားပိတ် ဖြစ်သွားတိုင်း ကျောက်မျိုး မနုပါဘူး။ခွံတင်း၊ခွံကြပ်နေလို့ အသားပိတ်ဖြစ်နေတာပါ။ရှင်းရှ...
22/07/2025

" #ဖြတ်ကြည့်လို့ ပိန်းဥသား၊အသားပိတ် ဖြစ်သွားတိုင်း ကျောက်မျိုး မနုပါဘူး။
ခွံတင်း၊ခွံကြပ်နေလို့ အသားပိတ်ဖြစ်နေတာပါ။ရှင်းရှင်းပြောရရင် ယမ်းကြပ်နေတာပါ။
ကျောက်စိမ်းရဲ့ ယမ်းဟာ လက်ယှက်ထိုးဖွဲ့စည်းပါတယ်။ယမ်းလေးတွေ အကြားအလပ် မရှိ တစ်လုံးနဲ့တစ်လုံး ထိနေရုံဆို ရပါပြီ။ကြပ်ညှပ် ပိန်လိန်နေအောင်တိုဝှေ့နေတာကို အခွံတင်း အခွံကြပ်တယ်လို့ခေါ်ပါတယ်။အခွံတင်း၊အခွံကြပ်(ယမ်းကြပ်)နေရင် ကျောက်သာပိတ်ပါတယ်။
အသားလျော့တာ၊ကျောက်သားကြဲတာ ကလည်းမျိုးနုလို့မဟုတ်ပါဘူး။ယမ်းကြဲလို့ပါ။ယမ်းကြဲရင် ကျောက်သားကြဲပါတယ်။

ကျောက်သားကျဲတယ်ဆိုတာကို လွယ်လွယ်ပြောရရင် မှန်ကြည့်ရသလို တိုးယိုပေါက်ဖြစ်နေတာကိုဆိုလိုတာပါ။ကျောက်စိမ်းမှာ ဖန်သားမှန်သားလို့ တင်စားပြောကြပေမဲ့ တကယ့်မှန်လို ခြောက်ကပ်ကပ်ကြည်တောက်ရှင်းမနေပါဘူး။ကြားထဲမှာ တခုခုပါနေသလိုမျိုးကြည့်ရတာ မျက်စိပသာဒဖြစ်ရပါတယ်။"

📌ကျောက်စိမ်းအကြောင်း၊
📺video 📌စာ🌇ဓါတ်ပုံ၊🎆Reels
👇ဆက်လက်လေ့လာရန်👇
👉 Page>>🔗 fb.me/KZJade

2022
#ဗဟုသုတမျှဝေပါသည်@

" #မိတ်ဆွေစစ် ဆိုတာကလည်း တကယ့်အရေး၊တကယ့်ဘေးဒုက္ခရောက်ပြီဆိုမှ တွေ့နိုင်သိနိုင်တာမျိုးပါ။ဘော်လုံးပွဲအတူကြည့်၊လက္ဘရည်ဆိုင်...
21/07/2025

" #မိတ်ဆွေစစ် ဆိုတာကလည်း တကယ့်အရေး၊တကယ့်ဘေးဒုက္ခရောက်ပြီဆိုမှ တွေ့နိုင်သိနိုင်တာမျိုးပါ။
ဘော်လုံးပွဲအတူကြည့်၊လက္ဘရည်ဆိုင်အတူထိုင်ရုံလောက်နဲ့ မသိနိုင်ပါဘူး။

အဲတာတွေထားပါလေ......
မိတ်ဆွေကောင်းရှိရှိ မရှိရှိ မိမိရဲ့အောင်မြင်မှု့ကို မိမိကလွဲလို့ ဘယ်သူကမှ ဂရုတစိုက် ပြုစုပျိုးထောင်ပေးမှာ မဟုတ်ဘူးဆိုတာကို မမေ့ဖို့ ပိုပြီးလိုအပ်ပါတယ်။
"အတ္တာဟိ၊ အတ္တာနော၊ နာထော။"တဲ့...။"

Jade /Page
!

"ယမ်းညက်မယ်......အထိုင်လှမယ်.....ဝိတ်စီးမယ်၊အခွံစိုမယ်ဆိုရင်... အသားရဖို့ ကျောက်ဆီပါဖို့ မျှော်လင့်နိုင်ပါတယ်။သို့ပေမဲ့....
20/07/2025

"ယမ်းညက်မယ်......
အထိုင်လှမယ်.....
ဝိတ်စီးမယ်၊အခွံစိုမယ်ဆိုရင်... အသားရဖို့ ကျောက်ဆီပါဖို့ မျှော်လင့်နိုင်ပါတယ်။
သို့ပေမဲ့.....
အရည်နဲ့တော့ သိပ်ပြီးမသက်ဆိုင်ပါဘူး။

အရည်လိုချင်ရင် မန်းပါတာ၊အရည်အစအနပါတာကို ခေါင်း...အရည်စျေးတော့ပေးရမယ်။
ယမ်းအထိုင်အားနည်းချင် နည်းပါစေ၊မန်းရွှင်၊အခွံစိုရင်ရပြီ။
ကျောက်အသားတန်း ခါး၊ခါးသန်ဟာ အရည်ဝင်ရောက်ဖို့ အကောင်းဆုံး အနေအထားပါပဲ။

ပေါလိ့မှာ ကာလာ
အသားဆန်းမှာ ပန်းကြိုး၊
အပွင့်မှာ အရည်စွဲရင်
ခါးသန်တဲ့ မျိုး။"

📌ကျောက်စိမ်းအကြောင်း၊
📺video 📌စာ🌇ဓါတ်ပုံ၊🎆Reels
👇ဆက်လက်လေ့လာရန်👇
👉 Page>>🔗 fb.me/KZJade

#အရည်ကျောက်

 #ကျောက်စိမ်းကိုဝါသနာပါတယ်ဆိုတာထက်ငွေရလို့ဝင်ပါလိုက်တာပါ။ကျောက်စိမ်းလုပ်ဖို့ မှော်ထဲတက်ခဲ့တာလည်းမဟုတ်သလို ကျောက်စိမ်းလည်...
20/07/2025

#ကျောက်စိမ်းကိုဝါသနာပါတယ်ဆိုတာထက်ငွေရလို့ဝင်ပါလိုက်တာပါ။

ကျောက်စိမ်းလုပ်ဖို့ မှော်ထဲတက်ခဲ့တာလည်းမဟုတ်သလို ကျောက်စိမ်းလည်းမမြင်ဘူးတဲ့ တောနယ်ကပါ။ဒီလိုပဲ ကားမောင်းဖို့ စိတ်ကူးနဲ့ ဖားကန့် တက်ခဲ့ရင်း ဝါသနာပါခဲ့သည်ပေါ့။
#ငွေရမှန်းသိသွားလို့ပါ။

📌ကျောက်စိမ်းအကြောင်း၊
📺video 📌စာ🌇ဓါတ်ပုံ၊🎆Reels
👇ဆက်လက်လေ့လာရန်👇
👉 Page>>🔗 fb.me/KZJade

Jade.

20/07/2025

" #ရှားပါးတေးသံ" "တီးတတ်သောဆရာများ လိုင်းပေါ်တွင် ပေါပါသည်...ဒါက မတီးတတ်ပဲ တီးတင်ထားတာမို့ "ရှာပါးတေသံ" ဖြစ်ပါသည်🤣🤣🤣"

#ဒါမျိုးvideoတွေ.....
ထဲမှာနော်🔗 fb.me/KZJade

Address


Website

Alerts

Be the first to know and let us send you an email when KZ Jade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share