Htet -Drawing

  • Home
  • Htet -Drawing

Htet -Drawing ငါပေးခွင့်မရတော့တဲ့ချစ်ခြင်းမေတ္တာမျိုး
မင်းအလိုရှိတဲ့သူဆီကရပါစေ ။

#တာရာမင်းဝေ

သမိုင်းဆိုင်ရာ ရုပ်ဝါဒဒါပေမဲ့ ကျမ'ကိုအောင်ချိမ့်ကို မေတ္တာမမျှနိုင်ပါ...' ဟု။  ။                                        ...
14/07/2025

သမိုင်းဆိုင်ရာ ရုပ်ဝါဒ

ဒါပေမဲ့ ကျမ
'ကိုအောင်ချိမ့်ကို မေတ္တာမမျှနိုင်ပါ...' ဟု။ ။


#အောင်ချိမ့်
Crd image

13/07/2025

ငါတို့မေ့လျော့ခဲ့ကြတယ်။
ရှင်ခြင်းဟာ သေဆုံးနေပြီး
သေခြင်းဟာ ရှင်သန်နေတယ်ဆိုတာ
ငါတို့မေ့လျော့ခဲ့ကြတယ် ။

#အောင်ချိမ့်

12/07/2025

ချစ်သူက ပြုံးပြတဲ့အခါ
အင်းလျားဆောင်က
သမ္မတရုံနှင့် တူလိမ့်မယ်
ချစ်သူက မုန်းတဲ့အခါ
အင်းလျားဆောင်က
ရဲတိုက်ကြီးနှင့် တူလိမ့်မည်
#အခြေအနေ
#မင်းလူ

11/07/2025

-လွမ်းစရာရှိရင် နာစရာနဲ့ ဖြေရမယ်ဆိုလို့
ကျုပ်မှာ လွမ်းစရာလေးကို တယုတယ
လိုက်ရှာ လွမ်းနေရတယ် ။

-တစ်ယောက်တည်းစာပဲ ရှိတဲ့ ငါ့မေတ္တာနဲ့
နှစ်ယောက်တွဲကာ လှည့်စားနိုင်သူ မင်း
ခက်တော့ ခက်နေပြီ ။

-ဝဋ်ကြွေးဆိုရင်လည်း ကျေချင်ပါတယ်
ရေစက်ဆိုရင် ဒီမှာတင် ကုန်ပါရစေတော့ ။

#နေညိုရောင်ခြည်

10/07/2025

ကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ
ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး

မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့
ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ် ။

#မောင်ဆောင်းခ

09/07/2025

ဒီခြံစည်းရိုးက
ဝါးချွန်တွေနဲ့မို့
တံခါးဖွင့်ပေးလိုက်တယ်
ထိခိုက်ရှနာ ဝေးပါစေ
#ဆန်းကျော်စွာဝင်း

08/07/2025

တစ်ချို့မျှော်လင့်ချက်တွေကျ ရယ်ရတယ်
ဥပမာ
မြေပြင်ဝယ် စီးစရာဖိနပ်မရှိတော့တဲ့ကောင်က
လေယာဉ်မယ်ကို လှမ်းချစ်မိတာမျိုး
ရနံ့လိုချင်လို့
စက္ကူပန်းပင်လေး
ရေ ထ လောင်းတဲ့ မျှော်လင့်ချက်မျိုး
#ဆန်းကျော်စွာဝင်း

07/07/2025

တစ်ယောက်က
သောက်တော်ရေချမ်းဆို
တစ်ယောက်က ဆီမီးပန်းကပ်တာမို့
အမယ်အိုရေ
ဒီသံသရာတော့
ဘုရားပန်းအိုးတစ်လုံးထဲ
ကိုသိုလ်အတူပွင့်ခဲ့ပေါ့
#ဆန်းကျော်စွာဝင်း

05/07/2025

ငယ်ချစ်ဦးဆိုတာ အမြဲမှိုင်းဝနေတဲ့ မီးပုံးပျံ
ထစ်ခနဲ့ရှိ အမှတ်တရတွေက
ပြန်ပြန်တက်လာတယ်
#ဆန်းကျော်စွာဝင်း

04/07/2025

ကမ္ဘာကြီးရေ
သူပြုံးသရွေတော့ ခင်ဗျား အန္တရာယ်ကင်းပါတယ်
#ဆန်းကျော်စွာဝင်း

03/07/2025

လုယက်မှုတွေ သိပ်များတဲ့နိုင်ငံမှာ
ခင့်ကို
တစ်ယောက်ယောက် လုယူသွားရင်
ရင်ကွဲနာ ကျမယ့်ကိုယ်ပါ
မောင်သိန်းဇော် ပြောသလိုပေါ့
ခင်ကလွဲရင် အရာရာ ခြိုးခြံနိုင်ပါတယ်
#ဆန်းကျော်စွာဝင်း

02/07/2025

တူနှစ်ကိုယ် တဲအိုပျက်ဆိုတာ
ပုံပြင်တွေမဟုတ်လား
အစ်ကိုတို့တကယ်ဝေးကြပြီ
#ဆန်းကျော်စွာဝင်း

Address


Alerts

Be the first to know and let us send you an email when Htet -Drawing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share