Salween Press

  • Home
  • Salween Press

Salween Press Donate Here: https://www.paypal.com/donate/?hosted_button_id=JSQL9PE43NKXG Salween Press was established by a group of Karen journalists.

Salween Press aims to focus on Solutions Focused Journalism or Impact Journalism. It prioritizes ethnic Karen affairs in Myanmar because fake news, hate speech, personal attacks and biased opinions made by some social media influencers on social media is a challenge for Karen communities in this digital age. And this makes more harm than good to ethnic Karen communities. Salween Press believes that Karen communities need professional and independent media to received news and analysis based on factual information. Salween Press will try its part to tell stories based on accuracy and fairness.

11/09/2026

နိုင်ငံတစ်ဝှမ်းတိုက်ပွဲဖြစ်ပွားသည့်ဒေသများနှင့် အရပ်သားပြည်သူများကို ဗုံးပတ်ကြဲနေသည့် တံတားဦးလေတပ်စခန်းFPVဒရုန်း၆စီးဖြင့်တိုက်ခိုက်ခံရ ၄စီးထိမှန်ပျက်ဆီးပြီးနောက် တိုက်ပွဲဆက်လက်ပြင်းထန်။

Salween Press
စက်တင်ဘာလ ၁၁ရက်၊၂၀၂၆။

မန္တလေး၊ စစ်ကောင်စီအခြေစိုက် တံတားဦး လေတပ်စခန်းကို ‌PDFတော်လှန်ရေးဖွဲ့များမှ FPVဒရုန်း ၆စီးဖြင့်ယမန်နေ့မွန်းလွဲပိုင်း၂နာရီအချိန်ခန့်တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့MODလက်အောက်ခံ PDFတပ်ဖွဲ့ဝင်တစ်ဦးထံမှသိရှိရသည်။

"မနေ့ကပေါ့နော် ကျနော်တို့ပြည်တွင်းမှာ ဗုံးလိုက်ပတ်ကြဲနေတဲ့ မန္တလေး တံတားဦးလေတပ်စခန်းကို FPVဒရုန်း၆စီးနဲ့ဝင်ဆော်တာ ၆စီးလုံးလိုရာပစ်မှတ်ကိုမအောင်မြင်ပေမဲ့ ထိရောက်မှုရှိတယ်လို့ပြောချင်တယ် ဒရုန်းတစ်စီးက ဂျက်ဖိုက်တာတွေ ရှိတဲ့နေရာတည့်တည့်ကိုဝင်သွားတာ ရရှိတဲ့သတင်းအရ ၄စီးထိမှန်တဲ့အထဲမှာ ၂စီးကလုံးဝပျက်ဆီးသွားတယ်အတည်ပြုရတယ် ကျန်ထိမှန်တဲ့၂စီးက ထိခိုက်မှုဘယ်အတိုင်းအတာထိရှိလဲတော့မသိရှိရသေးဘူး” လို့အဆိုပါသတင်းရင်းမြစ်ကဆိုပါသည်။

တံတားဦး စစ်ကောင်စီလေတပ်စခန်းFPVဒရုန်းများဖြင့်တိုက်ခိုက်ခံရပြီးနောက် တစ်ဆက်တည်းမှာပင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေဆိပ်အနီးနားရှိကျေးရွာ ဒေသများတွင်လေယာဉ်အပါအဝင် စစ်ကြောင်းထိုး ပိုက်စိမ့်ရှာဖွေမှုများချက်ချင်းပင်လုပ်ဆောင်နေသည်။

တံတားဦးလေတပ်တပ်စခန်းတိုက်ခိုက်ခံရပြီးနောက်ယမန်နေ့တွင် တံတားဦးလေတပ်စခန်းနှင့်၁၅မိုင်အကွာတွင်အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်PDFတပ်ဖွဲ့တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာလ ၁၁ရက်နေ့လည်အထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ အထက်ပါသတင်းရင်းမြစ်မှပြောသည်။

တံတားဦးလေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီလော်ဘီသတင်းချာနယ်များနှင့်အကြမ်းဖက်စစ်ကောင်စီတို့မှ ထိုလေတပ်စခန်းတိုက်ခိုက်မှုသည် ဂျီနီဗာကွန်ဗားရှင့်နှင့်အပြည်ပြည်ဆိုင်ရာ ဉပဒေအရစစ်ရာဇဝတ်မှုကျူးလွန်သည့်အမှုမြောက်ကြောင်း သတင်းထုန်ပြန်ထားသည်။

"တံတားဦးလေတပ်စခန်းဒရုန်းများနဲ့တိုက်ခိုက်ခံရမှုမှာ ‌ဂျက်ဖိုက်တာ ၄စီးထိမှန်တဲ့အထဲမှာ ၂စီးက လုံးဝပျက်ဆီးသုံးစားလို့မရတဲ့အဆင့်ထိဖြစ်တယ်ဆိုတာ အတည်ပြုရတယ် ကျန်၂စီးတော့ဘယ်အတိုင်းအတာထိပျက်ဆီးမှုရှိလဲဆက်အတည်ပြုနေဆဲပါ စစ်ကောင်စီတပ်ဖွဲ့ကလူတွေ ထိခိုက်သေဆုံးမှုရှိတာတော့မကြားမိသေးဘူး မရှိဘူးလို့လည်းပြောတယ်လို့အထက်ပါသတင်းရင်းမြစ်မှပြောသည်။

ယူကရိန်းနိုင်ငံလက်တွေ့ စစ်မြေပြင်တွင် ရေပါးစားအသုံးပြုသည့် FPVဒရုန်းသည် မြန်မာနိုင်ငံအတွင်းရှိ ပြညါသူများရွေးကောက်တင်‌ေမြှာက်သည့် ပြညါသူ့အစိုးရထံ မတရားအာဏာလုယူထားသည့်စစ်ယူနီဖောင်းအသွင်ပြောင်းကိုယ်တိုင်သမ္မတရာထူးရယူထားသည့်အကြမ်းဖက်မင်အောင်လှိုင်အပေါင်းအပါလက်အောက်ခံတပ်ဖွဲ့များကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ၂၀၂၁ ဖေဖေါ်ဝါရီလတွင် စတင်ပေါ်ပေါက်လာသည့် NUG,MODလက်အောက်ခံPDFတပ်ဖွဲ့များနှင့်တော်လှန်ရေးတပ်ဖွဲ့များထံFPVဒရုန်းနည်းပညာနှင့်ဒရုန်းများပါ လက်ဝယ်ပိုင်ဆိုင်ထားလာသည်မှာ စစ်မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှအသုံးပြုလာသည်မှာ အားလုံးအသိပေဖြစ်သည်။

စစ်ကိုင်းတိုင်း မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီမိတ်ဖက်ရုရှားထံမှဝယ်ယူထားသည့် Mi-17သည် FPVဒရုန်းဖြင့်တိုက်ခိုက်ဖျက်ဆီးခံရသည်သာမက ရခိုင်၊ဗန်းမော် ဘက်သို့ ရေကြောင်းဖြင့်ထိုးစစ်ဆင်ရန်ပို့ဆောင်လာသည့် ရေယာဉ်နှင့်အတူ လိုက်ပါစီးနင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊စစ်လက်နက်ခဲယမ်းများနှင့်ရိက္ခါများပါတင်ဆောင်လာသည့် ထောက်ပို့သဘ်ောများကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ FPVဒရုန်းများကိုသာ အဓီကအသုံးပြုတိုက်ခိုက်သွားသည်ဟု PDF စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှပြောဆိုသည်။

၂၀၂၁ဖေဖေါ်ဝါရီလ-၂၀၂၆ဇွန်လကုန်အထိ အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲပစ်ခတ်တိုင်ခိုက်မှုများ ၁၂၈၉၆ကြိမ် ကျူးလွန်ထားပြီး ဗုံးထိမှန်သည့်အရပ်သားပြည်သူ ၅၈၄၆ဦးသေဆုံးပြီး ပြည်သူပိုင် နေအိမ်များ၊‌ဆေးရုံ၊ဆေးခန်းများ၊စာသင်ကျောင်းများနှင့်ဘာသာရေးအဆောက်အဦးများ ၁၄၄၈ပျက်ဆီးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန MOHRမှ ဇူလိုင်လတွင် အများပြည်သူများသိရှိနိုင်ရန်သတင်းထုတ်ပြန်ထားသည်ဟု PDFသတင်းရင်းမြစ်ထံမှသိရှိရသည်။

ဖာပွန်ခရိုင်ရှိ BGF ထိန်းချုပ်နယ်မြေတချို့မှ ဒေသခံတချို့သည် BGF တပ်ဖွဲ့ထဲဝင်ရောက်စစ်မှုထမ်း၊ စစ်ကောင်စီစစ်ကြောင်းနှင့်အတ...
11/09/2026

ဖာပွန်ခရိုင်ရှိ BGF ထိန်းချုပ်နယ်မြေတချို့မှ ဒေသခံတချို့သည် BGF တပ်ဖွဲ့ထဲဝင်ရောက်စစ်မှုထမ်း၊ စစ်ကောင်စီစစ်ကြောင်းနှင့်အတူရှေ့တမ်းထွက်ရ

Salween Press
စက်တင်ဘာလ ၁၁ ရက်၊၂၀၂၆။

BGF တပ်မှလစာမက်လုံးပေးစည်းရုံးသည့်အတွက် ဖာပွန်ခရိုင်မှဒေသခံတချို့သည် BGF တပ်ထဲကို၀င်ရောက်စစ်မှုထမ်းလာတာရှိတယ်လို့ အခြေအနေသိရှိသည့် အမည်မဖေါ်လိုသောဒေသတွင်းသတင်းအရင်းမြစ်တစ်ဦးမှ Salween Press ကိုပြောပါသည်။

“ဒေသခံတွေထဲမှာ အနည်းအကျဉ်းလောက်တော့BGFတပ်ဖွဲ့ဝင်အဖြစ်ဝင်ရောက်လုပ်ကိုင်တာရှိတယ်။ BGFတပ်ဖွဲ့ထဲ ဝင်ကြတာရွာတွေက ကမမောင်း၊ ဝါကော်ကျေး၊ ကျွန်းတော၊ တုတ်ကြီး၊ ဝါးဒူး၊ ဝါသိုးခို၊ အုန်းတော၊ဘားဘော်ရွာ စတဲ့ကျေးရွာတွေအသီးသီးပါကြတယ်။ ဒေသခံအများစုကတော့လုပ်ကြတာ မဟုတ်ဘူး။ ၁၀၀မှာ၁၀ယောက်နှုန်းလောက်ဝင်ကြတယ်။ ဝင်တဲ့တပ်သားလစာ ၃သိန်းကျော်ရတာ သိရတယ်”ဟုအဆိုပါသတင်းအရင်းမြစ်မှဆိုပါသည်။

“စစ်သားဖြစ်ပြီး သူများပေးတဲ့လစာယူတော့ အမိန့်အတိုင်းသွားရတယ်။ ဒီအပေါ်မှာ ကတိုင်တိဘက် စစ်ကောင်စီထိုးစစ်နှင့်အတူလိုက်ပါရတယ်။ သေတာလည်းရှိတယ် ကျိုး၊ပြတ်၊ ကမ်းပြီးပြန်ရောက်လာ ကြတာလည်းရှိတယ်” လို့အထက်ပါသတင်းရင်းမြစ်မှပြောပါသည်။

“ဒီနယ်မြေမှာ စစ်ကောင်စီတပ်နဲ့BGFတပ်တွေထိန်းချုပ်နေတော့ ပထဝီအနေအထားအရ KNLA ဘက်က စည်းရုံးရေးမလုပ်နိုင်ဘူး ဒါကြောင့်BGFတပ်တွေဘဲ စည်းရုံးပြောဆိုကြတော့ ရွာသားအချို့ရဲ့အမြင်မှာ BGFတပ်သားအဖြစ်၀င်ရောက်စစ်မှုထမ်းတာနဲ့ပတ်သက်လို့ ကျနော့်အနေနဲ့အဆန်းတော့မဟုတ်ဘူး သူတို့စားဝတ်နေရေးအတွက်သာလုပ်တာဖြစ်တယ်” လို့ အဆိုပါသတင်းအရင်းမြစ်မှဆက်ပြောသည်။

ဒါ့အပြင် KNU တပ်မဟာ ၅ ဖာပွန်ခရိုင် ဘူးသိုမြို့နယ်အတွင်းရှိ ဖေါထာ့ကျေးရွာသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးသီး၂လုံးကို စက်တင်ဘာလ ၅ရက်နေ့နံနက်၄:၅၅မိနစ်အချိန်ခန့်တွင် လာရောက်ကြဲချခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်တစ်ဦးမှပြောဆိုသည်။

ဂျက်ဖိုက်တာဖြင့်ပေါင်၅၀၀ဗုံးသီး၂လုံးလာရောက်ကြဲချမှုအတွင်း လူနေအိမ် ၅လုံးသည် လုံးဝထိမှန်ပျက်စီး ပြီး အိမ်မွေးတိရစ္ဆာန်ပါထိမှန်သေဆုံးမှုရှိတယ်လို့ အဆိုပါသတင်းရင်းမြစ်မှပြောဆိုပါသည်။

ဖာပွန်ခရိုင်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေယာဉ်၊ဒရုန်းကင်းထောက်မှုများနှင့် ဗုံးသီးကြဲချမှုများ မကြာခဏလုပ်ဆောင်‌လျှက်ရှိတယ်လို့ပြောသတင်းအရင်းမြစ်ကဆိုပါသည်။

ပုံဟောင်းများ

10/09/2026

နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိ ထော်မိုပလယ်မဲ(လယ်မူပလော) တပ်စခန်းမှ စစ်ကောင်စီတပ်များ စွန့်ခွာပြီနောက် KNLA တပ်ဖွဲ့များ ဝင်ရောက်သိမ်းပိုက်ရှင်းလင်း (ရုပ်သံ)

Salween Press
စက်တင်ဘာလ ၁၀ ရက်၊၂၀၂၆။

KNUအမှတ်၅တပ်မဟာ မူတြော်ခရိုင် လူသောမြို့နယ် လယ်မူပလောဒေသတွင် အခြေစိုက်တပ်စွဲ ထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ ထော်မိုပလယ်မဲ(လယ်မူပလော)တပ်စခန်းမှ အင်အား ၇၀ ခန့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များသည် စခန်းမှစွန့်ခွာပြီးနောက် စက်တင်ဘာလ ၈ရက်နေ့တွင် KNLAတပ်ဖွဲ့များဝင်ရောက်သိမ်းပိုက်ရှင်းလင်းလိုက်တယ်လို့ အမှတ်၅တပ်မဟာ KNLA အရာရှိတစ်ဦးမှ‌ပြောပါသည်။

"စခန်းကို ကိုယ့်လူတွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာမျိုးတော့မဟုတ်ဘူး။ စခန်းကို လမ်းကြောင်းဖြတ် တောက်ဝန်းရံပိတ်ဆိုတိုက်ခိုက်တာမျိုးတော့ရှိတယ်။ ပျောက်ကျားစနစ်နဲ့‌ဝင်ရောက်တိုက်ခိုက်တာရယ်။ စနိုက်ပါနဲ့လည်း ချောင်းမြောင်းပစ်ခတ်တာမျိုးလုပ်ဆောင်တာရှိတယ်။ ဒီဘက်က ဝန်းရံပိတ်ဆို့လို့ခံလာရ တာကြာလာတော့ ရှေ့ဆက်ရပ်တည်ဖို့ ထောက်ပံ့မှုအပိုင်းမှာအခက်ကြုံလာပြီး ရှေ့ဆက်အကြပ်အတည်း ပိုရင်ဆိုင်လာရမှာကိုတွေးပြီး စခန်းကိုစွန့်ခွာသွားတယ်လို့သုံးသပ်မိတယ်” လို့ အဆိုပါ KNLA အရာရှိကပြောပါသည်။

အဆိုပါတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့များသည် ဘယ်အချိန် ဘယ်ရက်မှာစခန်းစွန့်ခွာသွားလဲဆိုတာ တော့သေချာမသိရဘူးလို့ဆိုပါသည်။ စခန်းစွန့်ခွာပြီးနောက် စက်တင်ဘာလ ၈ရက်နေ့မှာ မိမိတို့ KNLAတပ်ဖွဲ့တွေ တက်ပြီးရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်ဟု အဆိုပါအရာရှိကဆိုပါသည်

စခန်းကို၀င်ရောက်ရှင်းလင်းသိမ်ပိုက်ခဲ့ရာတွင် စစ်ဘက်ဆိုင်ရာပစ္စည်းအချို့ သိမ်းဆည်းရမိသည်ဟု ဆိုပါသည်။

“သေချာတော့စာရင်းတွေအတိအကျမသိရှိရသေးဘူးနော်။ ဒီ ထော်မိုပလယ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၂၀၂၄ မှာ ၂ကြိမ်လောက်ဝင်တိုက်ခဲ့တယ်။ ကိုယ့်ဘက် ထိခိုက်ကျဆုံးများတယ်။ ကျတဲ့အထဲမှာသိရသလောက်ဆို ကွန်မာဒိုတပ်မှူး၂ယောက်ပါတယ် KNLAနဲ့ KNDOတပ်ဖွဲ့ဝင်လည်း ထိခိုက်ကျဆုံးမှုထဲမှာလည်းပါကြတယ်” ဟု အဆိုပါအရာရှိကပြောပါသည်။
“အဲ့ဒီတပ်စခန်းတည်နေရာ အနေအထားက နေရာကောင်းတယ်။ တက်ဖို့လည်းမလွယ်ဘူး။ ဒါကြောင့် ၂ကြိမ်တက်ခဲ့တာ၂ကြိမ်စလုံးထိခိုက်ကျဆုံးမှုနဲ့ဘဲပြန်ဆုတ်ရတယ်” လို့ အထက်ပါ KNLA အရာရှိမှပြောပါသည်။

တက်ရောက်ချေမှုန်းသိမ်းပိုက်ရခက်တဲ့ အဆိုပါတပ်စခန်းက ဒီလိုစခန်းစွန့်ခွာသွားတဲ့အပေါ် အများကြီး ကောင်းသွားတယ်လို့အဆိုပါတပ်မှူးမှဆက်လက်ပြောပါသည်။

စက်တင်ဘာလ ၈ ရက်နေ့မှာ KNLAတပ်ဖွဲ့များမှ စခန်းအတွင်းဝင်ရောက်သိမ်းပိုက်ရှင်းလင်း လုပ်ဆောင်ခဲ့တာမပြီးပြတ်သေးဘဲ စက်တင်ဘာလ၉ရက်နေ့အထိ အပြီးသတ်သွားရောက်ရှင်းလင်းခဲ့ ကြတယ်လို့ KNUအမှတ်၅တပ်မဟာ KNLAသတင်းအရင်းမြစ်တစ်ဦးကလည်းပြောဆိုပါသည်။

(Video – Supplied)

ဖြူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ဒရုန်းဖြင့်ဗုံးသီး၈လုံးကြဲ ကလေးငယ်အပါအဝင် ၁၄ဦး ထိခိုက်သေဆုံ...
09/09/2026

ဖြူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ဒရုန်းဖြင့်ဗုံးသီး၈လုံးကြဲ ကလေးငယ်အပါအဝင် ၁၄ဦး ထိခိုက်သေဆုံးမှုရှိ။

Salween Press
စက်တင်ဘာလ ၉ရက်၊၂၀၂၆။

KNUအမှတ်၃တပ်မဟာထိန်းချုပ်နယ်မြေ ဖြူးမြို့နယ်နှင့်ဇေယျဝတီကြားရှိ ဘုတ်ဆုတ်ခင်ကျေးရွာအတွင်းသို့ စက်တင်ဘာလ၅ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်ဗုံးသီး၈လုံးလာရောက်ကြဲချခဲ့တယ်လို့ KNLAတပ်မှူးတစ်ဦးမှSalween Press သို့ပြောပါသည်။

အဆိုပါဒရုန်းဗုံးသီးများလာရောက်ကြဲချသည့်တပ်သည် တံခွန်တိုင်အခြေစိုက် ခမရ ၃၀၇တပ်ရင်းဖြစ်ပြီးဗုံးသီး၈လုံးလာရောက်ကြဲချခဲ့သည်ဟုဆိုသည်။

အရပ်သားပြည်သူများနေထိုင်သည့်ကျေးရွာအတွင်းသို့ ဒရုန်းဗုံးသီးများရည်ရွယ်ချက်ရှိရှိတမင်လာရောက်ကြဲချကာ အပြစ်မဲ့အရပ်သားပြည်သူ ၁၀နှစ်အောက်ကလေးငယ်နှစ်ဦးအပါအဝင် ထိခိုက်သေဆုံးသူ ၁၄ဦးရှိတယ်လို့အဆိုပါတပ်မှူးမှပြောပါသည်။

ဗုံးသီးကြောင့် သေဆုံးသူ၆ဦးမှာ ၁။ဦးရာဇတ် ၂၅နှစ်၊၂။ဒေါ်ယာမာဒေရီ ၄၂နှစ်၊၃။ဦးစာစစ်ထရီး ၃၂နှစ်၊၄။စုဂနီ ၂၄နှစ်၅။ဦးဆူနီကူးမား ၅၅နှစ်နှင့်ဟီးရိုး၁နှစ်၅လအရွယ်ကလေးငယ်တစ်ဦးပါဝင်တယ်လို့ဆိုပါသည်။

ထိခိုက်ဒဏ်ရာရသူ ၈ဦးမှာ ၇နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်ပြီး ၁။ဘရာဂျူး ၂၅နှစ်၊၂။ယူနား ၇နှစ်၊၃။စူလာဂျူရီယာ ၃၅နှစ်၊၄။ဂိုပါဂျန် ၁၃နှစ်၊၅။မောင်ဂိုရီဘင် ၃၈နှစ်၊၆။ရာကူးမား ၃၈နှစ်၊၇။ဘိုလူ ၁၆နှစ်နှင့်ဒေါ်မယ်မာဂေရီ ၄၂နှစ်တို့အသီးသီးထိခိာက်ဒဏ်ရာရရှိသည်။

တံခွန်တိုင်အခြေစိုက် ခမရ ၃၀၇တပ်ရင်းမှ ထွက်ခွာလာရောက်ဗုံးကြဲသည့်ကျေးရွာများတွင် လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုများနှင့်ဒရုန်းဖြင့်ဗုံးသီးလိုက်လံကြဲချမှုများမကြာခဏလုပ်လေ့ရှိတယ်လို့အဆိုပါသတင်းရင်းမြစ်မှပြောသည်။

ပုံများ - ထိခိုက်သေဆုံးမှုမြင်ကွင်း Photos - Supplied

#

ဖာပွန်ခရိုင်တွင် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်အင်အား၊ ခဲယမ်းများနှင့်ရိက္ခာများနေ့တိုင်းပို့ဆောင်Salween Press စက်တင်...
07/09/2026

ဖာပွန်ခရိုင်တွင် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်အင်အား၊ ခဲယမ်းများနှင့်ရိက္ခာများနေ့တိုင်းပို့ဆောင်

Salween Press
စက်တင်ဘာလ ၇ရက်၊၂၀၂၆။

KNU တပ်မဟာ ၅ ဖာပွန်ခရိုင် (မူတြော်ခရိုင်) အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့များသည် ကမမောင်း-ကတိုင်တိ-ဖာပွန်လမ်းပိုင်း၊ ရှုံးဆုံးလိုက်ရသည့်နယ်မြေများ၊ တပ်စခန်းများနှင့်ဖာပွန်ဗျူဟာမကျရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်မှုများနှင့်အတူ တပ်အင်အားများ၊ လက်နက်ခဲယမ်းများနှင့်ရိက္ခာများပါ နေ့တိုင်းပို့ဆောင်လာတယ်လို့ အခြေအနေသိရှိသည့် အမည်မဖေါ်လိုသောဒေသတွင်းသတင်းရင်းမြစ်တစ်ဦးမှ Salween Press ကိုပြောပါသည်။

"အခုနောက်ပိုင်းမှာ ကတိုင်တိဘက် အပြင်းအထန် ထိုးစစ်ဆင်မဲ့သဘော။ တက်သွားတဲ့စစ်သားတွေလည်း အထိအခိုက်သေဆုံးမှုများလို့တပ်အင်အားထပ်ဖြည့်တာလည်းဖြစ်နိုင်တယ်။ ကားနဲ့ တစ်ရက်ကို ၃စီး၄စီးတက်ကြတယ်။ ခဲယမ်းများ၊ရိက္ခာများအပြင် တပ်အင်အားအပြည့်လိုက်ပါစီးနင်းကြတယ်” လို့ အဆိုပါသတင်းအရင်းမြစ်မှပြောပါသည်။

“တက်သွားတဲ့အထဲမှာ စစ်ကောင်စီတပ်ဖွဲ့လည်းပါတယ် BGF အမှတ် ၁၀၁၄ ဗိုလ်မောင်ချစ်ဦးဆောင်တဲ့ လက်အောက်ခံတပ်ဖွဲ့နဲ့ဗိုလ်လှကြိုင်ဦးဆောင်အမှတ်၁၀၁၃တပ်ရင်းလက်အောက်ခံ BGF တပ်ဖွဲ့၀င်လည်း ပါနေတယ် တစ်ခါတစ်လေမှာ ကားတစ်စီးတည်း စစ်ကောင်စီတပ်သားနဲ့ BGFတပ်သားအတူစီးကြတာ လည်းတွေ့ရတယ်။ လမ်းကင်းလုံခြုံ‌ရေးအစောင့်တပ်တွေတောက်လျှောက် ချထားတယ် သူတို့ကား တက်လာရင်လည်း ကားပေါ်ကနေ သေနတ်တွေနဲ့ လာရာလမ်းတစ်လျှောက် ပတ်ချိန်နေတာ လည်းတွေ့ရတယ်” ဟု အထက်ပါမျက်မြင်သတင်းအရင်းမြစ်မှပြောပါသည်။

ဖာပွန်ခရိုင် ကတိုင်တိဘက်ခြမ်းမှာလည်း နေ့တိုင်းတိုက်ပွဲဖြစ်နေပြီး လက်နက်သံများလည်းနေ့တိုင်း ကြားရသည်ဟု သူကဆိုပါသည်။

အကြမ်းဖက်စစ်ကောင်စီပူးပေါင်းအဖွဲ့ဘက်က စစ်သားတွေ၊ခဲယမ်းနဲ့ရိက္ခာတွေ အပြင်းအထန်ကြိုးစားပို့ ဆောင်တဲ့အပေါ်မှာကြည့်ခြင်းအားဖြင့် သူတို့ရဲ့စစ်‌ ရေးရည်မှန်းချက်ရောက်ဖို့အတွက် အပြင်းအထန် ထိုးစစ်ဆင်မယ့်သဘောလို့မြင်သည်ဟု အဆိုပါသတင်းအရင်းမြစ်မှဆိုပါသည်။

“လက်ရှိသူတို့ထိုးစစ်က ဖားလုံးကြီးဝန်းကျင်ဒေသမှာဘဲရောက်သေးတယ် ရှေ့လည်းဆက်မတိုးနိုင်ဘူး အောက်ဘက်ရှိ ဝါးဒူး ဒေသမှာလည်း KNLAပူးပေါင်းတပ်ဖက်က ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိတဲ့အပြင် လက်နက်ခဲယမ်းများပါ သိမ်းဆည်းခံရတာလည်းရှိနေတယ်” လို့အဆိုပါဒေသတွင်းသတင်းအရင်းမြစ်မှပြောပါသည်။

စစ်ကောင်စီတပ်နဲ့အတူပူးပေါင်းထိုးစစ်ဆင်လာတဲ့အထဲမှာမီးဇိုင်းတောင်ခြေသို့ဩဂုတ်လ၂၀ရက်နေ့တွင်ပြောင်းရွေ့အခြေချလာရောက်တပ်စွဲသည့် အမှတ် ၁၀၂၂တပ်နယ်မှူး ဗိုလ်မုတ်သုန်တပ်ဖွဲ့များပူးပေါင်းပါဝင်မှု မရှိသေးဘူးလို့သိရကြောင်းသူကဆိုပါသည်။

ပုံဟောင်းများ

ဗိုလ်ဘိဦးဆောင် DKBA တပ် ကျားဖျန့်လုပ်ငန်းလုပ်ကိုင်လာ၊ BGF ဗိုလ်မုတ်သုန်လည်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရန်ပြင်ဆင်ပြီး တရ...
05/09/2026

ဗိုလ်ဘိဦးဆောင် DKBA တပ် ကျားဖျန့်လုပ်ငန်းလုပ်ကိုင်လာ၊ BGF ဗိုလ်မုတ်သုန်လည်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရန်ပြင်ဆင်ပြီး တရုတ်လူမျိုးများနေရာလာရောက်ကြည့်ရှု့

Salween Press
စက်တင်ဘာလ ၅ ရက်၊၂၀၂၆။

KNU ဒူးသထုခရိုင် အမှတ်၁တပ်မဟာ KNLAတပ်ရင်း၁ထိန်းချုပ်ရာနယ်မြေ ဘားအံခရိုင်အတွင်းတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ဘိဦးဆောင် DKBA တပ်ဖွဲ့များသည် တရုတ်လူမျိုးနှင့်ကျားဖြန့်လုပ်သားများလက်ခံထားပြီး ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်နေတယ်လို့ အခြေအနေသိရှိသူတစ်ဦးမှ Salween Pressသို့အတည်ပြုပြောဆိုသည်။

"ဗိုလ်ဘိတို့တပ်စွဲထားတဲ့ ကော့ဖျန်တောင်ခြေနှင့်ကျားဂူတွေမှာ တရုတ်လူမျိုးနှင့် ကျားဖြန့်လုပ်သားများ လက်ခံထားတာအများကြီးရှိတယ်။ ကော့ဖျန်တောင်(ဒေသအခေါ် ဖျဲန်လေး) တောင်ခြေနဲ့ကျားဂူမှာ နေရာဆောက်လုပ်ပြင်ဆင်ပြီးလုပ်ကိုင်နေကြတယ်” လို့ အထက်ပါအခြေအနေသိရှိသူမှပြောဆိုသည်။

စစ်ဘက်ဆိုင်ရာ KNLA သတင်းရင်းမြစ်တစ်ဦးကလည်း 'ကော့ဖျန်တောင်ခြေနဲ့ကျားဂူမှာ DKBA ဗိုလ်ဘိအဖွဲ့ ကျားဖြန့် စတင်လုပ်ကိုင်လာတာ မတ်လ ၂၀၂၆မှာ အကောင်အထည်ဖေါ်စတင်လုပ်ကိုင် လာတယ်လို့သိရတယ်။ ပထဝီအနေအထားအရ ဒီဘက်အတွက်တစ်ခုခုဆောင်ရွက်ဖို့ခက်တယ်။ နေရာကလည်း မင်းဇီ သံလွင်တစ်ဘက်ကမ်း သံလွင်ကမ်းနဖူးနဲ့လည်းနီးတယ်” လို့ အဆိုပါ KNLA စစ်ရေးသတင်းအရင်းမြစ်မှအတည်ပြုပြောဆိုပါသည်။

ဒါ့အပြင် မြဝတီအခြေစိုက် တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်း၊ ကာစီနိုလုပ်ငန်းနှင့် တရာမဝင်နယ်စပ် ဖြတ်ကျော် လူကုန်ကူးလုပ်ငန်းများနဲ့ပတ်သက်ဆက်နွယ်လုပ်ကိုင်နေသူလည်းဖြစ် ထိုင်းအထူးစုံစမ်း စစ်ဆေးရေး DSIဖမ်းဝရမ်းထုတ်ခံထားရသူလည်းဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ BGFခေါင်းဆောင် ဗိုလ်မှူးကြီး စောမုတ်သုန်သည် KNU အမှတ်၁နှင့်၅တပ်မဟာ အစပ်ရှိ မီးဇိုင်းတောင်ခြေသို့လွန်ခဲ့သည့်ဩဂုတ်လ ၂၀ရက်နေ့တွင်အင်အား၃၀၀ခန့်နှင့်အတူ လာရောက်ပြောင်းရွေ့အခြေချတပ်စွဲသည်ဟု ဒေသတွင်းသတင်းရင်းမြစ်နှင့် KNLAစစ်ရေး သတင်းရင်းမြစ်များမှအတည်ပြုပြောဆိုသည်။

ထိုင်းဖမ်းဝရမ်းထုတ်ပြန်ပြီးနောက်မြဝတီအ‌ခြေစိုက်နေထိုင်သည့်အမှတ် ၁၀၂၂တပ်နယ်မှူး BGFခေါင်းဆောင်ဗိုလ်မှူးကြီးစောမုတ်သုန်သည်လက်အောက်ခံတပ်ဖွဲ့ဝင်အင်အား၃၀၀ခန့်နှင့်အတူ မီးဇိုင်းတောင်ခြေသို့လာရောက်တပ်စွဲအခြေချနေထိုင်ခြင်းဖြစ်သည်။

တရားမဝင်လုပ်ငန်းများ၊ငွေလိမ်ကျားဖြန့်လုပ်ငန်းများနှင့်နယ်စပ်ဖြတ်‌ ကျော်လူကုန်ကူးမှုများဖြင့် ပတ်သက်ဆက်နွယ်မှုများ‌ဖြင့်ထိုင်းဖမ်းဝရမ်းကြောင့်နေရာသစ်သို့လာရောက်ပြောင်းရွေ့တပ်စွဲသည့်ဗိုလ်မုတ်သုန်သည် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန်ကြိုးပမ်း ပြင်ဆင်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးမှပြောဆိုပါသည်။

"မုတ်သုန်က မြဝတီမှာအခြေစိုက်လုပ်ကိုင်နေတဲ့တရားမဝင်ဒုစဂိုက်လုပ်ငန်းအားလုံးပြန်လည်ပတ်ဖို့ စက်တင်ဘာလ၂ရက်နေ့နံနက်ပိုင်းတွင် တရုတ်လူမျိုးတွေက နေရာလာရောက်ကြည့်ရှုသွားတယ်” လို့ အဆိုပါဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်မှဆက်ပြောပါသည်။

မီးဇိုင်းတောင်ခြေသို့ လာရောက်တပ်စွဲထားသည့် ဗိုလ်မုတ်သုန်ကိုယ်တိုင်ဦးဆောင်အဖွဲ့သည် ဒေသခံအိမ်ထောင်စုများကို ဆန်တစ်အိတ်နှင့်ငွေသားအချို့ကိုပေးဝေကာ BGF တပ်တွင်းသို့ဝင်‌ ရောက်စစ်မှုထမ်းရန်လည်းစည်းရုံးလှုံ့ဆော်မှုများလည်းရှိနေသည်ဟု သတင်းရရှိသည်။

မြန်မာစစ်အုပ်စု၏ မိစ္ဆာလေတပ်စခန်းများနှင့် သွေးစွန်းလေယာဉ်ဆီBlood Money Campaignသုံးလတာကာလအတွင်း မြန်မာစစ်အုပ်စုသည် လေကြ...
05/09/2026

မြန်မာစစ်အုပ်စု၏ မိစ္ဆာလေတပ်စခန်းများနှင့် သွေးစွန်းလေယာဉ်ဆီ

Blood Money Campaign

သုံးလတာကာလအတွင်း မြန်မာစစ်အုပ်စုသည် လေကြောင်းစစ်ဆင်ရေးများနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများအတွက် လေယာဉ်အတက်အဆင်း ၇,၃၇၁ ကြိမ် ပြုလုပ်ခဲ့သည်ဟု Blood Money Campaign ကအစီရင်ခံစာထုတ်ပြန်ပါသည်

အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ သုံးလတာကာလအတွင်း မြန်မာစစ်အုပ်စုသည် လေကြောင်းစစ်ဆင်ရေးများနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအတွက် လေယာဉ်အတက်အဆင်း ၇,၃၇၁ ကြိမ် ပြုလုပ်ခဲ့ပြီး လေယာဉ်ဆီ အင်ပီရီယံဂါလံ *၃.၉ သန်းကျော်* အသုံးပြုကာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ *၁၀ သန်းခန့်* ကုန်ကျခဲ့ကြောင်း ဖော်ပြထားပါသည်။

မြန်မာစစ်အုပ်စု၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများအတွက် အသုံးပြုနေသည့် လေတပ်စခန်းဌာနချုပ်များ၊ လေယာဉ်ကွင်းများနှင့် လေယာဉ်များအပြင် လေယာဉ်ဆီနှင့် ငွေကြေးစီးဆင်းမှု ကွင်းဆက်များကို Blood Money Campaign (BMC) မှ လေ့လာဖော်ထုတ်ထားသည့် **“မိစ္ဆာ လေတပ်စခန်းများနှင့် သွေးစွန်းလေယာဉ်ဆီ (Devil Airbases & Bloody Fuel)”** သုတေသနအခြေပြု အစီရင်ခံစာဖြစ်သည်။

အစီရင်ခံစာတွင် မြန်မာစစ်အုပ်စု၏ လေကြောင်းစစ်ဆင်ရေးများအတွက် အသုံးပြုနေသည့် လေတပ်စခန်းများ၊ အရပ်ဘက်လေယာဉ်ကွင်းများ၊ စစ်လေယာဉ်အမျိုးအစားများနှင့် လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဉ်ဆီအသုံးပြုမှုများကို ဖော်ထုတ်တင်ပြထားပါသည်။

ထို့အပြင် နိုင်ငံတကာကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကွန်ရက်များမှတစ်ဆင့် လေယာဉ်ဆီနှင့် ငွေကြေးများ ဆက်လက်စီးဆင်းနေမှုသည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်စေကြောင်း ထောက်ပြထားပြီး၊ သက်ဆိုင်ရာ နိုင်ငံတကာအစိုးရများအနေဖြင့် MOGE၊ MFTB နှင့် MPE အပါအဝင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ထောက်ပံ့ပေးနေသည့် ငွေကြေးနှင့် လေယာဉ်ဆီကွင်းဆက်များ အပေါ် ထိရောက်သော ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် Blood Money Campaign အဖွဲ့မှ တောင်းဆိုပါသည်။

အစီရင်ခံစာကိုအောက်ပါလင့်ခ်တွင်၀င်ရောက်ဖတ်ရှုနိုင်ပါသည်

https://drive.google.com/.../1MY0I2rRUncQJnckCoi0D...

https://www.facebook.com/photo/?fbid=1091276376628291&set=pcb.1091278843294711

မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ဗီယက်နမ်၏ ကြံရာပါပတ်သက်မှု ပိုမိုနက်ရှိုင်းလာJustice For Myanmar တရားမဝင်စစ...
04/09/2026

မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ဗီယက်နမ်၏ ကြံရာပါပတ်သက်မှု ပိုမိုနက်ရှိုင်းလာ

Justice For Myanmar

တရားမဝင်စစ်အုပ်စုခေါင်းဆောင်နှင့် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်အား တရားဝင်ခရီးစဉ်တစ်ရပ် ဖိတ်ကြားခဲ့သည့် ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို Justice For Myanmar က ရှုတ်ချလိုက်သည်။

စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ သွားရောက်ရန် စီစဥ်ထားသော အဆိုပါခရီးစဉ်သည် ဆက်သွယ်ရေးလုပ်ငန်း၊ လေယာဉ်ဆီ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများအပါအဝင် ဗီယက်နမ်နှင့် မြန်မာစစ်တပ်တို့အကြား ကာလရှည်ကြာ တည်ရှိလာသည့် စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးများကို ဆက်လက်ခိုင်မာစေမည် ဖြစ်သည်။

လာမည့်ခရီးစဉ်အတွင်း မင်းအောင်လှိုင်သည် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စီစဉ်ထားပြီး၊ ယင်းဖိုရမ်သည် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများအား စစ်အုပ်စုနှင့် ကြံရာပါပတ်သက်စေမှုကို ပိုမိုနက်ရှိုင်းစေမည်သာဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗီယက်နမ်၏ အကြီးဆုံး နိုင်ငံအဆင့် ရင်းနှီးမြှုပ်နှံမှုမှာ ဆက်သွယ်ရေးလုပ်ငန်း Mytel ဖြစ်ပြီး၊ ယင်းသည် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment၊ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာခရိုနီများအကြား ဖက်စပ်စီမံကိန်းတစ်ရပ် ဖြစ် သည်။

Mytel သည် မင်းအောင်လှိုင်က ကြီးကြပ်ကွပ်ကဲနေသည့် MEC အတွက် အကျိုးအမြတ် အလွန်များသည့် လုပ်ငန်းတစ်ရပ် ဖြစ်သည်။

Mytel လုပ်ငန်းကို ကြီးကြပ်လုပ်ကိုင်သည့် Telecom International Myanmar Company Limited ၏ အမြတ်အစွန်း ခန့်မှန်းတွက်ချက်မှု လျှို့ဝှက်စာရွက်စာတမ်းများအပေါ် Justice For Myanmar က ယခင်လေ့လာဆန်းစစ်မှုများအရ မြန်မာစစ်တပ်သည် ယင်းလုပ်ငန်းတွင် ၎င်းတို့ပိုင်ဆိုင်ထားသည့် ရှယ်ယာများအတွက် ဆယ်နှစ်အတွင်း အမြတ်ဝေစု အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း ဖော်ပြနေသည်။

Mytel သည် မြန်မာစစ်တပ်အတွက် ငွေကြေးထောက်ပံ့မှုအပြင် မဟာဗျူဟာမြောက် စစ်ရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေး ရည်ရွယ်ချက်များအတွက်ပါ အထောက်အကူပြုလျက်ရှိသည်။

Justice For Myanmar က ၂၀၂၀ ခုနှစ်တွင် ဖော်ထုတ်ခဲ့သည့်အတိုင်း Viettel ၏ လက်အောက်ခံကုမ္ပဏီ Viettel Construction သည် မြန်မာစစ်တပ် အခြေစိုက်စခန်းများတွင် Mytel တာဝါတိုင် အနည်းဆုံး ၃၈ ခုကို ဦးဆောင်တည်ဆောက်ခဲ့သည်။ အဆိုပါ တာဝါတိုင်အများစုသည် တိုင်းရင်းသားလူမျိုးစု ဒေသများတွင် တည်ရှိပြီး၊ ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုက်ရိုက်ကျူးလွန် နေသည့် စစ်တပ် တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ရာနေရာများတွင် တည်ရှိသည်။

အဆိုပါ တာဝါတိုင်များအနက် အနည်းဆုံး လေးတိုင်သည် မြန်မာစစ်တပ်၏ လက်နက်ထုတ်လုပ်ရေး စက်ရုံဝင်းများအတွင်း တည်ရှိသည်။

မြန်မာစစ်တပ်၏ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးသည်လည်း Mytel နှင့် လုပ်ငန်းဆိုင်ရာ ဆက်နွှယ်မှုများ ရှိနေပြီး၊ ယင်းမိုဘိုင်းအော်ပရေတာလုပ်ငန်းသည် စစ်တပ်၏ မြေအောက်ဖိုက်ဘာ ဆက်သွယ်ရေး ကေဘယ်လ်ကွန်ရက်ကို အသုံးပြုနေသည်။

ထို့အပြင် Mytel သည် စစ်အုပ်စု၏ ဒစ်ဂျစ်တယ် အာဏာရှင်စနစ်တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ Justice For Myanmar က ဖော်ထုတ်ခဲ့သည့်အတိုင်း Mytel သည် Geedge Networks ၏ ဈေးကွက်စီးပွားဖြစ်ဗားရှင်းအဖြစ် ဖန်တီးထားသည့် တရုတ်နိုင်ငံ၏ အင်တာနက်ပိတ်ဆို့ရေး မဟာရံစနစ်ကို ၎င်း၏ ရန်ကုန်နှင့် မန္တလေး ဒေတာစင်တာများတွင် တပ်ဆင်အကောင်အထည်ဖော် ခဲ့သည်။

ယင်းစနစ်သည် မိုဘိုင်းဖုန်းကွန်ရက် အသုံးပြုမှုများကို တစ်ဦးချင်းအဆင့်အထိ ခြေရာခံနိုင်သည့်အပြင် မိုဘိုင်းအသုံးပြုသူများ၏ တည်နေရာကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိစေနိုင်သည်။

ယင်းစနစ်သည် စစ်အုပ်စုအတွက် နိုင်ငံတစ်ဝန်းရှိ လူ့အခွင့်အရေးကာကွယ်သူများ၊ သတင်းသမားများနှင့် တော်လှန်ရေးအင်အားစုများအား ခြေရာခံရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် သတ်ဖြတ်ခြင်းများ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးလျက်ရှိသည်။

စစ်အုပ်စုအတွက် စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဘဏ္ဍာငွေအကူအညီများ ပေးအပ်မှုကြောင့် Mytel ကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်မှုများ ချမှတ်အရေးယူထားသည်။ ၎င်း၏ မိခင်ကုမ္ပဏီ MEC ကိုလည်း ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေ နှင့် အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ မှတ်တမ်းတင်ထားသော Viettel Global ၏ ကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများအရ ၎င်းတို့ထံသို့ Mytel မှ ပေးဆပ်ရန် ကျန်ရှိ‌နေသည့် ရက်လွန်ချေးငွေ ဗီယက်နမ်ဒေါင် ၉.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၇၅ သန်းခန့်) ရှိကြောင်း ဖော်ပြထားပြီး၊ ယင်းအနက်မှ ဗီယက်နမ်ဒေါင် ၈.၈ ထရီလီယံကို ပြန်လည်ရရှိရန် မဖြစ်နိုင်တော့ဟု သတ်မှတ်ကာ စာရင်းမှ ပယ်ဖျက်ထားသည်။

ယင်းသို့ဖြစ်လင့်ကစား ၎င်း၏ လတ်တလော ထုတ်ပြန်ထားသော ကော်ပိုရိတ်အုပ်ချုပ်မှု အစီရင်ခံစာအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်‌နေ့တွင် Viettel Global ၏ ဒါရိုက်တာအဖွဲ့သည် Mytel ၏ 2600 MHz ကြိမ်နှုန်းလေလံပွဲတွင် ပါဝင်ရန် အတည်ပြုခဲ့သည်။

ဟနွိုင်းခရီးစဉ်မတိုင်မီ မင်းအောင်လှိုင်၏ စိတ်ကူးထဲတွင် Mytel က နေရာယူထားသည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ နေပြည်တော်တွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Le Hoai Trung နှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်သည် Mytel နှင့် အခြားဗီယက်နမ် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ထောက်ခံ ပေးမည်ဟု ကတိပြုခဲ့ပြီး၊ ဆက်သွယ်ရေးကဏ္ဍတွင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ကူညီပံ့ပိုးပေးမည်ဟုလည်း ကတိပြုခဲ့သည်။

ထိုနေ့အစောပိုင်းတွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Trung နှင့် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ၁၀ ကြိမ်မြောက် ဗီယက်နမ်-မြန်မာ ပူးတွဲကော်မတီအစည်းအဝေး၌ နှစ်ဖက်တက်ရောက်သူများသည် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် ပိုမိုစေလွှတ်ခြင်း၊ လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ခြင်းနှင့် လူငယ်အရာရှိများ အပြန်အလှန်ဖလှယ်ခြင်းတို့မှတစ်ဆင့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်။

ဗီယက်နမ်ကုမ္ပဏီများသည် စစ်အုပ်စု၏ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တွင်လည်း ပတ်သက်ဆက်နွှယ်မှုများ ရှိနေသည်။ ယင်းလေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်သည် အရပ်သားပြည်သူများနှင့် ပြည်သူပိုင်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် စစ်အုပ်စု၏ တိုးမြှင့်လုပ်ဆောင်လျက်ရှိသော အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကို အသက်ဆက်ပေးလျက် ရှိသည်။

ယင်းကုမ္ပဏီများအနက်တစ်ခုမှာ Hai Linh Co. Ltd. ဖြစ်သည်။ အဆိုပါဗီယက်နမ်ကုမ္ပဏီသည် Cai Mep ရေနံတင်ချဆိပ်ကမ်းကို ကြီးကြပ်လုပ်ကိုင်နေသည်။

Amnesty International ၏ စုံစမ်းဖော်ထုတ်ချက်အရ အဆိုပါဆိပ်ကမ်းကို မြန်မာနိုင်ငံသို့ ဦးတည်သည့် လေယာဉ်ဆီများ ထပ်ဆင့်လွှဲပြောင်းတင်ဆောင်ရန်နှင့် လောင်စာဆီ၏ အမှန်တကယ် ဦးတည်ရာနေရာကို ဖုံးကွယ်ရန်တို့အတွက် အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့သည်။

အခြားဗီယက်နမ်ကုမ္ပဏီနှစ်ခုသည်လည်း ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ခဲ့သည့် LS MERCURY (ယခင်အမည် MT. YONG SHENG 56)၊ IMO နံပါတ် ၉၆၅၇၅၀၇ သင်္ဘောနှင့် ဆက်နွှယ်နေသည်။

Allsea Management JSC သည် LS MERCURY သင်္ဘော၏ စီးပွားရေးစီမံခန့်ခွဲသူနှင့် ISM စီမံခန့်ခွဲသူကုမ္ပဏီ ဖြစ်ပြီး၊ Legendsea Co. Ltd. သည် အဆိုပါသင်္ဘော၏ ပိုင်ရှင်ဖြစ်သည်။

လေယာဉ်ဆီကဏ္ဍအပြင် ဗီယက်နမ်သည် မြန်မာနိုင်ငံသို့ စစ်ဘက်သုံးဆက်သွယ်ရေးပစ္စည်းများ လွှဲပြောင်းပို့ဆောင်ရာတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့သည်။ ဗီယက်နမ်ကုမ္ပဏီ OSB Investment and Technology JSC နှင့် ၎င်း၏ မြန်မာမိတ်ဖက်ကုမ္ပဏီဖြစ်သော A1 အုပ်စု၏လက်ခွဲ Terabit Wave သည် ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများနှင့် စွမ်းရည်များကို မြန်မာစစ်တပ်သို့ ၂၀၁၄ ခုနှစ်ကတည်းက ထောက်ပံ့ပေးနေခဲ့သည်။

ယင်းတွင် စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ဂျာမနီနိုင်ငံ ND SatCom ကုမ္ပဏီထုတ် ဂြိုလ်တုဆက်သွယ်ရေးသုံးမိုဒမ်များကို ဗီယက်နမ်နိုင်ငံမှ မြန်မာစစ်တပ် ထောက်ပံ့ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ပို့ဆောင်ပေးခဲ့မှုလည်းပါဝင်ပြီး၊ ယင်းကိစ္စသည် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

Telecom International Myanmar၊ Viettel Global Investment၊ Hai Linh၊ Allsea Management၊ Legendsea၊ OSB Investment and Technology တို့နှင့် ယင်းကုမ္ပဏီတို့၏ အဓိကတာဝန်ရှိသူများ အပါအဝင် စစ်အုပ်စုကို ဘဏ္ဍာငွေ၊ စစ်ရေးသုံးပစ္စည်းကိရိယာများနှင့် လေယာဉ်ဆီများ ထောက်ပံ့ပေးနေသည့် ပိုမိုကျယ်ပြန့်သော ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ ပါဝင်သည့် ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က ဆက်လက်တောင်းဆိုပါသည်။

မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် လက်ခံကြိုဆိုခြင်း၊ တရားမဝင်အကြမ်းဖက် အကျင့်ပျက်ခြစားနေသော စစ်အုပ်စုနှင့် စီးပွားရေးဆက်လက်လုပ်ကိုင်ခြင်းများဖြင့် ဗီယက်နမ်သည် စစ်အုပ်စုထံ ငွေကြေးများစီးဆင်းစေရန် ကူညီနေပြီး၊ ရာဇဝတ်စစ်အုပ်စုကို ကျောထောက်နောက်ခံပေးကာ ၎င်းတို့ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် စစ်အုပ်စုထံသို့ စစ်ရေးသုံး ပစ္စည်းကိရိယာများ၊ နည်းပညာနှင့် ဘဏ္ဍာငွေများ လွှဲပြောင်းပေးနေမှုအားလုံးကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး၊ စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ရမည် ဖြစ်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင်စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ဖို့ ဗီယက်နမ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ စီးပွားရေးပတ်သက်မှုတွေကတစ်ဆင့် စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေမှုကို ပိုမိုနက်နက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် Justice For Myanmar က ရှုတ်ချပါတယ်။

Mytel မှတစ်ဆင့် ဗီယက်နမ်က ပေးအပ်နေတဲ့ ဝင်ငွေတွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့တွေက မြန်မာစစ်တပ် လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။

အရပ်သားတွေကို သတ်ဖြတ်နေတဲ့၊ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဥ်းပန်းမှုတွေကို ကျူးလွန်နေတဲ့၊ လူအစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေကို ဖြစ်စေတဲ့၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေမှတစ်ဆင့် ဒေသတွင်းမတည်ငြိမ်မှုကို ဖြစ်ပေါ်စေတဲ့ စစ်အုပ်စုကို ကျောထောက်နောက်ခံပြု ထောက်ပံ့နေတာတွေကို ဗီယက်နမ်နိုင်ငံအနေနဲ့ ရပ်တန့်ရမှာ ဖြစ်ပါတယ်။

ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ် ဆို့မှုတွေ ချမှတ်ခြင်းဖြင့် အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ဗီယက်နမ်ရဲ့ ကြံရာပါနေမှုအပေါ် တုန့်ပြန်အရေးယူဆောင်ရွက်ရပါမယ်” ဟု ပြောကြားခဲ့သည်။

စစ်ဘုရင်ကိုကြိုဆိုသည့် ထိုင်းအစိုးရသည် အာဆီယံကိုပါ မြောင်းထဲဆွဲချနေSpecial Advisory Council for Myanmar ထိုင်းနိုင်ငံ၏ က...
02/09/2026

စစ်ဘုရင်ကိုကြိုဆိုသည့် ထိုင်းအစိုးရသည် အာဆီယံကိုပါ မြောင်းထဲဆွဲချနေ

Special Advisory Council for Myanmar

ထိုင်းနိုင်ငံ၏ ကိုယ်ကျိုးအတွက်သာကြည့်၍ စစ်ရာဇဝတ်မှုကျူးလွန်သူအဖြစ်စွပ်စွဲခံထားရသူ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိတွေဆက်ဆံမည့်ဆုံးဖြတ်ချက်သည် မြန်မာ့အရေး အာဆီယံ၏ လက်ကျန်ဘုံသဘောထားကို တစ်စစီ ရိုက်ချိုးလိုက်ပြီး စစ်အုပ်စု၏ ရက်စက်မှု နှင့် ခေါင်းမာမှုကို ထပ်မံအားပေးအားမြှောက်ပြုလိုက်သည့် လုပ်ရပ်ဖြစ်သည်။

မကြာသေးခင်က မင်းအောင်လှိုင်သွားရောက်လည်ပတ်ခဲ့သည့် ထိုင်းနိုင်ငံခရီးမှ ပြန်ရောက်လာပြီး နောက်တစ်နေ့တွင် စစ်အုပ်စုသည် ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro ၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။

ထို့ပြင် စစ်အုပ်စုသည် Lazaro နေရာအား ဆက်ခံမည့်သူကို ခန့်အပ်ရန်ပြင်ဆင်နေသည့် နောက်နှစ်အလှည့်ကျအာဆီယံဥက္ကဋ္ဌ စင်ကာပူနိုင်ငံကိုလည်း အာဆီယံအထူးသံတမန်ရာထူး မလိုအပ်တော့ကြောင်း ကြိုတင်သတိပေးလိုက်သည်။

နိုင်ငံတစ်ဝန်း ရက်စက်ကြမ်းကြုတ်မှုများကျူးလွန်၍ သောင်းနှင့်ချီသောပြည်သူအား သတ်ဖြတ်၊ သန်းပေါင်းများစွာကို နေရပ်စွန့်ခွာထွက်ပြေးရအောင်လုပ်ကာ ဒေသတွင်းအကျပ်အတည်းတစ်ခု ဖြစ်ပေါ်လာအောင် ဖန်တီးလာခဲ့သော စစ်အုပ်စုသည် အတင့်ရဲလွန်းနေပြီး ယခုအခါ အာဆီယံကို ၎င်းအပေါ် “ခွဲခြားဆက်ဆံသည်” ဟု စွပ်စွဲကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုလည်း “တုန့်ပြန်မှုများ” လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်နေသည်။

မင်းအောင်လှိုင်ကို မဆင်မခြင်လက်ခံကြိုဆိုခဲ့သော ထိုင်းနိုင်ငံဝန်ကြီးချုပ် Anutin Charnvirakul ၏ အမှားသည် အာဆီယံအတွက်သာမက အထူးသဖြင့် မြန်မာပြည်သူများအပေါ် အလွန်ဆိုးရွားသော သက်ရောက်မှုများ ကျရောက်စေသည်။

မင်းအောင်လှိုင်၏ ဘန်ကောက်ခရီးစဉ်အပြီးတွင် စစ်အုပ်စုက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရေဘေးသင့်ပြည်သူများကို တိုက်ရိုက်ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လူသားချင်းစာနာမှုအကူအညီများ မဝင်ရောက်နိုင်အောင် တားဆီးပိတ်ပင်ကာ ပြည်သူများ အဆုံးစွန်အထိ ဆင်းရဲဒုက္ခရောက်အောင် ဆောင်ရွက်လာခဲ့သည်။

“ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အခြေခံသဘောတရားကိုပင် နားလည်ခြင်းမရှိနေသည့်အပြင် ဦးတည်ချက်လည်းကင်းမဲ့နေတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Khun Kasit Piromya ကပြောသည်။

“ပြီးရင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း သူရဲ့ ရောင်းရင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို လုံးဝသစ္စာဖောက်လိုက်တယ်။ နှစ်ယောက်စလုံးက သူတို့တန်ဖိုးထားလှပါတယ်ဆိုတဲ့ ဒီမိုကရေစီစံတန်ဖိုးတွေ၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာတာဝန်ဝတ္တရားတွေကို မေ့ထားလိုက်ကြတယ်၊ ဒါမှမဟုတ်လည်း လျစ်လျူရှုဖို့ ရွေးချယ်လိုက်ကြတယ်” ဟု Khun က ဆက်ပြောသည်။ “ထိုင်းနိုင်ငံအတွက်၊ အာဆီယံအတွက်နဲ့ အထူးသဖြင့် မြန်မာပြည်သူတွေအတွက် နောက်ဆက်တွဲအကျိုးဆက်တွေက အတော်လေးကို ဆိုးရွားပါတယ်။”

မယုံနိုင်စရာကောင်းလောက်အောင်ပင် ခရီးစဉ်အတွင်း အကြမ်းဖက်မှုများလျော့ချရေး၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့် လူသားချင်းစာနာမှုအကူအညီများ ဝင်ရောက်ခွင့်ပြုရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံက မင်းအောင်လှိုင်ထံမှ မည်သည့် ကတိကဝတ်တစ်ခုတစ်လေမျှပင် ရယူခဲ့ခြင်းမရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ကိုယ်တိုင်က မကြာသေးခင်ကဝန်ခံခဲ့သည်။

“သံတမန်ဆက်ဆံရေးမှာ တစ်ခါတစ်လေ ချက်ချင်း ကတိကဝတ်တွေပေးဖို့ သိပ်မလိုအပ်ဘူး” ဟု ၎င်းကပြောခဲ့သည်။ ထို့ပြင် စစ်အုပ်စုကို “စဉ်းစားချိန်” ပေးရန် ရည်ရွယ်သည်ဟုလည်း ၎င်းကဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသည် ညှင်းပန်းနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်း နှင့် နိုင်ငံရေးအကျဉ်းသားများအား သတ်ဖြတ်ခြင်း အစရှိသည့်ရက်စက်ကြမ်းကြုတ်မှုများကို အမိန့်ပေးညွှန်ကြားခဲ့သူဖြစ်သည့် စစ်အုပ်စု၏ ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုလက်ခံတွေ့ဆုံရန် ပြင်ဆင်နေပြန်သည်။ ဤလုပ်ရပ်သည် ထိုင်းနိုင်ငံကို ပို၍ပင် အရှက်တကွဲအကျိုးနည်းဖြစ်စေလိမ့်မည်။

မင်းအောင်လှိုင်သည် လပိုင်းသာကျန်တော့သည့် ဖိလစ်ပိုင်နိုင်ငံ၏ လက်ကျန်အာဆီယံဥက္ကဋ္ဌသက်တမ်းကုန်ချိန်ကိုစောင့်ပြီး လာမည့်နှစ် စင်ကာပူဥက္ကဋ္ဌသက်တမ်းတွင် အဆက်အဆံမလုပ်ပဲနေကာ ၂၀၂၈ ခုနှစ် ထိုင်းနိုင်ငံ အာဆီယံဥက္ကဋ္ဌဖြစ်လာမည့်အချိန်အထိ လက်ရှိအခြေအနေကိုထိန်းထားနိုင်ရန် မျှော်လင့်နေသည်မှာ သိသာသည်။

ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် တီမောလက်စတေနိုင်ငံတို့အနေဖြင့် မြန်မာစစ်အုပ်စုကိုတားဆီးရန်နှင့် ထိုင်းနိုင်ငံကို အာဆီယံနှင့် တစ်စုတစ်စည်းတည်း ပြန်လည်ပူးပေါင်းလာအောင် ဖိအားပေးရန် ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ကြရမည်။

ထို့ပြင် ဖိလစ်ပိုင်နှင့် စင်ကာပူတို့သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံမှထွက်ခွာရန် ဖိအားပေးခံခဲ့ရသူများအပါအဝင် သက်ဆိုင်ရာလူနည်းစုလူမှုအသိုင်းအဝိုင်းများ အစရှိသည့် တရားဝင်မှုရှိသောပါဝင်သူအစုအဖွဲ့များနှင့် တရားဝင်ဆက်ဆံရေးတည်ဆောက်ရန် အမြန်ဆုံး လက်တွဲပူးပေါင်းဆောင်ရွက်ရမည်။

ဤသက်ဆိုင်ပါဝင်သူအစုအဖွဲ့များသည် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက် လိုအပ်သောအခြေခံအုတ်မြစ်များကို ကိုယ်တိုင်ထုဆစ်ပုံဖော် နေသူများဖြစ်ကြရာ ၎င်းတို့ကို အာဆီယံက အားပေးပံ့ပိုးကူညီရမည်။

ထို့ပြင် အာဆီယံသည် ဘုံသဘောတူညီချက်ငါးရပ်တွင် ချမှတ်ထားသည့်အတိုင်း အကူအညီလိုအပ်နေသောပြည်သူများ အားလုံးထံသို့ လူသားချင်းစာနာမှုအကူအညီများ ပိုမိုတိုးမြှင့်ပံ့ပိုးနိုင်အောင် ဆောင်ရွက်ရမည်။

စစ်ဘုရင်ကို လက်ခံကြိုဆိုလိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံသည် မိမိအပေါ်အများယုံကြည်မှု လုံးဝကင်းမဲ့ သွားအောင် လုပ်ဆောင်လိုက်ပြီး လူသားချင်းအတူတူ နယ်စပ်တစ်ဖက်ခြမ်းမှ မြန်မာပြည်သူများ၏ လူ့ဂုဏ်သိက္ခာနှင့် ဆင်းရဲဒုက္ခများကို အရာမသွင်း၊ အလေးမထားကြောင်း ပြသလိုက်သည်။

Photos - Royal Thai Government, AFP

Address

UT

Alerts

Be the first to know and let us send you an email when Salween Press posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Salween Press:

Shortcuts

  • Want your business to be the top-listed Media Company?

Share