CMMI Infotainment

  • Home
  • CMMI Infotainment

CMMI Infotainment Crosshairs Myanmar Media and Infotainment

ရာဇဝင်ရိုင်းလိုက်တာ ခွေးက ခွေးနေရာမနေဘူး ပုံက AI မဟုတ်ဘူးနော်နာတက်ကျပါစေ ထွီ 😡😡😡
28/07/2026

ရာဇဝင်ရိုင်းလိုက်တာ ခွေးက ခွေးနေရာမနေဘူး ပုံက AI မဟုတ်ဘူးနော်
နာတက်ကျပါစေ ထွီ
😡😡😡

ကြက်ဥတလုံး ၇၀၀ မကလို့ ၁၀၀၀ ဖြစ်လဲဇာတ်မင်းသားကို သိန်းထောင်ချီ ဆုချ တဲ့သူက ချနေဦးမှာပဲ….မီးဘယ်လောက်ပျက်ပျက် EV ကားစီးတဲ့ ...
28/07/2026

ကြက်ဥတလုံး ၇၀၀ မကလို့ ၁၀၀၀ ဖြစ်လဲ
ဇာတ်မင်းသားကို သိန်းထောင်ချီ ဆုချ တဲ့သူက ချနေဦးမှာပဲ….

မီးဘယ်လောက်ပျက်ပျက် EV ကားစီးတဲ့ လူတန်းစားကသပ်သပ်ရှိမှာပဲ….

တပြည်လုံးက လူငယ် လူရွယ် စစ်မှုထမ်းလည်း
သူတို့သားသမီးက ဘားကလပ် တက် မပျက်ဘူး…။

သူများနိုင်ငံစစ်မှုထမ်းဥပဒေဆိုတာ…
ဘုရင်သားကအစ ရုပ်ရှင်မင်းသားအဆုံး ယာယီ ဘုန်းကြီးပါမကျန် တန်းတူထမ်းရတာမျိုး…

အချိန်တန် အိမ်ပြန်ရောက်တယ်…
မပြန်လမ်းပို့ခံရတာ ခင်ဗျားတို့သားသမီးပဲ…

ပေါင်းစားတတ်သူက တော့ခေတ်ပျက်လေ ကောင်းစားလေပဲ…

ဘယ်အစိုးရတက် တက် ကိုယ်လုပ်မှ ကိုယ်စားရမှာဆိုတဲ့ လောဂျစ်က သူတို့ဆီက လာတာ….

ခေတ်ပြောင်း စနစ်ပြောင်းရင် လွယ်လွယ်ချောင်ချောင်စီးပွါးရှာမရတော့မှာ စိုးတဲ့ ဝိသမစီးပွါးရေးသမားရယ်…

ဘေ့ာပင်တချောင်းနဲ့ တောင်းရမ်းစားတဲ့ အဂတိဝန်ထမ်းရယ်…
ခိုးထားဝှက်ထားသမျှ ပြည်သူပိုင် သိမ်းခံရမှာမို့…

Sစ်တပ်ကို ကျောထောက်နောက်ခံလုပ်
တိုးတိုးတိတ်တိတ်ထောက်ပံ့နေတာ ဒီလူတန်းစားတရပ် ပဲ….

ခေတ်ပြောင်းမှာ ကြောက်တဲ့ လူတန်းစားပေါ့…

အဲဒီလူတန်းစားကပဲ ခင်ဗျားတို့ ကျွန်တော်တို့
လူမှုနေစဉ် ဘဝနဲ့ အတွေးအခေါ် ယဉ်ကျေးမှုအဆုံး အကုန်လုံးကို ထိန်းချုပ်ထားတာ…

တန်းတူအခွင့်အရေးဆိုတာ သူတို့အကြောက်ဆုံးစကားပဲ…

ဒီလူတန်းစားတွေ ပျော်မော် နေတဲ့ပွဲတွေမှာ သံယောင် လိုက် ပျော်နေတာက…

သားသည်သမား ခြင်းထဲက
စဉ့်လှီးတုံးဆီ မရောက်ခင် တွန်နေတာမျိုး…

အားလုံးစစ်မှန်တဲ့ အပျော်
စစ်မှန်သော လွတ်မြောက်မှု အမြန်ဆုံးရရှိနိုင်ကြပါစေ…

ဇာတ်ပွဲတခုရဲ့ video ဖိုင်လေးတခု ကို စိတ်ထဲမခံစားနိုင်လို့ ရေးမိတာပါ…

မေတ္တာဖြင့်…
July 26.2026

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်မှာ လူလတ်တန်းစား ပျောက်သွားပါတယ်။ရှိနေပြီးသား လူတွေ ပိုပို ချမ်းသာလာသလို ဆင်းရဲတဲ့ သူ...
27/07/2026

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်မှာ လူလတ်တန်းစား ပျောက်သွားပါတယ်။

ရှိနေပြီးသား လူတွေ ပိုပို ချမ်းသာလာသလို ဆင်းရဲတဲ့ သူတွေ ပိုပို ဆင်းရဲသွားကြပါတယ်။

မြန်မာပြည်လို နိုင်ငံမျိုးမှာ ပညာနဲ့ လုပ်စားလို့ မရတော့ပဲ ရှိနေတဲ့ နိုင်ငံဘဏ္ဍာကို ခိုးစား၊ ပေါင်းစားမှ ကြီးပွားလာတဲ့ အဆင့် ဖြစ်သွားကြပါတယ်။

နိုင်ငံ့ငွေကြေးက တန်ဖိုး မရှိတဲ့အခါ ပစ္စည်းတွေဟာ အလိုလို တန်ဖိုး တက်လာပါတယ်။

ဒါကြောင့်လည်း တိုင်းပြည်မှာ အမြင်သာဆုံးက အိမ်ခြံမြေ၊ ကားဈေးတွေ တက်လာရတာပါ။

လူလတ်တန်းစားဆိုတာ ရေပေါ်ဆီ လူတန်းစား မဟုက်ပါဘူး။ သူတို့ဟာ အခြေခံလူတန်းစား ဘဝကနေ ပညာကို အမှီပြုပြီး လူတန်းစား တဆင့် ပြောင်းလဲလာသူတွေပါ။

လူလတ်တန်းစား ဆိုတာ ပညာကို မှီပြီး လုပ်ကြတဲ့ သူတွေ ဖြစ်လို့ တိုင်းပြည်တိုးတက်မှုရဲ့ အဓိက မောင်းနှင်အား ဖြစ်ပါတယ်။

အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း တိုင်းပြည်ကို ပညာနဲ့ မောင်းနှင်တာ မဟုက်တော့ပဲ အာဏာနဲ့ မောင်းနှင်တာ ဖြစ်လာပါတယ်။

စစ်တပ်နဲ့ ပနံသင့်တဲ့ လူတွေဟာ လုပ်ပိုင်ခွင့် ရလာပြီး အကျိုးစီးပွား ဖြစ်လာတာကို စီးပွားရေး လုပ်တာ လို့ ထင်လာကြပါတယ်။

ဒီလူတွေဟာ ကမ္ဘာ့အဆင့်ကို ယဉ်ဘောင်တန်းဖို့ မပြောနဲ့။ အာဆီယံမှာတောင် လူစဉ် မမှီတဲ့ အသိအမှတ် မပြုခံရတဲ့ လူတန်းစားတွေပါ။

စစ်တပ်မှာ ရာထူးရရှိသူတွေ၊ လုပ်ပိုင်ခွင့် ရှိသူတချို့ဟာ အကျိုးစီးပွား မြတ်မြတ်ရမယ့် ဂွင်ပေါက်ကို မိသားစု အမည်ခံ ကုမ္ပဏီထောင်ပြီး လုပ်စားကြတာမျိုးက စီးပွားရေး လုပ်တယ် လို့ မခေါ်ပါ။

အရပ်သားအစိုးရခေတ်မှာ ပညာတက်တွေ များလာတော့ ပညာမတက်တဲ့ စစ်တပ်အရာရှိဟောင်း အမည်ခံ စီးပွားရေးသမားတွေဟာ ဘာမှ လုပ်မရ ဖြစ်လာပါတယ်။

သူတို့ဟာ နဂိုကတည်းက စီးပွားရေးလုပ်တက်တာ မဟုက်ပဲ အာဏာရှိသူတွေနဲ့ ပေါင်းပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ လူတန်းစား ဖြစ်ပါတယ်။

သာမန်ပြည်သူတွေ၊ ပညာတက်အလွှာတွေ ဝင်လို့ မရအောင် ကြိုးနီစနစ်တွေ မျိုးစုံသုံးပြီး ကာထားသလို ၎င်းတို့ကြတော့ အကိုကြီး ညီလေးနဲ့ လက်မှတ်ထိုး ငွေကဲ့နေကြတာမျိုးပါ။

ဒီလို လူတန်းစား ရှိလေလေ တိုင်းပြည်မွဲလေလေ ဖြစ်ပြီး ၎င်းတို့ လက်တဆုပ်စာ လူတစ်စုသာ ကြီးပွားပေမယ့် တိုင်းပြည်ကတော့ မွဲသွားပါတယ်။

တိုင်းပြည်တိုးတက်မှု ကောင်းဖို့ ဆိုတာ လူကောင်း ပညာတက်တွေ များမှ ကြီးပွားလာတာပါ။

ယနေ့ကမ္ဘာမှာ အတော်ဆုံး စီးပွားရေးသမားတွေဟာ ပညာတက်အလွှာတွေ များပါတယ်။

သူတို့ကသာ လူတန်းစားပေါင်းစုံကို ဆွဲတင်ပေးနိုင်တာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ ပေါင်းစားသူတွေ၊ အမည်ခံ အရာရှိဟောင်း လုပ်ငန်းရှင်ဆိုသူတွေဟာ ကိုယ်ကျိုးစီးပွားသာ ကြည့်ပြီး အနှိမ့်ဆုံး စစ်တပ် အသိုင်းအဝိုင်းတွက်တောင် အကျိုးမပြုကြတဲ့ လူတန်းစားပါ။

တပ်ထွက် လူတချို့တလေကို ခြံစောင့်လို အလုပ်လေး ပေးထားနိုင်တာကို ဂုဏ်ယူနေကြတဲ့ အဆင့်ပဲ ရှိကြပါတယ်။

တိုင်းပြည်ဆင်းရဲရင် ကုန်ဈေးနှုန်းကြီးလာပါတယ်။

နိုင်ငံတခုရဲ့ သုံးစွဲနိုင်စွမ်း နှိမ့်ကျသွားတာကလည်း ဆင်းရဲစေတဲ့ အချက်ပါပဲ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ ထုတ်လုပ်နိုင်စွမ်းက ကျဆင်းသွားပါတယ်။

လူတွေ အလုပ်မလုပ်နိုင်တဲ့အခါ ဝင်ငွေ လျော့ကျသွားပါတယ်။ ဝင်ငွေလျော့ကျတာက တနိုင်ငံလုံး ဖြစ်လာတဲ့အခါ စီးပွားရေး ကျလာပါတယ်။

စီးပွားရေးကျတော့ ငွေကြေးဖောင်းပွလာပြီး ဝယ်ယူနိုင်စွမ်း နည်းပြီး လူထုဟာ ‌ကုန်ဈေးတက်တာ ခံလာကြရပါတယ်။

ဒါကို အဆင်း ဘီးတပ်ပေးတာက စစ်အုပ်စုရဲ့ တလွဲတချော် စီးပွားရေးမူဝါဒတွေပါ။

ရီစရာအကောင်းဆုံးက နိုင်ငံခြားငွေကြေးနည်းလို့ ဆိုပြီး သွင်းကုန်ပိတ်လိုက်တာမျိုးပါ။

"ခြွေတာရမယ်" ဆိုတဲ့ စစ်တပ် ဝေါဟာရကို တိုင်းပြည်ထဲ သွက်သွင်းလိုက်တဲ့အခါ တိုင်းပြည်ပါ ပျက်ပါတယ်။

စစ်တပ်ထဲမှာလည်း "ခြွေတာရမယ်" ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပေမယ့် ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ တသက်စားမကုန်အောင် ချမ်းသာပြီး အောက်ခြေ စစ်တပ်မိသားစုတွေကိုတော့ မငတ်ရုံ တမယ် ထားတာမျိုးပါ။

အလုပ်အကိုင်အခွင့်အလမ်းလည်း မဖန်တီးပေးနိုင်၊ ဝင်ငွေတက်အောင်လည်း မဖန်တီးပေးနိုင်၊ အစစအရာရာ လိုက်ပိတ်ပင်တဲ့အခါ ကုန်ဈေးဟာ အလိုလို ကြီးလာပါတယ်။

ပစ္စည်းရှားပါးခြင်းကလည်း ကုန်ဈေးတက်စေတဲ့ အချက်ဖြစ်ပြီး လက်ရှိကာလမှာ သွင်းကုန်ကို ပိတ်ထားပေမယ့် ခိုးသွင်းနေကြတာကလည်း စစ်တပ်အုပ်စုပဲ ဖြစ်ပါတယ်။

ကိုယ်ပြောထားတာ ကိုယ်ပြန်ချိုးဖောက်တာ ကမ္ဘာမှာ မြန်မာပဲ ရှိပါတယ်။

နောက်ပြီးဆင်းရဲလာတဲ့အခါ မူးယစ်ဆေး၊ ‌တင်သွင်းဖြန့်ချီတဲ့ ကွန်ယက်ကြီးထွားလာပါတယ်။

မြန်မာနိုင်ငံဟာ တနှစ်ကို အမေရိကန်‌ဒေါ်
လာ(၁၀)ဘီလီယံထက် မနည်း ဝင်ငွေရှိနေတဲ့ လုပ်ငန်းက မူးယစ်ဆေးဝါးကွန်ယက်ပါ။

ဒီလုပ်ငန်းက ပြည်ပကို ဆန်တင်ပို့တာထက် (၁၀)ဆ ဝင်ငွေ ပိုများပါတယ်။

မူးယစ်ဆေးလုပ်ငန်းတွေ ဘာကြောင့် ပိုများလာလဲဆို စစ်တပ် နဲ့ စစ်ဆေးရေးဂိတ်တွေကြောင့်ပါ။ ဂိတ်တွေ များတာဟာ ယေဘုယျအားဖြင့် တားဆီးဖို့ ဖြစ်တယ် ဆိုပေမယ့် တကယ်တမ်းကျ လွက်လမ်း ပိုလွယ်လာပါတယ်။

ဥပမာ- မန္တလေးကနေ ရန်ကုန်ကို ကုန်ကား သွားရင် လမ်းကြေးက သိန်း(၅၀)ကုန်တယ် ဆိုပါစို့။

ခင်များ ဈေးနည်းတဲ့ ကုန်သယ်မလား ဈေးများတဲ့ ကုန်သယ်မလား စဉ်းစားလို့ ရပါပြီ။

အဲလိုပဲ ဂိတ်တွေများတော့ တရားဝင်ကုန်သယ်ပြီး သွားကြည့်ရင် အရစ်ခံရ၊ အမျိုးမျိုးအတောင်းခံရပါလိမ့်မယ်။ ဘာကြောင့်ဆို စစ်ဆေးရေးဂိတ်တွေဟာ ငွေရပေါက်နည်းတဲ့ ကုန်ကားတွေဆို တမင်ကို ရစ်တာမျိုးပါ။

ဆိုတော့ မူးယစ်ဆေးဝါး သယ်တဲ့ သူတွေက ဂိတ်တွေကို သိန်းရာချီပေးပြီး ဖြတ်ရင် အဆင်ပြေလာကြပါတယ်။

ယခင်တုန်းက မူးယစ်ဆေးဝါးသယ်ရင် ကားသေးတွေ သယ်နေကြရကနေ အခုဆို တွဲကားအစီးလိုက် ရန်ကုန်ထိ သယ်နေကြတာပါ။

ရန်ကုန်ကနေတဆင့် မလေးရှားဘက်ကို ကုန်တင်သင်္ဘောကြီးတွေနဲ့ အေးအေးဆေးဆေး သယ်ယူနေကြတာ ဖြစ်ပါတယ်။

ဒီလမ်းကြောင်းတွေဟာ စစ်တပ်ကြီးစိုးထားတဲ့ လမ်းကြောင်းဖြစ်ပြီး စစ်ဆေးရေးဂိတ် ရာချီ ရှိနေတဲ့ လမ်းကြောင်းပါ။

ရန်ကုန်မှာတောင် ‌WYက ကျပ်(၅၀၀)(၁၀၀၀)လောက်နဲ့ ဝယ်လို့ ရတဲ့အထိ ဖြစ်ကုန်ပါတယ်။

တိုင်းပြည်ဆင်းရဲလာရင် အလုပ်လက်မဲ့ ပေါလာပါတယ်။
အာဏာသိမ်းပြီး(၅)နှစ် ကျော်လုံးလုံးမှာ အခြေခံလူတန်းစားဘဝတွေ ပျက်နေကြတာပါ။ခခောတ်ပျက်ပြီး

တိုင်းပြည်တဖြေးဖြေးဆင်းရဲလာခြင်း ကြောင့်ငတ်လာတဲ့ လူတွေဟာ ဘာမဆို လုပ်ကြမယ့် လူတန်းစားတွေကို ပိုများလာစေပါတယ်။

Crd ....

မူဝါဒလွဲချော်မှုနှင့် အငတ်ဘေးဆိုက်ရောက်လာနိုင်သည့် မြန်မာနိုင်ငံလက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများသ...
24/07/2026

မူဝါဒလွဲချော်မှုနှင့် အငတ်ဘေးဆိုက်ရောက်လာနိုင်သည့် မြန်မာနိုင်ငံ

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများသည် နိုင်ငံရေးအခင်းအကျင်းသက်သက်တွင် ရပ်မနေတော့ဘဲ ပြည်သူတရပ်လုံး၏ အသက်ရှင်ရပ်တည်ရေး၊ အထူးသဖြင့် စားရေရိက္ခာ ဖူလုံရေးကို တိုက်ရိုက်ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။ နိုင်ငံတဝန်း ဖြစ်ပွားနေသော မတည်ငြိမ်မှုများနှင့် မူဝါဒပိုင်းဆိုင်ရာ မှားယွင်းမှုများကြောင့် မကြာမီကာလအတွင်း မြန်မာနိုင်ငံသည် လူလုပ်ဆာလောင်မွတ်သိပ်မှုနှင့် အငတ်ဘေးကြီး ဆိုက်ရောက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

တိုင်းပြည်၏ ဘဏ္ဍာရေး အရင်းအမြစ်များကို မည်သို့ စီမံခန့်ခွဲသည်ဆိုခြင်းက ထိုနိုင်ငံ၏ ဦးစားပေးမှုကို ဖော်ပြသည်။ လက်ရှိတွင် တိုင်းပြည်၏ ဝင်ငွေလမ်းကြောင်းများ ကျဆင်းနေချိန်၌ မင်းအောင်လှိုင်ဦးဆောင်သော ရွေးတုအစိုးရ၏ အဓိက ဦးစားပေးလုပ်ငန်းမှာ ပြည်သူလူထုကို ကာကွယ်ရန်ထက် ဖိနှိပ်သတ်ဖြတ်ရန်အတွက်သာ လက်နက်ခဲယမ်းများနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များကို နိုင်ငံခြားငွေ အမြောက်အမြားသုံးစွဲကာ ဆက်လက်ဝယ်ယူနေခြင်းပင် ဖြစ်သည်။ ဤသို့ လက်နက်ဝယ်ယူမှုအတွက် နိုင်ငံခြားငွေကို ဦးစားပေး ထုတ်ပေးနေရခြင်းကြောင့် တိုင်းပြည်၏ အရန်နိုင်ငံခြားငွေများ တစတစ ဆိတ်သုဉ်းလာသည်။ ရလဒ်အနေဖြင့် နိုင်ငံခြားငွေ လိုအပ်ချက် အလွန်အမင်း မြင့်မားလာကာ ပြည်သူတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်သော ဆေးဝါး၊ စက်သုံးဆီ၊ စိုက်ပျိုးရေးသုံး ကုန်ကြမ်းများနှင့် စက်မှုကုန်ကြမ်း တင်သွင်းမှုများကို တင်းကျပ်စွာ ပိတ်ပင်ကန့်သတ်လိုက်ရသည်။

အကျိုးဆက်အနေနဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူးရိုးမအနီးတဝိုက်နဲ့ တိုင်းရင်းသားဒေသအများအပြားမှာ တိုက်ပွဲတွေ၊ လုံခြုံရေးအန္တရာယ်တွေကြောင့် လယ်ယာမြေတွေကို စွန့်ခွာထားရတာ၊ စိုက်ပျိုးချိန် လွဲချော်တာ၊ ရိတ်သိမ်းဖို့ မဖြစ်နိုင်တော့တာတွေ ကြုံတွေ့နေရပါတယ်။ လယ်မြေရှိပေမယ့် စိုက်မယ့်လူ မရှိ၊ စိုက်ချင်ပေမယ့် မျိုးစေ့၊ ဓာတ်မြေသြဇာနဲ့ လောင်စာဆီ မလုံလောက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

စိုက်ပျိုးရေးတင် မဟုတ်ပါဘူး။

အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေကလည်း ကုန်ကြမ်းရှားပါးမှု၊ စက်ပစ္စည်းအပိုပစ္စည်း မရရှိမှု၊ ထုတ်လုပ်စရိတ် မြင့်တက်မှုတွေနဲ့ ရုန်းကန်နေရပါတယ်။ ထုတ်လုပ်မှုကျလာတဲ့အခါ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းရှားပါးလာပြီး ဈေးနှုန်းတွေက ဆက်တိုက်မြင့်တက်လာပါတယ်။

ဒီကြားထဲမှာ ပြည်သူတွေရဲ့ ဝင်ငွေကတော့ တိုးမလာပါဘူး။

အခြေခံစားသောက်ကုန် တခါဝယ်ရင် မနေ့ကထက် ပိုဈေးကြီးလာတယ်။ မိသားစုတစ်စုရဲ့ လစဉ်အသုံးစရိတ်က တိုးလာပေမယ့် ဝင်ငွေက မလိုက်နိုင်တော့ဘူး။ အရင်က အာဟာရပြည့်အောင် စားနိုင်တဲ့ မိသားစုတွေတောင် အခုတော့ "ဒီနေ့ ဘာစားမလဲ" ဆိုတာကို အရင်ဆုံး စဉ်းစားနေရတဲ့ အခြေအနေတွေ ပိုများလာပါတယ်။

တချိန်က "အာရှ၏ ဆန်စပါးကျီ" လို့ တင်စားခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ဒီနေ့မှာတော့ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးကိုပါ စိုးရိမ်လာရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မူဝါဒလွဲချော်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ဟာ

ဈေးကွက်ထဲမှာ ရှိပါတယ်။
လယ်ယာမြေတွေထဲမှာ ရှိပါတယ်။
ဆေးရုံတွေထဲမှာ ရှိပါတယ်။
ပြီးတော့... ပြည်သူတွေရဲ့ ထမင်းအိုးထဲမှာလည်း ရှိပါတယ်။

အကယ်၍ မူဝါဒလွဲချော်မှုနှင့် ပဋိပက္ခတွေ ဆက်လက်ရှည်ကြာပြီး စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်မလည်ပတ်နိုင်သေးဘူးဆိုရင် စစ်ဘေးဒဏ်တခုတည်း မဟုတ်တော့ဘဲ စားနပ်ရိက္ခာမလုံလောက်မှု၊ အာဟာရချို့တဲ့မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုကြီးမားလာနိုင်ပါတယ်။

နောက်ဆုံးမှာ...

ကျရှုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွားပြီး

လယ်ကွင်းတွေကို လွတ်စေတယ်။ စက်ရုံတွေကို တိတ်ဆိတ်စေတယ်။ ဈေးကွက်တွေကို ဈေးကြီးစေတယ်။ နောက်ဆုံးမှာတော့... ပြည်သူတွေရဲ့ ထမင်းအိုးကိုပါ ဗလာဖြစ်သွားစေနိုင်ပါတယ်။

မြန်မာနိုင်ငံသည် ယခင်က အာရှ၏ ဆန်စပါးကျီဟု တင်စားခေါ်ဝေါ်ခံရကာ ပြည်ပသို့ စားနပ်ရိက္ခာ အများအပြား တင်ပို့နိုင်ခဲ့သော နိုင်ငံတနိုင်ငံ ဖြစ်သည်။ သို့သော် ယနေ့အခါတွင်မူ ထိုဂုဏ်ပုဒ်သည် မှေးမှိန်သွားခဲ့ပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက်ပင် အကြီးအကျယ် စိုးရိမ်လာရသည်။

တောင်သူလယ်သမားများ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စိုက်ပျိုးရေးနှင့် စက်မှုအတွက် လိုအပ်သော သွင်းကုန်များ ရပ်ဆိုင်းနေခြင်းသည် ပြည်သူတို့၏ ပါးစပ်ပေါက်သို့ ရိက္ခာမရောက်တော့မည့် အချက်ပြ ခေါင်းလောင်းသံပင် ဖြစ်ပေသည်။"

နိဂုံးချုပ်အားဖြင့် ဆိုရသော် ပြည်သူကို ကာကွယ်ရမည့်အစား လက်နက်ဝယ်ယူရန်အတွက်သာ အာရုံစိုက်နေသော ရွေးတုအစိုးရ၏ မူဝါဒ အမှားများနှင့် စစ်ပွဲများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းနှင့် အငတ်ဘေးစိုက်မည့် အန္တရာယ်၏ အစွန်းတဖက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအခြေအနေဆိုးမှ မလွတ်မြောက်နိုင်ပါက မြန်မာ့လူ့အဖွဲ့အစည်းသည် စစ်ဘေးဒဏ်အပြင် ဆာလောင်မှုဒဏ်ကိုပါ တပါတည်း ရင်ဆိုင်ရမည့် လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကျယ်ဆုံးသော ကပ်ဘေးကြီးတစ်ခုဆီသို့ ဦးတည်နေပေတော့မည်။

#ရွေးတုအစိုးရ #မင်းအောင်လှိုင်
#မူဝါဒလွဲချော်မှု #အငတ်ဘေး

ဗြမာ့ ဦးခေါင်း ကျရာနေရာ ဘေးအပေါင်းသင့်တယ် 👇👇👇
24/07/2026

ဗြမာ့ ဦးခေါင်း ကျရာနေရာ ဘေးအပေါင်းသင့်တယ် 👇👇👇

30/06/2026

မနေ့ကတင် တပ်ရင်းမှူးအဆင့်တွေ အလင်းဝင်သွားတယ်။ ဒီနေ့မှာလည်း ရခိုင်ကိုပို့လိုက်တဲ့ စစ်ကောင်စီတပ်သား (၁၁၇) ယောက် အလံဖြူထောင်ပြီး AA ဆီကို လက်နက်ချ ဝင်ရောက်သွားပြန်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါဟာ သာမန်ကိစ္စမဟုတ်ပါဘူး။ တပ်ထဲမှာ နေ့တိုင်းလိုလို အလံဖြူထောင်တာ၊ အလင်းဝင်တာတွေ ဆက်တိုက်ဖြစ်လာနေတာဟာ စစ်တပ် ဘယ်လောက်အထိ ပြိုဆင်းနေပြီလဲဆိုတာ ပြသနေတာပါ။ အခုဆိုရင် နေပြည်တော် စစ်ရုံးချုပ်မှာတော့ ပြေးပေါက်မရှိ သွေးပျက်ပြီး ပွတ်လောရိုက်နေကြပါပြီ။

ဒီအခြေအနေတွေကြောင့် သံတမန်အသိုင်းအဝိုင်းမှာတောင် "နောက် ၆ လအတွင်း မြန်မာပြည်မှာ အကြီးအကျယ် အပြောင်းအလဲဖြစ်လာနိုင်တယ်" လို့ သုံးသပ်လာကြပါပြီ။

ဘာကြောင့် မအလ အုပ်စု ဒီလောက် အကျပ်ရိုက်နေရတာလဲ ❓

🔥 ရခိုင်အပါအဝင် စစ်မျက်နှာတိုင်းမှာ အသေအကြေ အရေးနိမ့်နေခြင်း

🔥 ခေါင်းဆောင်ပိုင်းတွေကြား အချင်းချင်း မယုံကြည်တော့ဘဲ သဘောထားကွဲလွဲလာခြင်း

🔥 စီးပွားရေး စောက်ထိုးကျ၊ ကုန်ဈေးနှုန်းတက်၊ လောင်စာဆီပြတ်တောက်မှု အစရှိတဲ့ အထွေထွေ အကျပ်အတည်းများ

🔥 စစ်ရေးသာမက နိုင်ငံရေးမှာပါ နိုင်ငံတကာက အဖက်မလုပ်တော့ဘဲ လူရာမဝင်တော့ခြင်း

အားကိုးရတဲ့ နိုင်ငံတွေကရော...?

တရုတ်ကလည်း ခွထိုင်နေတယ်။

ရုရှား (ပူတင်) ကလည်း စစ်ရှုံးပြီး ကိုယ့်ပြည်တွင်းရေးနဲ့ကိုယ် အလုပ်ရှုပ်နေတယ်။ အီရန်ကလည်း ဘဝပျက်နေတဲ့အချိန်။ ဒီအချိန်မှာ မအလ ပြောပြောနေတဲ့ နျူကလီးယားစက်ရုံတို့၊ နိုင်ငံတကာစီးပွားရေးတို့ဆိုတာ စာရွက်ပေါ်က အိပ်မက်တွေ သက်သက်ပါပဲ။

ဒီအခြေအနေတွေက မအလကို သေတွင်းထဲဆွဲချနေတာ အသေအချာပါပဲ။ အဖြေက အော်တိုထွက်နေပြီးသားမို့ ဗေဒင်တောင် မေးနေစရာမလိုတော့ပါဘူး။

လက်ရှိအချိန်မှာ တော်လှန်ရေးအင်အားစုတွေ စစ်ရေးအရှိန်မြှင့်တင်ဖို့ လိုသလို၊ ပြည်သူတွေနဲ့အတူ စစ်မှုထမ်းဥပဒေကြောင့် ဝင်လာရတဲ့ လူငယ်တွေပါ အသိစိတ်နိုးကြားပြီး ပြည်သူ့ဘက် အမြန်ပူးပေါင်းလာရင် မအလအုပ်စုကို ကယ်မယ့်သူ ဘယ်သူမှ မရှိတော့ပါဘူး။
ငါတို့ရဲ့ အောင်ပွဲက လက်တစ်ကမ်းမှာပဲ ရှိတော့တယ်! ✊

👇 ပြည်သူတွေရော... ဒီ (၆) လအတွင်း အပြောင်းအလဲကြီး ဖြစ်လာမယ်ဆိုတာကို ယုံကြည်ကြလား...? ယုံကြည်တယ်ဆိုရင် Comment မှာ "အောင်ရမည်" လို့ ရေးခဲ့ပေးပါ ✍️
ပြည်သူတွေ စိတ်ခွန်အားဖြစ်စေဖို့နဲ့ စစ်ကောင်စီတပ်သားတွေ စိတ်ဓာတ်ပိုကျသွားအောင် ဒီ Post လေးကို အများကြီး Share လုပ်ပြီး တော်လှန်ရေးသတင်းကို ဖြန့်ဝေပေးကြပါဦး မျှဝေပေးကြပါဦး ခင်ဗျာ။

စစ်မှုထမ်း(သို့) သေမင်း ခေါ်သံစစ်မှုထမ်းခိုင်းတယ်ဆိုတာ ပြည်သူကို သေခိုင်းပြီးသူတို့ရဲ့ အသက်ကို ကာကွယ်ဖို့ လုပ်ဆောင်တာ။စစ...
21/05/2026

စစ်မှုထမ်း(သို့) သေမင်း ခေါ်သံ
စစ်မှုထမ်းခိုင်းတယ်ဆိုတာ ပြည်သူကို သေခိုင်းပြီးသူတို့ရဲ့ အသက်ကို ကာကွယ်ဖို့ လုပ်ဆောင်တာ။

စစ်မှုထမ်းခိုင်းတယ်ဆိုတာ တခြားသော မိသားစုတွေ ပြိုကွဲခိုင်းပြီး သူတို့မိသားစုတွေ အတူရှိနေဖို့ ကြိုးစားတာ။

စစ်မှုထမ်းခိုင်းတယ်ဆိုတာ တခြားသူတွေရဲ့ လွတ်လပ်မှုတွေကို လုယူပြီး သူတို့လွတ်မြောက်ဖို့ဖန်တီးနေတာ။

စစ်မှုထမ်းခိုင်းတယ်ဆိုတာ တခြားသူတွေရဲ့အနာဂတ်တွေကို တစစီနင်းချေပြီး သူတို့အနာဂတ်တွေ အရောင်တောက်အောင်လုပ်တာ။

တကယ်တော့ စစ်မှုထမ်းခိုင်းတယ်ဆိုတာမြန်မာပြည်သူတွေရဲ့အသက်ကို လောင်းကြေးထပ်ပြီး
သူတို့ အာဏာတည်မြဲဖိုနဲ့ စည်းစိမ်တွေ တသက်တာရစ်မူးဖို့ကလွဲလို့ တခြား ဘာရည်ရည်ချက်မှ မရှိဘူး။

09/05/2026

အာဆီယံက မင်းအောင်လှိုင်ကိုပဲကြိုက်တယ် ၊ ဒေါ်အောင်ဆန်းစုကြည်ကိုမကြိုက်ဘူး

ဘယ်ကြိုက်မလဲ..

ဒီအဘွားကြီးက ငါးနှစ်ကာလအတွင်းမှာ အာဆီယံမှာ GDPအများဆုံးတိုင်းပြည်အဖြစ်နဲ့ သူတို့အားလုံးကို ကျော်တက်ပြသွားခဲ့တာကိုး..

နှစ်စဥ်GDP ratingက 7နီးပါးနဲ့ အထက်...

အာရှကျားပေါက် ဗီယက်နမ်ကိုတောင် နောက်ခေါက်ချကျော်တက်နိုင်ခဲ့လို့ World Bank ၊ ADB ၊ IMFတို့ကတောင် အာရှရဲ့အလားအလာအကောင်းဆုံးတိုင်းပြည်အဖြစ် တစ်ညီတညွတ်ထဲသက်မှတ်ပေးခဲ့ကြတယ်...

ဒီလိုDataတွေကိုမသိခဲ့ကြတော့ နောင်အနှစ်၂၀မှာ စင်္ကာ
ပူကိုကျော်ပြမယ်ဆိုတဲ့စကားက စစ်တပ်ထောက်ခံသူနလပိန်းတုန်းတွေကြားမှာ ရီစရာဖြစ်ခဲ့ပေမဲ့ အာဆီယံခေါင်းဆောင်တွေကတော့ ဘုရားတခဲ့ကြရတယ်..

ဒါတောင် အဲ့ဒီအဘွားကြီးက တိုင်းပြည်ကို 100% စီမံခွင့်ရခဲ့တာမဟုတ်ဘူး ၊
မင်းအောင်လှိုင်လို ဘင်ဂါလီလူမျိုးတုန်းကိစ္စတွေတမင်ဖန်တီးပြီး တိုင်းပြည်နဲ့NLDကို ချောက်ထဲဆွဲချတဲ့ လူယုတ်မာကို ဘေးမှာထားပြီး အာဆီယံမှာ GDPအများဆုံးတိုင်းပြည်ဖြစ်အောင် ကြိုးစားပြသွားခဲ့တာ...

ဒီအတိုင်းသာဆက်သွားနေရင် သူတို့စီမှာကျွန်လာခံနေရတဲ့ မြန်မာလူမျိုးတွေဟာ နောင်အနှစ်၂၀မှာ စင်္ကာပူထက်သာတဲ့ ဖွံ့ဖြိုးပြီးတိုင်းပြည်အဖြစ် ချမ်းသာသွားကြတော့မှာကိုသိကြလို့ အာဆီယံက ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်တာပါပဲ..

သူတို့ကြိုက်တာက မြန်မာနိုင်ငံသားတွေကို ဆင်းရဲမွဲတေပြီး သူတို့စီမှာကျွန်လာခံရမဲ့ စျေးပေါပေါကျွန်လူမျိုးတွေအဖြစ် အမြဲဖြစ်အောင်လုပ်ပေးမဲ့ မင်းအောင်လှိုင်လိုစစ်ခါင်းဆောင်တွေကိုပဲကြိုက်ကြတာ..

အခုဆိုရင် မင်းအောင်လှိုင်လက်ထက်မှာတိုင်းပြည် GDPက အနှုတ် -၈ အဆင့်ထိတောင် ထိုးကျသွားခဲ့ပြီဆိုတော့ ဒီနိုင်ငံ ဘယ်တော့မှအာရှကျားမဖြစ်နိုင်တော့ဘူးဆိုတာသေချာသွားပြီမို့
အာဆီယံက ပျော်နေလောက်ပါပြီ..

အာဆီယံပျော်နေတာက သူတို့ကိုကျော်တက်သွားတော့မဲ့တိုင်းပြည်က ဗလဗိုင်လိုက်သွားပြီဆိုတာသိရလို့ ပျော်နေတာ ၊ သူတို့တိုင်းပြည်တွေအတွက် စျေးချိုတဲ့ကျွန်လူမျိုးစျေးကွက်ကြီး မပျက်မယွင်းရှိနေတော့မှာမို့ ပျော်နေကြတာ...

စစ်တပ်ထောက်ခံသူနလပိန်းတုန်းတွေကတော့ သူတို့အမြဲကြွေးကြော်နေတဲ့သာကီမျိုးဘဝကနေ
ငတ်ပြတ်မွဲတေနေတဲ့ သူတောင်းစားမျိုးပြန်ဖြစ်သွားရတော့မှာကို မတွေးတက်ကြလို့ပျော်နေကြတာ..

ဒါကြောင့် ဘုရားက အဝိဇ္ဇာပစ္စယာ သင်္ခါရာလို့
ဟောခဲ့တာ..
အမြင်ကန်းဥာဏ်ကန်း(အဝိဇ္ဇာ)ဖြစ်နေရင်
ထင်ရာ(သင်္ခါရာ)တွေကိုထောက်ခံပြီး အဟုတ်မှတ်နေကြပါလေရော..
ကိုယ့်ကိုကိုယ်ဒုက္ခရောက်စေမဲ့အကြေ

16/02/2026

ပါးစပ်ရာဇဝင် မဟုတ်
တပ် ရာဇဝင်

ဦးနေဝင်း
ပေါင်းတလည် ပေါက်ခေါင်းသား
လယ်သမား သားသမီး
အာဏာသိမ်းပြီး နိုင်ငံတော်အကြီးအကဲ ဖြစ်တော့
ဒေါ်လာသန်းချီ ချမ်းသာသွားရော။

ဦးသန်းရွှေ
ကျောက်ဆည်သား
မိဘက သာမန်လူတန်းစား
အာဏာရပြီး နိုင်ငံတော်အကြီးအကဲ ဖြစ်တော့
ဒေါ်လာကုဋေချီ ချမ်းသာသွားရော။

ဦးသိန်းစိန်
ငပုတော ကျုံကူးရွာသား
သူ့မိဘကလည်း လယ်သမား
သူလည်း သမ္မတ ဖြစ်သွားတော့
ဒေါ်လာကုဋေချီ ချမ်းသာသွားတာပဲ။

အခု မအလ
ထားဝယ်သားမိဘက ဝန်ထမ်း
အာဏာမသိမ်းခင်ကတည်းက
ဒေါ်လာ ကုဋေချီ ချမ်းသာနေတာ
သူ မပြောနဲ့ သူ့ သားတောင်
ဒေါ်လာကုဋေချီ ချမ်းသာတယ်။

သမ္မတ ဦးထင်ကျော်
ကွမ်းခြံကုန်းသား
အဖေက အောက်စ်ဖို့ဒ်ထွက်
နိုင်ငံတော်အကြီးအကဲ သမ္မတ ဖြစ်ခဲ့တယ်
မချမ်းသာဘူး။

သမ္မတ ဦးဝင်းမြင့်
ဓနုဖြူသား
မိဘက သာမန်အရပ်သား
နိုင်ငံတော်အကြီးအကဲ သမ္မတ ဖြစ်ခဲ့တယ်
မချမ်းသာဘူး။
မချမ်းသာတဲ့အပြင်
အခုထိ ထောင်ထဲမှာ။

နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
ရန်ကုန်သူ
သူ့အဖေ ဘယ်သူလဲ
ပြောစရာမလိုဘူး လူတိုင်းသိ
နိုင်ငံတော်အကြီးအကဲ ဖြစ်တယ်
မချမ်းသာဘူး။
မချမ်းသာတဲ့အပြင်
အခုထိ ထောင်ထဲမှာ။

ဘာကြောင့် သူတို့ မချမ်းသာသလဲ...
စာရိတ္တသီလ ပြည့်စုံတဲ့ မိဘက မွေးတဲ့
အဂတိ(၄)ပါး ကင်းတဲ့
နိုင်ငံအနာဂတ် ကောင်းစားရေးအတွက်သာ
လုပ်ခဲ့တဲ့ ဉာဏ်ပညာ ပြည့်စုံတဲ့ သားသမီးတွေမလို့ပါ။

ခင်ဗျားတို့ သိဖို့က...
"ငါ့အမျိုးကျန်သေးလား" မေးပြီး
ပြဒါးမသေဘဲ တဆွေလုံး ဝ နေတဲ့သူတွေ
ရာထူး ရှိလာရင် ခိုးဝှက်ဖို့သာ သိတဲ့
သူခိုးတွေ အာဏာရှိနေသမျှ
တိုင်းပြည်က တိုးတက်မှာ မဟုတ်ပါဘူး။

(လွန်ခဲ့သော ၇ နှစ်က 'မိုးတိမ်'၏ စာကို မှီငြမ်း၍ ယနေ့ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရေးသားပါသည်။)

ခရက်ဒစ် ပေးစရာမလိုဘဲ ကြိုက်သလို Share နိုင်တယ်။ ကော်ပီကူးပြီးလည်း share နိုင်တယ်။

ဒေါက်တိုဘွဲ့ရ မအလ
06/02/2026

ဒေါက်တိုဘွဲ့ရ မအလ

Address


Website

Alerts

Be the first to know and let us send you an email when CMMI Infotainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share