The New Society Journal

  • Home
  • The New Society Journal

The New Society Journal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The New Society Journal, Media/News Company, .

24/10/2024

MoeMaKa Burmese Community News, Media & Literature Site, Burma Myanmar

24/10/2024

MoeMaKa Burmese Community News, Media & Literature Site, Burma Myanmar

24/10/2024

MoeMaKa Burmese Community News, Media & Literature Site, Burma Myanmar

24/10/2024
24/10/2024
24/10/2024

နပခ တိုင်းစစ်ဦးစီးမှူးအဆင့် အပါအဝင် အကြီးအကဲအချို့ ပြင်းထန်ဒဏ်ရာရပြီး စာသင်ကျောင်းတွင် ဆေးကုသမှုခံနေရ

ဓါတု

မဇ္ဈိမ။ ။ အမ်းမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) ရှိ တိုင်းစစ်ဦးစီးမှူး( စစ်ဦးစီး ပထမတန်း - G1)အဆင့် အပါအဝင် အကြီးအကဲ အချို့ ပြင်းထန်ဒဏ်ရာရရှိပြီး မြို့နယ်တွင်းရှိ စာသင်ကျောင်းအတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

တိုက်ပွဲအတွင်းအပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ဆေးရုံမှာထိခိုက်ပျက်စီးသွားသဖြင့် ၎င်းတို့အပါအဝင် ဒဏ်ရာရ အောက်ခြေတပ်သားအများစုမှာ နပခမှ နှစ်ဖာလုံ အကွာရှိ အ.ထ.က(၂) စာသင်ကျောင်းတွင်ဆေးဝါးကုသမှုခံနေရခြင်းဖြစ်ကြောင်း တပ်တွင်းနီးစပ်သည့်သတင်းမြစ်က မဇ္ဈိမကိုပြောသည်။

"နပခထဲက တိုင်းစစ်ဦးစီးမှူး G1 အဆင့်အကြီးအကဲ တဦး၊ တပ်ရင်းမှူးတဦးရယ် သူတို့ကလက်နက်ကြီးအစထိလို့ ခန္ဓာကိုယ်ပိုင်း ဝမ်းဗိုက်ထိမှန်တာ စိုးရိမ်ရတယ်။ ၃၇၂တပ်ရင်းမှူးရဲ့ မျက်နှာက ဒဏ်ရာတော်တော်ပြင်းထန်တယ်။ သူ့ကိုဆို အနီးကပ်ပစ်တာ မိန်းကလေးတွေပစ်သွားလို့တဲ့ ခံပြင်းနေတယ်"ဟု၎င်းကဆိုသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၂၁ရက်)က အာရက္ခတပ်တော်(AA) ဘက်မှ နပခအနီး ဂေါက်ကွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နပခဌာနချုပ်အနီးရှိ အမြောက်တပ် (၃၇၄) ကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးများဖြင့် တရစက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နပခအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိခဲ့ခြင်းကြောင့် အကြီးအကဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကုသမှုခံယူနေဆဲ ခမရ (၃၇၂) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မောင်မောင်ချိုသည် စက်တင်ဘာ ၂၆ ရက်က အမ်းနှင့်မဲတောင်တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သောကြောင့် စစ်ဆေးတပ်တွင် ကုသမှုခံယူနေရာမှ ၎င်းကိုယခုရက်ပိုင်းအတွင်း စာသင်ကျောင်းသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းနီးစပ်သည့်သတင်းအရင်းမြစ်၏အဆိုအရသိရသည်။

အဆိုပါ အမှတ်(၂)အခြေခံပညာအထက်ကျောင်းသည် ဗိုလ်ကြီးအဆင့်မှ ကျောင်းအုပ်အဖြစ်ဦးစီးသည့် တိုင်းကျောင်းဖြစ်သည်။

စစ်ရေးသတင်းအရင်းမြစ်တဦး၏အဆိုအရ AA ၏ထိုးစစ်အရှိန်အပြင် အမ်းမြို့ကိုမဟာမိတ်တပ်ဖွဲ့များ၏ဝိုင်းဝန်းပိတ်ဆို့ထားမှုကြောင့် အမ်းလက်ရှိတိုက်ပွဲအတွင်းဒဏ်ရာရ စစ်ကောင်စီတပ်သားများမှာ စိုးရိမ်ထိတ်လန့်နေရကြောင်းသိရသည်။

"သူတို့ကတော့စိတ်ဓာတ်ကျနေပြီ။ ဒဏ်ရာရလူနာတွေကိုသယ်ဖို့ ခက်ခဲသွားပြီလေ။ ဒီအချိန် လေယာဥ်၊ ရဟတ်ယာဥ်လာလည်း အပစ်ခံရမှာဆိုတော့ ကားလမ်းကလည်း မဟာမိတ်တပ်တွေအကုန်ပိတ်ဆို့ထားတော့ ဒဏ်ရာရလူနာတွေက တော်တော်စိုးရိမ် ထိတ်လန့်နေကြတာ။ သူတို့အသိတွေကို ဖုန်းလှမ်းဆက်ပြောတယ် အမ်းကအခုချောင်ပိတ်နေပြီ ကျန်တဲ့နေရာထွက်ဖို့ မလွယ်တော့ဘူး"ဟု ၎င်းကပြောသည်။

လက်ရှိအနေအထားအရ နပခမှ နှစ်မိုင်ခွဲအကွာ ဂေါက်ကွင်း၊ အမြောက်တပ်(၃၇၄)၊ စစ်လက်နက်ပစ္စည်းတပ်တို့ကို အာရက္ခတပ်တော်(AA)က (ယမန်နေ့အောက်တိုဘာလ ၂၃ ရက်) ညပိုင်းအထိ အပြင်းအထန်ထိုးစစ်ဆင်နေသည်။

ထို့အပြင် အမ်းလေဆိပ်အနီး အမ်းချောင်းတဖက်ကမ်းတွင်ရှိသည့် စစ်ကောင်စီ၏ အခိုင်အမာခံစစ်ပြင်ထားသော ကမ်းဒိတ်တောင် ကာကင်းစခန်းကိုလည်း AA ကဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

တိုက်ပွဲပြင်းထန်လာခြင်းကြောင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖတပ်)နှင့် စစ်ဆေးတပ်မှ အင်အားများသည့် တပ်ဆုတ်ခွာသွားကြောင်း သတင်းများထွက်ပေါ်နေသည်။

စစ်လက်နက်ပစ္စည်းတပ်(COD)တွင်လည်း တပ်သားအင်အား ၆၀ ဝန်းကျင်သာရှိပြီး ယင်းတို့အနက် နပခ အသေခံကွန်မန်ဒိုတပ်ထံ အင်အားဖြည့်တင်းရန် ပေးလိုက်ရသဖြင့် COD တပ်တွင်တပ်အင်အားနည်းနေကြောင်း AA နှင့်နီးစပ်သူတဦး၏ အဆိုအရသိရသည်။

လက်ရှိ အမ်းမြို့ အပါအဝင် မောင်တောအနောက်ဘက်ခြမ်းရှိ နယ်ခြားစောင့်တပ်ခွဲ နခခ(၅)နှင့် ဂွမြို့တို့တွင် နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးဆက်လက်တင်းမာနေဆဲ ဖြစ်သည်။

ပုံအညွှန်း- အာရက္ခတပ်တော်(AA)



#အမ်းမြို့

Website Link >> https://bur.mizzima.com/2024/10/24/37009
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

Address


Website

Alerts

Be the first to know and let us send you an email when The New Society Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share