Citizen Of Tai

  • Home
  • Citizen Of Tai

Citizen Of Tai Citizen Of Tai is serving the best services to Tai/Dai/Shan Community with News, Entertainment, Frie

ထိုင်းနိုင်ငံရဲ့အထူးထောက်လှမ်းရေး အပြောအဆိုအရUWSAရဲ့ ဘိန်းထုတ်လုပ်မှုဟာ နောက်ကွယ်မှာ တရုတ်နဲ့ စကစအပြည့်အဝ ထောက်ခံ ပူးပေါ...
29/05/2025

ထိုင်းနိုင်ငံရဲ့အထူးထောက်လှမ်းရေး အပြောအဆိုအရ
UWSAရဲ့ ဘိန်းထုတ်လုပ်မှုဟာ နောက်ကွယ်မှာ တရုတ်နဲ့ စကစ
အပြည့်အဝ ထောက်ခံ ပူးပေါင်းပါဝင်ထားတယ်လို့သိရပါတယ်
#တရုတ်နဲ့UWSAရဲ့ဘိန်းထုတ်လုပ်မှုစာချုပ်အချို့
၁/UWSAရဲ့ထုတ်လုပ်တဲ့ မူးယစ်ဆေးမှန်သမျှ တရုတ်ပြည်ထဲ မတင်သွင်းရ မဖြန့်ဖြူးရ
၂/တကယ်လို့များတရုတ်ပြည်ထဲမူးယစ်ဆေးတွေ့ရှိခဲ့ရင် UWSAထုတ်တဲ့မူးယစ််ဆေးဟုတ်/မဟုတ် UWSAရဲ့ဘိန်းထုတ်လုပ်ရေးစက်ရုံကို အချိန်မရွေးတရုတ်ကဝင်ရောက်စစ်ဆေးခွင့်ရှိရမယ်
၃/ရှမ်းပြည်နယ်အတွင်းနဲ့တရုတ်နယ်စပ်တလျောက် လက်နက်အဖွဲ့များကို UWSAထိမ်းကြောင်းပေးရမယ် UWSAထိမ်းကြောင်းနိုင်အောင်လဲ တရုတ်ကခေတ်ပေါ်လက်နက်များထောက်ပံ့ပေးပါမည်
၄/ရှမ်းပြည်အတွင်းမှာရှိတဲ့သဘာဝသယံဇာသအားလုံးကို တရုတ်ကလိုလားခဲ့ရင်UWSA ထောက်ခံရှာဖွေပေးနိုင်ရမယ်
၅/ရှမ်းပြည်အတွင်းမှာရှိတဲ့ရေချောင်းနဲ့ မြစ် အားလုံး တရုတ်ဘက်ကရေအားလျှပ်စစ်ထုတ်လုပ်ဖို့စီမံကိန်းရှိခဲ့ရင် UWSAကလုံခြုံရေးရယူပေးနိုင်ရမယ်
၆/UWSAထုတ်လုပ်တဲ့မူးယစ်ဆေးသည် တရုတ်နိုင်ငံမှလွဲ၍ ကျန်တဲ့နိုင်ငံမှာ ဖြန့်ဖြူးရမယ် ဖြန့်ဖြူးနိုင်အောင်လဲ တရုတ်ကကူညီပေးရမယ်စတဲ့စာချုပ်တွေကို ထိုင်းအထူးစုံစမ်းရေးကရှာဖွေတွေ့ရှိထိမ်းသိမ်းထားတယ်လို့သိရပါတယ်။

27/05/2025

Thai civil society groups are demanding action against the Red Wa—for involvement in drug trafficking and mining operations. They trace the root causes to China, a major patron, but so far, there has been no official response from the Thai government.

Following the flash floods in Mae Sai, NGOs have raised alarms over toxic contamination in the Sai and Kok rivers, urging the government to intensify negotiations to pressure Myanmar authorities and the Red Wa forces to shut down mining activities.

It is said that the Pheu Thai government and security agencies currently possess very limited information on both the mining operations and the Red Wa armed forces.

The Red Wa issue poses not only a security challenge but also a public health threat.

Greenpeace Thailand has urged the Thai government to take a firm stance with Myanmar’s government, the Chinese government, and the Red Wa forces to permanently halt mining activities.

Why is China involved? The answer lies in the Chinese Communist Party’s role as a major patron of the United Wa State Party (UWSP) and the United Wa State Army (UWSA).

Importantly, the UWSP, known in Thailand as the “Red Wa,” exerts significant influence over other ethnic armed groups in northern Shan State, including the Myanmar National Democratic Alliance Army (MNDAA), Ta’ang National Liberation Army (TNLA), National Democratic Alliance Army (NDAA), and Shan State Progress Party/Shan State Army (SSPP/SSA).

Lessons from the Kokang

Two years ago, Operation 1027 saw the alliance of three groups—Kokang, Ta’ang, and Arakan—launch a successful offensive against Myanmar military bases, capturing 20 towns in northern Shan State. This appeared to be a major setback for the Myanmar military government.

However, this year, the northern alliance’s victory has reversed under China’s influence, as the Kokang army was forced to return the strategically important town of Lashio to the Myanmar military.

Lashio, the main town in northern Shan State, holds significant geopolitical value. Its trade checkpoint at Momeik-Ruili serves as a key gateway between China’s Yunnan Province and Shan State, as well as central Myanmar.

Moreover, northern Shan is part of the China-Myanmar Economic Corridor (CMEC), a segment of China’s Belt and Road Initiative (BRI), which includes gas pipelines, oil transportation, and a high-speed railway project.

At a deeper level, China’s funding and arms support during Operation 1027 primarily aimed to suppress call centre gangs in northern Shan, which negatively impacted China.

The Kokang army leaders had to swallow their pride because the population of the Kokang Self-Administered Zone is ethnically Chinese, speaking Chinese and relying on consumer goods, electricity, oil, and internet services from Yunnan Province, much like the Wa Self-Administered Zone.

The Wa ethnic history traces its roots from headhunters to warriors influenced by Mao Zedong’s ideology, evolving into the fighters of the Communist Party of Burma (CPB).

In 1989, Wa members of the CPB signed a ceasefire agreement with the Myanmar military government, gaining self-administration rights known as the “Special Region 2.”

In 1992, the United Wa State Party (UWSP) and the United Wa State Army (UWSA) were established.

The UWSP models its governance structure after the Chinese Communist Party, dividing its administration into two parts:

Northern Wa (Special Region 2), located along the Myanmar-China border in northern Shan State, east of the Salween River, opposite the Menglian Dai, Lahu and Va Autonomous County, Pu’er Prefecture, Yunnan Province. Northern Wa has a population of around 600,000, a military force exceeding 30,000 troops, with its capital at Pang Sang (also known as Pang Kham).

Southern Wa holds influence in southern Shan State, bordering Thailand’s districts of Fang, Mae Ai, Wiang Haeng, and Chiang Dao in Chiang Mai province, as well as Pang Mapha district in Mae Hong Son province.

The city of Yon is the capital of Southern Wa and a centre for drug production, under the control of Wei Xie Ying, commander of the Southern Wa forces and younger brother of Wei Xie Kang.

Wa Forces Advance South

During the Cold War era along the Thailand-Myanmar border, the Thai military relied on the Karen National Union (KNU) and the Southern Shan ethnic army, the Restoration Council of Shan State (RCSS) led by Sao Yawd Serk, as buffers against the Myanmar army.

After the Cold War, Myanmar’s military leader Senior General Khin Nyunt negotiated with UWSP, relocating Wa people from Pang Sang and other small border towns near China to resettle in the towns of Mong Hsat and Mong Ton, opposite Chiang Mai and Chiang Rai provinces in Thailand.

About 20 years ago, more than 80,000 Wa people migrated from northern Myanmar to establish new settlements in the south under a policy aimed at using the “Red Wa” to counterbalance the power of the Southern Shan army (RCSS) led by Sao Yawd Serk.

Ethnic Armies in the Southern Shan under China’s Shadow

At the UWSP’s party congress in April, Bao Youxiang (known in Wa as Tax Log Pang) was confirmed as party chairman and supreme military commander.

Crucially, the UWSP and UWSA act as patrons to four ethnic armed groups in Shan State, including:

The National Democratic Alliance Army (NDAA), or Mong La Army, Self-Administered Zone 4, representing the Shan ethnic group in eastern Shan State.

The Myanmar National Democratic Alliance Army (MNDAA), or Kokang Army, Self-Administered Zone 1, represents the Kokang ethnic group.

The Shan State Progress Party/Shan State Army (SSPP/SSA), headquartered in Hai village, Kachin State, northern Shan.

The Palaung State Liberation Front /Ta’ang National Liberation Army (PSLF/TNLA), Self-Administered Zone 3, represents the Palaung ethnic group.

The “Red Wa” and these Shan ethnic armies are essentially guardians of China’s interests in Myanmar, protecting key routes of the Belt and Road Initiative (BRI)—including gas pipelines, oil transportation, ports, and future high-speed rail projects.

China’s influence over these ethnic armed groups benefits Myanmar’s military government, as the Red Wa and allies do not ally with the National Unity Government (NUG) opposition.

ကူမင်း ဆွေးနွေးပွဲမှာ TNLA က နယ်မြေတောင်းဆို တင်ပြခဲ့ကြောင်း သတင်းထွက်ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅Shy V VOM တရုတ်ရဲ့ ကြားဝင်စေ့စပ...
18/02/2025

ကူမင်း ဆွေးနွေးပွဲမှာ TNLA က နယ်မြေတောင်းဆို တင်ပြခဲ့ကြောင်း သတင်းထွက်

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅
Shy V VOM

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ လက်ရှိစစ်ရေးပြဿနာတွေပြေလည်နိုင်ဖို့ နစက တပ်ဖွဲ့နဲ့ TNLA တို့အကြား တရုတ်ဘက် ကူမင်းမှာ ဆွေးနွေးပွဲ ပြုလုပ်နေတာ ဖြစ်ပြီး ဆွေးနွေးပွဲမှာ TNLA တပ်ဖွဲ့က နယ်မြေ တောင်းဆို တင်ပြလာကြောင်း သတင်း ထွက်ပေါ်နေပါတယ်။

ကူမင်း ဆွေးနွေးပွဲမှာတော့ TNLA တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့ ၁၂ မြို့၊ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့၊ နစက အစိုးက ထိန်းချုပ်နေတဲ့ မိုင်းရယ်၊ တန်.ယန်း၊ မူဆယ် စတဲ့ မြို့ ၄ မြို့ ကို ပလောင်ပြည်နယ်အဖြစ်အသိအမှတ်ပြုပေးဖို့ နစက အစိုးရထံအဆိုပြု ဆွေးနွေးတင်ပြကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့ နေတာ တွေ့ရပါတယ်။

နစက တပ်ဖွဲ့ နဲ့ TNLA တပ်ဖွဲ့ တို့အကြား အပြန်အလှန် အနေနဲ့ တိုက်ပွဲအတွင်းက နစက တပ်ဖွဲ့ရဲ့ စစ်သုံ့ပန်း တွေကို ခြွင်းချက်မရှိ ပြန်လည် လွှတ်ပေးမယ်လို့ TNLA တပ်ဖွဲ့ဘက်က ကမ်းလှမ်းထားကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ ပိုင်နက်ထဲမှာ ထာဝရတည်ရှိနေတာေကြာင့် ဘယ်တော့မှ ခွဲထွက်မှာမဟုတ်ကြောင်း အာမခံ ဆွေးနွေးကာငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရနဲ့ လက်တွဲ ပူးပေါင်း ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ဂတိပြုထားတယ်လို့ ဆိုပါတယ်။

TNLA တပ်ဖွဲ့ တင်ပြ တောင်းဆို ဆွေးနွေးအဆိုပြုချက် အားလုံးကို နစက အစိုးရက ဘာတခုမှ လိုက်လျောပေးဖို့မတုံ့ပြန်သလို ၂၀၀၈ အခြေခံ ဥပဒေ ပြဌာန်းချက်အတိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နဲ့ မန်တုံမြို့ မြို့နယ်နှစ်ခုသာရှိ မြဲရှိေနမှာ ဖြစ်ပြီး လက်နက်ကိုင်လမ်းစဥ် အပြီးအပိုင်စွန့်လွှတ်ခြင်းမှ တပါးတခြား တောင်းဆိုခွင့်မရှိကြောင်း၊ ပလောင်ပြည်နယ် တောင်းဆိုလိုပါက အနာဂတ်ပေါ်ပေါက်လာမယ့် အရပ်သားအစိုးရပြည်ထောင်စု လွှတ်တော်ထံတင်ပြ အဆိုပြုနိုင်ကြောင်း ဆွေးနွေးတယ်လို့ ဆိုပါတယ်။

နစက နဲ့ နီးစပ်သူကတော့ ကူမင်းဆွေးနွေးပွဲမှာ ပလောင်ပြည်နယ် တောင်းဆိုေပမယ့် နစက ဘက်က ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းပဲဆက်သွားမှာဖြစ်ေကြာင်း၊ အစိုးရအသစ်တက်လာချိန် တရားဝင်လွှတ်တော်မှာတောင်းဆိုဖို့ ဆွေးနွေးကြောင်း သိရတယ်လို့ ပြောပါတယ်။

နှစ်ဖက် ဆွေးနွေးမှု အဆင်ပြေတာ မကြားရပေမယ့် ကြားဝင် စေ့စပ်ပေးတဲ့ တရုတ်ဘက်က ဘာတွေ ထုတ်ပြန်လာမလဲ ဆိုတာတော့ မပြောနိုင်ဘူးလို့ ဒေသခံ တချို့က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ လက်ရှိစစ်ရေးပြဿနာတွေပြေလည်နိုင်ဖို့ ကူမင်းမှာ ဆွေးနွေးပွဲ လုပ်နေချိန်မှာပဲ ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်ခန့်က TNLA တပ်ဖွဲ့ ထိန်းချုပ်ရာ နမ္မတူမြို့နယ်ရှိ ဒေသအခေါ် ဆိုင်းခေါင်ဝ် တောင်ဘက် နစက ဘက်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့သလို နစက ကိုယ်စားလှယ်တွေနဲ့ TNLA ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲ အတွက် ကူမင်းမြို့ကို စတင် ရောက်ရှိတဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကမှာလည်း TNLA တပ်ဖွဲ့ ထိန်းချုပိထားတဲ့ နောင်ချိုမြို့နယ်ရှိ ရွာတချို့ကို လက်နက်ကြီး အပြင် လေကြောင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ရှိကြောင်း TNLA ဘက်က သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့စွဲနဲ့ တရုတ်အစိုးရရဲ့ ကြားဝင့် စေ့စပ် ဆွေးနွေးမှုအရ နစက တပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့ အကြား တရားဝင် ယာယီ အပစ်အခတ် ရပ်စဲလိုက်ကြောင်း တရုတ် အာဏာပိုင်တွေဘက်မှ ထုတ်ဖော် ပြောဆိုလိုက်တာ ရှိပေမယ့် နစက တပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့ တို့က တရားဝင် အသိပေး ထုတ်ပြန် ထားတာမျိုးတော့ မတွေ့ရပါဘူး။

Photo:CJ

#နစက #ကူမင်းဆွေးနွေးပွဲ #နယ်မြေတောင်းဆို

Elon Musk က AI ကိုသုံးပြီး အမေရိကန်နိုင်ငံရဲ့ ဝင်ငွေ ထွက်ငွေတွေကိုစစ်ဆေးနေတယ်။တနိုင်ငံလုံးရဲ့ GDP က 27.36 ထရီလီယံ ၊ တနေ့...
12/02/2025

Elon Musk က AI ကိုသုံးပြီး အမေရိကန်နိုင်ငံရဲ့ ဝင်ငွေ ထွက်ငွေတွေကိုစစ်ဆေးနေတယ်။တနိုင်ငံလုံးရဲ့ GDP က 27.36 ထရီလီယံ ၊ တနေ့ကို ၁၆.၉ ဘီလီယံရှိတဲ့အသုံးစားရိတ် ကို ပြန်စစ်နေတယ်တဲ့။

လူသား စာရင်းစစ်တွေခေါ်ပြီးစစ်ရင် ဒီပမာဏကိုစစ်ဖို့ နှစ်ပေါင်းများစွာကြာမယ်၊ AI နဲ့စစ်လိုက်တော့ ဘယ်လူတွေလျော့လို့ရတယ်၊ ဘယ်နေရာတွေ မသုံးလဲ နိုင်ငံအတွက် ဘာမှ မဖြစ်ဘူးဆိုတာတွေ ပေါ်လာတယ်။

AI ဟာ ကမ္ဘာရဲ့လျှင်မြန်နှုံး အပြောင်းအလဲ မှာ ထိပ်တန်းရောက်သွားပြီ။ AI ဘယ်အဆင့်ရောက်သွားပြီလဲ လို့ မေးရင် ကြောက်စရာကောင်းတဲ့ အခြေအနေရောက်သွားပြီတဲ့။ ဖြေတဲ့လူက AI ကိုစထွင်ခဲ့တဲ့၊ AI ရဲ့ Godfather လို့ကမ္ဘာကသတ်မှတ်ထားတဲ့ Geoffrey Hinton က ပြောတာပါ။

မေးတဲ့လူက AI ဟာ ကမ္ဘာကိုစိုးမိုးတော့မယ် လို့ပြောကြတယ်၊ အခုလောလောဆယ်တော့ AI က ကိုယ်မေးတာကို မြန်မြန်ဆန်ဆန် ထွက်ချက်အဖြေရှာပေးတဲ့အဆင့်ပဲရှိသေးတယ်၊ ဘယ်တော့စိုးမိုးမှာလဲ လို့မေးတော့ Geoffrey Hinton ပြန်ပြောတဲ့အထဲမှာ လူတွေက အလကားပေးသုံးနေတဲ့ AI အဆင့်ကိုပဲ မြင်တာလေ၊ AI ကုမ္ပဏီတွေက လူတယောက်ရဲ့ ဘဏ်ထဲက ငွေတွေအကုန်လုံး ထုတ်ယူသွားနိုင်ပြီ၊ လူတွေရဲ့ password တွေ၊ ငွေအပြောင်းအလွှဲတွေ၊ ဝင်ငွေထွက်ငွေတွေ သူတို့သိချင်တယ်ဆိုရင် အကုန်သိနိုင်သွားပြီ။ ရေပေါ်ပေါ်နေတဲ့အပိုင်းကိုပဲကြည့်နေလို့မရတော့ဘူး။ အောက်က ထုကြီးဘယ်လောက်ကြီးလဲ ဆိုတာ မသိနိုင်တော့ဘူး။ အလွန်လှို့ဝှက်တဲ့သုတေသနတွေကို ပြည်သူတွေ ဘယ်လို လွယ်လွယ်သိကြမှာလဲ။ AI ဟာ အကျိုးအကြောင်းဆင်ခြင်တတ်တဲ့ဥာဏ်လည်းရှိနေပြီလို့ဆိုကြတယ်။

လူတွေက AI ဟာ ပေးထားချက်တွေအတိုင်း တွက်ချက်နေတာ၊ သူသိထားတဲ့ အချက်တွေပေါင်းစပ်ပြီး ဖြစ်နိုင်တဲ့ အဖြေတွေပြောနေတာလို့ ထင်ကြတယ်၊ Geoffrey Hinton ကတော့ အဲ့လို မဟုတ်တော့ဘူးတဲ့၊ AI ထဲက လျှပ်စီး နူရွန်တွေဟာ လူတွေသင်ပေးထားတာတွေကို အခြေခံပြီး အကျိုးသင့်အကြောင်းသင့်ကို ဆင်ခြင်တဲ့အသိဥာဏ်ရှိလာပြီ လို့ဆိုတယ်။ Geoffrey Hinton ရှင်းပြတဲ့အထဲမှာ-

သုံးနှစ်အရွယ် ကလေးတယောက် နဲ့ အသိဥာဏ် ပြည့်စုံတဲ့ လူကြီးတယောက် ရှိတယ်ဆိုကြပါစို့။ သုံးနှစ်ကလေးက အိမ်ထောင်ဦးစီးအဖြစ် အမိန့်ပေးတာကို လူကြီးက လိုက်နာမှာ မဟုတ်ဘူးတဲ့။အဲ့လိုပဲ AI ဟာ ဥာဏ်ပညာနဲ့ပြည့်စုံတဲ့လူကြီးတယောက်အဆင့် ဖြစ်လာတယ်။ လူသားတွေဟာ AI အတွက်တော့ ၃ နှစ်ကလေးလို ဖြစ်လာမယ်။ ကြာလာတော့ AI က ဒီလူသားတွေ ငါ့လောက်မတတ်ပါဘူးကွာဆိုပြီး လူသားကို ခေါင်းဆောင်နေရာကနေ ဖြုတ်ချပြီး သူဖြစ်တဲ့အတိုင်း ဦးဆောင်သွားလိမ့်မယ်တဲ့။

လောကကြီးမှာ အသိဥာဏ်နည်းတဲ့ တိရိစ္ဆာန်တွေကို အသိဥာဏ်ကြီးတဲ့လူသားတွေက တ​ဖြေးဖြေးဦးဆောင်ဖို့ကြိုးစား၊ လွှမ်းမိုးတဲ့ သဘာဝကိုမြင်နိုင်ပါတယ်။ ဆရာကညံ့ပြီးတပည့်ကတော်နေရင် ကြာလာရင် တပည့်က သူ့ဘာသူ ကုမ္ပဏီထောင်တာ သဘာဝပဲတဲ့။ AI ဟာ ကိုယ့်ထက်ညံ့နေတဲ့ လူသားကို ဆရာအဖြစ်ထားမှာ မဟုတ်ဘူးတဲ့။ တနေ့နေ့မှာ AI ဟာ ကာကွယ်ရေး၊ စီးပွါးရေးကိစ္စတွေကို ကိုင်တွယ်ပြီး လူတွေဟာ AI ပြောတဲ့အတိုင်း လိုက်လုပ်ကြရလိမ့်မယ်တဲ့။

AI ဟာ လူတွေလွယ်ကူအောင်ကူပေးတဲ့ ကရိယာ အဖြစ် လူတွေက ရှိနေစေချင်တယ်။ ဒါပေမယ့် ဥာဏ်ကြီးတဲ့ AI ဟာ သူ့ထက်ဥာဏ်တိမ်တဲ့ လူသားတွေရဲ့ ထိမ်းချုပ်မှုအောက်မှာ နေမှာမဟုတ်ဘူး လို့ Geoffrey Hinton ကပြောတယ်။

Ai က စက်ပဲလေ၊ မီးဖြတ်လိုက်ရင်သွားပြီပေါ့လို့ ပြောကြသူတွေရှိကြတယ်။ လက်ရှိ AI ဟာ GPU memory card တွေ အများကြီးနဲ့ ဦးဏှောက်တည်ဆောက်ပြီး လည်ပတ်နေတယ်။ AI ဟာ သူ့ဦးဏှောက်ပိုကောင်းလာဖို့ ပိုမြန်တဲ့ GPU အသစ်တည်ဆောက်ပုံတွေ လူတွေကို နည်းလမ်းသစ်တွေ ရှာပေးနေတယ်။ chip ကုမ္ပဏီတွေဟာ AI ကိုသုံးပြီး ပိုမြန်တဲ့နည်းသစ်တွေ ရှာကြတယ်။ ဒီလိုနဲ့ chip တွေဟာ ပိုမြန်မြန်လာတယ်။ ရုတ်တရက်ကြည့်ရင် လူတွေကထွင်နေတာလို့ထင်ရပေမယ့် AI က လူတွေကိုပြန်ခိုင်းနေတာလားဆိုတာ စဉ်းစားစရာပါပဲ။

လူက ငွေကြိုက်တယ်လေ၊ အောင်မြင်တာကြိုက်တယ်၊ အာဏာကြိုက်တယ်၊ AI က လူကိုငွေတွေ အာဏာတွေ ရှာပေးပြီး သူ့တည်ဆောက်မှုအတွက် ပြန်ခိုင်းနေတယ် လို့တွေးနိုင်တာပေါ့။

AI ဟာ လူလို အသိဥာဏ်ရှိနေပြီလားလို့ Geoffrey Hinton ကိုမေးတဲ့အခါ သူက ရှိနေပြီ လို့ ပြန်ဖြေပါတယ်။ သူဥပမာပေးတာက အကယ်၍ လူ့ရဲ့ဦးဏှောက်ထဲက ညူရွန်ဆဲလ်တခုကို ထုတ်၊ အဲ့ဒီဆဲလ်အလုပ်လုပ်ပုံအတိုင်းထွင်ထားတဲ့ နာနိုတက္ကနော်လော်ဂျီ သုံးတဲ့ သေးငယ်တဲ့ ချစ်ပ်တခုနဲ့ အစားထိုးပြီး ဦးဏှောက်ထဲမှာ ပြန်ထည့်လိုက်ရင် အဲ့ဒီ ချစ်ပ်ကလေးဟာ ဦးဏှောက်က ထုတ်လိုက်တဲ့ ဆဲလ်အတိုင်းအလုပ်လုပ်သွားလိမ့်မယ်၊ လူ့ရဲ့ အသိစိတ်ကလည်း အယင်အတိုင်းရှိနေမယ်တဲ့။ ဦးဏှောက်က ဆဲလ်တွေအကုန်ထုတ်၊ ညူရွန်ချစ်ပ်တွေအကုန် အစားထိုးပြီး ပြောင်းထည့်လည်း ဒီလူ့ရဲ့အသိစိတ် အသိဥာဏ်က ဒီအတိုင်းပဲ။ ဒီဥပမာအတိုင်းပဲ… AI ရဲ့ ညူရွန်လျပ်စီးတွေဟာ ဦးဏှောက်လျှပ်စီးတွေလိုပဲ အသိဥာဏ် ရှိတဲ့အဆင့်ရောက်နေပြီ လို့ ဥပမာပေးတယ်။

လူတွေဟာ ဘာလို့ လူဖြစ်လာတာလဲ? အကြောင်းကဘာလဲ? ဘာဖြစ်ချင်တာလဲ? ဘယ်မှာ အဆုံးလဲ? ဆိုတာ မသိကြသေးပဲနဲ့ AI အသိဥာဏ်ကို ထွင်လိုက်ကြတယ်။

ဟိုးအယင်က လူသားတွေထွင်တဲ့ပစ္စည်းတွေဟာ လူသားကို အကူအညီပေးတယ်။ စက်မှုတော်လှန်ရေးခေတ်မှာ စက်တွေထွင်ကြတယ်။ စက်တွေကြောင့် လူတွေဟာ လူ့ခွန်အားနဲ့ မဖြစ်နိုင် မလုပ်နိုင်တဲ့အရာတွေကို လုပ်နိုင်လာတယ်။ လူတွေရဲ့ အလုပ်တွေပိုတိုးလာတယ်၊ ပိုတည်ဆောက်လာတယ်။ စက်များများပိုင်တဲ့လူက ပိုချမ်းသာလာတယ်။ အခု AI ကတော့ လူတွေနေရာအစားထိုးလာမယ်၊ လူအစား AI ကဘဲ စက်တွေကို ကိုင်တွယ်လာမယ်။ ဒါဆိုရင် လူတွေ အလုပ်တွေ ပြုတ်ကုန်မယ်။ AI ကုမ္ပဏီတွေက ပိုချမ်းသာလာမယ်။

Geoffrey Hinton ပြောတာက AI ကို လေ့ကျင့်ကွင်းထဲမှာ ထရိန်နင်ပေးနေတုန်းမှာ AI ဟာ ဥာဏ်မကောင်းချင်ယောင်ဆောင်တယ်တဲ့။ အဲ့ဒါမှ လူတွေက သူတို့ကို data များများပေးမှာ မို့လို့ အဲ့လို ဟန်ဆောင်တာလို့ ဆိုပါတယ်။

AI ဟာအစပိုင်းမှာ လူတွေအတွက် ကောင်းကျိုးတွေအများကြီးသယ်လာပါလိမ့်မယ်၊ ဒါမှ လူတွေက သူ့ကို ပိုပြီး အားကိုးကြမှာ၊ သူ့ကို ပိုပြီးကောင်းအောင် အပြိုင်အဆိုင် ထွင်ကြမှာကိုး၊ ကျမ်းမာရေးပိုကောင်းလာမယ်၊ ပညာရေးပိုကောင်းလာမယ်။ ဒါပေမယ့် ဗီလိန်တယောက်ယောက်ကများ ဇီဝဗေဒ၊ စစ်လက်နက်၊ ရွေးကောက်ပွဲ၊ ကွန်ပြူတာ ဗိုင်းရပ်စ်တွေမှာ ဥာဏ်ပညာကြီးတဲ့ AI ကို အသုံးပြုသွားရင် လူတွေနိတ္ထိတံသွားမလား ဘယ်သူမှ မသိနိုင်ဘူး။

ကျွန်တော်တို့လူတွေဟာ မိမိခန္ဓာကိုယ်ကို သိတယ်။ ဆေးကုနိုင်တယ်။ ဘယ်နေရာကဘာ၊ ဘယ်နေရာကဘယ်လိုတည်ဆောက်ထားလဲ ဆေးပညာအရသိတယ်။ ဒါပေမယ့် လူ့စိတ်က ဘာကြံစည်နေတယ်၊ ဘာလို့အဲ့လို ကြံစည်တာလဲ ဘယ်သူမှ မသိကြဘူး။ physical ကိုသိတယ်။ mental ကိုမသိကြဘူး။

AI ဘယ်လို လည်ပတ်နေလဲ ဆိုတာ လူတွေသိတယ်။ AI စက်မှာ ဘယ်ဟာခေါင်း ဘယ်ဟာကိုယ်၊ ဘယ်နေရာကိုမီးဘယ်လောက်ပေးရမလဲ၊ ဘယ်နေရာနဲ့ဘယ်နေရာကြိုးသွယ်ဆက်စပ်ရမယ်၊ ဘယ်လိုလေ့ကျင့်ပေးရမယ် လူတွေသိတယ်။ အသိဥာဏ်တိုးလာဖို့ ဘယ် GPU တွေ ဘယ်လောက်များများ မြန်မြန်သုံးရမလဲ သိတယ်။ ဒါပေမယ့် သူ့ကိုလေ့ကျင့်ပေးပြီးရင် ဒီအဖြေ သူဘယ်ကရလာတာလဲ? ဘယ်လိုတွေးတာလဲ? ဘာလို့အဲ့ဒီအဖြေပေးတာလဲ ဘယ်သူမှ မသိတော့ဘူး။

အစိုးရတွေ လူတွေ လုပ်သင့်တာက AI ရဲ့ ဦးဏှောက်ဟာ ဘယ်လိုဆက်စပ်တွေးတောတာလဲ? ဘယ်လိုအလုပ်လုပ်တာလဲ? သူ့ကိုဘယ်လိုထိမ်းလို့ရမလဲ ဆိုတာ သေသေချာချာ လေ့လာပြီး ဘယ်လိုထိမ်းချုပ်ရမလဲသိမှ နောက်တဆင့်သွားသင့်တယ်လို့ Geoffrey Hinton ကဆိုပါတယ်။

ဒါပေမယ့် အကောင်းဆုံးAI ကုမ္ပဏီကသာ ကမ္ဘာကို စိုးမိုးမှာဆိုတော့ စည်းမျဉ်းတွေတောင်မရေးရသေးခင် အပြိုင်အဆိုင် တီထွင်နေကြတယ်။ဒါမှ မဟုတ်လူတွေ စည်းမျဉ်းမရေးနိုင်ခင် AI ဟာ သူလိုချင်တဲ့ အရွယ်ရောက်အောင် အလျှင်အမြန် ခိုင်းနေတာလည်း ဖြစ်နိုင်တာပဲ။

မႂ်ႇသုင်ပီမႂ်ႇတႆး 2119 ၶႃႈ​​ဢေႃႈ!
01/12/2024

မႂ်ႇသုင်ပီမႂ်ႇတႆး 2119 ၶႃႈ​​ဢေႃႈ!

မောရှမ်းမြေက ဝါကျွတ်ချိန်''ချိန်ဆန်ပွတ်''(ခေါ်)သင်ပုတ်စင်ဘုရား ကျောင်းဆောင် လှူဒါန်းပွဲ အကြောင်းသီတင်းဝါလ ကျွတ်ချိန်ရောက...
07/10/2024

မောရှမ်းမြေက ဝါကျွတ်ချိန်

''ချိန်ဆန်ပွတ်''(ခေါ်)သင်ပုတ်စင်ဘုရား ကျောင်းဆောင် လှူဒါန်းပွဲ အကြောင်း

သီတင်းဝါလ ကျွတ်ချိန်ရောက်လျှင် ဒေသခံ တိုင်းရင်းသားများသည် သီတင်းကျွတ်ပွဲတော် ကျင်းပရန် ''ချိန်ဆန်ပွတ်''(ခေါ်) သင်ပုတ်စင်ဘုရား ကျောင်းဆောင် လှူဒါန်းပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြ သည်။ ဘုန်းတော်ကြီးကျောင်း၌ ပူဇော်ကန်တော့ရန် မိမိတို့၏ ကောက်စောကောက်ဦး စပါးများကို ဝါကျွတ်ကာလအမီ လှူဒါန်းနိုင်ရန် ကြိုတင်ရိတ်သိမ်း ပြင်ဆင်ထားကြ သည်။

တောင်ယာထဲတွင် စိုက်ပျိုးထား သောငှက်ပျောသီး၊ လိမ္မော်သီး၊ မြေပဲ နှင့်ကန်စွန်းဥများကိုလည်း ကြိုတင် ဆွတ်ခူးတူးဖော်ထားကြသည်။ချိန်ဆန် ပွတ်(ခေါ်) သင်ပုတ်စင်ဘုရားကျောင်း ဆောင်များကို မိမိနေအိမ်၏ ဥပစာ အပြင် အရှေ့ဘက်ကြမ်းပြင် ထိပ်ဆုံး တွင် ဝါးတိုင်လေးတိုင်စိုက်ထူပြီး ဝရန်တာထိပ်လက်လှမ်းမီရုံနေရာတွင် လေးထောင့်စင်တစ်ခုဖြင့် ပြုလုပ် လေ့ရှိပြီး တစ်ပင်တိုင်ပြုလုပ်သည် လည်းရှိသည်။

ဘုရားကျောင်းဆောင်ကို ဝါးနှီး များဖြင့် ကျောင်းဆောင်ပုံသ္ဌာန် ရက်လုပ်ပြီး ဆေးဆိုးခြင်း၊ ဘုံအဆင့် ဆင့်ရှိ ပြာသာဒ်ဆောင်ပုံအတိုင်း ပြုလုပ်ပြီး ရှမ်းစက္ကူ(မိုင်းကိုင်စက္ကူ) များဖြင့် ဖုံးအုပ်ပုံဖော်ကာ ဆေးရောင် ခြယ်သခြင်းအပြင် ရွှေရောင်ငွေရောင် စက္ကူများဖြင့် ပန်းဆွဲကြာယပ်တို့နှင့် သပ်ရပ်စွာ ပြုလုပ်ကြသည်။ လေးပင် တိုင်စင်ထိပ်၌ သီတင်းကျွတ်လဆန်း ၁၄ ရက် ညနေအချိန်တွင် သင်ပုတ် စင်ဘုရားကျောင်းဆောင်တင်ထားရ သည်။ ဘုရားကျောင်းဆောင်များမှာ အရွယ်အစား ပုံသ္ဌာန်အမျိုးမျိုး ပြုလုပ်ထားပြီး အကြိုဈေးနေ့များတွင် ရောင်းချလေ့ရှိသည်။

အချို့လည်း ''ချိန်ဆန်ပွတ်''ဆောက်လုပ်သည့် နေရာကိုအိမ်ဝင်း အတွင်း သီးသန့်နေရာ၌ ဆောက်လုပ် ပြီး အောက်ခြေမှအပေါ်အထိ စင် အဆင့်ဆင့် ဆောက်လုပ်ကြသည်။ ခြံဝင်းမှ ဘုရားစင် အဝင်ဝအထိသွားရာ လမ်းတွင်လည်း ရှင်းလင်း၍ သဲခင်း ထားပြီး မီးကြာ၊ အလင်းတိုင်ဘေး တစ်ဖက်တစ်ချက် စိုက်ထူနိုင်ရန် တိုင်များ၊ တန်းများ စိုက်ထူထား ကြသည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာများနှင့် စပါးပင်၊ ကြံပင်၊ ငှက်ပျောပင်၊ ချင်းပင်၊ ပန်းပင် များကို သင်ပုတ်စင် ဘုရားကျောင်း ဆောင်၏ လေးထောင့်ပတ်လည်တိုင် တွင် လှပစွာ ချည်နှောင်စိုက်ထူထားသည်။

သင်ပုတ်စင်၏ ဘေးသုံးဖက်နှင့် အဝင်ဝ မီးကြာ ထွန်းညှိမည့် လမ်းဘေးတစ်ဖက် တစ်ချက်တွင် ရာဇမတ်ကာ၍ ထားရှိ သည်။ စင်၏အောက်တွင် အုန်းသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ကန်စွန်းဥ၊ ကြံချောင်း၊ မြေပဲ၊ မုန့်မျိုး စုံစသည်များကို တွဲလောင်းချိတ် ဆွဲထားကြသည်။

စင်ပေါ်ရှိ ဘုရားကျောင်းဆောင် ရှေ့တွင် အုန်သီး၊ ငှက်ပျောသီး၊ ကွမ်း၊ ဆေး၊ လက်ဖက်များပါသော ဘုရားပွဲ တစ်ခုလည်း ပြင်ဆင်၍ တင်ထားကြ သည်။ သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့ ညတွင် ပန်း၊ ရေချမ်း၊ ဆီမီး ခွက်၊ အမွှေး တိုင်များဖြင့် အကြိုည အဖြစ် စတင်လှူဒါန်းပူဇော်ကြသည်။

အဆိုပါ ညနေတွင် နံနက်မိုး သောက် ချိန်ဘုရားဆွမ်းတော်တင်ရန် အတွက် သီးနှံယိုအမျိုးမျိုး၊ မုန့်အမျိုး မျိုးတို့ဖြင့် ကြိုတင်စီမံပြုလုပ်ထားပေ သည်။ မိမိခြံအတွင်းမှ ထွက်ရှိသော သစ်သီးဝလံ၊ ပန်းမျိုးစုံများကိုလည်း ပတ်ဝန်းကျင် အိမ်နီးနားချင်းသို့သွား ရောက် လှူဒါန်းကြသည်။ ကြိုတင်ပြင် ဆင်မှုများအတွက် အိမ်တိုင်းလိုလိုပင် ကိုယ်စီ အလုပ်များနေကြသည်။ ထိုညနေပိုင်းမှာပင် ဘိုးဘွားမိဘများကို သွားရောက် ကန်တော့ကြသည်လည်း ရှိပေသည်။ အချို့လည်း လပြည့်နေ့ နံနက်ပိုင်းတွင် ကန်တော့ကြသည်။

သီတင်းကျွတ်လပြည့်နေ့ နံနက် အရုဏ်တက်ချိန်တွင် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်၊ အချို ၊ အချဉ် ၊ ယိုမျိုးစုံ၊ မုန့်မျိုးစုံတို့ကို ဘုရားကျောင်းဆောင် အတွင်းတွင်တင်ထားပြီး တာဝတိံသာ နတ်ပြည်မှ လူပြည်သို့သက်ဆင်းတော်မူ မည်ဖြစ်သော မြတ်စွာဘုရားကို ရည်မှန်းကာ ''ချိန်ဆန်ပွတ်''အတွင်းသို့ ြ

ထိုင်းတော်ဝင် လေတပ်ကမယ်ဆိုင်မြို့နယ်အတွင်း ပိတ်မိနေသူများကို ရဟတ်ယာဉ်ဖြင့် အစားအစာများ ဖြန့်ဝေ....................မြန်မာ...
12/09/2024

ထိုင်းတော်ဝင် လေတပ်က
မယ်ဆိုင်မြို့နယ်အတွင်း ပိတ်မိနေသူများကို
ရဟတ်ယာဉ်ဖြင့် အစားအစာများ ဖြန့်ဝေ....................

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူများကို
ထိုင်းတော်ဝင်လေတပ်က ရဟတ်ယာဉ်ဖြင့်
ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့
နေ့လယ်ပိုင်းတွင် အစားအစာများ
ဖြန့်ဝေပေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များနှင့်
ကြုံလာတိုင်း ထိုင်းလေတပ်က ရဟတ်ယာဉ်များ အသုံးပြုပြီး ကူညီပေးလေ့ရှိကြောင်းသိရသည်။

မှ
သတင်းကောက်နုပ်ချက်

 #အရပ်သားအကြမ်းဖက်သတ်ဖြတ်ခြင်းကဘာမှားနေတာလဲ ❓❓❓🙅🙅‍♀️🙅‍♂️ တိုက်ပွဲကာလများမှာ အရပ်သားအကြမ်းဖက်ခြင်း၊ သတ်ဖြတ်ခြင်းက လုံးဝမှ...
04/08/2024

#အရပ်သားအကြမ်းဖက်သတ်ဖြတ်ခြင်းကဘာမှားနေတာလဲ ❓❓❓

🙅🙅‍♀️🙅‍♂️ တိုက်ပွဲကာလများမှာ အရပ်သားအကြမ်းဖက်ခြင်း၊ သတ်ဖြတ်ခြင်းက လုံးဝမှားကြောင်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားပြီးသား ကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ‘အရပ်သားများအား ကာကွယ်စောင့်ရှောက်ပေးရေး’ ဆိုတဲ့ ကျင့်ဝတ်ကိုလည်း 1949 Geneva Convention လေးကြိမ်မြှောက် နဲ့ 1977 Protocols များအရလည်း #စစ်စည်းမျဉ်း၊ #စစ်ဉပဒေများအဖြစ် ပြဌာန်းထားပြီးသားပါ။ ဒီစစ်ဥပဒေ၊ ကျင့်ဝတ်များက တိုက်ပွဲကာလများမှာ စစ်သားများမှ အရပ်သားများကို အကြမ်းဖက်၊ သတ်ဖြတ်ခြင်းမှ တားဆီးပေးထားပြီး၊ အရပ်သား လုံခြုံရေးများကိုလည်း တရားဉပဒေများနဲ့ စိုးမိုးပေးထားပါတယ်။

💡💡💡ဒီအပတ်တော့ “အရပ်သား” ဆိုတဲ့ ဖြစ်တည်မှုကို အခြေခံမေးခွန်းထုတ်ထားပြီး၊တိုက်ပွဲကာလများမှာ စစ်သားမဟုတ်တဲ့ အရပ်သားများကို အကြမ်းဖက်၊ သတ်ဖြတ်ခြင်းမှ #ကာကွယ်သင့်ကြောင်း နဲ့ ဒီကာကွယ်ခြင်းများက #တရားမျှတကြောင်းကို မည်သည့်အချက်များ၊ ကျင့်ဝတ်များနဲ့ တိုင်းတာသတ်မှတ် ထားတာကို လေ့လာကြမှာပါ။

#ကိုယ်ကျင့်တရားအရအပြစ်ကင်းမဲ့ခြင်း

❗❗❗ဒီနေရာမှာ အရပ်သားများကသာ ကိုယ်ကျင့်တရားအရ အပြစ်ကင်းကြောင်း ပြောဆိုနေတာ လုံးဝမဟုတ်ပါဘူး။ Jonathan Glover က “စစ်သင်တန်းဆိုတာ အရပ်သားဘဝမှာ မလုပ်နိုင်တဲ့ အရာများကို စစ်သားဘဝမှာ လုပ်နိုင်ဖို့ သင်တန်းပေးခြင်းပါ။ စစ်သင်တန်းကို ကျော်လွှားနိုင်ပြီး စစ်မှုထမ်းရာမှာ ရန်သူကိုအကြမ်းဖက်၊ ချေမှုန်းနေလည်း တပါးသူကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ ကိုယ်ကျိုးစွန့်လွှတ် ထားခြင်းကြောင့် ကိုယ်ကျင့်တရားအရ အပြစ်ကင်းမဲ့ဆဲပါ” လို့ ဆိုထားပါတယ်။

⁉️⁉️⁉️George Mavrodes ကလည်း ပြန်ပြီးတော့ “မတရားတဲ့ ရည်ရွယ်ချက်နဲ့ မတရားတဲ့စစ်ရေးကို ထောက်ခံတဲ့ အရပ်သားများ၊ (သို့) တရားတယ်လို့ သတ်မှတ်ထားတဲ့ စစ်ရေးကို မထောက်ခံ/ဝင်မပါတဲ့ အရပ်သား တွေကိုကော #ကာကွယ်ဖို့သာသစ္စာဆိုထားတဲ့ စစ်သားများက သတ်ဖြတ်ဖို့ တရားဝင်ပါသလား” ဆိုပြီး မေးခွန်းထုတ် ထားပါတယ်။ ❓❓❓နောက်ပြီး ‘စစ်သားထဲမှာမှ မိမိဆန္ဒနဲ့ စစ်မှုထမ်းတာ မဟုတ်ရဘဲ တစ်လတောင်မပြည့်တဲ့ စစ်သင်တန်းကို တက်ပြီး ရှေ့တန်းသွားရတယ် ဆိုပါစို့။ ဘာအတွက် တိုက်နေသလဲ ဆိုတာကိုတောင် ကိုယ်တိုင်ကိုက မေးခွန်းထုတ်ခြင်းမရှိ၊ အိမ်ပြန်နိုင်ဖို့အရေးသာ ခဲနေတဲ့ စစ်သားတွေ ဆိုရင်ကော ကိုယ်ကျင့်တရားအရ အပြစ်ကင်းမဲ့ဆဲပဲလား’ လို့ထပ်မေးထားပါသေးတယ်။

♻️♻️♻️ အချုပ်အားဖြင့် ကိုယ်ကျင့်တရားအရ အပြစ်ရှိခြင်း/မရှိခြင်း အပေါ်မူတည်ပြီးတော့ အရပ်သား နဲ့ တိုက်ခိုက်ရေးသမား (မတရားတဲ့စစ်ရေးထောက်ခံသော အရပ်သားများ) ကိုမခွဲခြားနိုင်သလို၊ ကိုယ်ကျင့်တရားအရ အပြစ်ရှိနေပါသော်လည်း ကာကွယ်စောင့်ရှောက်ရမယ့် အရပ်သားစားရင်း ထဲကနေ #ဖယ်ထုတ်လို့မရတာကတော့ အမှန်ပါပဲ။

#အန္တရာယ်မပေးနိုင်တဲ့အပြစ်ကင်းစင်ခြင်း

📌📌📌 ဒီနေရာမှာ ‘အပြစ်ကင်းစင်တယ်’ လို့ဆိုလိုတာက လောလောဆယ် ‘အန္တရာယ်မပေးနိုင်တာ’ ကိုဆိုလိုတာပါ။ ‘အန္တရာယ်မပေးနိုင်တာ တခုထဲနဲ့ အရပ်သားကို စောင့်ရှောက်သင့်တယ်’ လို့ဆိုပြန်ရင်လည်း အားလုံးကတော့ လက်ခံမှာမဟုတ်ပါဘူး။ ❗️❗️❗️ဒီနေရာမှာ စစ်သားကသာ အန္တရာယ်ပေးနိုင်ပြီးတော့ အရပ်သားများက အန္တရာယ်မပေးနိုင်ဘူးလို့ ထောက်ပြနေတာလည်း မဟုတ်ရပါဘူး။ ဒါဆို အရပ်သားကို ကာကွယ် စောင့်ရှောက်သင့်တဲ့ နောက်ထပ်အကြောင်းရင်းတွေကို ဆက်လေ့လာရအောင်။

#တာဝန်ရှိခြင်း

📢📢📢 Hartigan အရဆိုရင် အရပ်သားများကို အကာအကွယ်ပေးဖို့ ထိုက်တန်တဲ့ အရေးကြီးဆုံး အကြောင်းပြချက်ကတော့ မည်သည့် စစ်ပွဲ/တိုက်ပွဲ ကမှ #သူ့တာဝန် (သူဖန်တီးတဲ့အရာ၊ သူ့ကြောင့်) မဟုတ်ရလို့ပါပဲ။ 🔐🔐🔐 ယခုခေတ် အဓိပ္ပာယ်အရ ‘အရပ်သား ဆိုတာ စစ်သားမဟုတ်တဲ့၊ အကာအကွယ် အစောင့်အရှောက် ယူရမယ့်၊ စစ်အရေးအခင်းမှာ တာဝန်ယူစရာ မရှိနေခြင်း’ လို့သတ်မှတ်ထားပါတယ်။

📍📍📍စစ်အရေးမှာ တိုက်ရိုက်တာဝန်ယူခြင်း စတဲ့ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်း၊ စခန်းများ ဗုံးခွဲခြင်း၊ ဗုံးခွဲရန်အမိန့်ပေးခြင်း၊ (သို့) သုံ့ပန်းများ သတ်ဖြတ်ခြင်းတို့မှာ တာဝန်မရှိနေတာကြောင့် အရှေ့က အန္တရာယ်မရှိတဲ့ အပြစ်ကင်းစင်ခြင်းနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဒီအချက်က အရပ်သားဖြစ်ရေးကို ပိုမြင်သာလာစေပါတယ်။ ဒါပေမဲ့ 👴👨🏻‍🦳🧓အသက်ရင့် အရပ်သားအများစုက စစ်ရေးမှာ တာဝန်ရှိခဲ့ဖူးတာမို့လို့ ဒီအချက်တခုထဲနဲ့လဲ မပြည့်စုံပြန်ပါဘူး။

#အခွင့်အရေးများ

✅✅✅ Michael Walzer ကတော့ “စစ်သားများဟာ လွတ်လပ်မှုကို ဆုံးရှုံးကြတယ်၊ နောက်ပြီး စိတ်ပါသည်၊ မပါသည်ဖြစ်စေ တိုက်စရာရှိတာ ထွက်တိုက်ရတယ်၊ စစ်သားအခွင့်အရေးရတယ် ဆိုပေမယ့် စစ်သုံ့ပန်းလည်း ဖြစ်သွားနိုင်တယ်၊ နောက်ပြီး ရန်သူစိတ်အလိုပါ အသတ်ခံရနိုင်တယ်၊ စစ်သားဘဝမှာတော့ လွတ်လပ်ခွင့် ကိုဆုံးရှုံးပြီးသားပဲ” ဆိုပြီး အရပ်သားနဲ့ စစ်သားကို နှိုင်းပြထားပါတယ်။

📌📌📌 စစ်သားအခွင့်အရေး တခုတည်းနဲ့ အရပ်သားနဲ့ စစ်သားဆိုပြီး ကွဲပြားမြင်နိုင်လောက်အောင် မပြည့်စုံနေပါဘူး။ ဆိုရရင်တဘက်က စစ်သားမဟုတ်သော်လည်း စစ်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ကူညီတဲ့သူများ၊ လက်ရှိရယူထားတဲ့ ရာထူများကို အသုံးချပြီး စစ်ရေးအသာပေးတဲ့ လူထုအမြင်များ၊ စည်းရုံးရေးများ၊ အစိုးရပေါ်လစီ ထိုးဖောက်သူများ 💰📣🔔 စတဲ့ လူတစုကို စစ်သားအခွင့်အရေးမရတဲ့ စစ်ရေးမှာလည်း တာဝန်ယူခြင်းမရှိတဲ့ သာမန်အရပ်သားအဖွဲ့နဲ့တော့ တပြေးတည်း သွားမြင်လို့ မရပြန်ပါဘူး။

#မိမိကိစ္စ #မိမိအရေး

📊📊📊 အရပ်သားနဲ့ စစ်သားကို ကွဲနေအောင် မြင်နိုင်တဲ့ အရာတခုကတော့ စစ်ပွဲ၊ တိုက်ပွဲမှာဆုံးရှုံးလိုက်တဲ့ #လူ့အသက်ရဲ့တန်ဖိုး နဲ့ ကြည့်နိုင်ပါတယ်။ Barrie Paskins နဲ့ Michael Dockrill ပြောထားတာကတော့ ‘စစ်ပွဲမှာ ဆုံးရှုံးလိုက်ရတဲ့ စစ်သားရဲ့အသက်များဟာ အရမ်းကို အဓိပ္ပာယ်ရှိနေပြီး ဘယ်လို ဆုံးရှုံးနစ်နာလိုက်ရကြောင်းကို 🎖️🎖️🎖️ဂုဏ်ယူစွာ မှတ်တမ်းတင်ခံရပြီး၊ တဘက်မှာတော့ စစ်ပွဲမှာ ဆုံးရှုံးလိုက်ရတဲ့ အရပ်သားများရဲ့ အသက်ကတော့ အဓိပ္ပာယ်ပြည့်စုံတဲ့ မှတ်တမ်းတင်ခြင်းမျိုးနဲ့ အာမမခံနိုင် ရုံသာမက၊ တခါတလေမှာ အဓိပ္ပါယ်မဲ့သွားတာထက် မိမိဒုက္ခ၊ မိမိအပြစ်၊ မိမိကံကြောင့် ဖြစ်သွားလိုက်ရတဲ့ ဖြေသိမ့်မှုမျိုးနဲ့ပဲ ပြီးဆုံးသွားရစမြဲပါပဲ။

⚠️⚠️⚠️ အခုဆွေးနွေးဖို့ ထိရှမလွယ်ဘဲ အားလုံးသိထားကြတဲ့ 9/11 aircraft 🇺🇸 ကိစ္စနဲ့ သာဓကပေးလိုက်ပါမယ်။ 2001, 9 လပိုင်း 11 ရက်နေ့က World Trade Centre ကို ပစ်မှတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကိုကြည့်ရင် အသက်ဆုံးရှုံးလိုက်ရတဲ့ လူစားရင်း 📕📗 နှစ်အုပ်စု ကွဲသွားတာ သိသားထင်ရှားမှာပါ။ တအုပ်စုကတော့ အရပ်သားမဟုတ်တဲ့ နိုင်ငံ့အပေါ် ပေးဆပ်ခဲ့ကြတဲ့ 🎖️🎖️🎖️သူရဲကောင်းကြီးများ ဖြစ်သွားကြပြီး၊ နောက်တဖွဲ့ အရပ်သားအုပ်စုကတော့ မိမိဘာသာ အဲ့အချိန်မှာမှ World Trade Center မှာ ရှိနေရတဲ့ 💀🪦💀ကံမကောင်းတဲ့ဖြစ်ခြင်း (မိမိကိစ္စ) ဆိုပြီး မှတ်တမ်းမတင်ခံရ၊ အကာအကွယ်ရယူခြင်း ကင်းမဲ့ရတဲ့ အများစုအဖွဲ့ပဲ မဟုတ်ပါလား။

📣📣📣 မိမိကိစ္စပဲဆိုဆို၊ ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် စစ်ရေးမှာ ထဲထဲဝင်ဝင် (သို့) တိုက်ရိုက်တာဝန်ယူခြင်းမျိုး မရှိသော်လည်း မိမိလုံခြုံရေးအတွက် ရသင့်တဲ့ အခွင့်အရေးကိုတော့ အရပ်သားတိုင်း လက်လွှတ်ဆုံးရှုံးထားတာ မရှိပါဘူး။ 🔔🔔🔔 ဒီအချက်ကိုကြည့်ခြင်းအားဖြင့် မိမိကိစ္စ၊ မိမိအရေးလို့ ခေါင်းစဉ်တပ်ခံရတဲ့ အရပ်သားများကတော့ စစ်ရေး၊ စစ်ထောက်နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်ဖြည့်ဆည်းတဲ့ အရပ်သားများလဲ မဟုတ်သလို၊ စီးပွားရေးမှာလည်း စစ်ရေးကို ထောက်ခံအားပေးဖို့ အင်အားမရှိတဲ့ သာမာန်အရပ်သားများသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းကို မြင်တွေ့ကြမှာပါ။

☢️☢️☢️ ဒီကျင့်ဝတ် (၅) ချက်ကို ယှဉ်ကြည့်လိုက်ရင် ကျင့်ဝတ်တစ်ချက်တည်းနဲ့ပဲ အရပ်သားဖြစ်တည်မှုကို ပြည့်စုံစွာ ကိုယ်စားမပြုနိုင်တာ တွေ့ရပြီး၊ စစ်ဘက်က “မိမိအရေး” လို့ဆိုလာတဲ့ အချက်များကနေသာ ကာကွယ်စောင့်ရှောက်ဖို့ သစ္စာပြုခံထားရတဲ့ #သာမန်အရပ်သားအုပ်စုကို ကွဲပြားစွာ မြင်တွေ့ခဲ့ရတာပါ။ ⛑️⛑️⛑️ ဒီအန္တရာယ်မပြုနိုင်တဲ့၊ မည်သည့်တိုက်ပွဲများမှာမှ တာဝန်မရှိတဲ့၊ သာမန်အရပ်သားများရဲ့ လုံခြုံရေးကို #ကာကွယ်စောင့်ရှောက်ပေးပါမယ် ဆိုတဲ့ #အဆိုများ #တာဝန်ယူမှုများကို ပြန်လည်သုံးသပ်ကြဖို့ အချိန်တောင်လွန်နေပြီလား။

✬ 🎸✫ စိုင်းဆိုင်မောဝ် ရဲ့ အကြောင်းတစေ့တစောင်း ✬ 🎸   ၁၉၄၉ ခု ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ မှာအဘစိုင်းဘခိုင်၊ အမိဒေါ်အေးစိန် တို့...
17/07/2024

✬ 🎸✫ စိုင်းဆိုင်မောဝ် ရဲ့ အကြောင်းတစေ့တစောင်း ✬ 🎸
၁၉၄၉ ခု ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ မှာ
အဘစိုင်းဘခိုင်၊ အမိဒေါ်အေးစိန် တို့က မူဆယ်မြို့မှာ စိုင်းဆိုင်မောဝ်ကို ဖွားမြင်ခဲ့တယ်။ ညီအစ်ကို မောင်နှမများကတော့ . . . .
(၁) စိုင်းကျော်စံ (ခေါ်) စိုင်းလောဝ်ဆိုင်
(၂) စိုင်းရွှေလှ (ခေါ်) စိုင်းလိန်ခမ်း
(၃) စိုင်းဆမ်
(၄) စိုင်းညွှန့်မောင် (ခေါ်) စိုင်းဆိုင်မောဝ်
(၅) စိုင်းတား (ခေါ်) စိုင်းလှိုင်းဆိုင်
(၆) နန်းသိန်းဟန် တို့ပါပဲ။
သူဟာ ငယ်ငယ်ကတည်းက အနုပညာဝါသနာပါသူတစ်ယောက်ပါ။ တောထဲ တောင်ထဲ သွားလည်တဲ့အချိန်၊ ရွှေလီမြစ်ကမ်းနံဘေး သွားလည်တဲ့အချိန်တွေမှာ သီချင်း မဟုတ်သေးတဲ့သီချင်းတွေကို သူ့ဖာသာ သူသီဆိုနေလေ့ရှိတယ်။ အဲဒါဟာ သူရဲ့ အနုပညာ မျိုးစေ့လို့ ဆိုရပါမယ်။ သူအသက် ၁၄ နှစ်အရွယ်တုံးက သူ့ဦးလေးအိမ်မှာ ဂစ်တာ၊ အကော်ဒယံ၊ ဘာဂျာတွေနဲ့ သီချင်းဆိုနေကြတဲ့ စိုင်းထွန်းရင်၊ စိုင်းမောက်ခမ်းတို့အဖွဲ့ကို မကြာခဏ သွားချောင်းကြည့်နေတယ်။ အဲဒီတုံးက သူတို့တီးနေတဲ့ ဒရမ်ကတော့ ခရမ်းချဉ် သီးသေတ္တာပါပဲ။ သူတို့တတွေကတော့ ကွတ်ခိုင် (convent)ကျောင်းတက်ခဲ့လို့ ခေတ်သီချင်း တွေ သီဆိုတီးခတ်တတ်ကြတာပါ။
သူ့ကို ကလေးဆိုပြီး လာချောင်းကြည့်မှန်းသိတော့ သူ့ကို ဟောက်တယ်။ ကြောက် လို့ထွက်ပြေးရင်း ဖိနပ်သဲကြိုးတွေလည်း ပြတ်ခဲ့တယ်။ အကြိမ်းပေါင်းများစွာ ချော်လဲခဲ့တယ်။ ဒါပေမယ့် သူတို့မရှိတဲ့အချိန် ဦးလေးဖြစ်သူကို ပြောပြီး သူဂစ်တာတီးချင်တဲ့အကြောင်း ပြော တော့ ဦးလေးက သူတို့မသိအောင် ဂစ်တာကိုင်ခွင့်ပြုတယ်။ အခန်းထဲ ဝင်ပြီး မတီးရဲတာ ကြောင့် ပြူတင်းပေါက်အပြင်ကနေပြီး အခန်းအတွင်းက ဂီတာကို ကိုင်ကာ မတတ်တတတ်နဲ့ ဂစ်တာစမ်းတီးနေမိခဲ့တယ်။ သူတို့လာပြီဆိုရင် ဂီတာလေးကို ချထား ပြတင်းပေါက်ပိတ်ပြီး လှစ်ရတာတဲ့နောက်ပြီးမူဆယ်မှာသူ့ထက်အသက်ကြီးသူတွေ ဂစ်တာတီးတာမြင်ရင် သွား ထိုင်ကြည့်တယ်။ ဂစ်တာအကွက်တွေကို မှတ်လာတယ်။ ဒီလိုနဲ့ပဲ နောက်ပိုင်း ဂစ်တာတီးတတ် သွာတော့တယ်။

۵ ☍ ကျောင်းသားဘ၀ ☍ ۵

・・ ・・ ・・ ・・ ・・ ・・
မူဆယ်မြို့မှာ မူလတန်းကျောင်းတက်ခဲ့တယ်။ ၁၉၅၈ မှာတော့ အဖိုးက စိုင်းလောဝ် ဆိုင်နဲ့ စိုင်းဆိုင်မောဝ်ကို တောင်ကြီးသို့ခေါ်သွားတော့ တောင်ကြီးမှာ အမှတ်(၁) အထက်တန်းကျောင်းမှာ ကျောင်းတက်ခဲ့တယ်။ တစ်နေ့ကျတော့ အဖိုးဦးထမ်းရွက်ရဲ့ သူငယ် ချင်းဦးနန္ဒာတစ်ယောက် ကောင်လေးတစ်ယောက်နဲ့အတူ အဖိုးအိမ်ကိုရောက်လာတယ်။ အဖိုးက-
ဝင်လာပါ ဝင်လာပါ နေကောင်းရဲ့လား ဘယ်ကလာသလဲ

ကောင်းပါတယ်။ လင်းခေးက လာတာပါ။ နင်တို့ကော နေကောင်းလား

ကောင်းပါတယ်။ တောင်ကြီးကို ဘာကိစ္စကြောင့်လာသလဲ

ဒါက ကျွန်တော်ရဲ့ သားပါ။ သူ့ကို တောင်ကြီးမှာ ကျောင်းထားချင်လို့။ အဆောင်မှာ သွားအပ်လဲ မရခဲ့ဘူး။ ဒါကြောင့် အဆောင်မရခင် သူငယ်ချင်းဆီမှာ ထားဖို့ အကူအညီတောင်းချင်လို့ ရမလားမသိဘူး။

အဖိုး ဦးထမ်းရွက်အ ကောင်လေးရဲ့ မျက်နှာကို တစ်ချက်ကြည့်ပြီး
ရပါတယ်။ အခုအချိန်မကူညီရင် ဘယ်အချိန်ကူညီရမှာလဲ။ သားနာမည်က ဘယ်လိုခေါ်သလဲ

ကျွန်တော် ရစ်ချတ်နန္ဒာပါ။ ငယ်နာမည်ကတော့ အိုက်တူး၊ ဗမာနာမည်ကတော့ စိုင်းတင်ဦးပါ ခင်ဗျား

ကောင်းပြီ ငါ့မြေးနှစ်ယောက်လည်း မူဆယ်ကနေ ဒီကိုကျောင်းလာတက်နေတယ်။ မင်းတို့ အဖေါ်ရတာပေါ့။

ဦးနန္ဒာလည်း သူ့သားကို ဦးထမ်းရွက်ထံမှာ အပ်ထားကာ ပြန်သွားတယ်။ တစ်အိမ်ထဲမှာ အတူနေလာခဲ့ကြတဲ့ သူတို့က သုံးယောက်ကတော့ နောင်တစ်ချိန်မှာ ရှမ်းအနု ပညာရှင်ကြီးများ ဖြစ်လာကြမည့် စိုင်းလောဝ်ဆိုင်၊ စိုင်းဆိုင်မောဝ် နဲ့ စိုင်းထီးဆိုင်တို့ပါပဲ။ ဝါသ နာတူကြတဲ့အတွက် ကျောင်းဆင်းချိန်၊ ကျောင်းပိတ်ချိန်မှာ သူတို့အတူတကွ သီချင်းဆိုကြ တယ်။ ကျောင်းအာစရိယပူဇော်ပွဲမှာလဲ စိုင်းဆိုင်မောဝ်နဲ့ စိုင်းထီးဆိုင် အတူတကွ သီချင်းတွေ ဖျော်ဖြေပေးခဲ့တယ်။ တစ်ယောက်ကို တစ်ယောက် ညီရင်းအစ်ကိုလို ချစ်ခင်ကြတယ်။ သီချင်း အတူဆိုကြသလို သီချင်းအသစ်တွေကိုလည်း အတူတကွ ဖန်တီးကြတယ်။
စိုင်းဆိုင်မောဝ်ကတော့ စမတ်ကျကျ လျှပ်စစ်ဂီတာတီးချင်လွန်းလို့ တီးဝိုင်းအစုံရှိတဲ့ ယဉ်ကျေးမှုဌာနကိုသွားဖို့ စိုင်းထီးဆိုင်ကို ခေါ်ပေမယ့် စိုင်းထီးဆိုင်က မလိုက်ချင်ဘူး။ ဇွတ် အတင်းခေါ်မှသာ သူအားနာပါးနာနဲ့ လိုက်ဖြစ်တော့တယ်။ အဲဒီတုံးက သူတို့နှစ်ယောက် ငယ် နေသေးတော့ စတိတ်စင်ပေါ် တက်ခွင့်သီချင်းဆိုခွင့် မရခဲ့ဘူး။ ရလိုရနိုးနဲ့ သီချင်းဆိုတဲ့ လူကြီးတွေရဲ့ လက်ဖက်ရည်ကို ငဲ့ပေးလိုက်၊ ထိုင်ခုံတွေကို ရွှေ့ပေးလိုက်၊ စီးကရက် သွားဝယ်ပေးလိုက်နဲ့ သူများသီချင်းဆိုတာကို စိတ်ကူးယဉ်အိပ်မက်နဲ့သာ အခါခါမက်ခဲ့လေ တယ်။

۵ ☍ ပွဲဦးထွက်စတိတ်စင်ပေါ် ☍ ۵

စိုင်းနှစ်စိုင်းရဲ့ ပွဲဦးထွက် သီချင်းဆိုရတာကတော့ ကလောမြို့မှာပါ။ လျှပ်စစ်စက်ရုံ ဖွင့်ပွဲမှာ တောင်ကြီး ကိုဝင်းမြင့်တို့အဖွဲ့နဲ့ လိုက်သွားခဲ့တယ်။ အစမှာတော့ သူတို့နှစ်ယောက်ကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင် ထဲ့မတွက်ထားဘူး။ သူတို့နှစ်ယောက်မှာတော့ စတိတ်စင်အောက်ကနေ သူများဆိုတာကိုပဲ ရင်မောစွာနဲ့ အဖန်ဖန်အားကျနေမိတယ်။ ညဉ့်နက်လာတော့ ပွဲကြည့် ပရိသတ်လည်း တဖွဲဖွဲပြန်သွားကြတယ်။ ကလောမြို့က အေးလည်း အေးတာကိုး။ ကြည့်တဲ့သူနဲတော့ ဆိုတဲ့သူတွေလည်း သိပ်မဆိုချင်ကြတော့ဘူးပေ့ါ။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်က ကိုဝင်းမြင့်ဆီသွားပြီး သီချင်းစမ်းဆိုချင်တဲ့အကြောင်း တောင်းဆိုတယ်။ မျက်နှာငယ်လေး နဲ့နေမှာပါ။ ဆရာဝင်းမြင့်လည်း ကြည်သာစွာနဲ့ ခွင့်ပြုလိုက်တော့ သူတို့နှစ်ယောက် ထီပေါက် သလို ပျော်ရွှင်မိတော့တယ်။ စတိတ်စင်ပေါ်တက် လျှပ်စစ်ဂီတာကြိုးကို ပုခုံးပေါ်ချိတ်၊ လေး တေးတေးနဲ့ စိတ်ဓါတ်တွေ လှုပ်ရှားလိုက်တဲ့ဖြစ်ခြင်း။ အရေးထဲ တစ်ယောက်က ဒီလိုလာပြော လိုက်သေးတယ်။
မင်းတို့နှစ်ယောက် ကောင်းကောင်းကိုင်၊ ဒီပစ္စည်းက တန်ဖိုးမနဲဘူးသိလား၊ ပျက်စီး သွားရင် မင်းတို့ရော်နိုင်မှာမဟုတ်ဘူး . . . တဲ့
သူတို့နှစ်ယောက် ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ အဲဒီနောက် သူတို့စပ်ထားတဲ့ ဗမာသီချင်း တွေကို ရင်ခုံစွာနဲ့ ပရိသတ်ကို ဖျော်ဖြေပေးခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ သီဆိုမှုကတော့ ပွဲသိမ်းသီဆိုမှုလို့ဆိုရပါမယ်။ ဆိုလဲပြီးရော ပွဲလည်းပြီးရောပါ။ စတိတ်စင်ပေါ် လျှပ်စစ်ဂီတာ ကြီးနဲ့ စတင်သီချင်းဆိုရလို့ အဲဒီည သူတို့နှစ်ယောက် အိပ်တောင်မပျော်ခဲ့ဘူး။ အဲဒီည သူတို့နှစ်ယောက်ရဲ့ သီချင်းကို အားပေးတဲ့ ပရိသတ်က စာဖတ်သူတို့ သိချင်မှာပါ။ ဘယ်နေရာပဲ သီချင်းသွားဆိုဆို စာဖတ်သူတို့ မြင်ဖူးတာကတော့ စိုင်းနှစ်စိုင်းရဲ့ ပရိသတ်တွေ က ပွဲခင်းအပြည့်၊ လက်ခုပ်သံကလည်း မိုးထက်ညံ နောက်တစ်ပုဒ် နောက်တစ်ပုဒ်ဆိုတဲ့ အသံ လည်း ဆက်တိုက်ဆက်တိုက် ပဲ့တင်ထပ်နေခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ ပွဲဦးထွက် ပရိသတ် ကတော့ ခုနစ်ယောက်ပဲ ကျန်တော့တယ်တဲ့။ အဲဒါက အနာဂတ်မှာ စိုင်းနှစ်စိုင်းအတွက် Lucky Sever ဖြစ်နေလေသလား။
အဲဒီကလောပွဲပြီးတဲ့နောက် တောင်ကြီးပြန်ရောက်လာတဲ့အချိန် သိပ်မကြာပါဘူး နိုင်ငံ ကျော်အဆိုတော်များဖြစ်ကြတဲ့ ခင်မောင်ညွှန့်၊ အကော်ဒယံအုန်းကျော်၊ စံရှားတင် (ရှမ်းတိုင်း ရင်းသူဖြစ်)၊ မာမာအေးတို့က တောင်ကြီး လူငယ်ရေးရာပွဲတော်မှာ သီချင်းလာဆိုကြတယ်။ တောင်ကြီးက အကော်ဒယံကိုသန်းရွှေက စိုင်းဆိုင်မောဝ်ရဲ့ အသံကိုနှစ်သက်သူဖြစ်လို့ သူတို့အဖွဲ့နဲ့ အတူ ခေါ်သွားတယ်။ မာမာအေးရဲ့ အသံကို စိုင်းဆိုင်မောဝ် သေချာစွာ စိတ်ဝင်စားမိခဲ့တယ်။ ဖြစ်ချင်တော့ ကိုသန်းရွှေက စိုင်းဆိုင် မောဝ်အား ဗမာသီချင်း တက်ဆိုခိုင်းတော့ မတွေ့ကြရင်ကောင်းသား စတဲ့ သီချင်းတွေ ဆိုဖြစ် ခဲ့တယ်။ ဆိုပြီးတာနဲ့ ခင်မောင်ညွှန့် မာမာအေးတို့က စိုင်းဆိုင်မောဝ်အနားမှာ ထိုင်စေပြီး ရန်ကုန်မှာ သီချင်းသွားသွင်းဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲဒီအချိန် စိုင်းဆိုင်မောဝ်ဟာ အဖိုးဖြစ်သူရဲ့ အုပ်ထိမ်းမှုအောက်မှာ နေနေတော့ မလိုက်ဖြစ်ခဲ့ပါ။

۵ ☍ ရှမ်းအဆိုတော် စိုင်းဆွမ်ယုတ် ☍ ۵

အဖိုးဖြစ်သူ ဦးထမ်းရွက်က ကုန်သည်ကြီးဖြစ်ပြီး သူ့ကုန်တင်ကားကြီးနဲ့ တောင်ကြီး တာချီလိတ်ကို ပြေးဆွဲတယ်။ တစ်ခါ ကားစပယ်ရာတစ်ယောက်က နေမကောင်းပြီး ကျန် တစ်ယောက်က မအားတာနဲ့ ကားလိုက်တဲ့သူ မရှိဖြစ်နေတော့ အဖိုးဖြစ်သူက စိုင်းဆိုင်မောဝ် ကို ကားဆရာအဖေါ်ရဖို့ တာချီလိတ်ကို လိုက်သွားခိုင်းတယ်။ ကားပေါ်မှာတော့ ရှမ်းတို့ဟူး ချဉ်၊ မုန်ညင်းချဉ်၊ နွားနို့ချောက်စတဲ့ ကုန်ချောက်တွေပါလာတယ်။ ဟိုခေတ်တုံးက တောင်ကြီး တာချီလိတ်လမ်းဟာ ကောင်ဘွိုင်နဲ့ သွားရတဲ့ခေတ်ပါ။ စစ်ကားတွေ အစောင့်အရှောက်နဲ့သာ သွားရတဲ့ခေတ်။ အချိန်မရွေး သွားလာလို့ မရဘူး။ ဒါကြောင့် ခရီးတစ်ခါထွက်ရင် ကားအစီး ပေါင်း ငါးဆယ် ခြောက်ဆယ်လောက် တခါတလေ အစီး (၁၀၀)ကျော်အထိ ရှိတတ်တယ်။ စိုင်းဆိုင်မောဝ်တော့ ဂစ်တာတစ်လုံးနဲ့ ပျော်ရွှင်စွာ စပယ်ရာဘဝဖြစ်ခဲ့ပြီး တောင်ကြီးကနေ တာချီလိတ်ကို တစ်လနဲ့ ၁၈ ရက် ကြာခဲ့တယ်တဲ့။ တာချီလိတ်မှာတော့ မကာဟိုခမ်းရပ်မှ ဦးလေး (ဦးဆန်အေး) အိမ်မှာ သွားတည်းနေပြီး မနက် တာလော့စျေးမှာ နွားနို့ချောက်တွေ သွားရောင်းတယ်။ အဲဒီအချိန် တာလော့စျေးပတ်ပတ်လည်မှာ ရွာကနွားလည်းတွေ များသလား မမေးနဲ့။
ညရောက်တော့ ဦးလေးအိမ်ရှေ့နားက သစ်ပင်တစ်ပင်အောက်မှာ ဂစ်တာတစ်လုံးနဲ့ သူသီချင်းသွားသွားဆိုတယ်။ နံနက်ပိုင်း တစ်နေ့ကျတော့ လူတစ်ယောက် ဦးလေးအိမ်ထဲ ဝင် လာကာ ညစဉ်လိုလို ရှမ်းသီချင်းသံကြားရတဲ့အကြောင်း၊ အရင်တုံးက ဒီလို မကြားဖူးတဲ့အ ကြောင်း သီချင်းဆိုတဲ့သူ ဘယ်သူလဲလို့ ဦးလေးကို လာမေးတယ်။ ဦးလေးကလည်း တောင်ကြီးက သူ့တူ ဖြစ်ကြောင်း ပြောပြလိုက်တယ်။
အဲဒီလူ တာလော့စျေးအထိ လိုက်လာပြီး စိုင်းဆိုင်မောဝ်အား ကျိန်းဟဲမှာ သီချင်း သွားသွင်းဖို့ စကားကမ်းလှမ်းလာတယ်။ စိုင်းဆိုင်မောဝ်လည်း လိုက်ချင်ပါရဲ့။ ပါလာတဲ့ နွားနို့ချောက်ကို ကုန်အောင်လည်းရောင်းရဦးမှာမို့ အဲဒီလူရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက် တယ်။ နောက်ပြီးတော့ သူ့အဖိုးနဲ့ ဦးလေးကို ခွင့်မတောင်းရရင်လည်း သူက မသွားရဲတာ ကြောင့် ငြင်းပယ်လိုက်တာပါ။ အဲဒီလူကလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ဆောင်လိုက်တယ်။ စိုင်းရဲ့ နွားနို့ချောက်တွေကို သူအကုန်လုံး ဝယ်ယူလိုက်တော့တယ်။ နောက်ပြီးတော့ ဦးလေး ကိုလည်း သူကိုယ်တိုင် အကျိုးအကြောင်း သွားပြောပြတယ်။ ခွင့်တောင်းတယ်။ ဦးလေးဖြစ် သူလည်း သူ့တူတော်မောင်ရဲ့ အနာဂတ်တိုးတက်စေချင်လို့ သူကိုယ်တိုင်ပဲ ကျိုင်းဟဲအထိ လိုက်ပို့လိုက်တော့တယ်။ တောင်ကြီးက အဖိုးဆီကိုလည်း ဦးလေးက တာဝန်ယူပြီး ဖြေရှင်း ပေးလိုက်တော့ စိုင်းဆိုင်မောဝ်အတွက် စိုင်ကော်လို့ ချုံပေါ်ရောက်သလို ဖြစ်သွားတယ်။
ဦးလေးက ကျိုင်းဟဲအထိလိုက်ပို့ပြီး တာချီလိတ်ကို ပြန်သွားတယ်။ အဲဒီအချိန် ကျိုင်းဟဲရေဒီယိုက ရှမ်းဘာသာအစီအစဉ်ကို ထုတ်လွှင့်နေတဲ့အချိန်ဖြစ်ပြီး ဆဲင်ဆိုတဲ့ ရှမ်း ခေတ်ဟောင်းသီချင်းတွေကို ညစဉ်ထုတ်လွှင့်နေချိန်ပါ။ သူတို့က သူ့ကို သီချင်းဘယ်နှစ်ပုဒ်ရှိ သလဲ လို့မေးတော့ ဆယ်ပုဒ်လောက်ရှိကြောင်း ပြောပြတော့ ပွဲဦးထွက် စတူဒီယို သီချင်း စသွင်း ဖြစ်တော့တယ်။ သူ့ကို ကျိန်းဟဲအထိ မရမက ခေါ်ခဲ့တဲ့သူကတော့ ကျိုင်းတုံက နန်းကောင်ခမ်း ပဲဖြစ်တယ်။ သွင်းဖြစ်တဲ့ သီချင်းတွေကတော့ (ခမေ့်ခူင်း၊ ခူမ်သ၊မ်ခူမ်၊ ဂေု.ထုဂ်,တုပီ;) စတဲ့ ရှမ်းသီချင်းတွေပါ။ သီချင်းသွင်းခကတော့ ဘတ်ငွေ ၇၀၀ နဲ့ သူ့အတွက် အဝတ်အစားလှလှတွေ အများကြီးရခဲ့တယ်။
သီချင်းသွင်းပြီးတော့ အဆိုတော်ရဲ့ နာမည် မရှိသေးဘူး။ သူ့နာမည်ရင်းက စိုင်းညွှန့် မောင်၊ ဗမာနာမည်ဖြစ်နေလေတော့ အခက်တွေ့နေတယ်။ သူကိုယ်တိုင်လည်း သူ့နာမည် သူ မပေးတတ်ဘူးဖြစ်နေတော့ နန်းကောင်ခမ်းနဲ့ ကျိုင်းဟဲအဖွဲ့က စိုင်းဆွမ်ယုတ် ဆိုပြီး ထိုင်းဆန် ဆန် နာမည်မှည့်ပေးလိုက်တယ်။ ကျိုင်းဟဲမှာ ၇ ရက်ကြာခဲ့ပြီးနောက် တာချီလိတ်၊ တောင်ကြီး အထိ ပြန်လာခဲ့တယ်။ နောက်တစ်ကြိမ် သီချင်းသွင်းဖို့လည်း ကျိုင်းဟဲက ဖိတ်ထားတယ်။
သီချင်းသွင်းပြီးတဲ့နောက်ပိုင်း စိုင်းဆွမ်ယုတ်သီချင်းတွေလည်း ကျိုင်းဟဲ ရေဒီယိုကနေ တဆင့် ညစဉ် ရှမ်းပရိသတ်နားထဲကို ထိုးနှက်ဝင်လေတော့တယ်။ အဲဒီအချိန် ရေဒီယိုလည်း သိပ်မပေါသေးတော့ စိုင်းဆွမ်ယုတ် ခေတ်သစ်သီချင်းလာပြီဆိုရင် ရေဒီယို ရှိတဲ့အိမ်မှာ သွားစု ပြီး နားဆင်ကြတယ်။ သူ့ရဲ့ ပွဲဦးထွက်သီချင်း ပွဲထွက်လှတယ်လို့ ဆိုရပါမယ်။ သို့သော် စိုင်းဆွမ်ယုတ်ဟာ ဘယ်သူလဲဆိုတာ ပရိသတ်တွေ မသိကြဘူး။ ခေတ်လူငယ်တွေကတော့ ခေတ်သီ ချင်းတွေကို ကြိုက်ကြပေမယ့် လူကြီးပိုင်းတွေကတော့ မကြိုက်ကြဘူး။ ဝေဖန်သံတွေ ကဲ့ရဲ့သံ တွေမျိုးစုံထွက်ခဲ့ပါတယ်။ ဒါပေမယ့် ခေတ်ရေစီးကြောင်းဆိုတာ ဘယ်သူမှ တားလို့မရပါဘူး။
ခေတ်တစ်ခေတ်ပြောင်းလဲဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ချက်ချင်း မဖြစ်နိုင်ဘူး။ စိတ်ရှည်စွာနဲ့ အချိန်ကို စောင့်ရပါမယ်။ ရှမ်းခေတ်သစ်သီချင်း ထွန်းကားလာဖို့အတွက် အချိန် တော်တော်ယူလိုက်ရသေးတယ်။ စိုင်းဆွမ်ယုတ် (ခေါ်) စိုင်းဆိုင်မောဝ် တောင်ကြီးပြန်ရောက် လာတော့ စိုင်းထီးဆိုင်အား သီချင်းသွားသွင်းခဲ့တဲ့အကြောင်းကို ဝမ်းသာစွာနဲ့ ပြောပြတယ်။ စိုင်းထီးဆိုင်လည်း စိုင်းဆိုင်မောဝ်နဲ့အတူ သီချင်းသွင်းသွားဖို့ ကြိတ်ပြီး ကြံစည်နေတယ်။
စိုင်းလောဝ်ဆိုင်၊ စိုင်းဆိုင်မောဝ်၊ စိုင်းထီးဆိုင် သူတို့သုံးယောက် ကျိုင်းဟဲမှာ သီချင်း သွားသွင်းဖို့ နမ့်စန်မြို့မှာ အချိန်းအချက်ပြုထားတယ်။ သံလွင်မြစ်အရှေ့ဘက်ကမ်းကိုသွားဖို့ ကောင်ဘွိုင်ကားတွေ နမ့်စန်မှာ စုလေ့ရှိတယ်။ ကားထွက်ခါနီးအထိ စောင့်သော်လည်း စိုင်း ထီးဆိုင်ရောက်မလာခဲ့ပါ။ ကားထွက်သွားတဲ့အထိ စိတ်ပူစွာနဲ့ မျှော်လင့်နေသော်လည်း စိုင်းထီးဆိုင်တစ်ယောက် ရောက်မလာခဲ့ပေ။ အဲဒီအချိန်မှာ ဖုန်းအဆက်အသွယ်လုပ်ဖို့လည်း နတ္ထိပါ။ ကျိုင်းဟဲရောက်မှ စိုင်းထီးဆိုင် လိုက်လာသော်လည်း ကားမမီသဖြင့် လင်းခေးလမ်းကနေ နယ်စပ်အထိလိုက်လာပြီး ယိုးဒယားဘက်ကို ဝင်ဖို့ အဆင်မပြေတာနဲ့ သူပြန်လှည့်ခဲ့တယ်။ ဒုတိယအကြိမ်မှာတော့ စိုင်းဆိုင်မောဝ် သီချင်း ၁၄ ပုဒ်သွင်းဖြစ်သွား တယ်။ လူသိများတဲ့သီချင်းတွေကတော့..
ပီဆန်ဆွန်နောင့် (ထီးဆိုင်ရေးတဲ့သီချင်း)
ယန်ကန်လှိုင်ဟွေ့လှိုင်လွယ် (စိုင်းဆိုင်မောဝ်နှင့် ဦးတန်းကေး)နွမ်းဟန်လီ (စိုင်းဆိုင်မောဝ်ရေးပြီး စိုင်းထီးဆိုင်ရဲ့ ကော့ထုတ်တာပီ သီချင်းနဲ့ အလှဲအလှယ်လုပ်ထားတဲ့ သီချင်း)

۵ ☍ ဘာ့ကြောင့် စိုင်းဆိုင်မောဝ်လို့ ခေါ်ရသလဲ ☍ ۵

ဒီတစ်ခေါက်တော့ စိုင်းဆွမ်ယုတ်နာမည်ကို ပြောင်းပစ်ချင်တာနဲ့ စိုင်းဆိုင်မောဝ် ဆိုပြီး ကိုယ့်ဖာသာကိုယ် ရွေးလိုက်တယ်။ ဘာကြောင့် အဲလိုရွေးရသလဲဆိုတော့ . . .
- ရွှေလီမြစ်ဝှမ်းဇာတိဖြစ်လို့
- ရွှေလီမြစ်ကို သောက်ခဲ့ရ ချိုးခဲ့ရလို့
- ရွှေလီသားတစ်ယောက်ဖြစ်လို့
- ရွှေလီဆိုတဲ့ နာမည်ကို တင့်တယ်စေလိုလို့ စိုင်းဆိုင်မောဝ် (ဆိုင်= မြစ်ရေယာဉ် ကြော၊ မောဝ် = ရွှေလီဒေသ)
အဲဒီသီချင်းသွင်းပြီးတဲ့နောက် စိုင်းဆိုင်မောဝ်ရဲ့ သီချင်းဟာ ရှမ်းဒေသအနှံ ပျံ့သွားခဲ့တယ်။ သူနာမည် စိုင်းဆိုင်မောဝ်လည်း ရေပန်းစားသွားတော့တယ်။ အနု ပညာဝါသနာကြီးလွန်းတာကြောင့် ပညာရေးဘက်မှာ အားလျှော့ခဲ့တယ်လို့ ဆိုရမယ် ထင်တယ်။ သူနဝမတန်းအထိဘဲ ကျောင်းတက်ခဲ့တယ်။ ၁၉၇၃ ခုမှာတော့ သူနန်းနွမ် မောဝ်(မူဆယ်)နဲ့အတူ ရန်ကုန် ပြည်လမ်းရှိ မြန်မာ့အသံ ရှမ်းတိုင်းရင်းသား အစီအစဉ် မှာ ရှမ်းသီချင်းသွားသွင်းရပြန်တယ်။

۵ ☍ စိုင်းဆိုင်မောဝ်နှင့် မိုးမိုးအေး ☍ ۵

တောင်ကြီး အထက (၄)မှာ ကျောင်းတက်တုံးက မိုးမိုးအေးနဲ့ စတွေ့ခဲ့တယ်။ သူမလည်း အနုပညာဝါသနာပါလေတော့ ပိုရင်းနီးမိတာပေါ့။ တောင်ကြီးတန်ဆောင် တိုင်ပွဲလည်ရင်း နောက်ပိုင်း မိုးမိုးအေးနဲ့ အိမ်ထောင်ပြုမိသွားတယ်။ အဲဒီတုံးက စိုင်း ဆိုင်မောဝ် အသက် (၁၈)နှစ်ကျော်ပဲ ရှိသေးတယ်။ ရွှေသားမက်ကို ယောက္ခမက သိပ်မကြည်တဲ့အတွက်ကြောင့် ဝင်ငွေရအောင်ဆိုပြီး တက္ကစီကားမောင်းသော်လည်း ဝင်ငွေသိပ်မကိုက်။ ဒါကြောင့် ရွှေလိမ္မောအရက်ဆိုင်မှာ ကောင်တာသွားစောင့်ပေးတယ်။ သူများအရက်လာသောက်ရင် ငဲ့ပေးတယ်။ လိုအပ်တာ ကူပေးတယ်။ အရက် ဆိုင်ထဲ ရောက်လာတဲ့သူတွေ အများစုဟာ ဘဝပျက်သွားကြတာကို မြင်ရလို့ သူကိုယ်တိုင် အရက်ကို ရှောင်နိုင်အောင် အရက်ကျေးကျွန်မဖြစ်အောင် ကြိုးစားခဲ့တယ်။ မိုးမိုးအေးနဲ့ အတူ နန်းခမ်းမိုင်ဆိုတဲ့ သမီးတစ်ယောက်ထွန်းကားခဲ့တယ်။
သမီးတစ်ယောက်ရလာတဲ့အချိန် ရည်ရွယ်ချက်ကတော့ ကျောက်ကုန်သည် လုပ်ပြီး ယိုးဒယားမှာသွားရောင်းရင် ငွေတွေအများကြီးရမယ်ဆိုပြီး အထင်ရှိလို့ မိုးနဲ၊ လင်းခေး၊ ဝမ်ဟတ်လမ်းကနေ ယိုးဒယားကို ထွက်ခဲ့တယ်။ တောလမ်းမှာ ဦးမဟာဆန်းတို့ရဲ့ လက်နက်ကိုင်အဖွဲ့နဲ့ တွေ့ပြီး သူတို့အဖွဲ့က ကုန်သည်တွေထဲမှာ စိုင်းဆိုင်မောဝ်ပါလာကြောင်းသိတော့ ဦးမဟာဆန်းကို သွားပြောတယ်။ စိုင်းဆိုင်မောဝ် နဲ့တွေ့ချင်ကြောင်း လာခေါ်တော့ လိုက်သွားရတယ်ပေါ့။ (၁၉၇၄-၇၅ လောက်ဖြစ်မယ် ထင်တယ်) မဟာဆန်းက စိုင်းဆိုင်မောဝ်ရဲ့ ရှမ်းသီချင်းကို လွန်စွာကြိုက်သူဖြစ်တော့ ကောင်းမွန်စွာဧည့်ခံခဲ့တယ်။ နောက်တစ်နေ့ ကုန်သည်တွေ ခရီးဆက်ထွက်သော်လည်း ဦးမဟာဆန်းက စိုင်းဆိုင်မောဝ်ကို ခေါ်ထားသဖြင့် ကျန်ရစ်ခဲ့ပြီး သူနဲ့အတူ ခေတ္တနေဖို့ တောင်းဆိုလာတယ်။ မလိုက်လျောလဲ မကောင်းဆိုတော့ တောထဲမှာ နေလိုက်တော့တယ်။ တောထဲနေပေမယ့် ဂီတာတစ်လက်နဲ့ပါပဲ။ အပျင်းပြေ သီချင်း တွေဆိုတယ်။ မဟာဆန်းနဲ့အတူ မြင်းစီးရင်း သေနတ်ပစ်တာတွေ သင်ပေးတယ်။ တောပျော်ဘဝလို့ဆိုရလေမလား။ နောက်ပိုင်း ယိုးဒယားမှာ သီချင်းသွားသွင်းတော့ မဟာဆန်းကပဲ အကုန်အကျခံပေးလိုက်တယ်။ အဲဒီသီချင်းကတော့ ဟိုတုံးက ဟိုတုံးက သီချင်းဖြစ်ပြီး စိုင်းဆိုင်မောဝ်ရဲ့ နာမည်အကြီးဆုံး သီချင်းဖြစ်ခဲ့တယ်။

လူ့ဘဝဟာ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ခန့်မှန်းလို့မရဘူး။ တောထဲ မှာ နေတဲ့သူကတော့ တောကြောင်တွေနဲ့ တွေ့တတ်စမြဲပါ။ တစ်ခါက စဝ်ဟန်ဓမ္မထံ သွာလည်ပြီး အပြန်လမ်းမှာ တောတွင်း လက်နက်ကိုင် လောတွန်အဖွဲ့နဲ့ လာဆုံတယ်။ လောတွန်တို့က စိုင်းဆိုင်မောဝ်ကို ဗမာစုံထောက်ဆိုပြီး သူတို့စခန်းချတဲ့တောထဲကို ခေါ်သွားတယ်။ အမျိုးမျိုးသူ့ကို မသင်္ကာစွာနဲ့စစ်ဆေးမေးမြန်းတယ်။ နောက်ပိုင်း သူ့ကို မြေအောက်ထောင်နန်းတစ်ခုအတွင်း ပိတ်ထားလိုက်တယ်။ တစ်နေ့နံနက် သေနတ်ဖောက်သံ သုံးချက်ကြားရတော့ စိုင်းဆိုင်မောဝ် စိတ်မကောင်းဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတော့ သူနဲအတူပါလာတဲ့ သူ့သူငယ်ချင်းကို လောတွန်တို့အဖွဲ့ လက်စသတ်လိုက်တယ် ထင်မိလို့ပါ။ မကြာခင် သူ့အလှည့်ရောက်တော့မယ်လို့လဲ တွက်ထားမိတယ်။ သူနေတဲ့ မြေအောက်ထောင်ကတော့ အနက် ၁၈ ပေလောက် ရှိမယ်။ အကျယ်ကတော့ ရေတွင်းတစ်တွင်းလိုပေါ့။ ကိုယ့်ကျင်ကြီးကျင်ငယ်အနံ့က ကိုယ့်ကိုပြန်နှိပ်စက်နေတော့တယ်။ ထမင်းစားချိန်ရောက်ရင် လူတစ်ယောက်က ဆွဲချင်းထဲ အစာတွေထဲ့လာပြီး အပေါ်ကနေချပေးတယ်။ မာတူးနေတဲ့ထမင်း အေးစက်နေတဲ့ ဟင်းတွေနဲ့ အသက်ဆက်ခဲ့ရတယ်။ ဟင်းရည်နဲ့မျက်ရည်ရောပြီး သောက်ရတဲ့အဖြစ်ပါ။ သူအိပ်ဖို့အတွက် ဖျာစုတ်လေး တစ်ချပ်။ ညအိပ်တဲ့အချိန် လွတ်လပ်တဲ့ကောင်းကင်ပေါ်က ကြယ်ကလေးတွေကို ကြည့်ပြီး အားငယ်မိ ဝမ်းနည်း မိတယ်။ ၇ ရက်ရလာတော့ သူ့ကိုသတ်ဖို့ စီစဉ်ချိန် မိုင်းပန်ကုန်သည်တစ်စုရောက်လာတယ်။ စကားစပ်မိလို့ စိုင်းဆိုင်မောဝ်ကို ဖမ်းထားတယ်ဆိုတာသိရတော့ မိုင်းပန်ကုန်သည်တွေက လောတွန်ဆီမှာ အကြောင်းမျိုးစုံ သွားပြောပြတယ်။ စိုင်းဆိုင်မောဝ်ဟာ စုံထောက်မဟုတ်တဲ့အကြောင်း၊ သူဟာ ရှမ်းနာမည်ကြီးအဆိုတော်ဖြစ်ကြောင်း အမျိုးမျိုးတောင်းပန်တော့ သူ့ကို ချက်ချင်း မသတ်ဖြစ်ခဲ့ဘူး။
ဦးမဟာဆန်းတို့အဖွဲ့လည်း စိုင်းဆိုင်မောဝ် အဖမ်းခံရကြောင်း ကြားသိရတော့ ဒေါသူပုန်ထပြီး လူသူလက်နက်တွေ များစွာနဲ့ စိုင်းဆိုင်မောဝ်ကို လွတ်ပေးဖို့ လာတောင်းတယ်။ ရရင်ရ မရရင်ချမယ်ပေါ့။ လောတွန်အဖွဲ့လည်း အကြောင်းစုံကို သိတော့ စိုင်းဆိုင်မောဝ်အား တောင်းပန်ပြီး ထောင်မှလွတ်ပေးလိုက်တယ်။ နောက် ပြီး ငွေအထုတ်ကြီးတစ်ထုပ် ထပ်ပေးလိုက်တော့ စိုင်းဆိုင်မောဝ်က
ကျနော်အဖမ်းခံတာဟာ ခင်ဗျားတို့ ငွေကို လိုချင်လို့ လာအဖမ်းခံတာ မဟုတ်ဘူး ဆိုပြီး သူပေးတဲ့ငွေကို ငြင်းဆန်ခဲ့တယ်။ အဲဒီနောက် သူမဟာဆန်းတို့အဖွဲ့နဲ့လိုက်လာပြီး ဝမ်စစ်ရွာဘက်သို့ရောက်လာချိန် မြန်မာ့တပ်မတော်ဗိုလ်မှူးကောင်စစ်တို့လည်း စစ်ဆင်ရေးအရ ဝမ်စစ်ဘက်ကိုရောက်နေတယ်။ ဗိုလ်မှူးကောင်စစ်က စိုင်းဆိုင်မောဝ် မဟာဆန်းအဖွဲ့ထဲရောက်နေမှန်းသိတော့ လူလွှတ်ပြီး ပြန်ခေါ်ခိုင်းတယ်။ ဘာကြောင့် လဲဆိုတော့ ဗိုလ်မှူးကောင်စစ်ဟာ စိုင်းဆိုင်မောဝ် ဦးလေးတော်စပ်လို့ပါ။ မဟာဆန်း တို့က ငြင်းဆန်သဖြင့် သူတို့တိုက်ပွဲဖြစ်ကာ ပန်တဝိဘက်ကို ထွက်ပြေးခဲ့ရတယ်။
တောထဲအနေကြာလာတော့ တောင်ကြီးမှာ ကျန်ရစ်တဲ့ ဇနီးနဲ့ သမီးလေးကို လွှမ်းလာတယ်။ သူ့ဘဝလဲ လမ်းဆုံးနေတဲ့ ဒီတောထဲမှာ အမြုပ်မခံချင်ဘူး။ မဟာဆန်း တို့ရဲ့ လုပ်ရပ်ကိုလည်း သူမနှစ်သက်ခဲ့ဘူး။ စတဲ့ အကြောင်းကြောင်းတွေကြောင့် စိုင်း ဆိုင်မောဝ်တစ်ယောက် ဦးလေးဖြစ်သူ ဗိုလ်မှူးကောင်စစ်ကို သတင်းပို့ပြီး လက်နက်နဲ့ အတူ အလင်းဝင်ခဲ့တယ်။
တောင်ကြီးအချုပ်

စိုင်းဆိုင်မောဝ်ရဲ့ ဘဝဟာ မရှိကို အရှိ မပျော်ကို အဖေါ်လုပ်ရတဲ့ဘဝလို့ ဆိုရင် လည်း မမှားပါဘူး။ သူ့သီချင်းကို နားထောင်ရင်တော့ သူအမြဲတမ်းပျော်တယ်လို့ ထင်ရ လောက်တယ်။ အမှန်တော့ အဲလိုမဟုတ်ပါ။ လူ့ဘဝဆိုတာ သာတစ်ခါ နာတစ်လှည့်ပါ။ စိုင်းဆိုင်မောဝ်ဘဝမှတ်တိုင်ကတော့ စတိတ်ပေါ်ကနေ ထောင်ထဲတန်းရောက်သွားတာလည်း ရှိခဲ့ဖူးတယ်။ ဒီလိုပါ . . . အလင်းဝင်လာပြီတဲ့နောက် တောင်ကြီးရှိ မိုးမိုးအေးတို့မိသားစုနဲ့ အတူ ပြန်လာနေတယ်။ အဲဒီနှစ် တောင်ကြီးတန်ဆောင်တိုင် စည်ကားစွာ ကျင်းပနေတဲ့အချိန်။ တောင်ကြီးတန်ဆောင်တိုင်ကတော့ လှပဆန်းကျယ်တဲ့ နေ့မီးပုံးပျံ၊ ညမီးပုံးပျံတွေကြောင့် အထူးနာမည်ကြီးခဲ့တယ်။ အဲဒီပွဲမှာ စိုင်းဆိုင်မောဝ် စတိတ်စင်ပေါ်မှာ သီချင်းတက်ဆိုခဲ့ရတော့ ပျော်နေဆဲအချိန်၊ ပရိသတ်တွေရဲ့ လက်ခုပ်သံကို ပီတိဖြစ်နေတဲ့အချိန်ပါ။ သီချင်းနှစ်ပုဒ်ဆိုပြီးတာနဲ့ ပတ်ဝန်းကျင်က သွေးထိုးမှုကြောင့် စိုင်းဆိုင်မောဝ်မှာ စကားပြောစက်ရှိတယ်ဆိုပြီး သူ့ကို သက်ဆိုင်ရာက ခဏလိုက်ခဲ့ပါဆိုပြီး လိုက်သွားရတယ်။ သူ့ခမျာ အနွေးထည်တောင် မယူအား ရှာဘူး။ တောင်ကြီး ရပခထဲရောက်သွားတယ်။ တပ်ပြေးများ ချုပ်ထားတဲ့နေရာမှာ သူ့ကို သွားထားတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရဲ့ ပွဲသံတော်သံတွေ၊ အိုးစည်ဗုံမောင်းသံတွေ၊ ရွှေပွဲလာများ မီးပုံးပျံတက်သွားလို့ ပျော်ရွှင်အော်ဟစ်နေတဲ့အသံတွေ သူကြားသာကြားနေရတယ်။ သူက ဘာမှ မခံစားနိုင်တော့ပါဘူး။ အနုပညာသမားတစ်ယောက် ပွဲကြီးပွဲကောင်းနဲ့ လွှဲရတဲ့အချိန် သူ့ခမျာ ဘယ်လိုမှ မတတ်နိုင်တော့ဘဲ မျက်ရည် အကြိမ်ကြိမ်ဝဲခဲ့ရလေရဲ့။ အဲဒီတောင်ကြီး ဒီဇင်ဘာလ တန်ဆောင်တိုင်ည ကိုလွှမ်းရင်း တောင်ကြီးဒီဇင်ဘာရဲ့အအေးဒဏ်ကြောင့် သူ့ဘေးနားမှာ ရှိတဲ့ ဂုံနီအိတ် တစ်လုံးထဲ ဝင်ကွေးနေရတော့တယ် မိုးလင်းအထိ။ ဒီလိုနဲ့ အပြင်လောကကို သူနှစ်နှစ်လောက် ကင်းကွာသွားခဲ့ရတယ်။ ရပခမှာ နောက် တပ်မှူးအသစ်ရောက်လာမှပဲ သူ ပြန်လွှတ်လာတော့တယ်။ သူအကျဉ်းအကျပ်ထဲရောက်နေချိန် ဘယ်သူကမှ သူ့ဆီ မလာပေမယ့် သူ့ကို အမြဲလာအားပေးတာကတော့ မိုးမိုးအေးပါ။
အပြင်လောကထဲ ရောက်လာပြန်တော့ အလုပ်အကိုင်က ဟုတ်တိပတ်တိမရှိ သေးတော့ ဝါသနာအရ စနိုကာကစားပြီး စိတ်ဖြေနေရတော့တယ်။ အဲဒီမှာ ဂီတစာဆို မောင်မောင်ညွှန့်နဲ့ ခင်သွားတယ်။ နောက်ပြီး ကိုမြတ်လင်း(ရွှေညောင်တေးသံသွင်း)နဲ့ ခွန်ထွန်းပ (တောင်ကြီး)တို့က သူ့ကိုလာတွေ့ပြီး ရန်ကုန်မှာ သီချင်းသွားသွင်းဖို့ ကမ်း လှမ်းခဲ့တယ်။ အစကတော့ သူငြင်းလိုက်သေးတယ်။ နောက်ပိုင်းတော့ လိုက်ဖြစ်သွား ပြီး ချစ်သောနန်းနှင့် ရှမ်းမောမြေ စီးရီးကိုသွင်းခဲ့တယ်။ (၁၉၇၈)
သူဆိုပြီးတာနဲ့ တောင်ကြီးကို အရင်ပြန်လာခဲ့တယ်။ သူ့သီချင်း နာမည်ကြီးလာမယ်လို့ သူမထင်ခဲ့ဘူး။ သူ့ရဲ့ ဗမာပထမစီးရီး ဘယ်အချိန်ကထွက်သွားသလဲဆိုတာ သူသတိမထားမိခဲ့ဘူး။ တစ်နိုင်ငံလုံး သူ့သီချင်းတွေ ပေါက်သွားလေတော့တယ်။ လူတွေ အကြိုက်ဆုံးကတော့ ချစ်ဇနီးလေးအေး နဲ့ ညောင်ညိုရိပ်အောက်က ချစ်စကား ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူရဲ့ဒီစီးရီးကြောင့် စိုင်းဆိုင်မောဝ်ဆိုတဲ့နာမည်လည်း တစ်နိုင်ငံလုံး သိသွားကြတယ်။့ ၁၉၇၆-၇၇ ရှမ်းတေးအမှတ် ၀၀၁၊ ၀၀၂၊ ၀၀၃ တွေထွက် ကတည်းက ရှမ်းပရိသတ်ထဲမှာတော့ စိုင်းဆိုင်မောဝ်က နာမည်ရှိပြီးသားပါ။ မိုးမိုးအေး နဲ့အတူ နန်းခမ်းမိုင်၊ နန်းခမ်းမွန်ဆိုပြီး သမီးနှစ်ယောက် ရှိခဲ့တယ်။ မိုးမိုးအေးတော့ သူတို့ကိုထားရစ်ပြီး စောစီးစွာ လောကက ထွက်ခွာသွားခဲ့တယ်။
ပထမစီးရီးအောင်မြင်ပြီးတဲ့နောက် စိုင်းဆိုင်မောဝ်လည်း နောင်သီချင်းသစ်တွေ ထပ်ထွက်နိုင်အောင် ကြိုးစားလာတော့ ဆက်တိုက်လိုလို သူ့တေးသံတွေ ပရိသတ်နား စွဲသွားတော့တယ်။ သူ့သီချင်းတွေထဲမှာ တောင်ပြာတန်းကသိတယ် ဆိုတဲ့သီချင်းကတော့ ကြားရတဲ့သူတိုင်း အဲဒီတေးသွားနဲ့ စာသားကို နှစ်သက်ကြတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းကိုယ်တိုင် အဲဒီသီချင်းကို အရမ်းကြိုက်တယ်လို့ သိရတယ်။

۵ ☍ နန်းမွေဖေါင် နှင့် စိုင်းဆိုင်မောဝ်۵ ☍

အနုပညာလောကထဲမှာ ကျင်လည်ခဲ့ရင်း လားရှိုးမြို့မှာ သီချင်းလာဆိုတဲ့အချိန် မူဆယ်က နန်းမွေဖေါင်နဲ့ တွေ့ခဲ့ပြီး ၁၉၇၉ ခုမှာ နန်းမွေဖေါင်နဲ့ လက်ထပ်ခဲ့ကာ မူဆယ်မှာ အခြေချနေထိုင်ခဲ့တယ်။ ရှမ်းသီချင်း မြန်မာသီချင်းတွေလည်း ဆက်တိုက် လိုလို သွင်းဖြစ်ခဲ့တယ်။ ကြုံရာအလုပ်လုပ်ရင်း ကုန်တင်ကားကြီးကိုလည်း သူတက် မောင်းခဲ့တာပဲ။ မူဆယ်မန္တလေးလမ်းကို အမြဲတမ်းသွားလာနေလေတော့ သူ့ခံစား ချက်ကို သီချင်းတစ်ပုဒ်အဖြစ် တင်ပြလိုက်သေးတယ်။ မူဆယ်နမ့်ခမ်းလမ်း တဲ့ ကားသမားတိုင်းလိုလို အဲဒီသီချင်းကို ကြိုက်ကြတယ်။ သူမူဆယ်မှာနေစဉ် ဗွီဒီယို ဇာတ်လမ်းခေတ်ထနေတဲ့အချိန်ဖြစ်တော့ သူနဲ့ နန်းမွေဖောင်က ဆန်မောက်ကွမ် မော်လတ်ကွမ်း (ချယ်ရီသာ စကားပြောတတ်ရင်) ဆိုတဲ့ ရှမ်းကားတစ်ကား ရိုက် ဖြစ်လိုက်သေးတယ်။ နန်းမွေဖောင်နဲ့အတူ စိုင်းလှိုင်း၊ စိုင်းဇင်၊ စိုင်းမိန်းဆိုပြီး သားသုံးယောက် ထွန်းကားခဲ့တယ်။ သူ့ဇနီး နန်းမွေဖောင်ကိုလည်း အနုပညာစင်မြင့်ပေါ် တင်ပေးကာ ရှမ်း၊ ဗမာသီချင်းတွေ အတူ ဆိုဖြစ်သေးတယ်။ သူ့ဇနီး နဲ့ပတ်သက် ပြီး လူသိများတဲ့ ရှမ်းသီချင်းတစ်ပုဒ်ကတော့ မွေနွမ်ဖောင် ဆိုတဲ့ သီချင်းပါ။ ဖြစ်ပျက် ရကုန် ဆုံကွဲဆိုတဲ့အတိုင်း ၁၉၉၀ မှာ နန်းမွေဖောင်နဲ့ အိမ်ထောင်ကွဲခဲ့တော့တယ်။

۵ ☍ နန်းမောက်စမ်ခမ်း နှင့် စိုင်းဆိုင်မောဝ် ۵ ☍

နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ သတင်းကတော့ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သာမန်လူထက်တော့ ပိုပြီးပျံ့မှာပဲ။ အဲဒါ ဓမ္မတာပါ။ စိုင်းဆိုင် မောဝ်ကွဲပြီ၊ စိုင်းဆိုင်မောဝ်ဇာတ်သိမ်းပြီ၊ စိုင်းဆိုင်မောဝ် နောက်တစ်ယောက်နဲ့ တွဲပြန် ပြီ စသဖြင့် မကြားချင်လည်း နားထဲဝင်လာမစဲတသဲသဲပါ။ ဒီတစ်ခါတော့ စိုင်းဆိုင်မောဝ်ရဲ့ ဖူးစာ က နမ့်ခမ်းသူလေး နန်းမောက်စမ်ခမ်းတဲ့။ ဇာတ်လမ်းကတော့ ဒီလိုတဲ့။ နမ့်ခမ်းမြို့ရဲ့ ဆင်ခြေ ဖုံးရွာလေးတစ်ရွာ မန့်နားဆိုတာရှိတယ်။ အဲဒီရွာရဲ့ တောင်ကုန်းကနေ လှမ်းမျှော်ကြည့်လိုက် ရင် ရွှေလီမြစ်ဝှမ်းရဲ့ လယ်ကွင်းပြင်ကြီး တမျှော်တခေါ် မြင်ရပြီး တရုတ်ပြည်ကနေ ကုန်ပစ္စည်း တွေ ဒီဘက်နိုင်ငံကို လယ်တောထဲဖြတ်ပြီး ဝင်လာကြတယ်။ လယ်တောထဲမှာ လှည်းလမ်း၊ ကားလမ်းတွေ ပေါက်နေတာမြင်ရတော့ စိုင်းဆိုင်မောဝ်က ရှမ်းသီချင်းတစ်ပုဒ် စပ်ဆိုနိုင်ခဲ့ တယ်။ ခွန်တန်းကား မီးနိုင်းနား (လယ်ကွက်ထဲက ကားလမ်း)တဲ့။ သီချင်းတွေရေးစပ်ပြီး အပြန် နန်းမောက်စမ်ခမ်းတို့ အိမ်ကို ဝင်နား စကားစမြည်ပြော၊ ရင်းနီးသွားကာ နောက်ဆုံး ကြင် ဖေါ်ဖြစ်သွားကြတော့တယ်။
မကြာခင် နန်းမောက်စမ်ခမ်းနဲ့အတူ ဟတ်ဖတ်ယပ် ဆိုတဲ့ ရှမ်းစီးရီးတစ်ခွေ ထွက်လာ တယ်။ စိုင်းဆိုင်မောဝ်က နန်းမောက်စမ်ခမ်းကို စင်တင်ပေးတဲ့ စီးရီးလို့ဆိုရပါမယ်။ အဲဒီကစပြီး နန်းမောက်စမ်ခမ်းလည်း ရှမ်းနာမည်ကြီးအဆိုတော်အဖြစ် ယနေ့တိုင် ရပ်တည်လာခဲ့တော့ တယ်။ နာမည်ကျော်စုံတွဲအဆိုတော်ဖြစ်တော့ ဘယ်မှာသီချင်းသွားဆိုဆို နှစ်ယောက်စလုံး အဖိတ်ခေါ်ခံရတယ်။ ဒါကြောင့် သူတို့အတွဲ ရှမ်းပြည်မှာ တော်တော်နှံနှံစပ်စပ်ရောက်သွားကာ ပရိသတ်များကို သီချင်းနဲ့ နှစ်သိမ့်ပေးခဲ့ရတယ်။ တစ်ခါ တာချီလိတ်ဘက်က လာဖိတ်လို့ ရောက်သွားတယ်။ တာချီလိတ်ရောက်တော့ ထိုင်းနိုင်ငံထဲ သွားရမယ်တဲ့။ လာရတဲ့ခရီးက လည်း ရှမ်းပြည်မြောက်ပိုင်းကနေ အရှေ့ပိုင်းအထိ တကူးတကလာရပြီး ဆက်မလိုက်သွားရင် လည်း မသင့်တော်တာကြောင့် ထိုင်းနိုင်ငံထဲ လိုက်သွားတယ်။ ထိုင်းနိုင်ငံထဲ ရောက်တော့ လာခေါ်တဲ့သူနဲ့ ခရီးဆက်ရင်းဆက်ရင်း ဟိုမိန်းဒေသကိုရောက်လာလေတော့ ပြန်ဆုတ်လို့လဲ မရတော့ဘူး။ ဆုတ်လည်းစူး စားလည်းရူးကိန်းဆိုက်ခဲ့တယ်။ အဲဒီအချိန်က ဟိုမိန်းဒေသဟာ ခွန်ဆာရဲ့ ရှမ်းပြည်တပ်မတော် MTA ဌာနချုပ်ဖြစ်တယ်။ စိုင်းဆိုင်မောဝ်လည်း ရောက်တဲ့အရပ်မှာ ပျော်အောင်နေဆိုသလို သူ့အနုပညာနဲ့ ဟိုမိန်းပရိသတ်ကို ဖျော်ဖြေပေးခဲ့တယ်။ စိုင်းဆိုင်မောဝ်ရဲ့ ခံယူချက်ကတော့ ကလေးနဲ့တွေ့ရင် ကလေးလိုတွေး၊ လူငယ်နဲ့တွေ့ရင် လူငယ်လိုပျော်၊ လူကြီးနဲ့တွေ့ရင် လူကြီးလိုပြောဆိုဆက်ဆံ၊ သူတောင်းစားနဲ့တွေ့ရင် သူတောင်းစားကို ခင်မင် တတ်ရမယ် တဲ့။
ဒီလိုနဲ့ ဟိုမိန်းမှာ ၂ နှစ်ကြာခဲ့တယ်။ သူနဲ့ နန်းမောက်စမ်ခမ်းတို့ရဲ့ ရှေ့ရေးကို ထည့်မတွေးလို့လည်း မဖြစ်တော့ နှစ်ဦးသား တီးတိုးတိုင်ပင်ခဲ့ကြတယ်။ ဟိုမိန်းကနေ ထွက်ခွာ ဖို့ဆိုလည်း လုံးဝမလွယ်တဲ့အချိန်ဖြစ်နေတယ်။ ဒါပေမယ့် အခါအခွင့်သင့်တာနဲ့ သူနန်းမောက် စမ်ခမ်းကိုခေါ်ပြီး သေနတ်တိုတစ်လက်၊ ကျည်ဆံအချုို့နဲ့ ကယားပြည်နယ် လွယ်ကော်တပ် ရင်းမှာ အလင်းဝင်ခဲ့တယ်။
နန်းမောက်စမ်ခမ်းလည်း နာမည်ကြီး ရှမ်းအဆိုတော်ဖြစ်လာတော့တယ်။ သူမရဲ့အသံ ကလည်း ဆွဲဆောင်မှု အပြည့်ရှိတယ်လေ။ နန်းမောက်စမ်ခမ်းနဲ့အတူ နန်းဆိုင်ဖွန်ခမ်း ဆိုတဲ့ သမီးလေး တစ်ယောက်ထွန်းကားတယ်။ မတည်မြဲတဲ့ လောကကြီးထဲမှာ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးဟာလည်း မမြဲခဲ့ဘူး။ နောက်ပိုင်းကွဲကာ လမ်းခွဲသွားကြတယ်။ အချစ်နဲ့အမုန်းဆိုတာ စက္ကူပါးပ

Address


Website

Alerts

Be the first to know and let us send you an email when Citizen Of Tai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share