Meowing Across the Beer Land: Germany & Beyond

Meowing Across the Beer Land: Germany & Beyond Meow ...

Supporting Document အနေနဲ့ တင်ခဲ့တဲ့ Cover Letter ကို reference ယူချင်သူများအတွက် ဖြစ်ပါတယ်Cover Letter က mandatory တောင...
21/07/2025

Supporting Document အနေနဲ့ တင်ခဲ့တဲ့ Cover Letter ကို reference ယူချင်သူများအတွက် ဖြစ်ပါတယ်

Cover Letter က mandatory တောင်းတဲ့ document ထဲမပါပေမယ့် ကျွန်မ လျှောက်တုန်းက ထည့်ဖြစ်ခဲ့ပါတယ်

ရည်ရွယ်ချက်ကတော့ ကျွန်မ နဲ့အတူတူ spouse ပါလျှောက်တယ် ဆိုတာ သိစေချင်တာရယ် ကျွန်မရော spouse ရော ၂ယောက်လုံးရဲ့ working field ကို သတိထားမိ စေချင်တာကြောင့် ဖြစ်ပါတယ်

Visa တင်တဲ့အရခါ individual တင်ရတာမို့ Motivation Letter ထဲမှာ spouse အကြောင်းကို mention လုပ်ပြီးရေးရင် ကျွန်မအကြောင်း နဲ့ ရောကုန်မှာ စိုးတာကြောင့် အဆင်မပြေလောက်ဘူး ထင်လို့ Cover Letter ရေးပြီး အသိပေးတဲ့ သဘောအနေနဲ့ ထည့်ခဲ့ပါတယ်

အဆင်ပြေပါစေ …

Motivation Letter ရေးဖို့ အခက်အခဲ ရှိသူတွေ အတွက် ကျွန်မ ရေးခဲ့တုန်းက format ဖြစ်ပါတယ် စာအများကြီး ဆို ကျွန်မလဲ ဖတ်ဖို့ ပ...
21/07/2025

Motivation Letter ရေးဖို့ အခက်အခဲ ရှိသူတွေ အတွက် ကျွန်မ ရေးခဲ့တုန်းက format ဖြစ်ပါတယ် စာအများကြီး ဆို ကျွန်မလဲ ဖတ်ဖို့ ပျင်းတာမို့ visa officer တွေ ဆိုတာ တနေ့ကို ဒီလိုစာတွေ တစောင်မက ဖတ်ရမယ် လို့ ယူဆပြီး သူတို့လဲ မပျင်းရအောင် short to the points ပဲ ကျွန်မ ရေးခဲ့ပါတယ်

တစ်ခု သတိထားစေချင်တာက လက်ရှိ အလုပ်လုပ်နေတဲ့ job title ကို German embassy က ဖော်ပြထားတဲ့ bottle neck professional မှာ ဝင်စစ်ပြီး ကိုယ့် job title နဲ့ ခေါင်းစဉ် တည့်တည့်ကြီး တူမနေခဲ့ရင်/ပါမနေခဲ့ရင် job title ကို သူတို့ ဖတ်လိုက်တာနဲ့ bottle neck professional မှာ သွားစစ်တဲ့အခါ အကုန်တူမနေရင်တောင် သူတို့သိတဲ့ key word လေးတွေ ထည့်ပေးမှ Visa chance ပိုများမယ်လို့ ထင်ပါတယ် (ကျွန်မအယူအဆပါ)

ဥပမာ - Software Engineer, IT Team Lead, Project Manager လို job title တွေက visa officer အနေနဲ့ ရင်းနှီးပြီးသား ရှာလို့ လွယ်မယ့် နာမည်တွေဖြစ်ပေမယ့်

Quantity Surveyor (QS) , BIM Coordinator, BIM Lead , BIM Modeller, Drafter အစရှိတဲ့ job title မျိုးတွေက bottle neck professional ထဲမှာလဲ တိုက်ရိုက်မပါသလို သာမာန်လူအနေနဲ့ ဖတ်လိုက်ရင်လဲ ဘာအလုပ်လုပ်မှန်း ရေရေရာရာ မသိသာစေပါဘူး စာထဲမှာ ထည့်ရှင်းပြမယ်လို့ တွေးထားပေမယ့်လည်း စာသေချာ မဖတ်တဲ့ Visa officer လိုမျိုးနဲ့ တွေ့မယ်ဆိုရင်/ ကိုယ့်အလုပ်အကြောင်းရှင်းပြထားပေမယ့်လည်း သူတို့ နားမလည်ခဲ့ရင် Visa chance အတွက်က အခက်အခဲရှိနိုင်ပါတယ်

ကျွန်မလျှောက်ခဲ့တုန်းကတော့ Construction နဲ့ Engineer ဆိုတဲ့ စကားလုံး ပါအောင်ထည့်ခဲ့ပါတယ် Construction/ Engineer ဆိုတဲ့ စကားလုံးက တော်တော်များများ ရင်းနှီးပြီးသားဖြစ်သလို bottle neck professional မှာလဲ Construction Project manager / Engineer လို job title ပါတဲ့ အတွက် visa officer decision အတွက်လဲ လွယ်လွယ်ကူကူ အထောက်အကူ ပြုစေမှာပါ

အဆင်ပြေပါစေ …

KMK Recognition application လိုအပ်တဲ့ စာရွက်စာတမ်းတွေထဲက တစ်ခုဖြစ်တဲ့ Final Project ပြီးစီးကြောင်း ကျောင်းရဲ့ စာရွက် တော...
21/07/2025

KMK Recognition application လိုအပ်တဲ့ စာရွက်စာတမ်းတွေထဲက တစ်ခုဖြစ်တဲ့ Final Project ပြီးစီးကြောင်း ကျောင်းရဲ့ စာရွက် တောင်းရတဲ့အခါ တစ်ချို့ကျောင်းတွေက ရေးရမယ့် စာနဲ့ format တောင်းကြလို့ ကျွန်မ ထုတ်ခဲ့တုန်းက ကျောင်းက ဌာနမှုး ရေးပေးတဲ့ စာ နမူနာ တင်ပေးလိုက်ပါတယ်

အဆင်ပြေပါစေ …

စာတွေ တင်ပေးမယ် လို့ ဆုံးဖြတ်ပြီးထဲက ဗိုက်ထဲမှာ ခလေးလေး ရှိသွားတာမို့ ကျွန်မရဲ့ 1st Trimester ၃လမှာ တော်တော်လေး pregnanc...
30/04/2025

စာတွေ တင်ပေးမယ် လို့ ဆုံးဖြတ်ပြီးထဲက ဗိုက်ထဲမှာ ခလေးလေး ရှိသွားတာမို့ ကျွန်မရဲ့ 1st Trimester ၃လမှာ တော်တော်လေး pregnancy sick တွေ နဲ့ စိတ်ရော လူပါ အဆင်မပြေလို့ Page ကို လုံးဝ ဝင်မကြည့်ပဲ ကိုယ့်ကိုယ်ကို နဲ့ ခလေးလေးပဲ ဂရုစိုက်နေရတာမို့ အခုမှ Page ပြန်ဖွင့်ပြီး စာတွေ ကျွန်မ တတ်နိုင်သလောက် ဖြေပေးထားပါတယ်

တကယ်သေချာ လေ့လာရင်း လုပ်နေတဲ့ သူတွေ လဲပါတာမို့ ဖြေပေးရတာ အားရပေမယ့် ကျွန်မ ပိုစ့်တွေ တစ်ခုလေးတောင် မဖတ်ရသေးပဲ လာမေးတာမျိုး ကျွန်မဖြေဖို့ အဆင်မပြေတာမို့ ပြန်မဖြေပေးခဲ့ရင် နားလည်ပေးပါ

ဒီနိုင်ငံ ရောက်တာနဲ့ Beer သောက်မယ် ကြောင်မွေးမယ် လို့ အားတင်းပြီး လာခဲ့တာမို့ page name ကို​တောင် ဖြစ်ချင်တာ လုပ်ချင်တာတွေပေးထားတာ

အခုတော့ vitamins တွေသောက်ပြီး လူခလေးလေး ပဲ မွေးရပါတော့မယ် 🥲

ပုံထဲက စာအုပ်ကတော့ ကိုယ်ဝန်သည်တိုင်း ရတဲ့ ကိုယ်နဲ့မကွာ ထားရတဲ့ ကျန်းမာရေး စာအုပ်ဖြစ်ပါတယ် လာဖို့ကြိုးစားနေသူတွေ အတွက် အားတက်အောင်ပြောရရင်တော့ ဒီမှာ ဆေးခန်းပြတာကစပြီး ခလေးမွေးတာအဆုံး free ပါ 😅

‼️ Blocked Amount Update Information ‼️Motivation Letter အတွက် ပိုစ့် တင်ဖို့ ရေးနေရင်း ကျွန်မ တစ်ချို့ information လိုလ...
29/01/2025

‼️ Blocked Amount Update Information ‼️

Motivation Letter အတွက် ပိုစ့် တင်ဖို့ ရေးနေရင်း ကျွန်မ တစ်ချို့ information လိုလို့ Singapore ရဲ့ German Embassy Website ထဲ စာပြန် ၀င်ဖတ် တာ

Total Minimum Blocked Amount က € 1,091/month, amount applicable in 2025 လို့ ပြောင်းသွားတာ တွေ့ပါတယ်

ကျွန်မ လျှောက်ခဲ့တာ 2024 July မှာ လျှောက်ခဲ့တာမို့
Total Minimum Blocked Amount က € 1,027/month နဲ့ လျှောက်ခဲ့ ရတာပါ

အခု € 1,091 ဆိုတော့ တစ်လကို € 64 ကျပ် / တစ်နှစ် စာ ဆိုရင် € 768 ကျပ် ပိုများသွားပါပြီ

နိုင်ငံတွေ အားလုံး ရဲ့ Visa update တွေက အမြဲ ပြောင်းလဲ နေတာမို့ ကိုယ် စိတ်၀င်စား ဖို့ လျှောက်ဖို့ လုပ်နေရင် အဲ့နိုင်ငံသံရုံးတွေ ရဲ့ website မှာ Visa အကြောင်း အမြဲ ၀င်ဖတ်နေဖို့ လိုပါတယ်

ကျွန်မ ရေးခဲ့ တဲ့ ပိုစ့်တွေ မှာ ကျွန်မ လျှောက်ခဲ့တဲ့ ကာလ အပိုင်းအခြားရဲ့ အတွေ့အကြုံ ပဲမို့ information ရှာရတာ စုစုစည်းစည်း ဖြစ်သွားပြီး လျှောက်ပုံလျှောက်နည်း တီးမိခေါက်မိ ရုံ ပဲ ရှိပါတယ် Up to Date သတင်းတွေကို တော့ အမြဲ စာလိုက်ဖတ်နေဖို့ အား‌ပေးချင်ပါတယ်

ကျွန်မ ရေးခဲ့တဲ့ Blocked Account အကြောင်း ဖြစ်ပါတယ်
https://www.facebook.com/share/p/163MWeP83a/

ကျွန်မ အတွေ့အကြုံကို ရေးထားတာမို့ ပိုစ့်ကို မပြင်တော့ပါဘူး အဲ့ဒီတုန်းက amount ကို ဒီနှစ် အတွက်လျှောက်မယ့် သူတွေက တစ်လအတွက် € 64 ကျပ် / တစ်နှစ် စာ ဆိုရင် € 768 ကျပ် ပိုတွက်ရမယ် ထင်ပါတယ် (အဲ့ထက်လဲ လိုတိုး ပိုလျော့ အနဲငယ် ဖြစ်နိုင်ပါတယ် )

လေ့လာကြည့်ကြပါ အဆင်ပြေပါစေ …

အခုပိုစ့်မှာတော့ visa process တွေ မလုပ်ခင် ထည့်သွင်းစဥ်းစား စရာတွေ ထဲက တစ်ခု ဖြစ်တဲ့ Finical အကြောင်း Block Account ဖွင့် နည်း နဲ့ Block လုပ်ထားရမယ့် ပိုက်ဆံ အနည်းဆုံး ပမာဏ အကြောင်း ပြောချင်ပါတယ်

ကျွန်မစာရွက်စာတမ်း ပြင်တဲ့အချိန်တုန်းက Chancenkarte အတွက် Blocked Account Service ဆိုတာ မရှိသေးလို့ Main Blocked Account Providers တွေထဲက တစ်ခုဖြစ်တဲ့ Coracle က ဖွင့်ပါတယ်

Link ကို ဒီကယူပါ
🔗 https://www.coracle.de/application-form/blocked-account

Total Minimum Blocked Amount က € 1,027/month ပါ visa က 1နှစ်ဖြစ်တာကြောင့်
Total € 12,324
service fee € 99 နဲ့ အတူ
Exchange rate ကြောင့် Buffer € 80 ထပ်ထည့်လွှဲရပါတယ်

Total Blocked amount to be transferred € 12,503/ Person ဖြစ်ပါတယ်

ကျွန်မ က € 1,027 ကို မှတ်ရလွယ်သွားအောင် € 1,050/month ထည့်ခဲ့ပါတယ်

€ 1,027 ဆိုတာ minimum amount must transferred ဖြစ်တာကြောင့် အဲ့ထက်ပိုထည့်ချင် ခဲ့ရင် ကိုယ်ထည့်မယ့်

amount + buffer + service fee လို့ အလွယ်တွက်လို့ရပါတယ်

Coracle မှာ Blocked Account အတွက် Application form ဖြည့်ပြီး application submit အရင်လုပ် ရပါတယ်

Application form မှာ
📌 Personal Details
📌 Block Account
📌 Comments (Optional)
📌 Identification Details
📌 Agreements
ဆိုပြီး Information ၅ခု ဖြည့်ရမှာပါ

လေးခုမြောက် ဖြည့်ရမယ့် 📌 Identification Details အတွက် Admission Letter မှာ Chancenkarte visa ရဲ့ Application form ကို ဖြည့်ပြီး attached တွဲပေးရမှာပါ

ကျန်တဲ့ အပိုင်းတွေကတော့ ဖြည့်ရလွယ်ပါတယ်

Coracle Blocked Account Application form submit လုပ်ပြီး တစ်ပါတ်အကြာမှာ
Details for your money transfer: ဆိုပြီး ငွေလွှဲရမယ့် Bank Details Email ပို့လာပါတယ်

ကျွန်မ Singapore bank ကနေပဲ တိုက်ရိုက်လွှဲလိုက်ပါတယ်

ငွေလွှဲပြီးကြောင်း SS Detail ယူထားပြီး
📧 [email protected] ကို email ပို့ခဲ့ပါတယ်

၂ရက် အကြာမှာတော့ BA Amount Confirmation ဆိုတဲ့ email နဲ့အတူ Coracle portal ရဲ့ User Name & Password ပါ ပို့ပေးပါတယ်

Chancenkarte Visa Required Documents တွေထဲက တစ်ခုဖြစ်တဲ့ Blocked Account/ Blocked Amount Confirmation စာရွက် email attached မှာ ပါပါတယ်

Embassy မှာ visa appliction submit လုပ်တဲ့အခါ ထည့်လျှောက်ရုံပါပဲ

Blocked Account အတွက်စုစုပေါင်း ၁၀ရက်လောက်ပဲ ကြာပါတယ် ကျွန်မ ကြားထဲမှာ ပိုက်ဆံလွှဲဖို့ သေချာအောင်လိုက်ကြည့်နေတာမို့ ကြာသွားတာပါ

သူငယ်ချင်းကတော့ ၃ ရက်လောက်ပဲ ကြာပါတယ်တဲ့

မြန်မာကနေ လျှောက်မယ့် သူတွေအတွက်ကတော့ မြန်မာပြည်က Bank တွေကနေ လွှဲတာ လက်မခံဘူးလို့ ကျွန်မ တွေ့မိပါတယ် သေချာအောင်တော့ စုံစမ်းကြည့်ပါ

ကျွန်မရဲ့ Blocked Account အတွက်အသေးစိတ်ဖြစ်ပါတယ်

📍အခုဆက်ပြောမယ့် Info ကတော့ အသစ်ပါ
ဒီ Website ကနေ ပြီး
🔗 https://chancenkarte.com/de/fachkraefte/
Oct 31 မှာ Email တစောင်ရပါတယ်

Block Account အတွက် တိုက်ရိုက်ဖွင့်လို့ရနေပါပြီ ကျွန်မ စစ်ကြည့်လိုက်တော့ Buffer Money €80 ထည့်ထားတာမတွေ့မိပါဘူး
Service Fee ကလဲ £89 ပဲ ပေးရပါတယ် ပိုအဆင်ပြေပြီး သက်သာတယ်လို့ မြင်ပါတယ် သေချာအောင် အောက်မှာ ပေးထားတဲ့ link ကနေ လေ့လာကြည့်ပါ

🔗 https://chancenkarte.com/en/offers/blocked-account/?utm_source=assistant&utm_medium=email&utm_campaign=blocked-account&utm_id=21

အားလုံးအဆင်ပြေကြပါစေ ရှင် …

Opportunity Card Visa ကို တော်တော် များများ စိတ်ဝင်စား လာကြပုံရပါတယ် ကျွန်မ ပေ့ချ်တောင် follower လေး နဲနဲ ပိုများလာတယ် B...
28/01/2025

Opportunity Card Visa ကို တော်တော် များများ စိတ်ဝင်စား လာကြပုံရပါတယ် ကျွန်မ ပေ့ချ်တောင် follower လေး နဲနဲ ပိုများလာတယ် BurDeutsch က အကို့ ပိုစ့် ကြောင့် ဖြစ်မယ် ထင်ပါတယ်

ကျွန်မ ဒီနိုင်ငံ ကို visa ရတယ် ဆိုတဲ့ အချိန် အိမ်ကို ဖုန်းဆက် အသိပေးတော့ ဖေဖေ က မေးပါတယ် “သမီး ဂျာမဏီမှာ သူငယ်ချင်း ရှိတာလား အသိရှိတာလား” တဲ့ ကျွန်မတို့ ဆွေမျိုးမရှိတာကြောင့် သူငယ်ချင်းတွေ သွားကြတာမို့ Germany Visa လျှောက်တယ် ထင်ပုံရပါတယ်

စွတ်ရွတ်ပြီး အားပေးစကားပြောခွင့်ရရင် ကျွန်မ ဗီဇာ လျှောက်တဲ့ အချိန်မှာ အရှေ့ကနေ လုပ်နေလို့ မေးရမယ့် စီနီယာ လဲ မရှိသလို (ကျွန်မရှာမတွေ့ခဲ့တာလဲ ဖြစ်နိုင်ပါတယ်) ဘယ်သူမှလဲ ရေရေရာရာ မပြောပြ နိုင်ခဲ့ပါဘူး

BurDeutsch က အကို့ဆီ ကိုတော့ တစ်ချို့ စာရွက်စာတမ်းကိစ္စတွေ မေးရင်း Informations အကူအညီ ရခဲ့ပါတယ် တကယ်ကျေးဇူးတင်မိပါတယ် (မန့်မှာ အကို့ page link ချပေးထားပါမယ်)

ဒါပေမယ့် Visa Process နဲ့ ပတ်သတ်တာကတော့ ကျွန်မ ကိုယ့်အားကိုယ်ကိုး ပြီး ရှာဖွေရပါတယ် Visa စလျှောက်ထဲကနေ အခု လက်ရှိ ကျွန်မ အမျိုးသား အလုပ်ရပြီး EU Blue Card ရတဲ့ အထိ Chat Gpt ကို အများဆုံး အသုံးချပြီး ကိုယ့်ဘာသာ လုပ်ခဲ့ရတာပါ (များများအသုံးချပါ Chat Gpt မှာ အကုန်မေးရတာ ကျွန်မ အတွေ့အကြုံအရ အဆင်ပြေပါတယ်)

ကျွန်မ ကို လာမေးကြတဲ့ သူတွေ တော်တော်များများ မတင်မကျ ဖြစ်နေကြတဲ့
📌အလုပ်ရနိုင်လား?
📌Part Time Job လွယ်လား?
📌အသိမရှိရင် အဆင်ပြေနိုင်ပါ့မလား?
📌ဘာသာစကား အခက်အခဲရှိမလား? နဲ့ တခြားသောစိုးရိမ်မှုတွေ အတွက် ကျွန်မ အတွေ့အကြုံ နဲ့ ပြောရရင်တော့ လူတွေမှာ ရှိတဲ့ Survival Skill က ဘုရင့်နောင် ဖောင်ဖျက်ရင် ထွက်လာပါတယ် (ကိုယ့်အတိုင်းအတာ နဲ့ risk ယူသင့်မယူသင့်ကတော့ ကိုယ်ပိုင်ချင့်ချ်န်ရမှာ ဖြစ်ပါတယ်)

ကျွန်မ မနေချင် လို့သာ စင်ကာပူက ထွက်လာတာ ပါ စင်ကာပူက ကျွန်မတို့ နှစ်ယောက် အတွက် အိမ်လိုပါပဲ ကျွန်မထွက်လာတဲ့အချိန်ထိ လက်တလော မှာ ဘာတစ်ခုမှ အဆင်မပြေနေတာ မရှိပါပဲ ဗီဇာရတာနဲ့ အလုပ်ထွက်စာ တင်ပြီး လက်ရှိ ရောက်နေတဲ့ Comfort Zone ထဲကနေ ထွက်လာတာသာ ဖြစ်ပါတယ်

အခုလက်ရှိ ကျွန်မ Visa Process လုပ်ခဲ့တဲ့ အကြောင်းအရာတွေ တော်တော်များများ တင်ပြီးပေမယ့် နောက်ပိုစ့်တွေမှာ Motivation Letter , KMK Result က Bachelor Recognition မရခဲ့ရင် Self Check: Opportunity Card အတွက် ယူလို့ရတဲ့ Points တွေ အကြောင်းနဲ့ တစ်ချို့ ရှောင်ရန် ဆောင်ရန် တွေ တင်ပြီး တဲ့အခါ

Opportunity Card Visa နဲ့ ရောက်လာတဲ့ နေ့ကစပြီး ဒီနိုင်ငံ မှာ လိုအပ်တဲ့ စာရွက်စာတမ်း တွေ၊ Blocked Account ပိုက်ဆံ ပြန်ရဖို့ Bank Account ဖွင့်ခဲ့ရပုံ၊ သွားခဲ့ရတဲ့ ရုံးတွေ နဲ့ သွားတွေ့သင့်တဲ့ ရုံးဌာနတွေ အကြောင်း ကျွန်မ လုပ်ခဲ့ရတဲ့ အရာတွေ ကို Information ရဖို့ တင်ပါမယ် (စာရေးရမှာ ပျင်းလို့ အကြွေးတင်နေကြောင်း ကိုယ့်ဘာသာသတိပေးတဲ့ အနေနဲ့ ပြောတာပါ 😑)

အားလုံးပဲ စိတ်ဝင်တစား နဲ့ ဖတ်ပေးပြီး ကျွန်မ တစ်ယောက်ထဲ စကားပြောနေတာ မဟုတ်ကြောင်း သိစေအပ် တဲ့ Like, React or Share လုပ်ပေးတဲ့ သူတွေကို ကျေးဇူးတင်ပါတယ် မဟုတ်ရင် ပြောချင်တာတွေ ပြောနေတာ ဘယ်သူမှ စိတ်မဝင်စားဘူးထင်ပြီး စာဆက်မရေးဖြစ်တော့တာ 7 Dec ထဲက ဒီနေ့ အထိပါပဲ 😅

အဆင်ပြေကြပါစေရှင် …

အခုပိုစ့် ရဲ့  အကြောင်းအရာကတော့ Accommodation Document အတွက် တစ်နှစ်စာလုံး cover ဖြစ်အောင် ကျွန်မ တင်ခဲ့တဲ့ ပုံစံ ဖြစ်ပါ...
28/01/2025

အခုပိုစ့် ရဲ့ အကြောင်းအရာကတော့ Accommodation Document အတွက် တစ်နှစ်စာလုံး cover ဖြစ်အောင် ကျွန်မ တင်ခဲ့တဲ့ ပုံစံ ဖြစ်ပါတယ်

သိထားကြပီးတဲ့အတိုင်း Opportunity Card Visa က 1year ပေးတဲ့အတွက် Accommodation ကလဲ ၁နှစ်လုံး ကိုယ်နေထိုင်မယ့် နေရာ ကို ရှင်းလင်းပြပေးဖို့ လိုအပ်ပါတယ်

(Visa 1year အပြည့်မရတဲ့ သူတွေ ရှိပါတယ် ဘာကြောင့်မရတာလဲ ဘယ်လိုရအောင် ပြန်တောင်းလို့ ရနိုင်မလဲ နောက်တစ်ပိုစ့်မှာ တင်ပါမယ်ရှင် )

📌ကျွန်မ Agoda ကနေ Studio Apartment ကို book now , pay later နဲ့ တစ်လစာ ငှားခဲ့ပါတယ်
Check in အတွက်ရက်ကို Visa Application Form မှာ Germany နိုင်ငံကို စ၀င်မယ့်ဖြည့်ထားတဲ့ရက် ကနေ စပြီး Check out အတွက် ကို ရက် ၃၀ တိတိ မှာ သတ်မှတ်ပြီး ငှားထားခဲ့ပါတယ်

📌 Motivation Letter ထဲမှာတော့ ကျန်တဲ့ ၁၁လ အတွက် Short Term Stay ပြီးရင် ကျွန်မ Long Term Stay အတွက် နိုင်ငံထဲ ‌ရောက်ပြီးရင် ရှာမှာ ဖြစ်တဲ့အကြောင်း နဲ့ အလုပ်ရခဲ့ရင် အလုပ်နဲ့ နီးတဲ့ အဆင်ပြေတဲ့ မြို့ကို ပြောင်းမယ့် အကြောင်းရှင်းပြ ရေးခဲ့ပါတယ်

📌 Book now, Pay later နဲ့ ငှားထားတာ ဖြစ်တဲ့အတွက် check in လုပ်ရမယ့်ရက် မတိုင်ခင် ၁၄ရက် လောက် ဆိုရင် ပိုက်ဆံ စဖြတ်မှာမို့ ပိုက်ဆံဖြတ်မယ့်ရက်, visa တင်မယ့်ရက်, visa ကျနိုင်မယ့်ရက် အားလုံးကို သေချာ တွက်ဖို့ လိုပါတယ် visa process က တင်ထားဆဲ ဆိုရင် accomodation အတွက် ပိုက်ဆံဖြတ်မယ့် ရက်ရောက်ရင် ပိုက်ဆံက ဖြတ်သွားမှာမို့ wasted ဖြစ်သွားနိုင်ပါတယ်

📌 မိသားစု ဆွေမျိုး ရှိတဲ့ သူများအတွက် တော့ သူတို့နဲ့အတူနေမယ့် အ‌ကြောင်း Germany ဘက်က Registered Address လုပ်ထားတဲ့ သူက စာရေးပေးရင် ရနိုင်မယ် ထင်ပါတယ် (ကျွန်မ မလုပ်ခဲ့တဲ့ အတွက် ကျွန်မ အထင်ဖြစ်ပါတယ် လိုအပ်ချက်ရှိနိုင်ပါတယ်)

📌 ရေးထားသမျှဖတ်ပြီး နားမလည်ရင် တစ်ပုံချင်းစီရဲ့ caption နဲ့ ရှင်းထားတာကို ဖတ်ပေးရင် ပိုနားလည် နိုင်မယ် ထင်ပါတယ် မရှင်းတာ ရှိရင် ကွန်မန့်မှာ မေးပေးပါရှင်

Tips:

📍Visa status pending အခြေနေမှာ accommodation booking ကို cancel လုံး၀ မလုပ်သင့်ပါဘူး Booking Confirmation No: နဲ့ booking valid ဖြစ်မဖြစ် စစ်ခဲ့ရင် စာရွက်စာတမ်း ကိစ္စ ပိုရှုပ်ထွေးသွားနိုင်ပါတယ်

📍Booking တင်တဲ့ အချိန်မှာ ကိုယ်နေရမယ့် နေရာ သေချာမရွေး ရသေးပေမယ့် Movitation Letter မှာ နေမယ့် မြို့ က Hotel, Apartment or Airbnb တစ်ခုခု ကို ပြပေးရင် ရပါတယ် Visa ရတဲ့အချိန်မှာ ကျွန်မ booking cancel လုပ်ခဲ့ပါတယ် ကျွန်မ တကယ်နေမယ့် နေရာကို သေချာ အချိန်ပေးရှာပြီး အဲ့မှာပဲ နေပါတယ် နောက်ပိုစ့်တွေ မှာ ကျွန်မ အခန်း ဘယ်လိုရှာခဲ့လဲ နဲ့ အခန်းခ စျေးတွေ လိုအပ်တဲ့ စာရွက်စာတမ်းများအကြောင်း ထပ်ပြောပါမယ်

အားလုံး အဆင်ပြေကြပါစေ …

07/12/2024

ပေ့ချ် နာမည် ကို

တခွန်းမေး တပိုစ့်တင် လို့ ပြောင်းသင့်မသင့် 😝

အခုရက်ပိုင်း ကိုယ်ရေးကိုယ်တာ ကိစ္စတွေ နဲနဲ ရှုပ်နေတာ
တယောက်ယောက်က လာမေးတဲ့ အခါ မှ ပိုစ့်တင်ဖြစ်တာမို့ မက်ဆေ့ကနေ လာမေးကြတဲ့ အယောက်စီတိုင်း ကို ကျေးဇူးတင်ပါတယ် မြောင် 😸

မေးကြတယ် ဆိုတာ စာလိုက်ဖတ်ပြီး တကယ်လုပ်နေမှ မေးခွန်းထွက်လာတာမို့ သိချင်တာရှိရင် အားမနာတမ်း လာမေးလို့ရပါတယ် ကျွန်မ အတွေ့အကြုံ ထဲက သိသလောက်
ပိုစ့်တင်ပေးပါ့မယ် 🤞

Health Insurance : The safety net you hope never to use Visa လျှောက်ဖို့ one of the required document ဖြစ်တဲ့ Health ins...
07/12/2024

Health Insurance : The safety net you hope never to use

Visa လျှောက်ဖို့ one of the required document ဖြစ်တဲ့ Health insurance အတွက် ကျွန်မ https://www.hmrv.de/en/incoming ကနေ ဝယ်ပါတယ်

VISA APPLICATION form မှာ Germany ကို စဝင်မယ့် ဖြည့်ထားတဲ့ရက်ကနေ စပြီး တနှစ် တိတိ coverage ဖြစ်နေရပါမယ်

ဥပမာ ကျွန်မ 31/10/2024 စဝင်မယ်ဆို 30/10/2025 အထိ active coverage ဖြစ်နေရမယ့် insurance လိုပါတယ်

အပေါ်မှာ ပေးထားတဲ့ link ကနေ မှ မဟုတ်ပါဘူး တစ်ခြား ကိုယ်ရှာထားတဲ့ နေရာတွေကနေလဲ ဝယ်လို့ရပါတယ် တနှစ် တိတိ cover ဖြစ်ကြောင်းပါနေရင် ရပါတယ်

ကျွန်မ ဝယ်ထားတဲ့ insurance ကတော့ insurance active ဖြစ်မယ့် ရက်ကနေ Before 14 days မှာ 1st month အတွက် €51 per person ပိုက်ဆံ စဖြတ်ပါတယ်

Cancel လုပ်ချင်ရင် insurance active ဖြစ်မယ့်ရက်ကနေ ၁၄ရက် မတိုင်ခင် မှာ cancel လုပ်မယ်ဆို ပိုက်ဆံမဖြတ်တော့ပါဘူး

ကျွန်မ visa approved ဖြစ်တဲ့ရက်က insurance active ဖြစ်မယ့်ရက် နဲ့ ၁၂ရက်ပဲ ကွာလို့ first month insurance ဖြတ်ခံရပါတယ်

ဖြတ်ထားခဲ့ရင်လဲ refund ပြန်ရပါတယ် ကျွန်မ visa approved ဖြစ်တဲ့ ရက်က ဝင်မယ့် ရက်နဲ့ အရမ်းနီးနေလို့ form မှာ ဖြည့်ထားတဲ့ ရက်မှာ Germany မဝင်နိုင်လို့ insurance ကို cancel လုပ်ချင်ကြောင်း စာပို့ခဲ့တာ refund ပြန်ရပါတယ်

Visa application တင်တဲ့ရက်နဲ့ ဝင်မယ့်ရက်ကို 4-5months ခွါပြီး Insurance ကို form တင်ခါနီးမှာ ရဲရဲသာ ဝယ်ပါ Visa approved ဆိုတာနဲ့ ကျွန်မလို ရက်အရမ်းကပ်သွားခဲ့လို့ မသွားဖြစ်သေးရင် insurance ကို cancel လုပ်ပြီး နောက်မှ ထပ်ဝယ်လို့ရပါတယ်

အားလုံးပဲ အဆင်ပြေကြပါစေ …

Meowglish ဖြေရမှာ မကြောက်ပေမယ့် English ကို IELTS or PTE ဖြေရမှာ အတော်ကြောက်တဲ့ သူထဲမှာပါပါတယ် (စာမလုပ်ချင်လို့) 😸 နိုင်...
27/11/2024

Meowglish ဖြေရမှာ မကြောက်ပေမယ့် English ကို IELTS or PTE ဖြေရမှာ အတော်ကြောက်တဲ့ သူထဲမှာပါပါတယ် (စာမလုပ်ချင်လို့) 😸

နိုင်ငံတော်တော် များများကလဲ Visa process မှာ Language Proficiency တောင်းတာမို့ OCV (opportunity card visa) မှာလဲ English Test CEFR B2 or German Language Proficiency A1 လိုပါတယ်

Singapore က German Embassy ကတော့ Language Test နဲ့ ပတ်သတ်ပြီး လုံး၀ မရစ်တဲ့ အထဲပါပါတယ်

ကျွန်မ တင်ခဲ့တာ Dulingo English Test Certificate ပါ
ကျွန်မ အခုချိန်ထိ German Language Test မဖြေးသေးပါဘူး သင်နေဆဲမို့ပါ ဗီဇာ အတွက်ဆိုရင် English Test နဲ့ပဲ တင်လို့ရပါတယ်

ကျွန်မ အမျိုးသားမှာ Dulingo Certificate ရှိပြီးသားမို့ ၂ယောက် အတူတင်တဲ့အခါ စာရွက်စာတမ်းတူချင်လို့သာ ကျွန်မ Dulingo Certificate ယူခဲ့တာ

တကယ်က English Score ဆိုတဲ့ App ကနေ S$34.9 ပေးပြီး Certificate မှာ Upper Intermediate CEFR B2 လို့ ပါရင် ကိုလက်ခံပါတယ် (Dulingo ဆို $39 မို့ ပိုစျေးကြီးပါတယ်)

သူငယ်ချင်းက English Score App က Core Skill Test ဖြေပြီး Certificate ထုတ် တင်ပါတယ်

Core Skill Test Certificate မှာ Grammar , Reading, Vocabulary , Reading ဆိုပြီး ၄မျိုး ပဲပါတာမို့ Writing နဲ့ Speaking မပါလို့ လက်မခံမှာ စိုးရိမ်မိပေမယ့် တကယ်တမ်း တင်တော့ ထပ်မမေးခဲ့ပါဘူး လက်ခံပါတယ်
တစ်ခြားနိုင်ငံ က တင်ရင်တော့ visa officer အပေါ်မှာ မူတည်ပြီး လက်ခံ လက်မခံ ကွာမယ် ထင်ပါတယ်

Dulingo ကတော့ အားလုံးသိပြီးတဲ့ အတိုင်း DET Ready https://www.detready.com ကနေ တလ subscription နဲ့ Practice လုပ်ရင်း ၅ရက်ဆက်တိုက် test အသေးလေးတွေ ဖြေကျင့်ပြီး Final Test ဖြေလိုက်တာ ပထမ တစ်ခါက
Your ears were not always visible during the test ဆိုပြီး certified မဖြစ်လို့ နောက်တစ်ကြိမ် ဖြေလိုက်မှ အဆင်ပြေသွားပါတယ်

English score app ကို ပုံမှာကြည့်လို့ရအောင် တင်ထားပါတယ်

အားလုံးပဲ အဆင်ပြေကြပါစေ …

Opportunity Card Visa အကြောင်း အသိမိတ်ဆွေတွေ မေးကြတဲ့မေးခွန်းများထဲက ကျွန်မ သိသလောက် အဖြေ တစ်ချို့ ဖြစ်ပါတယ် Q : OP Card...
09/11/2024

Opportunity Card Visa အကြောင်း အသိမိတ်ဆွေတွေ မေးကြတဲ့မေးခွန်းများထဲက ကျွန်မ သိသလောက် အဖြေ တစ်ချို့ ဖြစ်ပါတယ်

Q : OP Card Visa ကို နှစ်ယောက် အတူ တစ်ခါတည်း လျှောက်လား တစ်ယောက်ရပြီးမှ နောက်တစ်ယောက်အတွက် Spouse Visa လျှောက်တာလား ?

A : အလုပ်ရှာမယ့် Visa ဖြစ်တာမို့ ၂ယောက်လုံး အလုပ်ရှာမယ်ဆို ၂ယောက် လုံး လျှောက်ရမှာ ဖြစ်ပါတယ် Main Applicant ရယ် Spouse ရယ်လို့ မရှိပါဘူး Individual Application Submit လုပ်ရမှာပါ Documents တွေလဲ Individual ပြင်ဆင်ရမှာဖြစ်ပါတယ်

(Points နဲ့ လျှောက်ရမယ့် သူမှာ ၆မှတ် မပြည့်ခဲ့လို့ လိုနေရင်တော့ Partner က အတူလိုက်ဖို့ qualify ဖြစ်ရင် ၁မှတ်ယူလို့ရပါတယ် နောက်ပိုစ့်တွေ မှာ ရှင်းပြပါ့မယ်)

Q : Reject ဖြစ်သွားရင် ထပ်လျှောက်လို့ရလား

A : ကျွန်မ ပထမ တစ်ကြိမ်မှာပဲ approved ဖြစ်သွားလို့ မကြုံလိုက်ရပေမယ့် သိသလောက်ကတော့ Point Based နဲ့ လျှောက်ရင် Points ပြည့်မယ် ဆို ရပါတယ် Skilled Professionals နဲ့ဆိုရင် Bachelor Recognised ဖြစ်ရင်လဲ Visa ရပါတယ် (Points Based နဲ့ Skilled Professionals Parth Way ကို အရင်ပိုစ့်မှာ ပြန်လေ့လာလို့ရပါတယ်)

ဒီ Visa လျှောက်ရတာ transparency ဖြစ်တာကြောင့် မရခဲ့လို့ Reject ဖြစ်မယ်ဆို Points မပြည့်လို့ Recognised မဖြစ်လို့ ဆိုတာ သိရရင် လိုတာ ထပ်ပြင်ဆင်ပြီး လျှောက်ရင် ရမယ်လို့ ထင်ပါတယ် (Popular ဖြစ်ပြီး အရမ်းတိုးဝင်ကြတဲ့ Visa မဟုတ်သေးတာကြောင့်လို့ မြင်ပါတယ် နောက်ဆိုရင်တော့ မပြောတတ်ပါဘူး)

📍ဖြည့်စွက် အနေနဲ့ လေးငယ်တွေရှိတဲ့ Familyဆိုရင် အဖေ အမေ က Visa လျှောက်တဲ့ အခါ Application Form မှာတော့ ခလေးရဲ့ Info ထည့်ရပေမယ့် Visa approved မှာ ခလေး အတွက် မပါပါဘူး မိဘက အရင်သွားပြီး အလုပ်ရမှသာ Family Reunion Visa နဲ့ ခေါ်ခွင့်ရှိပါတယ် အလုပ်မရသေးခင် ခေါ်လို့ရမရကျွန်မ မသိပါဘူး

ကျွန်မ သိသလောက် ပြောတာမို့ လိုအပ်တာ ပိုသွားတာ ဖြစ်နိုင်ပါတယ် Facts Check ကြရင် ပိုပြည့်စုံမှာပါ

အဆင်ပြေကြပါစေ ရှင် ….

အခုပိုစ့်မှာတော့ visa process တွေ မလုပ်ခင် ထည့်သွင်းစဥ်းစား စရာတွေ ထဲက တစ်ခု ဖြစ်တဲ့ Finical အကြောင်း Block Account ဖွင့...
09/11/2024

အခုပိုစ့်မှာတော့ visa process တွေ မလုပ်ခင် ထည့်သွင်းစဥ်းစား စရာတွေ ထဲက တစ်ခု ဖြစ်တဲ့ Finical အကြောင်း Block Account ဖွင့် နည်း နဲ့ Block လုပ်ထားရမယ့် ပိုက်ဆံ အနည်းဆုံး ပမာဏ အကြောင်း ပြောချင်ပါတယ်

ကျွန်မစာရွက်စာတမ်း ပြင်တဲ့အချိန်တုန်းက Chancenkarte အတွက် Blocked Account Service ဆိုတာ မရှိသေးလို့ Main Blocked Account Providers တွေထဲက တစ်ခုဖြစ်တဲ့ Coracle က ဖွင့်ပါတယ်

Link ကို ဒီကယူပါ
🔗 https://www.coracle.de/application-form/blocked-account

Total Minimum Blocked Amount က € 1,027/month ပါ visa က 1နှစ်ဖြစ်တာကြောင့်
Total € 12,324
service fee € 99 နဲ့ အတူ
Exchange rate ကြောင့် Buffer € 80 ထပ်ထည့်လွှဲရပါတယ်

Total Blocked amount to be transferred € 12,503/ Person ဖြစ်ပါတယ်

ကျွန်မ က € 1,027 ကို မှတ်ရလွယ်သွားအောင် € 1,050/month ထည့်ခဲ့ပါတယ်

€ 1,027 ဆိုတာ minimum amount must transferred ဖြစ်တာကြောင့် အဲ့ထက်ပိုထည့်ချင် ခဲ့ရင် ကိုယ်ထည့်မယ့်

amount + buffer + service fee လို့ အလွယ်တွက်လို့ရပါတယ်

Coracle မှာ Blocked Account အတွက် Application form ဖြည့်ပြီး application submit အရင်လုပ် ရပါတယ်

Application form မှာ
📌 Personal Details
📌 Block Account
📌 Comments (Optional)
📌 Identification Details
📌 Agreements
ဆိုပြီး Information ၅ခု ဖြည့်ရမှာပါ

လေးခုမြောက် ဖြည့်ရမယ့် 📌 Identification Details အတွက် Admission Letter မှာ Chancenkarte visa ရဲ့ Application form ကို ဖြည့်ပြီး attached တွဲပေးရမှာပါ

ကျန်တဲ့ အပိုင်းတွေကတော့ ဖြည့်ရလွယ်ပါတယ်

Coracle Blocked Account Application form submit လုပ်ပြီး တစ်ပါတ်အကြာမှာ
Details for your money transfer: ဆိုပြီး ငွေလွှဲရမယ့် Bank Details Email ပို့လာပါတယ်

ကျွန်မ Singapore bank ကနေပဲ တိုက်ရိုက်လွှဲလိုက်ပါတယ်

ငွေလွှဲပြီးကြောင်း SS Detail ယူထားပြီး
📧 [email protected] ကို email ပို့ခဲ့ပါတယ်

၂ရက် အကြာမှာတော့ BA Amount Confirmation ဆိုတဲ့ email နဲ့အတူ Coracle portal ရဲ့ User Name & Password ပါ ပို့ပေးပါတယ်

Chancenkarte Visa Required Documents တွေထဲက တစ်ခုဖြစ်တဲ့ Blocked Account/ Blocked Amount Confirmation စာရွက် email attached မှာ ပါပါတယ်

Embassy မှာ visa appliction submit လုပ်တဲ့အခါ ထည့်လျှောက်ရုံပါပဲ

Blocked Account အတွက်စုစုပေါင်း ၁၀ရက်လောက်ပဲ ကြာပါတယ် ကျွန်မ ကြားထဲမှာ ပိုက်ဆံလွှဲဖို့ သေချာအောင်လိုက်ကြည့်နေတာမို့ ကြာသွားတာပါ

သူငယ်ချင်းကတော့ ၃ ရက်လောက်ပဲ ကြာပါတယ်တဲ့

မြန်မာကနေ လျှောက်မယ့် သူတွေအတွက်ကတော့ မြန်မာပြည်က Bank တွေကနေ လွှဲတာ လက်မခံဘူးလို့ ကျွန်မ တွေ့မိပါတယ် သေချာအောင်တော့ စုံစမ်းကြည့်ပါ

ကျွန်မရဲ့ Blocked Account အတွက်အသေးစိတ်ဖြစ်ပါတယ်

📍အခုဆက်ပြောမယ့် Info ကတော့ အသစ်ပါ
ဒီ Website ကနေ ပြီး
🔗 https://chancenkarte.com/de/fachkraefte/
Oct 31 မှာ Email တစောင်ရပါတယ်

Block Account အတွက် တိုက်ရိုက်ဖွင့်လို့ရနေပါပြီ ကျွန်မ စစ်ကြည့်လိုက်တော့ Buffer Money €80 ထည့်ထားတာမတွေ့မိပါဘူး
Service Fee ကလဲ £89 ပဲ ပေးရပါတယ် ပိုအဆင်ပြေပြီး သက်သာတယ်လို့ မြင်ပါတယ် သေချာအောင် အောက်မှာ ပေးထားတဲ့ link ကနေ လေ့လာကြည့်ပါ

🔗 https://chancenkarte.com/en/offers/blocked-account/?utm_source=assistant&utm_medium=email&utm_campaign=blocked-account&utm_id=21

အားလုံးအဆင်ပြေကြပါစေ ရှင် …

Adresse

Hamburg

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Meowing Across the Beer Land: Germany & Beyond erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Teilen

Kategorie