Daily Blog

Daily Blog Just a Daily Blog

29/09/2025

ကိုရီးယားအစိုးရအသိအမှတ်ပြု မိတ်ကပ်စာမေးပွဲတဲ့။ ပြဌာန်းစာအုပ်ထဲကအတိုင်း လိမ်းတာပါတဲ့ 😂😂

28/09/2025

ပြဇတ်တိုက်‌နေတာမဟုတ်ဘူးတဲ့။ မဏ္ဏပ်ပြိုတုန်း တဖွဲ့လုံး ကံကောင်းလို့ ဓါတ်လိုက် မသော်ကေ ခဲ့တဲ့ အတွေ့အကြုံစစ်တေကိုဟာသအနေနဲ့လက်တန်းပြောနေတာတဲ့။ နောက်က ကီးဘုတ်ဆရာရဲ့ တီးလုံးကအသက်😂😂😂

28/09/2025

မိန်းကလေးတွေ သူပြောတာ လက်ခံကြလား။ အစအဆုံးနားထောင်ကြည့်

27/09/2025

ဂျပန်မှာလဲ ဒီလိုနှာဘူးတွေရှိတယ်။မိန်းကလေးတွေရှိတဲ့နေရာမှာ ဘောင်းဘီချွတ် လမ်းသလားနေတာ။ ကိုယ့်အခန်းကိုယ်သေချာသော့ခတ်ပါ။

26/09/2025

ဂျပန်ရောက် မြန်မာမိန်းကလေးတွေ ဂရုစိုက်ကြပါ။ ဂျပန်က လုံခြုံတယ်ဆိုပြီး ပေါ့ပေါ့လျော့လျော့မနေကြပါနဲ့။

26/09/2025

ဂျပန်ရောက် မြန်မာမိန်းကလေးတွေ ဂရုစိုက်ကြပါ။ ဂျပန်က လုံခြုံတယ်ဆိုပြီး ပေါ့ပေါ့လျော့လျော့မနေကြပါနဲ့။

တခုလေးပြောချင်ပါတယ်အခုခေတ်မှာအစားအသောက်တွေမှာ chemical တွေအရမ်းသုံးကြတာကြောက်စရာပါရောဂါအကြီးစား၊အဆန်းအပြားတွေကလဲပေါများလ...
25/09/2025

တခုလေးပြောချင်ပါတယ်
အခုခေတ်မှာအစားအသောက်တွေမှာ chemical တွေအရမ်းသုံးကြတာကြောက်စရာပါ
ရောဂါအကြီးစား၊အဆန်းအပြားတွေကလဲပေါများလာပါတယ်
ဒီနေ့ကိုယ်တိုင်မြင်ခဲ့တာ အချဥ်ပေါင်းတွေကိုဆေးမှုန့်အစိမ်းတွေဖျော်ပြီးလောင်းချလိုက် ဗန်းအောက်ကပြန်ခံပြီးဆေးမှုန့်စိမ်းတွေထပ်ဖျော်လိုက်ထပ်လောင်းလိုက်နဲ့ ကြည့်ရုံနဲ့အတော်ကြောက်စရာကောင်းလို့ စားချင်ရင်ကိုယ့်အိမ်ကိုယ်တိုင်သာလုပ်စားကြဖို့တိုက်တွန်းပါတယ်

24/09/2025

မြန်မာကောင်လေးနဲ့ နိုင်ငံခြားသူ အတွဲလေး

သိတဲ့သူဖြေပေးကြပါဦး ။ ဒီအမြစ်ဥ ကို ကိုက်ဝါးပြီး ကလေးတယောက် ပါးစပ်စေ့မရ ထုံကျဉ် ကိုက်ခဲ သွားရည်ကျပြီးရောက်လာပါတယ်။Vital s...
24/09/2025

သိတဲ့သူဖြေပေးကြပါဦး ။

ဒီအမြစ်ဥ ကို ကိုက်ဝါးပြီး ကလေးတယောက် ပါးစပ်စေ့မရ ထုံကျဉ် ကိုက်ခဲ သွားရည်ကျပြီးရောက်လာပါတယ်။

Vital signs တွေကတော့ stable ဖြစ်ပါတယ်။
သက်သာအောင်ဆေးပေး စောင့်ကြည့်ပေါ့ ။

အကုန်သိ အကိုအောင်ကြိုင်ကို လှမ်းမေးကြည့်တော့ ဆီမီးတောက်ပန်းဥ ထင်တယ်တဲ့ ။
ရှာဖတ်ကြည့်တော့ သူလဲ အဆိပ်ပဲ ။
ဒါပေမယ့် သူ့ဥက ရှည်မြောမြော ၊

Bing မှာ ရှာကြည့်တော့ amorphophallus saururus လို့တွေ့ရတယ် ။ ပုံစံက သိပ်မတူဘူး။

သိတဲ့သူဖြေပေးကြပါဦး ။

(ကလေးအခြေအနေကောင်းပါတယ် ။ သိချင်လို့ပါ။ )

24/09/2025

မနက်က ဈေးဝယ်တာ တနင်္ဂနွေဆိုတော့ ငွေရှင်းကောင်တာမှာ လူတန်းနဲနဲ ရှည်တယ်။

အားလုံး တန်းစီစောင့်ရှင်းနေကြရင်း ကိုယ့်အလှည့်ရောက်လို့ ပစ္စည်းခြင်းကို Cashier က ဆွဲယူ Scan နေတုန်းကြီး တန်းလန်း လူတန်းကြားထဲ တိုးဝှေ့ပြီး စုံတွဲလေး တစ်တွဲ ကောင်တာပေါ်ကို သူတို့ယူလာတာတွေ ရောချလိုက်တယ်။ လူတွေ တန်းစီတဲ့အတိုင်း ဝင်တန်းစီ ရှင်းပေးဖို့ Cashier က ပြောတော့ ကောင်မလေးက သူ့ကောင်လေးကို လှည့်ပြောတယ်၊ "နင် ပြောတော့ ရတယ်ဆို" တဲ့။

ရည်းစားတောင် ထားတတ်နေပြီဆိုတော့ တအားကြီးလည်း မငယ်ကြတော့တာရော၊ ဝတ်စားထားတာကြည့်တော့လည်း တန်းစီရကောင်းမှန်း မသိတာကို မထင်ရတာရောမို့ နည်းနည်းတော့ အံ့ဩမိသွားတယ်။ အခုရေးတာကလေ မသိရကောင်းလားဆိုတဲ့ ပုံစံမျိုး အထင်သေးတာလည်း မဟုတ်ဘူး၊ စည်းကမ်းမရှိရကောင်းလားဆိုပြီး နှိမ်တာမျိုးလည်း မဟုတ်ဘူး။ စိတ်ဆိုးလို့လည်း မဟုတ်ဘူး၊ အပြစ်တင်တာလည်း မဟုတ်ဘူး။

တန်းစီရတယ်ဆိုတာကို ဘာလို့ မသိနေကြတာပါလိမ့်လို့ တွေးမိတာ။ ဒီအတိုင်း မသိရင်တောင် ကြည့်လိုက်တာနဲ့ သိသာတဲ့ ၊ ကိုယ့်အလှည့်ရောက်ဖို့ တိတ်တိတ်ဆိတ်ဆိတ် စနစ်တကျ တန်းစီနေတဲ့ လူတန်းရှည်ကြီးက မသိသာဘူးလား။ စိတ်ရှည်ရှည်နဲ့ စောင့်နေတဲ့ လူတန်းကြီးကို ကျော်ပြီး ဒီလိုပဲ ဝင်ရှင်းသွားလည်း ရတယ်လို့ ၊ သင့် တယ်လို့ ထင်နေတဲ့ စိတ်ကို တကယ်အံ့ဩတာပါ။

သားလည်း ပါလို့ သူတို့က ဘာလို့ မတန်းစီဘဲ ခုလို လုပ်တာလဲ မေးလာတာနဲ့ လောကမှာ ဘာလုပ်လုပ် လုယက် တိုးကြိတ်တာမျိုး မ‌လုပ်ကဘဲ တန်းစီရတယ်ဆိုတာကို သူတို့တက်ခဲ့ရတဲ့ ကျောင်းတုန်းက မသင်ခဲ့ရတာလည်း ဖြစ်ချင်ဖြစ်မယ်၊ သူတို့အိမ်မှာလည်း သူတို့မိဘတွေက သင်ပေးဖို့ မအားတာလည်း ဖြစ်ချင်ဖြစ်မယ်၊ သူတို့ကိုယ်တိုင်က အသင်ခံခဲ့ရတဲ့အချိန်မှာ စိတ်ဝင်တစား သင်ယူမလာတာလည်း ဖြစ်ချင်ဖြစ်မယ် .... တစ်ခုခုပေါ့ လို့ ပြောပြရပါတယ်။

မနေ့က comment လေးတစ်ခု တွေ့တယ်။ ဂျပန်မှာ မူလတန်းဆို စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်ကျင့်တရားတွေ အဓိက သင်ပြီး၊ အလယ်တန်းမှာ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေး သင်တယ်တဲ့။ စာအပိုင်းကို အထက်တန်းဆင့်ရောက်မှ ဖိတယ်တဲ့။ သဘောကျမိတယ်။ ကိုယ်မရောက်ဖူး မနေဘူးပါဘူး။ ဒါပေမဲ့ တိုင်းပြည်ဟာ ဒုတိယကမ္ဘာစစ်မှာ ဖွတ်လမွတ်ကြေ ကျန်ခဲ့ရာက ဒီ‌နေ့ ဒီအချိန် ဒီလိုနေရာအထိ ခရီးရောက်ခဲ့တဲ့ စနစ်တွေကိုတော့ အသိအမှတ်ပြုမိပါတယ်။

ကိုယ်တွေဆီမှာတော့ ၂၀ ဝန်းကျင် အရွယ်လေးတွေတောင် တန်းစီရမှာဆိုတာလောက်လေးတောင် မသိသေးတဲ့သူတွေနဲ့ပါလားလို့ ဝမ်းနည်းရတာပါပဲ။

 #အရေးပေါ်  အကူအညီတောင်းလို့ပါခင်ဗျဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ခါးပြတ်ရွာမှကိုဇော်ထိုက် နှင့် (၂)ဦး အဖွဲ့သည် 7....
23/09/2025

#အရေးပေါ် အကူအညီတောင်းလို့ပါခင်ဗျ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ခါးပြတ်ရွာမှ
ကိုဇော်ထိုက် နှင့် (၂)ဦး အဖွဲ့သည် 7.9.2025နေ့မှစတင်ကာ ပင်လယ်ငါးဖမ်းထွက်ခဲ့ပါသည်။

ယခုတိုင်အောင် မုန်တိုင်းမိကာ ဝါးဖောင်များ ကွဲထွက်ပြီး ကမ်းမကပ်နိုင်ဘဲ (၃)ဦးလုံး ဒုက္ခရောက်နေကြပါတယ်။ အခုငြိမ်ငြိမ်လေး နေနေရပါတယ်တဲ့။
ပင်လယ်ထဲမှာ ထမင်းမစားရတာ (၁)ပတ်လောက်ရှိနေပြီး အရေးပေါ် ကယ်ဆယ်ရေးလိုအပ်နေကြောင်း ဆက်သွယ်လာပါတယ်။

ဝါးဖောင်ပေါ်မှာဒုက္ခရောက်နေသူရဲ့ ဖုန်းနံပါတ်
09 699 403 512
ကို တိုက်ရိုက် ဆက်သွယ်ပေးကြပါခင်ဗျ
အခု #မော်လမြိုင်ဘက်က မုဆိုးမတောင်ကို မြင်နေရတဲ့ နေရာမှာ နေပြီး ဖောင်ထပ်မကွဲအောင်နေရင်းကယ်ဆယ်ရေးတွေကို စောင့်နေပါတယ်တဲ့။

#မော်လမြိုင် လူမှုကူညီရေးတွေထံ အမြန်သိရှိရအောင် ပြီး ကူညီ ပေးကြပါဦးခင်ဗျ။

သတင်းအရင်းအမြစ်
ဆရာ စိုးမိုးအောင် (09 2544 760 45)
ဒဂုံ(ဆိပ်ကမ်း)
23.9.2025(အင်္ဂါနေ့)

သူငယ်ချင်းရေနင့်အိမ်မှာတစ်လလောက်လာနေချင်ပါတယ်ဆိုလို့အိမ်မှာအလကားအိမ်လစာပေးစရာမလိုပဲခေါ်ခိုင်းထားလိုက်တာပေါင်းတည်ကအိမ်မှာ...
23/09/2025

သူငယ်ချင်းရေနင့်အိမ်မှာတစ်လလောက်လာနေချင်ပါတယ်ဆိုလို့
အိမ်မှာအလကားအိမ်လစာပေးစရာမလိုပဲ
ခေါ်ခိုင်းထားလိုက်တာပေါင်းတည်ကအိမ်မှာ
သူချက်စားတဲ့အိုးကိုကြည့်ကြပါအုံး

Address


Website

Alerts

Be the first to know and let us send you an email when Daily Blog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share