Noraw News Channel

  • Home
  • Noraw News Channel

Noraw News Channel Welcome to Noraw News Channel

ဝတီမြို့ အမှတ် (၂၇၅) ခြေလျင်တပ်ရင်းအနီးတွင် တိုက်ပွဲပြင်းထန်နေပြီးမြဝတီမြို့ အမှတ် (၂၇၅) ခြေလျင်တပ်ရင်းအနီးတွင် တိုက်ပွဲ...
10/04/2024

ဝတီမြို့ အမှတ် (၂၇၅) ခြေလျင်တပ်ရင်းအနီးတွင် တိုက်ပွဲပြင်းထန်နေပြီးမြဝတီမြို့ အမှတ် (၂၇၅) ခြေလျင်တပ်ရင်းအနီးတွင် တိုက်ပွဲပြင်းထန်နေပြီးမီးလောင်ပျက်စီးမှုများရှိလာ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၂၇၅) ခြေလျင်တပ်ရင်းအနီးတွင် ဧပြီ ၉ ရက် ည ပိုင်းမှစတင်၍ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေ ပြီး အရပ်သားသေဆုံးမှုနှင့် နေအိမ် မီးလောင် ပျက်စီးမှုများရှိလာကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဧပြီ ၉ ရက် ညပိုင်းက အေးသုခကျေးရွာ ထဲသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုရှိခဲ့ပြီး ဗုံးဆန်ထိမှန် သဖြင့် စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်းရှိ ကားဂိတ်နှင့် စျေးဆိုင်အချို့ မီးလောင်ကျွမ်းခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဟားခါးမြို့ပေါ်တွင် နေအိမ် ၄ လုံးမီးလောင်ပြာကျ============၉၊ ဧပြီ၊ ၂၀၂၄ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ဧပြီ ၉ ရက်နေ့ ဒ...
10/04/2024

ဟားခါးမြို့ပေါ်တွင် နေအိမ် ၄ လုံးမီးလောင်ပြာကျ
============
၉၊ ဧပြီ၊ ၂၀၂၄

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ဧပြီ ၉ ရက်နေ့ ဒီမနက်အစောပိုင်းမှာ နေအိမ် ၄ လုံးမီးလောင်ပြာကျခဲ့ တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ဒီမနက် ၁ နာရီ ၅၀ မိနစ် ဝန်းကျင်ကနေ စတင်ကာ ဟားခါးမြို့ Bethany ရပ်ကွက်ရှိ နေအိမ်များ မီးလောင်ကျွမ်းတာဖြစ်ပြီး Chin Christian University – CCU ကျောင်းအုပ် အိမ်အပါအဝင် အိမ် ၄ လုံး မီးလောင်ခဲ့ကာ လူအထိအခိုက်တော့မရှိပေမယ့် အိမ် ထဲကပစ္စည်းများ မီးထဲပါသွားခဲ့တယ်လို့သိရပါတယ်။

“မီးလောင်တာ တော်တော်ကြီးတယ်။ မီးသတ် ကားတွေလည်းရောက်လာပြီး အကြာကြီး မီးငြိမ်းသတ်ရတယ်၊ အိမ် က ၄ လုံးပါသွားတယ်။ CCU ကျောင်းအုပ် Rev. Dr.Luke Sui Kung အိမ်လည်းပါတယ်။ တစ်ခြားအိမ်တွေကတော့ ဘယ်သူ့အိမ်လည်း သေချာမသိသေး ဘူး။ လူအထိအခိုက်တော့ မရှိပေမယ့် အိမ်ထဲကပစ္စည်းတွေ ဘာမှ မထုတ်လိုက်နိုင်ဘူး”လို့ဟားခါးမြို့ ပြည်တော်သာရပ်ကွက်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ဘာကြောင့် မီးလောင်သွားတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် အဓိကကတော့ လျှပ်စစ် မီးရှော့ရာကနေ ဖြစ်နိုင်တယ်လို့သိရပါတယ်။

“ဒီမနက် မီးလောင်တဲ့နေရာကို သွားကြည့်တော့ အဲ့မှပြောကြတာက မနေ့ညကလည်း လျှပ်စစ်မီးနဲ့ ထမင်း၊ ဟင်းတွေလည်းချက်ထားတယ်။ ဘာမှမဖြစ်ဘူး၊ ညနက် ၁ နာရီကျော်မှာ မီးစလောင်တာဆိုတော့ ဖုန်းအား သွင်းရာကနေ ရှော့ဖြစ်တာ ဖြစ်နိုင်တယ်လို့ ပြောကြတယ်” လို့၎င်းက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း ဧပြီလ ၉ ရက်မနက်ပိုင်း ၁ နာရီ ၅၀ မိနစ်ဝန်းကျင်ကနေ ဟားခါးမြို့ စျေး သစ်ရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ ခရိုင်မီးသတ်ကား ၃ စီး၊မြို့နယ်မီးသတ်ကား ၃ စီးနဲ့ သန္ဓေမီး သတ်တပ်ဖွဲ့များက သွားရောက်ငြိမ်းသတ်ရာ မနက် ၂ နာရီ မီနစ် ၄၀ မှာမီးငြိမ်းနိုင်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

သတင်း - Grace

တနင်္သာရီမြို့နယ်ရှိ ပြည်ထောင်စု လမ်းပိုင်းတွင် တနင်္သာရီ ပကဖ ရဲဘော်များက လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှု ပြုလုပ်NNC၊ ဧပ...
10/04/2024

တနင်္သာရီမြို့နယ်ရှိ ပြည်ထောင်စု လမ်းပိုင်းတွင် တနင်္သာရီ ပကဖ ရဲဘော်များက လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှု ပြုလုပ်

NNC၊ ဧပြီ ၁၀

တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်ထောင်စု လမ်းပိုင်းတွင် တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ-ပကဖ) မှ ရဲဘော်များက လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

10/04/2024

ဘားအံဘက်မှ မြ၀တီဘက်သို့ စစ်ကူရန် သံချပ်ကာကား ၂ စီး၊ စစ်ကား နှင့်ဖောကား အစီး ၂၀ ကျော် အပါအဝင် စုစုပေါင်း ကားစီးရေ ၃၀ ခန့်ပါ စစ်ယာဉ်တန်း ထွက်ခွာသွား(ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၁၀

ကရင်ပြည်နယ်၊ ဘားအံဘက်မှ မြ၀တီဘက်သို့ စစ်ကူရန် သံချပ်ကာကား ၂ စီး၊ စစ်ကား နှင့်ဖောကား အစီး ၂၀ ကျော် အပါအဝင် စုစုပေါင်း ကားစီးရေ ၃၀ ခန့်ပါ စစ်ကူ ယာဉ်တန်းသည် မြ၀တီမြို့သို့ ဦးတည် ထွက်ခွာသွားကြောင်း ယာဉ်တန်း ဖြတ်သန်းရာတစ်လျှောက်မှ ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

"အခု မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ကျော်အချိန် အိန္ဒူ-သာမညဘက်ကနေ မြ၀တီဘက်ကို စစ်ကားတန်း တက်သွားတယ်။ သံချပ်ကာ တင့်ကား ၂ စီးက ရှေ့က နောက်မှာ စစ်ကားနဲ့ ဖောကား အစီး ၂၀ ကျော်လောက်ရှိမယ်။ စစ်ကား ၁ စီးကို လူ ၂၀ ကျော်လောက်ပါတယ်။ စစ်ကားက အစီး ၂၀ ကျော်လောက်ရှိမယ်။ အာရှလမ်းဘက်ကို ဦးတည်ထားတော့ မြ၀တီစစ်ကူထင်တယ်။ စစ်ဝတ်စုံအသစ်တွေနဲ့ လူသစ်တွေလားတော့မပြောတတ်ဘူး။
စစ်သားတွေက အသက်ငယ်တယ်။ ရုပ်တွေကမလန်းမဆန်းနဲ့ စစ်ဝတ်စုံတွေက အရမ်းကို သစ်နေတာ" ဟု မျက်မြင်တွေ့ရှိရသူ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကားများတွင် တပ်မ ၅၅ ဘက်တံဆိပ်နှင့် တပ်မ ၇၇ ဘက်တံဆိပ်များ မြင်ရကြောင်း၊ အဆိုစစ်ကားတန်းသည် အာရှလမ်းမကြီးကို အသုံးပြုနိုင်သည်ဟု သတင်းကြားသိထားကြောင်း၊ ဘားအံမြို့ထဲသို့ သထုံဘက်မှ စစ်ကားများ တဖွဲဖွဲ ဝင်ရောက်လာနေကြောင်း ဒေသသတင်းရင်းမြစ် Hpa-an News က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"ပထမအသုတ် စစ်ယာဉ်တန်းကတော့ မြ၀တီဘက်ကို တက်သွားပြီ။ မြဝတီဘက်ကို အာရှလမ်းဘက်အတိုင်း တက်သွားပြီလို့ ထပ်သိထားတယ်။ နောက်ထပ် စစ်ကား ၇၂ စီးလည်း ဘားအံထဲဝင်လာတယ်။ ပထမအသုတ်မှာပဲ စစ်သားအင်အား အများအပြားပါတယ်။ ဒုတိယအသုတ် ၇၂ စီးမှာ ရိက္ခာနဲ့ ခဲယမ်းတွေပဲပါတယ်။ စစ်ကူယာဉ်တန်းတွေက မြ၀တီအထိ အသေခံတိုးမယ့်ပုံရှိတယ်" ဟု ဒေသသတင်းရင်းမြစ် Hpa-an News က ဆိုသည်။

တပ်တွင်းသတင်းရင်းမြစ်ကလည်း စစ်ကောင်စီက မြ၀တီမြို့ကို လက်မလွှတ်ရရေးအတွက် လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကူများနှင့် ပစ်အားကို တအား သုံး၍ ပြန်လည် သိမ်းပိုက်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း၊ ကလောတပ်မ ၅၅ ဘက်မှ စစ်ကူ စစ်သားများကို မော်လမြိုင်လေဆိပ်သို့ Air KBZ လေယာဉ်များဖြင့် သယ်ပို့ ရောက်ရှိနေကြောင်း ရှင်းပြသည်။

"တပ်မ ၅၅ က တပ်ရင်း ၁၀ ရင်းလုံး အင်အား ၈၀၀ နဲ့ ၁၀၀၀ ကြားရှိလောက်မယ်။ Air KBZ လေယာဉ်နဲ့ အခေါက်အခါခါ ကျော့ပြီး သယ်နေတာ" ဟု တပ်တွင်း သတင်းရင်းမြစ် က ဆက်လက်ရှင်းပြသည်။

ကရင်ပြည်နယ်တစ်ဝန်း စစ်ကောင်စီက နယ်မြေပြန်လည် စိုးမိုးရေးအတွက် တပ်မ ၅၅ တပ်မတစ်ခုလုံးကို အသုံး ပြုနေသည့် အခြေအနေရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- ယနေ့ ဘားအံမြို့သို့ ဝင်လာသည့် စစ်ကူယာဉ်တန်းနှင့် မြ၀တီသို့ သွားနေသည့် စစ်ယာဉ်တန်း။

စစ်ကောင်စီ၏ မဟာ အရှုံးကို ပိုမို ပေါ်လွင်လာစေသည့် အရေးကြီးသည့် အလှည့်အပြောင်းအချိန်By Igor Blazevic အခုတလော အတော်အားရစရာ...
10/04/2024

စစ်ကောင်စီ၏ မဟာ အရှုံးကို ပိုမို ပေါ်လွင်လာစေသည့် အရေးကြီးသည့် အလှည့်အပြောင်းအချိန်

By Igor Blazevic

အခုတလော အတော်အားရစရာကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လို့နေပါတယ်။ KIA ဟာ စစ်တပ်ရဲ့ ရှေ့တန်း စခန်းတွေနဲ့ အခြေစိုက်တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းယူနေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် နယ်မြေတွေကို လွတ်မြောက်စေခဲ့ပြီး အရေးကြီးတဲ့ လမ်းမကြီးတွေနဲ့ တပ်ထောက်ပို့လမ်းကြောင်းတွေကို ထိန်းချုပ်လာနိုင်ပါပြီး ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့ကြီးတွေဆီကို တဖြည်းဖြည်း နီးကပ်အောင်တိုးလာနေပါတယ်။

အလားတူ ကရင်ပြည်နယ်မှာလည်း ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်ပြီး နောက်ဆုံးခံတပ်ဖြစ်တဲ့ မြ၀တီ ခလရ ၂၇၅ ကို တိုက်ခိုက်နေပါတယ်။ KNU တပ်မဟာတစ်ချင်းစီ အလိုက် အောင်ပွဲတွေ ရရှိနေရာမှာ KNU တပ်မဟာ ၅ နဲ့ KNU တပ်မဟာ ၆ အောင်ပွဲတွေက လူထုကို ခွန်အားတွေ တိုးစေပါတယ်။

KNU တပ်မဟာ ၆ မှာ သင်္ဃန်းညီနောင်ဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁၇ ဦး လက်နက်ချသလို KNU တပ်မဟာ ၅ မှာလည်း စစ်တပ်ရဲ့ ဗျူဟာစခန်းနဲ့ တပ်စခန်းတွေကို တောက်လျှောက် သိမ်းပိုက်နေပါတယ်။

အရေးကြီးတဲ့ အပြောင်းအလဲနောက်ကတော့ စစ်တပ်ဆီကနေ သိမ်းထားတဲ့ ရှေ့တန်းစခန်းတွေနဲ့ အခြေစိုက်စခန်းတွေကို ရလိုက်တဲ့အခါ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကိုပါ KIA ရော KNU ပါ က ရရှိနေပါတယ်။ တပ်အင်အားသေကြေကျဆုံးရတာတွေ သိပ်မများဘူးဆိုရင် ကိုယ့်တပ်ကိုယ် ပြန်ပြီး အားအင်ဖြည့်နိုင်တဲ့ စစ်ဆင်ရေးမျိုးတွေ ဖြစ်ပါတယ်။

နောက်ထပ်စစ်မျက်နှာ နှစ်ခု ( အာရကန်နဲ့ ကရင်မှာလည်း ) အလားတူအပြောင်းအလဲမျိုးတွေ လောလောဆယ်မှာတွေ့နေရတာကို သတိထားမိရင် ဒါတွေဟာ လွတ်မြောက်ရေးတပ်တွေရဲ့ အောင်ပွဲသေချာတဲ့ဆီကိုရောက်ခဲ့ပြီဆိုတာ ထင်ရှားလို့နေပါတယ်။ မြန်မာ စစ်တပ်ဟာ အမြဲတမ်း ကျဆင်းနေတဲ့ အနေအထားမှာ ရှိပါတယ်။

ဒီလိုစစ်မြေပြင်မှာ သိသိသာသာအောင်ပွဲတွေရလာတာဟာ NUG နဲ့ EROs တွေ ပိုပြီး စုစည်းမိလာတဲ့ ရလဒ်တွေဖြစ်ဖို့ ပြည်သူတွေဟာ ဆန္ဒရှိနေကြမှာပါ။ စစ်တပ်ဟာ ဗမာပြည်မနဲ့ မြေပြန့်ကမ်းရိုးတန်းလွင်ပြင်တွေမှာသူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ မြန်မာ့အိမ်နီးချင်းတွေနဲ့ ဒေသတွင်းအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ (အာဆီယံ)ဟာ မြန်မာပြည်မှာ စစ်တပ်ကို ဗိုလ်ကျလွှမ်းမိုးနိုင်တဲ့အနေအထားကနေ ဖယ်ပြီးကြည့်ဖို့ မမြင်နိုင်ကြသေးပါဘူး။ အိမ်နီးချင်းတွေနဲ့ တခြားသူတွေဟာ စစ်တပ်ကို ဖယ်ရှားလို့ ရလိမ့်မယ်လို့ မယုံကြည်ကြသေးပါဘူး။ မဖယ်ရှားစေချင်ကြသေးပါဘူး။

တချိန်တည်းမှာပဲလက်ရှိ လူမုန်းများတဲ့ လူသတ်အာဏာရှင်၊ ခပ်ညံ့ညံ့ခပ်တုံးတုံး၊ နာမည်ပျက်ပြီး ရစရာလုံးဝမရျိတဲ့ စစ်တပ်ကိုလည်း မနိုင်စေချင်ကြပါဘူး။ စစ်တပ်က နိုင်လည်း နိုင်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် အိမ်နီးချင်းတွေနဲ့ အာဆီယံဟာ စစ်တပ်ကို လုံးဝ ကျဆုံးသွားမှာကိုလည်း မလိုလားကြပါဘူး။ မြန်မာပြည်ရဲ့ သမိုင်းကို ညစ်ပတ်တဲ့ နိုင်ငံရေးအီလစ်တွေကြားက ညှိနှိုင်းထားတဲ့ သဘောတူညီချက်တွေနဲ့ ပြန်တည်ဖို့ လမ်းပေါ်ကို မောင်းသွင်းနေကြပါတယ်။

ဒီလိုအိမ်နီးချင်းတွေနဲ့ တခြားလူတွေကို ဆွဲဆောင်ဖို့ဆိုတာ အင်မတန်ခက်ခဲပြီး ရှုပ်ထွေးတဲ့ တာဝန်တစ်ခုပါ။ မြန်မာပြည်ကို တည်ငြိမ်ပြီးအေးချမ်းတဲ့နိုင်ငံတစ်ခုအဖြစ် တည်ဆောက်နိုင်ဖို့ဆိုရင် လက်ရှိ စစ်တပ်ပြိုကျသွားမှ ဖြစ်မယ်-ဒီတစ်နည်းပဲ ရှိတယ်ဆိုတာကို လက်ခံလာကြဖို့၊ စစ်တပ်ကို နိုင်ငံရေးထဲကနေ ဖယ်ရှားနိုင်မှဖြစ်မယ်ဆိုတာကိုသူတို့သိဖို့ ဆွဲဆောင်ရတာ ကြီးလေးလှတဲ့ တာဝန်ပါ။ လက်ရှိအခြေအနေမှာ အကယ်၍ မြန်မာ့အိမ်နီးချင်းတွေနဲ့ တခြား ဒေသတွင်းနဲ့ နိုင်ငံတကာက လူတွေသာ စစ်တပ်ကို အားပေးကူညီနေတာတွေရပ်လိုက်မယ်၊ လုပ်သင့်တာတွေ လုပ်ပြီး မလုပ်သင့်တာတွေ မလုပ်ဘဲနေပေးကြမယ်ဆိုရင် ခုချိန် စစ်တပ်ကို အနိုင်ရဖို့ ဖြစ်လည်းဖြစ်နိုင်သလို အရင်တုန်းကထက်လည်း လွယ်ကူပါလိမ့်မယ်။

ဒီလိုစာမျိုးကို ကျွန်တော်နှစ်စကတည်းက ရေးနေခဲ့ပါတယ်။ ထပ်ပြီးတော့လည်း ရေးနေပါဦးမယ်။လွတ်မြောက် ရေးတိုက်ပွဲအောင်မြင်ဖို့ ဆိုရင်လာမယ့်လာတွေမှာ အရှိန်အဟုန်နဲ့ တစ်လှိုင်းပြီးတစ်လှိုင်း ဆက်တိုက်လာနိုင်ရပါမယ်။ ဒါပေမယ့်စစ်အာဏာရှင်တွေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးစည်းတွေကိုတိုက်ဖျက်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာရှိတဲ့သူတို့ကို အသက်ဆက်ပေးနေတဲ့ အရင်းအမြစ်တွေကို ဖြတ်ထုတ်နိုင်ဖို့ အတွက်ဆိုရင် မြန်မာ့အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာအနေနဲ့ အခုသွားနေတဲ့ ချဉ်းကပ်ပုံတွေကို ပြောင်းဖို့ ကြဖို့ လိုပါတယ်။

ဒီခက်ခဲပြီး ရှုပ်ထွေးလှတဲ့ အလုပ်မျိုးကို ပြီးမြောက်ဖို့ရာမှာ NUG ရော EROs တွေရဲ့ နိုင်ငံခြားရေး တာဝန်ရှိသူတွေကရော စနစ်ကျနတဲ့ သံခင်းတမန်ခင်းနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းပြောဆိုရာမှာ ဒီအလုပ်ကို အတွေ့အကြုံများတဲ့သူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ အရင်းအမြစ်တွေသုံးပေးဖို့၊ ဆိုင်ရာအသီးသီးက ကမ်ပိန်းတွေနဲ့ ကူညီကြဖို့လိုပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ လူမျိုးစု လွတ်မြောက်ရေးတိုက်ပွဲတွေအောင်နိုင်ဖို့ နိုင်ငံတကာရေးရာ မဟာဗျူဟာတွေလိုအပ်ပြီး စုပေါင်းဆောင်ရွက်မှုအားကို သုံးကြရပါမယ်။ တကယ်လို့ နိုင်ငံခြားက သက်ဆိုင်ရာနဲ့ ဆက်ဆံရေးတွေ တည်ဆောက်ရမယ့် အပိုင်းကို အားလုံးဝိုင်းဝန်းကြရင် နိုင်ငံတကာဆက်ဆံရေးအပိုင်းမှာသာ အောင် မြင်မှာမဟုတ်ဘဲ စစ်ရေးမျက်နှာစာမှာပါ အောင်မြင်လာမှာဖြစ်ပါတယ်။

ဓာတ်ပုံ- သင်္ဃန်းညီနောင် စစ်ကောင်စီဗျူဟာစခန်းမှ သိမ်းဆည်းရရှိသည့်လက်နက်များ။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပတ်စဥ် ၆ သင်တန်းဆင်းပွဲပြုလုပ်NNC၊ ဧပြီ ၁၀ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ...
10/04/2024

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပတ်စဥ် ၆ သင်တန်းဆင်းပွဲပြုလုပ်

NNC၊ ဧပြီ ၁၀

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို ဧပြီလ ၁၀ ရက်နေ့တွင် အမှတ် ၁၀၇ စစ်ဒေသ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း မင်္ဂလာဒုံရဲစခန်း၊ မန္တလေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကား  နှင့် မေမြို့ရှိ အုပ်ချုပ်ရေးမှူး နေအိမ်တို့တွ...
10/04/2024

ရန်ကုန်တိုင်း မင်္ဂလာဒုံရဲစခန်း၊ မန္တလေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကား နှင့် မေမြို့ရှိ အုပ်ချုပ်ရေးမှူး နေအိမ်တို့တွင် ဗုံးများပေါက်ကွဲပြီး ရဲ ၃ ဦးဒဏ်ရာရ

NNC၊ ဧပြီ ၁၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့မရဲစခန်းတွင် မိုင်းပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၃ဦးဒဏ်ရာရရှိကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ ညပိုင်းတွင် Dark Shadow အဖွဲ့က “Urban Freedom” စစ်ဆင်ရေး အဖြစ် မင်္ဂလာဒုံမြို့မရဲစခန်း ကို ဖောက်ခွဲတိုက်ခိုက်မှု ဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် သတ်မှတ်ထားသည့်အချိန်အတွင်း မြေပြင်လုံခြုံရေးအခြေအနေကြောင့် ပြင်းအားမြင့် မိုင်းများကို မင်္ဂလာဒုံမြို့မရဲစခန်းတွင် တပ်ဆင်ထားခဲ့ပြီး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယနေ့ ဧပြီလ ၁၀ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက ရဲစခန်းမှ မိုင်းများကိုရှင်းလင်းရာ ၃ ဦးပြင်းထန်စွာ ထိခိုက်ပြီး အသက်အန္တရာယ်) စိုးရိမ်ရ ကြောင်း မြေပြင်သတင်းများက ဆိုသည်။

အလားတူ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ရပ်တန့်ထားသော အုပ်ချုပ်ရေးမှူး၏ အိမ်စီးကားကို ဗုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး၏ ကား ပျက်စီးသွားကြောင်း၊ ထို့ပြင် ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော်ရှိ ရပ်ကွက်ရုံးတွင်လည်း ယနေ့ မွန်းလွဲပိုင်း ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

ထို့အတူ မန္တလေးတိုင်း၊ မေမြို့ ၊ အနီးစခန်းရှိ အုပ်ချုပ်ရေးမှူး တင်မောင်ဆွေ၏နေအိမ်ကို မိုင်းဖောက်ခွဲမှု အုတ်တံတိုင်းနံရံများပြိုကျပြီး အုပ်ချုပ်ရေးမှူး ထွက်ပြေး လွတ်မြောက်သွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဧပြီလ ၈ ရက်နေ့ ည၉နာရီအချိန် အနီးစခန်းအုပ်ချုပ်ရေးမှူး တင်မောင်ဆွေ၏နေအိမ်အနီးတွင် မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ နေအိမ်ကို ကာရန်ထားသော အုတ်တံတိုင်းများ ပြိုကျသွားပြီး အုပ်ချုပ်ရေးမှူးမှာ အိမ်တွင် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။

"ပြင်ဦးလွင်အနီးစခန်းမှာ ဧပြီ ၉ ရက်နေ့ ည ၉ နာရီ ဗုံးကွဲတယ်။ မေမြို့ကနေ စစ်ကား ၂စီးဆင်းလာတယ်။ အုပ်ချုပ်ရေးမှူးအိမ်ဗုံးခွဲခံရတာ။ အုပ်ကြီးကတော့ အပြင်တောင်မထွက်တော့ဘူးဆိုတော့ ပြေးပြီလို့ ထင်တယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း စစ်ဆေးမှုများ လုပ်ဆောင်နေသော အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)

🟦မော်လမြိုင် ရတခ တိုင်းရုံးကို Drone များဖြင့်တိုက်ခိုက်မှုဒဏ်ရာ ရရှိသူများတွင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပါဝင်နိုင် ...
10/04/2024

🟦မော်လမြိုင် ရတခ တိုင်းရုံးကို Drone များဖြင့်တိုက်ခိုက်မှုဒဏ်ရာ ရရှိသူများတွင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပါဝင်နိုင် ၊ စစ်ဗိုလ်ချုပ် ၃ ဦး သေဆုံးကာ တပ်သား ၃၀ ​ကျော် ထိခိုက်ဒဏ်ရာရရှိဟုဆို
-----------------------NNC ဧပြီ ၉/၂၀၂၄

မော်လမြိုင် အ​​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် (ရတခ)အတွင်းတွင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း​ခေါင်း​ဆောင်ပြီး အထူးစစ်ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေစဉ် ယ​နေ့ ၉-၄-၂၀၂၄ ရက်​နေ့ ​နေ့လယ် ၁း၃၀နာရီခန့်က အားကစားခန်းမနှင့် စစ်ရဟတ်ယာဥ် ၂စီးရပ်ထား​သော​ကွင်းနေရာတို့အား ကာမီကာ​ဇေ Fixed Wing Drone (၅)စီးဖြင့် တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ္။

ယနေ့နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သော ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲ၏ ကာမီကာ​ဇေဒရုန်းတိုက်ခိုက်မှုကြောင့် ရတခ ထဲအစည်းအ​ဝေးလုပ်​နေသည့် စစ်ဦးစီး ပထမတန်းနှင့်အထက် စစ်ဗိုလ်ချုပ် ၄ဦး အပါအဝင် အရာရှိ အရာခံ အကြပ် တပ်သား ၃၀ ​ကျော် ထိခိုက်ဒဏ်ရာရရှိထား​တယ်လို့သိရပါတယ်။

၎င်းအပြင် ဒဏ်ရာရစာရင်းတွင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်း​ဆွေတို့ ပါဝင်နိုင်​ပြီး ဗိုလ်ချုပ်တစ်ဦး၊ ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် အကြီးပိုင်း ၆ဦး ပြင်းထန်ဒဏ်ရာရပြီး ၄င်းတို့ထဲမှ ၃ဦး ယ​နေ့ည ​သေဆုံးသွားခဲ့ပြီလို့ Alpha Bats ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ယ​နေ့ တိုက်ခိုက်မှုသည် ဒုချုပ်စိုးဝင်း အ​နေဖြင့် ရတခ တွင် ​ရောက်ရှိ​နေပြီး မြဝတီ၊ သင်္ဃန်းညီ​နောင်၊ ​ကော့ကရိတ် စစ်ဆင်​ရေးများကို အနီးကပ်ကွပ်ကဲ​နေ​ကြောင်း သိရသဖြင့် ရသမျှနည်းလမ်းများအသုံးပြုတိုက်ခိုက်​နေတာဖြစ်တယ်လို့ ရှာထူးဝေါ်တပ်ဖွဲ့ပြန်ကြားရေးကဆိုပါတယ်။

ဆက်လက်၍ Alpha Bats ၏ကာမီကာ​ဇေ Fixed Wing Drone များဖြင့် တိုက်ခိုက်မှု​ကြောင့် ရဟတ်ယာဥ်၂စီးအနက် တစ်စီးသာ ပြန်တက်ထွက်ခွာနိူင်ပြီး တစ်စီးမှာမူ မတက်နိုင်ဖြစ်​နေတယ်လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းရင်းမြစ်၏​ပြောကြားချက်အရ ​နေပြည်​တော်နှင့် ဒုချုပ်စိုးဝင်းရယ် ကစထမှူး ညွန့်ဝင်း​ဆွေရယ် သူတို့ ၂ဦးနှင့် အဆက်အသွယ်ပြတ်​တောက်​နေ၍ ​ဗြောင်းဆန်​နေကြ​ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက်တွင် ကျောက်ရထား ၁ စီး မိုင်း ထိမှန်ပြီး လမ်းချော်ကျNNC၊ ဧပြီ ၁၀မွန်ပြည်နယ်၊ သထုံမြို့နယ်၊...
10/04/2024

သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက်တွင် ကျောက်ရထား ၁ စီး မိုင်း ထိမှန်ပြီး လမ်းချော်ကျ

NNC၊ ဧပြီ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက်တွင် ကျောက်ရထား ၁ စီး မိုင်း ထိမှန်ပြီး လမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက် နန်းတောင်းကြီးကျေးရွာ တံတားအမှတ် ၇၉ အနီးတွင် ကျောက်ရထား ၁ စီး မိုင်းထိမှန်ခဲ့ပြီး ရထားတွဲအချို့ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းချော်သွားသော ကျောက်ရထား စက်ခေါင်းကို ပြန်လည် မတင်ရန် အမှတ် ၇ ရန်ကုန် မလွှကုန်း စက်ခေါင်းစက်ရုံ မှ ဝန်ထမ်းများက မလွှကုန်းစက်ရုံမှ T60 ကရိန်း ရထားနှင့် တွဲပြင်အဖွဲ့များ၊ စက်မှုအဖွဲ့များ ယနေ့ နံနက် ၁၀ နာရီခန့် တွင် ရန်ကုန်မှ သထုံကို ထွက်ခွာသွားကြောင်း သိရှိရသည်။

"ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက် နန်းတောင်းကြီးကျေးရွာ ရထားလမ်းမိုင်တိုင် အမှတ်-၁၂၅/၂ နှင့် ၁၂၅/၃ အကြား တံတားအမှတ် ၇၉ အနီး မိုင်းထိခဲ့၍ ရထားတွဲအချို့ လမ်းချော်ကျမှုဖြစ်ကာ ရပ်တန့်ခဲ့ကြောင်း သတင်းရရှိပါတယ်။ မလွှကုန်းစက်ရုံမှ T60 ကရိန်း ရထားနဲ့အ ခြားတွဲများ တွဲပြင်အဖွဲ့နဲ့ စက်ခေါင်းမတင်ရန် မလွှကုန်း စက်ရုံမှ စက်မှုအဖွဲ့ သားများ အခင်းဖြစ်တဲ့ နေရာသို့ ဒီမနက် ၁၀နာရီတွင် ရန်ကုန်မှ ထွက်ခွာသွားပါတယ်။ သင်္ကြန် နားနီးတော့ အထူးရထားထွက်ဖို့ ရှိပါတယ်။ ရထားလက်မှတ်တွေက သုံးရက်ကြိုရောင်းထားတွေ ရှိတယ်။ မီးရထားက သတင်းဖုံးထားပါတယ်" ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

ယင်းမိုင်းထိမှန်သော မီးရထား စက်ခေါင်း အမှတ်မှာ DF-1373 ဖြစ်ပြီး T/60 ကရိန်း ရထား စက်ခေါင်းအမှတ်မှာ DF-1361 ဖြစ်ကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

KIA က သိမ်းပိုက်ရရှိထားသော လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ အတွင်းမှ ငွေကျပ် သိန်းပေါင်းများစွာ ထည့်သွင်းထားသော သ...
10/04/2024

KIA က သိမ်းပိုက်ရရှိထားသော လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ အတွင်းမှ ငွေကျပ် သိန်းပေါင်းများစွာ ထည့်သွင်းထားသော သေတ္တာများ သိမ်းဆည်းရရှိ၊ သိန်းပေါင်း ၁ သောင်းဝန်းကျင်ရှိနိုင်ဟုဆို

NNC၊ ဧပြီ ၁၀

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ၊ လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ အတွင်းမှ ငွေကျပ် သိန်းပေါင်းများစွာ သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ ခလရ ၁၄၂ တပ်အတွင်း စစ်ကောင်စီတပ်သားများနှင့် Non- CDM ဝန်ထမ်းများ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားပြီးနောက် KIA က တပ်အတွင်း ဝင်ရောက်၍ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ငွေကျပ် သိန်းပေါင်းများစွာ သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

"အခု ခန့်မှန်းခြေတော့ သိန်းပေါင်း ၁ သောင်းဝန်းကျင်လောက်ရှိနိုင်တယ်လို့ သိရပါတယ်။ ဘဏ်တွေမှာရှိတဲ့ ငွေတွေကို တပ်ထဲမှာ ယူပြီး သိမ်းထားတာမျိုးဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ တပ်ရဲ့ ဂိုဒေါင်အဆောက်အအုံတစ်ခုအတွင်းက ရတယ်လို့ သိရတယ်" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသော ခလရ ၁၄၂ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Non-CDM ဝန်ထမ်းများအားလုံး တရုတ်ပြည်အတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားသဖြင့် စစ်ကောင်စီ ကင်းစင်သော မြို့အဖြစ် KIA က တရားဝင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၇ ရက်နေ့မှစတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကာ ဧပြီလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ နောက်ဆုံးစခန်းကြီးဖြစ်သော စိန်လုံဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်နေ့တွင် လွယ်ဂျယ်မြို့အတွင်းသို့ KIA က တရားဝင် ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

မြင်းခြံတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသာ စစ်ကြောင်းကို တိုက်ခိုက်၊ ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်စခန်းနှင့် စ...
10/04/2024

မြင်းခြံတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသာ စစ်ကြောင်းကို တိုက်ခိုက်၊ ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်စခန်းနှင့် စစ်ကားတို့ကို တိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောပုရွာကို မီးရှို့ဖျက်ဆီးနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၆ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာကိုပြောကြားသည်။

ဧပြီလ ၈ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောပုရွာကို မီးရှို့ ဖျက်ဆီးနေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ဧပြီလ ၈ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်က မြင်းခြံမြို့နယ် တောပုရွာကို စစ်ကြောင်းထိုးလာတဲ့ ခွေးတွေက ရွာကို မီးရှို့ဖျက်ဆီးနေစဉ်မှာပဲ ကျွန်တော်တို့ ၄ ဖွဲ့ပေါင်းပြီး တိုက်တာပါ။ ဒရုန်းနဲ့ပါ ချတာ စစ်ခွေး အလောင်းတွေကို ကားနဲ့ လာသယ်သွားတယ်လို့ ကြားတယ်လို့” မန္တလေးခရိုင် တပ်ရင်း ၆ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်မီဒီယာကို ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် တပ်ရင်း ၆ NDA (mdy)တပ်ဖွဲ့၊ မြင်းခြံ ပကဖ ၊တံတားဦး ပကဖ နှင့် MGN 35 မြင်းခြံပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ လက်ပုကန်ကျေးရွာ၌ တပ်စွဲထားသော စစ်သားများ ပခုက္ကူမြို့သို့ ကား ဖြင့်ပြန် လာစဉ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၉ ရက် ညနေ ၄ နာရီခန့်က ပခုက္ကူမြို့နယ်၊ လက်ပုကန်ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား အချို့သည်ပခုက္ကူမြို့သို့ ၆ ဘီးကားတစ်စီးဖြင့် ပြန်လာစဉ် လက်ပုကန်ကျေးရွာနှင့် ချောက်ကန်ကျေးရွာအကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးမှာ နားမကြားတော့သည်အထိ ပြင်းထန်ခဲ့ကြောင်း သိရ သည်။

“လက်ပုကန်ဘုန်းကြီးကျောင်းထဲကနေ ပခုက္ကူကို ပြန်တဲ့ကားပေါ့၊ ၆ ဘီးကားနဲ့ပြန်တာ၊ ကားပေါ်မှာ ခွေးတွေလည်းပါတာပေါ့။ လက်ပုကန်နဲ့ချောက်ကန်ကြားထဲမှာ တစ်ပွိုင့်ဆွဲခဲ့တာ၊ အတွင်းသတင်း အရ စုံစမ်းသိရတာတော့ ၃ ယောက်ထိတယ်၊ တစ်ယောက်က နားလုံးဝမကြားတော့ပဲနဲ့ စိတ်က ယောက်ချောက်ခြားဖြစ်နေတယ်လို့ သိရတယ်။ကားလည်း ထိခိုက်ပျက်စီးမှုရှိတယ်၊မိုင်းဆွဲပြီးတော့ ချက်ချင်းပြန်ထွက်သွားနိုင်တာမျိုးမရှိဘူး၊ အချိန်အတော်ကြာကြာပြင်ပြီးမှ ဆက်မောင်းသွားတာ။” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Pakokku People's Defense Force၊ Earthquake People's Defense Force၊ Burma Revolution Rangers နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့နယ် ရေလာလေးပျူစခန်းနှင့် မြိုင်မြို့နယ်၊ တွင်းမပျူစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၇ ရက်နေ့က ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာများကို ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံး မှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ရေလာလေးပျူစခန်းနဲ့ တွင်းမပျူရွာကို လေးလက်ဒရုန်းနဲ့ တချိန်တည်း၊ တပြိုင်တည်း ချခဲ့တာ။ ၁၂ လုံးစီပေါ့။ သူတို့အထိုင်ချထားတဲ့နေရာတွေကျပြီးပေါက်ကွဲမှုတော့ရှိတယ်။ အဆောက်အအုံထိခိုက် ပျက်စီးတွေတော့ရှိတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိ၊ မရှိကတော့ သူတို့နယ်မြေထဲဖြစ်တဲ့ အ တွက် စုံစမ်းလို့မရသေးဘူး” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Young Force UG (ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-၂) နှင့်မဟာ မိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်တပ်က တပ်စခန်းများ မကျရေး  အပြင်းထန် ခ...
10/04/2024

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်တပ်က တပ်စခန်းများ မကျရေး အပြင်းထန် ခုခံနေ

ရန်ကုန်| ဧပြီ ၁၀

ရက္ခိုင့်တပ်တော် AA ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိမှု ရှိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်အရ သိရသည်။

ယမန်နေ့ ဧပြီ ၉ ရက် ညဉ့်ချိန်က အနောက်ပိုင်းစစ်ဌာနချုပ်နှင့် လေယာဥ်ကွင်းတို့ကို ရက္ခိုင့်တပ်တော် AA မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း သတင်းရစ်မြစ်က ပြောသည်။

"တိုက်ပွဲက မြို့နဲ့နီးစပ်လာပြီ။ မနေ့ကညဉ့်ကဆို နပခထဲကိုလည်း လက်နက်ကြီးကျတယ်။ ၇ နာရီကျော်လောက်က ဖြစ်မယ်။ လေယာဥ်ကွင်းကိုလည်းကျတာ။ ထိခိုက်ဒဏ်ရာရတာရှိတယ်။ သေဆုံးမှုရှိတယ်လို့ သိရပေမယ့် အတည်မပြုနိုင်သေးဘူး။ လက်နက်ကြီးကျည်က ၄ လုံးကျတယ်။ တစ်လုံးကတော့ လေယာဉ်ကွင်းအထဲကိုကျတယ်" ဟုပြောသည်။

AA လက်နက်ကြီးများဖြင့် ပစ်ခတ်ရာတွင် လေယာဉ်အကွင်းအပြင် တပ်မိသားစု နေထိုင်သည့်နေရာနှင့် ဗဟိုကင်း၊ ဧည့်ရိပ်သာအဆောင်နှင့် တပ်သားများနေထိုင်ရာသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အမ်းမြို့ရှိ စစ်သတင်းရင်းမြစ်တစ်ဦးက "ကျနော်တို့ သတင်းရတာက ၆ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ ကြားပါတယ်။ ဒဏ်ရာပြင်းတဲ့ သူတွေလည်း ပါတယ်။ အပြင်ကို အရေးပေါ် ပေးမထွက်ဘူး။ ဌာနချုပ်မှာ ဆေးကုသတယ်လို့ ကြားတယ်။ တပ်မိသားစုတွေလည်း ဒဏ်ရာရတယ်။ အတိအကျကို လုံး ဝမသိရဘူး ဖြစ်နေတယ်"ဟုပြောသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဖက်မှ ကြည်း၊ ရေ၊ လေတို့ဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေရကြောင်း ဒေသအတွင်း နေထိုင်သူများက ပြောသည်။

AA နှင့် စစ်ကောင်စီတပ်တို့ တောဟိန်းတောင်ဗျူဟာနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီးတစ်ဝိုက်တို့တွင် စ်ဖက်တိုက်ပွဲများ ဖြစ်ပွားမှုရှိပြီး နှစ်ဖက်စလုံးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း အမ်းဒေသခံများက ပြောသည်။

"တောဟိန်းတောင်ကို AA ကထိုးစစ်ဆင်နေတော့ အဲ့ဖက်လဲတိုက်ပွဲပြင်းနေတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ကောင်စီဖက်တော့ နေ့တိုင်းလိုလို လေယာဥ်တွေနဲ့ဗုံးလာကြဲတယ်။ လက်နက်ကြီးတွေပစ်တယ်။ နေဗီတွေကလည်းလှမ်းပစ်တာတွေရှိနေတယ်။ အေအေ ဖက်ကလည်း ပစ်ခတ်နေတာတွေရှိတယ် " ဟုပြောသည်။

အမ်းတိုက်ပွဲမှာ ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က အမ်းရိုးမဖက်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီ တပ်သားများကို ရက္ခိုင့်တပ်တော်မှ ကြားဖြတ်ဝင်တိုက်ရမှ စတင်ခဲ့ပြီး လတ်တလောတိုက်ပွဲ အခြေနေမှာ
ဆက်လက် ပြင်းထန်လျက်ရှိနေသည်။

အမ်းအပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် ကြိမ်ချောင်းစခန်းအား ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်က တရားဝင် ထုတ်ပြန်ထားသည်။

Address


Website

Alerts

Be the first to know and let us send you an email when Noraw News Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share