Mandalay View

  • Home
  • Mandalay View

Mandalay View အနုပညာ၊ ပွဲအခမ်းအနားတွေနဲ့ ဗဟုသုတ ရစေမယ့် Video တွေပို တင်ဆက်ပေးမယ့်
Mandalay View

05/10/2025

၃၆လမ်း၊ ၈၄လမ်းနဲ့ ၈၅လမ်းကြားမှာရှိတဲ့RDဗန်းမော် မြန်မာထမင်း၊ဟင်းနဲ့ အိန္ဒိယစားဖွယ်စုံရရှိပါတယ်၊ မာလာဟင်း၊မာလာမောက်ချိုက်၊ မာလာရှမ်းကောအပြင်အခြားဘအစားအသောက်မျိုးစုံကို တစ်နေရာတည်းမှာစျေးနှုန်းချိုချိုနဲ့ စားသုံးနိုင်မှာဖြစ်ပါတယ်၊

ဖုန်းနဲ့ဆက်သွယ်မှာယူရင်လည်း Delivery နဲ့ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါတယ်၊ အလှူ၊ အခမ်းအနားတွေအတွက်လည်း အော်ဒါမှာယူလို့ရပါတယ်၊

03/10/2025

မဟာလောကမာရဇိန်ကုသိုလ်တော်မြတ်စွာဘုရားတွင် သံဃာတော်အပါး ၂၅၆၉ ပါးကို ဆွမ်းသပိတ်လောင်း လှူပွဲကျင်းပသွားမည်ဖြစ်တဲ့အတွက် ရဟန်းရှင်လူအပေါင်းတို့မှ သဒ္ဓါ တပ်အားသ၍ ကုသိုလ်ပါဝင်နိုင် တယ်လို့ ကုသိုလ်တော်ဘုရား ဘဏ္ဍတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဌ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်ဝင်းကပြောပါတယ်၊

သီးတင်းကျွတ်လပြည့်ကျော်သုံးရက်နေ့မှာ နံနက်ပိုင်းမှာ မန္တလေးမြို့ လေးပြင်လေးရပ်တွင်သော သံဃာတော် တွေကို ဆွမ်းသပိတ်လောင်းလှူသွားမယ်လို့လည်းသိရပါတယ်၊

03/10/2025

စန္ဒီမယ်တော် ရုပ်ပွားတော်ရေချသပ္ပာယ်မှုပြုလုပ်တဲ့ မြင်ကွင်းတွေဖြစ်ပါတယ်၊

ဟိန္ဒူဘာသာဝင်တို့ ရှရီရှရီဒူရ်ဂါ(စန္ဒီ)မယ်တော်ပွဲတော်ကျင်းပမြန်မာနိုင်ငံမှ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုရဲ့ပြယုဂ်တစ်ခုအဖြ...
02/10/2025

ဟိန္ဒူဘာသာဝင်တို့ ရှရီရှရီဒူရ်ဂါ(စန္ဒီ)မယ်တော်ပွဲတော်ကျင်းပ

မြန်မာနိုင်ငံမှ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုရဲ့ပြယုဂ်တစ်ခုအဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာပြည် ဖွား ဟိန္ဒူဘာသာဝင်တွေ ကျင်းပလာတဲ့ ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ရှရီရှရီဒူရ်ဂါ(ဓန္ဒီ)မယ်တော်ပွဲကို ကိုး ရက်တိုင်ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့မှာတော့ မယ်တော်ရုပ်ပွားတော်ကို ရေချသပ္ပာယ်မှုကို ပြုလုပ်ကြတာ ဖြစ်ပါတယ်

ပွဲတော်က ရက်ရှည်ပွဲတော်တစ်ခုဖြစ်ပြီး ဟိန္ဒိူဘာသာဝင်တွေကိုးကွယ်ကြတဲ့ မယ်တော် ၉ပါးအတွက် တစ်ရက်စီ မယ်တော်တစ်ပါးခြင်းစီအလိုက် ပူဇော်ပသမှုတွေကိုပြုလုပ်ကြတာဖြစ်တယ်လို့လည်း သိရပါတယ်၊

ပွဲတော်ကို ကိုးရက်တိုက်ကျင်းပပြီး ပွဲတော်ရက်အတွင်း သတ်သတ်လွတ်စာတုဒိတာတေတွကို ကျွေးမွေး တာတွေကိုလည်း မယ်တော်ဘုရားကျောင်းတွေမှာ ပြုလုပ်ကြပါတယ်၊ ပွဲတော်ကျင်းပပြီး ၁၀ရက် မြောက်နေ့ မှာတော့ ဟိန္ဒူဘာသာဝင်တွေအားလုံးစုပေါင်းကာ ရေမျှောပွဲတော်ကို ကျင်းပပြု လုပ်တာဖြစ်ပါတယ်၊

အခုပြုလုပ်တဲ့ပွဲတော်မှာ ဟိန္ဒိူဘာသာဝင်တွေသာမကပဲ စိတ်ပါဝင်စားတဲ့ အခြားဘာသာဝင်တွေလည်း လာ ရောက်ကြတယ်လို့လည်းသိရပါတယ်၊

01/10/2025

လူငယ်လူရွယ်များ ဆော့ကစားနိုင်သော Fight Zone Boxing,Kick Boxing & Fitness Club ကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၁၁၆လမ်းနှင့် ၆၀(ဘီ)လမ်းထောင့်တွင်ဖွင့်လှစ်ခဲ့ပါတယ်၊

Boxing နဲ့ပက်သက်သော ပညာရပ်များကိုသင်ကြားပေးမှာဖြစ်သလို ပြိုင်ပွဲတွေကိုလည်း ကျင်းပပေးသွားမယ် လို့သိရပါတယ်၊ ဒါ့အပြင် Fitness Club တစ်ခုကိုလည်းဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်၊

လူတစ်ဦးကို အသင်းဝင်ကြေးအနေနဲ့ ကျပ်တစ်သိန်းခွဲနှုန်းသတ်မှတ်ထားတယ်လို့သိရပါတယ်၊

30/09/2025

မန္တလေးမြို့မှသည် နိုင်ငံတကာအဆင့်မှီ ပညာရေးဆီသို့ အခမ်းအနားပြုလုပ်

MDY CTC to Global Eduction Event ပွဲကို ချင်းတွင်းနည်းပညာကောလိပ်နဲ့ Chindwin Global Study Serviecs တို့ပူးပေါင်းပြီးတော့ စက်တင်ဘာ ၂၇ရက်နေ့က Y Mandalay Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါ တယ်၊

အခမ်းအနားမှာတော့ ကျောင်းသူ၊ကျောင်းသူတွေကို ပြည်ပနိုင်ငံများကို ပညာတော်သင်သွားလာရာမှာလိုအပ် တဲ့ အရာတွေ၊ သင်ကြားခြင်တဲ့ ဘာသာရပ်တွေနဲ့ ပညာရေးနဲ့ပက်သက်ပြီးတော့ ကိုယ်ကိုတိုင်ဆုံးဖြတ်သွားလာ နိုင်စေဖို့အတွက်လည်း သက်ဆိုင်ရာ တတ်ကျွမ်းသူတွေက ကျောင်းသူ၊ကျောင်းသားတွေကို ရှင်းပြမှုတွေကို ပြု လုပ်ခဲ့ကြပါတယ်၊

ကျောင်းသား၊ကျောင်းသူတွေ Motivation ရစေဖို့အတွက် Brain Box Acumen College of Management ရဲ့ တည်ထောင်သူကျောင်းအုတ်ကြီး ဒေါက်တာကောင်းလွန်းက လူငယ်တွေအတွက် နိုင်ငံတကာပညာရေးနဲ့ လက် တွေ့လုပ်ငန်းခွင့်အတွေ့အကြုံတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်၊

27/09/2025

မန္တလေးတိုင်းဒေသကြီး အထည်ချုပ်လုပ်ငန်းရရှင်များအသင်း ဒုတိယအကြိမ်မြောက် အသင်းသားစုံညီ တွေ့ဆုံပွဲကို စက်တင်ဘာ ၂၇ ရက်နေ့ နေ့လည်ပိုင်းက Hotel Hazel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်

အဆိုပါပွဲမှာ အသင်းသား၊ အသင်းသူတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေတက်ရောက်ခဲ့ကြပါတယ်၊ စုံညီတွေ့ဆုံပွဲမှာ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ဥက္ကဌ ဦးတင်လတ်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်၊ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးကျော်ဝင်းက ဝမ်းမြောက်စကားပြောကြားခဲ့ပါတယ်၊ မန္တလေး တိုင်းဒေသကြီးအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါ်ခင်လေးမွန်က ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်၊ ဆက်လက်ပြီးတော့ ဒေါက်တာကောင်းလွန်းက Sewing Success Together ခေါင်းစဥ်ဖြင့် ဟောပြောခဲ့တယ်လို့သိရပါတယ်





23/09/2025

အစ္စလာမ်ဘာသာဝင်တွေရဲ့ နေ့ထူးဖြစ်တဲ့ တမန်တော်နေ့အခမ်းအနားကို စက်တင်ဘာ ၂၁ရက်နေ့က ကျောက်ဆညိခရိုက် စဥ့်ကိုင်မြို့နယ် တဘက်ဆွဲကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်

အဆိုပါ ပွဲအခမ်းအနားမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓမ္မတေးသီးချင်းတွေကို သီဆိုမှုတွေ၊ ဆုတောင်းဝတ်ပြုတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်၊ ယခုပြုလုပ်ခဲ့တဲ့ပွဲမှာတော့ ကြေးနီးချောင်းကျေးရွာကနေ တဘက်ဆွဲကျေးရွာအထိ အလှပြလှည်းယဥ်တွေ၊ ဓမ္မတေးသီးဆိုမှုတွေ၊ ဘင်ခရာအဖွဲတွေနဲ့ တီးမှုတ်တာတွေကို ပြုလုပ်ခဲ့ကြသလို လာရောက်တဲ့ဧည့်ပရိတ်သတ်တွေကို
ထမင်းထုတ်တွေဝေငှာမှုတွေပြုလုပ်ခဲ့ပါတယ်





19/09/2025

ကုန်ကြမ်းဝယ်ယူစရိတ်ကြီးမြင့်မှုကြောင့် မြန်မာ့ရိုးရာမီးထွန်းအရုပ်လုပ်ကိုင်သူနည်းပါးသွားသော်လည်း ဆက်လက်လုပ်ကိုင်သူများ သိသိသာသာရောင်းချနေရတယ်လို့ မီးထွန်းအရုပ်များကိုလုပ်ကိုင်သူ ဒေါ် စန်းအိနိုင်ကပြောပါတယ်၊

ယခင်နှစ်တွေက ကုန်ကြမ်းပစ္စည်းတွေကို ဝယ်ယူရလွယ်ကူသော်လည်း ယခုနှစ်တွင် ကုန်ကြမ်းပစ္စည်း များ ဝယ်ယူရမလွယ်ကူတဲ့အတွက် မီးထွန်းအရုပ်လုပ်ကိုင်သူတွေ နည်းပါးသွားတာဖြစ်ပါတယ်၊ အလုပ် လုပ်ကိုင်သူတွေနည်းပါးသွားပေမယ့် ဝယ်ယူမှုက ကောင်းမွန်တဲ့အတွက် အရောင်းအဝယ်သွက်လက် လျက်ရှိတယ်လို့လည်းပြောပါတယ်၊

မီထွန်းအရုပ်များအားတန်းခူးလကျော်ကာလမှစတင်ကာ လုပ်ဆောင်ကြပြီး သီးတင်းကျွတ်မတိုင်မှီနှင့် သီးတင်းကျွတ်ကာလအတွင်း ရောင်းချရပြီး အဓိက မန္တလေးမြို့တွင်းနှင့် နယ်ပယ်ဒေသအသီးသီးကို ရောင်းချရတယ်လို့ဆိုပါတယ်၊

မီးထွန်းအရုပ်အမျိုးပေါင်း ၁၈မျိုးကျော်ကို ထုတ်လုပ်လျက်ရှိပြီး လက်လီလက္ကားရောင်းချပေးလျက်ရှိ တယ်လို့သိရပါတယ်၊

မီးထွန်းအရုပ်တွေကို လုပ်ကိုင်ရာမှာအမျိုးအစားပေါ်မူတည်ပြီး ကျပ်ထောင်ဂဏန်းမှ ကျပ်တစ်သောင်း ကျော်အထိ လက်ခရရှိတယ်လို့ဆိုပါတယ်၊ အရုပ်များ လုပ်သည့် အတတ်ပညာများကို သင်ကြားလိုပါ ကလည်း အခမဲ့သင်ကြားပေးသွားမယ်လို့ မီးထွန်းအရုပ်လုပ်ကိုင်သူ ဦးစောကပြောပါတယ်၊

မကြာခင်တွင် မြန်မာရိုးရာသီးတင်းကျွတ်မီးထွန်းပွဲတော်ကို တစ်နိုင်ငံလုံးအတိုင်အတားအနေဖြင့် ကျင်း ပပြုလုပ်သွားမှာဖြစ်ပါတယ်၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း ဆီးမီးထွန်းခြင်း၊ မီးပုံးများဖြင့် အ လှဆင်ခြင်း၊ ကလေးသူငယ်များ မီးထွန်းအရုပ်များအတွင်း ဆီးမီးများထွန်းကာ ဆော့ကစားခြင်းများကို ပြုလုပ်ကြတယ်လို့သိရပါတယ်

18/09/2025

ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာတွေကို ဖော်ပြလိုက်ရပါတယ်

ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သောအစားအသောက်အချို့ကို အများသိရှိရလေအောင်
ထပ်မံမျှဝေလိုက်ပါတယ်။

၁။ ပါရာစီတမောကို Cocacola ၊ Pespi စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါသော အစားအစာများနဲ့ တွဲမသောက်သင့်ပါဘူး။

၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။
တကယ်လို့ သောက်မိလျှင်လည်း တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင်အန္တရာယ်ရှိပါတယ်။

၃။ ပါရာစီတမောဟာ အရက်၊
ဘီယာ စတဲ့ မူးယစ်ဆေးဝါးတို့နဲ့လည်း
မတည့်ပါဘူး။

၄။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။

၅။ ပါရာစီတမောကို တခါသောက်ရင်
အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။
(၂၄) နာရီအတွင်း 500 mg (၈) လုံးထက်
ပိုသောက်မိလျှင်အန္တရာယ်ရှိပါတယ်။

၆။ ပါရာစီတမောကို(အခြားအချိုရေ၊
အချဉ်၊စတဲ့အထက်က ဖော်ပြခဲ့
တာတွေနဲ့ရောမသောက်သော်လည်းပဲ)
အလွန်အကျွံ သောက်မိလျှင်
ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး
သေတတ်ပါတယ်။

ပါရာစီတမောတင်မကပဲ
အကိုက်အခဲပျောက်ဆေးများနဲ့
အင်္ဂလိပ်ဆေးတော်တော်များများဟာ ဂတ်စ်ပါတဲ့
အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့
တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။

ပါရာစီတမောလ်ဆေးဟာ မြန်မာပြည်သူပြည်သားများ အများဆုံးသောက်သုံးနေသည့်
ဆေးတစ်မျိုးဖြစ်သည့်အတွက် မသိသေးသူများအတွက် အသိပေးခြင်းဖြစ်သလို
သိပြီးသူများအတွက်လည်း သတိပေးရင်း မျှဝေလိုက်ရပါတယ်။

ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။ အသက်ကို ဉာဏ်စောင့်ဆိုသလို
ကိုယ့်အသက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်ဆင်ခြင်ပြီး
လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။



18/09/2025

Mrs Royal Lady Magway 2025 ပြိုင်ပွဲမှာ Winner ဆုရရှိတဲ့ Mrs Than Than Aye ကို ဆုရရှိပြီး အနုပညာလှုပ်ရှားတာတွေဆက်လုပ်သွားဖို့ အစီအစဥ်တွေနဲ့ ရင်တွင်းခံစားချက်တွေကို သွားရောက်မေးမြန်းတင်ဆက်ပေးထားတာဖြစ်ပါတယ်





17/09/2025

Sky Villa Condo ပြိုကျမှုကြောင်​့ သေဆုံးခဲ့သူများအား ဒုတိယအကြိမ် ဂရုဏာကြေးပေးအပ်

အမှန်တကယ် သက်ဆိုင်သူများ ရရှိစေရန် စိစစ်ပေးနေဟုဆို



Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959785962787

Alerts

Be the first to know and let us send you an email when Mandalay View posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mandalay View:

  • Want your business to be the top-listed Media Company?

Share

Advertising

ကြေငြာများထည့်သွင်းလိုပါက Ph- 09785962787 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။