Bago Update News

  • Home
  • Bago Update News

Bago Update News သတင်းထူးသတင်းဦးများကိုနေ့စဉ်တင်ဆက်ပေးမည်ဖြစ်ပါတယ်

20/07/2025

လူရင်းတွေဆိုပြီးစိတ်ရင်းနဲ့ပေါင်းလိုက်တာပြန်ရလိုက်တာကအားမနာခြင်းနဲ့ လူပါးဝစော်ကားသွားခြင်းတွေပါပဲ

20/07/2025

ကျေးဇူးဆပ်ပါမည်ရှင်...
ကျွန်မပိုင် မော်တော်ယဥ် Suzuki အမျိုးစား 1H/7119 ပဲခူး ဘုရားကြီးလိုင်းဆွဲနေသောကားမှ ယဥ်မောင်းလိုင်စင်နှင့် ကားဝှီးတက် ပဲခူးမြို့ (31)လမ်း နားတွင်ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက ယဥ်ပိုင်ရှင် ကျွန်မထံသို့ ဆက်သွယ် အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်ရှင်။
ထိုက်တန်စွာ ကျေးဇူးဆပ်ပါမည်ရှင့်။

ဖုန်းနံပါတ်
09429450854
09793003686

Credit -Bago Online News

19/07/2025

ပဲခူးEPC လာမရှင်းသည့် လျှပ်စစ်ဓာတ်ကြိုးကြောင့် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

ဇူလိုင်-၁၉၊၂၀၂၅။လူအေး/People's Spring

လျှပ်စစ်မီးပြတ်တောက်မှုဆိုးရွားဖြစ်နေသည့် ပဲခူးမြို့တွင် မီးပြန်လာသည့် နာရီအနည်းငယ် အတွင်း လမ်းပေါ်ပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုး‌တက်နင်းမိသည့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရသည်။

အဆိုပါဖြစ်စဉ်သည် ပဲခူးမြို့ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ နယ်မြေ(၅)တွင် ယမန်နေ့(ဇူလိုင် ၁၈ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"နယ်မြေ(၅)ထဲတင် ဖြစ်တာ။ ပဲခူးမှာ မီးအမြဲပြတ်နေတာ။ အခုကျ မီးခဏလာချိန်လေးဓာတ်လိုက်လို့ ကလေးတစ်ယောက်သေဆုံးရတာ ရပြီ။ အခုဖြစ်တာကို လျှပ်စစ်ဌာနက လာတောင်မကြည့်ဘူးဗျာ"ဟု မြို့ခံတစ်ဦးက‌ ပြောသည်။

သေဆုံးသူကလေးငယ်သည် Grade-1 ကျောင်းသားဖြစ်သည်။ လမ်းမပေါ် ဓာတ်ကြိုးပြတ်ကျနေ၍ လာရောက် ရှင်းလင်းပေးရန် ပဲခူးမြို့ လျှပ်စစ်ဌာန(EPC)အား ဖုန်းဆက်သော်လည်း ဖုန်းကိုင်ဆောင်ခြင်းမရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးမြို့တွင် ၂၀၂၄ ဇူလိုင်ကလည်း ပဲခူးမြစ်‌ရေမြင့်တက်ပြီး မြို့ထဲရပ်ကွက်အချို့ ရေကြီးနေစဥ် ရေထဲပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုးမှ ဓာတ်လိုက်ပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း
နေပြည်တော်မှလွဲ၍ မြန်မာနိုင်ငံဒေသအနှံ့မြို့နယ်များမှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေသည်။ ယင်းပြဿနာကို စစ်ကောင်စီက ဖြေရှင်းခြင်းမရှိပေ။

#လျှပ်စစ်ဓာတ်ကြိုး

19/07/2025

" အာဇာနည်နေ့ တို့မမေ့ "
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့
(၇၈) ကြိမ်မြောက်အာဇာနည်နေ့

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ ဦးညွှတ် ဂါရဝပြုအပ်ပါသည်။

ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီ ခရီးကြမ်းမှာ အသက်ပေးသွားကြရတဲ့ အာဇာနည်များအား လေးစားစွာ ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

18/07/2025

🌿 #အထူးသတင်းကောင်း🌿

❣️မင်္ဂလာပါပဲခူးရေ. . . . . .

#ပဲခူးမြို့ပေါ်နင့်ပတ်ဝန်းကျင်ကျေးရွာများသို့ အခုသတင်းလေးကို တဆင့်စကားကြားပေးကြပါခင်ဗျာ

#မျက်စိရောဂါအတွက် မည်သည့်လူတန်းစားမဆို အခမဲ့ကုသခွဲစိတ်ပေးမည့်အစီ့အစီအစဉ်ပါ

အကယ်၍ခွဲစိတ်ကုသရန်မြို့တွင်း/မြို့ပြင်/ နယ်/ကျေးရွာများမှ လူနာများအတွက်လည်း အခမဲ့ခွဲစိတ်ပေးမှုအပြင် လမ်းစားရိတ်အခက်အခဲရှိနေသူများအတွက်လည်းကစစတာဝန်ယူကုသခွဲစိတ်ပေးမှာဖြစ်ပါတယ်

#မိမိတို့၏မျက်စိခွဲစိတ်ကုသရန်အတွက် စာရင်းပေးရန်နှင့် အသေးစိတ်စုံစမ်းနိုင်ရန် အောက်ပါဖုန်းနံပါတ်များသို့စာရင်းပေးစုံစမ်းနိုင်ပါပြီခင်ဗျာ။

#မျက်စိဝေဒနာရှင်အားလုံးအယုတ်အလတ်အမြတ်မရွေးခွဲစိတ်ကုသပေးမှာဖြစ်ပါတယ်။

#ပဲခူးမြို့နှင့်ပတ်ဝန်းကျင်တခွင်ရှိမျက်‌‌စိဝေဒနာရှင်များအားလုံး အမြင်အာရုံကြည်လင်ရှင်းလင်းပြတ်သားကြပါစေ🙏🙏🙏
စာရင်းပေးရန်အကောင့်နှင့်ဖုန်းနံပါတ်များ

၁။ Nay Lin Soe
☎️09898473005

၂။ Ko phone bago
☎️09428145798

၃။ ဦးမောင် ပဲခူး MG Bgo
☎️0943007877

🌿🌿🌿🌿🌿

18/07/2025

🛑4:00 p.m‼️
မန္တလေး စစ်ကိုင်း
ငလျင်ကြမ်းသွားပြန်ပြီ
4.8 M တောင်😱

16/07/2025

တရုတ်ဘီးဆိုင်ကယ်များအား ပြည်တွင်မှာSKD စနစ်ဖြင့် တရားဝင် ထုတ်လုပ်တပ်ဆင်ပြီး မြန်မာပြည်အနှံ့ ဖြန့်ဖြူးရာင်းချပေး

ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်သည့်ဆိုင်ကယ်များ
ဒါးယန် 110 -125အမျိုးအစားများ
ကမ်ဘို 110 -125
အက်ဒီဇင်110-125
ကာမက်110-125
လော့ဂျာ110-125
P&C 110-125
OWL CLICK 110-125
နယူးဇင်းနစ် 110-125
စူပါထိုင်း 110-125
ရှာရန် 110-125
နီဖန် 110-125
အထက်ပါ ဆိုင်ကယ်များအားပြည်တွင်းမှာ MIC၏ ထုတ်လုပ်ခွင့်ပြုမိန့်ဖြင့် ထုတ်လုပ်တပ်ဆင်နေပြီး နောက်ထပ်လည်းဆိုင်ကယ်စက်ရုံများ တည်ဆောက်ပြီး ပြည်တွင်းမှာဖြန့်ဖြူးရောင်းချရန် စီစဉ် ‌ေဆာင်ရွက်လျက်ရှိ။
ဆိုင်ကယ်များအား ,
ကုန်လမ်းပို့ဆာင်ရေးညွန်ကြားရးမှူးဦးစီးဌာန
(ရုံးချုပ်) ကနဦး ‌ေမာ်တာ်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်) တွင် ဆိုင်ကယ်များအား
ကနဦးမှတ်ပုံတင်ခွင့်ပြုပါရန် တင်ပြလျှောက်ထား၍
အမြို့မြို့အနယ်နယ်ရှိဆိုင်ကယ်
အ‌‌ေရာင်းဆိုင်များမှ ဆိုင်ကယ်များအား
မိမိတို့အ‌‌ေ ရာင်းဆိုင်များတည်ရှိရာ
တိုင်းဒေသကြီးအလိုက် ကညနရုံးများတွင်
လိုင်စင်‌ေ လျှာက်ထားရယူနိုင်မည်ဖြစ်ပါသည်။

အဆိုပါ ဆိုင်ကယ်များသည် နိုင်ငံတော်ကို တရားဝင်အခွန်ဆောင်ပြီး စက်မှုဝန်ကြီးဌာနနှင့်
ကုန်လမ်းပို့ဆောင်ရေးညွန်ကြားရေးမှူးဦးစီးဌာနတို့မှ
စစ်ဆေးပြီးသော ဆိုင်ကယ်များဖြစ်ပါသည်။

ဆိုင်ကယ်များအားတိုင်းဒေသကြီးအလိုက် ကနဦးမှတ်ပုံတင် ဆောင်ရွက်ရာတွင် အချိန်ကာလတစ်ခုကြာမြင့်သည့်အတွက် စက်ရုံများမှထုတ်ပေးထားသည့် အထောက်အထား အရောင်းဆိုင်ဘောင်ချာ များသာပါရှိပါသည်။
အဆိုပါ အထောက်အထားများဖြင့်
စီးနင်းနေသောဆိုင်ကယ်များသည် နိုင်ငံတော်မှ
အသိအမှတ်ပြုပြီး ဆိုင်ကယ်များဖြစ်ပါသဖြင့်
သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆိုင်ကယ်ဝယ်ယူသူများ သိရှိရန် တင်ပြရခြင်းဖြစ်ပါသည်။

16/07/2025

မော်လမြိုင်သံလွင်တံတား
၁၆.၇.၂၀၂၅ အချိန်ပြောင်းလဲခြင်း။
နံနက်၆နာရီ ဖွင့် ည၈နာရီ
တံတားပိတ်ပါသည်။

16/07/2025

ဇူလိုင်လ ၁၆ နံနက် ၃:၂၇ အချိန် မန္တလေးဘူတာကြီးအနီး M4.9 လှုပ်သွားပါတယ်၊ ဇူလိုင်လ ၂၂ အထိ M4+ ၃ ကြိမ်ခန့်ကျန်ပါတယ်။ M5+ သတိရှိ။ 🙏🏻

14/07/2025

လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို One Stop Service စနစ်ဖြင့် တိုင်းဒေသကြီး က.ည.န ရုံးတွင် တရားဝင်လိုင်စင် စတင်ပြုလုပ်ပေးရန် စီစဉ်နေပြီဖြစ်ကြောင်း ပြည်နယ် က.ည.န ဒုတိယညွှန်ကြားရေးမှူး ဒေါ်င်္သိဂီညိုပြော-
"One Stop Service ပေါ့။ ပထမဆုံး ရုံးဝင်;ထဲကို ဆိုင်ကယ်ဝင်လာမယ်။ ဝင်လာတာနဲ့ ခဲခြစ်မယ်။ ကွန်ပျုတာစိစစ်မယ်။ နှန်ကုန်ပြီဆို မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတောင်းခံမယ် က.ည.န ကလည်း အမှုတွဲတည်ဆောက်တဲ့အခါ မူရင်းမိတ္တူတောင်းသလို အကောက်ခွန်ဦးစီးကလည်း အမှုတွဲတည်ဆောက်မှာဖြစ်တဲ့အတွက် အဲနှစ်ရွက်ပေါ့ နှစ်စုံတောင်းမယ် တောင်းပြီးရင် နံပါတ်ပေးမယ်" ဟု ဒေါ်သိင်္ဂီညိုက ပြော-

ဆိူင်ကယ်လိုင်စင်လုပ်ဆောင်ရာမှာ က.ည.န မှ ၁၅၅၀၀ ကျပ်၊ အာမခံအတွက် ၂၃၀၀၀ ကျပ်၊ မြန်မာစီးပွားရေးဘဏ်စာရွက်ခ ၁၈၀၀ ကျပ်နှင့် အကောက်ခွန်ဦးစီးဌာနက ၂၀၁၄ မှ ၂၀၂၅ထိ စီမံချက်တွင်ဖော်ပြထားသော ယာဉ်တန်ဖိုးဇယားအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်ခရိုင်များတွင် ဩဂုတ် ၇ ရက်မှစတင်ပြီး စက်တင်ဘာ ၁၂ ရက် နောက်ဆုံးထား၍ စတင်ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
အဆိုပါ သတ်မှတ်အခွန်နှုန်းထားများတွင် တရုတ်နိုင်ငံထုတ် ၂၀၂၀ ပြည့်နှစ် ဆိုင်ကယ် ၁၂၆ စီစီမှ ၂၅၀ စီစီအတွင်း ၁,၆၂၀,၀၀၀၊ ထိုင်းနိုင်ငံထုတ်ဆိုပါက ၃,၇၂၀,၀၀၀၊ ဂျပန်နိုင်ငံထုတ်ဆိုပါက ၄,၈၄၀,၀၀၀ ကျပ် ဇယားကွက်များဖြင့် ဖော်ပြမယ်
စည်းကြပ်တန်ဖိုးများအတွက် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ခုနှစ်၊ အင်ဂျင်ပါဝါ စီစီအလိုက် ကောက်ခံသွားမည်ဖြစ်ပြီး လက်ရှိ ပုံမှန်တင်သွင်းမှုများတွင် ကောက်ခံသည့်အတိုင်း အကောက်ခွန် ငါးရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။
ယင်းသို့ ဆိုင်ကယ်လိုင်စင်လာရောက်ပြုလုပ်ရာတွင် မှတ်ပုံတင် မူရင်း/မိတ္တူနှင့် အိမ်ထောင်စုစာရင်းလိုအပ်ပြီး အိမ်ထောင်စုစာရင်း၏ မပြောင်းရသေးသည့်လူတွေအတွက် ရပ်ကွက်ထောက်ခံစာယူခဲ့ရန် လိုအပ်မည်ဖြစ်-

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဧရိယာနယ်နိမိတ်မှအပ ကျန်တိုင်းနှင့်ပြည်နယ်များတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို လာမည့် စက်တင်ဘာ ၁၂ရက်အထိ တရားဝင်လိုင်စင် ချထားဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မှတ်ပုံတင်လိုင်စင်သက်တမ်းအား နှစ်နှစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပြောရင်း အစည်းဝေး ပိတ်

ဒီသတင်းအမှန်ဖြစ်ပါစေ🙏

14/07/2025

ပဲခူးတွင် လူငယ် ၁ ဦးကို PSMS စနစ်ဖြင့် စစ်ကောင်စီ ဖမ်းဆီး

ပဲခူးတိုင်း၊ ပဲခူးမြို့၊ အလင်းရောင်ရပ်ကွက်က လူငယ်တယောက်ကို စစ်ကောင်စီက ရန်ကုန်တိုင်း ထောက်ကြန့်အဝင် စစ်ဆေးရေးဂိတ်မှာ PSMS (လူပုဂ္ဂိုလ် စိစစ်စောင့်ကြည့်ရေးစနစ်) သုံးပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်အဲဒီလူငယ်ဟာ မှတ်ပုံတင်စစ်ဆေးရာကနေ ၂၀၂၁ က အကြမ်းဖက်ဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူဖြစ်တာကြောင့် ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတယောက်က‌ ပြောပါတယ်။

“လောလောဆယ်တော့ ၅၀၅ နဲ့ ရုံးတင်ထားဆဲပါ။ ထူးဆန်းတာ သူက နယ်လှည့်ပြီး ထီကြီးရောင်းနေတာ ၄ နှစ်ကျော်ပြီ။ အခုကျမှ မှတ်ပုံတင်ကို ကွန်ပြူတာထဲထည့်စစ်ပြီး ဖမ်းခံရတာ။ ဖမ်းခံရတာ ၃ ရက်နေ့ နေ့လယ်ပိုင်းတည်းက။ သူ ၅၀၅ ထုတ်ခံထားရတာလည်း သူမသိဘူး။”

ဖမ်းဆီးထားတဲ့လူငယ်ကို ပဲခူးမြို့မရဲစခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အဲဒီလူငယ်က ၂၀၂၁ ခုနှစ်က ခြေထောက်မှာ ကျည်မှန်ဒဏ်ရာရရှိဖူးလို့ ပဲခူးဆေးရုံမှာ ဆေးကုသမှုခံယူရင်း စစ်တပ်က လာရောက်မေးမြန်းဖူးတယ်လို့ ဆက်ပြောပါတယ်။

“ဒီကောင်လေးက ကြောက်တတ်တယ်။ နိုင်ငံရေးတွေ ဘာတွေ နားလည်တာမဟုတ်ဘူး။ ၂၀၂၁ က ထမင်းချိုင့်သွားပို့ရင်း လမ်းမှာ ကျည်မှန်ဖူးတယ်။ ဆေးရုံရောက်တော့ ဆေးရုံက စစ်တပ်ကို ဆက်သွယ်လို့ တပ်က ကောင်လေးကို သေချာမေးပြီး ပြန်လွှတ်ထားတာ။ အခုမှ အဲဒီအမှုတွေပါ ငြိတာလားဆိုတာ သေချာပြန်လိုက်ရတော့မယ်။”

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီက ထောက်ကြန့်စစ်ဆေးရေးဂိတ်မှာ လူငယ်လူရွယ်နဲ့ မသင်္ကာသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာပါ။

ဒ့ါအပြင် စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုမှာလည်း စစ်ကောင်စီက မတ်လကနေ မေလအထိ မြန်မာနိုင်ငံအနှံ့အပြားမှာ PSMS စနစ်နဲ့ လူပေါင်း ၁,၆၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးသားထားပါတယ်။

14/07/2025

ညဘက်တွေ ပဲခူးမြို့ရှောင်လမ်းဘက်သွားလာတာ သတိထားပါ
ကားကြီးတွေညဘက်ပေးမဖြတ်ပဲ အရှေ့ဘက်မြိုရှောင်လမ်းကသာ ပေးဖြတ်‌ပါတယ်

ညစဉ်ညတိုင်း ပြင်စည်ထိပ်မှာ ယာဉ်ထိန်းရဲ၊ပသစတွေရှိကြပြီး ကျိုက်ပွန်ရှေ့နဲ့ဆည်မြောင်းထိပ်မှာတော့ ကား၊ဆိုင်ကယ် စစ်ဆေးလျက်ရှိပါတယ်။

ညဘက်အခန့်မသင့်ရင် ဆိုင်ကယ်လိုင်စင်ပါ စစ်တတ်ပါတယ်။

#‌BagoUpdateNews

Address


Alerts

Be the first to know and let us send you an email when Bago Update News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share