Crown TV

Crown TV Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Crown TV, Magazine, .

31/08/2023
16/07/2023

KANEBO အလှကုန်ကစီစဉ်တဲ့ ကုန်သည်ကြီးများနဲ့အတူ Pattaya Bangkok Thailand trip အမှတ်တရခရီးစဉ်မြင်ကွင်းလေးပါ


15/07/2023

T.Cho Skincare အ​ကြောင်း​လေး မျှ​ဝေချင်လို့ပါရှင်

15th July 2023 9:30pmယနေ့ည၉:၃၀မှာ Skincare အကြောင်းလေးCrown TV page မှာမျှဝေချင်လို့ပါရှင်  ပွဲမှာပြောခဲ့သမျှနဲ...
15/07/2023

15th July 2023 9:30pm
ယနေ့ည၉:၃၀မှာ Skincare အကြောင်းလေး
Crown TV page မှာ
မျှဝေချင်လို့ပါရှင်
ပွဲမှာပြောခဲ့သမျှနဲ့ကျန်တဲ့အကြောင်းလေးတွေ
မျှဝေချင်လို့ပါရှင်
လက်ဆောင်လေးလည်းပေးချင်လို့ပါနော်🍊🍊🍊


’scollection

Pattaya Bangkok Thailand trip မှာမြန်မာပြည်တိုင်းပြည်နယ်အသီးသီးမှကုန်သည်ကြီးများနှင့်အတူCrown TV ကို Media အဖြစ်လိုက်လံသ...
13/07/2023

Pattaya Bangkok Thailand trip မှာ
မြန်မာပြည်တိုင်းပြည်နယ်အသီးသီးမှ
ကုန်သည်ကြီးများနှင့်အတူ
Crown TV ကို Media အဖြစ်လိုက်လံသတင်းယူဖို့
ဖိတ်ကြားပေးတဲ့ KANEBO အလှကုန်အား
ကျေးဇူးအထူးပင်တင်ရှိပါသည်
Day3In Pattaya
KANEBO
EMPOWER Your Life
-your-life
-Seiko

Pattaya Bangkok Thailand trip မှာမြန်မာပြည်တိုင်းပြည်နယ်အသီးသီးမှကုန်သည်ကြီးများနှင့်အတူCrown TV ကို Media အဖြစ်လိုက်လံသ...
11/07/2023

Pattaya Bangkok Thailand trip မှာ
မြန်မာပြည်တိုင်းပြည်နယ်အသီးသီးမှ
ကုန်သည်ကြီးများနှင့်အတူ
Crown TV ကို Media အဖြစ်လိုက်လံသတင်းယူဖို့
ဖိတ်ကြားပေးတဲ့ KANEBO အလှကုန်အား
ကျေးဇူးအထူးပင်တင်ရှိပါသည်
Day2 In Pattaya
KANEBO
EMPOWER Your Life
-your-life
-Seiko

Pattaya Bangkok Thailand trip မှာမြန်မာပြည်တိုင်းပြည်နယ်အသီးသီးမှကုန်သည်ကြီးများနှင့်အတူCrown TV ကို Media အဖြစ်လိုက်လံသ...
10/07/2023

Pattaya Bangkok Thailand trip မှာ
မြန်မာပြည်တိုင်းပြည်နယ်အသီးသီးမှ
ကုန်သည်ကြီးများနှင့်အတူ
Crown TV ကို Media အဖြစ်လိုက်လံသတင်းယူဖို့
ဖိတ်ကြားပေးတဲ့ KANEBO အလှကုန်အား
ကျေးဇူးအထူးပင်တင်ရှိပါသည်
Day1 In Pattaya
KANEBO
EMPOWER Your Life
-your-life
-Seiko

03/07/2023

ကိုယ်လက်လှုပ်ရှားကစားရတဲ့အားကစားသမားတစ်ယောက်မို့ထိခိုက်ဒဏ်ရာမဖြစ်အောင်ဂရုစိုက်ရတယ်ဆိုတဲ့သက်ထားသူဇာ




Camera-Ye Cho Ohn Photography
Editing-Min Ko
Interviewer-Nan Eing Kham

29/06/2023

အောင်မြင်ပါစေ Teacher Ei Mon Kgine💝🎊🎉🎁🌠💐👏👏👏💐

21/06/2023

ရှေးဟောင်းသုတေသနပညာရှင် Dr-Terence Tan ရေးသားပြုစုထားတဲ့ တနုသီရီယဉ်ကျေးမှုနှင့် Ancient Beads and Jewellery of Myanmar စာအုပ်မိတ်ဆက်ပွဲအခမ်းအနားမြင်ကွင်း
Camera-Zaw Min Tun
Editing-AKM

#တနုသီရီယဉ်ကျေးမှုနှင့်AncientBeadsandJewelleryofMyanmar

18/06/2023

မြန့်မာရှေးဟောင်းလက်ဝတ်ရတနာအမွေအနှစ်တွေကိုနောင်လာနောက်သားတွေလေ့လာဂုဏ်ယူနိုင်ဖို့အတွက်စာအုပ်ကိုပြုစုထုတ်ဝေဖြစ်တဲ့ရှေးဟောင်းသုတေသနပညာရှင် Dr-Terence Tan
တွေ့ဆုံ-ခင်ချိုချိုဦး
Camera-Thein Soe Lin
Editing-AKM

မကြီးစန်းလို့ အများကခေါ်ကြတဲ့ မိတ်ကပ်ခင်စန်းဝင်း အဓိကသရုပ်ဆောင်ထားသော ‘စိန်တစ်ပြည်သိင်္ဂီ’  ဇာတ်လမ်းတွဲကို FORTUNE TV မှ...
13/06/2023

မကြီးစန်းလို့ အများကခေါ်ကြတဲ့ မိတ်ကပ်ခင်စန်းဝင်း အဓိကသရုပ်ဆောင်ထားသော ‘စိန်တစ်ပြည်သိင်္ဂီ’ ဇာတ်လမ်းတွဲကို FORTUNE TV မှာ လာမယ့်၃၀.၆.၂၀၂၃ ရက်နေ့မှစ၍ အပတ်စဉ်တနင်္နလာမသောကြာနေ့အထိ ညစဉ်၈နာရီပြသတော့မည့်ဖြစ်ကြောင်း ဇွန်လ၁၃.၆.၂၀၂၃ Zelax hotel မှာ မီဒီယာများအားဖိတ်ကြားပြီးမိတ်ဆက်အခမ်းအနားကျင်းပခဲ့ပါသည် စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ သတင်းကောင်းလေးတင်ပြလိုက်ရပါသည်

09/06/2023

ကိုကို မောင်မောင်တို့ရဲ့အသည်းစွဲလေးဖြစ်အောင် ကျစ်လျစ်သွယ်လျ လှပစေမယ့် ‘ဝင့်ဝါ’အဆီကျ နှပ်ကော်ဖီ ကြော်ငြာလေး မင်မင်က စီစဉ်ရိုက်ကူးတင်ဆက်ထားတာလေး ကြည့်ရှုဝေဖန်အကြံပေးကြပါဦးရှင်

Organized By CROWN TV
Actress:Yadanar Bo
Story&Script:Khin Cho Cho Oo
Camera:YE CHO OHN
Photography
Edit: Min Ko Ko
Sound&Audio:Ye Min Paing
Location:Emerald Bay
အဆီပိုကင်း​ဝေး
သွယ်လျလှပ​စေဖို့
'ဝင့်ဝါ'အဆီကျ
​ကော်ဖီ ​သောက်ကြပါစို့☕☕
One Stop Service contact ph:09971876911(Ma Cho@Nan Hom Kham)

#ဝင့်ဝါအဆီကျနှပ်ကော်ဖီ

07/06/2023

အမျိုးသမီးတိုင်းဘေးဥပဒ်ကင်းစေမယ့်လှပနည်းကိုမျှဝေပေးတဲ့ရတနာဗိုလ်နဲ့မျိုးမျိုးခိုင်
တွေ့ဆုံ-ခင်ချိုချိုဦး
Camera-YE CHO OHN Photography
Edit-AKM



06/06/2023

Crown TV မှစီစဉ်ပေးဖြစ်တဲ့
ဝင့်ဝါ အဆီကျနှပ်ကော်ဖီ
ကြော်ငြာလေးပါ...💖
Organized By CROWN TV
Actress:Yadanar Bo &
Myo Myo Khine Story&Script:Khin Cho Cho
Oo
Camera:YE CHO OHN
Photography
Edit: Min Ko Ko
Sound&Audio:Ye Min Paing
Location:Emerald Bay
အဆီပိုကင်း​ဝေး
သွယ်လျလှပ​စေဖို့
'ဝင့်ဝါ'အဆီကျ
​ကော်ဖီ ​သောက်ကြပါစို့☕☕
One Stop Service contact ph:09971876911(Ma Cho@Nan Hom Kham)


#ဝင့်ဝါအဆီကျနှပ်ကော်ဖီ

16/05/2023

'အံ့ထူးထက်'ဇာတ်ဆောင်ဖြစ်တဲ့ကျော်ထက်အောင်ရဲ့လက်တွေ့ဘဝမှာအိမ်ထောင်ဘက်ကိုဘယ်လိုလူမျိုးဖြစ်စေချင်မလဲ...
တွေ့ဆုံ-ခင်ချိုချိုဦး
Camera-Edit-Sai Aik Kham


မေလ​ရောက်တိုင်း​မေလမှာတည်ရှိ​သောအ​မေများ​နေ့အ​မေများရဲ့တုနှိုင်းမဲ့ချစ်ခြင်း​မေတ္တာကို​ဖော်ကျူးတဲ့ပုံရိပ်​တွေ အင်တာဗျူး​...
01/05/2023

မေလ​ရောက်တိုင်း
​မေလမှာတည်ရှိ​သော
အ​မေများ​နေ့
အ​မေများရဲ့တုနှိုင်းမဲ့
ချစ်ခြင်း​မေတ္တာကို​ဖော်ကျူးတဲ့
ပုံရိပ်​တွေ အင်တာဗျူး​တွေများစွာ
ရိုက်ကူးပုံ​ဖော်တင်ဆက်ခဲ့ဖူးပါတယ်
ဆပ်လို့မကုန်နိုင်တဲ့ ပုံ​ဖော်လို့မရနိုင်တဲ့ တိမ်နက်တဲ့အချစ်​တွေကို
ပုံ​ဖော်တင်ဆက်​နေချင်တုန်းပါပဲရှင်
ကျွန်မမိတ်​​ဆွေများ​ရော မိခင်ရဲ့ချစ်ခြင်း​မေတ္တာ​တွေကို ဘယ်လိုခံစားနားလည်ပါလဲ သိချင်​နေမိပါသည်
​မေ​မေများနှင့်ပတ်သက်တာ​လေး​တွေ
တင်ဆက်ရင်အား​ပေးကြမှာလားရှင်

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ဦးစီးသော 3H Art Academy နှင့်Myanmar Universe Academy Pageant Production တို့ပူးပေါ...
29/04/2023

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ဦးစီးသော 3H Art Academy နှင့်Myanmar Universe Academy Pageant Production တို့ပူးပေါင်းသော Flim Star Award စာနယ်ဇင်းမိတ်ဆက်ပွဲကို ဧပြီလ၂၉ရက် ORCHID HOTEL မှာကျင်းပခဲ့ပါသည် မေလ၈ရက်နေ့မှစတင်၍ဖောင်များဖြန့်ဝေမှာဖြစ်ပြီး၂၀ရက်နေ့ဖောင်ပိတ်ကာ မင်းသား မင်းသမီး ကလေးသရုပ်ဆောင်သာမက လူကြီးသရုပ်ဆောင်များကိုပါရွေးချယ်ကာ Mini series များ ဇာတ်ကားများရိုက်ကူးသွားမည့်အကြောင်းအသိပေးပြောကြားခဲ့ပါသည် Film မှာ Starဖြစ်ချင်သူများအားပံ့ပိုးမည်ဖြစ်ကြောင်းသတင်းကောင်းလေးပါးလိုက်ပါသည်

ကျွန်တော်တို့ ကံသာ Production အနေဖြင့် ပထမဆုံး ရိုက်ကူးပုံဖော်မည့် "ခေါင်ရန်းပန်းတို့ပွင့်နေပြီ" ရုပ်သံဇာတ်လမ်းတွဲတွင် ပ...
20/04/2023

ကျွန်တော်တို့ ကံသာ Production အနေဖြင့် ပထမဆုံး ရိုက်ကူးပုံဖော်မည့် "ခေါင်ရန်းပန်းတို့ပွင့်နေပြီ" ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်ရန်အတွက် Audition လာရောက် ဖြေဆိုထားကြတဲ့ ညီငယ် ညီမငယ် များ အားလုံးကို ကျေးဇူးတင် ကြောင်းလေးပြောပါရစေ။

ပြီးတော့ အကဲဖြတ်ဒိုင်တွေ ဘယ်သူ့ကိုရွေးရမလဲ ချက်ချင်း မဆုံးဖြတ်နိုင်လောက်အောင် သရုပ်ဆောင် ပညာ ကို တကယ်ဝါသနာပါပြီး တကယ်တော်တဲ့ ညီငယ် ညီမငယ်တွေလဲ အများကြီး တွေ့လိုက်ရတဲ့ အတွက်အရမ်းကိုကျေနပ်အားရမိပါတယ်။

အဲ့အတွက်ကြောင့်လည်း လာရောက်ပါဝင်ကြသော ညီ ညီမလေးများအားလုံးအတွက်ပါဝင်နိုင်အောင် ဖန်တီးပုံဖော်ပေးချင်သောစိတ်ဆန္ဒတွေလည်း တကယ်ကိုရင်ထဲမှာဖြစ်မိပါတယ်။
ဒါပေမယ့် လာရောက်ယှဉ်ပြိုင် သူတွေထဲက ဇာတ်ကောင်နေရာ ၅ ခု အတွက် ၅ ယောက်ကိုပဲရွေးရမှာဖြစ်နေတဲ့အတွက်ကြောင့် အကဲဖြတ်ဒိုင်တွေ အားလုံး သေသေချာချာစဉ်းစား ခေါင်းချင်းဆိုင်ပြီး ရွေးချယ် လိုက် ကြရပါတယ်။

ကျွန်တော်တို့ ရွေးချယ် ဖြစ်လိုက် တဲ့ လူ စာရင်း ကတော့-

သောမတ်စ် အဖြစ်- Name: Ye Yint Mg Mg
Code: TM-28

ကိုဖိုးအေး အဖြစ်- Name: နေသစ်ခန့်
Code: PA- 04

နန်းဝါ အဖြစ်- Name: မှုုံ့နံ့သာ
Code: NW-10

သက်ထက်စံအဖြစ်- Name: A Linn Kyal Sin
Code: SS-05

ရည်မွန် အဖြစ်- Name: Yamin Kyaw
Code: YM-14

တိုဖြစ်ကြပါတယ်။

ရွေးချယ်ခံရသူတွေ အတွက် Congratulations ပါ။
ညီလေး ညီမလေးတို့ခင်ဗျာ
💯👣💫🎉🍾🫂
အခုလိုသတ်မှတ်ထားသော ဇာတ်ရုပ်များအတွက် ရွေးချယ်မခံရတဲ့ သူတွေကလဲ အားမလျော့ပါနဲ့နော်. ကံသာ Production က ညီငယ် ညီမငယ် တို့ရဲ့ အချက်အလက်တေွကို သိမ်းထားပြီးတော့ ကိုက်ညီတဲ့ နေရာများမှာ ပါဝင်ဖို့အတွက် ပြန်လည်ဆက်သွယ်မှာဖြစ်ပါတယ်နော်၊.
အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ။


#ခေါင်ရန်းပန်းတို့ပွင့်နေပြီ

ဒီlogoလေးကိုမှတ်မိတဲ့သူရှိလားရှင်💕
19/04/2023

ဒီlogoလေးကိုမှတ်မိတဲ့သူရှိလားရှင်💕

မနေ့က ရှမ်းပြည်ကအပြန်အိမ်တန်းမပြန်နိုင်ပဲ လူရွေးပွဲအတွက် ကံသာ Production ရဲ့“ခေါင်ရန်းပန်းတို့ပွင့်နေပီ” ဇာတ်လမ်းတွဲအတွက...
10/04/2023

မနေ့က ရှမ်းပြည်ကအပြန်အိမ်တန်းမပြန်နိုင်ပဲ လူရွေးပွဲအတွက် ကံသာ Production ရဲ့
“ခေါင်ရန်းပန်းတို့ပွင့်နေပီ” ဇာတ်လမ်းတွဲအတွက်
Audition အပြေးအလွှားလေး ဆောင်ရွက်ဖြစ်ခဲ့ပါတယ် အနုပညာရှင်အသစ်တွေအတွက်ဝမ်းသာမိပါတယ်

#ကံသာ
#ခေါင်ရန်းပန်းတို့ပွင့်နေပြီ

10/04/2023

စိန်စမ္ပယ်ဖူးစိန်တိုက်မှာဧပြီတစ်လလုံးအထူးပရိုမိုးရှင်းပေးထားတယ်လို့ဆိုတဲ့ ကိုအောင်လွင်အေး နဲ့
စိန်ဆိုရင်စိန်စမ္ပယ်ဖူးကိုညွှန်းဆိုပေးတဲ့မေဂရေ့စ်ပယ်ရီတို့နဲ့တွေ့ဆုံခြင်း
Camera-Zaw Min Tun
Edit-AKM
#စိန်စမ္ပယ်ဖူးစိန်တိုက်

အကြည်ဓာတ် (Positive Energy)အကြည်ဓါတ် ရှိတဲ့သူတွေကလေ သူတို့ ဘာလုပ်လုပ် တင့်တယ်ပြီးကို ချစ်စရာကောင်းနေတော့တာပါ။ ရုပ်ချောတာ...
29/03/2023

အကြည်ဓာတ် (Positive Energy)

အကြည်ဓါတ် ရှိတဲ့သူတွေကလေ သူတို့ ဘာလုပ်လုပ် တင့်တယ်ပြီးကို ချစ်စရာကောင်းနေတော့တာပါ။ ရုပ်ချောတာ၊ မချောတာ၊ ငွေကြေး ချမ်းသာတာ၊ ဆင်းရဲတာနဲ့ မဆိုင်ဘူးနော်။

အကြည်ဓာတ်ဆိုတာလေ သူနဲ့ကိုယ်နဲ့ သိသိ မသိသိ မျက်နှာလေးမြင်လိုက်ရရင်ကို အေးချမ်းပြီး စိတ်ချမ်းသာနေရတာမျိုး၊ သူ့ရဲ့ စကားပြောပုံ၊ အပြုအမူတွေအကုန်လုံးက အပြစ်မြင်စရာမရှိဘဲ ကြည့်ကောင်းနေတာ။

သူဘာပဲပြောပြော နှစ်သက်စရာကောင်းတယ်၊ သူဘာပဲလုပ်လုပ် ချစ်စရာကောင်းနေတယ်ဆိုတာမျိုးပေါ့။ ဒါဟာ အကြည်ဓာတ်ရှိတဲ့ လူတစ်ယောက်ဆီက ကိုယ့်ကို ကူးစက်စေလာတဲ့ Positive energy တွေပါ

✨ အကြည်ဓာတ်ရှိတဲ့သူနဲ့ မရှိတဲ့လူဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ သိပ်ကိုသိသာပါတယ်။ လူတစ်ယောက်ကို ကျွန်မတို့ မြင်တောင်မမြင်ချင်ဘူးလို့ တွေးမိတဲ့အခိုက်အတန့်တွေပေါ့။ မျက်နှာကြီးက သုန်မှုန်ပြီး ဆူပုပ်လို့၊ ပြောသမျှစကားတိုင်းကလည်း သူများတကာကို အပြစ်တင်တဲ့စကားတွေ၊ ​ဝေဖန်ရှုံ့ချတဲ့စကားတွေနဲ့ တစ်ချိန်လုံး သူတို့ပြဿာနာတွေကို ညည်းညူပြနေတဲ့ သူတွေကို မြင်ဖူးမှာပေါ့။ သူတို့နဲ့ တွေ့ဆုံစကားပြောရတဲ့အခါ ကိုယ်ပါသူတို့ရဲ့ ဘဝကိုပြစ်တင်ညည်းညူမှုတွေကြားမှာ စိတ်ပင်ပန်းလာရတယ်၊ စိတ်ကြည်လင်မှုမရှိတော့ဘူး။ ကိုယ့်ရဲ့ energyတွေဆုတ်ယုတ်လာသလိုခံစားလာရတယ်လေ။ ဒါဟာ negative energy တွေကူးစက်ခံလိုက်ရခြင်းဖြစ်ပါတယ်။

အကြည်ဓာတ် (Positive energy) ဆိုတာ လူတိုင်းမှာမရှိဘူး။ လူတစ်ချို့မှာက နဂိုတည်းကကို အကြည်ဓာတ်ခံလေးနဲ့ ပါလာကြပြီးသားပေါ့။ ကိုယ့်မှာတော့အကြည်ဓာတ်မရှိလို့ဆိုပြီး စိတ်ပျက်နေစရာလည်းမလိုပါဘူး။ အကြည်ဓာတ်ရအောင် ကျွန်မတို့လေ့ကျင့်ကြိုးစားကြည့်လို့ရနိုင်ပါတယ်။ ဒါဆို ဒီနေ့ကစပြီး ကျွန်မတို့နဲ့အတူတူ လေ့ကျင့်ကြည့်ရအောင်

၁ မိမိကိုယ်မိမိ Postive Self-Talk တွေများများပြောပါ။

ပထမဦးဆုံး Affirmationလို့ခေါ်တဲ့ အခိုင်အမာပြောဆိုချက်တွေနဲ့စတင်ပါ။ မိမိကိုယ်မိမိ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်တဲ့စကားတွေ၊ ဂုဏ်ပြုချီးကျူးတဲ့စကားတွေ ပြောပါ။ ဒီလိုပြောခြင်းက မိမိကိုယ်မိမိ အကောင်းမြင်စိတ်ဖြစ်စေသလို ယုံကြည်မှုကိုလည်းရှိစေပါတယ်။

၂ အတွေးတွေကို သတိထားပါ။

ပါးစပ်ကတော့ ကောင်းတဲ့စကားတွေကိုပြောနေပြီး
အတွေးတွေကတော့ မကောင်းတာတွေ တွေးနေမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ မကောင်းတဲ့အတွေးတွေကို သတိပြုပါ။ မကောင်းတာတွေတွေးမိတော့မယ်ကြံတိုင်း ကောင်းတဲ့အရာလေးတွေကို ပြန်ပြောင်းတွေးပါ။ မကောင်းတာ တစ်ခုတွေးမိတိုင်း ကောင်းတဲ့အတွေး ၂ခုပိုတွေးပေးလိုက်ပါ။

၃ အတင်းပြောခြင်းကိုရှောင်ပါ။

သူများအကြောင်းကို အမြဲပြောနေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်က မပြည့်ဝတဲ့ သူတွေပါ။ သူများအကြောင်း၊ သူများအတင်းကိုအမြဲပြောနေရင် ကိုယ့်ရဲ့စိတ်စွမ်းအင်ဟာ ယုတ်လျော့လာမယ်၊ ခံတွင်းအနံ့နံမယ်၊ မျက်နှာမှာလည်း အပူသည်တစ်ယောက်လို ပူလောင်နေရပါလိမ့်မယ်။ ဒါကြောင့် သူများအတင်းပြောတတ်တဲ့အကျင့်လေးကို ပြင်ဆင်နိုင်အောင်ကြိုးစားပါ။

၄ မညည်းညူပါနဲ့။

အမြဲတစေ ဘဝကို ညည်းညူနေမယ်၊ ကိုယ့်ရဲ့ ပြဿနာတွေ၊ အဆင်မပြေမှုတွေကို ထိုင်ညည်းညူနေမယ်ဆိုရင် ဘယ်လိုမှ အကြည်ဓာတ်ကရှိလာမှာမဟုတ်ပါဘူး။ ပြဿနာတွေကို ညည်းညူပြနေမယ့်အစား ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ solutionကိုရှာပါ။

၅ Toxic ဆန်တဲ့ဆက်ဆံရေးတွေနဲ့ အဆက်သွယ်ဖြတ်ပါ။

Jim Rohn​ ရဲ့ The Law of Average ဆိုတဲ့ သီအိုရီလေးတစ်ရှိပါတယ်။ "You are the average of the five people you spend the most time with" တဲ့။ ဆိုလိုတာက ကိုယ်နဲ့အနီးဆုံးပတ်ဝန်းကျင်မှာရှိတဲ့ လူငါးယောက်ရဲ့ ပျမ်းမျှအရည်အချင်းဟာ ကိုယ့်ရဲ့ အရည်အချင်းပါပဲ။ ကိုယ်ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေဟာဘယ်လိုလူတွေလဲ။ အကောင်းမြင်စိတ်ရှိတဲ့သူလား၊ အဆိုးမြင်တတ်၊ မနာလိုတတ်၊ အပြစ်တင်​ဝေဖန်ပြောဆိုတတ်တဲ့ လူတွေလား။
အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ပေါင်းရင် ကိုယ်လည်း အကောင်းမြင်တတ်လာမှာပါ။ ဒီလိုပဲ အရာရာကို အဆိုးမြင်နေတဲ့သူတွေနဲ့ပေါင်းရင် ကိုယ့်ဆီကိုလည်း negative energy တွေကူးစက်လာစေမှာပါပဲ။

၆ Gratitude နဲ့ နေထိုင်ပါ။

ကျေးဇူးတင်စိတ်ဆိုတဲ့အရာလေးဟာ သိပ်ကို သိမ်မွေ့ပြီး လေးနက်စေပါတယ်။ ကျွန်မတို့ရဲ့ဘဝကို ပိုပြီးကျေနပ်စေတယ်၊ ရောင့်ရဲတင်းတိမ်စေတယ်၊ အတွေးတွေအမြင်တွေကို ပြောင်းလဲစေပါတယ်။ နေ့တိုင်းနေ့တိုင်းကို ကျေးဇူးတင်စိတ်လေးနဲ့နေထိုင်သွားပါ။ ကိုယ်ဒီနေ့ ဘာအတွက်ကျေးဇူးတင်သလဲ။ တစ်နေ့တာရှင်သန်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်၊ မိုးမရွာလို့ ကျေးဇူးတင်တယ်၊ အဆင်မပြေတာလေး ပြေသွားလို့ ကျေးဇူးတင်တယ်၊ စားစရာလုံလောက်တဲ့အတွက် ကျေးဇူးတင်တယ် စသဖြင့်ပေါ့ ဘယ်လိုအနေအထားမှာမဆို ကောင်းတဲ့ဘက်ကိုမြင်အောင်တွေးပြီး ကျေးဇူးတင်ကြည့်ပါ။

၇ နာကျင်စေခဲ့သမျှကို လွှတ်ချခဲ့ပါ။

လူတစ်ယောက်ဟာ Positive energy ရဖို့ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုရှိပါတယ်။ ခွင့်လွှတ်တတ်ဖို့နဲ့ လွှတ်ချခဲ့ဖို့ပါ။ မုန်းတီးစိတ်နာနေတဲ့လူတွေ၊ နာကျင်ခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေကို အပြီးတိုင် ငြိမ်းအေးခွင့်လွှတ်လိုက်ပါ။ လွှတ်ချခဲ့ရမယ့်အရာတွေကို လွှတ်ချခဲ့လိုက်ပါတော့။ အမုန်းတွေ၊ အာဃာတတွေ၊ နာကျင်မှုတွေ၊ ဒေါသတွေဆိုတာ သိမ်းထားသ၍ ပူလောင်နေရမှာပါ။ ဒါကြောင့် ဒီနေ့ကစပြီး လွှတ်ချခဲ့လိုက်ပါတော့။

၈ များများ ပြုံးရယ်ပါ။

ပြုံးရယ်တယ်ဆိုတာ အကောင်းဆုံးဆေးတစ်ခွက်ပါ။ ပြုံးရယ်ပြတာက ပိုက်ဆံလည်းမကုန်သလို၊ ပင်ပန်းတဲ့အရာတစ်ခုလည်းမဟုတ်ပါဘူး။ ပြုံးရယ်ပါ။ မှန်ထဲကြည့်ပြီး မိမိကိုယ်မိမိလည်း ပြုံးပြပါ။ တခြားသူတွေကိုလည်း ပြုံးပြပါ။ ပြုံးရယ်ပြခြင်းက
ပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေကို အမြန်ဆုံးကူးစက်စေနိုင်တဲ့ အရာပါပဲ။

၉ ကြင်နာတတ်ပါစေ။

လူသိရှင်ကြား အလှူအတန်းတွေ ပရဟိတတွေလုပ်ပြနေမှ မဟုတ်ပါဘူး။ သနားကြင်နာတတ်မှုဟာ လူသိရှင်ကြားဖြစ်စရာမလိုပါဘူး။ ခွေးလေးတစ်ကောင် မြောင်းထဲပြုတ်ကျနေလို့ ကူထုတ်ပေးတာ၊ လမ်းသွားရင် အဘိုးတွေအဘွားတွေကို ကူညီတာ၊ စျေးဝယ်ပြီးတိုင်း ကျေးဇူးတင်စကားပြောတာ၊ မိုးတွေသိပ်ရွာတဲ့နေ့မှာ စံပယ်ပန်းလေးမြန်မြန်ကုန်သွားအောင် အားပေးလိုက်တာ ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေမှာကအစ မေတ္တာစိတ်၊ ကြင်နာစိတ်ထားရှိပါ။

၁၀ မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။

မိမိကိုယ်ကိုယ် ချစ်ခင်တတ်၊ လေးစားတတ်၊ ဂရုစိုက်တတ်တဲ့လူတစ်ယောက်ဟာ ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းလှပနေတာပါပဲ။ အသားအရေနဲ့ကျန်းမာရေးကို ဂရုစိုက်တာ၊ စိတ်ခံစားချက်တွေကို အချိန်ပေးပြီး ဂရုစိုက်ခြင်းဟာ positive energy တွေရရှိစေတဲ့ ရင်းမြစ်တစ်ခုဆိုလည်းမမှားပါဘူး။ Skin care လုပ်တာ၊ self-care လုပ်တာ၊ mental break ယူတာ၊ ရေများများသောက်တာ၊ ကောင်းကောင်းမွန်မွန်စားပြီး ကောင်းကောင်းမွန်မွန်အိပ်တာမျိုးတွေကို အချိန်တစ်ခုသီးသန့်ပေးပြီး လုပ်ဖို့ အမြဲသတိရပါ။

၁၁ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။

ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျွန်မတို့ကို ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာစေပါတယ်။ ပုံမှန်အားဖြင့် ချွေးထွက်အောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်ရင် စိတ်ဖိစီးမှုတွေဟာ ပျောက်သွားတတ်ပါတယ်။ ချွေးထွက်တော့ အသားအရေလေးလည်းကြည်တယ်၊ စိတ်လေးလည်းကြည်လင်စေတာပေါ့။

အခုပြောသွားတဲ့ နည်းလမ်းလေးတွေကို ကြိုးစားကြည့်ဖို့ ဒီနေ့ကစပြီး မိမိကိုယ်မိမိ challenge လုပ်ကြည့်ပါ။ ဒီနည်းလေးတွေအတိုင်း စိတ်ရှည်ရှည်နဲ့ ကြိုးစားကြည့်ရင် သင်လည်း အကြည်ဓာတ်ကလေးနဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

အကြည်ဓာတ်ရှိတယ်ဆိုတာ ရုပ်လှတာ၊ ရုပ်ဆိုးတာနဲ့မဆိုင်ဘူးနော်။ ရုပ်ဘယ်လောက်ချောချော အကြည်ဓာတ်ဆိုတာ ရှိချင်မှရှိတာ။ အဓိကက အကြည်ဓာတ်ဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်နှလုံးသားကနေ ရောင်ပြန်ဟပ်လာတဲ့ ဓာတ်တစ်မျိုးဆိုတာကို ယုံကြည်ထားဖို့ပါပဲ🍀



Crd: Susan Hodge'sFB
Crd: Lin Kumaria မှ ကူးယူဖေါ်ပြပါသည်။

May I have your Attention ‼️"ခေါင်ရန်းပန်းတို့ပွင့်နေပြီ"🌺🌺🌺 ဇာတ်လမ်းတွဲအတွက် လိုအပ်နေသော သရုပ်ဆောင်များ ကို ဒီနေ့ကစပြီး...
23/03/2023

May I have your Attention ‼️

"ခေါင်ရန်းပန်းတို့ပွင့်နေပြီ"🌺🌺🌺 ဇာတ်လမ်းတွဲအတွက် လိုအပ်နေသော သရုပ်ဆောင်များ ကို ဒီနေ့ကစပြီး ခေါ်ယူနေပြီဖြစ်ကြောင်း....

သရုပ်ဆောင် ဝါသနာရှင်များ အတွက် သတင်းကောင်းလေးတစ်ခု ကို ကျွန်တော်တို့ “ကံသာ”Production ကနေ ကြေညာ ချင်ပါတယ်။

လိုအပ်သော သရုပ်ဆောင်များမှာ -

အမျိုးသားသရုပ်ဆောင် (၂)ဦး
အမျိုးသမီးသရုပ်ဆောင် (၂) ဦး
ကလေးသရုပ်ဆောင် (၁) ဦးတို့ဖြစ်ပါတယ်။

အမျ်ိုးသား သရုပ်ဆောင်များသည်
🌺အသက် (၂၀ မှ ၃၅ ) ဝန်းကျင်
🌺ခရီးဝေးလိုက်နိုင်သူ
🌺ရိုက်ကူးရေး ကို အပြည့်အဝအချိန်ပေးနိုင်သူ
🌺အသင်းအဖွဲ့စိတ်ရှိသူ
🌺အရပ် ၅’၅” အထက်ရှိသူ

အမျိုးသမီးသရုပ်ဆောင်များသည်
🌺အသက် (၂၃-၃၀) ဝန်းကျင်
🌺မြန်မာဆန်သော ရုပ်ရည်ရှိသူ
🌺ခရီးဝေးလိုက်နိုင်သူ
🌺ရိုက်ကူးရေးကိုအပြည့်အဝ အချိန်ပေးနိုင်သူ
🌺အသင်းအဖွဲ့ စိတ်ရှိသူ
🌺အရပ် ၅’၃” အထက် ရှိသူ

ကလေးသရုပ်ဆောင် များသည်
🌺အသက် (၆နှစ်မှ၁၀နှစ်) အတွင်း
🌺ခရီးဝေးလိုက်သူ
🌺ရိုက်ကူးရေးကို အပြည့်အဝအချိန်ပေးနိုင်သူ

လျှောက်ထားရမည့် character များကို ဆက်လက်ဖော်ပြထားပြီး မိမိလျောက်ထားလိုသော character ကို အောက်တွင်ဖော်ပြထားသည့် Google Form တွက် ကိုယ်ရေးအချက်အလက်များနှင့် ၃လအတွင်းရိုက်ကူးထားသော ပုံများ ကို တွဲ၍Form ဖြည့်ပေးရပါမည်။

-နန်းဝါ
အသက် ၃၅ နှစ်ဝန်းကျင်
အသားဖြူဖြူနှင့် သာမာန်ရုပ်ရည်ရှိပြီး စပ်စုတတ်သူမိန်းကလေး

-သောမတ်
အသက် ၂၅ နှစ်ခန့်ဝန်းကျင်
ယောကျားဆန်ပြီး ကတုံးဆံပင်

-သက်ထက်စံ (ကလေးသရုပ်ဆောင်)
၈ နှစ်အရွယ် ဝန်းကျင်
ဖြူဖြူဖွေးဖွေး
ချစ်စရာ မူလတန်းကျောင်းသူလေး

-ရည်မွန်
အသက် ၃၂ နှစ်ခန့်ဝန်းကျင်
ခင်ဖို့ကောင်းသောရုပ်ရည်နှင့် ပွင့်လင်းရိုးသားပြီး ပျော်‌ပျော်နေတတ်တဲ့မိန်းမပျို

-ဖိုးအေး
အသက် ၄၀ နှစ်ခန့်ဝန်းကျင်
ရိုးရိုးအေးအေး တက်စီမောင်းသမား တစ်ဉီး

(*ဇာတ်ကောင်အသေးစိတ်များကို ကံသာ Production page တွင် ဖတ်ရှူနိုင်ပါသည်.*)

အထက်ပါ သရုပ်ဆောင်နေရာများအတွက် လျောက်ထားလာသူများထဲမှ ရွေးချယ်သွားမှာပါနော်။
တက်သစ်စ သရုပ်ဆောင်များကို ဉီးစားပေးရွေးချယ်သွားမှာဖြစ်ပြီး လျောက်ထားသူမှန်သမျှကို ကိုယ်ပိုင်အရည်အချင်းပေါ်မှာသာ မူတည်ပြီး ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

ကဲ ... "ခေါင်ရန်းပန်းတို့ပွင့်နေပြီ" ဇာတ်လမ်းမှာ ပါဝင်ချင်တယ်ဆိုရင်တော့ မတ်လ ၂၃ ကနေ ဧပြီ ၁ ရက် နေ့ည ၁၂ အတွင်း အောက်က ဖောင် မှာ ဖြည့်ပြီး လျောက်လိုက်တော့နော်။

🌺. bit.ly/3yVz3UU 🌺

#ခေါင်ရန်းပန်းတို့ပွင့်နေပြီ #သိုးဆောင်း #ကံသာ

23/03/2023

🌺ခေါင်ရန်းပန်းတွေ ပွင့်တော့မယ်နော်🌺

🌺သရုပ်ဆောင်များစတင်ရွေးချယ်ခြင်း
စာရွက်ပေါ်က ဇာတ်ကောင်တွေကို video Screen ပေါ်သို့ ပြောင်းလဲပြီးဇာတ်လမ်းတွဲအဖြစ်မကြာမီ ရိုက်ကူး​တော့မှာမို့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာပါ။

ဘာလို့လဲဆိုတော့ ပရိတ်သတ်တွေရဲ့ စိတ်ထဲမှာ ဒီဇာတ်ကောင်လေးကတော့ ဘယ်သူနဲ့ လိုက်လောက်တယ်ဆိုပြီး စိတ်ကူးလေးတွေရှိနေနိုင်ပါတယ်။

လူတိုင်းရဲ့ အကြိုက်နဲ့ နီးစပ်ဖို့အတွက် ကံသာ Production ရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ “ခေါင်ရန်းပန်းတို့ပွင့်နေပြီ” ဇာတ်လမ်းရဲ့ သရုပ်ဆောင်ရွေးချယ်မယ့်အစီအစဉ်လေးကို
အောက်က Video လေးမှာ ပြောပြလိုက်ရပါတယ်နော်။
#သိုးဆောင် #ခေါင်ရမ်းပန်းတို့ပွင့်နေပြီ #ကံသာ

22/03/2023

သင်ဆရာမြင်ဆရာကြားဆရာတွေကိုဂါရဝထားပြီးကောင်းတဲ့အတတ်ပညာတွေကိုသင်ယူကြပါလို့မေတ္တာစကားဆိုသူ မိတ်ကပ်ကိုမာ
တွေ့ဆုံ-ခင်ချိုချိုဦး
Camera-Thein Soe Loin
Editing-AKM

20/03/2023

လူငယ်အမျိုးသားများအတွက် အနုပညာ အခွင့်အလမ်းများ ဖန်တီးပေးနိုင်မယ့် 🌟✨⭐Oxy Star⭐✨ 🌟 ပြိုင်ပွဲကြီး

အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းဖို့ ခြေလှမ်းစတင်နေတဲ့ လူငယ် အမျိုးသားများအတွက် OXY Star အစီအစဉ်မှ တဆင့် အရည်အချင်းပြည့်ဝသူ (၃) ယောက်ကို ရွေးချယ်ကာ Brand နဲ့ အတူပူးပေါင်းကာ အနုပညာအလုပ်များ လုပ်ကိုင်ဖို့ ရှာဖွေနေပြီဖြစ်ပါတယ်။

ယခုပြိုင်ပွဲဟာ အနုပညာအရည်အချင်း ဆိုတဲ့အတိုင်း မိမိမှာရှိတဲ့ မည်သည့် အရည်အချင်းမဆို ချပြခွင့် ရမှာပါ။ ဥပမာ သီချင်းရေးခြင်း သီဆိုခြင်း၊ ပန်းချီ ဆွဲခြင်း၊ သရုပ်ဆောင်ခြင်းအပြင် Fitness နယ်ပယ်မှာရှိတဲ့ Gym Trainers များ နဲ့ Social influencers တွေပါ ပါဝင် ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

အရွေးချယ်ခံရသူ (၃)ယောက်ဟာ OXY Myanmar နဲ့အတူ ပူးပေါင်းပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်တဲ့အပြင် အနုပညာနဲ့ပတ်သက်တဲ့ အခွင့်အလမ်းပေါင်းမြောက်များစွာလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

အသက် (၁၈)နှစ်မှ (၂၅)နှစ်အတွင်း လူငယ်များအားလုံး ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ပြိုင်ပွဲဝင်ပုံ အဆင့်ဆင့်ကို အောက်ပါ Video တွင် ဖော်ပြထားပါတယ်။

ပြိုင်ပွဲဝင်လျှောက်ထားမှုများကို မတ်လ (၂၆) ရက်နေ့ နောက်ဆုံး သတ်မှတ်ထားပြီး အသေးစိတ်သိရှိလိုပါက Viber Link: https://msng.link/o/?959784008501=vi ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

𝗖𝗢𝗡𝗚𝗥𝗔𝗧𝗨𝗟𝗔𝗧𝗜𝗢𝗡𝗦 🎊🎉𝗞𝗲𝗻𝗱𝗿𝗮 𝗘𝗿𝗶𝗸𝗮 𝘄𝗼𝗻 𝘁𝗵𝗲 𝘉𝘌𝘚𝘛 𝘕𝘈𝘛𝘐𝘖𝘕𝘈𝘓 𝘊𝘖𝘚𝘛𝘜𝘔𝘌 𝘈𝘞𝘈𝘙𝘋 𝗱𝘂𝗿𝗶𝗻𝗴 𝘁𝗵𝗲 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗖𝗼𝘀𝘁𝘂𝗺𝗲 𝗮𝗻𝗱 𝗘𝘃𝗲𝗻𝗶𝗻𝗴 𝗚𝗼𝘄𝗻 𝗖𝗼𝗺𝗽𝗲𝘁𝗶𝘁...
17/03/2023

𝗖𝗢𝗡𝗚𝗥𝗔𝗧𝗨𝗟𝗔𝗧𝗜𝗢𝗡𝗦 🎊🎉

𝗞𝗲𝗻𝗱𝗿𝗮 𝗘𝗿𝗶𝗸𝗮 𝘄𝗼𝗻 𝘁𝗵𝗲 𝘉𝘌𝘚𝘛 𝘕𝘈𝘛𝘐𝘖𝘕𝘈𝘓 𝘊𝘖𝘚𝘛𝘜𝘔𝘌 𝘈𝘞𝘈𝘙𝘋 𝗱𝘂𝗿𝗶𝗻𝗴 𝘁𝗵𝗲 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗖𝗼𝘀𝘁𝘂𝗺𝗲 𝗮𝗻𝗱 𝗘𝘃𝗲𝗻𝗶𝗻𝗴 𝗚𝗼𝘄𝗻 𝗖𝗼𝗺𝗽𝗲𝘁𝗶𝘁𝗶𝗼𝗻 𝗼𝗳 Face of Beauty International 𝟮𝟬𝟮𝟯 𝗵𝗲𝗹𝗱 𝗹𝗮𝘀𝘁 𝗻𝗶𝗴𝗵𝘁.

𝗔𝗹𝘀𝗼 𝘄𝗲 𝘄𝗼𝘂𝗹𝗱 𝗹𝗶𝗸𝗲 𝘁𝗼 𝘁𝗮𝗸𝗲 𝘁𝗵𝗶𝘀 𝗼𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝘆 𝘁𝗼 𝘁𝗵𝗮𝗻𝗸 𝗮𝗻𝗱 𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗲 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 𝗞𝗼 𝗣𝘆𝗮𝗲 𝗦𝗼𝗻𝗲(𝗛𝗽𝗮-𝗔𝗻) 𝗳𝗼𝗿 𝘆𝗼𝘂𝗿 𝗵𝗮𝗿𝗱 𝘄𝗼𝗿𝗸.

𝗣𝗵𝗼𝘁𝗼𝗴𝗿𝗮𝗽𝗵𝗲𝗿 : Kingsman Photo Club
𝗠𝗨𝗔 : 𝗬𝗮𝘂𝗻𝗴

- - -
𝗠𝗶𝘀𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻
𝗙𝗮𝗰𝗲 𝗼𝗳 𝗕𝗲𝗮𝘂𝘁𝘆 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻
Crd :Miss Universe Myanmar

မနက်ဖြန် ​သောကြာ​နေ့17th March 8:30pmLive sale ရှိလို့ အား​ပေးကြပါဦး​နော် ​'ရွှေရှမ်း' ​လှော်သင်း​မွေးလက်ဖက်​ခြောက် ဆီတ...
16/03/2023

မနက်ဖြန် ​သောကြာ​နေ့
17th March 8:30pm
Live sale ရှိလို့ အား​ပေးကြပါဦး​နော် ​'ရွှေရှမ်း' ​လှော်သင်း​မွေးလက်ဖက်​ခြောက် ဆီတို့ဖူးနဲ့
ငရုပ်သီးနှမ်းကပ်​ကြော်
ချဥ်​စော်ခါးသီးယို​လေး​တွေ​
နောက်မရနိုင်​တော့လို့
အား​ပေးလို့ရ​အောင်​ရောင်းပါမယ်ရှင်
ဝုန်းဝမ်းတိုင်းရင်း​ဆေးနဲ့
Made in Thailand
CRUSET productများ
လည်းပါပါမယ် ကံစမ်းမဲနဲ့
အတူ​စောင့်​မျှော်​နေပါ့မယ်👏👏👏

 #သေမင်းကိုရွေးချယ်ခွင့်ရှိခဲ့လျှင် #ဂျူးကျွန်မ သေဖို့အတွက် ကိုယ့်သေမင်းကို ရွေးချယ်ခွင့် ရှိလို့ ရွေးစမ်းဆိုလျှင်တောင် ...
15/03/2023

#သေမင်းကိုရွေးချယ်ခွင့်ရှိခဲ့လျှင်

#ဂျူး

ကျွန်မ သေဖို့အတွက် ကိုယ့်သေမင်းကို ရွေးချယ်ခွင့် ရှိလို့ ရွေးစမ်းဆိုလျှင်တောင် ဘာကို ရွေးရမလဲဟု စဉ်းစားရ တော်တော်ခက်သည်။ သေမင်းအားလုံးသည် သူ့နည်းနှင့်သူ ကြောက်စရာကောင်းသည်ချည်း ဖြစ်သည်။ သေချာတာကတော့ ကင်ဆာရောဂါကိုတော့ မရွေးချင်ပါ။ သို့သော် မရွေးချင်ဘူးဆိုလို့ကော ရမတဲ့လား။ ကျွန်မမှာက ကင်ဆာမျိုးရိုး ရှိသည်။

ကျွန်မ မေမေက အဆုပ်ကင်ဆာရောဂါဖြင့် ဝေဒနာ ခံစားပြီး သေဆုံးသွားခဲ့သည်။ ကျွန်မအဖွား မေမေ့အမေက သားအိမ်ကင်ဆာဟု ကျွန်မ အသက်ကြီးလာမှ ခန့်မှန်းမိသော စတုတ္ထတန်းအရွယ် အဲဒီတုန်းက ဘာမှန်းမသိခဲ့ရသော မိန်းမရောဂါဖြင့် သေဆုံးသွားခဲ့သည်။ ကျွန်မ အဖေဘက်ကို ကြည့်ပြန်တော့ ကျွန်မ မမီလိုက်သော ဖေဖေ့အမေက သားမြတ်ကင်ဆာရောဂါဖြင့် သေဆုံးသွားခဲ့သည်။ ဆိုတော့ ကျွန်မတို့ မောင်နှမငါးယောက်တွင် ကင်ဆာရောဂါက ကံဆိုးသူ တယောက်ယောက်အပေါ် ကျရောက်လာနိုင်သည် မဟုတ်လား။ ကျွန်မတို့ မောင်နှမတွင် တဦးတည်းသော ယောက်ျားလေးဖြစ်သည့် အစ်ကိုက လွန်ခဲ့သည့် သုံးနှစ်ခန့်က ကွယ်လွန်သွားခဲ့ပြီ။ အစ်ကိုက ကင်ဆာရောဂါ မဟုတ်ခဲ့။ ကင်ဆာရောဂါ မဟုတ်လို့ အစ်ကို ကံကောင်းသည်ဟု ပြောလို့မရပါ။ ကင်ဆာမဟုတ်သော အခြားရောဂါတွေသည်လည်း ဆိုးရွားလှပါလားဆိုတာ ဆရာ၀န်ဖြစ်လျက်နှင့် အမှုမဲ့ အမှတ်မဲ့ပဲ နေခဲ့မိသည်။
ငယ်စဉ်တုန်းက မှတ်မှတ်ရရ ကိုးတန်းအရွယ်မှာ သူငယ်ချင်းတယောက်၏ အဘိုးတော်စပ်သူ သတိလစ် မေ့မျောနေတာကို လူမမာမေးသွားတော့ လိုက်သွားခဲ့ဖူးသည်။ အဲဒီတုန်းက ကျွန်မဘ၀တွင် ပထမဦးဆုံးသော သတိလစ်မေ့မျောသည့် ကိုမာ ဝေဒနာရှင်ကို မြင်ဖူးခြင်း ဖြစ်သည်။ ဦးဏှောက်က သေသွားပြီတဲ့။ နှလုံးနှင့် အဆုပ်က အလုပ်လုပ်နေဆဲဟု သူငယ်ချင်း၏ မိဘဆွေမျိုး တယောက်ယောက်က ကျွန်မတို့ ကလေးတွေကို စကားသံ တိုးတိုးဖြင့် ရှင်းပြခဲ့သည်။ အဖိုးကြီးသည် ခပ်၀၀ ဖိုင့်ဖိုင့်ပါပဲ။ ခုတင်ပေါ်တွင် ပက်လက်လဲလျောင်းနေပြီး ပြင်းထန်သော အသက်ရှူသံဖြင့် အိပ်ပျော်နေသည်။ မလှုပ်မယှက်။ မျက်လုံးလည်း မပွင့်။ အဲဒီပုံစံအတိုင်း ဘယ်နှရက် ရှိပြီဆိုလား။ ကျွန်မ ထိုအဖိုးကြီးကို ငေးနေရင်း သူနာတာကို သိမလားဟု စပ်စုမိသည်။ နာကျင်တာကို မသိတော့ဘူးတဲ့။ ခေါ်တာကိုလဲ မကြားတော့ဘူးတဲ့။ အို ကောင်းလိုက်တာနော်။ ကလေးအတွေး ဖြင့် အားကျခဲ့ဖူးသည်။
တကယ်တော့လည်း ထိုရောဂါဖြင့် မေ့မျောနေသူသည် ကိုယ်ပေါ်က နာကျင်မှု ထိမှုကိုသာ မသိလျှင် ရှိမည်။ အသက်ရှူမဝခြင်း၊ မောခြင်း၊ နှလုံးတုန်ခြင်း ကြောက်လန့်ခြင်း စသည်တို့ကိုတော့ မခံစားရဘဲ ဘယ်နေပါ့မလဲ။ နောက်ပြီး ခေါ်တာကို မသိဘူးဟု ဘယ်လိုလုပ် သေချာပေါက် ပြောလို့ရမလဲ။ တုန့်ပြန်မှု မရှိတော့လောက်အောင် သူ့ကိုယ်က မလှုပ်မယှက် ဖြစ်နေပေမယ့် သူ့အာရုံက ပါးလျားနေတုန်းပဲ မဖြစ်နိုင်ဘူးလား။ မကြားနိုင်ဘူးလား။ မျက်လုံးဖွင့်မကြည့်နိုင်လို့ ပါးစပ်မလှုပ်နိုင်လို့ သူ မသိဘူးဟု ပြောလို့မရပါ။ သူမျောနေရင်း တချက်တချက်တွင် ဖျတ်ခနဲ သိသွားတာမျိုး မရှိနိုင်ဘူးလား။ ဒါတွေကို ကျွန်မ ထည့်စဉ်းစားမိ သည်က နှစ်ပေါင်းများစွာ ကြာလာပြီး ဦးနှောက်သေသည့်ရောဂါ Cerebral infect ရောဂါဖြင့် အစ်ကို ဆေးရုံတက်နေရသည့် ကာလတွေကျမှ ဖြစ်သည်။ အစ်ကိုဆုံးခါနီး အချိန်ကာလမှာဖြင့် ကျွန်မ အကို့ အနားမှာတောင် မနေနိုင်တော့ဘဲ အိမ်သို့ ပြန်ပြေးခါ ပုန်းအောင်းနေမိသည်။ ဦးဏှောက်သေသည့်လူ ဝေဒနာ မခံစားရဘူးလို့ ဘာဖြစ်လို့များ ထင်မိကြတာလဲ။
ဟင့်အင်း ကျွန်မ လေဖြတ်သည့်ရောဂါ ဦးဏှောက်သေသည့်ရောဂါ တွေကိုလည်း သေမင်းအဖြစ် မရွေးချယ်လိုပါ။ ဒါဖြင့် အဲသည်လို မဖြစ်ရအောင် ကျွန်မ ကိုယ့်ကိုယ်ကို ဘယ်လောက်များ ကာကွယ်ပြီးလို့လဲ။ ပြန်စဉ်းစားကြည့်သည်။

သွေးတိုးရောဂါဆိုတာကို ခပ်ငယ်ငယ်ကတော့ ကိုယ်နှင့် ဘယ်လိုမှ မသက်ဆိုင်သော ရောဂါဟု ထင်မိခဲ့သည်။ ကျွန်မက သွေးဖိအား သိပ်နည်းတတ်သူမို့ပါ။ နှလုံးညှစ်စဉ်ဖိအား (အပေါ်သွေး) က ကိုးဆယ်၊ နှလုံးပြန်လျော့စဉ် ဖိအား (အောက်သွေး) က ခြောက်ဆယ်။ အဲသည်ဖိအားအတိုင်း တလျှောက်လုံး နေလာခဲ့တာ။ အသက်နည်းနည်းကြီးလာတော့ တရာ နှင့် ခြောက်ဆယ်။ တရာ နှင့် ခုနှစ်ဆယ်။ အင်း အခုမှ ပုံမှန်ဖြစ်လာပြီပေါ့။ သို့သော် မှတ်မှတ်ရရ အစ်ကိုဆေးရုံပေါ်မှာ အခြေအနေ ဆိုးနေသည့် ရက်တရက် ကျွန်မ အစ်ကိုဆေးရုံခန်းလေးမှ ပြန်လာပြီး အိမ်ပေါ်ပြန်ရောက်လာချိန်တွင် နှလုံးက ဒိုင်းခနဲ ဒိုင်းခနဲ ပြင်းထန်စွာ မြန်ဆန်စွာ ခုန်လေသည်။ သွေးဖိအားကို တိုင်းကြည့်တော့ ကိုယ့်ကိုယ်ကို တအား အံ့သြထိတ်လန့်သွားမိသည်။ တရာ့လေးဆယ် ကိုးဆယ်။ သွားပြီ။ အဲသည်အချိန်မှ စပြီး ကျွန်မ ကိုယ်က သွေးတိုးရောဂါဘက်သို့ ယိမ်းသွားခဲ့တာပါပဲ။
ပြီးခဲ့သည့် နှစ်နှစ်အထိ ခိုလက်စထရော မများခဲ့ပေမယ့် သည်နှစ်မှာတော့ ခိုလက်စထရောလည်း များလာပြီ။ ဆေးသောက်ဖို့ လိုနေပြီလား။ ဘ၀တာ တလျှောက်လုံး သောက်ရမည်မို့ အစားအသောက်ဖြင့် အရင် ထိန်းချုပ်ကြည့်ချင်သေးသည်။ ကျွန်မအလွန်ကြိုက်သော ချိစ်ကို ကျွန်မ လုံး၀ ဖြတ်တောက်ခဲ့တာ နှစ်နှစ်ရှိပါပြီ။ ချိစ်ကိတ်မှုန့်ကိုတောင် ကျွန်မ မစားတော့တာ။ နောက်ပြီး ကျွန်မအလွန်နှစ်သက်သော အာလူး အချောင်းကြော်ကို လုံး၀ မစားမိအောင် ဇွတ်အတင်းထိန်းချုပ်ရတာ ပင်ပန်းလှသော်လည်း ကျွန်မ အောင်မြင်လုနီးပါး ဖြစ်သည်။ သူငယ်ချင်းတွေနှင့် အတူ စားသောက်ဖြစ်သည့်အခါ သူတို့နှင့်ရောပြီး တချောင်းစ နှစ်ချောင်းစ စားမိတာက လွဲလို့ပေါ့။ ကြက်ဥ အွန်းမ်လိပ်ကို ချိစ်မထည့်ဘဲ ကြော်ပြီး အဆီလျှော့ချသော အဆင့်မှ ကြက်ဥအနှစ်ကိုပါ လျှော့သည့်အဆင့်ထိ ရောက်ခဲ့ပါသည်။ ကြက်ဥ အွန်းမ်လိပ်ထဲ ချိစ်ထည့်တာကလည်း အိမ်မှာတော့ လုပ်လေ့လုပ်ထ မရှိပါ။

နိုင်ငံခြားက ဟိုတယ်တွေမှာ နံနက်စာ စားလျှင်သာ စားဖိုမှူးတွေ၏ ကြော်ဟန်က ဆွဲဆောင်မှု များလွန်းလို့ ထည့်ဖြစ်တာ။ ကျွန်မ လုံး၀ ဖြတ်လို့မရသေးတာက အိမ်မှာ လက်ဘက်နှင့် အကြော်စုံ စားသည့်အကျင့်။ ကျွန်မတို့ အခုစားနေသည့် နှစ်ပြန်ကြော်ဆိုသည့် ပဲကြော်တွေကို ဘယ်သူကများ စတင် တီထွင်လိုက်ပါလိမ့်နော်။ ထိုပဲကြော်တွေမှာ ပြည့်၀ဆီတွေ အများကြီးပေါ့။ ကျွန်မတို့ နိုင်ငံမှာ ဘယ်နေရာမှာ ၀ယ်လျှင် စိတ်ချရသည့် နှမ်းဆီ ပဲဆီ စစ်စစ်ကို ရနိုင်မလဲ။ ပြည့်၀ဆီ လုံး၀ မရောသည့် သီးနှံဆီ စစ်စစ်ကို ဘယ်လို ရနိုင်မလဲ။ တခါတခါများ ခိုလက်စထရောကို ကြောက်လွန်းလို့ နှလုံးရောဂါနှင့် သွေးတိုး လေဖြတ်ရောဂါတွေကို ကြောက်လွန်းလို့ ငယ်ငယ်က ကုန်းစောင်းမှာ ကျွန်မတို့ ထိုင်စီးခဲ့ရသော နွားဖြင့်လှည့်သည့် ဆီဆုံကြီးကို လွမ်းမိ တမ်းတမိသည်။
အဲဒီ ဆီဆုံကြီးပိုင်ရှင်က ကျွန်မတို့ ခပ်နေကျ ရေတွင်းကို အများပြည်သူ သုံးစွဲဖို့ သန့်စင်သည့်ရေ ယူဖို့ လှူဒါန်းထားခဲ့သည်မို့ ကျွန်မတို့ ရေခပ်သွားတိုင်း ဆီဆုံကြီးကို ၀င်းထရံကြားမှ လှမ်းမြင်နေကျ ဖြစ်၏။ ၀င်းထရံ ခပ်ထားသော ထိုရေတွင်း ဘေးမှာ လုံး၀ ရေမချိုးရ။ ထိုရေတွင်းသည် သောက်ရေ သုံးရေ သက်သက်သာဖြစ်၏။ ချိုးလိုလျှင် သူတို့ခြံဝိုင်းထဲမှာ ချိုး။ သူတို့ခြံနှင့် ရေတွင်းကြားက ခြံစည်းရိုး အဟကြားမှာ သွပ်ရေတံလျောက်လေး လုပ်ထားပေး၏။ ရေတွင်းမှ ငင်ယူလိုက်သော ရေကို ခြံစည်းရိုးတဘက်က ကန်လေးထဲသို့ အလွယ်တကူ လောင်းထည့်လို့ ရသည်။ ကိုယ်ငင်သည့်ရေ လုံလောက်ပြီဆိုလျှင် အဲသည်ကန်ကလေးမှာ သွားချိုးရုံပဲ။

သူတို့ ခြံဝိုင်းထဲမှာ ရေသွားချိုးတော့ အမြဲတမ်း လည်နေသော ဆီဆုံကြီးနှင့် ပိုနီးရသည်။ သူတို့ ကိုယ်တိုင်က ဆီကုန်သည် ဖြစ်သလို အငှားလည်း ကြိတ်ပေးသည်။ နှမ်းဆီစစ်စစ်၏ ရနံ့က မွှေးပျံ့နေသည်။ နှမ်းကြိတ်ဖတ်က ထွက်သည့် ဆီထွေးကို ကျမတို့ ထန်းလျက်နဲ့ နယ်စားဖို့ လက်ဆောင်ရတတ်သေးသည်။ ထိုနှမ်းဆီ စစ်စစ်ကို ကျွန်မ လွမ်းမိသည်။ နှမ်းဆီက မိုနိုမပြည့်၀ဆီ mono unsaturated oil မို့ ကျန်းမာရေးနှင့် အလွန်ညီညွတ်သည်။ ပဲဆီကလည်း စစ်စစ်ဆိုလျှင် နှမ်းလိုပဲ မိုနိုမပြည့်၀ဆီပဲ။ စားအုန်းဆီ ရောလျှင်တော့ မကောင်းပါ။ ဆီအုန်းသည် အုန်းအမျိုးအစားထဲမှာ ပါတာမို့ သီးနှံကရသည့် အဆီဖြစ်ပေမယ့် ပြည့်၀ဆီ ဖြစ်နေသည်။ ကျန်းမာရေး ထိခိုက်စေသည်။

တကယ်တော့ လူတယောက်၏ ကျန်းမာရေးသည် သူ နေထိုင်စားသောက်သည့် ဘဝနေမှုဟန်ပန်နှင့် တော်တော်များများကို ဆက်နွှယ်နေပါသည်။
ဒါ့ကြောင့်လည်း ၁၉၉၇ ခုနှစ်ထုတ် ကျန်းမာရေးနှင့် သဘာ၀ပတ်၀န်းကျင် စာစောင်တခုထဲမှာ ကင်ဆာရောဂါကင်းဝေးဖို့ ကျန်းမာစွာနေထိုင်နည်းဟု ဖော်ပြထားသည့် အထဲတွင် အစားအသောက် အနေအထိုင်ကို ဂရုစိုက်ကျင့်ယူဖို့ ရေးထားခဲ့သည်။

၁။ ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးကို အခြားနည်းဖြင့် သုံးစွဲခြင်းများကို ဖြတ်တောက်ပါ။
ကျွန်မ မေမေသည် ဆေးလိပ်ကို အသက်ဆယ့်သုံးနှစ် သမီးကတည်းက သောက်လာတာတဲ့။ မေမေ အဆုပ်ကင်ဆာဖြင့် ဆုံးတော့ အသက် ၆၁ နှစ် ဖြစ်သည်။ ဆေးလိပ်သည် ကင်ဆာသာမက ဦးဏှောက်ကိုလည်း ထိခိုက်စေတာပါပဲ။ အစ်ကို လေတခါ ဖြတ်ပြီးနောက် ကျွန်မကိုယ်တိုင် မကုပေးနိုင်ဘဲ ကျွန်မ၏ဆရာမ မမကို သွားပြပေးတော့ မမက အရက်ကိုတော့ တတ်နိုင်သလောက် လျှော့သောက်ပါ။ ဆေးလိပ်ကိုတော့ လုံးဝဖြတ်ပါဟု တားမြစ်လိုက်ပါသည်။ အစ်ကိုဆေးရုံတက်စဉ် ဦးဏှောက်ကို ဓာတ်မှန် CT Scan ရိုက်ပြီး စစ်ဆေးကြည့်တော့ ဦးဏှောက်ထဲက ဒဏ်ရာဟောင်းတွေကို ဆရာက ကျွန်မအား ရှင်းပြပေးသည်။ အစ်ကိုသည် အရက်ရော ဆေးလိပ်ရော သောက်ခဲ့သူ ဖြစ်သည်။

၂။ အရက်အလွန်သောက်ခြင်းကို ရှောင်ကျဉ်ပါ။
ယနေ့ခေတ်သည် အရက်ကို ကြိုက်လို့ဆိုတာထက် လူမှုရေးအရပါ သောက်ကြသည့်ခေတ် ဖြစ်သည်ထင်၏။ အရက်ဆိုင်တို့သည် အဆင့်အမျိုးမျိုးဖြင့် သောက်သုံးသူကို မြူဆွယ်နေကြသည်။ သို့မဟုတ် သောက်သုံးလိုသူ၏ ဆန္ဒကို ဖြည့်စွမ်းပေးနေကြသည်။ ဆင်းရဲသား များသည့် ရပ်ကွက်ထဲမှ အရက်ဆိုင်တွေ ကလည်း အရက်ဖြူဆိုင်တွေပေါ့။ သည့်ထက်နည်းနည်း ပို သုံးဖြုန်းနိုင်သူတွေအတွက်တော့ ဘီယာနှင့် အကင်တွဲပြီး ရောင်းသည့် ဆိုင်တွေပေါ့။ သည့်ထက် ပိုပြီး သုံးဖြုန်းနိုင်သူတွေအတွက် အရက်သည် ပိုပြီး ဇိမ်ခံစရာ ဖြစ်လာသည်။ အရက်နှင့် တွဲပြီး အခြားအရသာ၊ မြင်ကွင်း၊ ရနံ့၊ အထိအတွေ့ စသည့် ကာမဂုဏ်တို့ကို ရောစပ်ဇိမ်ခံနိုင်သည့် နေရာတွေ။ ဆက်စပ်သလား မဆက်စပ်ဘူးလား အတိအကျ မပြောနိုင်ပေမယ့် သွေးတိုးရောဂါတွေနှင့် လေဖြတ်ရောဂါတွေ ယနေ့ခေတ် မြန်မာနိုင်ငံမှာ ပိုများနေတာတော့ မြင်နေရပါသည်။

၃။ အဆီနည်းသော အစားအစာသာ စားသုံးခြင်းအလေ့အား မွေးယူပါ။ ထို့ပြင် ဗီတာမင် အေ၊ စီ နှင့် အီး ပါသော အစားအစာများကို စားသောက်ပါ။ ဘရိုကိုလီ (ပန်းပွင့်အစိမ်း)၊ ပန်းပွင့်ခေါ် ပန်းမုံလာ၊ ဂေါ်ဖီထုတ်၊ ပဲပင်ပေါက်တို့ကို စားပါ။
ကျွန်မတို့ မြန်မာလူမျိုးတို့သည် ဆီပြန်ဟင်းကို စားကြသည်။ အဲဒါ အရေးကြီးသလား။ ဆီသည် မိုနိုမပြည့်၀ဆီဆိုလျှင်တော့ အရေးမကြီးပါ။ ဆီသည် ပြည့်၀ဆီဆိုလျှင်တော့ အရေးကြီးပါသည်။ ပြည့်၀ဆီသည် သွေးတိုး နှလုံးရောဂါတို့ကို ဖြစ်ပွါးဖို့ အားပေးနေသည်။ ကျွန်မတို့ ငယ်ငယ်က ကုန်းစောင်းတွင် နံနက်အိပ်ရာထ မုန့်ပျားသလက် စားသည့်အကျင့် ရှိသည်။ ကုန်းစောင်း မုန့်ပျားသလက်ကလည်း ကောင်းမှကောင်း။ ပြားပြား ကြွပ်ကြွပ်။ အလယ်တွင် မုန့်နှစ်တွေအိုင်ပြီး ပျော့စိပျော့ဖတ် မုန့်ပျားသလက်ထက် တော်တော်ပိုကောင်းသည်။ အဲဒီမုန့်ပျားသလက်ကို ဆီဖြင့်ဆမ်းပြီး စားကြသည်။ ကျွန်မတို့က ဆီပန်းကန်လေးကို အလယ်မှာ ချပြီး မုန့်ပျားသလက်တဖဲ့ကို ဆီထဲနှစ် ထို မုန့်ပဲ့လေးဖြင့် ကျန်သည့် မုန့်ပျားသလက်များကို လိုက်ဖိပွတ်သည့်အခါ ဆီက မုန့်တွေပေါ်မှာ အညီအမျှ ဆမ်းပြီးသား ဖြစ်သွားသည်။ ထို ဆီခပ်ရွှဲရွှဲမုန့်ကို အဘိုးတွေ အဘွားတွေ စားကြ၏။ သူတို့ ဘာရောဂါမှ မဖြစ်ခဲ့ပါ။ ဆီက နှမ်းဆီ စစ်စစ်ကိုး။ မွှေးပျံ့ပြီး အရသာက နှမ်း၏ ခါးသက်သက်ဆိမ့်ဆိမ့် အရသာ။ အို ဘာပြောကောင်းမလဲ။ စားလို့ သိတ်ကောင်းခဲ့တာပေါ့။ အဲသည် မုန့်ပျားသလက်ကိုပင်ကျွန်မတို့ အိမ်နီးချင်း အပျိုကြီး ညီအစ်မနှစ်ယောက်က ဆီပန်းကန်ပြားထဲသို့ မုန့်တခုလုံး နှစ်ပြီးစားသည်ဟု မေမေက ပြောပြဖူးသည်။ သူတို့က ဆီကို အလျှံပယ်သုံးနိုင်အောင် ကြွယ်၀သူတွေမို့ ဖြစ်မည်။ နောက်ပြီး နှမ်းဆီရွှဲသော မုန့်ပျားသလက်၏ အရသာကို ပိုကြိုက်လို့ ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူတို့ ညီအစ်မ အသက်ရှည်ကြပါသည်။ ဒီခေတ်ကတော့ ဆီကို ကျွန်မတို့ သံသယဖြင့် ကြည့်နေရသည့် ခေတ်ဖြစ်သည်မို့ ဆီကို ရှောင်ကြဉ်လေ ကောင်းလေပါပဲ။ ဆီသိပ်မလိုသော ဟင်းတွေကို စားဖို့ ကောင်းသည်။ ကင်ပြီးစားမည်ဆိုပြန်တော့ ကင်ထားသည့် အစားအစာ၏ ကျွမ်းနေသော ကာဗွန်ဓာတ်က ကျန်းမာရေးကို ထိခိုက်စေပြန်သည်။

၄။ ဖိုင်ဘာဓာတ်များသော အစားအစာ။
ဥပမာ ဖြူဖွေးအောင် ကြိတ်ဖွတ်မထားသော သီးနှံဖြင့် ပြုလုပ်ထားသည့် အစားအစာတို့ကို စားပါ။ ပေါင်မုန့်ဆိုလျှင် ဖြူဖွေးသော ပေါင်မုန့်ကိုရှောင်ပြီး ပေါင်မုန့်ညိုကို စားပါ။ ဆန်ဆိုလျှင် ဖြူဖွေးသော ဆန်ထက် ပိုပြီး အကုန်အစင် မချွတ်ရသေးသော ဆန်ဖြင့်လုပ်ထားသည့် အစားကို စားပါ။
ကျွန်မတို့ လူမျိုး အများစုက ပေါင်မုန့်ဆိုလျှင်လည်း ဖြူဖွေးပြီး နူးညံ့သောပေါင်မုန့်မှ ကြိုက်သည်။ သကြားဓာတ်များသော ပေါင်မုန့်ကို ကြိုက်သည်။ ဘားဂက်တ်ဟုခေါ်သော ခပ်မာမာ ပေါင်မုန့်ရှည် ကြမ်းကြမ်းကို မကြိုက်ကြ။ ကျွန်မအိမ်က မိသားစုကိုပဲကြည့်။ ထိုပေါင်မုန့်ကို စားဖို့ ကိုယ့်ကိုယ်ကို အားတင်းပြီး ကျွန်မ၀ယ်လာလျှင် ကျွန်မတယောက်တည်းပဲ စားရသည်။ သူတို့က နူးညံ့သော ပေါင်မုန့်မဟုတ်လို့ မစားချင်ဟု ဆိုပါသည်။ ကင်ဆာကို ရှောင်ဖို့၊ နှလုံးရောဂါကို ရှောင်ဖို့၊ သွေးတိုးရောဂါကို ရှောင်ဖို့ စားချင်သည့် အစာကို ရှောင်ပြီး၊ မစားချင်ပေမယ့် တည့်သည့်အစာကို စားသည့်အကျင့်ကို မွေးယူဖို့ ကြိုးစားသင့်ပါသည်။

၅။ အစားအစာတွင် အဆီကို ယေဘူယျ လျှော့နိုင်သမျှ လျှော့ပါ။
လျှော့ရမှာပေါ့လေ။ အဆီသည် ကောင်းကျိုးပေးတာက နည်းနည်း မကောင်းကျိုး ပေးတာက များများ မဟုတ်လား။ အခုဆိုလျှင် ကျွန်မ ကြက်သားကိုတောင် မစားဖြစ်အောင် ကြိုးစားနေပါသည်။ လူမှုရေးအရ ဆိုင်ထိုင်ရတာတွေ ရှိလျှင်လည်း အစားရွေးလို့ ကောင်းသည့် အုပ်စုထဲမှာဆိုလျှင် ကျွန်မ ကြက်ကို မစားဖို့ ရွေးချယ်ပါသည်။ ဒိုးနတ်ကို မစားရ။ ကျွန်မအလွန် နှစ်သက်သော ခရိုဆွန်ဟု ခေါ်သည့် ခရွားဆွန့်ကို ကျွန်မ မစားရ။ ကြက်ကြော်ဆိုင်တွေမှာ သူငယ်ချင်းတွေနှင့် အတူထိုင်ဖြစ်လျှင်လည်း ကြက်ကြော်ကို လုံး၀မစားရ။ ပီဇာ ကောင်းကောင်းဆိုလျှင် ကျွန်မကြိုက်၏။ သို့သော် ပီဇာ မှန်သမျှက သက်သတ်လွတ်ဆိုလျှင်တောင် ချိစ် ဒိန်ခဲနှင့် မကင်းသောကြောင့် အခုအခါ ပီဇာလည်း ကျွန်မမစားရ။ အင်း ကျွန်မ ဘယ်လိုမှ မနေနိုင်ဘဲ စားဖြစ်နေသည့် အဆီတွေ ရှိသေးသည်။ လဘက်နှင့် စားသော ပဲကြော်၊ ကြက်သွန်ဖြူကြော်တွေပေါ့။ မြေပဲဆားလှော်ကတော့ မိုနိုမပြည့်၀ဆီမို့ တည့်မည်ဟု မျှော်လင့်ကာ ကျွန်မ အရေအတွက်လျှော့ပြီး စားနေဆဲ ဖြစ်သည်။

၆။ မီးကင်ထားသော၊ မီးခိုးငွေ့ပေးထားသော၊ ဆားနယ်ထားသော အစားအစာကို စားခြင်းမှ ရှောင်ကြဉ်ပါ။
အဲဒါလည်း တကယ်မလွယ်တဲ့ ကိစ္စပါပဲ။ ကျွန်မတို့ လူမျိုးတွေက အကင်ယဉ်ကျေးမှုနှင့် နေသားကျနေ သည်မှာ ဆယ်စုနှစ် တခုစာ မကတော့ပါ။ ကျွန်ကိုယ်တိုင်ကလည်း အကင်နှင့်အတူ တွဲစားလေ့ရှိသော မာလာဟင်းကို နှစ်သက်နေပြီမို့ အကင်ဆိုင်မှာ နှစ်လတခါလောက်တော့ အုပ်စုနှင့် ထိုင်ဖြစ်နေသည်။ အဓိက ကျွန်မတို့ စားတာက ငါးကင်ပေါ့။ မီးကျွမ်းသည့် အရေခွံတွေကို ဘယ်လိုပဲ ရှောင်ရှောင် ကာဗွန်ကတော့ ဗိုက်ထဲ ရောက်တာပါပဲ။ ပြောင်းဖူးကို ပြုတ်တာထက် ကင်တာကို ပိုကြိုက်လို့ ပြောင်းဖူးကင် အမြဲမှာမိသည်။ ကျွန်မတို့ အုပ်စု အကင်ဆိုင်ထိုင်လျှင် စွဲလန်းနေကျ အစားအသောက်တွေကို တယောက်နှင့်တယောက် သိနေကြပြီမို့ အကင်တွေဆီ သွားကြည့်စရာမလို။ တယောက်ယောက်က နောက်ကျလျှင်လည်း ထိုတယောက်စားနေကျ အစားက ဘာလဲဟု ကျန်လူတွေက သိပြီးသားမို့ သူ့အတွက် မှာထားပေးလို့ ရသည်။ ကျွန်မနှင့် နီနီခက် နှစ်ယောက်စလုံးပါလျှင် မာလာဟင်းနှင့် ငါးကင်ကိုသာ မှာပေးထားပေတော့။ ကိုပီတာ မလာသေးလျှင်လည်း သူက ၀က်လျှာတို့ ၀က်သားပြားတို့ ကြိုက်တာမို့ သူ့အတွက် ကြိုမှာပေးထားပေတော့။ အာလူးကင်ပါမည်။ ရုံးပတီကင်ပါမည်။ ပြောင်းဖူးကင်ပါမည်။ ငါးဖယ်ဆုပ်ပြားကင် ပါမည်။ ဒါတွေပါပဲ။ တခါတခါ ထမင်းမစားလိုလျှင် ခေါပုတ်ကင် မှာမည်။ ဒီလောက် နေသားကျနေသည့် အကင်တွေကို မစားရဘူးဆိုလျှင်တော့ မလွယ်လှပေ။ သို့သော် ကျွန်မတို့ ကင်ဆာကို သေမင်းအဖြစ် မရွေးလိုဘူးဆိုလျှင် ဒီလောက်တော့ ကိုယ့်ကိုယ်ကို ချုပ်တည်းရပေမည်။

၇။ ဝဖြိုးခြင်းကို အစားအသောက် ရှောင်ကြဉ်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြင့် လျှော့ချပါ။ ကိုယ် လုံးကို မိမိအရပ်နှင့် လိုက်လျောညီထွေဖြစ်သည့် အလေးချိန်ထက် မပိုပါစေနှင့်။
ကဲ ကြည့်ရအောင်။ ကျွန်မက အရပ်ပုသည်။ ငါးပေတောင် မပြည့်သည့် အရပ်။ အတိအကျ ပြောရလျှင် လေးပေနှင့် ဆယ့်တစ်လက်မပဲ ရှိသည်။ ကျွန်မကိုယ်အလေးချိန်က ပေါင် ၁၀၀ နှင့် ၁၀၅ ပေါင်ကြားမှာ ပြေးနေသည်။ အရပ်လေးပေ ဆယ့်တလက်မ ရှိသူအတွက် ကိုယ်အလေးချိန်က ၉၄ ပေါင်နှင့် ၁၁၄ ပေါင် ကြားမှာ ရှိရမည်တဲ့။ သည်တော့ ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန် အကန့်အသတ်ထဲမှာပဲ ရှိနေသည်။ မဆိုးလှပါပေါ့။ သို့သော် ကျွန်မကိုယ် ကျွန်မ ဝနေသည်ဟု ခံစားရသည်။ ဘာဖြစ်လိုလဲဆိုတော့ ငယ်စဉ်က ကျွန်မက ကိုယ့်အရပ်နှင့် ကိုက်ညီသည့် ကိုယ်အလေးချိန် သတ်မှတ်ချက် အနည်းဆုံး အဆင့်အနေနှင့် ၉၆ ပေါင် ဖြစ်ခဲ့သည်။ ယခုအခါ ပိုပိုပြီး ၀လာသည်မို့ ပေါင်ချိန် မလွန်သေးပေမယ့် သိပ်မကောင်းပါ။ သည်တော့ အစားအသောက် ရှောင်ကြဉ်ခြင်း ပြုလုပ်ရမည်။ လေ့ကျင့်ခန်း လုပ်ရမည်။
လေ့ကျင့်ခန်း လုပ်ဖို့ဆိုတာ ပြောတော့ လွယ်ပေမယ့် တကယ်မှန်မှန် စနစ်ကျကျ လုပ်ဖို့ မလွယ်ပါ။ အထူးသဖြင့် အားကစားလေ့ကျင့်သည့် ဌာနတွေသို့ မသွားပဲ ကိုယ့်အိမ်မှာ ကိုယ်လုပ်လို့ကတော့ ပျက်တရက် လုပ်တရက်ပါပဲ။ ကျွန်မ လေ့ကျင့်ခန်းလုပ်သည်ဟု ပြောလို့ရသော်လည်း ကိုယ်အလေးချိန် လျှော့ချဖို့အတွက် တကယ်မလုပ်ဖြစ်သေးပါ။ ကျွန်မနေ့စဉ်လုပ်သည့် လေ့ကျင့်ခန်းက အရိုးကျီးပေါင်းတက်ရောဂါကို ကာကွယ်ကုသသည့် လေ့ကျင့်ခန်းမျိုးသာ ဖြစ်နေသေးသည်။ အဓိကကတော့ ဇက်လေ့ကျင့်ခန်း၊ လည်ပင်း လေ့ကျင့်ခန်းပေါ့။ ဒါကလည်း နေမထိ ထိုင်မသာ နောက်ကျောတက်လာသည့်အခါမှာ ကျွန်မဆရာမ မမတူးကို သွားတိုင်ပင်တော့ မမက ဘာဆေးမှ မပေးပဲ လေ့ကျင့်ခန်းလုပ်ခိုင်းရာက စခဲ့၏။ နံနက်တိုင်း မှန်မှန် လေ့ကျင့်ခန်းလုပ်လို့ နေထိုင်ကောင်းလာသည့်အရသာကို ကျွန်မ သဘောကျသွားပြီး ဆက်လက် လှုပ်ရှားနေမိတာ ဖြစ်သည်။ ကိုယ်အလေးချိန်ချဖို့ လေ့ကျင့်ခန်းကို အခုထိ မလုပ်ဖြစ်သေးပါ။ စလုပ်ဖို့ကို နေ့ရွှေ့ ညရွှေ့ ရွှေ့နေဆဲ။
လေ့ကျင့်ခန်းတွေမှာ ကျွန်မတို့အတွက် အခြေခံ လိုအပ်သည့် နှလုံးနှင့် အဆုပ်တို့ကို သန်စွမ်းစေသည့် လေ့ကျင့်ခန်းတွေကိုပဲ ရွေးပါဦးတော့။ ကိုယ်၏ ကြွက်သား အကြီးစားများ ပါ၀င်စေသည့် လေ့ကျင့်ခန်းမျိုးတွေပေါ့။ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ လှေလှော်ခြင်း၊ စကီးစီးခြင်း၊ လက်ဝှေ့ထိုးခြင်း၊ ကြိုးခုန်ခြင်း တဲ့။ ဘောလီဘောကစားခြင်း၊ ဘတ်စကက်ဘောကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း။
အလိုလေး။ အဲဒီ အမျိုးအစားတွေမှာ ကျွန်မလုပ်နိုင်တာက ဘယ်နှမျိုးပါလိမ့်။ စက်ဘီးလုံး၀ မစီးတတ်သည့် ကျွန်မအတွက် တကယ်ကို နစ်နာပါလား။ စက်ဘီးစီး လေ့ကျင့်ခန်းကို တကယ့်လမ်းပေါ်မှာ၊ ကန်စောင်းမှာ လေကိုပြင်းပြင်းရှုရင်း မပြုလုပ်နိုင်တော့ဘူးပေါ့။ ကျွန်မ ကိုးတန်းနှစ်က အစ်ကို သင်ပေးလို့ စက်ဘီးစီး သင်ခဲ့ဖူးပါ၏။ ကျွန်မက နာကျင်မှာကို အလွန်ကြောက်တတ်လို့ ကစားတာတောင် ပြေးလွှားပြီးကစားသည့် နည်းကို ရှောင်ခဲ့သူ။ ဘယ်တတ်မလဲ။ လုံး၀ကို မတတ်ခဲ့ပါ။ ညီမတွေ တတ်သွားသော်လည်း ကျွန်မ မတတ်ခဲ့ပါ။ အခု အသက်ကြီးတော့မှ တခါတခါ သူများတွေကို အားကျပြီး စက်ဘီးစီးချင်စိတ် ပေါ်လာသည်။ ကိုယ်စီးလျှင် မလဲမည့် စက်ဘီးမျိုးဖြင့် သင်ယူချင်သည်။ ကိုယ့်အရပ်နှင့် လိုက်လျောညီထွေ ဖြစ်မည့်၊ မလဲအောင်လည်း ဘေးက နေ ဘီးသေးသေးလေးတွေဖြင့် ထပ်ဆင့်ကာကွယ် ထောက်ပင့်ပေးထားမည့် (အဲဒါမျိုး ရှိ မရှိတော့ မသိပါ) စက်ဘီးမျိုးဖြင့် သင်ယူချင်သည်။ အဲဒီလို စက်ဘီးမျိုး ရှိခဲ့လျှင် တစီးလောက် ၀ယ်နိုင်အောင်တော့ ကျွန်မ ငွေကြေးနိုင်နင်းပါပြီ။ သို့သော် မတော်တဆ လဲပြုသွားလျှင် အရိုးကျိုးဖို့ ရာနှုန်းက တော်တော်များနေသည့် အသက်အရွယ်။ အရိုးပွသည့် ဒီဂရီက များနေခဲ့မလားဟု သွေးစစ်ကြည့်တော့ ပုံမှန်ပဲ။ ငါ စက်ဘီးစီးလို့ ရသေးတယ်ထင်ပါရဲ့။ သို့သော် မတော်တဆ ချွတ်ခနဲ အရိုးကျိုးသွားလျှင် ကျော်မကောင်း ကြားမကောင်း။ မဖြစ်သေးပါဘူး။ ဒီခေတ်မှာ တကယ်မစီးဘဲ စက်ဘီးစီး လေ့ကျင့်ခန်းလုပ်ဖို့ ကရိယာတွေ တီထွင်ထားတာပဲ။ စိတ်ဓါတ်ကျစရာမလို။ စျေးတော့ ပိုကြီးမလား။ မထူးပါဘူး။ တကယ့်စက်ဘီးလဲ အကောင်းစားဆိုလျှင် သိန်းဂဏန်း တော်တော်ကျော်အောင် ပေးရတာပဲ။ စက်ကိုပဲ ၀ယ်တော့မှာပေါ့။ စက်ဘီးစီး သည့် စက်က ဘယ်လောက်လဲ ကျွန်မ မသိဘူးနော်။
ကဲ ထပ်ရှာပါဦး။ ကျွန်မ လုပ်နိုင်သည့် လေ့ကျင့်ခန်း ဘာရှိသေးလဲ။ ရေကူးခြင်း။ လုံး၀ မဖြစ်နိုင်တော့တာ မဟုတ်။ ကျွန်မသည် ရေပေါ်ပေါ်အောင် ခြေကို ခပ်တတ်ပါ၏။ ဖော့ပြားကလေးသာ လက်က ပိုက်ထားခွင့် ရမည်ဆိုလျှင် ရေကူးကန်ထဲမှာ နာရီပိုင်းမျှ ကြာအောင် ကူးနိုင်ပါ၏။ ကျွန်မက ရေကူးရင်းမှ အသက်မရှူတတ်ပဲ။ ဖော့ပြားနှင့်မှ အသက်ရှူဖို့ ရေပေါ် ပေါ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် တ၀က်တော့ ကူးတတ်သည်ဟု ကိုယ့်ကိုယ်ကို သာသာထိုးထိုး တွေးသည်။ အဲ နေဦး။ ရေကူးလေ့ကျင့်ခန်းက ဖော့တုံးပါလျှင် တ၀က်ပဲရမည်။ ဖော့တုံးကို လက်က ဆန့်လျက်သား ကိုင်ထားတာမို့ လက်လေ့ကျင့်ခန်း မပါသလောက်ပဲ။ ခြေထောက်ချည်းပဲ လှုပ်ခတ်နေရတာ။ ဒါဆိုလျှင် အကျိုးကျေးဇူးလည်း တ၀က်လောက်ပဲ ရမှာ။ အဖြစ်သေးပါဘူး။
ထပ်ရှာကြည့်တော့ ပြေးခြင်းတဲ့။ အဲဒါ အကောင်းဆုံးပါပဲ။ ကျွန်မအတွက် အသင့်တော်ဆုံးပါပဲ။ ကျွန်မ ပြေးနိုင်သည်။ လွတ်လွတ်လပ်လပ် ပြေးနိုင်သည်။ သင်ယူနေစရာ မလို။ မွေးကတည်းက ပြေးလာခဲ့တာ။ ခြေလက်အကောင်းကြီးတွေ ရှိနေတုန်းကို ပြေးမှ။
နှလုံးကြွက်သားနှင့် အသက်ရှူကြွက်သားတွေ ကောင်းအောင်လေ့ကျင့်ခန်း လုပ်ရမည်။ လမ်းလျှောက်ရမည်။ ပြေးရမည်။ အင်း ကြိုးလဲ ခုန်နိုင်သေးတာပဲ။
အားမလျှော့ပါဘူး။ သေမင်းကို မရွေးကောင်းပေမယ့် ရွေးလို့လည်း မရပေမယ့် ကိုယ်မရွေးချင်သည့် သေမင်းတွေနဲ့ ဝေးဖိုတော့ ကျွန်မ အင်အားစိုက်ထုတ် အပင်ပန်းခံ သင့်တာပေါ့နော်။

-----------------

ဂျူး
{ကလျာမဂ္ဂဇင်း၊ ၂၀၀၉ ဒီဇင်ဘာ

Address


Website

Alerts

Be the first to know and let us send you an email when Crown TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

  • Want your business to be the top-listed Media Company?

Share