The Standard Time Daily

  • Home
  • The Standard Time Daily

The Standard Time Daily The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
(1917)

စံတော်ချိန်နေ့စဉ်သတင်းစာ၏ အမှတ်တံဆိပ် Logoအားခွင့်ပြုချက်မရှိပဲသုံးစွဲပါကတည်ဆဲဥပဒေ
သိပေးအပ်ပါသည်။

◾️မြစ်ငယ်၌ စာသင်ခန်းအတွင်း ဓားဖြင့်ထိုးမှုဖြစ်၊ ကျောင်းသူနှစ်ဦး ကျောင်းသားတစ်ဦးဒဏ်ရာရမန္တလေးတိုင်း၊ အမရပူရမြို့နယ်၊မြစ်...
23/10/2025

◾️မြစ်ငယ်၌ စာသင်ခန်းအတွင်း ဓားဖြင့်ထိုးမှုဖြစ်၊ ကျောင်းသူနှစ်ဦး ကျောင်းသားတစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊မြစ်ငယ်မြို့ရှိအထက်တန်းကျောင်း၌ စာသင်ခန်းအတွင်း လည်ပင်းညှစ်၍ ဓားဖြင့်ထိုးမှု ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်) နေ့လယ်ပိုင်းတွင်ဖြစ်ပွားခဲ့ပြီး ကျောင်းသူနှစ်ဦး ကျောင်းသားတစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အသက် (၁၇)နှစ်အရွယ် လူငယ်တစ်ဦးသည် ၎င်း၏ညီမဖြစ်သူအား အချိုရည်ဘူးပေးမည်ဟုဆိုကာ စာသင်ကျောင်းအတွင်းဝင်ရောက်ခဲ့ပြီး Grad 11 (ဝိဇ္ဇာတွဲ) စာသင်ခန်းသို့ဝင်ရောက်ကာ စာသင်ခန်းအတွင်းရှိ ကျောင်းသူတစ်ဦးအားလည်ပင်းညှစ်၍ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။

"လည်ပင်းနဲ့ရင်ဘတ်ထိုးခံရတဲ့ကောင််မလေးကစိုးရိမ်ရပြီး ဘေးကဝင်တားတဲ့ သူ့သူငယ်ချင်းကောင်လေးနဲ့ကောင်မလေးလည်း ဒဏ်ရာရကြတယ်။ ထိုးတဲ့လူက ယောင်္ကျားလေးလား မိန်းကလေးလားသေချာမသိဘူး။ အမျိုးမျိုးပြောနေကြတာ။ အခုထိ မမိသေးဘူးလို့ပြောတယ်" ဟု ဒေသခံတစ်ဦးကပြောသည်
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သွားရောက်ကူညီခဲ့သည့် မြစ်ငယ်မြို့ကြက်ခြေနီအသင်းအား စံတော်ချိန်ဒစ်ဂျစ်တယ်မှဆက်သွယ်မေးမြန်းရာ လက်ရှိအချိန်ထိ ဖုန်းဖြေဆိုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်တွင်လည်း တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ အမှတ်(၃) အခြေခံပညာ
အထက်တန်းကျောင်း၌ Grade-9 ကျောင်းသားတစ်ဦးကို အခန်းဖော် ကျောင်းသားမှ စာသင်ခန်းအတွင်းဝင်ရောက်၍ ပေါက်တူးရိုးဖြင့်ရိုက်နှက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - CJ
#ပြည်တွင်းသတင်း

 #မနက်ဖြန်ထွက်မယ့်သတင်းစာမှာ_ဒါတွေပါမယ်မနက်ဖြန်ထွက်မယ့် စံတော်ချိန်သတင်းစာမှာ နောက်ဆုံးရ နိုင် ငံတကာသတင်း၊ ပြည်တွင်းသတင်...
23/10/2025

#မနက်ဖြန်ထွက်မယ့်သတင်းစာမှာ_ဒါတွေပါမယ်

မနက်ဖြန်ထွက်မယ့် စံတော်ချိန်သတင်းစာမှာ နောက်ဆုံးရ နိုင် ငံတကာသတင်း၊ ပြည်တွင်းသတင်းနဲ့ အားကစားသတင်းတွေအပြင် ဒီဆရာတွေရဲ့ ဒီဆောင်းပါးတွေ ဒီကဏ္ဍတွေ ပါပါမယ်။

◾️ပါဘလို ပီကာဆိုသူသည် ပန်းချီစုတ်တံကို ကိုင်ဆွဲသူတစ်ဦးမျှသာ မဟုတ်။ အစဉ်အလာကို ဖြိုချသူ၊အသစ်ကို ထူထောင်သူ၊ (Modern Art) ခ...
23/10/2025

◾️ပါဘလို ပီကာဆို

သူသည် ပန်းချီစုတ်တံကို ကိုင်ဆွဲသူတစ်ဦးမျှသာ မဟုတ်။ အစဉ်အလာကို ဖြိုချသူ၊အသစ်ကို ထူထောင်သူ၊ (Modern Art) ခေတ်သစ်ပန်းချီ ဖခင်တစ်ဦးဖြစ်ပြီး မရပ်မနား တီထွင်ဖန်တီးလိုစိတ် ပြင်းပြသူဖြစ်သည်။

သူ၏ဘ၀နှင့်အနုပညာသည် ရာစုနှစ်တစ်ခု၏ ဇာတ်လမ်းကိုပြန်လည်ပြောပြနေသည့် မှတ်တမ်း တစ်စောင်ဖြစ်ပြီး ထိုမှတ်တမ်း၏ စာမျက်နှာတိုင်းသည်ဆန်းကြယ်မှု၊ သစ်လွင်သောစိတ်ခံစားမှု နှင့် မယုံကြည်နိုင်ဖွယ် ပါရမီတို့ဖြင့် ထုံမွမ်းနေခဲ့သည်။

ထိုပါရမီရှင်၏အရုဏ်ဦးသည်ကား ၁၈၈၁ခုနှစ် အောက်တိုဘာ ၂၅ ရက်က စပိန်နိုင်ငံတောင်ပိုင်း အန်ဒါလူရှားနယ်၏ နေရောင် ခြည်အောက်၌ ရွှန်းလဲ့နေသော မာလာဂါမြို့လေးတွင်ပီကာဆိုကို ဖွားမြင်ခဲ့သည်။

သူ၏ဖခင်မှာ ပန်းချီဆရာနှင့် အနုပညာကျောင်းဆရာတစ်ဦးဖြစ်သူဒွန်ဟိုဆေး ရူးအိဇ်ဘလက်စကို (Don Jose Ruizy Blasco) ဖြစ်သည်။ပီကာဆို၏ ပါရမီသည် အရွယ်မတိုင်မီကပင် အရောင်တင်ထားသော စိန်ပွင့်တစ်ပွင့်နှယ်လင်းလက်ခဲ့သည်။

ပီကာဆို (Picasso)၏ နာမည်ရှေ့ဆုံးစကားလုံးဖြစ်သည့် ‘piz’ သည် စပိန်ဘာသာစကားဖြင့် ‘ခဲတံ’ဟု အဓိပ္ပာယ်ရသော ‘lapiz’ဟူသည့်စကားလုံးမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ အသက် (၁၃) နှစ်အရွယ်တွင် သူ၏စွမ်းရည်သည် မိဘဖြစ်သူ၏အရိပ်ကိုပင် ကျော်လွန်သွားခဲ့သည်။

ထိုစဉ်က ဖြစ်ရပ်လေးမှာဒဏ္ဍာရီတစ်ခုပမာပင်။တစ်ညတွင် သူ၏ဖခင်သည် ခိုတစ်ကောင်၏ ခြေထောက် ကို ပုံကြမ်းရေးဆွဲနေရာမှအပြင်သို့ ခဏထွက်သွားခဲ့သည်။ ပီကာဆိုလေးက ထိုပုံကြမ်းကို အသက်ဝင် လှပလွန်းသောအသွေးအသားနှင့် သက်ရှိဟုပင် ထင်မှတ်မှားလောက်သည့် ခိုတစ်ကောင်အဖြစ် ပြီးအောင်ရေးဆွဲလိုက်သည်။

သူ၏ဖခင် ပြန်ရောက်လာပြီး ထိုပန်းချီကားကို မြင်သောအခါ မိမိ၏သားတော်မောင်သည် မိမိထက် သာလွန်သွားပြီဖြစ်ကြောင်းကိုအံ့ဩစွာ သိမြင်ကာ သူ၏ ပန်းချီ စုတ်တံများနှင့်ဆေးခွက်များကို ပီကာဆို အား ပေးအပ်ပြီးနောက်ပိုင်း ပန်းချီမဆွဲတော့ဟု ဆိုကြသည်။

သူ၏ လူငယ်ဘ၀လက်ရာများဖြစ်သော ‘ပထမဆုံး ကိုယ်တော်မြတ်ပွဲ’ (The First Communion) နှင့် ‘သိပ္ပံနှင့် ကရုဏာ’ (Science and Charity) ကဲ့သို့သော ပန်းချီကားများသည် သူ့အသက်အရွယ်နှင့် မလိုက်အောင် ထူးချွန်ပြောင်မြောက်လှသည်။

ထိုပန်းချီကားများတွင် ရေးဆွဲထားသော အလင်းအမှောင်၊ ခန္ဓာဗေဒကျနမှုနှင့် အသေးစိတ်ကျမှုတို့သည် ဂန္ထဝင် ပန်းချီဆရာကြီးတစ်ဦး၏ လက်ရာများနှယ် ဖြစ်သည်။၁၉၀၀ ပြည့်နှစ်များအစောပိုင်းတွင် ပီကာဆိုသည် အနုပညာ၏ မြို့တော်ဖြစ်သော ပါရီသို့ပြောင်းရွှေ့ခဲ့သည်။

ထိုမြို့သည် သူ၏ အနုပညာကို ပုံသွင်းမည့် အရပ်ဖြစ်သလို သူ၏ဘ၀ကိုလည်းထုဆစ်မည့် ပတ်ဝန်းကျင် တစ်ခု ဖြစ်ခဲ့သည်။ပါရီရှိ အစောပိုင်းကာလများသည် ဆင်းရဲမွဲတေမှု၊ အထီးကျန်မှုတို့ဖြင့် ပြည့်နှက် နေခဲ့သည်။

သူ၏ အချစ်ဆုံးသူငယ်ချင်း ကားလို့စ်ကာဆာဂေးမားစ် (Carlos Casagemas) ၏ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုသည် ပီကာဆို၏စိတ်နှလုံးကို ထိခိုက်စေခဲ့ပြီး ထိုဝေဒနာသည် သူ၏ ပန်းချီကားများပေါ်သို့ စီးဆင်းလာခဲ့သည်။

ဤကာလကို ‘အပြာရောင်ခေတ်’ (Blue Period) ဟု ခေါ်တွင်ခဲ့သည်။ သူ၏ ပန်းချီကားများသည် အပြာရောင်နှင့် အစိမ်းရောင်တို့၏အေးစက်သော အရိပ်များဖြင့် လွှမ်းခြုံနေခဲ့ပြီးမျက်မမြင်များ၊ တောင်းရမ်းစားသောက်သူများ၊အကျဉ်းသားများနှင့် ဆင်းရဲနွမ်းပါးသူများ၏ပုံရိပ်များကိုသာ ရေးဆွဲ ခဲ့သည်။

ဤသည်မှာ သူ၏ ပုဂ္ဂိုလ်ရေးဝေဒနာကိုကမ္ဘာကြီး၏ ဝေဒနာနှင့် ပေါင်းစပ်ဖော်ကျူးလိုက်ခြင်းပင် ဖြစ်သည်။ ထိုပန်းချီကားများမှတစ်ဆင့် ကြည့်ရှုသူသည် ပျော်ရွှင်မှုကို မဟုတ်ဘဲ လူသားတို့၏ နက်ရှိုင်းသော ပူဆွေးသောကနှင့် ဝိညာဉ်၏ အအေးဓာတ်ကို ခံစားရပေမည်။

သို့သော် ပီကာဆို၏ စိတ်ဓာတ်သည် ကြာရှည်စွာ နစ်မွန်းမနေခဲ့ပါ။ ဖာနန်ဒီအိုလီဗီယာ (Fernande Olivier) နှင့်တွေ့ဆုံပြီးနောက် သူ၏ဘ၀ထဲသို့အချစ်နှင့်နွေးထွေးမှုတို့ ဝင်ရောက်လာခဲ့သည်။ သူ၏ စုတ်ချက်များသည်လည်း ပြောင်းလဲလာခဲ့သည်။

အေးစက်သော အပြာရောင်နေရာတွင် ပန်းရောင်၊ လိမ္မော်ရောင်နှင့် မြေနီရောင်တို့က နေရာယူလာ ခဲ့သည်။ ဤကာလကို ‘နှင်းဆီရောင်ခေတ်’ (Rose Period)ဟု ခေါ်သည်။ သူသည် ဆပ်ကပ်ပွဲမှ လူပြက်များ၊ မျက်လှည့်ဆရာများနှင့် ကချေသည်များကိုရေးဆွဲခဲ့သည်။

သူ၏ ဇာတ်ကောင်များသည် ဆင်းရဲနေဆဲဖြစ်သော်လည်း၊သူတို့၏ မျက်နှာများတွင် အထီးကျန် ဆန်သော ဂုဏ်သိက္ခာနှင့်အတွေးနက်နက်တို့ ရှိနေခဲ့သည်။ပီကာဆိုသည် မည်သည့်အခါမျှ အခြေအနေတစ်ခုတည်းတွင် ရပ်တန့်နေသူမဟုတ်။

သူ၏ဖန်တီးလိုစိတ်သည် အမြဲတစေရှေ့သို့သာ တိုးဝင်နေခဲ့သည်။ ၁၉၀၇ ခုနှစ်တွင်သူသည် အနုပညာ လောကကို အမြစ်ကနေလှုပ်ခါပစ်မည့် ပန်းချီကားတစ်ချပ်ကို ရေးဆွဲခဲ့သည်။
ထိုပန်းချီကားမှာ ‘အာဗီညွန်မြို့မှ မိန်းမပျိုများ’(Les Demoiselles d’Avignon) ဖြစ်သည်။ ထိုပန်းချီကား သည် အလှတရား၏ စံနှုန်းများ အားလုံးကို ပြိုင်ဘက်ကင်းသော အမြင်အာရုံတွေအပေါ် စိန်ခေါ်လိုက် ခြင်းပင် ဖြစ်သည်။

ရိုးရာအမြင်ဖြစ်သော ရှုထောင့်တစ်ခုတည်းမှ ကြည့်ခြင်းကို စွန့်ပယ်ပြီး၊ အရာဝတ္ထုတစ်ခုကို ရှုထောင့် မျိုးစုံမှ တစ်ပြိုင်နက်တည်းမြင်နိုင်ရန် ကြိုးစားခဲ့သည်။အမျိုးသမီးငါးဦး၏ ခန္ဓာကိုယ်များသည် ကျိုးပဲ့ နေသော မှန်စများကဲ့သို့ ထောင့်ချိုးများ၊ပြားချပ်သော မျက်နှာပြင်များဖြင့် ပြည့်နေပြီးသူတို့၏ မျက်နှာ များသည် အာဖရိ ကမျက်နှာဖုံးများ၏ အရိုင်းဆန်သောစွမ်းအားကို ဆောင်ယူထားသည်။

ထိုပန်းချီကားသည် ‘ကျူဘစ်ဇင်’ (Cubism) ဟုခေါ်သော အနုပညာ၏ ရှေ့ပြေးနိမိတ်ဖြစ်ခဲ့သည်။ ပီကာဆိုသည် ကျူဘစ်ဇင်(Cubism) ဖြင့် အနုပညာ၏ အပြင်ပန်းပုံသဏ္ဌာန်ကို ပြန်လည်တည်ဆောက် ပြီးနောက် လူသားတို့၏ အတွင်းစိတ်ကမ္ဘာအိပ်မက်များနှင့် မသိစိတ်၏ နက်ရှိုင်းသောအမှောင်ထုကို စူးစမ်းလေ့လာရန်စိတ်အားထက်သန်လာခဲ့သည်။

၁၉၂၀ ပြည့်နှစ်များတွင် ဥရောပ၌ ဆစ်ဂမန်ဖရွိက် (Sidmund Freud)၏ သီအိုရီများ လွှမ်းမိုးလာပြီး အလိုအလျောက်ရေးဆွဲခြင်း အိပ်မက်များကိုပုံဖော်ခြင်းတို့ဖြင့် ထင်ရှားသော ဆာရီယယ်လစ်ဇင် (Surrealism) အနုပညာတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။

ပီကာဆိုသည် ထိုအုပ်စုတွင် အဖွဲ့ဝင်တစ်ဦးမဖြစ်ခဲ့သော်လည်း သူ၏ အနုပညာသည် ဆာရီယယ်လစ်ဇင် ၏ အနှစ်သာရများနှင့် နက်ရှိုင်းစွာ ထိတွေ့ဆက်စပ်နေခဲ့သည်။ဤကာလတွင် သူ၏ဘ၀ထဲသို့ မာရီ-ထရီစ်ဝေါလ်တာ (Marie-Therese Walter) အမည်ရှိ အမျိုးသမီးကလေးတစ်ဦး ဝင်ရောက်လာခဲ့ပြီးသူမသည် ပီကာဆို၏ အရေးအကြီးဆုံးသော စိတ်စွမ်းအားရှင် (Muse) များထဲမှတစ်ဦးဖြစ်လာခဲ့သည်။ သူမ၏ နုပျိုမှု၊ လှပမှုတို့သည် ပီကာဆို၏ ပန်းချီကားများထဲတွင် ပုံစံအသစ်များဖြင့် ပေါ်ထွက်လာခဲ့သည်။

သူ၏ စုတ်ချက်များသည်နူးညံ့ပျော့ပျောင်းလာပြီး ကွေးကောက်သော မျဉ်းကြောင်းများ၊ တောက်ပသော အရောင်များကို အသုံးပြုကာ သူမ၏ ပုံတူများကို အိပ်မက်ဆန်ဆန် ရေးဆွဲခဲ့သည်။အထူးသဖြင့် ပီကာဆို သည် မိမိကိုယ်ကို ကိုယ်စားပြုရန် ဂရိဒဏ္ဍာရီလာနွားဦးခေါင်းနှင့် ဦးချိုပါသည့် လူတစ်ပိုင်း၊ သတ္တဝါ တစ်ပိုင်းဖြစ်သော ‘မီနိုတော’(Minotaur) ပုံရိပ်ကို အထပ်ထပ် အခါခါ အသုံးပြုခဲ့သည်။

မီနိုတောသည် ပီကာဆို၏ ဒုတိယ ကိုယ်ပွားတစ်ခုသဖွယ် ဖြစ်ခဲ့သည်။ ၎င်းသည် သူ၏ စပိန်နွယ်ဖွား ဟန်၊ သူ၏ ပြင်းထန်သော ယောက်ျားပီသမှု၊ တီထွင် ဖန်တီးလိုစိတ်နှင့် ဖျက်ဆီးလိုစိတ်တို့အကြားက လွန်ဆွဲမှုကို ကိုယ်စားပြုသည်။

၁၉၃၀ ပြည့်နှစ်များတွင်သူရေးဆွဲခဲ့သော ‘ဗော်လတ် ပုံနှိပ်ပန်းချီ အတွဲ’ (Vollard Suite) တွင် မီနိုတော သည် အဓိကဇာတ်ကောင်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ရက်စက်ကြမ်းကြုတ်သောသားရဲတစ်ကောင်အဖြစ်၊ တစ်ခါတစ်ရံတွင် မျက်မမြင်ဖြစ်ကာ ဒုက္ခိတတစ်ဦးအဖြစ် သနားစဖွယ် ပုံဖော်ထားသည်။

ဤသည်မှာ ပီကာဆိုက သူ၏အတွင်းစိတ်ရှုပ်ထွေးမှုများ၊ အချစ်၊ အမုန်းနှင့် အနုပညာ ဖန်တီးမှု၏ ဝေဒနာတို့ကိုဒဏ္ဍာရီတစ်ခုမှတစ်ဆင့် ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။ပီကာဆိုသည် အသက် (၉၁) နှစ်အထိ အသက်ရှည်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး ပန်းချီပန်းပုအနုပညာရှင်ကြီးအဖြစ် ရာဇဝင်တွင် ခဲ့ပေသည်။

သူသည် ၁၉၇၃ခုနှစ် ဧပြီ ၈ရက်တွင် ပြင်သစ်နိုင်ငံ မိုဂျင်း (Mougins) မြို့ရှိ စံအိမ်ကြီးမှာပင် ကွယ်လွန် ခဲ့ပြီး သူ၏ ဘ၀နောက်ဆုံးနေ့ရက်များအထိ ဖန်တီးမှုကို မည်သည့်အခါမှ မရပ်တန့်ခဲ့ပေ။သူသည် ပန်းချီ တစ်ခုတည်းတွင်သာ ကျင်လည်ခဲ့သည်မဟုတ်။

ပန်းပု၊ကြွေထည်၊ ပုံနှိပ်ပန်းချီနှင့် ပြဇာတ် ဒီဇိုင်းများအထိ သူ့လက်နှင့် မထိတွေ့သောအနုပညာဟူ၍ မရှိသလောက်ပင်။ ကမ္ဘာပေါ်တွင် သူ၏ ဖန်တီးမှုစွမ်းအားသည်မကုန်ခန်းနိုင်သော မီးတောင်တစ်ခုနှင့် တူသည်။ သူ၏ ပုဂ္ဂိုလ်ရေးဘ၀သည်လည်းသူ့ အနုပညာကဲ့သို့ပင် ပြင်းထန်ပြီး ရှုပ်ထွေးခဲ့သည်။

နိဂုံးချုပ်ရလျှင် ပါဘလို ပီကာဆိုသည် ပန်းချီဆရာတစ်ဦးထက် များစွာပိုခဲ့သည်။ သူက “ကျွန်တော်ဟာ ရှာဖွေနေတာ မဟုတ်ဘူး၊ တွေ့ရှိ နေတာ”ဟုတစ်ခါက ပြောခဲ့သည်။ သူတွေ့ရှိခဲ့သည်မှာ အနုပညာ အတွက် လမ်းသစ်များ၊ဘာသာစကားအသစ်များနှင့် ဖြစ်နိုင်ခြေအသစ်များပင် ဖြစ်သည်။

သူ၏ အမွေအနှစ်သည် ပြတိုက်နံရံများပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားများတွင်သာ ရှိနေသည် မဟုတ်ဘဲ သူ၏နောက်တွင် ပေါ်ပေါက်လာသော အနုပညာရှင်မျိုးဆက် တိုင်း၏ အတွေးအခေါ် နှင့် အမြင်များထဲတွင် သက်ဝင်စီးမျောနေဆဲဖြစ်သည်။

ကိုးကား- (၁) https://my.wikipedia.org/wiki/ပီကာဆို
(၂) https://www.theartstory.org/artist/picasso-pablo/

ရေး-မမမီ(ရန်ကုန်တက္ကသိုလ်)

23/10/2025

◾️အင်စီလေးဒပ်စ် ဂြိုဟ်ရံလပေါ်မှာ သက်ရှိတွေရှင်သန်နိုင်သလား

◾️စာအုပ်များနှင့် ကျွန်တော်အောက်တိုဘာ ၅ ရက်က ရဟန်းစာဆိုဆရာတော် တက္ကသိုလ်တေဇာလင်း၏ဘာ၀နာဂုဏ်ရည် ဓမ္မရိပ်သာကျောင်း၌ကျင်းပသည...
23/10/2025

◾️စာအုပ်များနှင့် ကျွန်တော်

အောက်တိုဘာ ၅ ရက်က ရဟန်းစာဆိုဆရာတော် တက္ကသိုလ်တေဇာလင်း၏ဘာ၀နာဂုဏ်ရည် ဓမ္မရိပ်သာကျောင်း၌ကျင်းပသည့် ကွယ်လွန်သူ မိတ်ဆွေစာရေးဆရာသင့်နော်(ကိုသန်းဌေး) ဥတ္တရလွင်ပြင်၏ရက်လည်ဆွမ်းသွတ်တရားနာပွဲကို ရောက်ဖြစ်သည်။

သူ့မိသားစုက ဖိတ်ကြားထားသဖြင့်မန္တလေးစာပေနယ်ပယ်မှ ရဟန်းစာဆိုများ၊စာရေးဆရာ၊ ကဗျာဆရာများနှင့် ဖိတ်ကြားထားသည့် မိတ်ဆွေအတော်များများလာသည်ကို တွေ့ရသည်။
ထိုနေ့က ဤကျောင်းမှာပင် ပြင်ဦးလွင်မြို့နယ် လက်ပံကုန်းကျေးရွာရှိ ဓမ္မရက္ခိတဝိဟာရ စာကြည့်တိုက်ကျောင်းမှ စာကြည့်တိုက်ဆရာတော် အရှင်ဓမ္မာနန္ဒအား ကျွန်တော့်ကိုယ်ပိုင် မဂ္ဂဇင်းစာအုပ်ငါးမျိုး အုပ်ရေ၂၇၆ အုပ် လှူဒါန်းဖြစ်သည်။

ထိုနေ့မှာပင် ရက်လည်ဆွမ်းသွတ်တရားနာပွဲလာသူများထဲမှ ကျွန်တော်နှင့်ရင်းနှီးသည့် စာရေးဆရာ၊ ကဗျာဆရာများကသူတို့ ရေးထားသည့်ဝတ္ထု၊ ဆောင်းပါး စာအုပ်များကို ကျွန်တော့်အား လက်ဆောင်ပေးသည်။

ထိုနေ့က ကျွန်တော်သည် စာအုပ်ပေးလှူသူနှင့်စာအုပ်ရရှိသူ ဖြစ်မှန်းမသိ ဖြစ်သွားသည်။ ဓမ္မရက္ခိတ ဝိဟာရ စာကြည့်တိုက်ကျောင်းသို့လှူဒါန်းခဲ့သော မဂ္ဂဇင်းစာအုပ်များမှာ ကျွန်တော် လစဉ် ဝယ်ယူ ဖတ်ရှုခဲ့သောမဂ္ဂဇင်းစာအုပ်များထဲမှ မဟေသီမဂ္ဂဇင်း၁၂၂ အုပ်၊ ရှုမ၀မဂ္ဂဇင်း ၅၄ အုပ်၊ ချယ်ရီမဂ္ဂဇင်း၄၁ အုပ်၊ ပေဖူးလွှာမဂ္ဂဇင်း ၃၉ အုပ်နှင့် စန္ဒာရုပ်စုံ မဂ္ဂဇင်းအုပ်ရေ ၂၀ တို့ ဖြစ်သည်။

မဂ္ဂဇင်းစာအုပ်တွေက တစ်လတစ်ကြိမ်ထုတ်ဖြစ်၍ တစ်နှစ်တာအတွင်း လစဉ်ဝယ်ပါမှ ၁၂ အုပ်သာရသည်။ စာကြည့်တိုက်ကျောင်းသို့ ကျွန်တော်လှူလိုက်သည့် မဂ္ဂဇင်းစာအုပ်တွေထဲမှာ မဟေသီက ၁၂၂ အုပ်ဆိုတော့၁၀ နှစ်နှင့် နှစ်လစာ၊ ရှုမ၀က ၅၄ အုပ်ဆို တော့လေးနှစ်နှင့် ခြောက်လစာ၊ ချယ်ရီက ၄၁ အုပ်ဆိုတော့ သုံးနှစ်နှင့် ငါးလစာ၊ ပေဖူးလွှာက၃၉ အုပ်ဆိုတော့ သုံးနှစ်နှင့် သုံးလစာ၊ စန္ဒာကအုပ်ရေ ၂၀ ဆိုတော့ တစ်နှစ်နှင့်ရှစ်လစာဖြစ်သည်။

၁၉၈၀ ပြည့်နှစ်ကတည်းက လစဉ်ဝယ်ယူဖတ်ရှုခဲ့သော မဂ္ဂဇင်းများဖြစ်၍စာအုပ်များ၏ သက်တမ်း တွက်ကြည့်တော့နှစ် ၄၀ ရှိခဲ့ပြီ။ ရှားပါးစာရင်းဝင်မဂ္ဂဇင်းများဟုသတ်မှတ်နိုင်ပေပြီ။
ယခု လှူဒါန်းလိုက်သည့် မဂ္ဂဇင်းတွေမှာအနှစ်နှစ် အလလက ဝယ်ယူဖတ်ရှုခဲ့ပြီးအမြတ်တနိုး သိမ်းဆည်းထားခဲ့သည့်စိတ်ကြိုက်မဂ္ဂဇင်းများဖြစ်သည်။ စာအုပ်စင်ပေါ်မှာ နေရာတကျထားခဲ့သည့် စာအုပ်တွေဖြစ်သည်။

ဤစာအုပ်တွေကို ကျွန်တော့်အနေဖြင့် လွယ်လင့်တကူ မစွန့်ပစ်ရက်သလိုစာအုပ်ချစ်သူတစ်ဦးအနေဖြင့် နှမြောမိပါသည်။သို့သော် ထိုနေ့က လှူလိုက်သည့်မဂ္ဂဇင်းစာအုပ်များကို ပိုမိုအကျိုးရှိမည့် နေရာ တစ်နေရာသို့ ထိုက်ထိုက်တန်တန် အရောက်ပို့နိုင်ပြီဖြစ်၍ အတိုင်းမသိ ဝမ်းသာရပြန်သည်။

(၂)
ထိုနေ့က ကျွန်တော်ရခဲ့သည့် စာအုပ်တွေအကြောင်းပြောပါဦးမည်။ ကျွန်တော်ကမန္တလေးကို ယခင်ကလို မရောက်ဖြစ်တော့၍ယခုပွဲမှာ ကျွန်တော့်ကိုပေးဖို့ တကူးတကန့်ယူလာသူတွေပါသည်။

ဆရာနောင်(ရူပ)ကမန္တလေးတက္ကသိုလ် သမိုင်းမှတ်တိုင်များ(၁၉၂၅ -၂၀၂၅)နှင့် စွန့်လွှတ်ခြင်းရနံ့ မန္တလေး စာအုပ်၊ ဆရာဒီလှိုင်ဝင်း (မန္တလေး)က မိုးသီး၊မျိုးဆွေဦး (မာလဲနတ်တောင်)၊ ဒီလှိုင်ဝင်း(မန္တလေး)၊ မင်းဒဿ၊ ကိုစိုး(လက်လှုပ်)တို့ရေးသားသည့် ပဉ္စမံမြင်းရိုင်းတို့၏ ကကြိုးများဝတ္ထုတိုစာအုပ်၊ ကဗျာဆရာ ဥက္ကာကျော်ကသူ့အသက်(၆၀)ပြည့် မွေးနေ့အမှတ်တရထုတ်ဝေသည့် တန္တရလိပ်ပြာနှင့် ပုံဝတ္ထု ၁၀ပုဒ် စာအုပ်နှင့် ဘေသဇ္ဇမာလာ (၇ နှစ်ပြည့်)စာစောင်များ ဖြစ်သည်။

နောက်ထပ်ရရှိသည့်စာအုပ်နှစ်အုပ်က စာအုပ်အရောင်းဆိုင်များသို့ပင် မဖြန့်သေး။ စာရေးဆရာ စိုးဘားဒိုင်ကသူရေးသည့် ဝတ္ထုရှည်စာအုပ်နှင့် ဆရာဆေးတန်သားက ဂျာနယ်နှင့်သတင်းစာများမှာ ရေးသားခဲ့သော သဘင်ဆိုင်ရာဆောင်းပါးများကို စုစည်းထုတ်ဝေသည့် စာအုပ်တို့ဖြစ်သည်။

သူတို့က ကျွန်တော့်အတွက် တကူးတကန့်ယူလာကြကာ လက်ဆောင်ပေးကြခြင်းဖြစ်သည်။ ရရှိခဲ့သောစာအုပ်များကို ကဏ္ဍအလိုက်ခွဲထားသည့် ကျွန်တော့်စာအုပ်စင်မှာနေရာချရပါဦးမည်။

(၃)
ဒီနေရာမှာ စာအုပ်များနှင့် ပတ်သက်သည့် အကြောင်းကို ကိုယ်ရေးကိုယ်တာကိစ္စမဆိုသာဟု ယူဆ ပါသဖြင့် အသိပေးချင်ပါသေးသည်။ကျွန်တော့်ဆီမှာ စာအုပ်နှင့်စာစောင်တွေ များစွာရှိသည်။ သောင်းဂဏန်းထက်နည်းမည်မထင်။

ကိုယ်ပိုင် ဝယ်ယူထားတာတွေဖြစ်သလို မိတ်ဆွေစာရေးဆရာ၊ ကဗျာဆရာများနှင့် စာအုပ်တိုက်များက လက်ဆောင်ရသည့်စာအုပ်တွေပဲဖြစ်သည်။

ကျွန်တော့်ဆီမှာ ရှိသည့် ဂျာနယ်အများစုမှာ ကိုယ်က သတင်းသမားလုပ် ခဲ့သူဖြစ်၍ ဂျာနယ်တိုက်များက သတင်းနှင့်ဆောင်းပါးများအတွက် လက်ဆောင်ပေးထားတာတွေဖြစ်သည်။ နေ့စဉ်ထုတ် သတင်းစာတွေ ထဲမှာ လက်ဆောင်ရတာပါသလို လပေးဝယ်ယူဖတ်ရှုထားတာတွေလည်း ပါသည်။
ကျွန်တော်က စာအုပ်များကို စာအုပ်စင်ဖြင့်ထားရာ စာအုပ်ကများတော့ စာအုပ်စင်လည်း များသည်။

စာအုပ်စင်တွေကိုတော့ နေအိမ်အနေအထားကြည့်ပြီး သင့်တော်သလို နေရာချထားရသည်။ ဧည့်ခန်း ထဲမှာက အိပ်ခန်းနှင့်ကန့်ထားသည့်နံရံတွင် နံရံကပ် သစ်သားစာအုပ်စင်ကြီးတစ်စင်၊ သံထည်စင်တစ်စင်၊ မှန်အကာ၊ မှန်အခင်း မှန်ဗီရိုနှင့် ရှိုးကေ့စ်အထက်ကစင်ပေါ်မှာပါ သင့်သလို နေရာချထားရသည်။

မိသားစုအိပ်ခန်းထဲမှာက သစ်သားစာအုပ်စင်တစ်စင်၊ အိမ်အသုံးအဆောင်ပစ္စည်းထားသည့်အခန်းထဲမှာ သစ်သားစာအုပ်စင်နှင့် ကျွန်းသေတ္တာကြီး သုံးလုံးထဲမှာကသိမ်းဆည်းထားသည့် ကျွန်တော့်စိတ်ကြိုက် စာအုပ်တွေ။

ဒါတင် မကသေးပါ။ အိမ်နှင့်တွဲလျက်သီးသန့်အခန်းထဲမှာ အထပ်သားအကာသစ်သားဗီရိုကြီးနှစ်လုံး၊ အထပ်သားခင်း၊အထပ်သားကာ သစ်သားစင်ကြီးတစ်စင်နှင့်နှစ်ထပ်မှန်ကောင်တာထဲမှာလည်း စာအုပ်တွေ အပြည့်ရှိသည်။

စာအုပ်များကို ထားရာမှာကျမ်းစာအုပ်၊ သမိုင်း၊ နိုင်ငံရေး၊ ဘာသာရေး၊သုတရသ စသည်ဖြင့် အုပ်စုခွဲ၍ စာအုပ်စင်များမှာ တစုတစည်းတည်း စနစ်တကျထားတာဖြစ်သည်။ လစဉ်ထုတ် မဂ္ဂဇင်းမျိုးစုံနှင့် မြို့နယ်မဂ္ဂဇင်း၊ အဖွဲ့အစည်းမဂ္ဂဇင်း စသောမဂ္ဂဇင်းများကိုတော့ သီးခြားခွဲထားပါသည်။

နေ့စဉ်ထုတ် သတင်းစာလေးမျိုးနှင့် ဂျာနယ်မျိုးစုံက နေရာအခက်အခဲကြောင့် ဧည့်ခန်းကြမ်းပြင်ပေါ်မှာ၊ အိမ်ရှေ့၀ရန်တာမှာဟိုနေရာ တစ်ပုံ၊ ဒီနေရာတစ်ပုံ ပုံထပ်ထားပါသည်။အနှစ်နှစ်အလလ စုဆောင်းလာ ခဲ့သည်များဖြစ်၍ ရှိသမျှစာအုပ်စင်မှာ ထားစရာ နေရာလွတ်ပင် မရှိတော့ပါ။

များပြားလှသော စာအုပ်များအတွက် စနစ်တကျထားသိုရန် အခက်အခဲရှိပေမယ့် ကျွန်တော့်အနေဖြင့် စာအုပ် အဝယ်မပျက်ခဲ့သမို့ စာအုပ်တွေကလျော့မသွားပဲ တိုး၍တိုး၍လာရာ လက်ဝယ်ရှိစာအုပ်များကို ဟို မပေးရက်၊ ဒီမလှူရက်သလိုရောင်းလည်းမရောင်းရက်ခဲ့ပါ။

(၄)
စာအုပ်စင်မှာ အမျိုးအစားအလိုက်နေရာတကျ ထားခဲ့သော စာအုပ်များမှာအလှည့်အပြောင်း ဖြစ်ချင် တော့ ပြီးခဲ့သည့်မတ် ၂၈ ရက်က ပြင်းအား ၇ ဒသမ၇အဆင့်ရှိငလျင်ကြီးလှုပ်ခဲ့သည်။ ငလျင် လမ်းကြောင်းနှင့်နီးသော စစ်ကိုင်းမြို့ရှိ ကျွန်တော့်အိမ်မှာပြိုပျက်မှုရှိသလို အိမ်ထဲရှိ ပစ္စည်းအားလုံး နီးပါးအပြိုပြိုအလဲလဲဖြစ်သွားခဲ့သည်။

အိမ်ထဲရှိစာအုပ်စင်နှင့် စာအုပ်ထည့်ဗီရို၊ ရှိုးကေ့စ်တွေလည်း ပြိုလဲကျကာ ပစ္စည်းတွေက လဲတာလဲ၊ ကွဲတာကွဲနှင့် ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲသွားခဲ့သည်။ အိမ်နှင့် တွဲရှိနေသည့် သီးသန့်အခန်းပြိုကျသွား၍ အတွင်းရှိ စာအုပ်စင်တွေပြိုလဲသွားရုံသာမက ကျိုးပဲ့ပျက်စီးသွားသည်အထိ ဖြစ်သွားခဲ့သည်။

ငလျင်ကြီးလှုပ်အပြီး ၁၅ ရက်ကြာသည်အထိ အပြိုအပျက်များ မရှင်းနိုင်သေးဘဲရှိခဲ့ရာ ထိုရက်ပိုင်း အတွင်း မိုးရွာသွန်းသဖြင့်ပြိုကျသွားသည့် သီးသန့်အခန်းထဲက စာအုပ်များမှာ မိုးဒဏ်ခံလိုက်ရသည်။ နောက်ရက်များမှာ အိမ်အတွင်းပြိုကျပျက်စီးသွားသည်များကိုရှင်းလင်းရာ ပြန့်ကျဲနေသောစာအုပ်များကို ပီနံအိတ်အတွင်းထည့်ချုပ်၍ အိမ်အပြင်ဘက်နေရာလွတ်မှာ စီထပ်ပြီး မိုးကာဖြင့် အုပ်ထားရသည်။

ပြိုကျသွားသည့် သီးသန့်အခန်းထဲက စာအုပ်များမှာယခင်ရက်ပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် စိုရွှဲ ပျက်စီးသွားတာရှိသလို မိုးစိုခံထိထားသည့်စာအုပ်များထဲမှ တချို့မှာ ရေစိုသွားရုံမျှသာဖြစ်သည်။ စာအုပ်အများစုက မိုးရေ အစိမ်ခံရသလို ဖြစ်သွား၍ ပီနံအိတ်ထဲထည့်သိမ်းရန်အဆင်မပြေတော့။

ရေစိုခံစာအုပ်အားလုံးကိုနေ့စဉ် နေပူထဲ ထုတ်လှမ်းထားရပြီ။ နေလှန်းရာမှာ တစ်သမတ်တည်း လှမ်းမထားဘဲ ရေစိုထားသော စာရွက်များ အခြောက်မြန်စေရန်အမြီးလှန်၊ ခေါင်းလှန် ဂရုတစိုက် လှမ်းပေးရသဖြင့် စာအုပ်နေလှန်းရသည်ကပင် အလုပ်ကြီးတစ်ခုလို ဖြစ်သွားတော့သည်။

(၅)
ဇွန်လထဲမှာ နေအိမ်အဆောက်အအုံနှင့် ပြိုကျသွားသည့်သီးသန့်အခန်းများပြုပြင် တည်ဆောက် ပြီးစီးသည်။ပီနံအိတ်အတွင်း ထည့်ထားသည့်စာအုပ်များကို နေရာချထားရတော့မည်။သို့ပေမဲ့ စာအုပ် ထည့်သည့် မှန်အပြည့်ဗီရို၊သစ်သားဗီရိုနှစ်လုံးနှင့် စာအုပ်စင်တစ်ခုကသုံးမရလောက်အောင် ပျက်စီးသွား ပြီဖြစ်၍စာအုပ်ထားဖို့နေရာက မလုံလောက်။

ကျိုးပဲ့ပျက်စီးသွားသည့်စာအုပ်စင်များနေရာမှာလေးထောင့်သံပိုက်လုံးဖြင့်ပြုလုပ်ထားသည့်သံစင်ကြီးနှစ်စင်ဖြင့် အစားထိုးလိုက်သည်။စာအုပ်တွေထားဖို့ အဆင်ပြေပြီ။ ပီနံအိတ်ထဲက စာအုပ်များကို စင်များမှာ ရွှေ့ပြောင်းထားလိုက်သည်။

ထားတယ်ဆိုပေမယ့် စနစ်တကျ နေရာချထားတာမဟုတ်သေး။ ရောပြွန်းသပြွန်း ဖြစ်သလို တင်ထား ရုံမျှသာ။ငလျင်ကြီးမလှုပ်မီက စာအုပ်များကိုအမျိုးအစားခွဲ၍ စင်အလိုက် ထားနိုင်သဖြင့်လိုချင်သည့် စာအုပ် အလွယ်တကူရှာတွေ့နိုင်သည်။

ယခုတော့ စင်အသီးသီးပေါ်မှာစာအုပ်တွေရှိနေသော်လည်း စနစ်တကျနေရာမချနိုင်သေးတော့ စာအုပ်တစ်အုပ်လိုချင်ပါကဒေါင်းတောက်အောင် ရှာရသည်။ စာအုပ်များကို စနစ်တကျ နေရာမချ ထားနိုင်သေးခြင်း၏အကျိုးဆက်ဖြစ်ပါ၏။

(၆)

ဓမ္မရက္ခိတ ဝိဟာရ စာကြည့်တိုက်ကျောင်းကို မဂ္ဂဇင်းစာအုပ်တွေ လှူမည်စိတ်ကူးနှင့် စာအုပ်တွေ ရှာတော့ မဂ္ဂဇင်းစာအုပ်တွေက ဟိုစင်၊ ဒီစင်ကွဲပြားနေတာ၊အမျိုးအစားအရောရော အနှောနှော ဖြစ်နေတာကြောင့်စာအုပ်သုံးရာနီးပါးကို လူသုံးယောက် တစ်နေ့တာ ရှာဖွေမှ ပြီးစီးတော့သည်။

ဒါတောင်အကုန်မမွှေနိုင်၍ စာအုပ်စင်များမှာ ယခုလှူသည့် မဂ္ဂဇင်းအမျိုးအစား ကျန်နေပါလိမ့်ဦးမည်။ ကျွန်တော့်စာအုပ်စင်ပေါ်မှာ၊ အိမ်ရှေ့ဧည့်ခန်းကြမ်းပြင်ပေါ်မှာ ငလျင်ကြောင့် ပြန့်ကျဲသွားသော စာအုပ်တွေရှိနေဆဲဖြစ်ရာ အမျိုးအစားခွဲဖို့၊ စနစ်တကျနေရာချထားဖို့ အချိန်ယူရပါဦးမည်။
သို့မှသာ လိုချင်သည့်စာအုပ်၊ဖတ်ချင်သည့်စာအုပ်၊ ရှာချင်သည့်စာအုပ်တွေလွယ်လင့်တကူတွေ့မှာ ဖြစ်သည်။

(၇)

ပြင်ဦးလွင် လက်ပံကုန်းကျေးရွာအနီးတောင်ကုန်းများအကြားရှိ ဓမ္မရက္ခိတဝိဟာရစာကြည့်တိုက် ကျောင်းဆရာတော်က ကျွန်တော်လှူလိုက်သော မဂ္ဂဇင်းစာအုပ်များအတွက် ကျွန်တော့်ကို ဖုန်းဆက် အကြောင်းကြားပါသည်။

“ခင်ဗျားလှူလိုက်တဲ့ မဂ္ဂဇင်းစာအုပ်တွေက မိုးမိခံရပြီး ပေပွနေတာမို့ နှစ်ရက်လောက်အချိန်ကုန်ခံပြီး သန့်ရှင်းရေးလုပ်ရတယ်။ အခုတော့ သန့်ရှင်းပြီး မဂ္ဂဇင်းများကိုစာကြည့်တိုက်ထဲက စာအုပ်စင်မှာ နေရာချထားလိုက်ပြီ”ဟု ဆိုပါသည်။

ပြီးတော့ “မဂ္ဂဇင်းစာအုပ်လှူမယ်ဆိုရင်စာအုပ်စင်မှာ စာအုပ်ထားဖို့ နေရာကျန်ပါသေးတယ်”ဟုလည်း ဆိုပါသေးသည်။ကျွန်တော့်ဆီမှာတော့ ငလျင်ကြောင့်ပေပွသွားသည့် စာအုပ်တွေ၊ ကြေမွသွားသည့် စာအုပ်တွေ၊ တစစီဖြစ်နေသည့် စာအုပ်တွေက စာအုပ်စင်မှာ နေရာအတည်တကျ မဖြစ်သေးပါ။

စာအုပ်စင်ပေါ်မှာ တင်ရုံမျှသာ ဖြစ်သဖြင့် စနစ်တကျဖြစ်စေဖို့ အမျိုးအစားခွဲနေရာချထားရပါဦးမည်။ လက်ဝယ်မှာ မပျက်မစီး ကျန်ရှိနေသေးသည့် ကျွန်တော့်ကိုယ်ပိုင်စာအုပ်တွေစနစ်တကျ နေရာချထား ပြီးပါက ပိုမိုစနစ်ကျစွာ နေရာချထားနိုင်မည့်ဓမ္မရက္ခိတဝိဟာရစာကြည့်တိုက်ကို နောက်တစ်ကြိမ် ထပ်မံလှူဒါန်းဖို့ စာအုပ်တွေရွေးရတာ အဆင်ပြေမှာ သေချာပါသည်။

ရေး-အောင်မြင့်မြင့်

 #ယနေ့ထုတ်သတင်းစာ_ကာတွန်း
23/10/2025

#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️မေတ္တာညွန့်ရပ်ကွက်၌ အဆောင်နေလူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးရန်ကုန်တိုင်း၊ တာ‌မွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၌ လူငယ်တစ်ဦးကြ...
23/10/2025

◾️မေတ္တာညွန့်ရပ်ကွက်၌ အဆောင်နေလူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

ရန်ကုန်တိုင်း၊ တာ‌မွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၌ လူငယ်တစ်ဦးကြိုးဆွဲချသေဆုံးမှု ယနေ့(အောက်တိုဘာ ၂၃ ရက်)နံနက် ၃ နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့ကြောင်း မေတ္တာညွန့်လူမှုကူညီရေးအသင်းထံမှသိရသည်။

သေဆုံးသူမှာအသက် (၂၂)နှစ် အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ကွမ်းခြံကုန်းဇာတိဖြစ်ကြောင်း၊ လက်ရှိတွင် မေတ္တာညွန့်ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်းရှိ အဆောင်တွင်နေထိုင်သူဖြစ်ကြောင်း ယင်းအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

"သူတို့တွေက ကုမ္ပဏီဝန်ထမ်းလေးတွေဆိုတော့ အတူနေတဲ့ဝန်ထမ်းတစ်ယောက်က အပေါ့ထသွားရင်းတွေ့တာ။ သူကမြေညီထပ်အပြင်မှာပါပဲ။ ရဲကတော့သူ့ဖုန်းကိုယူသွားတယ်။ ဘာမှတ်ချက်မှတော့ထွက်မလာသေးဘူး'' ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာညွန့်လူမှုကူညီရေးအသင်းမှ စံပြဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၈ ရက်တွင်လည်း မေတ္တာညွန့်ရပ်ကွက်၊ မြလေးရုံလမ်း၌ အသက် (၇၄) နှစ်အရွယ်ရှိအမျိုးသားတစ်ဦးသည် နေအိမ်ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မေတ္တာမျှဝေပရဟိတအဖွဲ့ထံမှသိရသည်။

သတင်း - အင်ကြင်း
ဓာတ်ပုံ - မေတ္တာညွန့်လူမှုကူညီရေးအသင်း
#ပြည်တွင်းသတင်း

23/10/2025

◾ရုရှားနျူကလီးယားတပ်ဖွဲ့ရဲ့ကြီးမားတဲ့စစ်ရေးလေ့ကျင့်မှု ပူတင်ကိုယ်တိုင်ကြီးကြပ်

◾အစားအသောက်များတွင် ဖော်မလင်ထည့်သွင်းပါက အမျိုးသားအစားအသောက်ဥပဒေဖြင့် အရေးယူမည်အစားအသောက်တွင် တားမြစ်ဓာတုပစ္စည်းဖော်မလင်...
23/10/2025

◾အစားအသောက်များတွင် ဖော်မလင်ထည့်သွင်းပါက အမျိုးသားအစားအသောက်ဥပဒေဖြင့် အရေးယူမည်

အစားအသောက်တွင် တားမြစ်ဓာတုပစ္စည်းဖော်မလင်(Formalin) ထည့်သွင်းပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)ဖြင့် အရေးယူမည်ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယနေ့(အောက်တိုဘာ ၂၃ ရက်) မွန်းလွဲပိုင်းတွင် အသိပေးထုတ်ပြန်သည်။

ဈေးကွက်တွင်ရောင်းချလျက်ရှိသည့် ပဲသွေး၊ ပဲပြား၊ မုန့်ဖတ်စသည်တို့အား တာရှည်ခံစေရန်ရည်ရွယ်၍ တားမြစ်ဓာတုပစ္စည်းဖြစ်သည့် ဖော်မလင်ထည့်သွင်းသုံးစွဲခြင်းကိုခွင့်မပြုကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

"ပဲပြားတွေ၊ ပဲသွေးတွေမှာ ဖော်မလင်ပါတာအခုမှမဟုတ်ဘူး။ ကြားဖူးနေတာကြာလှပြီ။ အရေးယူမယ် ပြောတာလည်းခဏခဏပါပဲ။ ဈေးသည်ကတော့မပါဘူးပြောပြီး ထည့်ရောင်းနေကြတာပဲလေ။ မုန့်ဖတ် တွေဆို နောက်ရက်အထိခံနေတာဆိုတော့ အနည်းနဲ့အများပါမှာပဲ။ ကျွန်မကတော့အိမ်မှာကလေးငယ် ရှိတော့ပဲပြားကို ကိုယ်တိုင်ပဲအိမ်မှာအလွယ်လုပ်ကျွေးဖြစ်တယ်။ ပဲသွေးတော့မကျွေးဖြစ်ဘူး။ ပဲအစစ် မဟုတ်မှာစိုးလို့" ဟု ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ ကလေးမိဘတစ်ဦးကပြောသည်။

ဖော်မလင်ထည့်သွင်းထားသည့် အစားအသောက်ကိုစားသုံးမိပါက ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အသက်ရှူရခက်ခဲခြင်းများဖြစ်ပွားစေနိုင်ပြီး ရေရှည်စားသုံးမိလျှင် အစာအိမ်အနာဖြစ်ခြင်း၊ အသည်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်ကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များတွင်မူ ဖော်မလင်အဆိပ်သင့်မှုပိုမိုဖြစ်ပွားနိုင်ကာ သန္ဓေသားဖွံ့ဖြိုးမှုထိခိုက်ခြင်းနှင့် ကလေးသူငယ်ကြီးထွားမှုပြဿနာများဖြစ်ပွားစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ထားသည်။

သတင်း - အင်ကြင်း
ဓာတ်ပုံ-FDA
#ပြည်တွင်းသတင်း

◾ယနေ့မှစ၍ တစ်ပတ်အတွင်း မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းဒေသများတွင်မိုးများနိုင်ယနေ့(အောက်တိုဘာ ၂၃ ရက်) မှစ၍တစ်ပတ်အတွင်...
23/10/2025

◾ယနေ့မှစ၍ တစ်ပတ်အတွင်း မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းဒေသများတွင်မိုးများနိုင်

ယနေ့(အောက်တိုဘာ ၂၃ ရက်) မှစ၍တစ်ပတ်အတွင်း မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းဒေသ များတွင်မိုးများလာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကခန့်မှန်းထားသည်။

အပူမုန်တိုင်းဖန်ရှန်၏အရှိန်အပြင် ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့မှ လေဖိအား နည်းရပ်ဝန်း၏ သက်ရောက်မှုများကြောင့် ‌ယနေ့ (အောက်တိုဘာ ၂၃ ရက် မှ၂၉ ရက်)အတွင်း မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီကမ်းရိုးတန်း ဒေသများတွင်မိုးများနိုင်ကြောင်း Ventusky, ICON Model ၏ ဖော်ပြချက်ကိုကိုးကား၍ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့တွင် မိုးရေချိန်သုံးလက်မအထက်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မကွေးတိုင်းတို့တွင် မိုးရေချိန်နှစ်လက်မအထက်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်တို့တွင် မိုးရေချိန်နှစ်လက်မအောက် အသီးသီးရွာသွန်းနိုင်သည်ဟု ဦးဝင်းနိုင်က ရေးသားဖော်ပြထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်တို့တွင်လည်း မိုးအသင့်အတင့်ရွာသွန်း နိုင်ကာ စစ်ကိုင်းတိုင်း၊ နေပြည်တော်နှင့် ကယား ပြည်နယ်တို့တွင်မူ မိုးရွာသွန်းမှုနည်းနိုင်ကြောင်း ၎င်းကဆက်လက်ခန့်မှန်းထားသည်။

မိုး‌လေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့်အပူပိုင်းမုန်တိုင်း (FENGSHEN) သည် အနောက်-အနောက် တောင်ဘက်သို့ရွေ့လျားခဲ့ပြီး အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွား ကာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေဒေသ ဒါနန်းမြို့အနီးမှ ဖြတ်ကျော်ခဲ့ပြီး အနောက်တောင်ဘက်သို့ရွေ့လျားနိုင်ကာ တဖြည်းဖြည်းအားလျော့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း - အင်ကြင်း
ဓာတ်ပုံ - Win Naing /Fb
#ပြည်တွင်းသတင်း

 #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း⬛အီသီယိုပီးယားတွင် ရထားတိုက်မှုကြောင့် လူ ၁၅ ဦးသေဆုံးအီသီယိုးပီးယားနိုင်ငံ အရှေ့ ပိုင်း...
23/10/2025

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛အီသီယိုပီးယားတွင် ရထားတိုက်မှုကြောင့် လူ ၁၅ ဦးသေဆုံး

အီသီယိုးပီးယားနိုင်ငံ အရှေ့ ပိုင်းတွင် ရထားတိုက်မိမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ပြီး ရထားတွဲပေါ်မှ ခရီးသည်များ ခုန်ချခဲ့ကြကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၂၁ ရက်တွင် ပြောသည်။

အဆိုပါရထားသည် ရှီနိုင်လီ မြို့တွင် လမ်းချော်သွားခဲ့ခြင်းဖြစ်ပြီး အခြားရထားလမ်းပေါ်မှ ရထား တစ်စင်းနှင့် တိုက်မိခဲ့ကြောင်း ဒေသ တွင်းသတင်းဌာနများက ဖော်ပြထား သည်။ ခရီးသည် ၂၇ ဦးမှ ၂၉ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

မတော်တဆ ဖြစ်ရသည့် အကြောင်းရင်းမှာ အလွန်ဟောင်း နွမ်းပြီး လေးလံသော ဝန်များကို မခံ နိုင်တော့သည့် ရထား၏ ညံ့ဖျင်းမှု ကြောင့် ဖြစ်ပြီး ဝန်ပိုတင်ဆောင်ခြင်းမှာ မတော်တဆမှုဖြစ်ပွားရခြင်း ၏ အဓိက အကြောင်းရင်းဟု တာဝန်ရှိသူများက ပြောသည်။

ရထားနှစ်စင်းစလုံးသည် ခရီးသည်နှင့် ကုန်တင်ရထားအမျိုး အစားများဖြစ်ပြီး ဒီဝီလီနှင့် ဒိုရာဒါဝါ မြို့ အကြားတွင် ခုတ်မောင်းနေစဉ် လမ်းချော် တိုက်မိခဲ့ခြင်းဖြစ်သည်။ ခရီးသည် အများစုသည် ရထားပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ရာ နေရာမှ သေဆုံးသူများနှင့် ဒဏ်ရာရ သူများ အားလုံးကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

မတော်တဆမှု အကြောင်းရင်း ကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေသည်။ အာဖရိက၏ ဒုတိယ လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အီသီယိုးပီး ယားတွင် ရထားတိုက်မှုမှာ ဖြစ်တောင့် ဖြစ်ခဲဖြစ်သည်။

ကိုးကား-ဘီဘီစီ

Address


Alerts

Be the first to know and let us send you an email when The Standard Time Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Standard Time Daily:

  • Want your business to be the top-listed Media Company?

Share

Our Story

သတိပေးတားမြစ်ချက်

စံတော်ချိန်သတင်းဌာန၏ အမှတ်တံဆိပ်(Logo)အား ခွင့်ပြုချက်မယူဘဲ သုံးစွဲခြင်း၊ စံတော်ချိန်သတင်းဌာနမှ တင်ဆက်သည့်မည်သည့်အကြောင်းအရာမဆို (သတင်း၊ သတင်းဆောင်းပါး၊ ကာတွန်း၊ ရုပ်သံအစီအစဉ်များအပါအဝင်)ကို Link ရယူ၍ Share ခြင်းမဟုတ်ဘဲ တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ရန် တားမြစ်သည်။

တားမြစ်ချက်ကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

__________________________