Ma Moe Phyu

Ma Moe Phyu Your opinion and belief are welcome! Please feel free to contact and send me your MP3/MP4 file to ex

Love is in the air!!💕🤗🥰🎵
28/05/2026

Love is in the air!!💕🤗🥰🎵

19/03/2026
Metta 💕
20/02/2026

Metta 💕

Financial Management is the most important part of our life.Financial management ဟာဘဝအတွက်၊ သိပ်အရေးကြီးပါတယ်။
20/01/2026

Financial Management is the most important part of our life.
Financial management ဟာဘဝအတွက်၊ သိပ်အရေးကြီးပါတယ်။

ချမ်းသာတယ်လို့မထင်ရတဲ့ တကယ့်သူဌေးတွေရဲ့ အလေ့အကျင့် (7) ခု

တကယ်ကိုငွေကြေးဥစ္စာတွေကြွယ်ဝပြီး ချမ်းသာတဲ့သူတွေက အပေါ်ယံကြည့်လိုက်ရင် ချမ်းသာတဲ့ပုံစံ‌မပေါ်ဘူးနော်။ သူတို့က ဈေးကြီး Designer Clothing တွေကို တောက်တောက်ပြောင်ပြောင်တွေမဝတ်ပြဘူး၊ တန်ဖိုးကြီး ပြိုင်ကားတွေကိုလဲ စီးပြမနေဘူး၊ သူတို့ ဘာဝယ်လာတာ ဘယ်လိုပစ္စည်းတွေပိုင်ဆိုင်တာနှင့်လဲ လူတိုင်းကို လိုက်ကြွားမနေဘူး။ တကယ်ကိုချမ်းသာတဲ့သူတွေက စည်းစနစ်ကျကျနှင့် တိတ်တိတ်ဆိတ်ဆိတ် ငွေကြေးဥစ္စာတွေကို ရှာဖွေစုဆောင်းတယ်၊ ရေရှည်ကိုကြည့်ပြီးတော့ သူတို့အတွက်တကယ့် အမြတ်အစွန်းထွက်မယ့် အရာတွေမှာသာ Investment လုပ်တယ်။ ဒါကြောင့်မလို့ သူတို့ဟာ Financial Freedom ကို ပြည့်ပြည့်ဝဝပိုင်ဆိုင်ထားပြီးတော့လိုလေသေးမရှိတဲ့ အေးချမ်းသာယာတဲ့ဘဝကို ဖန်တီးနိုင်ခဲ့ကြတယ်။ ဒီလို တကယ်ချမ်းသာတဲ့ Quietly Wealthy Person တွေတိုင်းမှာ တူညီတဲ့ အလေ့အကျင့် (7) မျိုးရှိကြတယ်။ ဒါတွေကတော့

(1) သူတို့ရဲ့စီးပွားရေးကို auto လည်ပါတ်စေတယ်။

တိတ်တိတ်ဆိတ်ဆိတ်နဲ့ ချမ်းသာတဲ့သတဲ့သူ တွေမှာ အရမ်းကိုစနစ်ကျတဲ့ ငွေကြေးစီးဆင်းမှု System ရှိတယ်။ သူတို့က သူတို့ရဲ့ငွေတွေကို Saving ထဲ၊ Investment တွေထဲ၊ ပြီးတော့ bills နှင့် emergency funds တွေထဲကို အချိုးကျဘယ်လိုသွားမယ်ဆိုတာ လစဉ်တိုင်းအတွက် စီစဉ်ထားပြီးသားဖြစ်တယ်။ သူတို့က ငွေကြေးကိုရင်းနှီး၊ ငွေကိုပဲအလုပ်လုပ်ခိုင်းပြီး ရလာတဲ့အမြတ်တွေကို ထပ်ပြီးတိုးပွါးအောင် Investment တွေထဲကိုထည့်တယ်။ ပြီးတော့ သူတို့ရဲ့ စီးပွါးရေး system တွေကို သူတို့အိပ်နေရင်တောင်၊ သူတို့ဝင်မပါ အလုပ်မလုပ်ရင်တောင် ပုံမှန်လည်ပါတ်ပြီး အမြတ်အစွန်းတွေရနေအောင်လို့ သေသေချာချာစီစဉ်ဖန်တီးထားကြတယ်။

(2) သူတို့က ဈေးနူန်းကိုမကြည့်ဘူး၊ တန်ဖိုးကိုပဲကြည့်တယ်။

ဆိုလိုတာက သူတို့က ပစ္စည်းတစ်ခုခုကိုဝယ်မယ်ဆိုရင် ပစ္စည်းရဲ့တန်ဖိုးထက် ဒီပစ္စည်းက ပြန်ရမယ့် အကျိုးအမြတ်ကိုပဲကြည့်တယ်။ Liability ဖြစ်မယ့် ဝယ်ပြီးခဏနေဈေးတွေကျသွားမယ့်စျေးကြီးပြိုင်ကားနှင့် ဈေးကြီး fashion items တွေထက် အကျိုးအမြတ်တွေကောင်းကောင်းပြန်ပေးမယ့် Assets တွေဖြစ်တဲ့ အိမ်ခြံမြေနှင့် လုပ်ငန်းအတွက် လိုအပ်တဲ့စက်ပစ္စည်းလိုအရာတွေကို သာဦးစားပေးဝယ်ယူကြတယ်။ ပြီးတော့ ဇိမ်ခံပစ္စည်းတွေနှင့် စက်ပစ္စည်းတွေကို ဝယ်ယူရင်တောင်မှ တကယ့်ရေရှည်အသုံးခံမယ့်ပစ္စည်တွေကိုပဲ ဈေးကောင်းပေးပြီးဝယ်သုံးကြတယ်။

(3) သူတို့က Income ထက် Net Worth ကိုပဲအလေးထားတယ်။

ဝင်ငွေဘယ်လောက်များများ ထွက်ငွေလဲများနေရင် ဘာမှမထူးပါဘူး ။ ဒါကြောင့် တကယ့်သူဌေးတွေက သူတို့ဝင်ငွေဘယ်လောက်ရှိလဲထက် ဒီဝင်ငွေတွေကပေးတဲ့ အသားတင်ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲကို အဓိကထားကြပါတယ်။ သူတို့မှာ အိမ်ခြံမြေတွေဘယ်လောက်ပိုင်ဆိုင်ထားတယ်၊ Stock share တွေဘယ်လောက်ရှိတယ်၊ ဘယ်လို အောင်မြင်တဲ့ Business တစ်ခုကိုပိုင်ဆိုင်ထားတယ် အစရှိတဲ့ ရေရှည်မှာ တန်ဖိုးတွေပြန်ပေးမယ့် အရာတွေကိုသာ ဂရုစိုက်ကြပါတယ်။ သူတို့က ဝင်ငွေနည်းပေမယ့် များများစုနိုင်သူက ဝင်ငွေများပြီး မစုဆောင်းတတ်သူထက် ပိုချမ်းသာတယ်ဆိုတာကို နားလည်ထားကြတယ်။

(4) သူတို့က ရေရှည်ကိုပဲကြည့်ကြတယ်။

တိတ်တိတ်ဆိတ်ဆိတ်နဲ့ ချမ်းသာတဲ့သူတွေက ခဏတာအကျိုးအမြတ်တွေနှင့် short term lifestyle upgrade တွေကို စိတ်မဝင်စားကြပါဘူး။ သူတို့က ရေရှည်မှာ အကျိုးအမြတ်ပေါ်ကို ထပ်ပြီးကြီးပွားစေမယ့် compound interest လိုမျိုး၊ ငွေကြေးထပ်ဆင့်တိုးပွားမှုလိုမျိုး အရာတွေကိုသာ ဦးစားပေးကြပါတယ်။ ဒီလိုရေရှည်ကိုသာ ကြည့်တတ်ကြလို့ သူတို့ ရဲ့ ကြွယ်ဝမှုတွေက ပိုပြီး မြန်မြန်တိုးပွါးလာတာ ဖြစ်ပါတယ်။ ရေရှည်မှာ စျေးတက်နိုင်တဲ့ Cryptocurrency နဲ့ ငွေကြေးထက် တန်ဖိုးပိုရှိတဲ့ Gold/ Silver အစရှိတာတွေမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြတယ်။

(5) သူတို့က ဝင်ငွေလမ်းကြောင်းသုံးလေးခုကိုတည်ဆောက်တယ်။

လျှို့ဝှက်စွာချမ်းသာနေတဲ့သူတွေဟာ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းကို အားမကိုးကြဘူး။ သူတို့မှာ စီးပွားရေးလမ်းကြောင်းသုံးလေးခုကို တစ်ပြိုင်နက်တည်း run ထားကြတယ်။ ဥပမာ အိမ်ခြံမြေရင်းနှီးမြုပ်နှံထားရင်း ၊ အိမ်ခြံအငှားတွေထားတာ၊ Stock share တွေမှာရင်းနှီးမြုပ်နှံထားရင်းက Mortgage Note Investment တွေပါလုပ်ထားတာ၊ အစရှိတဲ့ ဝင်ငွေလမ်းကြောင်းသုံးလေးခုကို တပြိုင်နက်တည်း ဖန်တီးထားကြတယ်။ ဒါက ကိုယ့်ရဲ့ ချမ်းသာကြွယ်ဝမှုကို ပိုမြန်မြန်ဆန်ဆန် ဖွံ့ဖြိုးစေတဲ့အပြင် လုပ်ငန်းတစ်ခုမှာ အဆင်မပြေတဲ့အချိန်မှာ နောက်လုပ်ငန်းတစ်ခုနှင့် ဝင်‌ငွေမပျက်ရပ်တည်နိုင်စွမ်းရှိကြပါတယ်။

(6) သူတို့မှာ Lifestyle Inflation မရှိဘူး။

ချမ်းသာသူတွေက သူတို့ Income တွေဘယ်လောက်ပဲတိုးပွါးလာပါစေ သူတို့ရဲ့ ကုန်ကျစရိတ်တွေက ပိုများမလာစေပါဘူး။ သူတို့က ဘယ်လောက်ပဲငွေရှိရှိ သူတို့ရဲ့နေ့စဉ်နေထိုင်မှုနှင့်ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းကြတယ်။ သူတို့က lifestyle upgrade လုပ်မယ်ဆိုရင်တောင် တဖြေးဖြေးခြင်းနှင့်upgrade လုပ်တယ်၊ ရည်ရွယ်ချက်ရှိရှိနှင့်ရေရှည် စဉ်းစားတယ်၊ ပြီးတော့ အဲဒီ့ upgrade အတွက်ကြောင့် သူတို့ရဲ့စီးပွါးရေးနှင့် ငွေဝင်တွေကို အထိအခိုက်မခံဘူး။ သူတို့က မလိုအပ်တဲ့ lifestyle ကုန်ကျစရိတ်တွေအကုန်ခံမယ့်အစား Investment တွေအတွက်မှာသာ ဒီငွေတွေကိုအကုန်အကျခံကြတယ်။

(7) သူတို့က သိုသိုသိပ်သိပ်ပဲနေထိုင်တယ်
တကယ်ချမ်းသာသူတွေက သူတို့ဘယ်လောက်ချမ်းသာလဲ၊ ဝင်ငွေဘယ်လောက်ရှိလဲ လူ‌တွေကိုလိုက်ပြောပြမနေဘူး၊ social media တွေမှာ post တွေတင်ပြီး ကြွားဝါမနေကြဘူး။ သူတို့က showing off လုပ်တာထက် security ၊ privacy နှင့် peace ကိုပိုတန်ဖိုးထားကြတယ်။ သူတို့ ချမ်းသာတယ်လို့ လူတွေမသိလေလေ သူတို့ အေးအေးဆေးဆေးပိုနေရလေဖြစ်ပြီးတော့ ဘာ attention ၊ distraction အနှောင့်အယှက်တွေမှမရှိပဲ ပိုတိုးတက်ရာတိုးတက်ကြောင်းတွေကို ငြိမ်းချမ်းစွာပဲ ဆက်လက်လုပ်ကိုင်နိုင်ကြတယ်။

ဒါတွေကတော့ Quietly Wealthy People တိုင်းမှာတွေ့ရှိရတဲ့ တူညီတဲ့ အလေ့အကျင့် (7) မျိုးဖြစ်ပါတယ်။ ဒီအလေ့အကျင့်တွေက သူဌေးတွေမှမဟုတ်ပါဘူး၊ လိုက်နာကျင့်သုံးနိုင်တဲ့ လူတိုင်းအတွက် အကျိုးရှိမယ့် အလေ့အကျင့်ကောင်းတွေဖြစ်ပါတယ်။




10/01/2026
10/01/2026

“Gemini မှာ မြန်မာလို မှန်အောင်ထုတ်နည်း” 👇

◾ဘာမှမခက်ပါဘူးဗျ Prompt ထဲမှာ မြန်မာလို ထည့်ရေးဖို့ပဲ လိုပါတယ်..။

◾ဒါပေမဲ့တစ်ခုသတိထားရမှာက Gemini မှာ Thinking ဆိုတာလေးကို ရွေးထားဖို့ လိုပါတယ်..။

❗Fast ဖြစ်နေရင် မြန်မာစာတွေက တလွဲတွေဖြစ်နေမှာပါ..။

လက်ရှိအချိန်မှာတော့ မြန်မာလိုမှန်အောင်ထုတ်ပေးနိုင်တဲ့ AI Model က “Nano Banana Pro” တစ်ခုပဲ ရှိပါသေးတယ်..။

◾Nano Banana Pro ကိုတော့ Gemini မှာ အလွယ်ဆုံးသုံးနိုင်ပေမဲ့ Limit ရှိပြီး ကိုယ့်မှာ Google Pro Acc ရှိတယ်ဆိုရင်တော့ Flow မှာ Free ထုတ်နိုင်ပါတယ်ခင်ဗျာ..။

Yupp မှာလည်း Nano Banana Pro ကိုသုံးပြီး Free ထုတ်နိုင်ပါတယ်ခင်ဗျာ..။

◾ကျွန်တော် Comment မှာ Prompt နမူနာ (၂) ခု ရေးပေးထားပါတယ်ဗျ။ စမ်းထုတ်ကြည့်ကြပါ..။

❗တစ်ခုခု အဆင်မပြေတာရှိရင် Comment မှာ ပြောသွားလို့ ရပါတယ်ခင်ဗျာ..🤗

“အနာဂတ် AI နည်းပညာ Burmese AI မှာလေ့လာပါ”


#မြန်မာAI

10/01/2026

မြန်မာနိုင်ငံက "AI Creator" တွေအတွက်တော့ Google ရဲ့ AI Tools တွေက အကောင်းဆုံးပါပဲ..။

◾Chatbot မှာဆိုရင် Gemini ◾

Google ရဲ့ Data တွေကိုသုံးပြီး မြန်မာနိုင်ငံအကြောင်း ၊ မြန်မာ့ရာဇဝင်တွေ ၊ စာပေတွေကို အသိဆုံး Chatbot လို့ ပြောလို့ရပါတယ်..။

◾Photo မှာဆိုရင် Nano Banana Pro◾

4K ရတဲ့အပြင် မြန်မာစာမှန်အောင်ထုတ်နိုင်တဲ့ "ကမ္ဘာ့ပထမဆုံး" AI ပါ..။ မြန်မာ့ကျေးလတ်တောရွာ ၊ အဝတ်အစား ၊ သနပ်ခါး စတာတွေကိုလည်း အမှန်ဆုံးထုတ်နိုင်တဲ့ AI ပါ။

◾Video မှာဆိုရင် Veo ◾

မြန်မာစကားပြောကို ပထမဆုံးထုတ်နိုင်တဲ့ AI တစ်ခုဖြစ်သလို မြန်မာ့အဝတ်အစား ၊ နိုင်ငံရဲ့ Building တွေ Location တွေကိုလည်း အမှန်ကန်ဆုံးထုတ်နိုင်တဲ့ AI တစ်ခုပါ..။

◾ကျွန်တော့် သင်တန်းမှာလည်း Google ရဲ့ AI Tools တွေကို အဓိကထားပြီးသင်ပေးပါတယ်..။

ဒီ AI Model တွေအကုန်လုံးကို Google Pro Acc တစ်ခုရှိရုံနဲ့ အကုန်သုံးနိုင်ပါတယ်ခင်ဗျာ..။

✅သင်တန်းသားတွေအတွက် Google Pro Acc (1 Year) ကို (၁၅,၀၀၀) တည်းနဲ့ ဝယ်လို့ရအောင်လည်း စီစဉ်ပေးထားပါတယ်..။

Free AI တွေနဲ့ သင်ပေးသလို အခြား AI Tools တွေကိုလည်း အမြတ်လုံးဝ မယူဘဲ မူရင်းဈေးအတိုင်း သုံးလို့ရအောင် လုပ်ပေးပါတယ်ခင်ဗျာ..။

◾Pro Acc တွေ ဝယ်ရမှာစိုးလို့ AI လေ့လာဖို့ ကြောက်နေရင် စိတ်မပူပါနဲ့ "Professional AI Creator Class" မှာ အကုန် အဆင်ပြေအောင်လုပ်ပေးပါတယ်..။

❗Early Bird Promotion - (130,000) ကျပ်နဲ့ “လူမပြည့်ခင်” အခုပဲ Join လိုက်ပါ..🤗

"အနာဂတ် AI နည်းပညာ Burmese AI မှာလေ့လာပါ"



01/01/2026

အခုမှပထမဆုံးအိမ်ဝယ်မယ့်သူတွေအတွက် အမြဲတမ်းနီးပါးရှုပ်ထွေးနေတတ်တာကတော့ Escrow အကောင့်အကြောင်းပဲဖြစ်ပါတယ်။
Escrow company ဆိုတာဟာ အိမ်ရောင်းသူနှင့်ဝယ်သူနှစ်ဖက်ကြားမှာ အိမ်စာချုပ်၊ အရေးကြီးစာရွက်စာတမ်းတွေနှင့် အိမ်အရောင်းအဝယ်နှင့်ဆိုင်တဲ့ငွေတွေကို အရောင်းအဝယ်ကိစ္စအတွက် နှစ်ဦးနှစ်ဖက်သဘောတူညီမှုတွေ ပြည့်စုံတဲ့အချိန်အထိ ကြားကနေထိမ်းသိမ်းပေးထားတဲ့ neutral third party အဖွဲ့အစည်းတစ်ခု or လူပုဂ္ဂိုလ် တစ်ဦးတစ်‌ယောက် Escrow Officer ဖြစ်ပါတယ်။ Escrow party ထားရှိခြင်းက ရောင်းသူဝယ်သူနှစ်ဖက်လုံးအတွက် အိမ်အရောင်းအဝယ်ကိစ္စကို အကာအကွယ်ပေးပြီး၊ နှစ်ဖက်လုံးအတွက် မျှမျှတတဖြစ်စေပြီး အရောင်းအဝယ်ကိစ္စ အဆင်ပြေချော မွေ့အောင် ကူညီဆောင်ရွက်ပေးပါတယ်။ အိမ်ဝယ်ပြီးသွားရင်လဲအတွက် Escrow Account ထားရှိခြင်းက အိမ်ပိုင်ရှင်အတွက် အထောက်အကူတွေပေးပါတယ်။

Escrow နှစ်မျိုးရှိပါတယ်

(1) Transaction Escrow

Transaction Escrow ဆိုတာဟာ အိမ်ဝယ်တဲ့ process အတွက် service ပေးတဲ့ Escrow အမျိုးအစားပါ။ အိမ်ဝယ်တဲ့အချိန်မှာ Escrow company က ဝယ်သူရဲ့ Earnest Money ကို ထိမ်းသိမ်းပေးထားပြီး home inspection , repair နှင့် title search လို အိမ်အရောင်းအဝယ်အတွက် အရေးကြီး process တွေရဲ့ အခြေအနေကို စောင့်ကြည့်ပေးပါတယ်။ သူက နှစ်ဦးနှစ်ဖက်သဘောတူညီမှုတွေ မပြီးမြောက်သေးမချင်း ငွေနှင့် စာရွက်စာတမ်းတွေကို ဘယ်ဖက်ကိုမှ မထုတ်ပေးပဲ နှစ်ဖက်လုံးကို မျှမျှတတ ကာကွယ်ပေးပါတယ်။ အိမ်ဝယ်သူရဲ့ loan approval ရသွားရင်လည်း နောက်ဆုံးကုန်ကျစရိတ်ဘယ် လောက်ကျမလဲဆိုတာ တာဝန်ယူပြီး တွက် ပေးတယ်။ Lender ဘက်နဲ့ လိုအပ်တာတွေ ညှိပြီး နောက်ဆုံး balance ရတဲ့ အထိတွက် ‌ပေးတယ်နောက်ဆုံး လိုအပ်တဲ့ ချေးငွေနဲ့ အိမ်ဝယ်သူဘက်က ပေးရမဲ့ ကုန်ကျ ငွေအားလုံး ကို လက်ခံထားပြီး မှTransaction အားလုံးပြီးတဲ့အခါမှာ ပေးစရာရှိတာတွေကို ပေးပါတယ်. အိမ်ဝယ်သူ စာချုပ်လက်မှတ်ထိုးတဲ့ အခါမှာလည်း အဆင် ပြေ‌အောင်စီစဉ် ပေးပါတယ်။

(2) Mortgage Escrow Account

ဒါကတော့ closing ဖြစ်ပြီး အိမ်ဝယ်ပြီးသွားတဲ့ အိမ်ပိုင်ရှင်တွေ ဆီက property taxes, homeowners insurance နှင့် Private Mortgage Insurance (PMI)
တွေကို လစဥ်ကောက်ခံဖို့ Mortgage Lender တွေက ဖွင့်ပေးတတ်တဲ့ Escrow Account ဖြစ်ပါတယ်။ ဒီ escrow account တွေက home owners တွေပေးရမယ့်
ငွေပမာဏ ကြီးကြီးမားမားတွေကို တစ်လချင်းနဲနဲစီခွဲ ပေးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

Escrow Process က ဘယ်လိုအလုပ်လုပ်လဲ

(1) ကိုယ်က အိမ်တစ်လုံးကို ဝယ်ဖို့ဆုံးဖြတ်လိုက်ပြီးရင် အိမ်ကို သေချာပေါက်ဝယ်ဖို့စီစဉ်ထားကြောင်း သက်သေပြတဲ့အနေနှင့် Earnest Money ကို deposit အရင်ချပေးရပါတယ်။ ဒီငွေကို Escrow company က closing day မတိုင်ခင်အထိ ကြားကနေ hold ပေးထားပါတယ်။

(2) အိမ်ကို inspection ဝင်ရဲ့လား၊ လိုအပ်တဲ့ repair တွေကို seller ဖက်က ကတိပေးထားတဲ့အတိုင်းပြင်ပေးရဲ့လား၊ buyer ဖက်ကရော loan approval ရပြီလား၊ appraisal နှင့် title check ကိစ္စတွေချောချောမွှေ့မွှေ့ဖြစ်ရဲ့လား- စတဲ့အချက်တွေ မပြည့်စုံသေးသ၍ Escrow ဟာ open ဖြစ်နေပါမယ်။ ဒါတွေအားလုံးပြည့်စုံတဲ့အခါမှ ငွေနှင့်စာချူပ်ကို သက်ဆိုင်တဲ့သူဆီ ထုတ်ပေးပါတယ်။

(3) Escrow duration ဟာ ပုံမှန်အားဖြင့် ရက် 30 ကနေ 60 ကြားမှာရှိပါတယ်။ တကယ့်အချိန်အတိအကျကတော့ အိမ်ရဲ့ inspection တွေ၊ approvals တွေနှင့် စာရွက်စာတမ်းကိစ္စတွေ ဘယ်လိုမြန်မြန်ဆောင်ရွက်ပြီးစီးနိုင်လဲ ဆိုတဲ့အပေါ်မှာမူတည်ပါတယ်။

(4) ဒီလို စာရွက်စာတမ်းကိစ္စတွေပြီးစီးလို့ အရောင်းအဝယ်အတွက် နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးပြီး closing လုပ်တဲ့အခါမှာ escrow လုပ်ပေးထားတဲ့ Earnest Money ကို Buyer's transaction ထဲကို‌ပြန်ပေါင်းထည့်ပေးတယ်။ Closing အပြီးမှာ Seller ကိုငွေတွေလွှဲပြောင်းပေးမယ် ပြီးတော့ Buyer ဖက်ကို အိမ်စာချုပ်လွှဲပြောင်းပေးပါတယ်။ Lender ဖက်က escrow account လုပ်ပေးခဲ့ရင်တော့ buyers ဖက်က closing fee ထဲမှာ escrow fee နှင့် initial escrow deposit ကိုပါ ထည့်သွင်းပြီးပေးရမှာဖြစ်ပါတယ်။

Escrow Account ရှိခြင်းရဲ့ ကောင်းကျိုးတွေကတော့ property tax, homeowner insurance နှင့် mortgage insurance တို့လိုမျိုး payment တွေကို တစ်လုံးတစ်ခဲတည်းပေးစရာမလိုပဲနှင့် ‌နဲနဲချင်းစီ လစဉ်ခွဲပေးရတဲ့အတွက် ရေရှည်မှာ ပိုအဆင်ပြေစေတယ်။ Escrow Account ရှိထားခြင်းကလဲ ကိုယ် Loan ယူတဲ့အခါမှာ lender တွေဆီက approval ရဖို့အတွက်ပိုလွယ်ကူစေပါတယ်။

Draw Back အနေနှင့်ကတော့ escrow account ရှိထားရင် payment တွေကို ကိုယ့်ဘာသာကိုယ်စီစဉ်ပြီး တစ်နှစ်တစ်ခါ၊ နှစ်နှစ်တစ်ခါ ပေါင်းပေးလို့မရတော့တဲ့အတွက် ကိုယ့်ငွေ အပေါ်မှာ control power လျော့နည်းစေပါတယ်။ Lenders တွေက အနာဂါတ်မှာ အခွန်နှင့် insurance နှုန်းတွေတက်သွားခဲ့ရင် သူတို့အတွက် ကာမိအောင်လို့ escrow fund ကို နှစ်လစာ ကြိုကောက်တတ်ကြပါတယ်။ ဒီငွေတွေက mortgage loan မကျေသေးသ၍ Escrow Account ထဲမှာပဲမြုပ်နေပါမယ်။ ပြီးတော့ Escrow Account လစဉ် payment amount တွေက နှစ်စဉ် အတိုးအလျော့ အပြောင်းအလဲတွေ ကြုံတွေ့ရတတ်ပါတယ်။ အိမ်ဝယ်သူတွေရဲ့ 90 ရာခိုင်နှုန်းက Mortgage Escrow Account ထားရှိကြပါတယ်. တချို့ lender တွေက Escrow Account မရှိတဲ့ အခါမှာ အတိုး နည်းနည်း ပိုေပးရတတ်ပါတယ်။ Escrow မထားတဲ့ အိမ်ပိုင်ရှင်က သူတို့ အတွက် risk များတယ်လို့ lender က ယူဆတာကြောင့်လည်းပါတယ်။ တကယ်လို့ အိမ်ဝယ်သူက down payment အများကြီးချပြီး ဝယ်တယ်ဆိုရင် တော့ အတိုး ပိုယူတာ မျိုး မရှိပါဘူး။

ဒါကတော့ Escrow Process အကြောင်းနှင့် escrow account ရှိထားခြင်းရဲ့ အားသာချက်နှင့် အားနည်းချက်တွေပဲဖြစ်ပါတယ်။ ကျွန်မက real estate agent ဖြစ်သလို mortgage loan officer လည်းဖြစ်တော့ ကျွန်မ clients တွေအတွက် one stop shop အနေနဲ့ ကူညီပေးနိုင်ပါတယ်။ Realtor တစ်ယောက်က loan နဲ့ ပတ်သက်လို့ loan officer လောက် ကျွမ်းကျင်စွာ မသိသလို loan officer ကလည်း real estate transaction အပိုင်းကို realtor တယောက်လောက်မသိနိုင်ပါဘူး။ ကျွန်မကိုယ်တိုင်က လုပ်ငန်းနှစ်ခုလုံးမှာ ကျွမ်းကျင်စွာ လုပ်ကိုင်နေတဲ့အတွက် clients တွေကို အဘက်ဘက်က လိုအပ်မှုမရှိအောင်ကူညီပေးနိုင်ပါတယ်။ အမေရိကန်မှာ အိမ်အရောင်း အ၀ယ် mortgage loan နဲ့ ပတ်သက်ရင် ကျွန်မနဲ့ ဆက်သွယ်တဆာင်ရွက်နိုင်ပါတယ်။

Win Myat Thu
Realtor & Mortgage Advisor
Call/Text - 206-809-5411
Helps Clients in 50 States

10/12/2025
10/12/2025

Address


Website

Alerts

Be the first to know and let us send you an email when Ma Moe Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share