ဟံသာသူရ

  • Home
  • ဟံသာသူရ

ဟံသာသူရ အတွေးအမြင် စာစုများ

တစ်နေ့နေ့ တစ်ချိန်ချိန်ခွဲခွာရဖို့ အကြောင်းကြုံလာတဲ့အခါကောင်းမွန်တဲ့သတိရစရာတွေးတိုင်းကြည်နုးစရာအကြောင်းအရာ လေးတွေကျန်ခဲ့...
12/05/2023

တစ်နေ့နေ့ တစ်ချိန်ချိန်
ခွဲခွာရဖို့ အကြောင်းကြုံလာတဲ့အခါ
ကောင်းမွန်တဲ့သတိရစရာတွေးတိုင်း
ကြည်နုးစရာအကြောင်းအရာ လေးတွေ
ကျန်ခဲ့ကြရလေအောင် ချစ်ကြခင်ကြပါ ။

မကောင်းတဲ့ စိတ်အညစ်အကြေးတွေကို ဖယ်ထုတ်ပြီးကောင်းတဲ့စိတ်လေးအစားထိုးမွေးမြူပါ။မကောင်းတဲ့ အဟောင်းတွေ ဖြတ်ထုတ် ,အကျိုးမပြုတဲ...
12/05/2023

မကောင်းတဲ့ စိတ်အညစ်အကြေးတွေကို ဖယ်ထုတ်ပြီး
ကောင်းတဲ့စိတ်လေးအစားထိုးမွေးမြူပါ။

မကောင်းတဲ့ အဟောင်းတွေ ဖြတ်ထုတ် ,
အကျိုးမပြုတဲ့ မကောင်းတာတွေကို ဖယ်ထုတ်လိုက်ရင်
ကောင်းတဲ့ အသစ်တွေ ရရှိလာပါလိမ့်မယ် ။

ဟံသာသူရ { ရတုနွယ် }

မကောင်းမှုကိုပေါ်ပေါ်တင်တင်လုပ်နေသူတွေအဖို့လူတွေသိတာ မြန်တာပေါ့ ။မကောင်းမှုကြီးကို လူမသိစေချင်ဘဲခိုးကြောင်ခိုးဝှက် လုပ်နေသူအ...
12/05/2023

မကောင်းမှုကို
ပေါ်ပေါ်တင်တင်လုပ်နေသူတွေအဖို့
လူတွေသိတာ မြန်တာပေါ့ ။

မကောင်းမှုကြီးကို လူမသိစေချင်ဘဲ
ခိုးကြောင်ခိုးဝှက် လုပ်နေသူအဖို့တော့
လူတွေချက်ချင်း ဘယ်သိနိုင်ဦးမလဲ ။
(သိသွားချိန်ကျတော့ အရှက်တကွဲအကျိုးနည်းပြီး
ဂုဏ်သိက္ခာ ညှိုးနွမ်းပြီပေါ့။)

တစ်ချို့ဆို မိမိပြုလုပ်တဲ့ မကောင်းမှုကြီးကို
တစ်ဦးတစ်ယောက် သိရှိသွားတဲ့အခါ
ဂုဏ်သိက္ခာညှိုးနွမ်းမှာ ကြောက်ကြတဲ့အတွက်
ငွေနဲ့ဖြစ်စေ ၊ တစ်ခြားသော မက်မောမှုအရာနဲ့ဖြစ်စေ
နှုတ်ပိတ်ခိုင်းတာမျိုးတောင် ရှိတတ်ပါသေးတယ်။

မကောင်းမှုပြုလုပ်နေချိန်
တစ်ချို့က လျို့ဝှက်ကင်မရာတွေ , CCTV တွေကို
ကြောက်ကြတယ်။
ကိုယ် မကောင်းတာလုပ်တာ , မဟုတ်တာလုပ်တာတွေကို
လူတွေသိမှာ ကြောက်တာကိုး ။

အပြင်က CCTV တွေ လျို့ဝှက်ကင်မရာတွေကိုသာ
သူတို့ သတိထားကြောက်ကြတာ ။
မိမိရဲ့ စိတ် ဆိုတဲ့ CCTV ကို တော့
တစ်ကယ်တမ်း သတိမထားမိကြတတ်ဘူး။

လုပ်တဲ့အလုပ်ကလည်း မကောင်းမှုကြီး ၊
ဒါကို ဘယ်သူမှ မမြင်ပါဘူးလေဆိုပြီး
လွန်ကျူးလိုက်တဲ့အခါ လွန်ကျူးလိုက်တဲ့
အဲဒီအမှား မကောင်းမှုကြီးကို
တစ်ခြားသူ မသိပေမယ့် ရှေးဦးစွာ
ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့စိတ်က သိရှိနေပြီ မဟုတ်လား ။

မကောင်းမှု ပြုတဲ့အခါ
ဘယ်သူမှ မသိနိုင်ပါဘူး လို့ ထင်မနေနဲ့ ။
ဘယ်သူမှ မသိခင် မိမိကိုယ်တိုင် သိရှိနေပြီ။
ထိုမှတစ်ဆင့် ကိုယ်စောင့်နတ်က သိရှိပြီးသားပါ။

သဗ္ဗေ သတ္တာ ကမ္မဿကာ ။

ဟံသာသူရ { ရတုနွယ် }

🔹မရှုပ်တာ ကောင်းတယ်🔹    ----------------------အသက်အရွယ်ကြောင့်လား ,အတွေ့အကြုံကြောင့်ရယ်လားတော့ မသိ၊အဖွဲ့အစည်းဆိုရင် ဝင်မပ...
05/05/2023

🔹မရှုပ်တာ ကောင်းတယ်🔹
----------------------

အသက်အရွယ်ကြောင့်လား ,
အတွေ့အကြုံကြောင့်ရယ်လားတော့ မသိ၊
အဖွဲ့အစည်းဆိုရင် ဝင်မပါချင်တော့တာ ။

ဘာကြောင့်လဲ ? ဆိုရရင်
ကြုံခဲ့ရတာတွေက အဖွဲ့အစည်းဟေ့ ဆိုရင်
အလုပ်မလုပ်ရသေးဘူး နေရာယူမည့်သူနဲ့၊
နာမည်ယူမည့်သူတွေနဲ့ချည်း
ကြုံခဲ့ , ဆုံခဲ့ရတာတွေက များတယ် ။
ဒီကြားထဲ ငွေကြေးနောက်လိုက်သူက ပါသေး ။

အဖွဲ့အစည်းတစ်ခု ဖွဲ့ပြီဆိုတာနှင့်
အရင်ဆုံး နေရာဝင်ယူလိုက်မယ်၊
နာမည်ဂုဏ်သတင်းကြီးအောင် လုပ်မယ်၊
ပြီးရင် အဖွဲ့အစည်းက ပေးတဲ့ အခွင့်အရေးတွေ
မရှက် မကြောက် ရသလောက်ယူမယ် ၊
တစ်ကယ်တမ်း အဖွဲ့အစည်းအတွက်
အနစ်နာခံ အလုပ်လုပ်ပေးရမည်ဆိုလျှင်
ခေါင်းရှောင်တတ်ကြတဲ့ အခွင့်အရေးသမားတွေနဲ့ပဲ
တွေ့ဆုံလာခဲ့ရတာ များတယ် ။

ဒါကြောင့်မို့
အဖွဲ့အစည်းဆိုရင် ဝင်မပါချင်တော့ဘဲ
စွမ်းနိုင်သလောက် အပြင်ကနေပဲ
Support ပေးချင်တော့တယ် ။
အဲဒါက ပိုစိတ်ချမ်းသာရတယ် ။

ဟံသာသူရ { ရတုနွယ် }

Address


Alerts

Be the first to know and let us send you an email when ဟံသာသူရ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share