ဘုရား တရား သံဃာ

  • Home
  • ဘုရား တရား သံဃာ

ဘုရား တရား သံဃာ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ဗုဒ္ဓဘာသာ အဓွန့်ရှည်တည်တံ့စေရန် ဘုရား တရား သံဃာ Pageကို Like $ Shareပြုလုပ်ခြင်းဖြင့် ကုသိုလ်ရယူပါ။

09/09/2025
မင်္ဂလာနံနက်ခင်းလေးပါ။🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹🌹ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹🌹သံဃံ သရဏံ ဂစ်ဆာမိ 🌹🌹ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ...
08/09/2025

မင်္ဂလာနံနက်ခင်းလေးပါ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹

🌹ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹သံဃံ သရဏံ ဂစ်ဆာမိ 🌹

🌹ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ 🌹

🌹တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ ပါဘုရား🌹

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

၃၁ ဘုံအတွင်း၌ ရှိကြကုန်သော
ဝေနေယျသတ္တဝါအားလုံး ကျန်းမာကြပါစေ
ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ

စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ

ချမ်းသာစွာအိပ်စက်အနားယူနိုင်ကြပါစေ🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺 ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့်  ကောင်းစွာအိပ်စက်နိုးထနိုင်ကြပါစေ ကောင်းမ...
08/09/2025

ချမ်းသာစွာအိပ်စက်အနားယူနိုင်ကြပါစေ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့်
ကောင်းစွာအိပ်စက်နိုးထနိုင်ကြပါစေ

ကောင်းမှူအစုစုနေ့စဉ် ပြု ၍
ကြည်နူးချမ်းမြေ့နိုင်ကြပါစေ

ဘေးရန်ခပ်သိမ်းရှောင်ခွာငြိမ်း၍
အေးချမ်းသာယာရှိနိုင်ကြပါစေ

စိုးရိမ် သောက ဗျာပါဒများ
ကင်းစင်ငြိမ်းအေးနိုင်ကြပါစေ

ဆင်းရဲ ဒုက္ခအနန္တတို့သည်မြူ မျှမတင်
ကင်းစင်လွင့်ပျောက် ချမ်းသာရောက်နိုင်ကြပါစေ

နှလုံးစိတ်ဝမ်းကြည်ရွှင်လန်း၍
ကောင်းသော လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ

စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း
ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့်ပြည့်စုံနိုင်ကြပါစေ

ဘ၀ဟာ အဆင်မပြေဖြစ်လာရင်စိတ်ဓာတ်တွေကျတတ်ပါတယ် ။အဆင်ပြေ‌ပြေဖြစ်လာရင်မေ့ပြီးဘ၀င်မြင့်သွားတတ်ပါတယ် ။စိတ်ဓာတ်ကျတာလည်းမကောင်းသလ...
08/09/2025

ဘ၀ဟာ အဆင်မပြေဖြစ်လာရင်
စိတ်ဓာတ်တွေကျတတ်ပါတယ် ။

အဆင်ပြေ‌ပြေဖြစ်လာရင်
မေ့ပြီးဘ၀င်မြင့်သွားတတ်ပါတယ် ။

စိတ်ဓာတ်ကျတာလည်းမကောင်းသလို
ဘ၀င်မြင့်တာလည်မကောင်းပါဘူး ။

ဘ၀က အဆင်ပြေပြေ မပြေပြေပါ
သတိလေးနဲ့ပဲ နေထိုင်ကြရမှာပါ ။

အဆင်မပြေဖြစ်လာတဲ့အခါ
ငါ့အရင်က အကုသိုလ်တွေဟာ

၀င်အကျိုးပေးပါလားလို့သိပြီးတော့
မိမိကံတွေကို ပြုပြင်ပေးလိုက်ပါ ။

အဆင်ပြေလာတဲ့အခါမှာလည်း
ဒီအဆင်ပြေမှုဟာမမြဲဘူး ။

ငါအဆင်ပြေနေတာဟာ
ကုသိုလ်ရဲ့တုန့်ပြန်မှုသာဖြစ်တယ်လို့
နားလည်ပြီးတော့ နေကြရမှာပါ ။

အနိမ့်အမြင့်အတက်အကျတွေဖြစ်နေတဲ့
ဆန်းကြယ်တဲ့ လောကကြီးဟာ
ကံတရားတွေရဲ့ ချယ်လှယ်မှုတွေပါပဲ ။

အမြဲတမ်းကောင်း‌တဲ့အနေထားနဲ့
အဆင်ပြေပြေလေးနေချင်ရင်တော့

ကိုယ့်စိတ်ကောင်းလေးထားပြီး
ကောင်းကံတွေကိုဖန်တီးနေကြရမှာပါ ။

သာရ ဂ ဝေ သီ

ဘုရားနဲ့_နီးချင်ရင် "             ဘုရားနဲ့ နီးချင်ရင် လိုက်နာကျင့်သုံးရမဲ့ အရည်အသွေး ( ၉) မျိုး ရှိပါတယ်...(၁) အဘိဇ္စျာ ...
08/09/2025

ဘုရားနဲ့_နီးချင်ရင် "

ဘုရားနဲ့ နီးချင်ရင် လိုက်နာကျင့်သုံးရမဲ့
အရည်အသွေး ( ၉) မျိုး ရှိပါတယ်...

(၁) အဘိဇ္စျာ ကင်းရမယ် ။
(၂) စွဲလမ်းစိတ် ကင်းရမယ်။
(၃) အမျက်ဒေါသ ကင်းရမယ် ။
(၄) အဖျက်စိတ်ထား ကင်းရမယ် ။
(၅) သတိရှိရမယ် ။
(၆) အသိဥာဏ်ရှိရမယ် ။
(၇) သမာဓိ ရှိရမယ် ။
(ဂ) စိတ်ဓာတ်ခိုင်မာမှု ရှိရမယ် ။
(၉) ဣနြေ္ဒစောင့်စည်းမှု ရှိရမယ် ။

( သင်္ဃာဋိကဏ္ဏသုတ္တန် )

(၁) အဘိဇ္စျာကင်းရမယ်
===============
သူတပါးရဲ့ ပိုင်ဆိုင်မှုကို မတော်မတရား
မလိုချင်ရဘူး ၊ အလကား မလိုချင်ရဘူး ။ ကာမဂုဏ်အာရုံတွေကို တွေးတော
ကြံစည်မနေရဘူး ။ ကာမဂုဏ်ခံစားဖို့ပဲ
စိတ်ကူးမနေရဘူး ။ ကုသိုလ်အာရုံတွေကိုပဲ
တွေးတောကြံစည် နေရမယ် ။ကုသိုလ်ပြု ဖို့ပဲ
စိတ်ကူးနေရမယ် ။

(၂) စွဲလမ်းစိတ်ကင်းရမယ်
=================
ကာမစိတ် အားမကြီးရဘူး ။
အချစ်စိတ် မလွဲမှားရဘူး ၊
သံယောဇဉ် မလွန်ကဲရဘူး ။
စည်းနဲ့ဘောင်နဲ့ ခံစားတာမျိုးပဲ ဖြစ်ရမယ် ။
သူ့အချိန်နဲ့သူ ၊ သူ့အကန့်နဲ့သူ
သာယာတာမျိုးပဲ ဖြစ်ရမယ် ။
သက်ရှိ ၊ သက်မဲ့ ဘယ်အရာကိုမဆို
အချိန်မရွေး ၊ နေရာမရွေး
စွန့်လွှတ်နိုင်စွမ်း ရှိရမယ် ။

(၃) အမျက်ဒေါသ ကင်းရမယ်
===================
သည်းခံခွင့်လွှတ်နိုင်စွမ်း ရှိရမယ် ။
မေတ္တာတရား ကြီးမားရမယ် ။ ထစ်ခနဲရှိ
စိတ်တိုတာမျိုး ၊ ထစ်ခနဲရှိ စိတ်ညစ်တာမျိုး
လုံးဝ မဖြစ်စေရဘူး ။ ကိုယ့်ကြောင့်
သူတစ်ပါး စိတ်ဆင်းရဲအောင် မလုပ်ရဘူး ။
ကိုယ့်ကြောင့် သူတစ်ပါး စိတ်ချမ်းသာအောင်
လုပ်ရမယ် ။

(၄) အဖျက်စိတ်ထား ကင်းရမယ်
=====================
သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းကို
ဘယ်တော့မှ မကြံစည်ရဘူး ။ သူတစ်ပါး
ပြည့်စုံရာ ပြည့်စုံကြောင်းကိုပဲ
အမြဲကြံစည်ရမယ် ။
သူတစ်ပါးကို ကူညီချင်တဲ့စိတ်
ထက်ထက်သန်သန် ရှိရမယ် ။
အပြု စိတ်ထား အားကောင်းရမယ် ။

(၅) သတိရှိရမယ်
============
မလုပ်သင့်တာ မလုပ်ဖို့ ၊ လုပ်သင့်တာ
လုပ်ဖို့ အမြဲ နိုးကြားနေရမယ် ။ လုပ်သမျှ
အလုပ်တိုင်းဟာ ဦးတည်ရာပန်းတိုင်နဲ့
ဆီလျော်နေရမယ် ။ ဘာဝနာ အာရုံတစ်ခုခု
စိတ်အစဉ်မှာ ထင်ရှားနေရမယ် ။

(၆) အသိဥာဏ်ရှိရမယ်
===============
အမှားအမှန်ကို ဆင်ခြင်နိုင်ရမယ်။
လုပ်သင့် ၊ မလုပ်သင့်ကို ခွဲခြားနားလည်ရမယ် ။
ကိုယ်ယူထားတဲ့ ဘာဝနာအာရုံရဲ့
သဘောသဘာဝကို ပိုင်ပိုင်နိုင်နိုင်
သဘောပေါက်ရမယ် ။

(၇) သမာဓိရှိရမယ်
============
အာရုံတိုင်းမှာ စိတ်ကောင်းထားနိုင်ရမယ်။
ဘယ်အာရုံနဲ့တွေ့တွေ့ စိတ်တည်ကြည်မှု ၊
စိတ်အေးချမ်းမှု ၊ စိတ်ကြည်လင်မှု ၊
စိတ်စုစည်းမှု ရှိရမယ် ။ ဘယ်အလုပ်ကိုမဆို
သပ်သပ်ရပ်ရပ် ၊ စေ့စေ့စပ်စပ် လုပ်ရမယ် ။

(၈) စိတ်ဓာတ်ခိုင်မာမှု ရှိရမယ်
===================
အကောင်းအာရုံနဲ့ပဲ ကြုံ ကြုံ ၊
အဆိုးအာရုံနဲ့ပဲ ကြုံ ကြုံ မတုန်လှုပ်ရဘူး ။
ဘယ်လို အဖြစ်အပျက်မျိုးကိုမဆို လေးနက်တဲ့စိတ် ၊
ရင့်ကျက်တဲ့စိတ်နဲ့ တုံ့ပြန်နိုင်စွမ်း ရှိရမယ် ။

(၉) ဣနြေ္ဒစောင့်စည်းမှု ရှိရမယ်
====================
မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် ၊ စိတ် ဆိုတဲ့
ဣနြေ္ဒခြောက်ပါးနဲ့ ပတ်သက်ပြီး လောဘ ၊
ဒေါသ စတဲ့ ကိလေသာ မဖြစ်စေရဘူး။
ဘယ်အာရုံမှာမဆို စိတ်ဆိုး စိတ်ယုတ် ၊
စိတ်ပုတ် စိတ်ညံ့ ၊ စိတ်ရှုပ် စိတ်နောက် ၊
စိတ်ညစ် စိတ်မည်း လုံးဝ မဖြစ်စေရဘူး ။
အာရုံတိုင်းမှာ စိတ်ကောင်း စိတ်မြတ် ၊
စိတ်ကြည် စိတ်သန့် ၊ စိတ်ရှင်း စိတ်အေး ၊
စိတ်လှ စိတ်ဖြူ ပဲ ဖြစ်စေရမယ် ။

ဤအရည်အသွေး ကိုးမျိုး ပြည့်စုံအောင်
ကြိုးစားကြခြင်းဖြင့် ဓမ္မမိတ်ဆွေများအားလုံး
ဘုရားနဲ့ နီးတဲ့သူတွေ ဖြစ်အောင်
ကြိုးစားအားထုတ်နိုင်ကြပါစေ ။
ကြိုးစားအားထုတ်နိုင်ကြတဲ့အတိုင်းလည်းပဲ
မိမိတို့ ရည်မှန်းတောင့်တတဲ့
ဗောဓိဥာဏ်နဲ့တကွ နိဗ္ဗာန်ချမ်းသာကို
လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေ......။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

မင်္ဂလာညချမ်း‌လေးပါ🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹🌹ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹🌹သံဃံ သရဏံ ဂစ်ဆာမိ 🌹🌹ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာ...
08/09/2025

မင်္ဂလာညချမ်း‌လေးပါ
🌹🌹🌹🌹🌹🌹🌹🌹🌹🌹

🌹ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹သံဃံ သရဏံ ဂစ်ဆာမိ 🌹

🌹ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ 🌹

🌹တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ ပါဘုရား🌹

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

၃၁ ဘုံအတွင်း၌ ရှိကြကုန်သော
ဝေနေယျသတ္တဝါအားလုံး ကျန်းမာကြပါစေ
ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ

စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ

Address


Telephone

+959798009283

Website

https://www.youtube.com/@user-hc5wi2mx5o

Alerts

Be the first to know and let us send you an email when ဘုရား တရား သံဃာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share