24/06/2026
Beijing National Stadium
အကြောင်း သိပြီးကြပြီလား? သူ့ရဲ့ ထူးခြားဆန်းသစ်တဲ့ တည်ဆောက်ပုံကြောင့် လူသိများတာကတော့ "ငှက်သိုက်ကြီး (Bird's Nest)" ဆိုပြီးတော့ပေါ့။ 🦅✨
သံမဏိ တွေနဲ့ တည်ဆောက်ထားတဲ့ဒီဇိုင်းပိုင်းမှာတင် မဟုတ်ဘဲ သူ့ရဲ့နောက်ကွယ်က စိတ်ဝင်စားစရာအချက်အလက်တွေကတော့ -
❄️ သမိုင်းဝင် မှတ်တမ်း: ၂၀၀၈ ပေကျင်း နွေရာသီအိုလံပစ်ရော၊ ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်ကိုပါ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားတွေ လက်ခံကျင်းပခဲ့ဖူးတဲ့ အားကစားကွင်းကြီး ဖြစ်ပါတယ်။