MIT VMAs ဆုပေးပွဲရဲ့အဓိကဆုကြီးကို ပထမဆုံးရလာတဲ့ ကေပေါ့အိုင်ဒေါ Rose
နာမည်ကြီးဆုပေးပွဲကြီးဖြစ်တဲ့ VMAs ဆုပေးပွဲကြီးမှာ Best K Pop ဆိုတဲ့ဆုအမျိုးအစားပါထည့်သွင်းထားပြီးတော့ ကေပေါ့အိုင်ဒေါတွေကိုဆုပေးပါတယ်။ ဒါပေမဲ့ ကေပေါ့အိုင်ဒေါအများစုဟာ ဒီဆုအမျိုးအစားတစ်ခုအတွင်းမှာပဲ ဆန်ကာတင်ဝင်ကြလေ့ရှိပြီးတော့ ဆုပေးပွဲရဲ့အဓိကဆုကြီးတွေစာရင်းမှာဆန်ကာတင်ဝင်တာမျိုးမရှိတတ်ပါဘူး။ အနောက်နိုင်ငံက နာမည်ကြီးအနုပညာရှင်တွေနဲ့အပြိုင် ဝင်တိုးရတဲ့ဆုပေးပွဲမှာ စံချိန်သစ်အနေနဲ့ BlackPInk အဖွဲ့ဝင် Rose ဟာ ဆုကြီးတွေအပါအဝင် ဆုပေါင်း ၈ ဆုမှာဆန်ကာတင်ဝင်ခဲ့ပါတယ်။ ဒါ့အပြင် အဓိကဆုကြီးဖြစ်တဲ့ Song of the Year ဆုကိုပါ APT သီချင်းနဲ့ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ နာမည်ကြီးအနုပညာရှင်တွေအများကြီးကျော်လွှားပြီးတော့ Rose ဟာ VMAs ရဲ့အဓိကဆုကြီးကိုပိုင်ဆိုင်နိုင်တဲ့ ပထမဆုံးသောကေပေါ့အိုင်ဒေါဖြစ်လာခဲ့ပါပြီ။ ဆုလက်ခံပြီး ကျေးဇူးတင်စကားမှာတော့ သီချင်းအတူလုပ်ခဲ့တဲ့ Bruno Mars အပါအဝင် Teddy နဲ့ BlackPink မန်ဘာတွေကိုပါ ကျေးဇူးတင်ကြောင်းထည့်ပြောသွားခဲ့တာပါ။ ဒီဆုအပြင် BlackPink အဖွဲ့ဝင်ဖြစ်တဲ့ Lisa ကလည်း နာမည်ကြီးအဖွဲ့နဲ့ အိုင်ဒေါတွေကိုကျော်ပြီးတော့ Best K pop ဆုကို သုံးနှစ်ဆက်တိုက်ရသွားခဲ့ပါတယ်။
Position - Junior or/and Senior Videographer,
- Junior or/ and Senior Video Editor
Employment Type - Full Time
Industry - Myanmarload Media/ True Digital Production
Salary - Negotiable
Office Hours - 8 :00 am to 4:00 pm
Days Off - Sunday & Public Holidays
Location - MICTPark Hlaing Township Yangon
* You must understand video editing theory and color grading.
* You have to be interested in the camera and editing
* Any degree holder
please submit your updated CV with expected salary to [email protected]
09761665236
K Pop Idol တစ်ယောက်အနေနဲ့သာမက မင်းသမီးတစ်ယောက်အနေနဲ့ပါ ပွဲဦးထွက်ထားပြီးသားဖြစ်တဲ့လီဆာဟာ သရုပ်ဆောင်ကောင်းတယ်လို့ချီးကျုးခံနေရပါတယ်။ လီဆာဟာ White Lotus စီးရီးမှာ မင်းသမီးအဖြစ်ပွဲဦးထွက်ခဲ့ပြီးတော့ တုံ့ပြန်မှုကောင်းတွေရခဲ့တာပါ။ အခုတစ်ခေါက်မှာလည်း လီဆာဟာသူ့တစ်ကိုယ်တော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Dream အတွက် Short Film ကိုဂျပန်မင်းသား Sakaguchi နဲ့ တွဲဖက်ရိုက်ကူးထားတာဖြစ်ပါတယ်။ လီဆာတနဲ့ Sakaguchi ဟာ ချစ်သူစုံတွဲတွေအဖြစ်သရုပ်ဆောင်ထားကြတာဖြစ်ပြီးတော့ ငါးမိနစ်လောက်ပဲရှိတဲ့ Film ဖြစ်ပေမဲ့ လီဆာရဲ့သရုပ်ဆောင်အရည်အချင်းတွေကိုတော့တော်တော်များများကချီးကျုးနေကြတာဖြစ်ပါတယ်။ သီချင်းဟာဝမ်းနည်းစရာကောင်းတဲ့စာသားတွေရှိတာကြောင့် ထွက်လာကတည်းကနာမည်ကြီးနေခဲ့သလိုအခုလို Short Film နဲ့ပါတွဲထုတ်လိုက်ချိန်မှာတော့ အတော်လေးလူပြောများတဲ့သီချင်းဖြစ်သွားခဲ့ပါတယ်။
Be the first to know and let us send you an email when Myanmarload posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.