EODA

EODA Survivor voices from Myanmar’s darkest hours. Revealing truths of injustice and resistance through stories and visuals. New stories every Sunday.

18/08/2025

The History They Never Taught: Ep-5
ဒီဗီဒီယိုမှာ ကျွန်တော့ ကိုယ်တွေ့ အမှန်တရားများကို ပြန်လည် မျှဝေပေးသွားမှာဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီး ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ၊ ရဲနဲ့ထောင်ဝန်ထမ်း တွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးညှဉ်းပန်းမှု၊ နှိပ်စက်မှု တွေကို ခါးသီးတဲ့အတွေ့အကြုံ အဖြစ် ရင်ဆိုင်ခဲ့ရပါတယ်။ အင်းစိန် ထောင်နှင့် သာယာဝတီ ထောင် ငရဲခန်း များတွင် မြင်ခဲ့ရ၊ ခံစားခဲ့ရတဲ့ နိုင်ငံရေးဖိနှိပ်မှု၊ လူသားဆန်မှု ရင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရှုံးမပေးတဲ့ လူတွေရဲ့ အသက်နဲ့လဲထားတဲ့ ရုန်းကန်မှုတွေကို မျက်မှောက်ပြုခဲ့ရပါတယ်။ ဒီဗီဒီယိုလေးဟာ မြန်မာပြည်သူတွေရဲ့ သွေးနဲ့ရေးခဲ့ရတဲ့ ကြိုးပမ်းမှုအတွက် ကမ္ဘာကသိစေဖို့၊ အားလုံးရဲ့ထောက်ခံမှုရရှိဖို့ ရည်ရွယ်ပါတယ်။ဒါက အတိတ်သမိုင်းမဟုတ်ပါ... ယနေ့တိုင် သွေးနဲ့ရေးဆဲအဖြစ်အပျက်ပါ။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ၃ နှစ်ကျော်ကြာသွားပြီဖြစ်သော်လည်း တရားမျှတ်ရေးအတွက် ကျွန်ုပ်တို့၏ရုန်းကန်မှုများ မရပ်မနားရှိနေဆဲပါ။
In this video, I share my personal and true story of being arrested, tortured, and imprisoned by Myanmar’s military junta, police, and prison officials during the 2021 coup. Through my experience inside Insein and Tharyarwaddy prisons, I reveal the harsh realities of political oppression, human rights abuses, and the resilience of those who continue to fight for freedom and democracy. This video aims to raise awareness and inspire support for Myanmar’s ongoing struggle.This is not just history — it’s still happening. It’s been over 3 years since the 2021 coup, and the fight for justice continues.

#မြန်မာအရေး
#ဖိနှိပ်မှုရပ်ပါ
#အကြမ်းဖက်မှုရပ်ပါ

အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် စနစ်တကျ ဖိနှိပ်မှုများ နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအင်းစိန်ထောင...
15/08/2025

အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် စနစ်တကျ ဖိနှိပ်မှုများ နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများအား မတရားအလုပ်ကြမ်းခိုင်းခြင်း၊ အစားအစာနှင့် ကျန်းမာရေးဆိုးရွားစွာ ချို့တဲ့မှုများ၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းညှဉ်းပန်းနှိပ်စက်မှုများ၊ အာဏာလက်ကိုင်ပြုမှုနှင့် ငွေညစ်နှီးမှုများ၊ အချင်းချင်းလျှို့ဝှက်စွာ ကူညီနေရခြင်းနှင့် ဖိနှိပ်မှုစနစ်များ စသည်တို့ကို စနစ်တကျ ပြုလုပ်နေသည်။

၁။ မတရားအလုပ်ကြမ်းခိုင်းစေခြင်းနှင့် လူမဆန်သောဆက်ဆံမှုများ

အဆောင်တိုင်းရှိ နိုင်ငံရေးအကျဉ်းသားများအား အတင်းအဓမ္မအလုပ်ခိုင်းစေခြင်း၊ အထူးသဖြင့် ညစ်ပတ်၍ ကျန်းမာရေးထိခိုင်စေနိုင်သောအလုပ်များ (အမှိုက်ခွဲခြင်း၊ မိန်လာရေခပ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ)။

အသက် ၁၈ နှစ်မှ ၆၀ ကျော်အထိ ကျန်းမာရေးမကောင်းသူများပါ အတင်းအကျပ်ခိုင်းစေခြင်း၊ ဆေးနားရက်လုံလောက်စွာမပေးခြင်း။

အာဏာပိုင်များက "မင်းတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချထားတာ" ဟု လူမဆန်စွာ ပြောဆိုခြင်း။

၂။ အစားအစာနှင့် ကျန်းမာရေး ဆိုးရွားစွာချို့တဲ့မှု

ထောင်မှပေးသော အစားအစာများ ပမာဏလျှော့ချခြင်း

ပါဆယ်မရသူများ အငတ်ဘေးခံစားရခြင်း၊ အာဟာရမပြည့်ဝခြင်း။

ကျန်းမာရေးစောင့်ရှောက်မှု အလွန်အမင်းညံ့ဖျင်းခြင်း။

၃။ ရုပ်ပိုင်းနှင့် စိတ်ပိုင်းညှဉ်းပန်းနှိပ်စက်မှုများ

တောင်းဆိုသူများအား ရိုက်နှက်ခြင်း၊ ခြေချင်းခတ်ခြင်း၊ တိုက်ပိတ်ခြင်း။

မကွေးထောင်မှ ပြောင်းလာသူများအား ခြေချင်းထည့်၍ ဒူးထောက်အဝတ်တိုက်ခိုင်းခြင်း။

အခြားအကျဉ်းသားများနှင့် စကားပြောခွင့်ပိတ်ပင်ခြင်း။

၄။ အာဏာလက်ကိုင်ပြုမှုနှင့် ငွေညစ်နှီးမှု

အဆောင်မှူး၊ အလုပ်ဘုတ်ကိုင်များထံ လာဘ်ပေးရသော်လည်း အလုပ်ကြမ်းမှ မလွတ်ခြင်း။

လုပ်အားပေး အဖြစ် အချိန်ပြည့်အလုပ်ခိုင်းစေခြင်း ။

၅။ လျှို့ဝှက်ကူညီမှုများနှင့် ဖိနှိပ်မှုစနစ်

အစားအစာနှင့်ရေတိုက်ကျွေးရာတွင် နိုင်ငံရေးအကျဉ်းသားများ အချင်းချင်း လျှို့ဝှက်စွာကူညီပေးနေရခြင်း။

ထောင်တစ်ခုလုံးတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် မလိုအပ်သော ဖိနှိပ်မှုများ ကျင့်သုံးနေခြင်း။

အင်းစိန်ထောင်တွင်လည်း အကျဉ်းသာ ရပိုင်ခွင့် များပျောက်ဆုံး၍ မတရား ခြိမ်းခြောက် အလုပ်စေခိုင်းခြင်းများ ဖြစ်ပေါ်လျှက်ရှိနေပါသည်။
အင်းစိန် အကျဉ်ထောင်တွင် အဆောင်တိုင်း၌ ရှိသော နိုင်ငံရေး အကျဉ်းသားများကို အတင်းအားဓမ္မ ခြိမ်းခြောက်ကာ အလုပ်ခိုင်းစေခြင်းများ ရှိနေပါသည်။ ၃ ပေခွဲ ၄ ပေခန့်ရှိသော အမှိုက်များပြစ်ထားသည့် ညစ်ပတ်နံစော်နေသည့် အမှိုက်ကန်ထဲတွင် ထမင်းသိုးများ၊ ဟင်းသိုးများ၊ ကော်ဘူး၊ ပလပ်စတစ် နှင့် တခြားအမှိုက်များကို ခွဲဝေရသော အလုပ်များကို တနေကုန် လုပ်ကိုင်နေရခြင်း၊ စိုက်မျိုးရေးအတွက် စိုက်မျိုးမြေများကို ပေါင်တူးဖြင့် တနေကုန်ပေါက်နေကြရခြင်း ၊ စိုက်ပျိုးထားသော အပင်များကို ရေးလောင်းခြင်းများ နှင့် အညစ်ကြေးစွန့် သော မိန်လာ တွင်းထဲမှ( ချီးတွင်း) မိန်လာရေးများကို အပင်များအတွက် လောင်းရန် မိန်လာခပ်ရသော အလုပ် များကို အတင်းအားဓမ္မ ခြိမ်းခြောက် အလုပ်စေခိုင်းခြင်းများဖြစ်ပေါ်နေပါသည်။ အသက် ၁၈ နှစ်မှစ၍ အသက်ကြီးရင့်သော ၆၀ ကျော် လူကြီးပိုင်းများအထိ ခြိမ်းခြောက်ကာ အလုပ်ခိုင်းစေခြင်းများလည်း ရှိနေပါသည်။ ကျန်းမာရေး မကောင်းသူများကိုလည်း မလုံလောက်သော ရက်အနည်းငယ်မျှသာ ဆေးနာပေးပြီး ဆေးနားရက်ပြည့်သွားပါက အလုပ်ပြန်လည်လုပ်နေကြရပါသည်။ အသက်ကြီးပိုင်း လူကြီးများသည် ဆေးခန်းမှ ဆေးနာမရရှိသည့်အခါများတွင် ကျန်းမာရေးဆိုးရွားလျှက် ပင် အလုပ်ကြမ်းများကို လုပ်ကိုင်နေကြရသည်။ ကျန်းမာရေး မကောင်းသော လူကြီးများ အလုပ်နားရက်ရရှိရေးအတွက် အာဏာပိုင်များထံသို့ တင်ပြသောအခါများတွင် “မင်းတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချထားတာ” ဟူ၍ လူသားဆန်မှုကင်းမဲ့စွာ ပြန်လည်ပြောဆိုခဲ့ပါသည်။
ထောင်မှ အစားအစာ ခွဲဝေ ကျွေးမွေးမှုများသည်လည်း အရင်ကထက် ပို၍ ဆိုးရွာ လာပါတယ်။ ထောင်မှာ ၁ ပတ် ၂ ခါ ကျွေးသော ငါးဒန်ပေါက် နှင့် ရက်မပြည့် CP ကြက်သား ဟင်းတုံးများသည် ယခင် သတ်မှတ်ထားသည်မှာ ၂၅ သားခန့်ဖြစ်သော်လည်း ယခု အခါတွင် ၅ ကျပ်သားမပြည့်တော့ပေ။ နယ်ဝေးမှ ပါဆယ်မလာနိုင်သည့်သူများနှင့် အဆင်ပြေမပြေသော မိသားစုများ မှ ပါဆယ် မပို့နိင်ကြသောသူများမှာ ထောင် မှ ကျွေးသော အစားအစာများကို အားထား စားသုံးနေကြရသူများအဖို့ ဘယ်လိုနည်းနှင့်မျှ စားရသည်မှာမလောက်ငှသော အခြေအနေတခု လည်း ဖြစ်ပေါ်လျှက်ရှိနေပါသည်။ အစားအစာ မလုံလောက် မှုများကြောင့် အာဏာပိုင်များဘက်သို့ တောင်းဆိုတင်ပြသည့် အခါများတွင်လည်း အကြမ်းဖက် အုပ်စုဖွဲ့ ရိုက်နှက်ခြင်း၊ ခြေချင်းခတ်ခြင်း၊ တိုက်ပိတ်ခြင်းများလည်းပြုလုပ်လျှက်ရှိနေပါတယ်။ အင်းစိန် ထောင်မကြီး အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများကိုလည်း လုပ်အားပေး ဆိုသည့်ခေါင်းစဉ်ဖြင့် ထမင်း၊ ဟင်းများချက်ပြုတ်ကြရာ မီးဖိုကြီးတွင်လည်း အလုပ်များစွာကို ခြိမ်းခြောက် ခိုင်းစေခြင်းခံနေကြရပါတယ်။ ထောင်တွင်း စရောက်ရှိစဉ်ကတည်းက အလုပ်ကြမ်းများ မလုပ်ကိုင်ရအောင် အာဏာပိုင် လက်ကိုင်ထုတ်( အဆောင်မှုး၊ တန်းစီးချုပ်၊ အခန်းလူကြီး၊ အလုပ်ဘုတ်ကိုင် ) များ သတ်မှတ်ထားသော အခကြေးငွေများကို ပေးသွင်းပြီးဖြစ်သော်လည်း အတင်းအားဓ္ဓမ ခြိမ်းခြောက် အလုပ်ခိုင်းစေခြင်းများဖြစ်ပေါ်လျှက် ရှိနေပါတယ်။ ယခုလက်ရှိ အင်းစိန်ထောင် တစ်ထောင်လုံးတွင်လည်း လုံခြုံရေးပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုက်ရာ များနှင့် စည်းကမ်းပိုင်းဆိုင်ရာများကို မသက်ဆိုင်သော မလိုလားအပ်သော ဖိနှိပ်ချုပ်ချယ်မှုများ ဖြစ်ပါ်နေပါသည်။
မကွေးထောင်မှ ထောင်ပြောင်းပို့ခံထားရသော နိုင်ငံရေး အကျည်းသားများထဲမှ တချို့တဝက်ကို ယခု လက်ရှိအချိန်ထိ ခြေချင်း နှင့် ထောက်များထည့်ကာ အဆောင် များ၏ လူသွားလမ်း၊ လျှောက်လမ်းများကို ဒူးထောက်၍ တနေကုန် အဝတ်စုတ်ဖြင့် လျှောက်လမ်းတိုက်သည့် အလုပ်ကို လုပ်ကိုင် နေကြရပါသည်။ မည်သူတစ်ဦး တစ်ယောက်နှင့်မျှ စကားပြောမှု မပြုကြရန် အာဏာပိုင် များဘက်မှ အမိန့်ထုတ်ပြန်ထားပါသည်။ အစားအစာကျွေးမည့်သူ၊ နောက်ဆုံး ရေတိုက်မည့်သူများမရှိသဖြင့် နိုင်ငံရေးအကျဉ်းသားများမှ ခိုးကြောင်ခိုးဝှက်အရဲစွန့်ကာ အာဏာပိုင်များလစ်ရင်လစ်သလို ရေတိုက်ခြင်း၊ အစားအသောက်ကျွေးမွေးခြင်းများ ဖြင့် မသိမသာ ပြုစုစောင်လျှောက်လျက် ကူညီမှုများလုပ်ဆောင်နေကြပါသည်။

အင်းစိန်ထောင်သည် နိုင်ငံရေးအကျဉ်းသားများအား စနစ်တကျဖိနှိပ်သည့် နေရာဖြစ်နေပြီး၊ လူ့အခွင့်အရေးဆိုင်ရာ ပြင်းထန်သောချိုးဖောက်မှုများ ဖြစ်ပေါ်နေသည်။ ဤအခြေအနေများကို လူ့အခွင့်အရေးအဖွဲ့များမှ အရေးတကြီး စုံစမ်းစစ်ဆေးရန် လိုအပ်ပါသည်။လူ့အခွင့်အရေးချိုးဖောက်မှုများကို ကမ္ဘာ့အဆင့်သိရှိစေရန်နှင့် အရေးယူစောင့်ကြည့်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။ သတင်းအချက်အလက်များကို တိကျစွာ စုံစမ်းပြီး အစီရင်ခံစာများ ထုတ်ပြန်ရန် လိုအပ်ပါသည်။

#မြန်မာအရေး
#ဖိနှိပ်မှုရပ်ပါ
#အကြမ်းဖက်မှုရပ်ပါ

ပဲခူးတိုင်းဒေသကြီး အတွင်းမှ ဒိုက်ဦးဗဟိုအကျဥ်းထောင်တွင် နိုင်ငံရေးအမျိုးသမီးများ ညဥ်းပန်းနှိပ်စက်ခံနေရ..... ဒိုက်ဦးဗဟို...
13/08/2025

ပဲခူးတိုင်းဒေသကြီး အတွင်းမှ ဒိုက်ဦးဗဟိုအကျဥ်းထောင်တွင် နိုင်ငံရေးအမျိုးသမီးများ ညဥ်းပန်းနှိပ်စက်ခံနေရ.....
ဒိုက်ဦးဗဟိုအကျဥ်းထောင်တွင် အကျဥ်းသား/သူ အခွင့်အရေးများချိုးဖောက်ခံရ မှုများမကြာခန ဆိုသလို ဖြစ်နေပါတယ် ထောင်တွင်းမှာ ထောင်အမျိုးသမီးဝန်ထမ်းတွေဟာ အာဏာ ကိုရသလို အလွဲသုံးစား လုပ်ကိုင်၍ ပါဝါပြ ခြိမ်းခြောက်မှုများရှိခြင်း ကုန်ပစ္စည်းစျေးနှုန်းများကို ဧည့်တွေ့(ထောင်ဝင်စာ)မှ ပေးသွင်းမရ ၍ဆိုကာ စျေးကြီးများပေးဝယ်ခိုင်းခြင်း များလည်း ပြုလုပ်နေပါတယ် ထိုထဲတွင် စန်းနွယ်ဦးဆိုသူ အမျိုးသမီးဝန်ထမ်း နှစ်ပွင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဆိုသူ လည်း အမြတ်ကြီးစားခေါင်းပုံ ဖြတ်မှုတွင် ပါဝင်နေပါသည် သူမသည် အကျဥ်းသူများကို အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခြင်း အမျိုးသမီးဝန်ထမ်းအင်အားနှင့်မလောက်လျှင် အကျဥ်းသားများပါခေါ်၍ ဖိနှိပ်ခြင်း ပါးရိုက်နားရိုက် ဆံပင် စောင့်ဆွဲ ခြင်း တုတ် လေးခွ များနှင့်ခေါ်ပြစ်ခိုင်းခြင်း ထောင်ပုံစံ-၂ဟုဆိုကာ အကျဥ်းထောင် လက်စွဲ ဥပဒေအားအလွဲသုံးစားလုပ်၍ နိုင်ငံရေးအမျိုးသမီး များကို အကြောက်တရား များဖြင့်ဖိနှိပ်ထားလျက်ရှိပါသည် သူကြည့်မရသူများ နိုင်ငံရေးတတ်ကြွ လှုပ်ရှားသူများကို ပို၍ ဖိပြီးနှိပ်စက်တာတွေ ရှိပါတယ် အကျဥ်းသူ အချင်းချင်း သွေးခွဲ အုပ်ချုပ်တာတွေ လည်း ရှိပါတယ် အဲ့မှာမှ ဇင်မာကြည်အောင် လက်ရှိတာဝန်ထမ်းဆောင်ဆဲရာထူး ဦးစီးအရာရှိ၃ပွင့်ရှိသူသည်လည်း နိုင်ငံရေးအကျဥ်းသူများအားဖိနှိပ် ရက်စက်မှုများရဇိနေသည် သူမသည် စစ်တပ်ဘက်အရာရှိများမှ အကောင်ကြီးကြီးများနှင့် အပတ်သတ်ရှိသည် ဟုဆိုကာထောင်ပိုင်၏ အမိန့်ကိုပင် မနာခံပဲ ထင်ရာဆိုင်း ဘီလူးဆိုင်းတီး၍ အကျဥ်းသူများအားဖိနှိပ်အုပ်ချုပ်လျက်ရှိပါသည် စပြောင်းလာထဲက သူမကပြောပါတယ် နင်တိုတွေကို ငါက ငါ့စိတ်သဘောတိုင်းကြအုပ်ချုပ်မယ် နင်တိုရောက်နေတာ ထောင်ဆိုတာ ခေါင်းထဲမှာထည့်ထားဟု အကြောက်တရားများဖြင့် ဖိနှိပ်ထားတယ် ဝန်ထမ်းအချင်းချင်းတောင်မှ ဘာမှ ပေးမလုပ်ပါဘူး သူကိုယ်တိုင်ပဲ ပစ္စည်းတွေကို မတော်တရာ စျေးနှုန်းတွေနှင့် အမြတ်ကြီးစားခေါင်းပုံဖြတ်ပါတယ် စန်းနွယ်ဦးနဲ့လည်း ပဏ္ဍာ သိပ်တော့မရဘူး ဒါပေမဲ့ ရက်စက်တဲ့အခါမှာတော့ လက်တွဲ ညီကြပါတယ် လွန်ခဲ့တဲ့ 2024ခုနှစ် နှောင်းပိုင်းလောက်မှာ အကျဥ်းသူများကို အကြောင်းပြချက်မရှိတိုက်ပိတ်၍ ယခု အချိန်ထိ ပြန်လည်ထုတ်ပေးခြင်းလည်းမရှိသေးပါဘူး တိုက်ပိတ်တယ်ဆိုတာကလည်း အမျိုးသမီးတိုက်မှာ မဟုတ်ပါဘူး အမျိုးသားတိုက် ၄-၅-၆ဆိုတဲ့ တိုက်ဘက်မှာ ပိတ်ထားတာပါ အစကတော့ အမျိုးသားဝန်ထမ်းတွေဟာအီစီကလီ လုပ်တာ အကျဥ်းသား /သူ များ ဆီသိုသတင်းပေါက်ကြားသွား သောကြောင့် ထောင်ဆူပူမှုများဖြစ်မည်ဆိုး၍ အမျိုးသားများကို သီးသန့် ပြန်ထားလိုက်ခြင်းဖြစ်ပါတယ် ဇင်မာကြည်အောင်ဟာလည်း နိုင်ငံရေးအကျဥ်းသူ အမျိုးသမီးများကို အမျိုးမျိုး ဖိနှိပ် ချုပ်ချယ်နေသူတစ်ဦးပါ တိုက်ပိတ်ထားခံရတဲ့အမျိုးသမီးတွေကတော့ (သူသူအေး) (ဇူးဇူးဇင်)(မိုးမိုးစန်း)(ဇင်ဇာဇူးဇင်)(မေသူအောင်)အခြားနိုင်ငံရေးအကျဥ်းသူများရောပါဝင် ပါတယ် ဧပြီ၂၈ ငလျင်လှုပ်တုန်းကဆို အကျဥ်းသူတွေ ဟာ အထိန်တလန့် အော်ဟစ်တာတောင်သေပါစေ ဒီကောင်မတွေ ပြည်ဖျက်မတွေ တိုင်းပြည်အတွက် ဘာမှ အကျိုးမရှိတဲ့ဟာ တခြားဆဲရေးတိုင်းထွာ ခြင်းများလည်းပြုလုပ်ခဲ့ပါတယ် ဒိုက်ဦးထောင်ဟာ လွန်ခဲ့ 2023ခုနှစ်5လပိုင်းထဲက အကျဥ်းသားများ ဖမ်းဆီးခေါ်ထုတ်သတ်ဖြတ်ပြီးထဲက အကြောက်တရားတွေနဲ့ ဆက်တိုက်အုပ်ချုပ်လာတာပါ ဗဟိုကင်းက သေနတ်တွေကလည်းကျည်အမြဲ ဖြည့်ထားပြီးသားပါ လှုပ်ရအောင်ကို ဖိနှပ်ထားတာပါ မကြာခနဆိုသလို အထူးရှာဖွေရေးများဝင်ရောက်ကာ အကျဥ်းသား/သူ များ ကို စိတ်အနှောင့်အယှက်များပေးခြင်း စားရသည်များမှာလည်းဖြစ်သလိုကျွေးမွေးကြပါတယ် ကျန်းမာရေးစောင့်ရှောက်ခွင့်လည်း အပြည့်ဝ မရကြ ပါဘူး တခြား အမျိုးသားဝန်ထမ်းတွေကလည်းအမြဲ ဆဲရေးတိုင်းထွာနေတာပါ အကျဥ်းသားရပိုင်ခွင့်အခွင့်ရေးဆိုတာ ဘာမှန်းတောင်မသိရပဲ အကြောက်တရားနဲ့ ဖိနှိပ်ထားတဲ့ ​ေထာင်တထောင် ဖြစ်ပါတယ်....::.
PS:စန်းစန်းမိုး
နန်းရည်မွန်ဦး
ဖြိုးဖြိုးအောင် တိုက်ပိတ်ခံထားရသူနာမည်များဖြစ်ပါသည်။

#မြန်မာအရေး
#ဖိနှိပ်မှုရပ်ပါ
#အကြမ်းဖက်မှုရပ်ပါ

11/08/2025

The History They Never Taught: Ep-4
ဒီဗီဒီယိုမှာ ကျွန်တော့ ကိုယ်တွေ့ အမှန်တရားများကို ပြန်လည် မျှဝေပေးသွားမှာဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီး ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ၊ ရဲနဲ့ထောင်ဝန်ထမ်း တွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးညှဉ်းပန်းမှု၊ နှိပ်စက်မှု တွေကို ခါးသီးတဲ့အတွေ့အကြုံ အဖြစ် ရင်ဆိုင်ခဲ့ရပါတယ်။ အင်းစိန် ထောင်နှင့် သာယာဝတီ ထောင် ငရဲခန်း များတွင် မြင်ခဲ့ရ၊ ခံစားခဲ့ရတဲ့ နိုင်ငံရေးဖိနှိပ်မှု၊ လူသားဆန်မှု ရင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရှုံးမပေးတဲ့ လူတွေရဲ့ အသက်နဲ့လဲထားတဲ့ ရုန်းကန်မှုတွေကို မျက်မှောက်ပြုခဲ့ရပါတယ်။ ဒီဗီဒီယိုလေးဟာ မြန်မာပြည်သူတွေရဲ့ သွေးနဲ့ရေးခဲ့ရတဲ့ ကြိုးပမ်းမှုအတွက် ကမ္ဘာကသိစေဖို့၊ အားလုံးရဲ့ထောက်ခံမှုရရှိဖို့ ရည်ရွယ်ပါတယ်။ဒါက အတိတ်သမိုင်းမဟုတ်ပါ... ယနေ့တိုင် သွေးနဲ့ရေးဆဲအဖြစ်အပျက်ပါ။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ၃ နှစ်ကျော်ကြာသွားပြီဖြစ်သော်လည်း တရားမျှတ်ရေးအတွက် ကျွန်ုပ်တို့၏ရုန်းကန်မှုများ မရပ်မနားရှိနေဆဲပါ။
In this video, I share my personal and true story of being arrested, tortured, and imprisoned by Myanmar’s military junta, police, and prison officials during the 2021 coup. Through my experience inside Insein and Tharyarwaddy prisons, I reveal the harsh realities of political oppression, human rights abuses, and the resilience of those who continue to fight for freedom and democracy. This video aims to raise awareness and inspire support for Myanmar’s ongoing struggle.This is not just history — it’s still happening. It’s been over 3 years since the 2021 coup, and the fight for justice continues.

anmar

#မြန်မာအရေး
#ဖိနှိပ်မှုရပ်ပါ
#အကြမ်းဖက်မှုရပ်ပါ

05/08/2025

The History They Never Taught: Ep-3

29/07/2025

The History They Never Taught: Ep-2

24/07/2025

The History They Never Taught

22/07/2025

"ကျွန်ုပ်တို့၏ အရိပ်များ ထာဝရထင်ကျန်နေဆဲပါ"

တိတ်ဆိတ်ခြင်းအလယ်၊ ပြာပုံများအကြားဝယ် ကျွန်ုပ်တို့ အသက်ရှင်ရင်း ရပ်တည်နေဆဲပါ။ မီးလျှံ၊ မျက်ရည်ဗုံး၊ သံကြိုးများကြား လျှောက်လှမ်းခဲ့ရသော်လည်း အမှောင်ထဲမှာရှည်လျားစွာ ကျွန်ုပ်တို့တည်ရှိနေဆဲပါ။ နာမည်တွေဖျက်၊ အသံတွေပိတ်ခံရသော်လည်း မှောင်မိုက်ထဲ ကျွန်ုပ်အရိပ် ကျန်ရစ်ခဲ့သည်။
အလင်းများ ကွယ်ပျောက်သော်လည်း ကျွန်ုပ်တို့အရိပ်များ ထင်ကျန်ရစ်ဆဲပါ။ မီးခိုးကြားမှ သီဆိုရင်း၊ မိုးသောက်နှင့်အတူ နိုးထကြသည်။ သံတိုင်နံရံတွေကြားမှာ နှလုံးခုန်သံတွေကိုမပိတ်နိုင်ခဲ့ပါ။ မြှုပ်နှံခံထားသောရသောသမိုင်းတို့ ပဲ့တင်ထပ်ဆဲ။ သမိုင်းတခုအတွက် နာကျင်မှုများကို သယ်ဆောင်ရင်း၊ ရရှိခဲ့တဲ့ဒဏ်ရာတိုင်းမှ ပြန်လည်အသက်ရှင်လာခဲ့ပါတယ်။ အလင်းရောင်တွေ ပျောက်သွားခဲ့သော်လည်း သမိုင်းပုံအရိပ်များ မဖျောက်ဖျက်နိုင်ခဲ့ပါ။ ဖျက်ဆီးမရတဲ့ ခံယူချက်စိတ်ဓါတ်တွေကို ဆက်လက်ထိန်းသိမ်းထားရင်း၊ နိင်ငံအတွက် မျှော်လင့်ခြင်းတွေကို သူတို့ မသတ်နိုင်ကြပါ။ ဒီမိုကရေစီအတွက် ကြိုးပမ်းလှုပ်ရှားခဲ့သော သမိုင်းပုံရိပ်က မကွယ်နိုင်ပါ။ အမှောင်ထုတွေထဲ တောက်ပနေဆဲပါ။
ကျွန်ုပ်တို့ အားလုံးကိုမှတ်မိနေခဲ့ပါတယ်။ ထိုကြောင့်ကျွန်ုပ်တို့အရိပ်များ ဆက်လက် ဆန့်ကျင်ဖို့ ထင်ကျန်ရစ်နေဆဲပါ။

22/07/2025

Welcome to my channel.

I’m Htut Tin Htay — a survivor of the brutal military crackdown during Myanmar’s Spring Revolution.

On this channel, I share first-hand accounts of police brutality, military violence, and the inhumane treatment inflicted by prison authorities — revealing the true cost of standing up for freedom and justice.

These are the voices that were silenced — now shared with sincerity, emotion, and unwavering truth.

This space exists for remembrance, resistance, and resilience.

If you believe in justice, truth, and the dignity of all people, I invite you to watch, reflect, and stand in solidarity with us.

📌 Tune in every **Sunday** for a new story.
📧 Contact: [email protected]

Address

2709 N Hayden Island Drive

98217

Website

Alerts

Be the first to know and let us send you an email when EODA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share