Yadanar

Yadanar General Knowledge

မယားတောသူဆိုလို့ယူထားမိပါတယ်....ရေခဲ သေတ္တာ ထဲက Shark ဗူးကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်ထားလေရဲ့...😑ငပိချက်ထင်လို့စားခါနီ...
18/03/2024

မယားတောသူဆိုလို့
ယူထားမိပါတယ်....

ရေခဲ သေတ္တာ ထဲက Shark ဗူးကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်ထားလေရဲ့...😑

ငပိချက်ထင်လို့
စားခါနီးမှ
သူကလှမ်းပြီး
အပြစ်တင်နေသေးတယ်....

"ရှင်ဝယ်လာတဲ့ ငါးသေတ္တာဗူးက
ငါးဖတ်လည်း မပါဘူး" တဲ့ 🤣🤣
🥴

08/01/2024

အရက်ကိုတော့ ယောကျာ်းတွေနဲ့
ရင်ဘောင်တန်းပီး သောက်တယ်
ရည်းစားစကားပြောဖို့ကျ
ကျွန်မတို့က မိန်းမသားလေတဲ့😁

08/01/2024

Mood အပြည့်
ကြည့်ပြီးရင် အသဲမပေးဘဲ မနေနိုင်ဘူး🥰

သူများ ငို နေတာကို ရယ်နိုင်သေးတယ်ဆိုတော့တကယ်မချစ်ဘူးထင်တယ် ဖြတ်လိုက်ပါ 😊
27/12/2023

သူများ ငို နေတာကို ရယ်နိုင်သေးတယ်ဆိုတော့
တကယ်မချစ်ဘူးထင်တယ် ဖြတ်လိုက်ပါ 😊

မီးပူထိုးနေရင်း ကိုကိုနဲ့ဖုန်းပြောမိသောအခါ 😅😅
24/12/2023

မီးပူထိုးနေရင်း ကိုကိုနဲ့ဖုန်းပြောမိသောအခါ 😅😅

ဆီပြတ် ကားမရှိသဖြင့်ကြောင်ပျောက်နေသူများ
10/12/2023

ဆီပြတ် ကားမရှိသဖြင့်
ကြောင်ပျောက်နေသူများ

ဦးဇင်းတို့ဗုဒ္ဓဘာသာတွေ ပြုပြင်သင့်တဲ့ အကျင့်တစ်ခုက မနက်စောစော ၄ နာရီ ၅ နာရီ  အခြားသူတွေအိပ်မောကျနေချိန် တရားခွေကို လေး င...
01/12/2023

ဦးဇင်းတို့ဗုဒ္ဓဘာသာတွေ ပြုပြင်သင့်တဲ့ အကျင့်တစ်ခုက မနက်စောစော ၄ နာရီ ၅ နာရီ
အခြားသူတွေအိပ်မောကျနေချိန်

တရားခွေကို လေး ငါး ဆယ်အိမ်
တစ်ခါတလေ တစ်ရပ်ကွက်လုံးကြားအောင် ဖွင့်တဲ့
အကျင့်ပဲ။

ကြားရသူတိုင်းနှစ်သက်သဘောကျကြရင်တော့ မဆိုလို ဒီနေရာမှာ စောဒကတက်စရာရှိကောင်းရှိပါလိမ့်မယ်ဗုဒ္ဓဘာသာဖြစ်ပြီးတရားသံကို မကြားနိုင်မခံနိုင်လားလို့..

အဖြေကတော့ရှင်းပါတယ် ဗုဒ္ဓဟာ လူ နတ်ဗြဟ္မာ သတ္တဝါတွေကို ချေချွတ်တဲ့ခါ ကျွတ်သင့်ကျွတ်ထိုက်တဲ့အချိန်ကို စောင့်ဆိုင်းပြီး အချိန်ကျမှ ချွတ်တာပါ
အဲဒါမှ တရားအသိ ရင်ထဲရောက်တာပါ။

အိပ်ရေးပျက် စိတ်မကြည်လင် ဒေါသထွက်နေချိန် တရားက ရင်ထဲရောက်ဖို့ ခက်ပါတယ်။

တစ်ခါတလေ ပဌာန်းပွဲတွေ ရှင်ပြုပွဲတွေ အစရှိသည့် တစ်သက်မှာမှတစ်ခါ တစ်နှစ်မှာမှတစ်ခါ အမြဲတမ်းမဟုတ်တာတွေကိုမဆိုလို

သို့သော် ကိုယ့်အိမ်နား ကိုယ့်ကျောင်းနားမှာ လူမမာတွေ မကျန်းမမာဖြစ်နေသူတွေ ဆူညံသံကို မခံနိုင်သူတွေရှိရင် တိုးတိုးတိတ်တိတ်သာ လုပ်သင့်တယ်။အဲလိုပွဲတွေမှာ လော်ကြီးလို့ အများသိကြတဲ့ Loud Speakerကြီးတွေ အခု နှစ်ဆယ် အစိတ်လောက်ထိ ဖွင့်ပြီး ပတ်ဝန်းကျင်ကိုအနှောက်အယှက်ဖြစ်စေတာမျိုးတွေ တချို့သောဒေသတွေမှာ ခုထိရှိနေဆဲပါပဲ။

ဒီလိုလုပ်သောအားဖြင့် ကိုယ့်ကြောင့်တစ်ဖက်သားလည်း စိတ်အနှောက်အယှက် ဖြစ်စေသလို ဗုဒ္ဓလမ်းစဉ်နဲ့လည်း မညီဖြစ်သွားတယ်။

ဗုဒ္ဓက ဆူညံခြင်းပိုမကြိုက်ဘူး တိတ်ဆ်ိတ်ခြင်းကိုပဲသဘောကျတယ် ဒါကို ဗုဒ္ဓဘာသာဝင်တိုင်းသိတယ်သို့သော် မလိုက်နာ။

ကိုယ်နာမယ့်တရားကို ကိုယ်ကြားရင်ပြီးပြီမဟုတ်လား ကိုယ်က ကုသိုလ်ယူနေပြီး တစ်ဖက်သားကို အကုသိုလ်တွေ ပေးနေတာက မဖြစ်သင့်ဘူး။

တရားကို အကျယ်ကြီးဖွင့်ပြီး ကိုယ်တရားနာနေတဲ့အကြောင်း (တစ်ခါတလေ ဘာမှမနာဘူး တရားဖွင့်ပြီးလုပ်ချင်တာလုပ် စကားပြောချင်တာ လျှောက်ပြောနေကြတာတွေလည်းရှိတယ်) လူတွေသိဖို့မှ မလိုတာ။

မိမိကိုယ်ကို သိရင်ပြီးပြီမဟုတ်လား ကိုယ့်မှာတရားရှိမရှိက တရားဘယ်လောက်နာဖူးလဲမနာဖူးလဲ ရိပ်သာဘယ်လောက်ဝင်ဖူးလဲ မဝင်ဖူးလဲနဲ့ နောက်ဆုံး ကုန်ကုန်ပြောရရင် ဘုရားနဲ့တွေ့ဆုံဖူးလဲ မတွေ့ဆုံဖူးလဲနဲ့
မဆိုင်ဘူး။

လူသားတွေအပေါ် သတ္တဝါတွေအပေါ်မှာ ဘယ်လိုဆက်ဆံသလဲ ဘယ်လိုပြုမူသလဲ မေတ္တာတရားတွေ ကိုယ်ချင်းစာတရားတွေနဲ့ ကိုယ့်ကြောင့်သူတစ်ပါး ကိုယ်ရောစိတ်ပါ ဆင်းရဲဒုက္ခမရောက်ရစေအောင် ပြုမူဆက်ဆံတာနဲ့ပဲဆိုင်တယ်။

တိုင်းရေးပြည်ရေး မကောင်းရတဲ့အထဲ
လူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာတွေကြာပြီ အမြဲတမ်း အထိတ်တလန့်လန့်နဲ့ တစ်ချို့လည်း စိတ်ဖိစီးမှုတွေများလို့ ညနက်တဲ့ထိ အိပ်မပျော် တစ်ချို့လည်း
ညနက်တဲ့ထိ အလုပ်လုပ်ရလို့အကြောင်းအမျိုးမျိုး
ကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြချိန်မှာ
ကိုယ်ကပါ ဒုက္ခလိုက်ပေးနေရင် ဘယ်သင့်တော်မလဲ။

မေတ္တာသုတ်မှာ မေတ္တာပို့တဲ့အခါ ပါတယ်မဟုတ်လား
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေလို့။

အိပ်မောကျနေချိန် ခဏတဖြုတ်မှေးနေချိန် အနားယူနေချိန် နားထဲကို သံရည်ပူလောင်းသလို ဝင်လာရင် ဘယ်ကလာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းတော့မှာလဲ။

အားလုံး ဆင်ခြင်နိုင်ကြပါစေ။

မေတ္တာဖြင့်
အရှင်စန္ဒာသူရိယ(Mr.zero-traveller)

# K M Wai

ပေါတောတောနဲ့ လုပ်မနေကြနဲ့ အနေနီးတာဝေးတာမရှိဘူးVC နဲ့ မင်္ဂလာဆောင်တဲ့ ခေတ်ရောက်ကုန်ပီ 😃
30/11/2023

ပေါတောတောနဲ့ လုပ်မနေကြနဲ့ အနေနီးတာဝေးတာမရှိဘူး
VC နဲ့ မင်္ဂလာဆောင်တဲ့ ခေတ်ရောက်ကုန်ပီ 😃

Address


Alerts

Be the first to know and let us send you an email when Yadanar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share